အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ “တရားစီရင်ခြင်း” ဟူသည့်စကားလုံးသည် “တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်” နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်။ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အား မည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ လူသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အထူးပင် ထူးဆန်းလှသည်ဟု တွေးထင်လေ၏။ သူသည် ဘုရားသခင်ကိုယ်တိုင် တရားစီရင်ခြင်းအမှုကို ပြုနေကတည်းက အလွန်မှ အံ့မခန်းသော အတိုင်းအတာ ဖြစ်ရမည်၊ သေမျိုးများအတွက် နားမလည်နိုင်သောအရာ ဖြစ်ရမည်၊ ယင်းကိစ္စသည် ကောင်းကင်ဘုံကို ပဲ့တင်ရိုက်လျက် မြေကြီးကိုလည်း တုန်လှုပ်စေရမည်ဟု ယုံကြည်ကာ၊ သို့မဟုတ်လျှင် ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးထင်သည်။ သူသည် ယင်းမှာ တရားစီရင်ခြင်းအမှု ဖြစ်သည့်အတိုင်း ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ပြစ်ဒဏ်စီရင်လျက် သူသည် ဘုန်းတန်ခိုး အာနုဘော် ပြည့်ဝလိမ့်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း ခံရလျက်ရှိသော ထိုသူတို့သည် သည်းထန်စွာ မျက်ရည်များနှင့် ငိုကြွေးလျက်ရှိကာ ကရုဏာတရားကို ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်သည်။ ထိုမြင်ကွင်းမျိုးသည် ကြီးကျယ်ခမ်းနားမှုရှိပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားစေရပေမည်…။ လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကို နားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ကရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကို သင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။

အဖိုးတန်သော အချိန်ကို မဖြုန်းတီးပဲ နေကြပါစို့။ ထိုစက်ဆုပ်ရွံရှာဖွယ်နှင့် မုန်းတီးဖွယ်ကောင်းသော အကြောင်းအရာများကို နောက်ထပ် မပြောပဲနေကြပါစို့။ ထိုအစား တရားစီရင်ခြင်းတွင် မည်သည့်အရာများ ပါဝင်သည်ကို ပြောကြစို့။ “တရားစီရင်ခြင်း” ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးရှိလင့်ကစား ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးအရာများအဖြစ် မမှတ်ယူလျှင်၊ ၎င်းတို့ကို အစဉ်တစိုက် ရှောင်ရှားရန် ကြိုးစားနေလျှင် သို့မဟုတ် ၎င်းတို့မှခွဲထွက်နိုင်မည့် လမ်းသစ်တစ်ခုကို ရှာဖွေနေမည်ဆိုလျှင် သင်သည် ဝမ်းနည်းဖွယ်ရာကောင်းသော အပြစ်သားတစ်ဦးပင်ဖြစ်သည်ဟု ငါပြောမည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်ငြားလည်း၊ သင်သည် ယခုတိုင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို မရှာသေးလျှင်၊ ဘုရားသခင်အနီးသို့ ဆောင်ကျဉ်းပေးနိုင်သော လမ်းခရီးကိုလည်း မနှစ်သက်နိုင်သေးလျှင်၊ သင်သည် တရားစီရင်မှုကို ကြိုးစား၍ ရှောင်တိမ်းနေသူ တစ်ယောက်ဖြစ်ပြီး၊ သင်သည် မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်။ ဘုရားသခင်သည် သူ၏ မျက်မှောက်မှ တိမ်းရှောင်နေသော ပုန်ကန်သူ မည်သူ့ကိုမှ အလွတ်ပေးလိမ့်မည် မဟုတ်။ ထိုလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ခံကြရလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ တရားစီရင်မှုကို ခံယူရန် လာရောက်ကာ သန့်စင်မှုကို ခံရသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် ထာဝရ နေရလိမ့်မည်။ ဤအရာသည် အနာဂတ်တွင် ရှိနေသည်ဟူသည်မှာ မှန်ပါ၏။

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။ လူအများက ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အကြောင်းအား ခံစားမှုမကောင်းကြရသည်မှာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်က လူ့ဇာတိခံယူ လုပ်ဆောင်မည်ကို လူအနေနှင့် ယုံရန်ခက်သောကြောင့်ဖြစ်၏။ သို့သော်လည်း သင့်ကို ငါပြောလိုသည်မှာ ဘုရားသခင်၏ အမှုသည် လူသားတို့ မျှော်လင့်ထားသည်များထက် မကြာခဏ သာလွန်တတ်ပြီး လူသားတို့စိတ်နှင့် လက်ခံရန် ခက်ခဲသည်ဆိုခြင်းပင်။ အကြောင်းမှာ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပိုးလောက်ကောင်မျှသာဖြစ်၍ ဘုရားသခင်မှာမူ စကြဝဠာအနှံ့ ဖြည့်သည့် အာဏာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်၊ လူ၏စိတ်မှာမူ ပိုးလောက်များကိုသာ ထကြွစေသည့် ညစ်ညမ်းသောရေအိုင်နှင့် သဏ္ဌာန်တူသည်။ ဘုရားသခင်၏ ဉာဏ်ပညာမှ ညွှန်သော အမှုအဆင့်တိုင်းမှာမူ ဘုရားသခင် ဉာဏ်ပညာ၏ အဆီအနှစ်ပင်တည်း။ လူသားသည် တသမတ်တည်း ဘုရားသခင်ကို စောဒက တက်ရန် ဆန္ဒရှိသည်။ ထိုသို့ဖြစ်လျှင် နောက်ဆုံးတွင် ဆုံးရှုံးမှုခံရမည့် ကိုယ်ပိုင် သက်သေပင် ဖြစ်ကြောင်း ငါပြောမည်။ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ ကိုယ့်ကိုယ်ကို ရွှေထက် သာ၍ အရေးပါသည်ဟု မမှတ်ယူကြနှင့်။ အခြားလူများက ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံနိုင်လျှင် သင်က ဘာ့ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ ရပ်တည်မှု မြင့်သနည်း။ အခြားသူများက သမ္မာတရားကို ဦးညွှတ်နိုင်ကြသော်လည်း သင်က ဘာ့ကြောင့် သူတို့ကဲ့သို့ မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မှုကင်းသော အရှိန်အဟုန် တစ်ခုပင်ဖြစ်၏။ သူသည် သင်၏ “အထောက်အကူပြုသော ဆောင်ရွက်မှု” အတွက်နှင့် တရားစီရင်သည့်အလုပ်ကို ထပ်လုပ်မည်မဟုတ်၊ သင်သည် ထိုမျှ အခွင့်ကောင်းတစ်ခုကို လွဲချော်ခဲ့ပါက နောင်တစိတ်နှင့် ပြည့်ရလိမ့်မည်။ ငါ၏စကားများကို သင်မယုံလျှင် မိုးကောင်းကင်တွင် ပေါ်လာမည့် မဟာပလ္လင်ဖြူမှ သင့်အပေါ်သို့လာမည့် တရားစီရင်ချက်ကို စောင့်ပါ။ သင်သိသင့်သည်မှာ ဣသရေလတို့သည် ယေရှုကို ပယ်ချငြင်းပယ်သော်လည်း ယေရှု၏ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းဟူသော အချက်သည် ယခုထိ စကြဝဠာအဆုံးတိုင် ပျံ့ နှံ့ လျက်ရှိလေသည်။ ယင်းသည် လွန်ခဲ့သောအချိန်က ဘုရားသခင်ပြုခဲ့သော အဖြစ်မှန် မဟုတ်လား။ အကယ်၍ သင့်ကို ယေရှုရှင်က ကောင်းကင်သို့ ချီဆောင်ပေးရန် စောင့်မျှော်ဆဲ ဆိုလျှင် သင်သည် ခေါင်းမာသော သစ်တိုင်သေ၏ အပိုင်းအစတစ်ခုက ပင် ဖြစ်သည်ဟု ငါပြောမည်။ သင်ကဲ့သို့ ကောင်းချီးများကိုသာရှာပြီး၊ သမ္မာတရားအပေါ် သစ္စာမဲ့သော ယုံကြည်မှုမှားနေသူကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သင်ယုံသည်နှင့် ဆန့်ကျင်ဖက် ဖြစ်သော ငရဲမီးအိုင်ထဲ နှစ်သောင်းချီ၍ သင်ကျရောက်ရန် အနှင်ခံရသည့်အခါ သူက သင့်ကို ဂရုဏာ ပြလိမ့်မည် မဟုတ်ပေ။

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။

အောက်ခြေမှတ်စု(များ)-

က။ သစ်တိုင်သေ၏ အပိုင်းအစတစ်ခု- တရုတ်ဓလေ့ အသုံးအနှုန်း၊ အဓိပ္ပာယ် “ကူကယ်ရာမဲ့ခြင်း”။

ယခင်က:သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော

နောက်တစ်ခုသို့:ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ