အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

၁။ တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

"ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။..." "ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။" (ရှင်ယောဟန် ၁၄:၆၊၁၀-၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းအားဖြင့် ဘုရားသခင်ကို သိရန်ပြုလုပ်ရမည်။ လူအချို့က “ကျွန်ုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို မမြင်ဖူးသောကြောင့် ဘုရားသခင်ကို ကျွန်ုပ် မည်ကဲ့သို့ သိနိုင်မည်နည်း” ဟု ဆိုကြသည်။ အကယ်စင်စစ် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် ၎င်းတို့အား သူ ကယ်တင်ပုံတို့ကို သင် မြင်နိုင်သည် … အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးသားစေခြင်းနှင့်တခြားစီဖြစ်လျက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ကပတ်တော်များ နှင့် သူ၏ အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့ကို စိတ်နှလုံးအကြွင်းမဲ့ဖြစ်သော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ငါတို့ ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ စိတ်ထဲက ထွက်ပေါ်လာ၍ သူ၏ စိတ်သဘောထား၊ အလိုတော်၊ အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည် … ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြင်းထန်သော နှုတ်ကပတ်တော်များ၊ ညင်သာပြီး ညှာတာသော နှုတ်ကပတ်တော်များ ရှိပြီး မျက်စိဖွင့်ပေးသည့် ရက်စက်သော နှုတ်ကပတ်တော်အချို့ ရှိသည်။ အကယ်၍ သင်သည် မျက်စိဖွင့်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်အတန် ခက်ထန်သည်ဟု သင် ခံစားရမည်။ အကယ်၍ သင်သည် ညင်သာသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် သင်သည် အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဤအရာကို နားလည်ခြင်း မရှိစေရ။ သင်သည် ၎င်းကို ထောင့်တိုင်းမှ ကြည့်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ညင်သာပြီး ကရုဏာကြီးမားသော ရှုထောင့်မှ ပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့ မြင်ကြသည်၊ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ ပြောသဖြင့် လူတို့သည် ဘုရားသခင်၏ ပြစ်မှား၍မရသော စိတ်သဘောထားကို မြင်ကြရခြင်း ဖြစ်သည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင်ပင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် နှင့် ဘုရားသခင် ရှေ့သို့ လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင် ရှေ့သို့ လာခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်း နှင့် သူပြုသောအမှု၏ အဓိပ္ပာယ်မှတစ်ဆင့် ဘုရားသခင်၏ ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင် နှင့် ထိတွေ့ဆက်သွယ်ခြင်း မရှိသော်ငြားလည်း ၎င်းတို့သည် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ "လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း" မှ

နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

လူသားသည် ဘုရားသခင်၏ အလုပ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခြင်းအားဖြင့် ဘုရားသခင်ကို သိလာလေ့ရှိသည်။ ဘုရားသခင်ကို သိဖို့ အခြားနည်းလမ်းအမှန် မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း" မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားတို့တွေ့ကြုံရသည့် ဖြစ်စဉ်မှာ သူတို့သိသော လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်ထွန်းမှု ဖြစ်စဉ်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြုံတွေ့ခံစားရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူတို့ ပိုမိုသိလာလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ ခံစားခြင်းမှတစ်ဆင့် ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းဥပဒေသများကို သူတို့ နားလည်သဘောပေါက် လာနိုင်မည် ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိလာမည်ဖြစ်ပါသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူတို့ကို ပြည့်စုံအောင် ပြုလုပ်၍ ၎င်းတို့ကို ရယူပြီးသောအခါတွင် ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သိစေသည်။ လူ့ဇာတိခံယူခြင်း၏ အမှန်တကယ် အရေးပါမှုနှင့် လူသားတို့ရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းလာကြောင်း ပြသဖို့ရန်အတွက် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို ကိုယ်တော် အသုံးပြုပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်" မှ

ကျွန်ုပ်တို့ မသိဘဲ၊ မထင်ရှားသော ထိုသူသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ လုပ်ငန်းထဲသို့ တစ်လှမ်းပြီး တစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင် ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်တာကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ကျွန်ုပ်တို့ သင်ယူသိရှိကြသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု အကြောင်းကိုလည်း သက်သေခံကြသည်၊ လူကို ကယ်တင်လိုသော ဘုရားသခင်၏ တက်ကြွသည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သဘာဝဗီဇကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် ဗီဇကို သိလာကြသည်၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သေစေပြီး အသစ်တဖန် ပြန်မွေးဖွားစေသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သက်သာမှုလည်း ပေးသည်၊ ကျိုးပဲ့ပြီး အပြစ်ရှိကြောင်း ခံစားရစေသလို၊ သူ့အပေါ် ကြွေးတင်သည့် ခံစားချက်ကိုလည်း ဖြစ်စေသည်။ သူ့စကားများက ကျွန်ုပ်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အလွန်နာကျင်မှုကိုလည်း ပေးသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူတန်ဖိုးအထားဆုံးသူများ ကဲ့သို့ ဖြစ်ပြီး သူ၏ ချစ်ခြင်းမေတ္တာနှင့် ခင်တွယ်မှု၌ ပျော်မွေ့ကြသည်။ တခါတရံတွင်မူ ကျွန်ုပ်တို့သည် သူ့မျက်စိရှေ့တွင် သူ့ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားသည့် သူ့ရန်သူများကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူကယ်တင်တာကို ခံရသည့် လူသားများ ဖြစ်သည်၊ သူ၏ မျက်စိထဲ၌ ကျွန်ုပ်တို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရော ညပါ သူရှာဖွေဖို့ စဉ်းစားနေသည့် ပျောက်သော သိုးများ ဖြစ်ကြသည်။ သူသည် ကျွန်ုပ်တို့ အပေါ်၌ ဂရုဏာထားသည်၊ ကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာသည်၊ ကျွန်ုပ်တို့ကို မြှင့်တင်ပေးသည်၊ နှစ်သိမ့်သည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ စည်းကမ်းကျပ်မတ်သည်၊ ထို့အပြင် ကျွန်ုပ်တို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရော ညပါ ကျွန်ုပ်တို့ အတွက် စိုးရိမ်သည်၊ နေ့ရော ညပါ ကျွန်ုပ်တို့ကို ကာကွယ်၊ စောင့်ရှောက်သည်၊ ဘယ်တော့မှ ကျွန်ုပ်တို့ အနားမှ မခွာပေ၊ ကျွန်ုပ်တို့ကို အပြည့်အဝ စောင့်ရှောက်သည်၊ ကျွန်ုပ်တို့အတွက် ဘာကိုပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုလူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ထာဝရဖြစ်တည်မှု၌ မွေ့လျော်ကြသည်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြသည်။ ထိုသို့ဖြစ်သော်လည်း ဘဝင်မြင့်သည့် သဘောထားသည် ကျွန်ုပ်တို့၏ အထဲ၌ ဆန္ဒပြနေပြီး ထိုသို့သောသူကို ကျွန်ုပ်တို့၏ ဘုရားသခင်အဖြစ် လိုလိုလားလား လက်ခံလိုစိတ် မရှိသေးပေ။ သူသည် ကျွန်ုပ်တို့ စားဖို့အတွက် မန္နမုန့် အမြောက်အများ ပေးခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာကမျှ ကျွန်ုပ်တို့၏ နှလုံးသားများထဲရှိ သခင့်၏ နေရာကို မယူနိုင်ပါ။ ကျွန်ုပ်တို့သည် ထိုသူ၏ ထူးခြားသော ဖြစ်တည်မှုနှင့် အဆင့်အတန်းကို အလွန်ဝန်လေးစွာဖြင့်သာ လက်ခံကြသည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုအောင် သူထုတ်မပြောဘူးဆိုလျှင် ကျွန်ုပ်တို့ အကြားတွင် အချိန်အကြာကြီး အလုပ်လုပ်လျက်နေပြီး မကြာမီ ရောက်လာမည့် ဘုရားသခင် အဖြစ် သူ့ကို ကျွန်ုပ်တို့ ဘယ်တော့မှ အသိအမှတ် ပြုမည် မဟုတ်ပေ။

ဘုရားသခင်သည် ဆက်လက် စကားပြောလျက်နေသည်၊ သူသည် ကျွန်ုပ်တို့အား ဘာလုပ်ရမလဲဆိုတာကို တိုက်တွန်းဖို့နှင့် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ့စကားများ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်။ သူ့စကားများသည် ကျွန်ုပ်တို့ လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုတာ ဘာလဲဆိုတာကို ကျွန်ုပ်တို့အား နားလည်ခွင့်ပေးသည်။ သူ့စကားများက ကျွန်ုပ်တို့ကို စတင်ဆွဲဆောင်လာသည်။ ကျွန်ုပ်တို့သည်လည်း သူ၏ စကားပြောဟန်နှင့် လေသံတို့အပေါ် စတင် အာရုံစိုက်လာပြီး ကျွန်ုပ်တို့၏ မသိစိတ်ကလည်း ပြောင်မြောက်သောသူဖြစ်သည့် ထိုသူ၏ နှလုံးသားထဲက အသံကို စတင်စိတ်ဝင်စားလာသည်။ သူသည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ကျွန်ုပ်တို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ကျွန်ုပ်တို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ကျွန်ုပ်တို့၏ ပန်းတိုင်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကို ခံသည်၊ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု ကင်းမဲ့ခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သောသူ ဖြစ်ခြင်း၊ ထိုသို့သော အချက်များကို ပိုင်ဆိုင်ခြင်းသည် သာမန်လူတစ်ယောက်ထက်ပိုသော အရာများ ဖြစ်သည်၊ အကျင့်ပျက်သောသူ တစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း (သို့) ရရှိနိုင်စွမ်း မရှိသော အရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း သူ့မှာ ရှိပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦး တစ်ယောက်၌မျှ မရှိသည့် မေတ္တာ ဖြစ်သည်။ သူက လွဲလို့ မည်သူမျှ ကျွန်ုပ်တို့၏ အတွေးများကို မသိနိုင်ပါ (သို့) ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို နားမလည်နိုင်ပါ (သို့) လူသားတို့၏ ပုန်ကန်မှုနှင့် အကျင့်ပျက်မှုကို တရားစီရင်နိုင်ခြင်း မရှိပါ (သို့) ကောင်းကင်နိုင်ငံမှ ဘုရားသခင်၏ ကိုယ်စား ကျွန်ုပ်တို့ကို စကားပြောပြီး ကျွန်ုပ်တို့၏ အကြား၌ ယခုလို အလုပ် မလုပ်နိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်စွမ်း မရှိပါ။ ထာဝရတည်ရှိသော ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၌ ရှိသည့် အရာ၊ အားလုံးကို သူ့မှာ တွေ့ရသည်။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား လမ်းခရီးကို မပြနိုင်၊ ကျွန်ုပ်တို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့် အရာများကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား စာတန်၏ ချည်နှောင်မှုနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်တတ်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်၊ ဘုရားသခင်၏ နှလုံးသားထဲက အသံ၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ဖော်ပြသည်။ သူသည် ခေတ်သစ် တစ်ခေတ်ကို အစပြုခဲ့သည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကို ယူဆောင်လာသည်၊ ကျွန်ုပ်တို့ထံ မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်၊ မရေမရာ ရှင်သန်နေသော ကျွန်ုပ်တို့၏ ဘဝကို အဆုံးသတ်ပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ မြင်နိုင်ခွင့်ပေးသည်။ သူသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ကျွန်ုပ်တို့၏ စိတ်များသည် သတိရှိလာသည်၊ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ သာမန်ဖြစ်သော၊ မထင်ရှားသော၊ ကျွန်ုပ်တို့ အကြား၌ နေသော ထိုသူသည် ကျွန်ုပ်တို့ ငြင်းပယ်သည်ကို အချိန်အကြာကြီး ခံရသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရော ညပါ ကျွန်ုပ်တို့ တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူသည် သခင်ယေရှုဖြစ်သည်။ သူသည် အမှန်တကယ်ပင် သခင်ယေရှုဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား နောက်တဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ကျွန်ုပ်တို့၏ နှလုံးသားများ ဦးတည်ချက်မရှိ လျှောက်သွားမနေအောင် တားပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း သူ့ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်၊ သူနှင့် မျက်နှာချင်းဆိုင် တွေ့နေသည်၊ သူ့အသွင်သဏ္ဍန်ကို ကျွန်ုပ်တို့ မြင်တွေ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ရှေ့၌ ရှိသော လမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ကျွန်ုပ်တို့၏ နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်။ သူ ဘယ်သူလဲဆိုတာကို ကျွန်ုပ်တို့ သံသယ မဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ကျွန်ုပ်တို့ မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ကျွန်ုပ်တို့ အပြည့်အဝ ပြပ်ဝပ်နေပါသည်။ ကျွန်ုပ်တို့၏ ကျန်ရှိသော အသက်တာ၌ ဘုရားသခင်၏ ခြေရာကိုနင်းလိုသည့် ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့် ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည် ပေးဆပ်လိုသည့် ဆန္ဒ၊ ကျွန်ုပ်တို့ အပေါ်၌ ထားသော သူ၏ ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့် ဆန္ဒ၊ ဘုရား၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့် ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒ၊ ကျွန်ုပ်တို့၌ သူအပ်နှံထားသည့် အရာကို ပြီးမြောက်အောင် လုပ်ဖို့အတွက် ကျွန်ုပ်တို့ လုပ်နိုင်တာ မှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ကျွန်ုပ်တို့၌ တခြားဘာ ဆန္ဒမျှ မရှိပါ။

ဘုရားသခင်၏ သိပ်ပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ကျွန်ုပ်တို့ကို သေစေနိုင်သည့် ချက်ကောင်းကို ထိပြီး ကျွန်ုပ်တို့အား ဝမ်းနည်းစိတ်၊ ကြောက်ရွံ့စိတ်တို့နှင့် ထားခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်သော စိတ်သဘောထားကို ထုတ်ဖေါ်ပြသည်။ ကျွန်ုပ်တို့ ပြောသမျှနှင့် လုပ်သမျှအားဖြင့်သာမက ကျွန်ုပ်တို့၏ အတွေးအခေါ်၊ အယူအဆတစ်ခုစီတိုင်း အားဖြင့် ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို ထုတ်ဖေါ်ပြသည်၊ ကျွန်ုပ်တို့အား အရှက်ရစေသည်သာမက ကြောက်စိတ်နှင့် တုန်နေစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လုပ်ရပ်များ၊ ပန်တိုင်များနှင့် ရည်ရွယ်ချက်များအားလုံးကို ကျွန်ုပ်တို့အား ပြောပြသည်၊ ကျွန်ုပ်တို့ တကြိမ်တခါမျှ မတွေ့ရှိသေးသော်လည်း ကျွန်ုပ်တို့၌ ရှိသည့် အကျင့်ပျက်သော စိတ်သဘောထားကိုပင် ပြောပြသည်။ ထိုသို့ပြောပြခြင်းအားဖြင့် ဗျောင်တင်ကြီး မြင်သာအောင် ပြထားခြင်း ခံရသလို ကျွန်ုပ်တို့အား ခံစားရစေသည်၊ ထို့အပြင် အပြည့်အဝ ယုံကြည်လက်ခံထားသလို သာ၍ပင် ခံစားရစေသည်။ သူ့ကို ဆန့်ကျင်သည့်အတွက် သူသည် ကျွန်ုပ်တို့အား တရားစီရင်သည်၊ သူ့ကို စော်ကားပြောဆိုသောကြောင့်၊ သူ့ကို ပြစ်တင်ရှုတ်ချသောကြောင့် ကျွန်ုပ်တို့ကို ဝေဖန်ပြစ်တင်သည်၊ ဘုရားသခင်၏ မျက်စိရှေ့၌ ကျွန်ုပ်တို့သည် တန်ဖိုးမရှိသော သူများ ဖြစ်သည်၊ ကျွန်ုပ်တို့သည် အသက်ရှင်နေသော စာတန်ဖြစ်သည်ဟု ခံစားရစေသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ တစစီကျိုးပဲ့သွားသည်၊ အကျိုးအကြောင်း မခိုင်လုံသော တောင်းဆိုမှုများကို ကျွန်ုပ်တို့ မတောင်းဆိုရဲတော့၊ မကြိုးစားရဲတော့ပါ၊ ကျွန်ုပ်တို့၏ အိမ်မက်များပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ထိုအချက်သည် ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ စိတ်မကူးနိုင်သော၊ ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ လက်မခံနိုင်သော အချက်အလက်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်များ တခဏမျှ မတည်မငြိမ် ဖြစ်သွားပြီး ကျွန်ုပ်တို့သည် မည်သို့ ရှေ့ဆက်ရမည်ကို မသိကြ၊ ယုံကြည်ခြင်း၌ မည်သို့ ဆက်လက် လျှောက်လှမ်းရမည်ကိုလည်း မသိကြပေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မူလအစကလို ပြန်ဖြစ်သွားပြီး သခင်ယေရှုနှင့် ကျွန်ုပ်တို့ တခါမျှ မတွေ့ဖူးသလို၊ တခါမှ မရင်းနှီးဖူးသလို ထင်ရသည်။ ကျွန်ုပ်တို့၏ မျက်စိရှေ့၌ရှိသော အရာမှန်သမျှသည် ကျွန်ုပ်တို့ကို စိတ်ရှုပ်ထွေးစေပြီး စွန့်ပစ်ခြင်းခံရပြီး လွင့်မျောနေသလိုမျိုး ခံစားရစေသည်။ ကျွန်ုပ်တို့သည် တုန်လှုပ်ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ကျွန်ုပ်တို့၏ နှလုံးသားအတွင်းရှိ ရှိုင်းသောနေရာ၌ ထိန်းထားလို့မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ကျွန်ုပ်တို့သည် ထိုအရာများကို ဖြေလျှော့ဖို့ ကြိုးစားကြသည်၊ ထိုအရာများမှ လွတ်မြောက်နိုင်မည့် လမ်းကို ရှာတွေ့ဖို့ ကြိုးစားကြသည်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားအားထုတ်သည်၊ ယေရှုအား ရင်ဖွင့်ဖိုလည်း ကြိုးစားသည်။ ကျွန်ုပ်တို့သည် အပြင်ပန်း၌ မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိသည့် အချိန်များ ရှိသော်လည်း နှလုံးသားထဲတွင်မူ အရင်က တခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှု​ကြောင့် အလွန်ပင် စိတ်မချမ်းမသာ ဖြစ်ကြသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် အပြင်ပန်း၌ ထူးထူးခြားခြား တည်ငြိမ်သည်ဟု ထင်ကောင်း ထင်ရသော်လည်း အတွင်း၌မူ ကျွန်ုပ်တို့သည် စိတ်ဆင်းရဲမှုလှိုင်းဒဏ်ကို ခံနေရသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုကြောင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များနှင့် အိမ်မက်များ၊ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများ မရှိတော့သည့်အပြင် 'ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်၊ ကျွန်ုပ်တို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည်'ဟူသည့် အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ပေ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား၌ အလွန်ကြီးမားသော ချောက်နက်ကြီးကို ဖြစ်စေသည်၊ မည်သူကမျှ ဖြတ်လိုစိတ်ပင် မရှိသော ချောက်နက်ကြီး ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ပထမဦးဆုံး အကြိမ် ကျွန်ုပ်တို့ကို အလွန်နှောင့်နှေးစေသည့် အရာဖြစ်သည်၊ အလွန်အရှက်ရစေသည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သရေကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန်နှင့် လူ၏ ရိုင်းပြမှုကို ဘုရားသခင်က သည်းမခံဘဲနေသည်ကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့အား အခွင့်ပေးသည်။ ထိုအရာများနှင့် ယှဉ်လျှင် ကျွန်ုပ်တို့သည် အလွန်ပင် နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့ မည်မျှ မောက်မာကြောင်း၊ မည်မျှ ခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် ဘယ်တော့မှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း (သို့) ဘုရားသခင်နှင့် တူမည် မဟုတ်ကြောင်းကို ကျွန်ုပ်တို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အကျင့်ပျက်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့် စိတ်ကို ကျွန်ုပ်တို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘောထားမျိုး၊ ဗီဇမျိုးကို ဖြစ်နိုင်လျှင် ကျွန်ုပ်တို့ အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မျို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် သူ့နှုတ်ထွက်စကားများကို ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို ကျွန်ုပ်တို့ ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အသက်ကို ရှာဖွေလိုစိတ်အား ကျွန်ုပ်တို့အတွက် နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ

လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အသွင်အပြင်ဟာ လူသားတစ်ယောက်နဲ့ အတိအကျတူပေမဲ့၊ သူဟာ လူသားရဲ့ အသိပညာကို လေ့လာသင်ယူပြီး လူသားရဲ့ ဘာသာစကားကို စကားပြောပေမဲ့၊ တစ်ခါတလေမှာ လူသားမျိုးနွယ်ရဲ့ နည်းတွေ သို့မဟုတ် ဖော်ပြချက်တွေကနေတစ်ဆင့် သူ့ရဲ့ စိတ်ကူးတွေကိုတောင် သူဖော်ပြပေမဲ့ လူသားတွေကို သူမြင်တဲ့ပုံစံ၊ အမှုအရာတွေရဲ့ အနှစ်သာရနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေက လူသားမျိုးနွယ်နဲ့ အမှုအရာတွေရဲ့ အနှစ်သာရကို မြင်တဲ့ပုံစံဟာ လုံးဝမတူပါဘူး။ သူ့ရှုထောင့်နဲ့ သူရပ်တည်တဲ့အမြင့်ဟာ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက် မရရှိနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ ဘုရားသခင်က သမ္မာတရားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူဝတ်ဆင်တဲ့ ဇာတိခန္ဓာဟာ ဘုရားသခင်ရဲ့ အနှစ်သာရလည်း ပါဝင်တယ်။ သူ့ရဲ့အတွေးတွေနဲ့ သူ့ရဲ့လူ့သဘာဝကနေ ဖော်ပြတဲ့အရာဟာလည်း သမ္မာတရားဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူအတွေအတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြတဲ့အရာဟာ သမ္မာတရားအတွက်၊ အသက်တာအတွက် ပံ့ပိုးပေးခြင်းတွေဖြစ်ပါတယ်။ ဒီပံ့ပိုးခြင်းတွေက လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက်ပါ။… ဘုရားသခင်ရဲ့ လူ့ဇာတိက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဒါမှမဟုတ် လူတွေက သူ့ကို ဘယ်လောက်တောင် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အတွေးတွေနဲ့ သဘောထားတွေက ဘယ်လူမှ မပိုင်ဆိုင်နိုင်တဲ့ ဘယ်လူမှ မတုပနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝရဲ့ ရှုထောင့်ကနေ၊ ဖန်ဆင်းရှင်အနေနဲ့ သူ့ရဲ့နေရာရဲ့ အမြင့်ကနေ သူအမြဲတမ်း ကြည့်ရှုလေ့လာပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ တွေးတောပုံကနေတစ်ဆင့် သူအမြဲတမ်း ကြည့်ပါလိမ့်မယ်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်ရဲ့အမြင့်၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ရဲ့ အမြင့်ကနေ သူလုံးဝ မကြည့်နိုင်ဘူး။ လူတွေက လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ လူသားရဲ့အမြင်နဲ့ သူတို့ကြည့်ကြတယ်။ အတိုင်းအတာတစ်ခုအနေနဲ့ လူသားရဲ့ အသိပညာ၊ လူသားရဲ့ စည်းမျဉ်းနဲ့ သီအိုရီလိုမျိုး အရာတွေကို အသုံးပြုကြတယ်။ ဒါဟာ လူတွေ သူတို့ရဲ့မျက်လုံးမှာ မြင်နိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူတွေ ရရှိနိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ ဘုရားရဲ့အမြင်နဲ့ သူကြည့်တယ်။ အတိုင်းအတာတစ်ခုအနေနဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို အသုံးပြုတယ်။ ဒီနယ်ပယ်မှာ လူတွေ မမြင်နိုင်တဲ့အရာတွေ ပါဝင်တယ်။ ဒီနေရာမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားတွေ လုံးဝ ကွဲပြားသွားပါတယ်။ ဒီကွဲပြားမှုက လူသားနဲ့ ဘုရားသခင်ရဲ့ မတူညီတဲ့ အနှစ်သာရအားဖြင့် ပိုင်းခြားသတ်မှတ်ပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာတွေနဲ့ နေရာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်တဲ့ အမြင်နဲ့ အမြင့်တို့ကို ပိုင်းခြားသတ်မှတ်တာက ဒီမတူညီတဲ့ အနှစ်သာရတွေပဲဖြစ်တယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

လူတို့၌ရှိသော အရာဝတ္ထုများအပေါ်တွင် ဘုရားသခင်သည် လူများနှင့် အလားတူ အမြင်မျိုး ကိုင်စွဲထားခြင်း မရှိသည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး ထိုမျှသာမက လူတို့၏ ရှုထောင့်အမြင်များ၊ သူတို့၏ အသိပညာများ၊ သူတို့၏ သိပ္ပံပညာ သို့မဟုတ် သူတို့၏ ဒဿနအမြင် သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ရန် လူသားတို့၏ စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည် မဟုတ်။ ယင်းအစား ဘုရားသခင် လုပ်ဆောင်သမျှ အရာခပ်သိမ်းနှင့် သူထုတ်ဖော်သမျှတို့သည် သမ္မာတရားနှင့် ဆက်စပ်နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုအရာတိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားနှင့် ယင်းစကားလုံးများသည် အခြေမဲ့သော စိတ်ကူးမဟုတ်ဘဲ၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အသက်တာနှင့်အညီ ဘုရားသခင်သည် ယင်းတို့ကို ထုတ်ဖော်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်ခဲ့သမျှ အရာခပ်သိမ်းတို့သည် လူများအတွက် အသက်ရှင်သန်ခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်။ လူများကို ကောင်းသော အရာများနှင့် ထိုကောင်းသောအရာများ၏ စစ်မှန်မှုကို မြင်စေပြီး သူတို့ကို လမ်းမှန်ပေါ်တွင် လျောက်လှမ်းခွင့်ပေးသည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဤအရာများကို ချမှတ်ထားပေးပြီး ဘုရားသခင်၏သန့်ရှင်းခြင်း အနှစ်သာရအားဖြင့် သူတို့ကို ချမှတ်ပေးထားသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၅" မှ

ဘုရားသခင်သည်လည်း ညစ်ညူး သည့် မြေတွင် နေထိုင်နေသော်လည်း ညစ်ညူးခြင်းနှင့် စွန်းထင်းနေခြင်း စိုးစဥ်းမျှမရှိချေ။ သူသည် သင်ကဲ့သို့ တူညီသည့် ညစ်ညူးသော လောကကြီးထဲတွင် နေထိုင်သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်း သိမြင်သောဉာဏ်ကို ပိုင်ဆိုင်သည်၊ သူသည် ညစ်ညူးခြင်းကို ရွံရှာမုန်းတီးသည်။ သင်ကိုယ်တိုင်သည် မိမိ ကိုယ်တိုင်၏ စကားလုံးများနှင့် လုပ်ရပ်များထဲရှိ ညစ်ညူးသော အရာများကို မမြင်နိုင်သော်လည်း သူသည် မြင်နိုင်၏၊ သူသည် ယင်းအရာတို့ကို သင့်အား ပြသနိုင်သည်။ သင်၏ ပြုစုပျိုးထောင်ခြင်း ကင်းမဲ့မှု၊ ထိုးထွင်း သိမြင်သောဉာဏ် ကင်းမဲ့မှုနှင့် အသိစိတ် ကင်းမဲ့မှု၊ သင်၏ ခေတ်နောက်ကျော့သော နေထိုင်မှုပုံစံဖြစ်သည့် ထိုဟောင်းနွမ်းသော အရာများသည် သူ၏ ယင်းအရာများကို ဖော်ထုတ်ခြင်းမှတစ်ဆင့် အားလုံးပင် ယခုတွင် ဟောင်းလောင်းပွင့်ခြင်း ခံရသည်။ ဘုရားသခင်သည် ဤနည်းလမ်းကို လုပ်ဆောင်ရန် ကမ္ဘာကြီးထဲ ကြွဆင်း လာခဲ့သည်၊ သို့မှသာ လူတို့သည် သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့နိုင်ရန် ဖြစ်သည်။ သူသည် သင့်ကို တရားစီရင်၍ ပြစ်တင်ဆုံးမကာ သင့်အား မိမိကိုယ်ကိုယ် နားလည်ရန် ပြုလုပ် ပေးသည်။ တစ်ခါတစ်ရံတွင် သင်၏ မာရ်နတ်နှင့်ဆိုင်သော သဘာဝသည် ပေါ်လာပြီး ဘုရားသခင်သည် သင့်အား ထိုအရာကို ပြသနိုင်သည်။ သူသည် လူသားမျိုးနွယ်၏ အနှစ်သာရကို သူ၏ လက်ဖမိုးကဲ့သို့ သိလေသည်။ သူသည် သင်နေထိုင်သကဲ့သို့ နေထိုင်သည်၊ သင်ကဲ့သို့ တူညီသည့်အစာကို စားသည်၊ သင်ကဲ့သို့ပင် တူညီသည့် အိမ်မျိုးတွင် နေသည်၊ သို့သော်လည်း သူသည် သင့်ထက် သာ၍များစွာ ပိုသိ လေသည်။ သို့သော် သူအမုန်းဆုံးသော အရာမှာ လူသားမျိုးနွယ်၏ ဘဝဒဿနများနှင့် သူတို့၏ လိမ်လည်မှုနှင့် ကောက်ကျစ်မှုတို့ ဖြစ်သည်။ သူသည် ဤအရာများကို မုန်း၍ သူတို့ကို အသိအမှတ်ပြုရန် အလိုမရှိ။ သူသည် လူသားမျိုးနွယ်၏ ဇာတိပကတိဆိုင်ရာ အတုံ့အပြန်ဆက်သွယ်မှုများကို အထူးသဖြင့် မုန်းတီးသည်။ သူသည် လူသား အတုံ့အပြန်ဆက်သွယ်မှုများ၏ အချို့သော ယေဘူယျအသိပညာများကို အလျှင်း နားမလည်သော်လည်း၊ လူတို့သည် သူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အချို့ကို ထုတ်ဖော်ကြသောအခါ၊ သူသည် အပြည့်အဝ နားလည်သဘောပေါက်သည်။ သူ၏ လုပ်ဆောင်မှုထဲတွင် သူသည် လူတို့အား သူတို့အထဲရှိ ဤအရာများမှတစ်ဆင့် သင်ကြား၍ ပြောဆိုပြီး ဤအရာများမှတစ်ဆင့် သူသည် လူတို့ကို တရားစီရင်ကာ သူ၏ ဖြောင့်မတ်၍ သန့်ရှင်းသော စိတ်သဘောထားကို ဖော်ပြသည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်၏ အလုပ်အတွက် အဖြည့်ခံများ ဖြစ်လာကြပုံ ဖြစ်သည်။ လူသား မျိုးနွယ်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အမျိုးမျိုးနှင့် စာတန်၏ အကျည်းတန်သော မျက်နှာများကို ဖော်ပြနိုင်သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ သူသည် သင့်ကို အပြစ်ဒဏ် မပေး၊ သူသည် သင့်အား ဘုရားသခင်၏ သန့်ရှင်းမှုအတွက် အဖြည့်ခံအနေနှင့်သာ ထားရှိလိမ့်မည် ဖြစ်ကာ သင်သည် အလွန်အမင်း ညစ်ညူးလှသည့် အတွက်ကြောင့် သင်ကိုယ်တိုင် ခိုင်ခံ့စွာ ရပ်တည်နိုင်မည် မဟုတ်။ သူသည် လူတို့မှ ဖော်ပြသော ထိုအရာများမှတစ်ဆင့် စကားပြောပြီး ဘုရားသခင်သည် မည်သို့သန့်ရှင်း သည်ကို လူတို့ သိရန်အလို့ငှာ သူသည် လူတို့ကို ဖော်ထုတ်လေသည်။ သူသည် လူသားတို့ထဲရှိ ညစ်ညူးခြင်း အနည်းငယ်မျှကိုပင် အလွတ်ပေးမည်မဟုတ်၊ သူတို့၏နှလုံးသားများထဲတွင် ရှိကြသည့် အသေးငယ်ဆုံးသော ညစ်ညူးသည့် စိတ်ကူး သို့မဟုတ် သူ၏ အလိုတော်နှင့် မညီသည့် လုပ်ရပ်များနှင့် စကားလုံးများကိုပင်လျှင် အလွတ်ပေးမည် မဟုတ်ပေ။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာ တို့အထဲတွင်မှ ညစ်ညူးခြင်း ရှိရစ်နေမည် မဟုတ်၊ ယင်းတို့အားလုံးသည် ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့နောက်မှသာ သင်သည် ဘုရားသခင်မှာ လူနှင့် အမှန်တကယ်ပင် ကွဲပြားခြားနားကြောင်းကို တွေ့မြင်မည်။ သူသည် လူသားမျိုးနွယ်ထဲရှိ အနည်းငယ်သော ညစ်ညူးခြင်းကိုပင် လုံး၀ စက်ဆုပ်ရွံရှာသည်။ တစ်ခါတစ်ရံတွင် လူတို့သည် နားပင်မလည်ကြဘဲနှင့် ‘’အဘယ်ကြောင့် ကိုယ်တော်သည် အစဥ်အမြဲ ဒေါသထွက်နေရသနည်း။ ဘုရားသခင် အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်၏ အားနည်းချက်ကို မထောက်ထားရသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် အနည်းငယ်သော ခွင့်လွှတ်ခြင်းပင် မရှိရသနည်း။ လူသားအား အဘယ်ကြောင့် ကိုယ်တော်သည် အလွန်အမင်း မထောက်ထားရသနည်း။ လူတို့သည် မည်သို့ ယိုယွင်းပျက်စီးကြကြောင်းကို ကိုယ်တော်သိတော်မူသည်၊ သို့အတွက်လျှင် အဘယ်ကြောင့် ကိုယ်တော်သည် လူတို့အား ဤနည်းလမ်းနှင့် ဆက်ဆံနေဆဲရှိသနည်း’’ဟု ပြောကြသည်။ ဘုရားသခင်သည် အပြစ်တရားကို စက်ဆုပ်ရွံရှာသည်၊ သူသည် အပြစ်တရားကို မုန်းသည်။ သင့်အထဲ၌ ရှိနေနိုင်သော မည်သည့် ပုန်ကန်မှုကိုမဆို သူသည် အထူးသဖြင့် စက်ဆုပ်ရွံရှာသည်။ သင်သည် ပုန်ကန်တတ်သော စိတ်သဘောထားကို ထုတ်ဖော်သော အခါ သူသည် အတိုင်းထက်အလွန် စက်ဆုပ်ရွံရှာသည်။ ဤအရာများမှတစ်ဆင့် သူ၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်လေသည်။ သင်သည် မိမိကိုယ်ကိုယ် ထိုအရာနှင့် နှိုင်းယှဥ်ကြည့်သောအခါ သူသည် လူတို့ကဲ့သို့ပင် တူညီသောအစာကိုစား၍ တူညီသော အဝတ်အစားကို ဝတ်ဆင်ကာ တူညီသော ပျော်ရွှင်မှုများ ရှိသော်ငြားလည်း၊ သူသည် လူသားမျိုးနွယ်နှင့် ယှဥ်လျက်ပင် နေထိုင်သော်ငြားလည်း သူသည် မတူညီပါ။ ဤသည်မှာ အဖြည့်ခံတစ်ဦး ဖြစ်ခြင်း၏ ပကတိအနက်အဓိပ္ပာယ်ပင် မဟုတ်လော။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို သိသာထင်ရှားစေရန် ပြုခြင်းမှာ ဤအရာများမှတစ်ဆင့် မဟုတ်၊ အလင်း၏ အဖိုးထိုက်သော တည်ရှိခြင်းကို ထင်ရှားပေါ်လွင်စေသော အရာမှာ အမှောင်ထုပင် ဖြစ်သည်။"

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ" မှ

သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး သူသည် လူအမျိုးအစားအားလုံးထံသို့ စပ်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို ဖော်ပြနိုင်သည်။ သူသည် လူသား၏ ပျက်စီးသော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည်လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ။ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ပျက်စီးမှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် ကမ္ဘာကြီးနှင့် ဆက်ဆံမှုမရှိသော်လည်း သူသည် ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သိသည်။ အကြောင်းမှာ သူသည် လူ့သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင်ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့ နားလည်ရန် ခက်ခဲသော အံဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်တည်း။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း ထိုအရာအားလုံးကိုသိသည်။ သူသည် အသိတရား သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူနှင့်ဆင်သည့်အရာများ”ကိုဆက်သွယ်သော်လည်း သူသည် အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိဘဲ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးနှင့်အသားရှိသည့် လူသား၏ ဖြစ်ခြင်းထက်မြင့်မားလေသည်။ သူ့အတွက် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ပျက်စီးမှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး လူသားကို ကမ္ဘာမြေနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်တာဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူမှု အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခုမဟုတ်။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ ပျက်စီးမှုအား စက်ဆုပ်ရွံရှာခြင်းကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန် ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ သူ့အလုပ်နှင့် ပတ်သက်လာလျှင် လူသားအနေဖြင့် ဘုရားသခင်သည် မည်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မပြောနိုင်ကြပေ။ ဖန်ဆင်းခံလူသားတစ်ဦး အနေဖြင့် လူသားသည် ဘုရားသခင်၏ အလုပ်ပေါ်တွင်အခြေခံကာ ဘုရားသခင်ကို အတန်းအစား ပိုင်းခြားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ဖြစ်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းခံ လူသားတစ်ဦးကဲ့သို့ ပိုင်းခြားသတ်မှတ်နိုင်ခြင်း မပြုနိုင်မှုကိုလည်း ဖြစ်ပေါ်စေသည်။ လူသားသည် ဘုရားသခင်ကို လူသားမဟုတ်သည့်အရာတစ်ခုဟုသာ စဉ်းစားနိုင်ပြီး ဘုရားသခင်အား မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို မသိကြပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ဘုရားအမျိုးအစားထဲတွင် ထည့်သွင်းထားရန် တွန်းအားပေးခြင်း ခံရလေသည်။ ထိုသို့ပြုရန်လူသားအတွက် မတရားရာကျနေပေသည်။ အကြောင်းမှာ ဘုရားသခင်သည် လူသားများကြားတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့် မြောက်မြားစွာသော အမှုတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်" မှ

ဘုရားသခင် ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာ မရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ကောင်းကင်ဘုံအဖကို မနာခံသည့် အလုပ်မျိုး မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကိုနာခံပြီး အခြားသောအရာကို မရွေးချယ်တတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကို မှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိ။… ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ် အတောအတွင်း သူ၏အလုပ် မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာ မည်မျှပင် အားနည်းနေပါစေ အဖခမည်းတော် ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့် အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊… လူသားမှန်လျှင် ရွေးချယ်ကောင်း ရွေးချယ်ပါလိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူကိုယ်တိုင်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သော်လည်း၊ အဖခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကိုဖြည့်ဆည်း လုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်" မှ

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားမှာ "အနေနှင့်" ဖြစ်သည်။

ယခင်က:ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

နောက်တစ်ခုသို့:ခရစ်တော်သည် ဘုရားသခင်၏သားတော်လော သို့မဟုတ် ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်လော။