အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ ဘုရားသခင်နှင့် သမ္မာကျမ်းစာကြား ဆက်နွှယ်မှုနှင့် ပတ်သက်သည့် သမ္မာတရားများ

၁) သမ္မာကျမ်းစာသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်ကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်၊ ဘုရားသခင်၏ အလုံးစုံသော အမှုတော်ကို မှတ်တမ်းတင်ထားခြင်းမဟုတ်ပါ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။” (ဗျာ ၅:၅)

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” (ဗျာ ၂:၇)

မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက။” (ဗျာ ၁၄:၆)

“နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (၁ ပေ ၁:၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာထဲမှာပါသည့် ကဏ္ဍများ ဘယ်နှစ်ခု ဖြစ်ခဲ့ကြောင်း သင်တို့ သိရှိကြရပါမည်၊ ဓမ္မဟောင်းကျမ်းထဲမှာ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း စသဖြင့် ပါဝင်ပြီး အနာဂတ္တိကျမ်းများကိုလည်း ပရောဖက်များက ရေးပေးထားပါသေးသည်။ နိဂုံးပိုင်းမှာ၊ ဓမ္မဟောင်းကျမ်း ကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားပါသည်။ ၎င်းသည် ယေဟောဝါမှ ရှေ့ဆောင် လုပ်ခဲ့ခြင်း ဖြစ်သည့် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ပေးထားပါသည်၊ ကမ္ဘာဦးကျမ်းမှအစ မာလခိ ကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များ အားလုံးကို ပြည့်စုံစွာ မှတ်တမ်းတင်ပေး ထားပါသည်။ သို့ဖြစ်၍၊ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှု ကို ခံယူခဲ့ကြသည့် လူများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်း တင်ထားသည်ဟု ဆိုနိုင်ပါသည်။... သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းမှာ အဓိကအားဖြင့် ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ဣသရေလ လူတို့ကို ဖါရောဘုရင်၏ သံခြေကျင်းများဘေးမှ ကယ်တင်လျက် တောထဲသို့ ခေါ်ဆောင်သွားရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်နိုင်ငံအတွင်း သူတို့၏ ဘ၀အကြောင်းကို မှတ်တမ်းတင်ပေးခဲ့ပါသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ လုပ်ဆောင်ခဲ့သည် များ၏ မှတ်တမ်းများ ဖြစ်ကြပါသည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာတိုင်းသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းပေး ခဲ့သည့် ဒေသထဲက ထာ၀ရဘုရား၏ လုပ်ဆောင်ချက်များပါ။ ဘုရားသခင်က နောဧ၏ နောက်မှ ကမ္ဘာပေါ်ရှိ လူများကို တရားဝင် ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်ပါ။ ဣသရေလပြင်ပက အလုပ်တစ်ခုကိုမျှ မှတ်တမ်း မတင်ခဲ့ခြင်း၏ အကြောင်းရင်းက မည်သည်နည်း။ အကြောင်းမှာ ဣသရေလနိုင်ငံသည် လူသားတို့၏ ပေါက်ဖွားရာ ဇာတိနိုင်ငံ ဖြစ်၍ ဖြစ်ပါသည်။ အစပိုင်းတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပါ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာများတွင် မလုပ်ဆောင်ခဲ့ပါ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာထဲ မှတ်တမ်း တင်ထားသည်များမှာ ထိုစဉ်တုန်းက ဣသရေလ နိုင်ငံထဲမှာသာ လုပ်ဆောင်ခဲ့သည် အရာများပါ။ ပရောဖက် များ၊ ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့၏ မိန့်ကြားချက်များ...သူတို့၏ စကားလုံးများ သည်ဖြင့် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြားခဲ့ပြီး၊ သူတို့သည် ယေဟောဝါ ဘုရားသခင် ကိုယ်တိုင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြား ပေးခဲ့ကြပါသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှလာခဲ့ပြီး၊ ပရောဖက်များ၏ ကျမ်းစာအုပ်များမှ အပ၊ ပါရှိသမျှသည် ထိုစဉ်တုန်းက ယေဟောဝါ လုပ်ဆောင်ချက်ဆိုင်ရာ လူများ၏ ဘဝအတွေ့အကြုံများကို မှတ်တမ်းတင် ထားခြင်း ဖြစ်ပါသည်။

ဖန်ဆင်းခြင်းအလုပ်ကို လူသားများ မရှိခင် လုပ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ကမ္ဘာဦးကျမ်း စာအုပ်ကိုမူ လူသားများ ပေါ်လာခဲ့သည့် နောက်မှာသာ ရေးခဲ့ပြီး မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းစာအုပ်တစ်အုပ်ပါ။ ၎င်းမှာ သင်တို့ အကြားမှာ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများနှင့် တူပါသည်- တစ်ခုခု ဖြစ်ပျက်သွားသည့် နောက်မှာ၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လများအတွက်မူ၊ သင်တို့ မှတ်တမ်း တင်ပေးလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများပါ— ၎င်းတို့သည် သမိုင်းသက်သက်ပါ။ ဓမ္မဟောင်း ကျမ်းထဲ ရေးမှတ်ထားသည့် အရာတိုင်းသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ၏ လုပ်ဆောင်ချက်နှင့် ဓမ္မသစ်ကျမ်းထဲ ရေးမှတ်ထားသည်များမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်ချက်များပါ၊ ၎င်းတို့သည် ဘုရားသခင်မှနေပြီး မတူသည့် ခေတ်နှစ်ခေတ်ထဲ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်း တင်ထားကြခြင်းပါ။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်၍ ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်ချိန်မှာ၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ်၏ ရလဒ် ဖြစ်ပါသည်။ အလုပ်အသစ်ကို စတင်လိုက်သည့် အချိန်မှာ၊ ယင်းသည်လည်း ခေတ်ဟောင်းသွားပါပြီ— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်သွားပါပြီ။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျဘဲ၊ ၎င်းထဲ ရေးမှတ်ထားသည် အရာများ သိပ်မများ ခဲ့ကြပါ။ ဓမ္မဟောင်းကျမ်းထဲက ယေဟောဝါ၏ မိန့်ကြားချက် နှုတ်ကပတ်များအားလုံးကို သမ္မာကျမ်းစာ ထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏ နှုတ်ကပတ် အချို့တို့ကိုသာ ခရစ်၀င်ကျမ်း လေးကျမ်း ထဲတွင် မှတ်တမ်းတင်ထားပါသည်။ ယေရှုသည်လည်း လုပ်ဆောင်ခဲ့သည်မှာ များပြားခဲ့သည် မှန်သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်း မတင်ထားခဲ့ပါ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေ ခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့မှု၏ ပမာဏကြောင့်ပါ၊ ယေရှုသည် သုံးနှစ်ခွဲကြာကာလအတွင်း ကမ္ဘာကြီးပေါ်မှာ လုပ်ခဲ့သည်များနှင့် တမန်များ လုပ်ခဲ့ကြသည်များ၏ ပမာဏမှာ ယေဟောဝါ၏ လုပ်ဆောင်ချက်ထက် များစွာမှ နည်းပါးခဲ့ပါသည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းစာထဲက ကျမ်းစာအုပ်များမှာ ဓမ္မဟောင်း ကျမ်းထဲကနှင့် နှိုင်းယှဥ်ကြည့်လျှင် နည်းပါသည်။

သမ္မာကျမ်းစာဆိုသည်မှာ မည်ကဲ့သို့သော စာအုပ်မျိုးများနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော် ခေတ်အတွင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များပါ။ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ လုပ်ဆောင်ချက်အားလုံးနှင့် ၎င်း၏ ဖန်ဆင်းခြင်းအလုပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါမှ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်းတင်ပေးထားရာ၊ မာလခိကျမ်းထဲတွင် ယေဟောဝါ၏ အလုပ်များဖြင့် နောက်ဆုံးတွင် အဆုံးသတ် ထားပါသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်မှ လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်နှစ်ရပ်ကို မှတ်တမ်းတင် ထားပါသည်- တစ်ခုက ဖန်ဆင်းခြင်းအလုပ်၊ နောက်တစ်ခုက ပညတ်ကို ပြဋ္ဌာန်းပေးသည့် အလုပ်ပါ။ ထိုအလုပ်နှစ်ခုစလုံးကို ယေဟောဝါက လုပ်ဆောင်ခဲ့ပါသည်။ ပညတ်တော်ခေတ်သည် ယေဟောဝါဘုရားဆိုသည့် နာမဖြင့် လုပ်ဆောင်ခဲ့သည့် အလုပ်ကို ဖေါ်ပြထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ယေဟောဝါ ၏ နာမဖြင့် လုပ်ကိုင်ပေးခဲ့သည် လုပ်ဆောင်ချက် တစ်ရပ်လုံး ဖြစ်ပါသည်။ ထိုနည်းဖြင့်၊ ဓမ္မဟောင်းကျမ်း သည် ယေဟောဝါ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏ နာမဖြင့် လုပ်ဆောင်ခဲ့သည် အလုပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယေရှု၏ နာမများ၏ အရေးအပါမှုနှင့် ဘုရားသခင်၏ အလုပ်ကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ပေးထားပါသည်။ ဓမ္မဟောင်းပညတ်တော်ခေတ်တုန်းက၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ပေးခဲ့ပြီး၊ ၎င်းက ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလလူမျိုးများ၏ ဘဝကို လမ်းညွှန်ပေးခဲ့ခြင်းဖြင့်၊ သူတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံ လူအုပ်စု ဖြစ်လာကြပါသည်၊ ဘုရားသခင်ကနေပြီး ကမ္ဘာကြီးပေါ်မှာ ပထမဦးဆုံး ရွေးလိုက်သည့် လူများခဲ့ကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှလုံးသားထဲမှာ ရှိနေကြကာ ၎င်းကိုယ်တိုင် ဦးဆောင်ပေးခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေထူပြခဲ့ပါသည်၊ တစ်နည်းအားဖြင့် ဣသရေလ နိုင်ငံတွင်းက လူမျိုးနွယ်စု ဆယ့်နှစ်ခုတို့သည် ယေဟောဝါ၏ လက်ဦး အရွေးခံများ ဖြစ်ခဲ့ကြပြီး၊ သူသည် သူတို့အထဲတွင် အမြဲလုပ်ဆောင်လုပ်ကိုင်လာခဲ့ရာ၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမှု၏ ဒုတိယ အဆင့်တွင်မူ ဓမ္မသစ်ကျမ်းထဲက ကျေးဇူးတော် ခေတ်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စု ဆယ့်နှစ်ခု အနက် တစ်ခုဖြစ်သည့် ယုဒခေါ် လူမျိုးနွယ်စု အကြားမှာ ဖြစ်ခဲ့ပါသည်။ လုပ်ဆောင်ချက် ပမာဏ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိအဖြစ်ကို ခံယူခဲ့သည့် ဘုရားသခင် ဖြစ်ခဲ့၍ပါ။ ယေရှုသည် ယုဒနယ်မြေ တစ်၀န်းမှာသာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ခဲ့ပြီး သုံးနှစ်ခွဲမျှသာ လုပ်ဆောင်ခဲ့သည့်အတွက်၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်း တင်ထားသည်များမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အလုပ်ပမာဏနှင့် စာလျှင် မည်သို့မှ နှိုင်းယှဉ် မရစကောင်း ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီကျမ်းလို့ ဆိုတဲ့ဟာက ဘာကိုရည်ညွှန်းမှန်း သင်တို့သိကြလား။ ဓမ္မဟောင်းကျမ်းထဲက “ကျမ်း” ဆိုတာဟာ ယေဟောဝါဘုရားက အဲဂုတ္တု ပြည်သူတွေကိုသတ်ပစ်ခဲ့ပြီး ဣသရေလပြည်သူတွေကိုဖာရိုဘုရင်ထံမှကယ်တင်ခဲ့စဉ်တုန်းက ဣသရေလလူတွေ အတွက်ချမှတ်ပေးခဲ့တဲ့ပဋိညာဉ်ထဲမှ ပေါ်ထွက်လာခဲ့တာပါ။ ဘုရားသခင်က လူသားအတွက် ချမှတ်ပေးခဲ့တဲ့ အဲဒီပဋိညာဉ်ရဲ့ အထောက်အထားမှာ တံခါးထုပ်များအပေါ်တွင် ပေကျံနေခဲ့တဲ့ သိုးငယ်ကလေးရဲ့ သွေးပါပဲ၊ ပဋိညာဉ်တစ်ခုထဲမှာ မိမိတို့ရဲ့ တံခါးဘောင်ရဲ့ အထက်နဲ့ဘေးတွင် သိုးငယ်ကလေးရဲ့ သွေးရှိနေသူတို့ဟာ ဣသရေလ လူတွေ ဖြစ်ကြပြီး၊ သူတို့ဟာ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးများဖြစ်ကာ သူတို့ကို ယေဟောဝါဘုရားက လွတ်မြောက်စေမယ်လို့ ဆိုထားခဲ့ပါတယ် (ယေဟောဝါဘုရားဟာ အဲဒီတုန်းက အဲဂုတ္တုပြည်သူတွေရဲ့ သားဦးများနဲ့ ပထမဦးဆုံးမွေးတဲ့ သိုးနွားတွေကိုသတ်ပစ်ရန်ရှိနေခဲ့လို့ပါ)။ အဲဒီပဋိညာဉ်ထဲမှာ အဓိပ္ပါယ် နှစ်မျိုးနှစ်ဆင့်ရှိခဲ့ပါတယ်။ အဲဂုတ္တု နိုင်ငံထဲတွင် လူ ဒါမှမဟုတ် တိရိစ္ဆာန်ကို ယေဟောဝါဘုရားက မွေးခွင့်မပြုဘဲ၊ သားဦး နဲ့ ပထမဆုံးမွေးတဲ့ သိုးနဲ့တိရိစ္ဆာန်တွေကို သတ်ပစ်ဖို့ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အနာဂတ္တိကျမ်း အများအပြားတို့ထဲတွင် ယေဟောဝါဘုရားရဲ့ အဲဒီပဋိညာဉ်ကြောင့် အဲဂုတ္တု ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိမ့်မယ်လို့ ရေးသားခဲ့ကြတယ်။ ပဋိညာဥ်ပထမအဆင့်ရဲ့ အဓိပ္ပါယ်က အဲဒီလို ဖြစ်ပါတယ်။ ယေဟောဝါဘုရားဟာ အဲဂုတ္တု နိုင်ငံထဲက သားဦးတွေ အားလုံး နဲ့ ပထမဦးဆုံး မွေးခဲ့ကြတဲ့ တိရိစ္ဆာန်တွေ အားလုံးကို သတ်ပစ်ခဲ့ပြီး၊ ဣသရေလ လူတွေ အားလုံးကို ကယ်တင်ခဲ့တယ် ဆိုတော့၊ ဣသရေလ နိုင်ငံထဲက လူတွေ အားလုံးတို့ကို ယေဟောဝါဘုရားက ကောင်းကြီး မင်္ဂလာပေးခဲ့ပြီး ကယ်တင်တော်မူမယ်၊ ၎င်းဟာ သူတို့ထဲတွင် ရေရှည် အမှုတော်ထမ်းရန် ဆန္ဒရှိလျက် သိုးငယ်လေးရဲ့ သွေးကို အသုံးပြုပြီး သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တဲ့ သဘောပါပဲ။ အဲဒီအချိန်မှစပြီး၊ ယေဟောဝါဘုရားဟာ ဣသရေလ ပြည်သူတွေကို သတ်ပစ်မှာ မဟုတ်တော့ဘဲ၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အရွေးတော်ခံများအဖြစ် ထာဝစဉ် တည်ရှိနေကြမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဣသရေလအမျိုး ဆယ့်နှစ်မျိုးထဲတွင်၊ ဘုရားသခင်ဟာ မိမိရဲ့ အမှုတော်ကို ပညတ်ခေတ် တလျှောက်လုံးမှာ ထမ်းဆောင်သွားလျက်၊ ကိုယ်တော်ရဲ့ ပညတ်ချက်တွေ အားလုံးကို ဣသရေလ ပြည်သူများအား ချပြရင်း၊ သူတို့အထဲကနေပြီး ပရောဖက်များ နဲ့ တရားသူကြီးများကို ရွေးသွားမှာ ဖြစ်ပါတယ်၊ သူတို့ဟာ ဘုရားသခင် အမှုတော်ရဲ့ ဗဟိုချက် ဖြစ်ကြပါမယ်။ ယေဟောဝါဟာ သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တယ်- အဲဒီခေတ် မကုန်မချင်း ကိုယ်တော်ဟာ အရွေးခံများ အကြားမှာသာ လုပ်ကိုင်သွားမှာပါ။ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ဘုရားသခင်ရဲ့ အရွေးခံလူများနဲ့ သွေးဖြင့် ပြုလုပ်ခဲ့တယ် ဆိုတော့ ဖောက်ဖျက် မရနိုင်ခဲ့ပါ။ ပိုလို့ကို အရေးကြီးခဲ့တာက၊ ကိုယ်တော်ဟာ ခေတ်ကြီး တစ်လျှောက်လုံး ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းရွက်သွားရန်အတွက် နယ်ပယ် နဲ့ ပန်းတိုင်ကိုပါ ရွေးပေးခဲ့တယ် ဆိုတော့၊ လူတို့ဟာ ပဋိညာဉ် အထူးအရေးပါတာကို မြင်တွေ့နိုင်ခဲ့ကြပါတယ်။ အဲဒါက ပဋိညာဉ် ဒုတိယ အဆင့်ရဲ့ အဓိပ္ပါယ်ပါ။ ပဋိညာဉ်ကို မချမှတ်မီ ရှိနေခဲ့တဲ့ ကမ္ဘာဦးကျမ်းမှလွဲပြီး၊ ဓမ္မဟောင်းကျမ်း အထဲက ကျမ်းစာအုပ်တွေ အားလုံးဟာ ပဋိညာဉ်ကို ချမှတ်လိုက်တဲ့ နောက်မှာ ဣသရေလ ပြည်သူများ အကြားတွင် ဘုရားသခင်လုပ်ကိုင်ခဲ့တာတွေကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်း တင်ပေးခဲ့ပါတယ်။ အဲဒီမှာ ရံဖန်ရံခါဆိုသလို တိုင်းတပါးသားတွေ အကြောင်းလည်း ပါရှိတတ်ခဲ့ပေမဲ့၊ ခြုံပြောရရင်၊ ဓမ္မဟောင်းကျမ်းဟာ ဣသရေလ နိုင်ငံထဲက ဘုရားသခင်ရဲ့ အမှုတော်များကို ရေးမှတ်ပေးထားတာပါ။ ယေဟောဝါဘုရားက ဣသရေလ ပြည်သူများအတွက် ချမှတ်ခဲ့တဲ့ ပဋိညာဉ်ကို အကြောင်းပြုပြီး ပညတ်ခေတ်တွင် ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေကို “ဓမ္မဟောင်းကျမ်း” လို့ ခေါ်ကြပါတယ်။ ဣသရေလပြည်သူများနှင့်အတူချမှတ်ခဲ့သော ယေဟောဝါဘုရားရဲ့ပဋိညာဉ်ကိုအမှီပြု၍ ထိုကျမ်းစာအုပ်များကို အမည်ပေးထားခြင်းဖြစ်တယ်။

ဓမ္မသစ်ကျမ်းကိုကျတော့ လက်ဝါးကပ်တိုင်တော်ပေါ်မှာ ယေရှုရဲ့သွေးတွေစီးကျလာခဲ့လို့ ကိုယ်တော်ကို ကိုးကွယ်ခဲ့ကြသူအားလုံးတို့နဲ့အတူထားခဲ့တဲ့ပဋိညာဉ်ကိုအမှီပြုလျက် အမည်ပေးခဲ့ကြတာပါ။ ယေရှုရဲ့ ပဋိညာဉ်က ဒီလိုဖြစ်ခဲ့ပါတယ်- လူတွေဟာ သူတို့ရဲ့ မကောင်းမှုတွေမှ ခွင့်လွှတ်ခွင့် ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ကြဖို့သာ ရှိပါတယ်၊ အဲဒီလိုနည်းဖြင့် သူတို့ဟာ ကယ်တင်ခံလိုက်ရပြီး ဘုရားသခင်မှတဆင့် ပြန်ပြီး မွေးလာကြလျက် အပြစ်သားတွေ မဟုတ်ကြတော့ဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ရရှိဖို့အတွက် လူတွေဟာ ကိုယ်တော်ကို ယုံကြည်ရန် လိုအပ်တယ်၊ အဲဒီလိုဆိုရင် သူတို့ဟာ သေသွားတဲ့နောက်မှာ ငရဲထဲတွင် ဒုက္ခမခံကြရတော့ပါ။ ကျေးဇူးတော်ခေတ် အတွင်းမှာ ရေးသားခဲ့တဲ့ ကျမ်းစာ အားလုံးဟာ အဲဒီပဋိညာဉ်ရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြပြီး၊ ထိုခေတ်ထဲ ပါဝင်ခဲ့ကြတဲ့ အမှုတော်များနဲ့ ပြောကြားချက်တွေကို ရေးမှတ်ပေးထားပါတယ်။ ၎င်းတို့ဟာ ယေရှုရဲ့ လက်ဝါး ကပ်တိုင်တော်ပေါ်မှာ အတင်ခံခဲ့ရခြင်းရဲ့ ကယ်တော်မူခဲ့မှု ဒါမှမဟုတ် ပဋိညာဉ်ထက် ကျော်လွန်ပြီး မသွားကြတော့ဘဲ၊ အဲဒီကျမ်းစာတွေ အားလုံးကို အတွေ့အကြုံရှိခဲ့ကြတဲ့ ဘုရားသခင်ရဲ့ ညီအကိုတော်များမှ ရေးပေးခဲ့ကြတာပါ။ ဒီလိုနည်းဖြင့်၊ အဲဒီကျမ်းစာအုပ်တွေကိုလည်း ပဋိညာဉ်တစ်ခုရဲ့ နောက်မှာ အမည်ပေးခဲ့ကြတယ်- ၎င်းတို့ကို ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ အဲဒီ ကျမ်းနှစ်ခုထဲတွင် ကျေးဇူးတော်ခေတ်နဲ့ ပညတ်ခေတ်တို့သာ ပါဝင်ကြပြီး၊ နောက်ဆုံးကာလခေတ်နဲ့ ဘယ်လိုမှ ဆက်နွှယ်မှုမရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)” မှ

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။...သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်၊ အများဆုံးအနေနှင့် သင်သည် ဣသရေလ၏ သမိုင်းကို အနည်းငယ် နားလည်လာပြီး အာဗြဟံ၊ ဒါဝိဒ်နှင့် မောရှေတို့၏ ဘဝများကို သိလာလျက်၊ သူတို့က ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံ၊ ယေဟောဝါက သူ့ကို ဆန့်ကျင်ခဲ့ကြသူတို့အား မီးရှို့ပစ်ခဲ့ပုံနှင့် ထိုခေတ်ကာလမှ လူများနှင့် ယေဟောဝါတို့ စကားပြောဆိုခဲ့ပုံကို သိလာလိမ့်မည်။ အတိတ်ကာလတုန်းက ဘုရားသခင်၏ လုပ်ဆောင်မှု အကြောင်းကိုသာ သင်ရှာတွေ့လိမ့်မည်။ သမ္မာကျမ်းစာထဲက မှတ်တမ်းများသည် ဣသရေလ နိုင်ငံတွင် ခေတ်ဦးကာလလူများ ဘုရားသခင်အား မည်သို့ ရိုသေလေးမြတ်ခဲ့ကြပုံနှင့် ယေဟောဝါ၏ လမ်းညွှန်မှုအောက်၌ မည်သို့ နေထိုင်ခဲ့ကြပုံတို့နှင့် သက်ဆိုင်သည်။ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ရွေးချယ်ခံ လူများ ဖြစ်ခဲ့ကြ၍၊ သင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလ လူမျိုးများ အားလုံးက ယေဟောဝါအား သစ္စာရှိခဲ့ကြပုံ၊ ယေဟောဝါကို နာခံခဲ့ကြသူ အားလုံးတို့ကို သူက စောင့်မပေးလျက် ကောင်းချီးမင်္ဂလာ ပေးခဲ့ပုံကို မြင်တွေ့ရမည် ဖြစ်ပြီး၊ ဘုရားသခင်က ဣသရေလ နိုင်ငံတွင် အမှုပြုခဲ့စဉ် သူသည် ဂရုဏာနှင့် မေတ္တာတရားများဖြင့် ပြည့်နေခဲ့ပြီး လောင်သောမီးတောက်များ အားလုံးကို ပိုင်ဆိုင်ခဲ့လျက် ဣသရေလ လူမျိုးအားလုံး၊ အနိမ့်ဆုံးမှအစ စွမ်းပကား အရှိဆုံးအထိ၊ ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံကိုပါ မြင်ရမည်ဖြစ်သည်၊ ထိုသို့ကြောင့် တစ်နိုင်လုံးကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဣသရေလ၏ သမိုင်းက ထိုသို့ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ထို့အပြင် ယခင် မည်သည့်အခါမှ မလုပ်ခဲ့သည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုပါသေးသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

ယခင်က:ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို မည်သို့အုပ်စိုးပြီး စီမံခန့်ခွဲသနည်း။

နောက်တစ်ခုသို့:သမ္မာကျမ်းစာ အားလုံးသည် ဘုရားသခင် စေ့ဆော်ခြင်းဖြင့် ဖြစ်ပေါ်လာပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု ဘာသာရေးလောကက ယုံကြည်ပါသည်၊ ဤထွက်ဆိုချက်ကို လူတစ်ဦးက မည်ကဲ့သို့ သိမြင်သင့်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ