အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ ဘုရားသခင်နှင့် သမ္မာကျမ်းစာကြား ဆက်နွှယ်မှုနှင့် ပတ်သက်သည့် သမ္မာတရားများ

၂) သမ္မာကျမ်းစာ အားလုံးသည် ဘုရားသခင် စေ့ဆော်ခြင်းဖြင့် ဖြစ်ပေါ်လာပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု ဘာသာရေးလောကက ယုံကြည်ပါသည်၊ ဤထွက်ဆိုချက်ကို လူတစ်ဦးက မည်ကဲ့သို့ သိမြင်သင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာထဲမှ စကားလုံးတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင် ယခင်လုပ်ခဲ့သည့် လုပ်ငန်းမှာ ပါဝင်သည့် အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်း ဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ဘုရားသခင် ခေတ်အဆက်ဆက်၌ အသုံးပြုခဲ့သည့် လူများက သူတို့၏ အတွေ့အကြုံများနှင့် သူတို့သိသည့် အကြောင်းအရာများကို ရေးထားသည့် အပိုင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အတွေးများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာအထဲရှိ ကျမ်းအများအပြားထဲတွင် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် အနက်ဖွင့်ချက်များ ပါဝင်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် အနက်ဖွင့်ချက်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ရှုထောင့်များသည် ကိုယ်ပိုင် အတွေ့အကြုံ၏အသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ အနာဂတ္တိ ဟောကြားချက်များသည် သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် ညွှန်ကြားချက်မှလာသည်၊ သူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြပြီး သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်းခေတ်မှ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ထိုသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် အနာဂတ္တိ ဟောကြားချက် အများအပြားကို ဟောခဲ့ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြပါသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအတွက် လမ်းညွှန် ချက်များကို ပေးခဲ့ကြပြီး၊ ယေဟောဝါမှ လုပ်ဆောင်ပေးရန် ရှိနေသည်များကို ကြိုပြီး ဟောကြားခဲ့ကြ ပါသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံကို မြင်နိုင်စွမ်း၊ ဘုရားသခင်၏ အသံကို ကြားနိုင်စွမ်းကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ ကောင်းချီး မင်္ဂလာပေးမှုဖြင့် အနာဂတ္တိကျမ်းများကို ရေးခဲ့ကြပါသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် ယေဟောဝါ၏ အသံကို ထုတ်ဖေါ်ပြသမှု ဖြစ်ခဲ့ပြီး၊ သူတို့သည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်လျက် ထိုစဉ်တုန်းက ယေဟောဝါ၏ အလုပ်က ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်းပေးရုံမျှ ဖြစ်ခဲ့ပါသည်၊ ဘုရားသခင်သည် လူပကတိ ဖြစ်မလာခဲ့ဘဲ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပါ။ ယင်းကဲ့သို့သောနည်းဖြင့်၊ ဘုရားသခင်သည် ၎င်း၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက် များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် မျိုးရိုးစုတိုင်း ထံကို သွားရန် တာဝန်ပေးခဲ့ပါသည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်များကို ဟောကြားပေးရန် ဖြစ်ခဲ့ပြီး သူတို့ထဲက တစ်ချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ ပရောဖက်ပြုချက်များကို ဟောကြားရန်၊ အနာဂတ်တွင် လုပ်ဆောင်ပေးမည်ကို သို့မဟုတ် ထိုကာလအတွင်းမှာ လုပ်ဆောင်ပေးဖို့ ရှိနေသေးသည်ကို ကြိုပြီး ဟောကြားရန် ယေဟောဝါသည် ထိုသူများကို လေ့ကျင့်ပေးခဲ့ခြင်းဖြင့် လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် အမြော်အမြင် ကြီးမားမှုကို မြင်တွေ့စေလိုခဲ့ပါသည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများ နှင့် အများများ မတူကြပါ၊ ပရောဖက်ဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်ခဲ့ကြပါသည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ လုပ်ဆောင်စရာကို လုပ်ပြီးသွားသော နောက်မှာ လူများက ရေးမှတ်ခဲ့ကြသည့် မှတ်တမ်းများပါ။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက် တို့၏ ပရောဖက်ပြုချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပါ။ ပရောဖက်ပြုချက်များကို အမှုကို မလုပ် ဆောင်မီ ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ ကျန်သည့် ကျမ်းများကိုမူ လုပ်ဆောင်စရာ ပြုလုပ်ပြီးသွားသည့်နောက်မှာ၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို မှတ်တမ်း တင်ပေးခဲ့ခြင်း ဖြစ်ပါသည်။...ထိုနည်းဖြင့်၊ သမ္မာကျမ်းစာထဲ မှတ်တမ်း တင်ထားသည်များမှာ ထိုစဉ်တုန်းက ဣသရေလ နိုင်ငံထဲမှာသာ လုပ်ဆောင်ခဲ့သည် အရာများပါ။ ပရောဖက် များ၊ ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့၏ မိန့်ကြားချက်များ...သူတို့၏ စကားလုံးများ သည်ဖြင့် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြားခဲ့ပြီး၊ သူတို့သည် ယေဟောဝါ ဘုရားသခင် ကိုယ်တိုင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြား ပေးခဲ့ကြပါသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှလာခဲ့ပြီး၊ ပရောဖက်များ၏ ကျမ်းစာအုပ်များမှ အပ၊ ပါရှိသမျှသည် ထိုစဉ်တုန်းက ယေဟောဝါ လုပ်ဆောင်ချက်ဆိုင်ရာ လူများ၏ ဘဝအတွေ့အကြုံများကို မှတ်တမ်းတင် ထားခြင်း ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

သင်သည် နောက်ဆုံးကာလတွင် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အကြောင်းကို သက်သေခံလိုလျှင် သမ္မာကျမ်းစာရှိ ဇာတ်လမ်း၊ သမ္မာကျမ်းစာ၏ ဖွဲ့စည်းပုံနှင့် သမ္မာကျမ်းစာ၏ အနှစ်သာရကို သိနားလည်ရမည်။ ယနေ့ခေတ်တွင် လူတို့က 'သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်'ဟု ယုံကြည်ကြသည်။ ထို့အပြင် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည်ပင်လျှင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ ထိုယူဆချက်သည် လူတို့၏ မှားယွင်းစွာ အဓိပ္ပာယ် ကောက်ယူမှု ဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ တကယ်တမ်းတွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများထဲမှ ရရှိလာခဲ့ကြပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်ပါ၊ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ဖွင့်ဆိုချက်များလည်း မဟုတ်ပါ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးအတွက် ရေးသားခဲ့သော စာများ ဖြစ်သည်။ ထိုစဉ်အချိန်က အသင်းတော်များအားလုံးမှ ညီအစ်ကိုမောင်နှမများအား သူ၏ အကြံပေးချက်များအတိုင်း လုပ်ဆောင်ကြစေရန်နှင့် သခင်ယေရှု၏ နည်းလမ်းများ အားလုံးအတိုင်း အသက်ရှင်ကြစေရန်အတွက် ရေးခဲ့သောစာများ ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့ပါ၊ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများအတွက် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များအတွက် တမန်တော်အလုပ်ကို လုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များ၏ တာဝန်ကို သူ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ အသင်းတော်များလုပ်ဆောင်သော အလုပ်ကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များကို ကိုယ်စားပြုသော စကားများ မဟုတ်ကြသလို၊ သူသည် ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပါ။ လူတစ်ယောက်၏ အတွေ့အကြုံများနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များအတွက် ပြောသည့် သန့်ရှင်းသောဝိညာဉ်တော်ထံမှ စကားလုံးများသဖွယ် လူတို့ သတ်မှတ်ခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် စော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများ ကိစ္စ၌ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများ အတွက် ရေးပေးခဲ့ခြင်းပြီး ယေရှုအားဖြင့် တော်သည့် ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုထံမှ ကျေးဇူးတော်ကို ရရှိနိုင်စေရန် အလို့ငှါ ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သော စာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ စိတ်ထဲ၌ ရှိသော ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များ အတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူသည် အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သလို၊ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ ထို့ကြောင့် သူ့အတွက် သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ လူအဖြစ်ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလုသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် အဆင့်တူသူ ဖြစ်နိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်းပင် မဆင်မခြင် ပြုမူနေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနေကြခြင်းပင် မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများက သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ထိုသြဝါဒစာများ သို့မဟုတ် စကားများ၏ ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် အသက်ရှင်စဉ် ကာလ၌ သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ဖော်ပြနေကြသည်၊ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြသည်ဟုသာ ပြောနိုင်ပါသည်။ ထိုအရာများအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ မဟုတ်ပါ။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူနီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခု အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

ဓမ္မသစ်ကျမ်းထဲပါရှိသည့် မဿဲ၏ခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ဖော်ပြထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်တစ်ဦးဖြစ်သည်၊ ယောသပ်၏ သားဖြစ်သည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်မှ ပဋိသန္ဓေတည်စေခဲ့သော သားဖြစ်သည်၊ အပျိုကညာမှ မွေးသူ ဖြစ်သည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ယေရှုသည် ယောသပ်၏ သားမဟုတ်၊ အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်လည်းမဟုတ်ဟု ပြောလိုက်ခြင်း ဖြစ်နေသည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း၌ ယေရှုကို ယောသပ်နှင့် ဆက်စပ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ပြပြီးနောက် ယေရှုကို မည်ကဲ့သို့ မွေးဖွားခဲ့ကြောင်းကို ဖော်ပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မာရိ၌ ပဋိသန္ဓေတည်စေပြီး ယေရှုသည် အပျိုကညာမှ မွေးဖွားလာသူဖြစ်သည်၊ ယေရှုသည် ယောသပ်၏သား မဟုတ်ဟု ဖော်ပြထားသည်။ သို့သော်လည်း ဆွေစဉ်မျိုးဆက်စာရင်းတွင်မူ ယေရှုသည် ယောသပ်၏သားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ဆွေစဉ်မျိုးဆက်စာရင်းသည် ယေရှုအတွက် ရေးထားသောကြောင့် မျိုးဆက် လေးဆယ့်နှစ်ဆက်ကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယောသပ်၏ မျိုးဆက်ဆီသို့ ရောက်သောအခါ ယောသပ်သည် မာရိ၏ ယောက်ျားဖြစ်သည်ဟု ကမန်းကတန်း ဖော်ပြထားသည်။ ထိုစကားလုံးများမှာ ယေရှုသည် အာဗြံဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို သက်သေပြလိုသည့် စကားလုံးများ ဖြစ်နေသည်။ ထိုအချက်သည် ရှေ့နောက်မကိုက်ညီမှု မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက်စာရင်းတွင် ယောသပ်၏ ဘိုးဘေးများအမည်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ ထိုမှတ်တမ်းသည် ယောသပ်၏ ဘိုးဘေးများစာရင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ သို့သော် မဿဲက ထိုစာရင်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။ ထိုအချက်က ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်က တည်စေသော ပဋိသန္ဓေမှ မွေးဖွားလာသူဖြစ်ကြောင်းကို ငြင်းပယ်နေခြင်းပင် မဟုတ်လော။ သို့ဖြစ်၍ မဿဲ၏ ဆွေစဉ်မျိုးဆက်စာရင်းသည် လူ၏ စိတ်ကူးမဟုတ်လော။ အဓိပ္ပာယ်မဲ့လှပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဿဲ၏ကျမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဆင်းသက်လာခဲ့ကြောင်း လုံးလုံးလျားလျားကြီး ပြောမရနိုင်ခြင်းကို သင်သိနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

ယနေ့တွင် သင်တို့အနက် မည်သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောရဲသနည်း။ တစ်စုံတစ်ယောက်က ထိုသို့ပြောဝံ့သလော။ သင်သည် ထိုသို့ပြောသည်ဆိုလျှင် ဧဇရအနာဂတ္တိကျမ်းကို အဘယ်ကြောင့် ပယ်ဖျက်ရသနည်း၊ ရှေးဟောင်းသန့်ရှင်းသူများနှင့် ပရောဖက်များ ပြောကြားသော မှတ်စာများကိုလည်း အဘယ်ကြောင့် အလားတူလုပ်ရသနည်း။ သူတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယင်းသို့မခန့်မှန်းနိုင်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းရှိသလော။ ဣသရေလမှ အဖြစ်အပျက်အများအပြားသည်လည်း ပယ်ဖျက်ခြင်းခံရသည်။ အတိတ်က ဤရေးသားချက်များအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာခြင်းဖြစ်သည်ဟု သင်ယုံကြည်လျှင် အချို့သောမှတ်စာများကို အဘယ်ကြောင့် ပယ်ဖျက်သနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက ယင်းတို့အားလုံးကို ထားရှိသင့်ပြီး အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများဖတ်ရန် ပေးသင့်သည်။ ယင်းတို့ကို လူတို့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မလုပ်သင့်ပေ။ ယင်းသို့လုပ်ခြင်းမှာ မှားယွင်းသည်။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် သူတို့၏ ပုဂ္ဂလိက အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းမှာ သူတို့၏ အတွေ့အကြုံများနှင့် အသိပညာများမှာ စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း သူတို့တွင် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အမြင်များမှ လာသည့်အရာများ ပါရှိနေသည်။ သူတို့၏အသိပညာသည် ထိုအချိန်က အမှန်တကယ် အတွေ့အကြုံများ၏ နောက်ခံနှင့်အညီဖြစ်ပြီး ယင်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသည်ဟု မည်သူက ယုံကြည်စွာ ပြောနိုင်သနည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက ယေရှု၏အလုပ်နှင့် ပတ်သက်၍ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့ တစ်ဦးချင်းစီ၏ ပြောဆိုမှုများသည် အချို့တွင် အဘယ်ကြောင့် ကွဲလွဲနေကြရသနည်း။ သင်တို့ ယင်းကိုမယုံကြည်ပါက ကျမ်းစာတွင် ဖော်ပြထားသည့် ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုသည့် အချက်များကို ကြည့်ပါ။ ယင်းတို့ အားလုံးခြားနားနေပြီး ယင်းတို့အားလုံးတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ မသိမိုက်မဲသောသူ အများအပြားက ပြောကြသည်မှာ “လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း လူသားဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုံးလုံးလျားလျားလာခဲ့ခြင်း ဖြစ်နိုင်သလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူသားဆန္ဒစွဲများ ရောနှောနေပါက သူပြောဆိုသော စကားများသည် လူသားဆန္ဒစွဲများ အမှန်တကယ် ရောနှောမနေဘူးလော။” ယင်းသို့သော အရာများကို ပြောသူများသည် မျက်ကန်းများဖြစ်ပြီး မသိမိုက်မဲသောသူများ ဖြစ်ကြသည်။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်ကြည့်ပါ။ ယေရှုလုပ်ဆောင်ခဲ့သောအရာများကို သူတို့မှတ်တမ်းတင်ထားသည်များနှင့် သူပြောသောစကားများအား မှတ်တမ်းတင်ထားသည်ကို ဖတ်ပါ။ တစ်ခုချင်းသည် အကယ်ပင် ကွဲလွဲနေပြီး တစ်ခုချင်းအလိုက် ကိုယ်ပိုင်ရှုထောင့်များရှိသည်။ ယင်းစာအုပ်များရှိ စာရေးသူများ၏ ရေးသားချက်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုလျှင် အားလုံးသည် ရှေ့နောက်ညီပြီး တူညီမနေသင့်ဘူးလော။ အဘယ်ကြောင့် ကွာဟချက်များ ရှိနေရပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ယခင်က:သမ္မာကျမ်းစာသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်ကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်၊ ဘုရားသခင်၏ အလုံးစုံသော အမှုတော်ကို မှတ်တမ်းတင်ထားခြင်းမဟုတ်ပါ။

နောက်တစ်ခုသို့:သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူသားက စုစည်းထားခြင်းဖြစ်သည်၊ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ