အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၀၄ လူသားမျိုးနွယ်၏ကံကြမ္မာကို ဘုရားအုပ်စိုး၍ စီမံ၏ကျူး

၁ အမျိုးအစား အားလုံးတွင်ရှိသည့် လူတို့၏ မွေးဖွားခြင်းက ဖန်ဆင်းရှင် သူတို့အတွက် ပြင်ဆင်ထားသည့် ကံကြမ္မာအားဖြင့် ပိုင်းခြားသတ်မှတ် ထားပါသည်။ သူတို့၏မွေးဖွားမှုသည် လက်ရှိဘဝက သူတို့၏ကံကြမ္မာနှင့် သူတို့လှုပ်ရှားရမည့် နေရာများနှင့် သူတို့ပြီးမြောက်ရမည့် တာဝန်များကို သတ်မှတ်ပေးသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင် အချုပ်အခြာအာဏာ၏ သက်ရောက်မှုရှိသည်။ သူက ကြိုတင်သတ်မှတ်ထားသည်။ သူတို့၏ကြိုတင် သတ်မှတ်ထားသည့် ပန်းတိုင်မှ မည်သူမှ မလွတ်မြောက်နိုင်ပါ။ သူတို့မွေးဖွားခြင်း၏ အခြေအနေများကိုက မည်သူမှ မပြောင်းလဲနိုင်ပါ။ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ဘယ်သူမှ မရွေးချယ်နိုင်ပါ။

၂ အရည်အချင်း၊ ဉာဏ်ရည်ဉာဏ်ကဲ၊ စိတ်ဓါတ်စွမ်းအား မတူညီမှုများနှင့် မသက်ဆိုင်ဘဲ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမားခြင်းနှင့် သေးငယ်ခြင်းကြား၊ အမြင့်နှင့် အနိမ့်ကြား၊ ပီတိဖြစ်ခြင်းနှင့် စိတ်တိုခြင်းကြားတွင် ခြားနားချက်မရှိပါ။ လူတစ်ယောက်က ဘာအလုပ်အကိုင် လုပ်ဖို့ကြိုးစားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ချမ်းသာမှုများ မည်မျှစုစည်းထားသည် စသည်တို့သည် သူ၏မိဘ၊ သူ့ ပါရမီ၊ အားစိုက်ထုတ်မှု သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် သတ်မှတ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

၃ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပါသည်။ ၄င်းသည် လူတစ်ယောက်၏ ဦးတည်ချက်၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်ပါသည်။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်တွေ အမျိုးမျိုးချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမှ သူတို့ မွေးဖွားသည့် ပုံစံနှင့်အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်းကို မစီစဉ်နိုင်ပါ။ လူတို့က သေခြင်းကို ရှောင်ကြဉ်ပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသည်။ သို့သော်လည်း သူတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာပါသည်။

၄ သူတို့မည်သည့်အချိန်သေမည်ဆိုတာ သို့မဟုတ် မည်သို့သေမည်ဆိုတာကို မည်သူမှမသိပါ။ မည်သည့်နေရာတွင်ဖြစ်မည်ဆိုတာ ပို၍ပင် မသိပါ။ သေခြင်းနှင့် ရှင်ခြင်း စွမ်းအင်ကို ကိုင်ဆောင်တာက လူသားမျိုးနွယ် မဟုတ်ပါ၊ သဘာဝလောကထဲက အရာမဟုတ်ဘဲ သူ့အခွင့်အာဏာသည် အတုမရှိသည့် ဖန်ဆင်းရှင်ဆိုသည်မှာ သိသာပါသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘောဝလောက၏ နိယာမတစ်ချို့၏ ထုတ်ကုန်မဟုတ်ပါ။ ဖန်ဆင်းရှင် အခွင့်အာဏာ၏ အချုပ်အခြာအာဏာ၏ အကျိုးဆက်များ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူသားမျိုးနွယ်၏ဝေဒနာသည် မည်သို့ပေါ်ပေါက်လာသနည်းကျူး

နောက်တစ်ခုသို့:ဘုရား၏အကွယ်အကာအောက်တွင် လူတို့ကြီးထွားကြ၏ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ