အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား

အခု သင်တို့ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ပတ်သက်တဲ့ ရှေ့ပိုင်းက မိတ်သဟာယပြုမှုကို နားထောင်ပြီးပြီဆိုတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သင်တို့ဆီမှာ စကားလုံးတွေ အစီအတန်းလိုက် ရှိပြီးဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။ သင်တို့ ဘယ်လောက် လက်ခံနိုင်တယ်၊ သဘောပေါက်နိုင်တယ်၊ နားလည်နိုင်တယ်ဆိုတာတွေအားလုံးက ဒီအရာအပေါ်မှာ သင်တို့ ဘယ်လောက် အားစိုက်ထုတ်မယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီအကြောင်းအရာကို သင်တို့ လေးလေးနက်နက် ချဉ်းကပ်နိုင်ဖို့ဟာ ငါ့ရဲ့ မျှော်လင့်ချက်ပါပဲ။ သင်တို့ ဒါကို စိတ်မပါ့တပါနဲ့ လုံးဝမကိုင်တွယ်သင့်ဘူး။ ကဲ ဘုရားသခင်ရဲ့ သြဇာအာဏာကို သိခြင်းက ဘုရားသခင်ရဲ့ အလုံးစုံကို သိခြင်းနဲ့ ညီမျှသလား။ ဘုရားသခင်ရဲ့ သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်းရဲ့ အစဖြစ်တယ်လို့ ဆိုနိုင်ပြီး ဘုရားသခင်ရဲ့ သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အနှစ်သာရကို သိခြင်းတံခါးဝထဲကို ဝင်ရောက်ပြီး ဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်လို့လည်း ဆိုနိုင်တယ်။ ဒီနားလည်ခြင်းက ဘုရားသခင်ကို သိခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါဆိုရင် တခြားအပိုင်းက ဘာလဲ။ ဒီအရာက ဒီနေ့ မိတ်သဟာယပြုလုပ်ချင်တဲ့ အကြောင်းအရာပါ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား။

ဒီနေ့ခေါင်းစဉ်နဲ့ မိတ်သဟာယပြုလုပ်ဖို့ သမ္မာကျမ်းစာက အခန်းနှစ်ခန်းကို ရွေးထားပါတယ်။ ပထမတစ်ခုက ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ နဲ့ ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ တွေ့နိုင်တဲ့ သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဒုတိယတစ်ခုက ယောနဝတ္ထု ၁:၁-၂ နဲ့ ယောနဝတ္ထုရဲ့ တတိယနဲ့ စတုတ္ထအခန်းမှာ ဖြည့်စွက်ချက်အနေနဲ့ တွေ့နိုင်တဲ့ နိနေဝေမြို့ကို ဘုရားသခင် လွတ်မြောက်စေခြင်းနဲ့ သက်ဆိုင်ပါတယ်။ သင်တို့အားလုံးက ဒီအခန်းနှစ်ခန်းနဲ့ပတ်သက်ပြီး ငါပြောမယ့်ဟာကို ကြားဖို့ စောင့်နေကြပြီလို့ ထင်ပါတယ်။ ငါပြောမယ့်အရာက ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်းနဲ့ သူ့ရဲ့အနှစ်သာရကို သိခြင်းအကြောင်းတို့ကနေ ပင်ကိုအားဖြင့် လမ်းလွဲသွားလို့မရပါဘူး။ ဒါပေမဲ့ ဒီနေ့ မိတ်သဟာယရဲ့ အာရုံစိုက်မယ့်အရာက ဘာဖြစ်မလဲ။ သင်တို့ထဲက ဘယ်သူ သိသလဲ။ “ဘုရားသခင်ရဲ့ သြဇာအာဏာ”နဲ့ပတ်သက်ပြီး ငါမိတ်သဟာယပြုခြင်းရဲ့ ဘယ်အပိုင်းက သင်တို့ကို အာရုံစူးစိုက်စေပါသလဲ။ ဒီလို သြဇာအာဏာနဲ့ တန်ခိုးကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူက ဘုရားသခင်ကိုယ်တော်တိုင်ပဲလို့ ဘာကြောင့်ငါပြောခဲ့သလဲ။ ဒီလိုပြောပြီးတော့ ဘာကို ငါက ရှင်းပြချင်တာလဲ။ ငါသင်တို့ကို ဘာအသိပေးချင်တာလဲ။ ပြီးတော့ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးက သူ့ရဲ့အနှစ်သာရကို ပြသတဲ့ပုံစံ တစ်ခုလား။ ဒီအရာတွေက သူ့ရဲ့ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်ကို သက်သေပြတဲ့ သူ့အနှစ်သာရရဲ့ အစိတ်အပိုင်းတစ်ခုလား။ ငါဘာကိုပြောသွားမယ်ဆိုတာ ဒီမေးခွန်းတွေက သင်တို့ကို ပြပြီးပြီလား။ ငါသင်တို့ကို ဘာနားလည်စေချင်တာလဲ။ ဒါကို ဂရုတစိုက်နဲ့ စဉ်းစားပါ။

ဘုရားသခင်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်တဲ့အတွက် လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရတယ်

ပထမဆုံး “သောဒုံမြို့ကို ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း”ကို ဖော်ပြထားတဲ့ ကျမ်းပိုဒ်အချို့ကို ကြည့်ကြရအောင်။

(ကမ္ဘာဦးကျမ်း ၁၉:၁-၁၁) ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

(ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅) ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။

ဒီစာပိုဒ်တွေကနေ သောဒုံမြို့ရဲ့ မတရားမှုနဲ့ အကျင့်ပျက်စီးမှုက လူသားနဲ့ဘုရားသခင်နှစ်ဦးလုံးအတွက် စက်ဆုပ်ဖွယ်ကောင်းတဲ့ အဆင့်တစ်ခုကို ရောက်နေပြီဖြစ်တယ်ဆိုတာနဲ့ ဒါကြောင့် ဘုရားသခင်ရဲ့ အမြင်မှာ ဒီမြို့က ဖျက်ဆီးခံရသင့်တယ်ဆိုတာတွေကို သိမြင်ဖို့ မခက်ခဲပါဘူး။ ဒါပေမဲ့ မပျက်စီးခင်မှာ မြို့ထဲမှာ ဘာတွေဖြစ်ခဲ့သလဲ။ လူတွေက ဒီဖြစ်ရပ်တွေကနေ ဘာတွေ သင်ယူနိုင်သလဲ။ ဒီဖြစ်ရပ်တွေအပေါ်မှာ ဘုရားသခင်ရဲ့ သဘောထားက သူ့ရဲ့စိတ်သဘောထားနဲ့ပတ်သက်ပြီး လူတွေကို ဘာတွေပြသလဲ။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ဖို့အတွက် ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့အရာကို ဂရုတစိုက် ဖတ်ကြည့်ရအောင်...

သောဒုံမြို့ရဲ့ ဖောက်ပြန်ပျက်စီးမှု။ လူသားအတွက် စိတ်တိုချင်စရာကောင်းပြီး ဘုရားသခင်အတွက် ဒေါသထွက်စရာကောင်းတယ်

အဲဒီညမှာ လောတဟာ ဘုရားသခင်ဆီကနေ သတင်းစကားပို့ဆောင်သူနှစ်ယောက်ကို လက်ခံရရှိပြီး သူတို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ခဲ့တယ်။ ညစာစားပြီးနောက် သူတို့မလှဲခင်မှာ မြို့တစ်ခုလုံးက လူတွေဟာ လောတရဲ့အိမ်ကို ဝိုင်းထားပြီး လောတကို အော်ခေါ်တယ်။ ကျမ်းစာမှာ သူတို့ ဒီလိုပြောထားချက်တွေကို မှတ်တမ်းတင်ထားပါတယ်။ “ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့” ဒီစကားလုံးတွေကို ဘယ်သူပြောခဲ့တာလဲ။ ဘယ်သူ့ကို သူတို့ပြောခဲ့တာလဲ။ ဒီစကားလုံးတွေက လောတကို ရည်ရွယ်ပြီး လောတရဲ့အိမ်အပြင်ဘက်ကနေ အော်ခေါ်တဲ့ သောဒုံမြို့က လူတွေရဲ့ စကားလုံးတွေ ဖြစ်တယ်။ ဒီစကားလုံးတွေကို ကြားရတာ ဘယ်လိုခံစားရလဲ။ ဒေါသအမျက် ခြောင်းခြောင်းထွက်သလား။ ဒီစကားလုံးတွေက သင့်ကို ရွံ့မုန်းစေသလား။ ဒေါသစိတ်တွေနဲ့ သင်တနုံ့နုံ့ဖြစ်နေသလား။ ဒီစကားလုံးတွေက စာတန်ရဲ့ အငွေ့အသက်ဆိုးတွေ မဟုတ်ဘူလား။ ဒါတွေကနေတစ်ဆင့် ဒီမြို့ရဲ့ ဆိုးယုတ်မှုနဲ့ မှောင်မိုက်မှုကို သင်ခံစားရနိုင်သလား။ သူတို့ရဲ့ စကားလုံးတွေကနေတစ်ဆင့် ဒီလူတွေရဲ့ အပြုအမူတွေရဲ့ ရက်စက် ရိုင်းစိုင်းမှုကို သင်ခံစားသိရှိနိုင်သလား။ သူတို့ရဲ့ အပြုအမူတွေကနေတစ်ဆင့် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းအတိမ်အနက်ကို ခံစားသိရှိနိုင်သလား။ သူတို့ပြောဆိုတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် သူတို့ရဲ့ မတရားတဲ့ သဘောသဘာဝနဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ စိတ်သဘောထားတွေက သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ အဆင့်အထိ ရောက်ရှိနေတယ်ဆိုတာကို မြင်ဖို့ မခက်ခဲပါဘူး။ လောတကလွဲပြီး ဒီမြို့က လူတိုင်းဟာ စာတန်နဲ့ မကွာခြားပါဘူး။ တစ်ခြားလူကို မြင်ရုံနဲ့တင် အဲဒီလူတွေကို သူတို့ကအန္တရာယ်ပြုပြီး ဝါးမျိုချင်ကြတယ်။ ဒီအရာတွေဟာ မြို့ရဲ့ ထိတ်လန့်စရာ၊ ကြောက်စရာ သဘောသဘာဝရဲ့ ခံစားချက်တွေကို ပေးရုံမက မြို့တဝိုက်က သေမင်းရဲ့ရောင်ဝါလက္ခဏာကိုလည်း ပေးတယ်။ မြို့ရဲ့ မတရားမှုနဲ့ ရက်စက်ကြမ်းတမ်းမှု ခံစားချက်ကိုလည်း ပေးတယ်။

သူဟာ လူမဆန်တဲ့ လူရမ်းကားအဖွဲ့နဲ့ ဝိညာဉ်တွေကို ဝါးမျိုမယ့်ရည်ရွယ်ချက်တွေနဲ့ ပြည့်နေတဲ့ လူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါမှာ လောတက ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကျမ်းစာအရ “ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” သူ့စကားလုံးတွေနဲ့ ဒါတွေကို ဆိုလိုလိုက်တယ်။ သတင်းစကားပို့ဆောင်သူတွေကို ကာကွယ်ဖို့ သူဟာ သူ့သမီးနှစ်ဦးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့တယ်။ စဉ်းစားမနေဘဲနဲ့ ဒီလူတွေဟာ လောတရဲ့ သတ်မှတ်ချက်ကို သဘောတူပြီး သတင်းစကားပို့ဆောင်သူနှစ်ဦးကို ထားခဲ့လိုက်သင့်တယ်။ တကယ်တော့ သတင်းစကားပို့ဆောင်သူတွေက သူတို့အတွက် သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ လူတွေဖြစ်တဲ့ လုံးဝ လူစိမ်းတွေပဲ။ ဒီသတင်းစကားပို့ဆောင်သူ နှစ်ဦးက သူတို့အကျိုးစီးပွားကို တစ်ခါမှ မထိခိုက်ဖူးဘူး။ ဒါပေမဲ့ သူတို့ရဲ့ မတရားတဲ့ သဘောသဘာဝရဲ့ တွန်းအားပေးမှုကြောင့် ဒီကိစ္စကို ဒီမှာ ချန်မထားပါဘူး။ အဲဒီအစား သူတို့ရဲ့ အားထုတ်မှုတွေက ပိုတောင် အရှိန်မြှင့်လိုက်ကြတယ်။ ဒီနေရာမှာ သူတိုရဲ့ ခွန်းကြီးခွန်းငယ်စကားနောက်တစ်ခုက ဒီလူတွေရဲ့ တကယ့်ကြမ်းတမ်းတဲ့ သဘောသဘာဝကို ပိုပြီးသိမြင်စေနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က ဒီမြို့ကို ဘာကြောင့်ဖျက်ဆီးချင်တယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း သိပြီး နားလည်သဘောပေါက်စေတယ်။

ဒီတော့ သူတို့ ဘာထပ်ပြောခဲ့ကြသလဲ။ သမ္မာကျမ်းစာက ဖော်ပြချက်အရ “သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။” သူတို့ ဘာကြောင့်တံခါးကို ချိုးဖျက်ချင်တာလဲ။ အကြောင်းရင်းက သူတို့ဟာ ဒီသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို အန္တရာယ်ပေးဖို့ သိပ်စိတ်လောနေလို့ပဲ ဖြစ်တယ်။ ဒီသတင်းစကားပို့ဆောင်သူနှစ်ယောက်က သောဒုံမြို့မှာ ဘာလုပ်နေတာလဲ။ ဒီနေရာကိုလာခြင်းရဲ့ သူတို့ရည်ရွယ်ချက်က လောတနဲ့ သူ့မိသားစုကို ကယ်တင်ဖို့အတွက်ပါ။ ဒါပေမဲ့ သူတို့ဟာ အာဏာဆိုင်ရာ ရာထူးတွေကို ယူဖို့လာတယ်လို့ ဒီမြို့ကလူတွေက မှားယွင်းစွာ ထင်မြင်ခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို မမေးဘဲ ဒီမြို့ကလူတွေက ဒီသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုချင်အောင် လုပ်စေတာက ထင်မြင်ချက်တစ်ခုသာ ဖြစ်တယ်။ သူတို့နဲ့ ဘာမှ မသက်ဆိုင်တဲ့ ဒီလူနှစ်ယောက်ကို သူတို့က အန္တရာယ်ပေးချင်ခဲ့ကြတယ်။ ဒီမြို့ကလူတွေဟာ သူတို့ရဲ့ ကြင်နာမှုနဲ့ ကျိုးကြောင်းဆင်ခြင်မှုကို လုံးဝ ဆုံးရှုံးသွားပြီဆိုတာ ရှင်းပါတယ်။ သူတို့ရဲ့ ရူးသွပ်မှုနဲ့ ကြမ်းတမ်းမှု အဆင့်က စာတန်ရဲ့ အန္တရာယ်ပြုတတ်တဲ့ ကြမ်းတမ်းတဲ့ သဘာဝနဲ့ လူသားကို ဝါးမျိုခြင်းနဲ့ ဘာမှမကွာခြားတော့ဘူး။

ဒီလူတွေကို လောတဆီကနေ သူတို့ တောင်းဆိုတဲ့အခါ လောတက ဘာလုပ်ခဲ့သလဲ။ စာသားတွေအရ လောတက သူတို့ကို လွှဲမပေးခဲ့ဘူးဆိုတာ ငါတို့သိရတယ်။ လောတက ဘုရားသခင်ရဲ့ ဒီသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို သိသလား။ ဘယ်သိမှာလဲ။ ဒါပေမဲ့ သူက ဘာကြောင့် ဒီလူတွေကို ကယ်တင်နိုင်ခဲ့တာလဲ။ သူတို့ ဘာလာလုပ်တယ်ဆိုတာကို သူသိခဲ့သလား။ သူတို့လာရခြင်း အကြောင်းကို သူမသိခဲ့ပေမဲ့ သူတို့က ဘုရားသခင်ရဲ့ အစေခံတွေဖြစ်တယ်ဆိုတာကိုတော့ သူသိခဲ့တယ်။ ဒါကြောင့် သူတို့ကို လက်ခံခဲ့တာပါ။ ဘုရားသခင်ရဲ့ ဒီအစေခံတွေကို သူက အရှင်တို့လို့ ခေါ်နိုင်တာက လောတဟာ သောဒုံမြို့အတွင်းမှာရှိတဲ့ တခြားလူတွေလို မဟုတ်ဘဲ ဘုရားသခင်ရဲ့ ပုံမှန် နောက်လိုက်တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ သတင်းစကားပို့ဆောင်သူတွေက သူ့ဆီကို လာတဲ့အခါမှာ ဒီအစေခံနှစ်ယောက်ကို လက်ခံဖို့ သူ့အသက်ကို သူစွန့်စားတယ်။ ဒါ့အပြင် ဒီအစေခံနှစ်ယောက်ကို ကာကွယ်ဖို့အတွက် သူ့သမီးနှစ်ယောက်ကိုလည်း အလဲအလှယ်လုပ်ခဲ့တယ်။ ဒါဟာ လောတရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်ပဲ။ လောတရဲ့ သဘောသဘာဝနဲ့ အနှစ်သာရတွေရဲ့ ရှင်းလင်းမြင်သာတဲ့ ဖော်ပြချက်တစ်ခုလည်း ဖြစ်တယ်။ ဒီအချက်ကလည်း ဘုရားသခင်က လောတကို ကယ်တင်ဖို့ သူ့ရဲ့ အစေခံတွေကို လွှတ်ခဲ့ရခြင်းအကြောင်းဖြစ်တယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ လောတက ဘာကိုမှ ငဲ့ကွက်မနေဘဲ ဒီအစေခံနှစ်ယောက်ကို ကာကွယ်ခဲ့တယ်။ အစေခံတွေ ဘေးကင်းရေးအတွက် သူ့သမီးနှစ်ယောက်ကိုတောင် သူလဲလှယ်ဖို့ ကြိုးစားခဲ့တယ်။ လောတကလွဲပြီး ဒီလိုအရာမျိုးကို လုပ်နိုင်တဲ့သူ မြို့ထဲမှာရှိတဲ့ ဘယ်သူရှိမလဲ။ အချက်အလက်တွေက သက်သေပြထားတဲ့အတိုင်းပဲ၊ မရှိပါဘူး။ ဒါကြောင့် လောတကလွဲပြီး သောဒုံမြို့မှာရှိတဲ့ လူတိုင်းက ဖျက်ဆီးဖို့အတွက် သတ်မှတ်ချက်ဖြစ်ပြီး ဖျက်ဆီးခံရသင့်တဲ့ သတ်မှတ်ချက်တစ်ခုလည်းဖြစ်တယ်ဆိုတာ ပြောနေစရာမလိုတော့ဘူး။

သောဒုံမြို့ဟာ ဘုရားသခင်ရဲ့ အမျက်တော်ကို ထိခိုက်တဲ့အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာတယ်

သောဒုံမြို့က လူတွေဟာ ဒီအစေခံနှစ်ယောက်ကို မြင်တဲ့အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြသလို ဘုရားသခင်ရဲ့ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ကြတာလားဆိုတာကိုလည်း မမေးခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဆူပူသောင်းကျန်းတဲ့လူအုပ်ကြီးဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲနဲ့ ဒီအစေခံနှစ်ယောက်ကို ခွေးရိုင်းတွေ သို့မဟုတ် ကြမ်းတမ်းရက်စက်တဲ့ ဝံပုလွေတွေလို အမိဖမ်းဖို့ ရောက်လာခဲ့ကြတယ်။ ဘုရားသခင်က ဒါတွေ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့သလား။ ဒီလို လူသားအပြုအမူ၊ ဒီလိုအရာမျိုးနဲ့ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ ဘာတွေစဉ်းစားနေခဲ့သလဲ။ ဘုရားသခင်က ဒီမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက တွန့်ဆုတ်တာ သို့မဟုတ် စောင့်နေတာမျိုး လုပ်မှာမဟုတ်သလို ဆက်ပြီးစိတ်ရှည်သည်းခံနေမှာလဲ မဟုတ်ဘူး။ သူ့ရဲ့နေ့ရက်က ရောက်လာပြီ။ ဒါကြောင့် သူလုပ်ချင်တဲ့ အလုပ်ကို ပြင်ဆင်တယ်။ ဒါကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားတယ်။ “ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။” ဒီကျမ်းပိုဒ်နှစ်ပိုဒ်က ဒီမြို့ကို ဘုရားသခင်ဖျက်ဆီးတဲ့ နည်းလမ်းကို လူတွေကိုပြောပြတယ်။ ဘုရားသခင်က ဘာကို ဖျက်ဆီးတယ်ဆိုတာကိုလည်း လူတွေကို ပြောပြပါတယ်။ ပထမဆုံး ဘုရားသခင်က ဒီမြို့ကို မီးနဲ့ လောင်ကျွမ်းစေတယ်ဆိုတာ၊ မီးရဲ့ ပမာဏက လူတွေအားလုံးနဲ့ မြေပြင်မှာပေါက်တဲ့အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားတယ်။ ဆိုလိုတာကတော့ မိုးကောင်းကင်က ကျလာတဲ့ မီးဟာ မြို့ကို ဖျက်ဆီးရုံတင်မကဘဲ မြို့ထဲက လူအားလုံးနဲ့ အသက်ရှင်တဲ့အရာအားလုံးကိုလည်း ဖျက်ဆီးခဲ့တယ်။ အားလုံး ဘာတစ်ခုမှ မကျန်ရစ်ဘူး။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်တဲ့အရာ ဘာမှ မရှိတော့ဘူး။ သက်ရှိမရှိသလို ရှိတဲ့အရိပ်အယောင်လည်း မရှိပါဘူး။ မြို့ဟာ စွန့်ပစ်နယ်မြေဖြစ်လာပြီး တိတ်ဆိတ်မှုတွေနဲ့ ပြည့်နေတဲ့ ဘာမှမရှိတဲ့ နေရာဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းတဲ့လုပ်ရပ်တွေ ရှိမှာမဟုတ်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ သို့မဟုတ် သွေးစွန်းခြင်းတွေ ရှိမှာမဟုတ်တော့ဘူး။

ဘုရားသခင်က ဘာကြောင့် ဒီမြို့ကို သေသေချာချာ မီးရှို့ပစ်ချင်ခဲ့တာလဲ။ ဒီနေရာမှာ သင်တို့ ဘာကိုတွေ့နိုင်သလဲ။ ဘုရားသခင်က သူကိုယ်တိုင် ဖန်ဆင်းထားတဲ့အရာတွေဖြစ်တဲ့ လူသားမျိုးနွယ်နဲ့ သဘာဝကို ဒီလို ဖျက်ဆီးခံရတာကို ကြည့်နိုင်ပါ့မလား။ မိုးကောင်းကင်ကနေ ကျရောက်လာတဲ့ မီးကနေ ယေဟောဝါဘုရားသခင်ရဲ့ ဒေါသကို သင်သိမြင်နိုင်ရင် သူ့ရဲ့ဖျက်ဆီးမှု ဦးတည်ချက်ကနေ၊ ဒီမြို့ ဖျက်ဆီးခံရတဲ့ အဆင့်ကနေ သူ့ရဲ့ဒေါသအဆင့်ကို သိမြင်ဖို့ မခက်ခဲပါဘူး။ ဘုရားသခင်က မြို့တစ်မြို့ကို စက်ဆုပ်ရွံရှာတဲ့အခါ သူ့ရဲ့ အပြစ်ဒဏ်ခတ်မှုကို ဒီမြို့ပေါ်မှာ သူကျရောက်စေမှာပဲ။ ဘုရားသခင်က မြို့တစ်မြို့ကို ရွံရှာစိတ်ပျက်တဲ့အခါ သူဟာ လူတွေကို သူ့ရဲ့ဒေါသကို အသိပေးရင်း သတိပေးချက်တွေကို ထပ်ခါထပ်ခါ ထုတ်ပြလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်က မြို့တစ်မြို့ကို အဆုံးသတ်ဖို့၊ ဖျက်ဆီးဖို့ ဆုံးဖြတ်တဲ့အခါမှာ၊ ဆိုလိုတာက သူ့ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်ကို ထိခိုက်ခံရရင် သူဟာ နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းတွေ သို့မဟုတ် သတိပေးခြင်းတွေ ပြုလုပ်မှာမဟုတ်ဘူး။ အဲဒီအစား အဲဒီမြို့ကို တိုက်ရိုက် ဖျက်ဆီးမှာဖြစ်ပါတယ်။ လုံးဝ ပျောက်ကွယ်သွားအောင် သူလုပ်လိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပဲ။

ဘုရားသခင်အပေါ် သောဒုံမြို့ရဲ့ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနဲ့ ရန်လိုခြင်းတွေပြီးနောက်မှာ သူဟာ မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးတယ်

ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် အကြမ်းဖျင်းနားလည်မှုရှိပြီးတာနဲ့ အပြစ်တရားရဲ့မြို့အနေနဲ့ ဘုရားသခင်မြင်ခဲ့တဲ့ သောဒုံမြို့ကို ငါတို့ ပြန်ပြီး အာရုံစိုက်လို့ရပါတယ်။ ဒီမြို့ရဲ့ အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဘာကြောင့် ဒီမြို့ကို ဖျက်ဆီးချင်တယ်ဆိုတာနဲ့ ဘာကြောင့် သူလုံးဝအကုန် ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။ ဒီအချက်ကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိလာနိုင်တယ်။

လူသားရဲ့ ရှုထောင့်အမြင်ကနေကြည့်ရင် သောဒုံမြို့ဟာ လူသားရဲ့ ဆန္ဒနဲ့ လူသားရဲ့ မကောင်းမှုကို အပြည့်အဝ ဖြည့်ဆည်းနိုင်တဲ့ မြို့ဖြစ်တယ်။ တေးဂီတတွေနဲ့ တစ်ညပြီးတစ်ည ကခုန်ရင်း၊ ဆွဲဆောင်ရင်း၊ ပြုစားဖမ်းစားရင်းနဲ့၊ ဒီမြို့ရဲ့ ပေါများကြွယ်ဝခြင်းက လူသားကို စွဲမက်ခြင်းနဲ့ ရူးသွပ်မှုတွေ ဖြစ်စေခဲ့တယ်။ သူ့ရဲ့ မကောင်းမှုက လူတွေရဲ့နှလုံးသားကို တိုက်စားခဲ့ပြီး ဆုတ်ယုတ်ခြင်းဖြစ်အောင် သူတို့ကို ပြုစားခဲ့တယ်။ မသန့်ရှင်းတဲ့ ဝိညာဉ်တွေနဲ့ ဆိုးယုတ်တဲ့ ဝိညာဉ်တွေ သွားလာရမ်းကားနေတဲ့ မြို့တစ်မြို့ဖြစ်ခဲ့တယ်။ အပြစ်တရားတွေ၊ သတ်ဖြတ်ခြင်းတွေနဲ့ ပြည့်လျှံနေခဲ့ပြီး သွေးနံ့တွေ၊ အပုပ်နံ့တွေနဲ့ ပြည့်နေခဲ့တယ်။ လူတွေကို သိပ်ကြောက်ရွံ့စေတဲ့၊ ပြန်ထွက်ပြေးစေတဲ့ မြို့တစ်မြို့ဖြစ်တယ်။ ဒီမြို့က ဘယ်သူကမှ၊ အမျိုးသမီး၊ အမျိုးသား၊ ငယ်ရွယ်သူ၊ အသက်ကြီးရင့်သူတွေဟာ မှန်ကန်တဲ့လမ်းခရီးကို မရှာဖွေခဲ့ကြဘူး။ ဘယ်သူမှ အလင်းကို မတောင့်တခဲ့ကြဘူး။ သို့မဟုတ် အပြစ်ကနေ အဝေးကိုလျှောက်သွားဖို့ ဆန္ဒမရှိခဲ့ကြဘူး။ သူတို့ဟာ စာတန်ရဲ့ ထိန်းချုပ်မှု၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ လှည့်စားခြင်းတို့အောက်မှာ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ လူ့သဘာဝတွေ ပျောက်ဆုံးသွားခဲ့တယ်။ သူတို့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ လူသားရဲ့ မူလ ဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့တယ်။ ဘုရားသခင်ကို ခုခံဆန့်ကျင်တဲ့ မရေမတွက်နိုင်တဲ့ အပြစ်တွေကို သူတို့ကျူးလွန်ခဲ့ကြတယ်။ သူ့ရဲ့လမ်းညွှန်မှုကို ငြင်းဆန်ပြီး သူ့အလိုတော်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဒီလူတွေ၊ ဒီမြို့နဲ့ မြို့ထဲမှာရှိတဲ့ သက်ရှိတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပျက်စီးခြင်းလမ်းကို သယ်ဆောင်ခဲ့တာက သူတို့ရဲ့ ကောက်ကျစ်တဲ့လုပ်ရပ်တွေဖြစ်တယ်။

သောဒုံမြို့ရဲ့လူတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို ဖော်ပြတဲ့ အသေးစိတ် အချက်အလက်တွေကို ဒီစာနှစ်ပိုဒ်မှာ မှတ်တမ်းမတင်ထားပေမဲ့ မြို့ထဲကို ဒီလူနှစ်ယောက်ရောက်ပြီးနောက် ဘုရားသခင်ရဲ့ အစေခံနှစ်ယောက်အပေါ် သူတို့ရဲ့ အပြုအမူတွေကို မှတ်တမ်းတင်ထားရင်း၊ ရိုးရှင်းတဲ့ အမှန်တရားဟာ သောဒုံရဲ့ လူတွေဟာ ဖောက်ပြန်ပျက်စီးတယ်၊ ဆိုးယုတ်တယ်၊ ဘုရားသခင်ကို ဆန့်ကျင်တယ်ဆိုတဲ့ အတိုင်းအတာတွေကို ဖွင့်ပြနိုင်တယ်။ ဒီအချက်နဲ့ ဒီမြို့ရဲ့ လူတွေရဲ့ စရိုက်အမှန်နဲ့ အနှစ်သာရကိုလည်း ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ သတိပေးချက်ကို သူတို့ လက်မခံခဲ့ရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်ရဲ့ ဒေါသကို အရေးမလုပ်ခဲ့ဘူး။ သူတို့ဟာ ဘုရားသခင်ကို မျက်ကန်းတောတိုး ဆန့်ကျင်ခဲ့တယ်။ သူဘာလုပ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဘယ်လိုလုပ်ခဲ့သည်ဖြစ်စေ သူတို့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ သဘောသဘာဝက ပိုပြင်းထန်လာပြီး ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြတယ်။ သောဒုံမြို့ရဲ့လူတွေဟာ ဘုရားသခင်ရဲ့တည်ရှိမှု၊ သူ့ရဲ့ လာရောက်မှု၊ သူ့ရဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ဒါထက်ပိုပြီးတော့ သူ့ရဲ့သတိပေးချက်ကိုတောင် ရန်လိုခဲ့ကြတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး အကျိုးဖြစ်တာ ဘာတစ်ခုမှ သူတို့မမြင်ခဲ့ကြဘူး။ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးလို့ရတဲ့ လူအားလုံးကို သူတို့ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးခဲ့ကြတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အစေခံတွေကိုလည်း သူတို့ ဒီလိုပဲ ဆက်ဆံခဲ့ကြတယ်။ သောဒုံမြို့ရဲ့လူတွေ ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ လုပ်ဆောင်မှုတွေ တစ်ခုလုံးနဲ့ပတ်သက်ရင် ဘုရားသခင်ရဲ့ အစေခံတွေကို အန္တရာယ်ပြုခြင်းက သေးသေးလေးပဲ ရှိပါသေးတယ်။ နောက်ပြီး ဒီမှာသူတို့ဖွင့်ပြတဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ သဘောက ပင်လယ်ပြင်ကြီးထဲက ရေတစ်စက်ထက် နည်းနည်းပိုရုံပဲရှိပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူတို့ကို မီးနဲ့ ဖျက်ဆီးဖို့ ရွေးချယ်ခဲ့တာပါ။ ဘုရားသခင်က မြို့ကိုဖျက်ဆီးဖို့အတွက် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသလို ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ သို့မဟုတ် တစ်ခြားနည်းလမ်းတွေကိုလည်း အသုံးမပြုခဲ့ပါဘူး။ ဒီမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်က မီးကိုအသုံးပြုခဲ့တာဟာ ဘာကိုညွှန်ပြသလဲ။ အဲဒါဟာ မြို့ရဲ့ လုံးဝ ပျက်စီးခြင်းကို ဆိုလိုပါတယ်။ မြို့ဟာ ကမ္ဘာပေါ်ကနေ၊ တည်ရှိနေတာကနေ လုံးဝ ပျောက်ကွယ်သွားတယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ “ဖျက်ဆီးခြင်း”က ဒီမြို့ရဲ့ ပုံစံ၊ အဆောက်အဦး သို့မဟုတ် အပြင်ပိုင်း အသွင်အပြင်ကိုပဲ ရည်ညွှန်းတာမဟုတ်ဘဲ မြို့ထဲမှာရှိတဲ့ လူတွေရဲ့ ဝိညာဉ်တွေဟာ လုံးဝ ဖယ်ရှားခံရပြီး ဆက်လက်မတည်ရှိတော့ဘူးလို့ ရည်ညွှန်းတယ်။ ရိုးရိုးပြောရရင် မြို့နဲ့ဆက်စပ်နေတဲ့ လူအားလုံး၊ အဖြစ်အပျက်နဲ့ အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရတယ်။ သူတို့အတွက် နောက်ဘဝ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမှာမဟုတ်ဘူး။ ဘုရာသခင်းဟာ သူ့ရဲ့ဖန်ဆင်းထားချက်တွေဖြစ်တဲ့ သူတို့ကို လူသားမျိုးနွယ်ကနေ ဖယ်ရှင်းခဲ့တယ်။ “မီးကိုအသုံးပြုခြင်း”က အပြစ်တရားကို ရပ်တန့်ခြင်းကို ရည်ညွှန်းပါတယ်။ ဆိုလိုတာက အပြစ်တရားရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ ဒီအပြစ်တရားက ဖြစ်တည်မှု၊ ပျံ့နှံ့မှုတို့ ဆက်လက် တည်ရှိတော့မှာ မဟုတ်ဘူး။ စာတန်ရဲ့ ဆိုးယုတ်မှုက သူ့ကိုပျိုးထောင်ပေးနေတဲ့ မြေကြီးနဲ့ သူနေဖို့၊ အသက်ရှင်ဖို့ ပေးအပ်ခဲ့တဲ့ သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီလို့ ဆိုလိုပါတယ်။ ဘုရားသခင်နဲ့ စာတန်ကြားက စစ်ပွဲမှာ ဘုရားသခင်ရဲ့ မီးကို အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့တဲ့ သူ့ရဲ့အနိုင်ယူမှု အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ သောဒုံမြို့ရဲ့ ပျက်စီးခြင်းဟာ လူသားကို ဖျက်ဆီးခြင်းနဲ့ ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ဖြစ်တဲ့ စာတန်ရဲ့ ရည်ရွယ်ချက်မှာ ကြီးကျယ်တဲ့ အမှားအယွင်းတစ်ခုဖြစ်ပါတယ်။ လူသားဟာ ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ငြင်းဆန်ခဲ့ပြီး သူ့ကိုယ်သူ မကောင်းမှုဒုစရိုက်ဆီကို စွန့်လွှတ်လိုက်တဲ့အခါ လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်တစ်ခုရဲ့ ရှက်စရာကောင်းတဲ့ သင်္ကေတတစ်ခုလို ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ တကယ့်ဖွင့်ပြချက် မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

မိုးကောင်းကင်ကနေ ဘုရားသခင် စေလွှတ်လိုက်တဲ့ မီးဟာ သောဒုံမြို့ကို ပြာတွေအဖြစ် ပြောင်းပစ်လိုက်တဲ့အခါမှာ “သောဒုံ”လို့ခေါ်တဲ့မြို့ဟာ မြို့ထဲမှာ ရှိတဲ့အရာရာတိုင်း ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွားဖို့ ရည်ရွယ်ပါတယ်။ အဲဒီမြို့ဟာ ဘုရားသခင်ရဲ့ ဒေါသအားဖြင့် ဖျက်ဆီးခံရပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်အောက်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကြေင့် သောဒုံမြို့ဟာ သူ့ရဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ခတ်မှုကို ရရှိခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကြောင့် ဒီမြို့ရဲ့ ထိုက်တန်တဲ့အဆုံးသတ်ကို ဒီမြို့က ရရှိခဲ့ပါတယ်။ သောဒုံမြို့ရဲ့ တည်ရှိမှု အဆုံးသတ်ရခြင်းက သူ့ရဲ့ မကောင်းမှုကြောင့်ဖြစ်ပြီး ဒီမြို့နဲ့ ဒီမြို့မှာနေထိုင်ခဲ့တဲ့ လူတိုင်း သို့မဟုတ် မြို့ထဲမှာ ကြီးပြင်းခဲ့တဲ့ သက်ရှိမှန်သမျှကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ ဆန္ဒကြောင့်လည်းဖြစ်ပါတယ်။ “ဒီမြို့ကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ ဘုရားသခင်ရဲ့ ဆန္ဒ”ဟာ သူ့ရဲ့ အမျက်ဒေါသဖြစ်ပြီး သူ့ရဲ့ ဘုန်းအာနုဘော်လည်းဖြစ်ပါတယ်။ ဒီမြို့ရဲ့ မတရားမှုနဲ့ အပြစ်တရားတွေဟာ သူ့ကို ဒေါသထွက်စေတယ်၊ ဒီမြို့အပေါ်မှာ ရွံရှာ မုန်းတီးစေပြီး ဒီမြို့ကို သို့မဟုတ် ဒီမြို့ထဲက လူမှန်သမျှနဲ့ သက်ရှိတွေကို လုံးဝ မမြင်ချင်တော့တာတွေကြောင့် ဘုရားသခင်ဟာ ဒီမြို့ကို မီးလောင်ကျွမ်းစေခဲ့တာ ဖြစ်ပါတယ်။ မြို့ဟာ မီးလောင်ပြီးတာနဲ့ ပြာတွေပဲ ကျန်ရစ်ပြီး ဘုရားသခင်ရဲ့အမြင်မှာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့တယ်။ ဒီမြို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေတောင်မှ ဖျက်ပစ်ပြီး ပျောက်ကွယ်သွားပါပြီ။ ဒါဟာ မိုးကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ မီးဟာ သောဒုံတစ်မြို့လုံးနဲ့ မြို့ထဲမှာရှိတဲ့ မတရားမှုတွေနဲ့ ပြည့်နေတဲ့ လူတွေ၊ မြို့ထဲမှာရှိတဲ့ အပြစ်တရားနဲ့စွန်းထင်းနေတဲ့ အရာအားလုံးတို့ကို ဖျက်ဆီးရုံတင်မကဘဲ ဒီထက်ပိုပြီး ဒီမီးဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုနဲ့ ခုခံဆန့်ကျင်မှုရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုလိုပါတယ်။။ ဒါဟာ ဒီမြို့ကို လောင်ကျွမ်းစေရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

လူသားမျိုးနွယ်တစ်ခုဟာ လွန်လွန်ကျူးကျူး ဖောက်ပြန်ပျက်စီးလာခဲ့တယ်။ ဘုရားသခင်က ဘယ်သူဆိုတာ သို့မဟုတ် သူတို့ ဘယ်ကနေလာတယ်ဆိုတာကို မသိကြဘူး။ သင်က ဘုရားသခင်အကြောင်းကို ပြောရင် ဒီလူတွေဟာ တိုက်ခိုက်ကြမယ်၊ အသရေဖျက်ကြမယ်၊ ဘုရားကို စော်ကားပြောဆိုကြပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အစေခံတွေလာပြီး ဘုရားသခင်ရဲ့ သတိပေးချက်ကို ဖြန့်တဲ့အခါမှာတောင် ဖောက်ပြန်ပျက်စီးတဲ့ ဒီလူတွေဟာ နောင်တရတဲ့ လက္ခဏာတွေကိုမပြရုံတင်မကဘဲ သူတို့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူတွေကို မစွန့်လွှတ်ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ အစေခံတွေကို အရှက်အကြောက်မရှိ အန္တရာယ်ပြုခဲ့ကြတယ်။ သူတို့ထုတ်ဖော် ဖွင့်ပြတဲ့အရာတွေဟာ ဘုရားသခင်အပေါ် အလွန်အကျူးရန်လိုခြင်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရတွေပဲ။ ဖောက်ပြန်ပျက်စီးတဲ့ ဒီလူတွေရဲ့ ဘုရားသခင်အပေါ် ဆန့်ကျင်မှုဟာ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖွင့်ပြခြင်းထက်ပိုတာတွေ့ရတယ်၊ သမ္မာတရားကို နားလည်မှု မရှိခြင်းကနေလာတဲ့ အသေရေဖျက်မှု သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသလိုပါပဲ။ မိုက်မဲခြင်း သို့မဟုတ် ပညာမဲ့ခြင်းတို့က သူတို့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ဖြစ်စေတာမဟုတ်ဘူး။ ဒီလူတွေက လှည့်စားခံထားရခြင်းကြောင့် မဟုတ်ပါဘူး။ အလိုက်မှားခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပါဘူး။ သူတို့ရဲ့အပြုအမူဟာ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိမကြောက်မရွံ့ မုန်းတီးမှု၊ ဆန့်ကျင်မှုနဲ့ ဆူပူသောင်းကျန်းမှုအဆင့်ကို ရောက်နေပါပြီ။ သံသယဖြစ်နေစရာမလိုဘူး။ ဒီလို လူသားအပြုအမူမျိုးက ဘုရားသခင်ကို ဒေါသထွက်စေမှာပါ။ နောက်ပြီး ထိပါးခြင်း မပြုလုပ်ရတဲ့ စိတ်သဘောထားဖြစ်တဲ့ သူ့ရဲ့စိတ်သဘောကို ဒေါသထွက်စေမယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသနဲ့ သူ့ရဲ့ဘုန်းအာနုဘော်ကို ဖွင့်ချပြီး တိုက်ရိုက် ထုတ်လွှတ်လိုက်တာဖြစ်တယ်။ ဒါဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အမှန်တကယ် ဖွင့်ပြခြင်းပါပဲ။ အပြစ်တွေနဲ့ ပြည့်လျှံနေတဲ့ မြို့ကို ရင်ဆိုင်ရပြီးနောက်မှာ ဘုရားသခင်ဟာ ဒီမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ ဖျက်ဆီးဖို့ ဆန္ဒရှိခဲ့တယ်။ ဒီမြို့ရဲ့လူတွေ ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့၊ ဒီနေရာက အပြစ်တွေကို ထပ်ဆင့်ပွားများခြင်းကနေ ရပ်ဖို့ မြို့အတွင်းမှာရှိတဲ့ လူတွေနဲ့ သူတို့ရဲ့အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနဲ့ အမြစ်ဖြတ်ပစ်ချင်ခဲ့တယ်။ ဒီလိုလုပ်ဖို့ အမြန်ဆုံးနဲ့ အပြည့်စုံဆုံးနည်းလမ်းက မီးနဲ့ လောင်ကျွမ်းစေခြင်းပါပဲ။ သောဒုံမြို့ကလူတွေအပေါ် ဘုရားသခင်ရဲ့ သဘောထားဟာ စွန့်ပစ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ဘဲ သူဟာ ဒီလူတွေကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နဲ့ လုံးဝ ဖျက်ဆီးပစ်ဖို့ သူ့ရဲ့ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နဲ့ သြဇာအာဏာကို အသုံးပြုခဲ့တယ်။ သူတို့အပေါ် ဘုရားသခင်ရဲ့ သဘောထားဟာ ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးခြင်းတင်မဟုတ်ဘဲ ထာဝရချေဖျက်ခြင်းဖြစ်တဲ့ ဝိညာဉ်ကို ဖျက်ဆီးခြင်းလည်း ဖြစ်တယ်။ ဒါဟာ သူတို့အတွက် “ပျောက်ကွယ်”သွားဖို့ ဘုရားသခင်ရဲ့ ဆန္ဒရဲ့ အမှန်တကယ် ရိုက်ခတ်မှုတွေဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ ဖုံးကွယ်ထားပြီး လူသားက မသိနိုင်ပေမဲ့ အဲဒီအရာဟာ ထိပါးစော်ကားမှုကို သည်းမခံပါဘူး

မိုက်မဲခြင်းအားလုံးနဲ့ အသိမဲ့တဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ဆက်ဆံမှုက သနားညှာတာမှုနဲ့ သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့အမျက်ဒေါသဟာ ကျယ်ပြန့်တဲ့ အချိန်နဲ့ အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါကို လူသားက မသိပါဘူး။ အကျိုးရလဒ်အနေနဲ့ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ့ရဲ့အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုပဲ လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အလေးမထားပါဘူး။ လူသားဟာ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုနဲ့ လူသားကို သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရတဲ့အခါ၊ ဆိုလိုတာက ဘုရားသခင်ရဲ့ နောက်ဆုံး သနားညှာတာမှုနဲ့ သူ့ရဲ့ နောက်ဆုံး သတိပေးချက်တို့က လူသားတွေဆီကို ရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ ဘာအားထုတ်မှုမှ မပြုလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ နည်းလမ်းတွေကို ပြင်ဆင်ခြင်း သို့မဟုတ် သူ့ရဲ့ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့သည်းခံမှုနဲ့ စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြန်ရုတ်သိမ်းတာဟာ ဒီအချိန်ဖြစ်ပါတယ်။ ဒါအပြီးမှာ သူ့ရဲ့အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မယ်။ သူ့ရဲ့ အမျက်ဒေါသကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနိုင်တယ်။ လူတွေကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီတဲ့ နည်းလမ်းတွေကို သူအသုံးပြုနိုင်သလိုပေါ့။

သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်ရဲ့ မီးကိုအသုံးပြုခြင်းဟာ လူသားမျိုးနွယ်တစ်စု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လုံးဝအမြစ်ဖြတ်တဲ့ သူ့ရဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ သောဒုံမြို့ရဲ့လူတွေကို လောင်ကျွမ်းစေခြင်းက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာတွေထက်ပိုပြီး ဖျက်ဆီးခဲ့တယ်။ ဒီမြို့ထဲက လူတွေဟာ လူသားအတွက် မမြင်နိုင်တဲ့လောကနဲ့ ရုပ်ဝတ္ထုလောကနှစ်ခုလုံးမှာ ပျောက်ကွယ်သွားဖို့ သေချာစေရင်း သူတို့ရဲ့ ဝိညာဉ်တစ်ခုလုံး၊ သူတို့ရဲ့စိတ်နဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာတို့ကို ဖျက်ဆီးခဲ့တယ်။ ဒါက ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်တဲ့နည်းနဲ့ ဖော်ပြတဲ့နည်းတစ်ခုပါ။ ဒီထုတ်ဖော်ခြင်းနဲ့ ဖော်ပြခြင်း ပုံစံက ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အနှစ်သာရရဲ့ ရှုထောင့်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အနှစ်သာရကို အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သလိုမျိုးပါပဲ။ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ထုတ်လွှတ်တဲ့အခါမှာ သူဟာ ဘယ်သနားညှာတာမှု သို့မဟုတ် ဘယ်စာနာသနားမှုမှ မဖော်ထုတ်တော့သလို သူ့ရဲ့သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းတွေကိုလည်း ထပ်မပြတော့ပါဘူး။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ့ရဲ့သနားညှာတာမှုကို ထပ်ပေးဖို့၊ သူ့ရဲ့သည်းခံခြင်းကို နောက်တစ်ခါ ချပေးသနားဖို့ ဆွဲဆောင်နိုင်တဲ့ လူ၊ အရာဝတ္ထု သို့မဟုတ် အကြောင်းပြချက် မရှိပါဘူး။ ဒီလိုအရာတွေအစား ဘုရားသခင်ဟာ ခဏလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်ကို စေလွှတ်ပါလိမ့်မယ်။ သူဆန္ဒရှိတာကို လုပ်လိမ့်မယ်။ သူဟာ ဒီအရာတွေကို သူ့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့အညီ လျင်မြန်ပြီး ရှင်းလင်းတဲ့ ပုံစံနဲ့လုပ်လိမ့်မယ်။ ဒါဟာ လူသားက ထိပါးခြင်းမပြုလုပ်ရတဲ့ သူ့ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်ကို ဘုရားသခင်စေလွှတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ရဲ့ ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ လူတွေဟာ ဘုရားသခင်က လူသားအပေါ် ပူပင်မှုနဲ့ စိုးရိမ်မှုကို ပြတာကို မြင်ရတဲ့အခါမှာ သူတို့ဟာ သူ့ရဲ့အမျက်ဒေါသကို သတိမပြုမိနိုင်ကြဘူး။ သူ့ရဲ့ ဘုန်းအာနုဘော်ကို မမြင်နိုင်ဘူး။ သို့မဟုတ် သူ့ရဲ့ ထိပါးစော်ကားတာကို သည်းမခံခြင်းကို မခံစားနိုင်ကြဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ သနားညှာတာခြင်း၊ သည်းခံခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေသက်သက်ပဲဆိုပြီး လူတွေကို ယုံကြည်ဖို့ ဒီအရာတွေက ဦးတည်သွားစေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးတာ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံ့မုန်းတာကို တွေ့ရတဲ့အခါ လူသားကို ဖျက်ဆီးခြင်းမှာ သူ့ရဲ့ အမျက်ဒေါသနဲ့ သူ့ရဲ့ဘုန်းအာနုဘော်တို့က လူတွေကို သူ့ရဲ့ ဖြောင့်မတ်ခြင်း စိတ်သဘောထားရဲ့ တခြားတစ်ဖက်ကို အနည်းအကျဉ်းမြင်စေပါတယ်။ ဒါဟာ ထိပါးစော်ကားခြင်းကို ဘုရားသခင်ရဲ့ သည်းမခံခြင်းပါ။ ထိပါးစော်ကားခြင်းကို သည်းမခံတဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ ဘယ်ဖန်ဆင်းခံ သတ္တဝါမဆိုရဲ့ တွေးမြင်ခြင်းထက် သာလွန်ပါတယ်။ ဖန်ဆင်းခံမဟုတ်တဲ့ သတ္တဝါတွေကြားမှာ ဘယ်သူကမှ ဒါကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် သက်ရောက်မှုရှိစေခြင်း မပြုလုပ်နိုင်ပါဘူး။ နောက်ပြီးတော့ ဒါကို အယောင်ဆောင်ခြင်း သို့မဟုတ် အတုခိုးခြင်းလည်း ပြုလုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဒီအချက်က လူသားမျိုးနွယ်က အများဆုံးသိသင့်တဲ့ တစ်ခုပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဒီလို စိတ်သဘောထားမျိုးရှိပါတယ်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဒီလို စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ ဆိုးယုတ်ခြင်း၊ မှောင်မိုက်ခြင်း၊ ပုန်ကန်ခြင်းနဲ့ လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဝါးမျိုတဲ့ စာတန်ရဲ့ မကောင်းတဲ့ အပြုအမူတွေကို စက်ဆုပ်ရွံ့ရှာတဲ့အတွက်ကြောင့်၊ သူနဲ့ဆန့်ကျင်တဲ့ အပြစ်ရဲ့လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံ့ရှာတဲ့အတွက်ကြောင့်၊ သူ့ရဲ့ သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိတဲ့ အနှစ်သာရတို့ကြောင့် ဘုရားသခင်ဟာ ဒီလို ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပိုင်ဆိုင်ပါတယ်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်တဲ့ သတ္တဝါတွေက သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ယှဉ်ပြိုင်ခြင်းတွေကို သူခံမှာမဟုတ်ဘူးဆိုတဲ့ အရာက ဒါကြောင့်ဖြစ်ပါတယ်။ သူ တစ်ခါက သနားညှာတာမှုပြခဲ့တဲ့ သို့မဟုတ် ရွေးချယ်ခဲ့တဲ့သူတောင် သူ့ရဲ့ စိတ်သဘောထားကို ရန်စပြီး သူ့ရဲ့ စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်းနိယာမကို ကျူးလွန်တာနဲ့ သူဟာ သနားညှာတာခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း နည်းနည်းလေးမှ မရှိဘဲ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပါလိမ့်မယ်။ ထိပါးစော်ကားမှုကို သည်းမခံတဲ့ စိတ်သဘောထားဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တရားမျှတတဲ့ စွမ်းအား အားလုံးနဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးအတွက် အကွယ်အကာဖြစ်တယ်

ဘုရားသခင်ရဲ့ မိန့်ကြားချက်၊ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေရဲ့ ဒီဥပမာတွေကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင်နားလည်နိုင်သလား။ အဆုံးမှာတော့ လူသားက ဘယ်လောက်နားလည်နိုင်တယ်ပဲ ဖြစ်ပါစေ ဒါဟာ ဘုရားသခင် ကိုယ်တိုင်ရဲ့ အတုမရှိတဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ပါပဲ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်ရဲ့ သည်းမခံခြင်းက သူ့ရဲ့ အထူးအနှစ်သာရတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူ့ရဲ့ အထူး စိတ်သဘောထားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်က သူ့ရဲ့အထူးအနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသနောက်က သဘောတရားဟာ သူသာလျှင်ပိုင်ဆိုင်တဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါတယ်။ ဒါဟာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အနှစ်သာရရဲ့ သင်္ကေတလည်းဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ အချိန်ကုန်တာနဲ့အမျှ ပြောင်းလဲခြင်း လုံးဝမရှိသလို တည်နေရာပြောင်းတဲ့အချိန်တိုင်းမှာလည်း မပြောင်းပါဘူး။ သူ့ရဲ့ပင်ကို စိတ်သဘောထားဟာ သူ့ရဲ့ မရှိမဖြစ် အနှစ်သာရဖြစ်ပါတယ်။ သူ့အလုပ်ကို ဘယ်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အနှစ်သာရဟာ မပြောင်းလဲပါဘူး။ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားလည်း မပြောင်းလဲပါဘူး။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ဒေါသထွက်စေတဲ့အခါမှာ သူထုတ်လွှတ်တဲ့အရာက သူ့ရဲ့ ပင်ကိုစိတ်သဘောထားဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဒေါသနောက်က သဘောတရားက မပြောင်းလဲသလို သူ့ရဲ့အတုမရှိတဲ့ ဝိသေသလက္ခဏာနဲ့ အခြေအနေကလည်း မပြောင်းလဲပါဘူး။ သူ့ရဲ့အနှစ်သာရက ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားဟာ မတူညီတဲ့ သဘောတရားတွေ ထုတ်တဲ့အတွက်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အပေါ် လူသားရဲ့ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါတယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်အတွက် သိပ်ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်တဲ့အခါ လူသားဟာ သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ့ရဲ့ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါမှာ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့အခါမှာ၊ အပြစ်တရားက သောင်းကျန်းတဲ့ အချိန်လည်းဖြစ်တဲ့ လူသားက ဘုရားသခင်ရဲ့ ဒေါသကို အဆက်မပြတ် စမ်းသပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အလိုအလျောက်ထုတ်ဖော်ပြီး သူ့ဘာသာ ထွက်ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့အမျက်ဒေါသအပေါ် ဘုရားသခင်ရဲ့ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးဟာ ပျောက်ကွယ်လိမ့်မယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ရန်ပြုတတ်တဲ့ အစွမ်းအားလုံးဟာ ဖျက်ဆီးခံရမယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိမှု၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အတုမရှိမှုဖြစ်တယ်။ ဘုရားသခင်ရဲ့ ဂုဏ်နဲ့ သန့်ရှင်းခြင်းကို စိန်ခေါ်ခံရတဲ့အခါမှာ တရားမျှတတဲ့ စွမ်းအားတွေဟာ ပိတ်ဆို့နေပြီး လူသားက မမြင်ရတဲ့အခါ ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို စေလွှတ်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်တဲ့ အစွမ်းအားလုံးဟာ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတတဲ့ အစွမ်းတွေပါပဲ။ သူတို့ဟာ စာတန်ဆီကလာပြီး စာတန်နဲ့ သက်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ တရားမျှတတဲ့အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန်ရှင်းတဲ့အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသ ထုတ်လွှတ်မှုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဘုရားသခင်ရဲ့ အမျက်ဒေါသကို သွန်ချခြင်းက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ရဲ့ လက္ခဏာသွင်ပြင်တစ်ခုဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ ဒေါသဟာ သူ့ရဲ့ပစ်မှတ်အပေါ်မှာ မစဉ်းမစားလုပ်ခြင်း သို့မဟုတ် စည်းမျဉ်းမပါဘဲလုပ်ခြင်းမရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က စိတ်တိုရာမှာ လျင်မြန်ခြင်း လုံးဝမရှိသလို သူ့ရဲ့အမျက်ဒေါသနဲ့ သူ့ရဲ့ ဘုန်းအာနုဘော်ကို အလောတကြီး ထုတ်ဖော်ခြင်း မပြုလုပ်ပါဘူး။ ထပ်ဖြည့်စွက်ရရင် ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တော်တော်ကို ထိန်းချုပ်ပြီး ချင့်ချင့်ချိန်ချိန်ရှိတယ်။ လူသားက ချက်ချင်း ဒေါသတွေထွက်လာတာမျိုး သို့မဟုတ် သူ့ရဲ့ ဒေါသကို ဖွင့်ချတာမျိုးနဲ့ လုံးဝ နှိုင်းယှဉ်လို့မရပါဘူး။ လူသားနဲ့ဘုရားသခင်ကြားက စကားပြောဆိုမှုတွေ အများကြီး သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဒီလူတွေထဲက တစ်ချို့ရဲ့ စကားလုံးတွေက မလေးနက်ဘူး၊ ပညာမဲ့ပြီး ကလေးဆန်တယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ရိုက်မချသလို သူတို့ကို ရှုတ်ချခြင်းမရှိပါဘူး။ အထူးသဖြင့် ယောဘရဲ့ စမ်းသပ်မှုအချိန်ကာလအတွင်းမှာ ယောဘရဲ့ သူငယ်ချင်းသုံးယောက်နဲ့ တခြားလူတွေက ယောဘကို ပြောခဲ့တဲ့ စကားတွေကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်မှာ သူတို့ကို သူက ဘယ်လို ဆက်ဆံခဲ့သလဲ။ သူတို့ကို သူ ရှုတ်ချသလား။ သူတို့အပေါ် ဒေါသထွက်သွားသလား။ ဒီလိုမျိုး တစ်ခုမှ မလုပ်ခဲ့ဘူး။ ဒီလိုတွေမလုပ်ဘဲ သူတို့အတွက် အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို သူပြောခဲ့တယ်။ တခြားတစ်ဖက်မှာ ဘုရားသခင်ဟာ သူတို့အမှားတွေကို ဗွေမယူခဲ့ပါဘူး။ ဒီဖြစ်ရပ်တွေအားလုံးဟာ ဖောက်ပြန်ပျက်စီးမှုနဲ့ ပညာမဲ့တဲ့ လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံတဲ့ အဓိက သဘောထားကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့ရဲ့စိတ်ခံစားချက်ရဲ့ ဖော်ပြချက် သို့မဟုတ် ဖွင့်ချခြင်း လုံးဝ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အမျက်ဒေါသက လူတွေနားလည်သလို ပြည့်ကျပ်ပြီး ပေါက်ကွဲထွက်ခြင်း မဟုတ်ပါဘူး။ ဘုရားသခင်က သူ့ရဲ့ကိုယ်ပိုင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လို့ သို့မဟုတ် သူ့ရဲ့ဒေါသက အထွတ်အထိပ်ရောက်နေပြီး ဖွင့်ချရတော့မှာဖြစ်လို့ သူ့ရဲ့အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့ အမျက်ဒေါသဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပြသမှုဖြစ်ပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ စစ်မှန်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့သန့်ရှင်းတဲ့ အနှစ်သာရကို သင်္ကေတနဲ့ ထုတ်ဖော်ခြင်းပါပဲ။ ဘုရားသခင်ဟာ အမျက်ဒေါသဖြစ်တယ်။ ထိပါးစော်ကားမှုတွေကို သည်းမခံဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ဒေါသက အကြောင်းတရားတွေ သို့မဟုတ် စည်းမရှိတာတွေကို မခွဲခြားဘူးလို့ မဆိုပါဘူး။ အကြောင်းတရားတွေကို မခွဲခြားဘဲ ဒေါသပေါက်ကွဲတာက စည်းမရှိခြင်းမှာ အထူးသီးသန့်မူပိုင်ရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ပါပဲ။ လူသားတစ်ယောက်က အဆင့်အတန်းရှိတဲ့အခါမှာ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်နေတာကို သူမကြာခဏတွေ့ရလိမ့်မယ်။ ဒါကြောင့် သူ့ရဲ့မကျေနပ်မှုတွေကို ဖော်ပြပြီး သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ချဖို့ ဖြစ်ရပ်တွေကို အမိအရဆုပ်ကိုင်ခြင်းကို နှစ်သက်လိမ့်မယ်။ သိသာတဲ့အကြောင်းပြချက်မရှိဘဲ သူဟာ စိတ်တိုဒေါသထွက်လိမ့်မယ်။ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ဖို့နဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ ဝိသေသလက္ခဏာတွေဟာ သာမန်လူတွေကနေ ကွဲပြားတယ်ဆိုတာကို တစ်ခြားလူတွေ သိစေဖို့အတွက် ဖြစ်ပါတယ်။ မှန်ပါတယ်၊ အဆင့်အတန်းမရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေကတော့ မကြာခဏ စိတ်လွတ်လွတ်သွားပါလိမ့်မယ်။ သူတို့ရဲ့ဒေါသဟာ သူတို့ရဲ့တစ်ဦးချင်း အကျိုးအမြတ်ကို ထိခိုက်ခြင်းအားဖြင့် မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မကြာခဏ ဖွင့်ချပြီး သူတို့ရဲ့ မာနကြီးတဲ့သဘောတွေကို ဖွင့်ပြပါလိမ့်မယ်။ လူသားဟာ အပြစ်တည်ရှိမှုကို ခုခံကာကွယ်ဖို့အတွက် သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ချပြီး ဒေါသထွက်ပါလိမ့်မယ်။ ဒီလုပ်ရပ်တွေဟာ လူသားက သူ့ရဲ့ မကျေနပ်မှုတွေကို ဖော်ပြတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ညစ်ညမ်းစေခြင်းနဲ့ ပြည့်လျှံနေပါတယ်။ မကောင်းကြံစည်ခြင်းတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့ ပြည့်လျှံနေပါတယ်။ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မကောင်းမှုတို့နဲ့ ပြည့်လျှံနေပါတယ်။ ဒါတွေထက်ပိုပြီးတော့ လူသားရဲ့ ခက်ထန်တဲ့ ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေနဲ့ ပြည့်လျှံနေပါတယ်။ တရားမျှတမှုဟာ ဆိုးယုတ်မှုနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ လူသားဟာ တရားမျှတမှုရဲ့ ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ စိတ်တိုဒေါသထွက်မှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တရားမျှတခြင်းရဲ့ စွမ်းအားကို ခြိမ်းခြောက်ခံရတဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ၊ တိုက်ခိုက်ခံရတဲ့အခါ၊ လူသားရဲ့ သဘောထားဟာ လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မကောင်းမှုရဲ့ စွမ်းအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူသားရဲ့ သဘောထားဟာ ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ စိတ်ဖွင့်ချခြင်းဟာ မကောင်းမှုရဲ့ စွမ်းအားတို့အတွက် လွတ်လမ်း၊ ထကြွသောင်းကျန်းခြင်းရဲ့ ဖော်ပြချက်တစ်ခုနဲ့ ဇာတိပကတိဖြစ်တဲ့ လူသားရဲ့ ရပ်တန့်လို့မရနိုင်တဲ့ မကောင်းတဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်တဲ့အခါမှာ မကောင်းတဲ့ စွမ်းအား အားလုံးဟာ ရပ်သွားပါလိမ့်မယ်။ လူသားကို အန္တရာယ်ပြုတဲ့ အပြစ်တရားအားလုံးဟာ ရပ်တန့်သွားပါလိမ့်မယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးတဲ့ ရန်မူတဲ့ စွမ်းအားတွေ အားလုံးဟာ သိသာထင်ရှားလာမယ်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမယ်။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ စာတန်ရဲ့ ကြံရာပါအားလုံးဟာ အပြစ်ဒဏ်ခတ်ခံရမှာဖြစ်ပြီး အမြစ်ဖြတ်ပစ်ခံရမှာဖြစ်ပါတယ်။ သူတို့ရဲ့နေရာမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ ပိတ်ပင်တားဆီးမှုတွေမရှိဘဲ လွတ်လပ်စွာ ရှေ့ဆက်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ဟာ စီစဉ်ထားချက်နဲ့အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဟာ စာတန်ရဲ့ နှောင့်ယှက်ခြင်းနဲ့ လှည့်စားခြင်းကနေ လွတ်ကင်းပါလိမ့်မယ်။ ဘုရားသခင်နောက်ကိုလိုက်သူတွေဟာ ငြိမ်သက်အေးချမ်းတဲ့ ပတ်ဝန်းကျင်ထဲမှာ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ အထောက်အပံ့ကို ခံစားကြရပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ မကောင်းတဲ့ အစွမ်းတွေ ထပ်ဆင့်ပွားများခြင်းနဲ့ ထကြွသောင်းကျန်းခြင်းတို့ကနေ တားဆီးပေးတဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်။ တရားမျှတမှုနဲ့ အပြုသဘောဆောင်တဲ့အရာတွေအားလုံး ဖြစ်တည်မှုနဲ့ ပျံနှံ့ခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနဲ့ အဲဒီအရာတွေကို ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်းတို့ကနေ ထာဝရကာကွယ်စောင့်ရှောက်ပေးတဲ့ အကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။

သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်းမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အနှစ်သာရကို သင်တို့ မြင်နိုင်သလား။ သူ့ရဲ့ဒေါသအတွင်းမှာ အရောအနှော တစ်ခုခုပါသလား။ ဘုရားသခင်ရဲ့ ဒေါသက သန့်စင်သလား။ လူသားရဲ့ စကားကို အသုံးပြုရရင် ဘုရားသခင်ရဲ့ အမျက်ဒေါသက ဘာမှရောမနေဘူးလား။ သူ့ရဲ့အမျက်ဒေါသနောက်ကွယ်မှာ လှည့်ကွက်တစ်ခုခု ရှိသလား။ လျှို့ဝှက်ကြံစည်ခြင်းတွေ ရှိသလား။ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိသလား။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နဲ့ ပြောပြနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသမှာ သံသယဖြစ်နိုင်တဲ့ အပိုင်းမရှိပါဘူး။ သူ့ရဲ့ ဒေါသက သန့်စင်တယ်။ ရောစပ်ခြင်းမရှိတဲ့ ဒေါသဖြစ်ပြီး တစ်ခြားရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင် မပါဝင်ဘူး။ သူ့ရဲ့ဒေါသအတွက် အကြောင်းပြချက်က သန့်စင်တယ်၊ အပြစ်မရှိဘူး၊ ဝေဖန်လို့ မရနိုင်ပါဘူး။ သဘာဝအလျောက်ထုတ်ဖော်ခြင်းနဲ့ သူ့ရဲ့ သန့်ရှင်းတဲ့ အနှစ်သာရကို ပြသခြင်းဖြစ်တယ်။ ဘယ်ဖန်ဆင်းခံမှ မပိုင်ဆိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အတုမရှိ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်ရဲ့ သက်ဆိုင်တဲ့ အနှစ်သာရတွေနဲ့ သူ့ရဲ့ဖန်ဆင်းခံတွေကြားမှာ သိသာတဲ့ ကွာခြားမှုလည်း ဖြစ်တယ်။

လူတစ်ယောက်က တစ်ခြားလူတွေရှေ့မှာ သို့မဟုတ် သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ၊ လူတိုင်းမှာ မတူညီတဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ သူတို့ရဲ့ သိက္ခာကို တည်ဆောက်နေတာလည်း ဖြစ်ချင်ဖြစ်မယ် သို့မဟုတ် သူတို့ရဲ့ နာမည် သို့မဟုတ် အရှက်မရစေဖို့ ထိန်းသိမ်းရင်း သူတို့ရဲ့ ကိုယ်ကျိုးကို ကာကွယ်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ တစ်ချို့လူတွေက သူတို့ရဲ့ဒေါသကို ကန့်သတ်ထိန်းသိမ်းကြပြီး တခြားလူတွေက ပိုပြီး မစဉ်းမစားဖြစ်ပြီး နည်းနည်းလေးမှ ထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ သူတို့ ဆန္ဒရှိသလို ဒေါသပေါက်ကွဲကြတယ်။ အတိုချုပ်ပြောရရင် လူသားရဲ့ ဒေါသဟာ သူ့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားကနေ ဆင်းသက်ပါတယ်။ ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ၊ ဇာတိနဲ့ သဘာဝကြောင့်ဖြစ်ပါတယ်။ လူသားရဲ့ သဘာဝနဲ့ အနှစ်သာရတွေထဲက ဘယ်အရာကမှ သမ္မာတရားနဲ့ ထပ်တူညီခြင်းမရှိတဲ့အတွက်ကြောင့် တရားမျှတခြင်း သို့မဟုတ် တရားမမျှတခြင်းတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဒါကြောင့် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ဒေါသစိတ်နဲ့ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အတူတူ မပြောဆိုသင့်ပါဘူး။ ခြွင်းချက်မရှိဘဲ စာတန်အားဖြင့် ဖျက်ဆီးခံရတဲ့ လူသားရဲ့ အပြုအမူဟာ ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုတဲ့ ဆန္ဒနဲ့ စတင်ပါတယ်။ ဒါဟာ ဖောက်ပြန်ပျက်စီးမှုမှာ အခြေခံပါတယ်။ ဒါကြောင့် သီအိုရီမှာ ဘယ်လောက်ပဲ သင့်တော်တယ်လို့ မြင်ရပါစေ လူသားရဲ့ဒေါသကို ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ အတူတူပြောဆိုလို့မရပါဘူး။ ဘုရားသခင်က သူ့ရဲ့ဒေါသကို စေလွှတ်လိုက်တဲ့အခါမှာ မကောင်းတဲ့ စွမ်းအားတွေဟာ တားဆီးခံရတယ်။ မကောင်းတဲ့အရာတွေဟာ ဖျက်ဆီးခံရပြီး တရားမျှတခြင်းနဲ့ အပြုသဘောဆောင်တဲ့အရာတွေက ဘုရားသခင်ရဲ့ ဂရုစိုက်မှု၊ အကာအကွယ်တို့ကို ရရှိခံစားရပြီး ရှေ့ဆက်ပြုလုပ်ဖို့ အခွင့်ပေးခံရပါတယ်။ တရားမမျှတမှု၊ အဖျက်သဘောနဲ့ မကောင်းတဲ့အရာတွေဟာ တရားမျှတမှုနဲ့ အပြုသဘောဆောင်တဲ့အရာများရဲ့ ပုံမှန်လှုပ်ရှားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်တဲ့အတွက်ကြောင့် ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို ထုတ်လွှတ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသရဲ့ ပန်းတိုင်ဟာ သူ့ရဲ့ကိုယ်ပိုင်အဆင့်အတန်းနဲ့ ဝိသေသလက္ခဏာကို ကာကွယ်ဖို့မဟုတ်ဘဲ တရားမျှတမှု၊ အပြုသဘောဆောင်ခြင်း၊ လှပပြီးကောင်းမွန်တဲ့အရာတွေကို ကာကွယ်ဖို့၊ လူသားမျိုးနွယ်ရဲ့ ပုံမှန် ရှင်သန်ရပ်တည်ရေး နိယာမနဲ့ အစီအစဉ်ကျမှုတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အရင်းအမြစ်အကြောင်းရင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသဟာ သိပ်သင့်လျော်တယ်၊ သဘာဝဆန်ပြီး သူ့ရဲ့စိတ်သဘောထားရဲ့ မှန်ကန်တဲ့ ထုတ်ဖော်ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ဒေါသနောက်မှာ ဘာရည်ရွယ်ချက်မှ မရှိသလို လှည့်စားခြင်း သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့ မရှိပါဘူး။ သို့မဟုတ် ဒါ့အပြင် သူ့ရဲ့ ဒေါသဟာ ဆန္ဒ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း သို့မဟုတ် လူသားမျိုးနွယ်တို့ အားလုံးအသုံးပြုကြတဲ့အရာအားလုံးကို ဖျက်ဆီးခြင်းတို့ မပါဝင်ပါဘူး။ ဘုရားသခင်က သူ့ရဲ့ဒေါသကို မထုတ်လွှတ်ခင်မှာ သူဟာ အကြောင်းအရာတိုင်းရဲ့ အနှစ်သာရကို လုံးဝရှင်းလင်းစွာ၊ ပြည့်စုံစွာသိမြင်ထားပြီးဖြစ်ပြီး တိကျပြီးရှင်းလင်းတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေနဲ့ ကောက်ချက်ချမှုတွေ ဖော်ထုတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင် လုပ်ဆောင်တဲ့ အကြောင်းအရာတိုင်းမှာ သူ့ရဲ့ ရည်ရွယ်ချက်ဟာ သူ့ရဲ့သဘောထားလိုပဲ လုံးဝရှင်းလင်းပါတယ်။ သူဟာ စိတ်ရှုပ်ထွေးသူမဟုတ်ဘူး။ သူဟာ မစဉ်းမစားမလုပ်ဘူး။ စိတ်လိုက်မာန်ပါ မလုပ်ဘူး။ ဂရုမစိုက်ဘဲ လုပ်သူမဟုတ်ဘူး။ ဒါတွေထက်ပိုပြီးတော့ သူဟာ စည်းကမ်းမရှိသူ မဟုတ်ပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ လက်တွေ့ကျတဲ့ ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က သူ့ရဲ့သာမန်တည်ရှိမှုကို ရရှိနေတာက ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ လက်တွေ့ကျတဲ့ ဒီရှုထောင့်ကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသ မပါဘူးဆိုရင် လူသားမျိုးနွယ်ဟာ ပုံမှန်မဟုတ်တဲ့ နေထိုင်မှု အခြေအနေတွေထဲ ကျဆင်းသွားမှာဖြစ်ပါတယ်။ တရားမျှတတဲ့၊ လှပပြီး ကောင်းမွန်တဲ့ အရာအားလုံးဟာ ဖျက်ဆီးခံရပြီး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသမပါဘူးဆိုရင် ဖန်ဆင်းခံတွေကို အုပ်ထိန်းနေတဲ့ နိယာမနဲ့ အစီအစဉ်တကျဖြစ်မှုဟာ ပျက်စီးသွားလိမ့်မယ် သို့မဟုတ် လုံးဝ ဖြိုဖျက်ခြင်းခံရပါလိမ့်မယ်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ သာမန်ဖြစ်တည်မှုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားမှာ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်တို့ ပါဝင်တဲ့အတွက်ကြောင့် မကောင်းတဲ့လူတွေအားလုံး၊ အရာဝတ္ထုများ၊ ပစ္စည်းများနဲ့ လူသားမျိုးနွယ်ရဲ့ သာမန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်တဲ့ အရာအားလုံးဟာ သူ့ရဲ့ အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဖျက်ဆီးတို့ခံကြရတယ်။ လွန်ခဲ့တဲ့ ထောင်စုနှစ်အချို့ တစ်လျှောက်မှာ ဘုရားသခင်ဟာ သူ့ရဲ့ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း လုပ်ဆောင်မှုမှာ ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်ရဲ့ ကြံရာပါတွေနဲ့ လက်အောက်ခံတွေလို ပြုမူတဲ့ ညစ်ညမ်းပြီး ဆိုးယုတ်တဲ့ ဝိညာဉ်အားလုံးကို ရိုက်ချ ဖျက်ဆီးဖို့အတွက် သူ့ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့တယ်။ ဒါကြောင့် လူသားကို ကယ်တင်ခြင်းမှာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုဟာ သူ့ရဲ့အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေပါတယ်။ ဆိုလိုတာက ဘုရားသခင်ရဲ့ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားတွေကြားက အဖြောင့်မတ်ဆုံးအရာဟာ တစ်ခါမှ မဖျက်ဆီးခံရပါဘူး။

အခု ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အနှစ်သာရကို သင်တို့ နားလည်ပြီဆိုတော့ စာတန်ရဲ့ ဆိုးယုတ်မှုကို ဘယ်လိုခွဲခြားရမယ်ဆိုတာကို သင်တို့ပိုကောင်းကောင်းတောင် နားလည်မှာပဲ။

စာတန်က ကြင်နာတတ်တယ်၊ တရားမျှတပြီး ကိုယ်ကျင့်တရားကောင်းမွန်တယ်လို့ မြင်ရပေမဲ့ အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်ပါတယ်

စာတန်ဟာ လူအများကို လှည့်စားခြင်းကနေတစ်ဆင့် သူ့ရဲ့ နာမည်ကြီးမှုကို ရရှိတယ်။ စာတန်က ဖြောင့်မတ်ခြင်းရဲ့ စံပြနဲ့ ဦးစီးဦးဆောင်တစ်ယောက်အဖြစ် သူ့ကိုယ်သူ မကြာခဏ သက်သေထူပါတယ်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းရဲ့ အောင်လံတံခွန်အောက်မှာ စာတန်ဟာ လူသားကို အန္တရာယ်ပြုတယ်။ သူတို့ရဲ့ ဝိညာဉ်ကို ဝါးမျိုတယ်။ လူသားကို ပိတ်ပင်ဖို့၊ လှည့်စားဖို့နဲ့ သွေးဆောင်ဖို့ နည်းမျိုးစုံကို အသုံးပြုတယ်။ သူ့ရဲ့ပန်းတိုင်က သူ့ရဲ့မကောင်းတဲ့ အပြုအမူတွေကို လူသားက လက်ခံပြီး လိုက်လျှောက်ဖို့၊ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ စိုးပိုင်မှုကို ဆန့်ကျင်ရာမှာ လူသားကို သူနဲ့ ပူးပေါင်းအောင်လုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က သူ့ရဲ့မကောင်းကြံစည်မှုတွေ၊ အကွက်ချခြင်းတွေနဲ့ ဆိုးညစ်တဲ့ပုံစံတွေအပေါ် လိမ္မာပါးနပ်လာပြီး စာတန်ရဲ့ အရူးလုပ်ခြင်း၊ နင်းချေခံရခြင်းတို့ ဆက်ပြီးမခံချင်တော့တဲ့အခါ သို့မဟုတ် စာတန်အတွက် ဆက်ပြီး ကျွန်မခံချင်တော့တဲ့အခါ သို့မဟုတ် စာတန်နဲ့အတူ အပြစ်ဒဏ်ခံရပြီး အဖျက်ဆီးမခံချင်တော့တဲ့အခါ၊ စာတန်က သူ့ရဲ့ အရင် ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ပုံစံတွေကို ပြောင်းလိုက်ပြီး သူ့ရဲ့ စစ်မှန်တဲ့ ဆိုးယုတ်၊ ကြမ်းတမ်းရက်စက်၊ အကျည်းတန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့ မျက်နှာကို ဖွင့်ပြဖို့အတွက် သူ့ရဲ့ မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်ပါတော့တယ်။ သူ့ရဲ့ ဆိုးယုတ်တဲ့ စွမ်းအားတွေကို ဆန့်ကျင်တဲ့သူတွေနဲ့ သူ့နောက်ကိုလိုက်ဖို့ ငြင်းဆန်သူတွေအားလုံးကို စာတန်ဟာ အရမ်းကို အပြတ်ရှင်းပစ်ချင်ပါတယ်။ ဒီအချိန်မှာ စာတန်ကို ယုံကြည်လို့ရတယ်၊ လူကြီးလူကောင်း အသွင်အပြင်ရှိတယ်လို့ ထင်မြင်ယူဆလို့မရတော့ပါဘူး။ ဒီလိုမဟုတ်ဘဲ သိုးရေခြုံအောက်မှာ သူ့ရဲ့ တကယ့် ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်တဲ့ အသွင်အပြင်တွေ ထုတ်ဖော်ခံရပါတော့တယ်။ စာတန်ရဲ့ မကောင်းတဲ့ အကြံအစည်တွေဟာ သိသာထင်ရှားလာတာနဲ့၊ သူ့ရဲ့ စစ်မှန်တဲ့ ပုံစံကို ဖော်ထုတ်ပြီးတာနဲ့ သူဟာ စိတ်တိုဒေါသထွက်ပြီး သူ့ရဲ့ ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြတော့တယ်။ လူတွေကို အန္တရာယ်ပြုဖို့နဲ့ ဝါးမျိုဖို့ သူ့ရဲ့ ဆန္ဒဟာ ပိုပြီးတော့ ပြင်းထန်လာတယ်။ ဒါဟာ လူသားရဲ့ နှိုးထမှုကြောင့် သိပ်စိတ်ဆိုးတဲ့အတွက်ကြောင့်ပါ။ လွတ်လပ်မှုနဲ့အလင်းကို တောင့်တဖို့နဲ့ စာတန်ရဲ့ ထောင်ကနေ လွတ်မြောက်ဖို့ သူတို့ရဲ့ ရည်မှန်းချက်ကြောင့် လူသားကို ပြင်းထန်တဲ့အငြိုးဖြစ်ပေါ်လာပါတယ်။ သူ့ရဲ့ဒေါသဟာ သူ့ရဲ့ဆိုးယုတ်မှုကို ခုခံကာကွယ်ဖို့ ရည်ရွယ်တယ်။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘောသဘာဝရဲ့ တကယ့်ထုတ်ဖော်ခြင်းလည်းဖြစ်ပါတယ်။

အကြောင်းအရာတိုင်းမှာ စာတန်ရဲ့ အပြုအမူက သူ့ရဲ့ဆိုးယုတ်တဲ့သဘောကို ဖော်ပြတယ်။ လူသားအပေါ်မှာ စာတန်လုပ်ဆောင်ခဲ့တဲ့ ဆိုးယုတ်တဲ့အပြုအမူတွေ အားလုံးထဲမှာ သူ့နောက်ကိုလိုက်အောင် လှည့်ဖြားဖို့ သူ့ရဲ့အစောပိုင်း အားထုတ်မှုကနေ သူ့ရဲ့ မကောင်းတဲ့လုပ်ဆောင်မှုတွေထဲကို လူသားကို ဆွဲသွင်းခြင်းဖြစ်တဲ့ လူသားကို အသုံးချခြင်းအထိ သူ့ရဲ့တကယ့် အသွင်အပြင်က ပေါ်လွင်ပြီးနောက်မှာ လူသားအပေါ် စာတန်ရဲ့ အငြိုးထားခြင်းနဲ့ လူသားဟာ သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်တယ်။ စာတန်ရဲ့ ဆိုးယုတ်တဲ့အနှစ်သာရကို ဖော်ထုတ်ဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိဘူး။ စာတန်ဟာ အပြုသဘောဆောင်တဲ့ အရာတွေနဲ့ ဆက်စပ်မှုမရှိဘူးဆိုတဲ့အချက်ကို သက်သေပြဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိပါဘူး။ စာတန်ဟာ ဆိုးယုတ်တဲ့အရာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို သက်သေပြဖို့မလုပ်နိုင်သူ တစ်ယောက်မှ မရှိပါဘူး။ သူ့ရဲ့အပြုအမူတစ်ခုချင်းစီတိုင်းက သူ့ရဲ့ဆိုးယုတ်မှုကို ကာကွယ်ပေးတယ်။ သူ့ရဲ့ဆိုးယုတ်တဲ့အပြုအမူတွေ ဆက်လက်ပြုလုပ်ခြင်းအတွက် ထိန်းသိမ်းပေးတယ်။ တရားမျှတပြီး အပြုသဘောဆောင်တဲ့အရာတွေနဲ့ ဆန့်ကျင်တယ်။ လူသားမျိုးနွယ်ရဲ့ သာမန်ဖြစ်တည်မှုအတွက် နိယာမနဲ့ အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးပါတယ်။ သူတို့ဟာ ဘုရားသခင်ကို ရန်လိုကြတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက ဖျက်ဆီးပစ်မယ့် အရာတွေဖြစ်ကြပါတယ်။ စာတန်က သူ့ရဲ့ကိုယ်ပိုင်ဒေါသရှိပေမဲ့ သူ့ရဲ့ဒေါသဟာ သူ့ရဲ့ဆိုးယုတ်တဲ့ သဘောကို ဖွင့်ချတဲ့နည်းဖြစ်ပါတယ်။ စာတန်က သိပ်စိတ်တိုလာပြီး ဒေါသထွက်လာတဲ့အကြောင်းက ဒါတွေကြောင့်ပါ။ သူ့ရဲ့ ပြောပြလို့မရနိုင်တဲ့ မကောင်းတဲ့အကြံအစည်တွေဟာ ပေါ်လွင်သွားတယ်။ သူ့ရဲ့လှည့်ကွက်တွေဟာ လွယ်လွယ်နဲ့ မလွတ်နိုင်ပါဘူး။ သူ့ရဲ့ ကြမ်းတမ်းတဲ့ ရည်မှန်းချက်နဲ့ ဘုရားသခင်ကို အစားထိုးဖို့နဲ့ ဘုရားသခင်လို ပြုမူဖို့ ဆန္ဒဟာ ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရတယ်။ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုတဲ့ သူ့ရဲ့ပန်းတိုင်ဟာ အခု ဘာမှဖြစ်မလာဘဲ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ စာတန်ရဲ့ လှည့်ကွက်တွေ အကောင်အထည်ပေါ်လာခြင်းကို ရပ်တန့်လိုက်ပြီး စာတန်ရဲ့ ဆိုးယုတ်မှုတွေ ပျံ့နှံ့ခြင်းနဲ့ ထကြွသောင်းကျန်းခြင်းတွေကို ဖြတ်တောက်ပစ်လိုက်တာက ဘုရားသခင်ရဲ့ အကြိမ်ကြိမ်အခါခါ ထုတ်လွှတ်တဲ့ သူ့ရဲ့အမျက်ဒေါသပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာတန်ဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်ရွံ့ပါတယ်။ ဘုရားသခင်ရဲ့အမျက်ဒေါသ အသုံးချမှုတိုင်းဟာ စာတန်ရဲ့ဆိုးညစ်တဲ့ အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ အလင်းအပေါ်မှာ စာတန်ရဲ့ ဆိုးယုတ်တဲ့ ဆန္ဒကိုလည်း ဖော်ထုတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်အပေါ် စာတန်ရဲ့ ဒေါသရဲ့ အကြောင်းရင်းတွေဟာ လုံးဝ ပေါ်လွင်လာပါတယ်။ စာတန်ရဲ့ ဒေါသ ပေါက်ကွဲခြင်းက သူ့ရဲ့မကောင်းကြံစည်မှုတွေ ပေါ်ထွက်ခြင်းဖြစ်တဲ့ သူ့ရဲ့ဆိုးယုတ်တဲ့ သဘောကို အမှန်တကယ် ထုတ်ဖော်ခြင်းဖြစ်ပါတယ်။ မှန်ပါတယ်၊ စာတန်က သိပ်စိတ်ဆိုးတဲ့ အခါတိုင်းမှာ ဆိုးယုတ်တဲ့အရာတွေ ပျက်စီးခြင်းကို ကြေညာပါတယ်။ အပြုသဘောဆောင်တဲ့ အရာတွေအပေါ် ကာကွယ်ခြင်းနဲ့ ဆက်လက်ဖြစ်ပေါ်ခြင်းကို ကြေညာပါတယ်။ ဘုရားသခင်ရဲ့ ထိပါးစော်ကားလို့မရတဲ့ အမျက်ဒေါသရဲ့ သဘောသဘာဝကို ကြေညာပါတယ်။

ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိဖို့ အတွေ့အကြုံနဲ့ စိတ်ကူးထင်မြင်မှုအပေါ်မှာ အမှီမပြုရပါ

ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို သင်ကိုယ်တိုင် ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ စစ်မှန်ခြင်းမရှိဘူးလို့ သင်ပြောမလား။ ဘုရားသခင်ရဲ့ ဒေါသနောက်ကွယ်မှာ လိမ်ညာမှုတစ်ခုရှိတယ်၊ သူ့ဒေါသဟာ မစစ်မှန်ဘူးလို့ သင်ဆိုမလား။ သူ့ရဲ့စိတ်သဘောထားဟာ လုံးဝ သေသေချာချာဖြောင့်မတ်ခြင်းမရှိဘူးလို့ ပြောပြီး ဘုရားသခင်ကို သင် အသေရေဖျက်မလား။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တစ်ခုစီနဲ့ ကြုံတွေ့ဆက်ဆံရတဲ့အခါမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားဟာ တခြားအချက်အလက်တွေ ကင်းလွတ်တယ်ဆိုတာ၊ သန့်ရှင်းပြီး အမှားကင်းစင်တယ်ဆိုတာ သင်သေချာစေရပါမယ်။ ဒီလုပ်ဆောင်ချက်တွေမှာ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနဲ့ ဖျက်ဆီးခြင်းတို့ပါဝင်ပါတယ်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်ရဲ့ လုပ်ရပ်တစ်ခုစီတိုင်းက သူ့ရဲ့ပင်ကို စိတ်သဘောထားနဲ့ သူ့ရဲ့အစီအစဉ်နဲ့အညီ တင်းကျပ်စွာ ပြုလုပ်ထားပါတယ်။ ဒီနေရာမှာ လူသားမျိုးနွယ်ရဲ့ အသိပညာ၊ ရိုးရာဓလေ့နဲ့ အတွေးအခေါ်တွေ မပါဝင်ပါဘူး။ ဘုရားသခင်ရဲ့ လုပ်ရပ်တစ်ခုစီတိုင်းက သူ့ရဲ့စိတ်သဘောထားနဲ့ အနှစ်သာရတို့ရဲ့ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်နဲ့သက်ဆိုင်တဲ့ဘယ်အရာနဲ့မှ ဆက်စပ်ခြင်းမရှိပါဘူး။ လူသားရဲ့ အယူအဆတွေမှာ ဘုရားသခင်ရဲ့ချစ်ခြင်း၊ လူသားမျိုးနွယ်အပေါ် သနားညှာတာမှုနဲ့ သည်းခံခြင်းတို့သာ အမှားကင်းစင်၊ စစ်မှန်ပြီး သန့်ရှင်းမြင့်မြတ်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဒေါသနဲ့ သူ့ရဲ့အမျက်ဒေါသတို့ဟာလည်း အလားတူပဲ စစ်မှန်တယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ ဒါ့အပြင် ဘုရားသခင်က ဘာကြောင့်ထိပါးစော်ကားမှုတွေကို သည်းမခံတာလဲ သို့မဟုတ် သူ့ရဲ့ဒေါသဟာ ဘာကြောင့် သိပ်ကြီးမားတာလဲဆိုတဲ့ မေးခွန်းမျိုးကို ဘယ်သူမှ သေချာမစဉ်းစားကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ချို့က ဘုရားသခင်ရဲ့ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ဒေါသစိတ်နဲ့ အမြင်မှားကြတယ်။ ဘုရားသခင်ရဲ့ဒေါသက အကျင့်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ဒေါသဖြစ်တယ်လို့ နားလည်ကြတယ်။ ဘုရားသခင်ရဲ့ ဒေါသက လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းလိုပဲလို့တောင် မှားယွင်းစွာ ယူဆကြတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက မကျေနပ်ခြင်းကြောင့်ထွက်ပေါ်လာတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ဒေါသလိုပဲလို့ မှားယွင်းစွာ ယုံကြည်ကြတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့စိတ်ခံစားချက်ကို ဖော်ပြခြင်းလို့တောင် ယုံကြည်ကြတယ်။ ဒီမိတ်သဟာယ ပြီးတဲ့နောက်မှာ ဒီမှာရှိတဲ့ သင်တို့တစ်ယောက်ချင်းစီတိုင်းက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားအပေါ် အယူအဆလွဲမှားခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ သို့မဟုတ် အထင်အမြင်သက်သက်များ မရှိတော့ဖို့ မျှော်လင့်ပါတယ်။ ငါ့ရဲ့ စကားတွေကို ကြားပြီးနောက်မှာ သင်တို့နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အမျက်ဒေါသကို သင်တို့ အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်ရဲ့ အမျက်ဒေါသအပေါ် အရင်က မှားယွင်းစွာ နားလည်ထားခြင်းတွေကို ဘေးကိုဖယ်လိုက်နိုင်ဖို့၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အနှစ်သာရအပေါ် သင်တို့ရဲ့ ကိုယ်ပိုင် မှားယွင်းတဲ့ယုံကြည်မှုတွေနဲ့ အမြင်တွေကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် သင်တို့နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သံသယတစ်ခုမှ မရှိတော့ဖို့၊ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ စိတ်သဘောထားအပေါ်မှာ လူသားရဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေ သို့မဟုတ် စိတ်ကူးထင်မြင်မှုတွေနဲ့ မသတ်မှတ်ဖို့ မျှော်လင့်ပါတယ်။ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် မှန်ကန်တဲ့ အနှစ်သာရဖြစ်ပါတယ်။ လူသားက ပုံသွင်းထားတဲ့ သို့မဟုတ် ရေးသားထားတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဖြစ်ပြီး ဘယ်ဖန်ဆင်းခံနဲ့မှ ဆက်နွှယ်ခြင်း သို့မဟုတ် ဆက်စပ်ခြင်းမရှိဘူး။ ဘုရားသခင် ကိုယ်တော်တိုင်က ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါတယ်။ သူဟာ ဖန်ဆင်းထားတဲ့အရာတွေရဲ့ အစိတ်အပိုင်းတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖန်ဆင်းခံသတ္တဝါတွေကြားမှာ သူဟာ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာရင်တောင် သူ့ရဲ့ ပင်ကို စိတ်သဘောထားနဲ့ အနှစ်သာရဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းမဟုတ်ပါဘူး။ တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သလို လူတစ်ယောက်ကို နားလည်ခြင်းလည်း မဟုတ်ပါဘူး။ အရာဝတ္ထုတစ်ခုကို သိဖို့ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အပေါ်မှာ သင့်ရဲ့အယူအဆ သို့မဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့အတွက် သင်အသုံးပြုရင် သင်ဟာ ဘုရားသခင်ရဲ့အကြောင်းကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ သို့မဟုတ် စဉ်းစားထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပါဘူး။ ဒါကြောင့် သင်ဟာ သင့်ရဲ့ အတွေ့အကြုံသို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ်မှာ ဘယ်တော့မှ သတ်မှတ်ခြင်း မပြုလုပ်ရဘူး။ သင့်ရဲ့ အတွေ့အကြုံနဲ့ စဉ်းစားတွေးတောမှုတို့က ဘယ်လောက်ပဲ ပေါများနေပါစေ၊ ဒါတွေက အကန့်အသတ်နဲ့ပါပဲ။ နောက်ပြီး သင့်ရဲ့ စဉ်းစားတွေးတောခြင်းက အရှိတရားနဲ့ ထပ်တူညီခြင်း မရှိပါဘူး။ သမ္မာတရားနဲ့ ထပ်တူညီဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ စိတ်သဘောထားနဲ့ အနှစ်သာရတို့နဲ့ သဟဇာတ မဖြစ်ပါဘူး။ ဘုရားသခင်ရဲ့ အနှစ်သာရကို နားလည်ဖို့ သင့်ရဲ့ စဉ်းစားတွေးတောခြင်းကို အမှီပြုရင် သင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဒါကြောင့် တစ်ခုတည်းသော လမ်းက ဘုရားသခင်ဆီက လာတဲ့ အရာအားလုံးကို လက်ခံပါ။ ပြီးရင် တဖြည်းဖြည်းနဲ့ ဒါကို တွေ့ကြုံခံစားပြီး နားလည်ပါ။ သင့်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင့်ရဲ့ ငတ်မွတ် ဆာလောင်မှုကြောင့် ဘုရားသခင်ဟာ သူ့ကို အမှန်တကယ်နားလည်ပြီး သိဖို့ သင့်ကို ဉာဏ်အလင်းဖွင့်ပြတဲ့ နေ့တစ်နေ့ ရောက်လာပါလိမ့်မယ်။ ဒီအချက်နဲ့ ငါတို့ ပြောဆိုခြင်းရဲ့ ဒီအပိုင်းကို နိဂုံးချုပ်လိုက်ရအောင်။

လူသားမျိုးနွယ်ဟာ ရိုးသားစစ်မှန်တဲ့ နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံမှုကို ရယူနိုင်တယ်

အောက်ပါအချက်တွေက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်တဲ့ “နိနေဝေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်း” ဖြစ်ပါတယ်။

(ယောနဝတ္ထု ၁:၁-၂) အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်းချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ၏။

(ယောနဝတ္ထု ၃) နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယောနသို့ ရောက်လာသည်ကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။ ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။ နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီးမှ၊ လျှော်တေအဝတ်ကိုဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။ မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။

(ယောနဝတ္ထု ၄) ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။ ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။ အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။ နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူသောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။

နိနေဝေရဲ့ ဇာတ်လမ်း အနှစ်ချုပ်

“နိနေဝေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်း” ဇာတ်လမ်းဟာ အတိုချုပ်ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားရဲ့ တခြားတစ်ဖက်ကို အနည်းအကျဉ်း မြင်စေပါတယ်။ အဲဒီတခြားတစ်ဖက်မှာ ဘာပါဝင်သလဲဆိုတာကို တိတိကျကျ နားလည်ဖို့ ကျမ်းစာကို ပြန်သွားပြီးတော့ ဘုရားသခင်ရဲ့ လုပ်ရပ်တစ်ခုကို ပြန်ကြည့်ရမယ်။

ဒီဇာတ်လမ်းရဲ့ အစကို ကြည့်ကြရအောင်။ “အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်းချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ၏။” (ယောနဝတ္ထု ၁:၁-၂)။ ကျမ်းစာက ဒီအပိုဒ်မှာ ယေဟောဝါ ဘုရားသခင်က ယောနကို နိနေဝေမြို့ကို သွားဖို့ အမိန့်ပေးခဲ့တယ်ဆိုတာကို သိရတယ်။ သူက ယောနကို ဒီမြို့ကို သွားဖို့ ဘာကြောင့် အမိန့်ပေးခဲ့တာလဲ။ သမ္မာကျမ်းစာမှာ ဒါနဲ့ပတ်သက်ပြီး သိပ်ရှင်းလင်းပါတယ်။ ဒီမြို့အတွင်းမှာရှိတဲ့လူတွေရဲ့ ဆိုးယုတ်မှုတွေဟာ ယေဟောဝါဘုရားသခင်ရဲ့ ရှေ့ကို ရောက်လာခဲ့ပြီ။ ဒါကြောင့် သူဘာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာကို သူတို့ကို ကြွေးကြော်ဖို့ ယောနကို လွတ်ခဲ့တယ်။ ယောနက ဘယ်သူလဲဆိုတာကို မှတ်တမ်းတင်ပြောပြထားတာ တစ်ခုမှမရှိပေမဲ့ ဒါက ဘုရားသခင်ကို သိခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် သင်တို့ ဒီလူကို နားလည်ဖို့ မလိုအပ်ပါဘူး။ ဘုရားသခင်က ယောနကို ဘာလုပ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာနဲ့ ဘာကြောင့် ဒီလိုအရာမျိုးကိုလုပ်သလဲဆိုတာကိုပဲ သိဖို့ လိုအပ်ပါတယ်။

ယေဟောဝါဘုရားသခင်ရဲ့ သတိပေးချက်တွေက နိနေဝေမြို့သားတွေဆီကို ရောက်တယ်

ဒုတိယအပိုဒ်၊ ယောနဝတ္ထုရဲ့ တတိယအခန်းကို ဆက်သွားကြရအောင် “ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။” နိနေဝေမြို့သားတွေကိုပြောဖို့ ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒါတွေက ပင်ကိုအတိုင်းပဲ ယေဟောဝါဘုရားသခင်က နိနေဝေမြို့သားတွေကို ပြောချင်တဲ့ စကားလုံးတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဆိုးယုတ်မှုတွေဟာ ဘုရားသခင်ရှေ့ကို ရောက်လာတဲ့အတွက် ဘုရားသခင်ဟာ ဒီမြို့မှာရှိတဲ့ လူတွေကို စက်ဆုပ် မုန်းတီးပြီး ဒီမြို့ကို သူဖျက်ဆီးချင်တယ်ဆိုတာကို ဒီစကားလုံးတွေက လူတွေကိုပြောပြပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီမြို့ကို မဖျက်ဆီးခင်မှာ သူဟာ နိနေဝေမြို့သားတွေဆီကို ကြေညာချက်တစ်ခုလုပ်လိမ့်မယ်။ သူတို့ရဲ့ ဆိုးယုတ်မှုတွေကို နောင်တရပြီး အသစ်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုကို သူတို့ကို တစ်ပြိုင်နက် ပေးပါလိမ့်မယ်။ ဒီအခွင့်အရေးက ရက်လေးဆယ်ကြာမယ်။ တစ်နည်းပြောရရင် ဒီမြို့ထဲကလူတွေက ရက်လေးဆယ်အတွင်းမှာ နောင်တရခြင်း၊ သူတို့ရဲ့အပြစ်တွေကို ဝန်ခံခြင်း သို့မဟုတ် ယေဟောဝါဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့ ပျပ်ဝပ်ကိုးကွယ်ခြင်း မရှိရင် ဘုရားသခင်ဟာ သောဒုံမြို့ကို သူလုပ်ခဲ့သလို ဒီမြို့ကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ ဒါက ယောဟောဝါဘုရားသခင်က နိနေဝေမြို့က လူတွေကို ပြောချင်တဲ့အရာတွေဖြစ်ပါတယ်။ ဒါက ရိုးရှင်းတဲ့ ကြေညာချက်တစ်ခုမဟုတ်တာ ရှင်းပါတယ်။ ဒါက ယေဟောဝါဘုရားသခင်ရဲ့ ဒေါသကို အသိပေးရုံတင် မဟုတ်ဘဲ နိနေဝေမြို့သားတွေအပေါ် သူ့ရဲ့ သဘောထားကိုလည်း အသိပေးထားတယ်။ တစ်ချိန်တည်းမှာပဲ ဒီရိုးရှင်းတဲ့ ကြေညာချက်က မြို့ထဲမှာ အသက်ရှင်နေထိုင်နေတဲ့ လူတွေအပေါ် လေးနက်တဲ့ သတိပေးချက်အဖြစ်လည်း ရည်ညွှန်းပါတယ်။ သူတို့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေဟာ ယေဟောဝါဘုရားသခင်ရဲ့ မုန်းတီးခြင်းကို ရရှိစေတယ်ဆိုတာကို ဒီသတိပေးချက်က သူတို့ကိုပြောပြပြီး သူတို့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေဟာ မကြာခင်မှာ သူတို့ကိုယ်တိုင်ရဲ့ အဆုံးစွန်ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မယ်ဆိုတာကိုလည်း ပြောပါတယ်။ ဒါကြောင့် နိနေဝေမှာရှိတဲ့ လူတိုင်းရဲ့ အသက်ဟာ အန္တရာယ်ကျရောက်လုဆဲဆဲမှာ ရှိပါတယ်။

ယေဟောဝါဘုရားသခင်ရဲ့ သတိပေးချက်အပေါ် နိနေဝေမြို့နဲ့ သောဒုံမြို့ရဲ့ တုံ့ပြန်ချက်မှာ သိသာတဲ့ ကွာခြားချက်

ချေမှုန်းခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အရပ်သုံးစကားနဲ့ပြောရရင် ပျောက်ကွယ်သွားတယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးလဲ။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ ဘယ်သူက လုပ်နိုင်သလဲ။ လူသားအတွက်ကတော့ ဒီလိုလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒီလူတွေက မိုက်မဲသူတွေမဟုတ်ဘူး။ ဒီကြေညာချက်ကို သူတို့ကြားလိုက်တာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သူတို့သိခဲ့တယ်။ ဒါဟာ ဘုရားသခင်ဆီကနေလာတယ်ဆိုတာကို သူတို့သိတယ်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့မယ်ဆိုတာကို သူတို့သိတယ်။ သူတို့ရဲ့ဆိုးယုတ်မှုဟာ ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးတယ်၊ ဒါကြောင့် မကြာခင်မှာ သူတို့ဟာ သူတိုရဲ့မြို့နဲအတူ ဖျက်ဆီးခံရမယ် ဆိုတာကို သူတို့သိတယ်။ ယေဟောဝါဘုရားသခင်ရဲ့ သတိပေးချက်ကို နားထောင်ပြီးနောက်မှာ ဒီမြို့မှာရှိတဲ့လူတွေက ဘယ်လိုပြုမူခဲ့သလဲ။ သူတို့ရဲ့ဘုရင်ကနေ သာမန်လူအထိ ဒီလူတွေ ဘယ်လိုတုံ့ပြန်ခဲ့တယ် ဆိုတာကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားတယ်။ ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း “နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီးမှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။...”

ယေဟောဝါဘုရားသခင်ရဲ့ ကြေညာချက်ကို ကြားပြီးနောက်မှာ နိနေဝေမြို့မှာရှိတဲ့လူတွေဟာ သောဒုံမြို့မှာရှိတဲ့လူတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဘောထားကို ပြခဲ့တယ်။ သောဒုံမြို့ကလူတွေဟာ မကောင်းမှုတွေ ထပ်ထပ်ပြီးလုပ်ရင်း ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့တယ်။ ဒါပေမဲ့ ဒီစကားလုံးတွေကို ကြားပြီးနောက်မှာ နိနေဝေမြို့သားတွေဟာ ဒီကိစ္စကို လျစ်လျူမရှုခဲ့သလို ဆန့်ကျင်ခြင်းလည်း မပြုလုပ်ခဲ့ဘူး။ ဒီလိုမဟုတ်ဘဲ သူတို့ဟာ ဘုရားသခင်ကို ယုံကြည်ပြီး အစာရှောင်ဆုတောင်းဖို့အတွက် ကြေညာခဲ့တယ်။ “ယုံကြည်” ဆိုတာ ဒီမှာ ဘာကိုရည်ညွှန်းတာလဲ။ ဒီစကားလုံးကိုယ်၌မှာ ယုံကြည်ခြင်းနဲ့ လိုက်လျှောက်ခြင်းကိုပြတယ်။ ဒီစကားလုံးကိုရှင်းပြဖို့ နိနေဝေမြို့သားတွေရဲ့ တကယ့်အပြုအမူကို အသုံးပြုရင် ဘုရားသခင်က သူပြောသလိုလုပ်နိုင်ပြီး သူပြောသလို လုပ်လိမ့်မယ်ဆိုတာကို သူတို့ယုံပြီး သူတို့ဟာ နောင်တရဖို့ ဆန္ဒရှိနေတယ်လို့ ဆိုလိုတယ်။ နိနေဝေမြို့ရဲ့ လူတွေဟာ ကျရောက်လုဆဲ ဘေးဒုက္ခကို ကြောက်ရွံ့ခဲ့ကြသလား။ သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်းကို ထည့်ပေးတာက သူတို့ရဲ့ ယုံကြည်မှုဖြစ်တယ်။ နိနေဝေမြို့သားတွေရဲ့ ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုကို သက်သေပြဖို့ ဘာကို အသုံးပြုလို့ရမလဲ။ သမ္မာကျမ်းစာက ပြောသလိုပါပဲ။ “လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။” ဆိုလိုတာကတော့ နိနေဝေမြို့သားတွေက အမှန်တကယ်ကို ယုံကြည်ခဲ့ကြတယ်။ ဒီယုံကြည်မှုကနေ ကြောက်ရွံ့ခြင်းရောက်လာပြီး အစာရှောင်ခြင်းနဲ့ လျှော်တေအဝတ်ကိုဝတ်ခြင်းတို့ ဖြစ်စေခဲ့တယ်။ ဒါဟာ သူတို့ရဲ့ နောင်တရခြင်းအစကို ပြတဲ့ပုံစံဖြစ်ပါတယ်။ သောဒုံမြို့ကလူတွေနဲ့ လုံးဝကွာခြားပြီး နိနေဝေမြို့သားတွေဟာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမပြုလုပ်ရုံတင် မကဘဲ သူတို့ရဲ့အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် သူတို့ရဲ့နောင်တရခြင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒါက နိနေဝေရဲ့ သာမန်လူတွေပဲ ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့ဘုရင်က ခြွင်းချက်ထဲမှာ မပါပါဘူး။

နိနေဝေရဲ့ဘုရင်ရဲ့ နောင်တရခြင်းက ယေဟောဝါဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို ရယူနိုင်ခဲ့တယ်

နိနေဝေဘုရင်က ဒီသတင်းကို ကြားတဲ့အခါမှာ သူ့ပလ္လင်ကနေ သူထလိုက်တယ်။ သူ့ရဲ့ဝတ်စုံကို ချွတ်လိုက်တယ်။ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာတွေထဲမှာ ထိုင်လိုက်တယ်။ အဲဒီနောက်မှာ သူဟာ မြို့ထဲက ဘယ်သူမှ ဘာကိုမှ မစားရ၊ မွေးမြူရေးတိရစ္ဆာန်တွေ၊ သိုးသငယ်တွေ၊ နွားတွေကိုလည်း အစာမကျွေး၊ ရေမတိုက်ရလို့ ကြေညာခဲ့တယ်။ လူသားနဲ့ မွေးမြူရေးတိရစ္ဆာန်တို့ အတူတူပဲ လျှော်တေအဝတ်ကို ဝတ်ကြဖို့ဖြစ်တယ်။ လူတွေဟာ ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြတယ်။ လူတိုင်းဟာ သူတို့ရဲ့မကောင်းတဲ့နည်းလမ်းတွေကို ငြင်းပယ်ပြီး သူတို့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်ပစ်ဖို့ကိုလည်း ဘုရင်ကြီးက ကြေညာခဲ့တယ်။ ဒီလုပ်ရပ်အစဉ်လိုက်ကို ကြည့်ရင် နိနေဝေရဲ့ဘုရင်ဟာ သူ့ရဲ့ ရိုးသားလေးနက်တဲ့ နောင်တရခြင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ပလ္လင်ပေါ်ကနေ ထခြင်း၊ သူ့ရဲ့ဘုရင်ဝတ်စုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာတွေထဲမှာ ထိုင်နေခြင်းစတဲ့ သူပြုလုပ်ခဲ့တဲ့ လုပ်ရပ်အစဉ်လိုက်တွေက နိနေဝေရဲ့ဘုရင်ဟာ သူ့ရဲ့တော်ဝင်အဆင့်အတန်းကို ဘေးဖယ်ထားပြီး သာမန်လူတွေနဲ့အတူ လျှော်တေအဝတ်ကိုဝတ်ဆင်တယ်လို့ လူတို့ကိုပြောလိုက်တာပါပဲ။ ဆိုလိုတာကတော့ နိနေဝေဘုရင်ဟာ ယေဟောဝါဘုရားသခင်ရဲ့ ကြေညာချက်ကိုကြားပြီးတဲ့နောက်မှာ သူ့လက်မှာရှိတဲ့ သူ့ရဲ့မကောင်းတဲ့နည်းလမ်းတွေ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းတွေကို ဆက်လုပ်ဖို့ သူ့ရဲ့တော်ဝင်နေရာကို မယူထားခဲ့ဘူး။ သူကိုင်စွဲထားတဲ့ သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်ရဲ့ရှေ့မှာ နောင်တရခဲ့တယ်။ ဒီအချိန်ခဏမှာ နိနေဝေဘုရင်ဟာ ဘုရင်တစ်ပါးအနေနဲ့ နောင်တရတာမဟုတ်ဘူး။ သူဟာ ဘုရားသခင်ရဲ့ သာမန် အရာဝတ္ထုတစ်ခုအနေနဲ့ သူ့အပြစ်တွေကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို လာခဲ့တာပဲ။ နောက်ပြီး သူ့လိုပုံစံမျိုးနဲ့ ယေဟောဝါဘုရားသခင်ရှေ့မှာ ကိုယ့်ရဲ့အပြစ်တွေကို ဝန်ခံပြီး နောင်တရဖို့ တစ်မြို့လုံးကို သူပြောခဲ့တယ်။ ထပ်ဖြည့်စွက်ရရင် သူ့မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ သီးသန့်အစီအစဉ်တစ်ခုရှိခဲ့တယ်။ ကျမ်းစာမှာ မြင်ရတဲ့အတိုင်း၊ “လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။” ဒီမြို့ရဲ့ အုပ်ချုပ်သူအနေနဲ့ နိနေဝေဘုရင်ဟာ မြင့်မားတဲ့အဆင့်အတန်းနဲ့ အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိတဲ့အရာ ဘယ်အရာမဆို လုပ်နိုင်တယ်။ ယေဟောဝါဘုရားသခင်ရဲ့ ကြေညာချက်ကို ရင်ဆိုင်ရတဲ့အခါမှာ သူဟာ ဒီအကြောင်းအရာကို လျစ်လျူရှုလို့ ရနိုင်တယ်။ သို့မဟုတ် သူ့အပြစ်ကိုပဲ နောင်တရပြီး ဝန်ခံလိုက်လို့ရတယ်။ မြို့ထဲကလူတွေက နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ဒီအကြောင်းကိစ္စကို သူလုံးဝ လျစ်လျူရှုလို့ ရနိုင်တယ်။ ဒါပေမဲ့ နိနေဝေဘုရင်က ဒီလို လုံးဝ မလုပ်ခဲ့ဘူး။ သူ့ပလ္လင်ကနေ ထရုံသာမကဘဲ လျှော်တေအဝတ်နဲ့ ပြာတွေကို ဝတ်ဆင်ပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ သူ့ရဲ့အပြစ်တွေကို ဝန်ခံပြီး နောင်တရခဲ့တယ်။ မြို့ထဲမှာရှိတဲ့လူတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေအားလုံးကိုလည်း ဒီလိုပဲလုပ်ဖို့ သူအမိန့်ထုတ်ခဲ့တယ်။ လူတွေကို “ကြိုးစားပြီး ဘုရားသခင်ကိုဆုတောင်းဖို့” တောင် သူအမိန့်ထုတ်ခဲ့တယ်။ ဒီလုပ်ရပ်အစဉ်လိုက်ကနေတစ်ဆင့် နိနေဝေဘုရင်ဟာ အုပ်ချုပ်သူတစ်ယောက်လုပ်သင့်တာကို အမှန်တကယ် လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့လုပ်ရပ်အစဉ်လိုက်ဟာ လူသားသမိုင်းမှာ ဘယ်ဘုရင်အတွက်မဆို လုပ်နိုင်ဖို့ ခက်ခဲပြီး ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို လူသားသမိုင်းမှာ တစ်ခါမှမဖြစ်ဘူးတဲ့ လုပ်ဆောင်ချက်တွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါတွေဟာ လူသားမျိုးနွယ်ရဲ့ အောက်မေ့ခြင်းခံရဖို့၊ အတုခိုးခြင်း ခံရဖို့ ထိုက်တန်ပါတယ်။ လူသားရဲ့အစကတည်းက ဘုရင်တိုင်းဟာ ဘုရားသခင်ကို ခုခံဆန့်ကျင်ဖို့ သူ့ရဲ့လူတွေကို ဦးဆောင်ခဲ့တယ်။ သူတို့ရဲ့ ဆိုးယုတ်မှုအတွက် ရွေးနှုတ်ခြင်းကို ရှာဖွေဖို့ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့၊ ယေဟောဝါဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်လာတော့မယ့် အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့ ဘယ်သူကမှ သူ့လူတွေကို ဦးမဆောင်ခဲ့ဘူး။ ဒါပေမဲ့ နိနေဝေဘုရင်က သူ့လူတွေကို ဘုရားဆီကို ဦးဆောင်ဖို့၊ သူတို့ရဲ့ သက်ဆိုင်ရာ မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့ပြီး သူတို့လက်မှာရှိတဲ့ ကြမ်းတမ်းရက်စက်မှုတွေကို စွန့်လွှတ်ဖို့ ပြုလုပ်နိုင်ခဲ့တယ်။ နောက်ပြီး သူ့ရဲ့ပလ္လင်ကိုလည်း ဘေးချထားနိုင်ခဲ့တယ်။ အပြန်အလှန်အနေနဲ့ ယေဟောဝါဘုရားသခင်ဟာ ပြန်လှည့်ပြီး နောင်တရခဲ့တယ်။ သူ့ရဲ့အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့မှာရှိတဲ့လူတွေကို အသက်ရှင်ခွင့်ပေးပြီး ဖျက်ဆီးခြင်းကနေ ကင်းလွတ်ခွင့်ပေးလိုက်တယ်။ ဘုရင်ကြီးရဲ့ အပြုအမူကို လူသားသမိုင်းမှာ ရှားပါးတဲ့ ဆန်းကြယ်မှုလို့ပဲ ခေါ်ဆိုနိုင်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားသခင်ရှေ့မှာ သူတို့ရဲ့အပြစ်တွေကို ဝန်ခံခြင်းနဲ့ နောင်တရခြင်းတို့ရဲ့ စံပြတစ်ခုလို့တောင် ခေါ်ဆိုနိုင်ပါတယ်။

နိနေဝေမြို့သားတွေရဲ့ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်တဲ့ နောင်တရခြင်းကို ဘုရားသခင် မြင်တယ်

ဘုရားသခင်ရဲ့ ကြေညာချက်ကို နားထောင်ပြီးနောက်မှာ နိနေဝေဘုရင်နဲ့ သူ့လူတွေဟာ လုပ်ရပ်တွေ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့တယ်။ သူတို့ရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေရဲ့ သဘောတရားက ဘာလဲ။ တစ်နည်းပြောရရင် သူတို့ရဲ့အပြုအမူအားလုံးရဲ့ အနှစ်သာရက ဘာလဲ။ သူတို့လုပ်ခဲ့တဲ့အရာကို သူတို့ ဘာကြောင့်လုပ်ခဲ့တာလဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့ဟာ ရိုးသားဖြူစင်စွာ နောင်တရခဲ့တယ်။ သူ့ရှေ့မှာ သူတို့ရဲ့အပြစ်ကို ဝန်ခံခဲ့ပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့တာကြောင့်တင်မဟုတ်ဘဲ သူတို့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူတွေကိုလည်း စွန့်ပစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီးနောက်မှာ သူတို့ဟာ သိပ်ကို ကြောက်လန့်သွားပြီး သူပြောသလို လုပ်လိမ့်မယ်ဆိုတာကို ယုံကြည်ခဲ့ကြလို့ ဒီလိုလုပ်ခဲ့ကြတာပါ။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာတွေထဲမှာထိုင်ခြင်းအားဖြင့် သူတို့ရဲ့နည်းလမ်းတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ဆိုးယုတ်မှုကနေ ရှောင်ကြဉ်ထိန်းသိမ်းဖို့၊ သူ့ရဲ့ဒေါသကို ထိန်းဖို့ ယေဟောဝါဘုရားသခင်အတွက် ဆုတောင်းဖို့၊ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ သူတို့အပေါ်ကျရောက်လာမယ့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းဖို့ ယေဟောဝါ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့ သူတို့ဆန္ဒရှိခြင်းကို ဖော်ပြချင်ခဲ့ကြတယ်။ သူတို့ရဲ့အပြုအမူအားလုံးကို စူးစမ်းစစ်ဆေးခြင်းကနေတစ်ဆင့် သူတို့ရဲ့ အရင်က ဆိုးယုတ်တဲ့ အပြုအမူတွေကို ယေဟောဝါဘုရားသခင်က စက်ဆုပ်တယ်ဆိုတာ သူတို့နားလည်ခဲ့တယ်၊ သူမကြာခင် သူတို့ကို ဘာကြောင့်ဖျက်ဆီးမယ်ဆိုတဲ့ အကြောင်းရင်းကို သူတို့နားလည်ခဲ့တယ်ဆိုတာကို ငါတို့ မြင်နိုင်ပါတယ်။ ဒီအကြောင်းပြချက်တွေကြောင့် သူတို့အားလုံးဟာ လုံးဝနောင်တရဖို့၊ သူတို့ရဲ့ မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့ပြီး သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြတယ်။ တစ်နည်းပြောရရင် ယေဟောဝါဘုရားသခင်ရဲ့ ကြေညာချက်ကို သူတို့ သိလိုက်တာနဲ့ သူတို့တစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသားတွေထဲမှာ အကြောက်တရားကို ခံစားခဲ့ကြတယ်။ ဘုရားသခင်မုန်းတဲ့ သူတို့ရဲ့ဆိုးယုတ်တဲ့အပြုအမူတွေကို ဆက်မလုပ်တော့သလို ဒီလုပ်ရပ်တွေကို ဆက်ပြီး မကျူးလွန်တော့ဘူး။ ထပ်ဖြည့်စွက်ရရင် သူတို့ရဲ့ အရင်ကအပြစ်တွေကို ခွင့်လွှတ်ဖို့နဲ့ သူတို့ရဲ့အရင်က လုပ်ဆောင်ချက်တွေအရ သူတို့ကို မဆက်ဆံဖို့ ယေဟောဝါဘုရားသခင်ကို တောင်းပန်တိုးလျှိုးခဲ့တယ်။ သူတို့ဟာ ဆိုးယုတ်မှုတွေကို ဘယ်တော့မှ မထိတွေ့ဖို့နဲ့ ယေဟောဝါဘုရားသခင်ရဲ့ ညွှန်ကြားချက်တွေအရ ပြုမူဖို့ ဆန္ဒရှိနေခဲ့ကြပါတယ်။ ယေဟောဝါဘုရားသခင်ကို သူတို့နောက်တစ်ခါ ဘယ်တော့မှ ဒေါသမထွက်စေရင်ပေါ့။ သူတို့ရဲ့ နောင်တရခြင်းက ရိုးသားဖြူစင်ပြီး ပြည့်စုံမှုရှိပါတယ်။ သူတိုရဲ့နှလုံးသားအတွင်းထဲကလာပြီး ဟန်ဆောင်ခြင်း မဟုတ်သလို ယာယီလည်း မဟုတ်ပါဘူး။

နိနေဝေမှာရှိတဲ့လူတွေ၊ အမြင့်မားဆုံးဘုရင်ကနေ သူ့လူတွေအထိ၊ ယေဟောဝါဘုရားသခင်ဟာ သူတို့ကို စိတ်ဆိုးတယ်ဆိုတာကို သိရှိခဲ့တာနဲ့ သူတို့ရဲ့ လုပ်ရပ်တစ်ခုချင်းစီတိုင်း၊ သူတို့ရဲ့အပြုအမူအလုံးစုံနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတိုင်းဟာ ဘုရားသခင်ရဲ့အမြင်မှာ ရှင်းလင်းမြင်သာတယ်။ ဘုရားသခင်ရဲ့ နှလုံးသားဟာ သူတို့ရဲ့ အပြုအမူအရ ပြောင်းလဲသွားခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ စိတ်အခြေအနေက ဘယ်လိုရှိခဲ့သလဲ။ သမ္မာကျမ်းစာက ဒီမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်ပါတယ်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့အတိုင်းဖြစ်ပါတယ်။ “မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။” ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့ပေမဲ့ သူ့စိတ်အခြေအနေနဲ့ ပတ်သက်လို့ ရှုပ်ထွေးတာ ဘာမှမရှိပါဘူး။ သူဟာ ရိုးရိုရှင်းရှင်းပဲ၊ သူ့ရဲ့ဒေါသကို ဖော်ပြခြင်းကနေ သူ့ဒေါသကို စိတ်ငြိမ်စေလိုက်တာပါပဲ။ ပြီးတော့ နိနေဝေမြို့အပေါ်ကို ကပ်ဘေး သယ်ဆောင်မလာဖို့ ဆုံးဖြတ်ခဲ့တယ်။ နိနေဝေမြို့သားတွေကို ကပ်ဘေးကနေ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်က ဘာကြောင့်မြန်ဆန်သလဲဆိုတာက ဘုရားသခင်က နိနေဝေမှာရှိတဲ့ လူတိုင်းရဲ့ နှလုံးသားကို လေ့လာကြည့်ရှုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ သူတို့နှလုံးသားထဲမှာ ဘာကိုကိုင်စွဲထားသလဲဆိုတာကို သူမြင်ခဲ့ပါတယ်။ သူတို့အပြစ်တွေအတွက် သူတို့ရဲ့ ဝန်ခံခြင်းနဲ့ နောင်တရခြင်း၊ သူ့အပေါ် သူတို့ရဲ့ ရိုးသားတဲ့ ယုံကြည်ခြင်း၊ သူ့ရဲ့စိတ်သဘောထားကို သူတို့ရဲ့ဆိုးယုတ်တဲ့အပြုအမူတွေက ဘယ်လိုစိတ်ဆိုးစေခဲ့သလဲဆိုတဲ့ သူတို့ရဲ့နက်နဲတဲ့ အသိစိတ်ခံစားချက်၊ ယေဟောဝါဘုရားသခင်ဆီက ကျရောက်တော့မယ့် အပြစ်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မှုတွေပါ။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် သူ့ရဲ့ဒေါသကို အဆုံးသတ်ဖို့ သူ့ကို တောင်းပန်တိုးလျှိုးနေတဲ့ သူတို့ရဲ့နှလုံးသားအတွင်းထဲက ဆုတောင်းသံတွေကိုလည်း ယေဟောဝါ ဘုရားသခင်က ကြားခဲ့တယ်။ ဘုရားသခင်က ဒီအချက်တွေအားလုံးကို ကြည့်ရှုလေ့လာတဲ့အခါမှာ သူ့ရဲ့ဒေါသေတွေက နည်းနည်းချင်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အရင်က သူ့ရဲ့ဒေါသက ဘယ်လောက်ပဲကြီးပါစေ ဒီလူတွေရဲ့ နှလုံးသားအတွင်းထဲက ရိုးသားဖြူစင်တဲ့ နောင်တရခြင်းကို သူမြင်တဲ့အခါမှာ သူ့နှလုံးသားက ဒီအရာအားဖြင့် ထိတွေ့ခံရပြီး သူတို့အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သူမလုပ်နိုင်တော့ဘဲ သူတို့အပေါ်ဒေါသထွက်တာကို ရပ်လိုက်ပါတယ်။ ဒါ့အပြင် သူတို့အပေါ်မှာ သူ့ရဲ့သနားညှာတာမှုနဲ့ သည်းခံမှုကို ဆက်ထားခဲ့ပြီး သူတို့ကို ဆက်လက် လမ်းညွှန်ပြီး ထောက်ပံ့ပေးခဲ့တယ်။

ဘုရားသခင်အပေါ် သင့်ရဲ့ယုံကြည်ခြင်းက မှန်ကန်တယ်ဆိုရင် သူ့ရဲ့ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မယ်

နိနေဝေရဲ့လူတွေအပေါ် သူ့ရဲ့ရည်ရွယ်ချက်ကို ဘုရားသခင် ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပါဘူး။ တကယ်တော့ ဒေါသသက်သက်ကနေ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းပါ။ ဒါဟာ ဘုရားသခင်ရဲ့ အနှစ်သာရရဲ့ မှန်ကန်တဲ့ ထုတ်ဖော်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ သူ့လုပ်ဆောင်ချက်တွေမှာ ဘယ်တော့မှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပါဘူး။ သူ့လုပ်ရပ်တွေနောက်က သဘောတရားတွေနဲ့ ရည်ရွယ်ချက်တွေက ရှင်းလင်းပြီး ကြည်လင်တယ်၊ သန့်စင်ပြီး အပြစ်အနာအဆာကင်းမဲ့ပါတယ်။ အတွင်းမှာ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ရောထွေးနေခြင်း လုံးဝ မရှိပါဘူး။ တစ်နည်းပြောရရင် ဘုရားသခင်ရဲ့အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပါဘူး။ နိနေဝေမြို့သားတွေရဲ့ ဆိုးယုတ်တဲ့အပြုအမူတွေက သူ့ရှေ့ကို ရောက်လာတဲ့အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ဒေါသဟာ သူ့ရဲ့အနှစ်သာရကနေ ဆင်းသက်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဒေါသဟာ ပျောက်ကွယ်သွားပြီး သူ့ရဲ့သည်းခံခြင်းကို နိနေဝေရဲ့လူတွေအပေါ် နောက်တစ်ကြိမ်ချပေးသနားတဲ့အခါ သူဖွင့်ပြတဲ့အရာအားလုံးက သူ့ရဲ့ကိုယ်ပိုင်အနှစ်သာပဲ ဖြစ်နေပါသေးတယ်။ ဒီပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသားရဲ့သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်။ ဒီအချိန်ကာလတစ်ခုလုံးအတွင်းမှာ ဘုရားသခင်ရဲ့ ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားက ပြောင်းလဲမသွားပါဘူး။ ဘုရားသခင်ရဲ့ သည်းခံတဲ့ အနှစ်သာရက ပြောင်းလဲမသွားပါဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပါဘူး။ လူတွေက ဆိုးယုတ်တဲ့ အပြုအမူတွေကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားတဲ့အခါမှာ သူ့ဒေါသကို သူတို့အပေါ် သယ်ဆောင်လာပါလိမ့်မယ်။ လူတွေက အမှန်တကယ် နောင်တရတဲ့အခါ ဘုရားသခင်ရဲ့ နှလုံးသားဟာ ပြောင်းလဲမှာဖြစ်ပြီး သူ့ဒေါသဟာ ရပ်တန့်သွားပါလိမ့်မယ်။ လူတွေက ဘုရားသခင်ကို ခေါင်းမာမာနဲ့ ဆက်ပြီး ဆန့်ကျင်နေရင် သူ့ရဲ့ဒေါသက ရပ်တန့်မှာမဟုတ်ပါဘူး။ သူ့ရဲ့အမျက်ဒေါသဟာ သူတို့ဖျက်ဆီးခံရတဲ့အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနဲ့ ချစ်ခင်ကြင်နာမှုကို ဖော်ပြသည်ဖြစ်စေ လူသားရဲ့နှလုံးသားအတွင်းမှာ ဘုရားသခင်အပေါ် သူ့ရဲ့ အပြုအမူနဲ့ သဘောထားဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ထုတ်ဖော်ခြင်းကနေတစ်ဆင့် ဖော်ပြတဲ့အရာကို သတ်မှတ်ပါတယ်။ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေရင် ဒီလူရဲ့နှလုံးသားဟာ သံသယဖြစ်နေစရာမလိုဘဲ ဘုရားသခင်ကို ဆန့်ကျင်ပါတယ်။ သူက တစ်ခါမှ အမှန်တကယ် နောင်တရခြင်းမရှိတဲ့အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ သူဦးမညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်တဲ့ ယုံကြည်မှု မပိုင်ဆိုင်ခြင်းတို့ကြောင့် သူဟာ ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းကို တစ်ခါမှ မရရှိပါဘူး။ ဘုရားသခင်ရဲ့ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ့ရဲ့သနားညှာတာမှုနဲ့ သည်းခံခြင်းကို မကြာခဏလက်ခံရရှိရင် ဒီလူဟာ သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားဟာ ဘုရားသခင်ကို မဆန့်ကျင်ဘူးဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး။ သူဟာ ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ပဲ့ပြင်ဆုံးမခြင်းက ဒီလူအပေါ်မှာ ဆင်းသက်ရင်တောင် သူ့ရဲ့အမျက်ဒေါသ ကျရောက်မှာမဟုတ်ပါဘူး။

ဒီအတိုချုပ်အသေးစိတ်အချက်အလက်တွေက ဘုရားသခင်ရဲ့ နှလုံးသားကို လူတွေမြင်ဖို့၊ သူ့ရဲ့အနှစ်သာရရဲ့ စစ်မှန်ခြင်းကို မြင်ဖို့၊ ဘုရားသခင်ရဲ့ ဒေါသနဲ့ သူ့ရဲ့နှလုံးသားပြောင်းလဲခြင်းဟာ အကြောင်းမရှိဖြစ်ခြင်းမဟုတ်ဘူးဆိုတာကို မြင်ဖို့ အခွင့်ပေးပါတယ်။ သူ့ရဲ့ဒေါသနဲ့ သူ့ရဲ့သည်းခံခြင်းဖြစ်တဲ့ ဘုရားသခင်ရဲ့အနှစ်သာရရဲ့ ဒီအချက်နှစ်ချက်ကြားမှာ တည်ရှိနေပုံရတဲ့ ကြီးမားတဲ့ ကွာဟမှု သို့မဟုတ် ကြီးမားတဲ့ခြားနားမှု တည်ရှိနေပုံရတယ်လို့ လူတွေကို ယုံကြည်စေတဲ့ သူစိတ်ဆိုးတဲ့အချိန်နဲ့ သူ့ရဲ့နှလုံးသား ပြောင်းလဲတဲ့အချိန်မှာ ဘုရားသခင် ထုတ်ဖော်ပြသခဲ့တဲ့ သိသာတဲ့ ကွဲပြားမှုရှိပေမဲ့၊ နိနေဝေမြို့သားတွေရဲ့ နောင်တရခြင်းအပေါ် ဘုရားသခင်ရဲ့ သဘောထားဟာ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ စိတ်သဘောထားရဲ့ တခြားတစ်ဖက်ကို လူတွေကို မြင်စေပါတယ်။ ဘုရားသခင်ရဲ့ နှလုံးသားပြောင်းလဲခြင်းဟာ ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ ချစ်ခင်ကြင်နာမှုကို နောက်တစ်ခါမြင်စေဖို့၊ ဘုရားသခင်ရဲ့ အနှစ်သာရ အမှန်တကယ် ထုတ်ဖော်ခြင်းကို မြင်စေဖို့ လူသားမျိုးနွယ်ကို အမှန်တကယ် အခွင့်ပေးပါတယ်။ လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့သနားညှာတာမှုနဲ့ ချစ်ခင်ကြင်နာမှုဟာ ဒဏ္ဍာရီတွေမဟုတ်သလို လုပ်ကြံဖန်တီးထားခြင်းများ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုရုံပဲရှိပါတယ်။ ဒါဟာ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ခံစားချက်က မှန်ကန်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့နှလုံးသားပြောင်းလဲခြင်းက မှန်ကန်ပါတယ်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ့ရဲ့သနားညှာတာမှုနဲ့ သည်းခံမှုကို တကယ်ပဲ နောက်တစ်ကြိမ် ချပေးသနားခဲ့ပါတယ်။

နိနေဝေမြို့သားတွေရဲ့ နှလုံးသားမှာရှိတဲ့ စစ်မှန်တဲ့နောင်တဟာ ဘုရားသခင်ရဲ့ သနားညှာတာမှုကို ရယူနိုင်ခဲ့ပြီး သူတို့ရဲ့အဆုံးသတ်ကို ပြောင်းလဲစေခဲ့တယ်

ဘုရားသခင်ရဲ့ နှလုံးသားပြောင်းလဲခြင်းနဲ့ သူ့ရဲ့အမျက်ဒေါသကြားမှာ တစ်ခုနဲ့တစ်ခုမကိုက်ညီတာ ရှိသလား။ ဘယ်ရှိပါ့မလဲ။ ဒါဟာ အထူးသဖြင့် အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ သည်းခံခြင်းက အကြောင်းရင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။ သမ္မာကျမ်းစာမှာ ပြထားတဲ့ တစ်ခုဖြစ်ပါတယ်။ “လူတိုင်းက သူ့ရဲ့မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့တယ်” ဆိုတာနဲ့ “သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်ပစ်တယ်” ဆိုတာဖြစ်ပါတယ်။

ဒီ“မကောင်းတဲ့ နည်းလမ်း”က မကောင်းတဲ့လုပ်ရပ်တစ်ချို့ကို ရည်ညွှန်းတာမဟုတ်ပါဘူး။ လူတွေရဲ့ အပြုအမူနောက်က မကောင်းတဲ့အရင်းအမြစ်ကို ရည်ညွှန်းတာပါ။ “သူ့ရဲ့ မကောင်းတဲ့နည်းလမ်းကို ထားခဲ့ခြင်း” ဆိုတာက အဲဒီလူတွေဟာ ဒီလုပ်ရပ်တွေကို ဘယ်တော့မှ နောက်ထပ် မကျူးလွန်တော့ဘူးလို့ ဆိုလိုပါတယ်။ တစ်နည်းပြောရရင် သူတို့ဟာ ဒီမကောင်းတဲ့နည်းလမ်းကို နောက်ထပ် ဘယ်တော့မှ မပြုလုပ်တော့ဘူး။ သူတို့လုပ်ရပ်တွေရဲ့ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ သဘောတရားတွေဟာ အားလုံးပြောင်းလဲခဲ့တယ်။ သူတို့နှလုံးသားမှာ သာယာကြည်နူးမှုနဲ့ ပျော်ရွှင်မှုကိုရရှိဖို့ ဒီနည်းလမ်းတွေနဲ့ သဘောတရားတွေကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်တော့ပါဘူး။ “သူတို့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်လွှတ်တယ်” မှာရှိတဲ့ “စွန့်လွှတ်”ဆိုတာက လွတ်ချဖို့ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝ ဖြတ်တောက်လိုက်ပြီး ဘယ်တော့မှ နောက်ပြန်မကြည့်ဖို့ကို ဆိုလိုတာပါ။ နိနေဝေရဲ့လူတွေဟာ သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်လွှတ်ခဲ့တဲ့အခါမှာ ဒီအချက်ဟာ သူတို့ရဲ့ မှန်ကန်တဲ့ နောင်တကို သက်သေပြသလို ကိုယ်စားလည်းပြုပါတယ်။ ဘုရားသခင်ဟာ လူတွေရဲ့ အပြင်ပန်းနဲ့ သူတို့ရဲ့နှလုံးသားကိုလည်း လေ့လာကြည့်ရှုပါတယ်။ ဘုရားသခင်ဟာ နိနေဝေမြို့သားတွေရဲ့ နှလုံးသားမှာရှိတဲ့ မှန်ကန်တဲ့ နောင်တကို မေးခွန်းမမေးဘဲနဲ့ လေ့လာကြည့်ရှုပြီး သူတို့ဟာ သူတို့ရဲ့ မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့ပြီး သူတို့ရဲ့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်ပစ်ခဲ့တာကိုလည်း ကြည့်ရှုသိမြင်ပြီးတဲ့အခါမှာ သူနှလုံးသားကို သူပြောင်းလဲခဲ့တယ်။ ဆိုလိုတာကတော့ ဒီလူတွေရဲ့ အနေအထိုင်၊ အပြုအမူနဲ့ အကြောင်းအရာတွေကို လုပ်ဆောင်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ သူတို့နှလုံးသားထဲမှာရှိတဲ့ မှန်ကန်တဲ့ ဝန်ခံခြင်းနဲ့ နောင်တတို့ဟာ ဘုရားသခင်ကို သူ့နှလုံးသားပြောင်းလဲစေဖို့၊ သူ့ရဲ့ရည်ရွယ်ချက်တွေကို ပြောင်းလဲစေဖို့၊ သူ့ရဲ့ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့တယ်။ ဒါကြောင့် နိနေဝေမြို့ရဲ့ လူတွေဟာ မတူညီတဲ့ အဆုံးသတ်ကို ရရှိခဲ့ပါတယ်။ သူတို့ရဲ့ကိုယ်ပိုင် အသက်ကို ပြန်လည် ရွေးနုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘုရားသခင်က သူရဲ့ အမျက်ဒေါသကို ရုတ်သိမ်းခဲ့စေတဲ့ ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံမှုကို ရယူနိုင်ခဲ့တယ်။

ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံမှုတို့ဟာ မနည်းပါးပါဘူး။ လူသားရဲ့ စစ်မှန်တဲ့ နောင်တသာ နည်းပါးတာပါ။

နိနေဝေမြို့သားတွေအပေါ် ဘုရားသခင်က ဘယ်လောက်ပဲ စိတ်ဆိုးခဲ့ပါစေ သူတို့ဟာ အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နဲ့ ပြာတွေကို ဝတ်ဆင်ပြီးတာနဲ့ သူ့နှလုံးသားဟာ တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူစတင်ပြောင်းခဲ့ပါတယ်။ သူတို့ရဲ့မြို့ကို သူဖျက်ဆီးမယ်ဆိုတာကို သူတို့ကို ကြေညာလိုက်တဲ့အခါမှာ၊ သူတိုရဲ့အပြစ်တွေအတွက် သူတို့ရဲ့ဝန်ခံခြင်းနဲ့ နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပါပဲ။ သူတို့ဟာ နောင်တရတဲ့ လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးတာနဲ့ နိနေဝရဲ့ လူတွေအပေါ် ဘုရားသခင်ရဲ့ ဒေါသဟာ သူတို့အတွက် သနားညှာတာခြင်းနဲ့ သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါတယ်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဒီအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနဲ့ပတ်သက်ပြီး မကိုက်ညီတာ ဘာမှမရှိပါဘူး။ ဒီမကိုက်ညီတာမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မလဲ။ နိနေဝေမြို့သားတွေက နောင်တရခဲ့တဲ့အခါမှာ ဘုရားသခင်ဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်ရဲ့ အနှစ်သာရရဲ့ စစ်မှန်ခြင်းနဲ့ ထိပါးစော်ကားလို့မရနိုင်ခြင်းကို လူတွေကို မြင်စေခဲ့တယ်။ ဘုရားသခင်က လူတွေကို အောက်ပါအကြောင်းတွေကိုပြောဖို့ သူ့ရဲ့ သဘောထားကို အသုံးပြုခဲ့တယ်။ ဘုရားသခင်က လူတွေကို သည်းမခံတာ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ဘူး။ လူတွေက ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရတာက ရှားပါးနေတာပါ။ လူတွေက သူတို့ရဲ့မကောင်းတဲ့နည်းလမ်းတွေကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်ပစ်တာက ရှားပါးနေတာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဘုရားသခင်က လူသားကို ဒေါသထွက်တဲ့အခါမှာ လူသားဟာ အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်တယ်။ လူသားရဲ့ စစ်မှန်တဲ့ နောင်တကို မြင်ရဖို့ သူမျှော်လင့်တယ်။ ဒီလိုဆိုရင် သူဟာ လူသားအပေါ်ကို သူ့ရဲ့သနားညှာတာမှုနဲ့ သည်းခံခြင်းကို သဘောထားကြီးစွာနဲ့ ဆက်လက် ချပေးသနားမှာဖြစ်ပါတယ်။ ဆိုလိုတာက လူသားရဲ့ မကောင်းတဲ့ အပြုအမူက ဘုရားသခင်ရဲ့ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကိုနားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူတွေအပေါ်၊ သူတို့ရဲ့မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်လွှတ်နိုင်တဲ့သူတွေအပေါ် ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းတို့ကို ချပေးသနားပါတယ်။ ဘုရားသခင်ရဲ့ သဘောထားဟာ နိနေဝေမြို့သားတွေအပေါ် သူ့ရဲ့ ဆက်ဆံမှုမှာ သိပ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါတယ်။ ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းတို့ကိုရရှိဖို့ လုံးဝ မခက်ခဲပါဘူး။ သူဟာ စစ်မှန်တဲ့ နောင်တကို တောင်းဆိုတာပါ။ လူတွေက သူတို့ရဲ့ မကောင်းတဲ့နည်းလမ်းတွေကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စွန့်ပစ်ရင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါတယ်။

ဖန်ဆင်းရှင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ စစ်မှန်ပြီး ထင်ရှားတယ်

ဘုရားသခင်က နိနေဝေမြို့သားတွေအတွက် သူ့နှလုံးသားကို ပြောင်းလဲခဲ့တဲ့အခါမှာ သူ့ရဲ့သနားညှာတာမှုနဲ့ သည်းခံခြင်းဟာ လှည့်စားမှုတစ်ခုလား။ ဘယ်ဟုတ်ပါ့မလဲ။ ဒါဆိုရင် အကြောင်းအရာ တစ်ခုတည်းအတွင်းမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဒီလက္ခဏာသွင်ပြင်နှစ်ရပ်ကြား ပြောင်းလဲခြင်းက သင့်ကို ဘာကို မြင်စေသလဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ အလုံးစုံဖြစ်ပါတယ်။ ခွဲထွက်ခြင်း လုံးဝ မရှိပါဘူး။ လူတွေအပေါ်မှာ ဒေါသ သို့မဟုတ် သနားညှာတာမှုနဲ့ သည်းခံခြင်းကို သူပြသည်ဖြစ်စေ၊ ဒါတွေအားလုံးက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်တွေပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ စစ်မှန်ပြီး ထင်ရှားပါတယ်။ အကြောင်းအရာတွေ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်ပြီး သူ့ရဲ့အတွေးတွေနဲ့ သဘောထားတွေကို ပြောင်းလဲပါတယ်။ နိနေဝေမြို့သားတွေအပေါ် သူ့ရဲ့သဘောထား ပြောင်းလဲခြင်းက သူဟာ သူ့ကိုယ်ပိုင်အတွေးနဲ့ စိတ်ကူးတွေရှိတယ်ဆိုတာကို လူသားမျိုးနွယ်ကိုပြပါတယ်။ သူက စက်ရုပ် သို့မဟုတ် မြေရုပ်တုလည်း မဟုတ်ဘဲ အသက်ရှင်တဲ့ ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါတယ်။ နိနေဝေမြို့သားတွေကို သူတို့ရဲ့ သဘောထားတွေအရ သူတို့ရဲ့ အတိတ်တွေကို ခွင့်လွှတ်နိုင်သလို သူတို့ကို သူ စိတ်ဆိုးနိုင်ပါတယ်။ နိနေဝေမြို့သားတွေအပေါ် ကံဆိုးခြင်းတွေ သယ်ဆောင်လာဖို့ သူဆုံးဖြတ်နိုင်ပြီး သူတို့ရဲ့ နောင်တကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို သူပြောင်းလဲနိုင်ပါတယ်။ လူတွေက ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိဖို့အတွက် ပုံသေနည်းတွေသုံးရတာကို နှစ်သက်သလိုပဲ စည်းမျဉ်းတွေကို စက်ပစ္စည်းဆန်ဆန် အသုံးချဖို့ ပိုနှစ်သက်ပြီး ဘုရားသခင်ကို အဓိပ္ပာယ်သတ်မှတ်တည်ဆောက်ဖို့ စည်းမျဉ်းတွေကို အသုံးပြုဖို့ ပိုနှစ်သက်ကြတယ်။ ဒါကြောင့် လူသားရဲ့အတွေးနယ်ပယ်အရ ဘုရားသခင်က စဉ်းစားခြင်းမပြုလုပ်သလို အခြေအမြစ်ခိုင်လုံတဲ့ စိတ်ကူးတွေလည်း မရှိဘူး။ အမှန်စင်စစ်မှာတော့ ဘုရားသခင်ရဲ့အတွေးတွေဟာ အကြောင်းအရာတွေနဲ့ ပတ်ဝန်းကျင်တွေထဲက ပြောင်းလဲမှုတွေနဲ့အညီ အစဉ်တစိုက် ပြောင်းလဲနေပါတယ်။ ဒီအတွေးတွေက ပြောင်းလဲနေစဉ်မှာ ဘုရားသခင်ရဲ့ အနှစ်သာရရဲ့ မတူညီတဲ့ လက္ခဏာသွင်ပြင်တွေက ထုတ်ဖော်လာပါလိမ့်မယ်။ ဒီပြောင်းလဲခြင်းဖြစ်စဉ်အချိန်ကာလအတွင်း ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲတဲ့အချိန်ခဏမှာ သူဟာ လူသားမျိုးနွယ်ကို သူ့အသက်ရဲ့ဖြစ်တည်မှု အမှန်တရားကို ထုတ်ဖော်ပြပြီး သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားတယ်ဆိုတာကို ထုတ်ဖော်ပြတယ်။ ဒါ့အပြင် သူ့ရဲ့သည်းခံခြင်းနဲ့ သူ့ရဲ့ ချစ်ခင်ကြင်နာမှု၊ သူ့ရဲ့ သနားညှတာမှု၊ သူ့အမျက်ဒေါသ ဖြစ်တည်မှုတို့ရဲ့ သမ္မာတရားကို လူသားမျိုးနွယ်ကို သက်သေပြဖို့ သူ့ရဲ့ ကိုယ်ပိုင် စစ်မှန်တဲ့ ထုတ်ဖော်ခြင်းတွေကို ဘုရားသခင်က အသုံးပြုပါတယ်။ အကြောင်းအရာတွေ တိုးတက်ပြောင်းလဲမှုအရ သူ့ရဲ့အနှစ်သာရဟာ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ထုတ်ဖော်ပြပါလိမ့်မယ်။ ခြင်္သေ့ရဲ့ အမျက်ဒေါသ၊ မိခင်တစ်ယောက်ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းတို့ကို သူပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ဘယ်သူ့ကိုမှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပါဘူး။ အရာဝတ္ထုတွေအားလုံးနဲ့ အကြောင်းအရာတွေ အားလုံးထဲမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ ဘုရားသခင်ရဲ့ သနားညှာတာမှုဟာ အချိန်တိုင်း၊ နေရာတိုင်းမှာ ထုတ်ဖော်ပြနိုင်ပါတယ်။ သူဟာ ဒီသွင်ပြင်လက္ခဏာတွေကို သဘောသဘာဝရဲ့ နေရာတိုင်းမှာ ထင်ရှားစွာ ဖော်ပြပြီး အချိန်တိုင်းမှာ ထင်ရှားစွာ ဆောင်ရွက်ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့့်မတ်တဲ့ စိတ်သဘောထားဟာ အချိန် သို့မဟုတ် နေရာနဲ့ ကန့်သတ်ထားခြင်း မရှိပါဘူး။ သို့မဟုတ် တစ်နည်းပြောရရင် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားဟာ စက်ပစ္စည်းဆန်ဆန် ဖော်ပြခြင်း မဟုတ်ပါဘူး သို့မဟုတ် အချိန် သို့မဟုတ် နေရာရဲ့ အကန့်သတ်နဲ့ သတ်မှတ်ထားချက်အရ ထုတ်ဖော်ပြခြင်းမဟုတ်ပါဘဲ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ အချိန်တိုင်း နေရာတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ပြပါတယ်။ ဘုရားသခင်က သူ့နှလုံးသားကိုပြောင်းလဲပြီး သူ့ရဲ့ အမျက်ဒေါသကို ဖော်ပြခြင်းကို ရပ်တန့်ပြီးတော့ နိနေဝေမြို့ကို ဖျက်ဆီးခြင်းကို ရပ်လိုက်တာကို သင်မြင်တဲ့အခါ ဘုရားသခင်က သနားညှာတာခြင်းနဲ့ ချစ်ခြင်းသာဖြစ်တယ်လို့ သင်ဆိုနိုင်မလား။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အနှစ်မရှိတဲ့ စကားလုံးတွေပဲ ပါဝင်တယ်လို့ သင်ဆိုနိုင်မလား။ ဘုရားသခင်က သူ့ရဲ့ ပြင်းထန်တဲ့ အမျက်ဒေါသကို ဖော်ပြပြီး သူ့ရဲ့ သနားညှာတာမှုကို ရုတ်သိမ်းရင် လူသားမျိုးနွယ်အပေါ် သူဟာစစ်မှန်စွာမချစ်ဘူးလို့ သင်ဆိုနိုင်မလား။ ဘုရားသခင်က လူတွေရဲ့ မကောင်းတဲ့အပြုအမူတွေကို တုံ့ပြန်တဲ့အနေနဲ့ ပြင်းထန်တဲ့ အမျက်ဒေါသကို ဖော်ပြပါတယ်။ သူ့အမျက်ဒေါသမှာ မှားယွင်းမှု မပါဝင်ဘူး။ ဘုရားသခင်ရဲ့ နှလုံးသားဟာ လူတွေရဲ့ နောင်တအားဖြင့် ထိတွေ့ခံရပါတယ်။ သူ့နှလုံးသားကို ပြောင်းလဲတာကလည်း ဒီနောင်တပါပဲ။ သူထိတွေ့ခံရတာ သူ့ရဲ့နှလုံးသားပြောင်းလဲတာနဲ့ လူသားအပေါ် သူ့ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းဟာ အပြစ်အနာအဆာ လုံးဝ မရှိပါဘူး။ သန့်ရှင်းတယ်၊ သန့်စင်တယ်၊ အထိအခိုက်မရှိဘူး၊ စစ်မှန်ပါတယ်။ ဘုရားသခင်ရဲ့ သည်းခံခြင်းက သည်းခံခြင်းသက်သက်သာဖြစ်တယ်။ သူ့ရဲ့ သနားညှာတာမှုက သနားညှာတာမှုသက်သက်သာဖြစ်တယ်။ သူ့ရဲ့ စိတ်သဘောထားဟာ အမျက်ဒေါသနဲ့ သနားညှာတာမှု၊ သည်းခံမှုတို့ကို လူသားရဲ့ နောင်တနဲ့ သူ့ရဲ့ မတူညီတဲ့ အပြုအမူတွေနဲ့အညီ ထုတ်ဖော်ပြမှာဖြစ်ပါတယ်။ သူဘာကိုပဲ ထုတ်ဖော်ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပါတယ်။ အားလုံးက တိုက်ရိုက်ဖြစ်ပါတယ်။ သူ့အနှစ်သာရဟာ ဖန်ဆင်းခြင်းမှာရှိတဲ့ အရာအားလုံးကနေ ကွဲပြားပါတယ်။ ဘုရားသခင်ဖော်ပြတဲ့ လုပ်ရပ်တွေရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ သူ့ရဲ့အတွေးတွေ၊ စိတ်ကူးတွေ သို့မဟုတ် သီးသန့် ဆုံးဖြတ်ချက်တွေနဲ့ တစ်ခုချင်း အပြုအမူတွေဟာ မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းပါတယ်။ ဘုရားသခင် ဆုံးဖြတ်တဲ့အတိုင်း သူလုပ်ဆောင်ပါမယ်။ ဒီနည်းနဲ့ သူ့ရဲ့တာဝန်တွေကို သူပြည့်စုံစေပါတယ်။ ဒီလိုရလဒ်မျိုးက တိကျပြီး အမှားအယွင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့အရင်းအမြစ်က အမှားအယွင်းမရှိဘူး၊ အပြစ်အနာအဆာ မရှိပါဘူး။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အမှားအယွင်းမပါဝင်ပါဘူး။ အလားတူပဲ ဘယ်ဖန်ဆင်းခံမှ မပိုင်တဲ့ ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံခြင်းတို့ဟာ သန့်ရှင်းတယ်၊ အမှားကင်းတယ်။ နောက်ပြီး တွေးတောသုံးသပ်ခြင်းနဲ့ တွေ့ကြုံခံစားခြင်းတို့ကို ခံနိုင်ပါတယ်။

နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အနှစ်သာရရဲ့ တခြားဖက်ကို သင်တို့ မြင်သလား။ ဘုရားသခင်ရဲ့ အတုမရှိတဲ့ ဖြောင့်မတ်ခြင်း စိတ်သဘောထားရဲ့ တခြားဘက်ကို မြင်သလား။ လူသားမျိုးနွယ်ထဲမှာ ဒီလို စိတ်သဘောထားမျိုးကို ဘယ်သူပိုင်ဆိုင်သလဲ။ ဘုရားသခင်လိုမျိုး ဒီလို အမျက်ဒေါသကို ဘယ်သူ ပိုင်ဆိုင်သလဲ။ ဘုရားသခင်လိုမျိုး သနားညှာတာမှုနဲ့ သည်းခံခြင်းကို ဘယ်သူ ပိုင်ဆိုင်သလဲ။ ဖန်ဆင်းခံတွေထဲက ဘယ်သူက အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်အပေါ်ကို ဘေးဒုက္ခသယ်လာခြင်း သို့မဟုတ် ဖျက်ဆီးဖို့ ဆုံးဖြတ်နိုင်သလဲ။ လူသားကို သနားညှာတာမှုကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နဲ့ လူသားကိုဖျက်ဆီးဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ဘယ်သူက အရည်အချင်းမီသလဲ။ ဖန်ဆင်းရှင်ဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ့ရဲ့ကိုယ်ပိုင်အတုမရှိတဲ့ နည်းလမ်းနဲ့ အခြေခံသဘောတရားတွေကနေတစ်ဆင့် ဖော်ပြပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ သို့မဟုတ် အကြောင်းအရာတွေရဲ့ ထိန်းချုပ်မှု သို့မဟုတ် ကန့်သတ်မှုကို သူမခံရပါဘူး။ သူ့ရဲ့ အတုမရှိတဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အတွေးတွေနဲ့ စိတ်ကူးတွေကို ဘယ်သူကမှ မပြောင်းလဲနိုင်သလို သူ့ကို ဆွဲဆောင်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဘယ်တစ်ခုကိုမှ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဖန်ဆင်းခံတွေရဲ့ အပြုအမူနဲ့အတွေးအားလုံးဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ တရားစီရင်မှု အောက်မှာ ရှိတယ်။ အမျက်ဒေါသ သို့မဟုတ် သနားညှာတာမှုကို သူအသုံးပြုမလားဆိုတာကို ဘယ်သူကမှ မထိန်းချုပ်နိုင်ဘူး။ ဖန်ဆင်းရှင်ရဲ့ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရရင် ဖန်ဆင်းရှင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကသာ ဒါကို ဆုံးဖြတ်နိုင်ပါတယ်။ ဒါဟာ ဖန်ဆင်းရှင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိတဲ့ သဘောသဘာဝဖြစ်ပါတယ်။

နိနေဝမြို့သားတွေအပေါ် ဘုရားသခင်ရဲ့ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ပြီးတာနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအတွင်းမှာတွေ့ရတဲ့ သနားညှာတာမှုကို ဖော်ပြဖို့ “အတုမရှိ” ဆိုတဲ့စကားလုံးကို သင်တို့ အသုံးပြုနိုင်သလား။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ သူ့ရဲ့ အတုမရှိတဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားရဲ့ အနှစ်သာရရဲ့ လက္ခဏာသွင်ပြင်တစ်ခုဖြစ်တယ်လို့ ရှေ့တုန်းက ပြောခဲ့ပါတယ်။ အခု ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ ဘုရားသခင်ရဲ့ သနားညှာတာမှုဖြစ်တဲ့ လက္ခဏာသွင်ပြင် နှစ်ခုကို သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုပါမယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ သန့်ရှင်းပါတယ်။ ဒါကို ထိပါးစော်ကားလို့မရနိုင်သလို မေးခွန်းထုတ်လို့လည်း မရနိုင်ပါဘူး။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်တဲ့ သက်ရှိတွေထဲမှာ ဘယ်သူကမှ မပိုင်ဆိုင်တဲ့ အရာဖြစ်ပါတယ်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ သန့်ရှင်းပြီး ထိပါးစော်ကားလို့မရနိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ တခြားလက္ခဏာသွင်ပြင်တစ်ခုဖြစ်တဲ့ ဘုရားသခင်ရဲ့ သနားညှာတာခြင်းဟာ သန့်ရှင်းပြီး ထိပါးစော်ကားလို့ မရနိုင်ပါဘူး။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်တဲ့ ဘယ်သတ္တဝါမဆို သူ့ရဲ့လုပ်ဆောင်ချက်တွေထဲမှာ ဘုရားသခင်ကို အစားထိုးလို့ သို့မဟုတ် ကိုယ်စားပြုလို့မရနိုင်သလို သောဒုံမြို့ကို ဖျက်ဆီးခြင်းမှာ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်းမှာ ဘယ်သူကမှ သူ့ကို အစားထိုးလို့ သို့မဟုတ် ကိုယ်စားပြုလို့ မရနိုင်ပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ အတုမရှိ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ စစ်မှန်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်ရဲ့ ရိုးသားဖြူစင်တဲ့ ခံစားချက်များ

ဘုရားသခင်ကို သိဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူးလို့ လူတွေက မကြာခဏပြောကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို သိဖို့က လုံးဝ ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူးလို့ ငါပြောမယ်။ ဘုရားသခင်က လူသားကို သူ့ရဲ့လုပ်ဆောင်ချက်တွေကို မကြာခဏ မြင်တွေ့ခွင့်ပေးတဲ့အတွက်ပါ။ ဘုရားသခင်ဟာ လူသားမျိုးနွယ်နဲ့ သူ့ရဲ့ အပြန်အလှန်ပြောဆိုတာတွေကို ဘယ်တော့မှ မရပ်တန့်ပါဘူး။ သူဟာ လူသားဆီကနေ သူ့ကိုယ်သူ တစ်ခါမှ မဖုံးကွယ်သလို သူ့ကိုယ်သူ ပုန်းကွယ်နေတာမျိုးလည်း မလုပ်ပါဘူး။ သူ့အတွေးတွေ၊ သူ့စိတ်ကူးတွေ၊ သူ့စကားလုံးတွေနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအားလုံးကို လူသားမျိုးနွယ်အပေါ် ထုတ်ဖော်ပြပါတယ်။ ဒါကြောင့် လူသားက ဘုရားသခင်ကို သိချင်နေသမျှ အကြောင်းအရာ၊ နည်းလမ်းပေါင်းစုံကနေတစ်ဆင့် သူ့ကို သိပြီး နားလည်လာနိုင်ပါတယ်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ရှောင်ဖယ်နေတယ်၊ ဘုရားသခင်က လူသားမျိုးနွယ်ဆီကနေ တမင်သက်သက် ပုန်းကွယ်နေတယ်၊ ဘုရားသခင်က လူသားကို သူ့ကို သိပြီး နားလည်လာဖို့ အခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ လူသားက မျက်ကန်းတောတိုး ထင်ရတဲ့အကြောင်းက ဘုရားသခင်က ဘယ်သူလဲဆိုတာကို သူမသိသလို ဘုရားသခင်ကိုလည်း သူနားလည်ချင်တဲ့ ဆန္ဒမရှိတဲ့အတွက်ကြောင့်ပါ။ နောက်ပြီးတော့ သူဟာ ဖန်ဆင်းရှင်ရဲ့ အတွေးတွေ၊ နှုတ်ကပတ်တော်တွေ သို့မဟုတ် လုပ်ဆောင်ချက်တွေကိုလည်း အရေးစိုက်ခြင်းမရှိပါဘူး။ အမှန်အတိုင်းပြောရရင် ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော်တွေ သို့မဟုတ် လုပ်ဆောင်ချက်တွေအပေါ် အာရုံစိုက်ပြီး နားလည်ဖို့၊ ဖန်ဆင်းရှင်ရဲ့ အတွေးတွေနဲ့ သူ့နှလုံးသားထဲကအသံကို နည်းနည်းအာရုံစိုက်ဖို့ သူတို့ရဲ့အားလပ်တဲ့အချိန်တွေကိုသာ အသုံးပြုလိုက်ရင် ဖန်ဆင်းရှင်ရဲ့ အတွေးတွေ၊ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်တွေဟာ သိမြင်နိုင်ပြီး ထင်ရှားတယ်ဆိုတာကို သိမြင်ဖို့ သူတို့အတွက် ခက်ခဲမှာမဟုတ်ပါဘူး။ ဒီလိုပဲ ဖန်ဆင်းရှင်က လူသားရဲ့ကြားမှာ အချိန်ပြည့်ရှိတယ်ဆိုတာ၊ သူဟာ လူသားနဲ့ ဖန်ဆင်းခံတွေရဲ့ အလုံးစုံနဲ့ အမြဲတမ်း စကားပြောတယ်ဆိုတာ၊ နေ့စဉ် လုပ်ဆောင်ချက်အသစ်တွေကို သူဆောင်ရွက်နေတယ်ဆိုတာကို သိမြင်ဖို့ အားထုတ်မှု အနည်းငယ်ပဲ လိုပါတယ်။ သူ့ရဲ့အနှစ်သာရနဲ့ စိတ်သဘောထားဟာ လူသားနဲ့ပြောတဲ့ သူ့ရဲ့စကားတွေမှာ ဖော်ပြပါတယ်။ သူ့အတွေးတွေနဲ့ စိတ်ကူးတွေဟာ သူ့လုပ်ဆောင်မှုတွေမှာ လုံးဝ ထုတ်ဖော်ပြထားပါတယ်။ သူဟာ လူသားမျိုးနွယ်ကို အချိန်ပြည့် အဖော်ပြုလုပ်ပြီး လေ့လာကြည့်ရှုပါတယ်။ သူ့ရဲ့ တိတ်ဆိတ်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လူသားမျိုးနွယ်နဲ့ ဖန်ဆင်းခံအားလုံးကို သူတိတ်ဆိတ်စွာ စကားပြောပါတယ်။ ငါဟာ ကောင်းကင်ဘုံမှာရှိတယ်။ ငါဟာ ငါ့ရဲ့ဖန်ဆင်းခံတွေကြားမှာရှိတယ်။ ငါစောင့်ကြည့်နေတယ်။ ငါစောင့်ဆိုင်းနေတယ်။ ငါက သင့်ရဲ့ဘေးမှာရှိတယ်။ သူ့လက်တွေက နွေးထွေးပြီး သန်မာတယ်။ သူ့ရဲ့ခြေလှမ်းတွေက ပေါ့ပါးတယ်။ သူ့အသံဟာ နူးညံ့ပြီး ကျက်သရေရှိတယ်။ သူ့ရဲ့ပုံသဏ္ဌာန်ဟာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သန်း လှည့်လည်သွားလာတယ်။ သူ့ရဲ့မျက်နှာဟာ လှပပြီး သိမ်မွေ့တယ်။ သူဟာ ဘယ်တော့မှ ထွက်ခွာမသွားလို ပျောက်ကွယ်မသွားဘူး။ မိုးလင်းကနေ မိုးချုပ်အထိ သူဟာ လူသားမျိုးနွယ်ရဲ့ အမြဲတမ်း အဖော်တစ်ယောက်ဖြစ်တယ်။ နိနေဝေမြို့ကို သူကယ်တင်ခဲ့တဲ့အခါမှာ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ စိတ်နှစ်မြှုပ်ထားတဲ့ ဂရုစိုက်မှုနဲ့ အထူးချစ်ခင်မှု၊ လူသားအတွက် သူ့ရဲ့စစ်မှန်တဲ့ အလေးထားမှုနဲ့ ချစ်ခြင်းတို့ဟာ နည်းနည်းချင်းစီ ပြသခဲ့တယ်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နဲ့ ယောနတို့ကြားက ခွန်းတုံ့ဖလှယ်မှုဟာ သူကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ရဲ့ သနားမှုကို ပိုပြီးတော့ဖွင့်ပြပါတယ်။ ဒီစကားလုံးတွေကတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ရိုးသားဖြူစင်တဲ့ ခံစားချက်အပေါ် လေးနက်တဲ့ နားလည်မှုကို သင်ရရှိနိုင်ပါတယ်။

အောက်ပါအချက်က ယောနဝတ္ထု ၄:၁၀-၁၁ မှာ မှတ်တမ်းတင်ထားပါတယ်။ “ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။” ဒါတွေက အမှန်တကယ်ပဲ ယေဟောဝါဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်ပြီး သူနဲ့ ယောနကြားက စကားပြောဆိုခြင်းတွေပါပဲ။ ဒီခွန်းတုံ့ဖလှယ်ခြင်းက အတိုချုပ်ဖြစ်ပေမဲ့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ရဲ့ ဂရုစိုက်မှုနဲ့၊ လူသားကို လက်လွတ်ဖို့ သူ့ရဲ့ဝန်လေးခြင်းတွေနဲ့ ပြည့်လျှံနေပါတယ်။ ဒီစကားလုံးတွေက သူ့ဖန်ဆင်းခံတွေအတွက် သူ့နှလုံးသားထဲမှာ ဘုရားသခင် ကိုင်ဆောင်ထားတဲ့ သဘောထားနဲ့ ခံစားချက်ကို ဖော်ပြပြီး ဒီရှင်းလင်းပြတ်သားတဲ့ စကားလုံးတွေ၊ ဒီလိုအရာမျိုးဟာ လူသားက သိပ်ကြားရလေ့မရှိပါဘူး။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြပါတယ်။ ဒီခွန်းတုံ့ဖလှယ်ခြင်းက နိနေဝေမြို့အပေါ် ဘုရားသခင်ကိုင်စွဲထားတဲ့ သဘောထားတစ်ခုကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ ဘယ်လိုသဘောထားမျိုးလဲ။ သူတို့ရဲ့ နောင်တမတိုင်မီနဲ့ နောင်တပြီးနောက်မှာ သူကိုင်စွဲခဲ့တဲ့ သဘောထားပါပဲ။ ဘုရားသခင်က ဒီပုံစံနဲ့ပဲ လူသားမျိုးနွယ်ကို ဆက်ဆံပါတယ်။ ဒီစကားတွေအတွင်းမှာ သူ့ရဲ့အတွေးတွေနဲ့ သူ့ စိတ်သဘောထားကို ရှာဖွေကြည့်နိုင်ပါတယ်။

ဘုရားသခင်ရဲ့ ဘာအတွေးတွေက ဒီစကားလုံးတွေမှာ ဖော်ပြနေတာလဲ။ ဂရုစိုက်ဖတ်တဲ့အခါမှာ သူဟာ “သနား” ဆိုတဲ့စကားလုံးကို အသုံးပြုတယ်ဆိုတာကို ချက်ချင်းပဲ ထုတ်ဖော်ပြပါတယ်။ ဒီစကားလုံးကို အသုံးပြုခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ တကယ့် သဘောထားအမှန်ကို ပြပါတယ်။

ဝေါဟာရဆိုင်ရာ ရှုထောင့်ကနေဆိုရင် “သနား”ဆိုတဲ့စကားလုံးကို မတူညီတဲ့နည်းလမ်းတွေနဲ့ အဓိပ္ပာယ်ပြန်လို့ရပါတယ်။ ပထမအနေနဲ့၊ ချစ်ခြင်းနဲ့ကာကွယ်ခြင်း၊ တစ်ခုခုအပေါ် ကြင်နာသနားခြင်း၊ ဒုတိယအနေနဲ့ အလွန်ချစ်ခြင်း၊ နောက်ဆုံး မနာကျင်စေလိုခြင်းနဲ့ ဒီလိုမလုပ်ရက်နိုင်ခြင်းတို့ဖြစ်တယ်။ အချုပ်အားဖြင့် သနားကြင်နာတဲ့ ချစ်ခင်မှုနဲ့ ချစ်ခြင်း၊ တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခုကို လက်မလွတ်ချင်တဲ့ ဆန္ဒရှိခြင်းတို့ကို ညွှန်းဆိုတယ်။ လူသားအပေါ် ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ သည်းခံမှုတို့ကို ဆိုလိုပါတယ်။ ဘုရားသခင်က လူတွေကြားထဲမှာ အသုံးများတဲ့ စကားလုံးတစ်ခုကို အသုံးပြုခဲ့ပေမဲ့ ဒီစကားလုံးကို အသုံးပြုခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ နှလုံးသားရဲ့အသံနဲ့ သူ့ရဲ့သဘောထားကို ဖွင့်ပြပါတယ်။

နိနေဝေမြို့ဟာ သောဒုံမြို့မှာရှိတဲ့လူတွေလို ဖောက်ပြန်ပျက်ဆီးခြင်း၊ ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့နဲ့ ပြည့်နေတဲ့လူတွေရှိပေမဲ့ သူတို့ရဲ့ နောင်တက ဘုရားသခင်ကို သူ့နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးဖို့ ဆုံးဖြတ်စေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ညွှန်ကြားမှုတွေအပေါ် သူတို့ရဲ့ တုံ့ပြန်မှုက သောဒုံမြို့သားတွေနဲ့ သိသာတဲ့ ကွာခြားချက်ရှိတဲ့ သဘောထားတစ်ခုကို ပြသခဲ့တာကြောင့်၊ ဘုရားသခင်အပေါ် သူတို့ရဲ့ ရိုးသားတဲ့ ဆက်ကပ်အပ်နှံမှုနဲ့ သူတို့အပြစ်အတွက် ရိုးသားတဲ့ နောင်တအပြင် အရာရာမှာ သူတို့ရဲ့ မှန်ကန်ပြီး ရိုးသားဖြူစင်တဲ့ အပြုအမူကြောင့် ဘုရားသခင်ဟာ သူ့ရဲ့ လေးနက်တဲ့ သနားခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ပြီး သူတို့ကို ချပေးသနားခဲ့တယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ဆုလာဘ်နဲ့ သူ့ရဲ့သနားခြင်းဟာ လူတိုင်းအတွက် အတုခိုးဖို့ မဖြစ်နိုင်ပါ။ ဘုရားသခင်ရဲ့ သနားညှာတာခြင်း သို့မဟုတ် သည်းခံခြင်းကို ဘယ်သူမှ မပိုင်ဆိုင်နိုင်သလို လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ရိုးသားဖြူစင်တဲ့ ခံစားချက်ကိုလည်း မပိုင်ဆိုင်နိုင်ပါဘူး။ လူသားမျိုးနွယ်ကို သို့မဟုတ် ဖန်ဆင်းခံများကို ဒီလို ဖော်ပြချက်မျိုးပြုလုပ်မယ့် ကြီးမြတ်တဲ့ ယောက်ျား သို့မဟုတ် မိန်းမအနေနဲ့ သို့မဟုတ် မြင့်မားတဲ့နေရာကနေ၊ အထက်တစ်နေရာကနေ စကားပြောမယ့် ကြီးမြတ်တဲ့ယောက်ျား သို့မဟုတ် မိန်းမ သို့မဟုတ် အာဂလူလို့တောင် သင်အသိအမှတ်ပြုတဲ့ သူ တစ်ယောက်ယောက်ရှိပါသလား။ လူသားမျိုးနွယ်ထဲက ဘယ်သူက လူသားမျိုးနွယ်ရဲ့ အသက်ရှင်နေထိုင်တဲ့ အခြေအနေတွေကို သူတို့လက်ရဲ့ လက်ဖဝါးကိုသိသလို သိနိုင်ပါသလဲ။ လူသားမျိုးနွယ်ရဲ့ ဖြစ်တည်မှုအတွက် တာဝန်ဝတ္တရားနဲ့ ဝန်ထုတ်ဝန်ပိုးကို ဘယ်သူခံနိုင်ပါသလဲ။ မြို့တစ်မြို့ရဲ့ ပျက်စီးခြင်းကို ကြွေးကြော်နိုင်စွမ်း ဘယ်သူ့မှာများ ရှိသလဲ။ နောက်ပြီး ဘယ်သူက မြို့တစ်မြို့ကို ခွင့်လွှတ်နိုင်စွမ်းရှိပါသလဲ။ သူတို့ကိုယ်တိုင်ရဲ့ ဖန်ဆင်းချက်တွေကို သူတို့ချစ်မြတ်နိုးတယ်လို့ ဘယ်သူကပြောနိုင်ပါသလဲ။ ဖန်ဆင်းရှင်သာလျှင်ဖြစ်ပါတယ်။ ဖန်ဆင်းရှင်သာလျှင် ဒီလူသားမျိုးနွယ်အပေါ် သနားခြင်းရှိပါတယ်။ ဖန်ဆင်းရှင်သာလျှင် ဒီလူသားမျိုးနွယ်ကို ကြင်နာသနားခြင်းနဲ့ ချစ်ခင်ခြင်းကို ပြပါတယ်။ ဖန်ဆင်းရှင်သာလျှင် ဒီလူသားမျိုးနွယ်အတွက် မှန်ကန်ပြီး ချိုးဖောက်လို့မရတဲ့ ချစ်ခင်မှုကို ကိုင်စွဲထားတာပါ။ ဒီလိုပါပဲ ဖန်ဆင်းရှင်သာလျှင် ဒီလူသားမျိုးနွယ်ကို သနားညှာတာမှု ချပေးသနားနိုင်ပြီး သူ့ရဲ့ဖန်ဆင်းခံအားလုံးကို ချစ်မြတ်နိုးနိုင်ပါတယ်။ လူသားရဲ့ လုပ်ဆောင်မှုတိုင်းမှာ သူ့နှလုံးသားဟာ ခုန်ပြီး နာကျင်ပါတယ်။ သူဟာ လူသားရဲ့ဆိုးယုတ်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုအပေါ်မှာ ဒေါသထွက်တယ်၊ စိတ်ဆင်းရဲတယ်၊ ကြေကွဲဝမ်းနည်းပါတယ်။ သူဟာ လူသားရဲ့ နောင်တနဲ့ ယုံကြည်မှုအတွက် ကျေနပ်တယ်၊ ပျော်ရွှင်တယ်၊ ခွင့်လွှတ်ပြီး ပျော်ရွှင်ဝမ်းမြောက်ပါတယ်။ သူ့ရဲ့အတွေးတွေနဲ့ စိတ်ကူးစိတ်သန်းတွေ တစ်ခုချင်းစီတိုင်းဟာ လူသားမျိုးနွယ်အတွက် တည်ရှိပြီး လူသားမျိုးနွယ်ကို အဓိက အလေးထားပါတယ်။ သူ့ရဲ့ဖြစ်ခြင်းနဲ့ အရာအားလုံးက လူသားမျိုးနွယ် အကျိုးအတွက်သာ ဖော်ပြပါတယ်။ သူ့ရဲ့စိတ်ခံစားမှုတွေတစ်ခုလုံးဟာ လူသားမျိုးနွယ်ရဲ့ ဖြစ်တည်မှုနဲ့ ရစ်လိမ်နေပါတယ်။ လူသားမျိုးနွယ်ရဲ့အကျိုးအတွက် သူသွားလာပြီး ပြေးလွှားလုပ်ကိုင်တယ်။ သူ့ရဲ့ဘဝ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို တိတ်ဆိတ်စွာ ပေးအပ်တယ်။ သူ့ဘဝရဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကို ပေးဆပ်နှစ်မြှုပ်ထားတယ်။ သူ့ရဲ့ကိုယ်ပိုင်ဘဝကို ဘယ်လိုသနားရမယ်ဆိုတာကို သူတစ်ခါမှ မသိဘူး။ ဒါပေမဲ့ သူကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်ကို သူအမြဲတမ်း သနားပြီး ချစ်မြတ်နိုးခဲ့တယ်။ သူရှိသမျှ အရာအားလုံးကို ဒီလူသားမျိုးနွယ်ကို ပေးအပ်တယ်။ သူ့ရဲ့ သနားညှာတာမှုကို ချီးမြှင့်ပေးပြီး အကြွင်းမဲ့ သည်းခံတယ်။ ဆုလာဘ်ပြန်လည်ရယူဖို့ မျှော်လင့်ချက်မပါဝင်ဘူး။ လူသားမျိုးနွယ်ဟာ အသက်အတွက် သူ့ရဲ့ ပံ့ပိုးမှုကို ရယူရင်း သူ့မျက်စိရှေ့မှာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက်သာ ဒီအရာကို သူလုပ်ပါတယ်။ လူသားမျိုးနွယ်ဟာ တစ်နေ့ကျရင် သူ့ရှေ့မှာ ဆက်ကပ်အပ်နှံပြီး လူသားရဲ့ ဖြစ်တည်မှုကို အားဖြစ်စေပြီး ဖန်ဆင်းခံအားလုံးရဲ့ အသက်ကို ပံ့ပိုးတဲ့သူဟာ သူပဲဆိုတာကို သိမြင်စေဖို့အတွက်သာ ဖြစ်ပါတယ်။

ဖန်ဆင်းရှင်ဟာ လူသားမျိုးနွယ်အတွက် သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖော်ပြပါတယ်

ယေဟောဝါဘုရားသခင်နဲ့ ယောနကြားက ဒီစကားပြောဆိုခြင်းဟာ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ရဲ့ စစ်မှန်တဲ့ ခံစားချက် ဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင် သူ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဖန်ဆင်းခံအားလုံးအပေါ် ဖန်ဆင်းရှင်ရဲ့နားလည်မှုကို လူတွေကို သိစေပါတယ်။ ယေဟောဝါဘုရားသခင် ပြောသလိုပါပဲ။ “ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။” တစ်နည်းပြောရရင် နိနေဝေအပေါ် ဘုရားသခင်ရဲ့ နားလည်မှုဟာ သာမန်ကာလျှံကာ နားလည်မှုမျိုးထက် အများကြီးကွာပါတယ်။ မြို့ထဲမှာရှိတဲ့ သက်ရှိတွေရဲ့ အရေအတွက်ကို သိရုံတင်မကဘဲ (လူတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေအပါအဝင်) လူဘယ်နှစ်ယောက်က သူတို့ရဲ့ညာဘက်နဲ့ဘယ်ဘက်ကို မခွဲခြားတတ်ဘူးဆိုတာကိုလည်း သိပါတယ်။ ဆိုလိုတာက ကလေးတွေနဲ့ လူငယ်တွေ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာကိုပါ။ ဒါဟာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ သိပ်ကောင်းတဲ့ နားလည်ခြင်းအတွက် တိကျတဲ့ သက်သေပဲဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင် ဒီစကားပြောဆိုခြင်းဟာ လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်ရဲ့ သဘောထားကို လူတွေကို သိစေပါတယ်။ ဖန်ဆင်းရှင်ရဲ့ နှလုံးသားထဲမှာ လူသားမျိုးနွယ်ရဲ့ အရေးပါမှုကို ဆိုလိုပါတယ်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သလိုပါပဲ။ “သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော” ဒါတွေက ယေဟောဝါ ဘုရားသခင်က ယောနကို အပြစ်တင်တဲ့ စကားလုံးတွေဖြစ်ပေမဲ့ အားလုံးက မှန်ကန်ပါတယ်။

ယောနဟာ နိနေဝေမြို့ကလူတွေကို ယေဟောဝါဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြေညာဖို့ တာဝန်ပေးစေခိုင်းခံရပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို သူမသိခဲ့သလို ဒီမြို့ကလူတွေအတွက် သူ့ရဲ့ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေကိုလည်း သူနားမလည်ခဲ့ပါဘူး။ ဒီအပြစ်တင်ခြင်းနဲ့အတူ ဘုရားသခင်က လူသားမျိုးနွယ်ဟာ သူ့လက်ရဲ့ထုတ်ကုန်တွေဖြစ်တယ်ဆိုတာကို သူ့ကိုပြောဖို့ ရည်ရွယ်ပါတယ်။ ဘုရားသခင်ဟာ လူတစ်ယောက်ချင်းစီတိုင်းအတွက် သေသေချာချာဂရုတစိုက် အားထုတ်ခဲ့တယ်။ လူတိုင်းဟာ သူတို့နဲ့အတူ ဘုရားသခင်ရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ထားတယ်။ လူတိုင်းဟာ ဘုရားသခင်ရဲ့အသက်ရဲ့ ပံ့ပိုးမှုကို ခံစားရတယ်။ လူတိုင်းအတွက် ဘုရားသခင်က ဒုက္ခခံပေးဆပ်ခဲ့တယ်။ ယောနက ကြက်ဆူပင်ကို ချစ်မြတ်နိုးသလိုပဲ ဘုရားသခင်ဟာ သူကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုဖြစ်တဲ့ လူသားမျိုးနွယ်ကို ချစ်မြတ်နိုးတယ် ဆိုတာကိုလည်း ဒီအပြစ်တင်ခြင်းက ယောနကို ပြောပြပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံး ဖြစ်နိုင်တဲ့အချိန် မတိုင်ခင်အထိ သူတို့ကို လွယ်လွယ်နဲ့ လုံးဝ စွန့်လွှတ်မှာမဟုတ်ပါဘူး။ နောက်ပြီး မြို့ထဲမှာ ကလေးတွေ အများကြီးနဲ့ အပြစ်မရှိတဲ့ မွေးမြူရေးတိရစ္ဆာန်တွေလည်း ရှိပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ဒီငယ်ရွယ်ပြီး အသိမဲ့တဲ့ သူတို့ရဲ့ညာလက်နဲ့ ဘယ်လက်ကိုတောင် မခွဲခြားနိုင်တဲ့ သူတွေကို ကိုင်တွယ်တဲ့အခါမှာ၊ ဘုရားသခင်ဟာ သူတို့ရဲ့အသက်တွေကို အဆုံးသတ်ပြီး သူတို့ရဲ့ ရလဒ်တွေကို အလောတကြီး သတ်မှတ်ဆုံးဖြတ်ဖို့ ပိုပြီးတော့တောင် မလုပ်နိုင်ခဲ့ပါဘူး။ ဘုရားသခင်ဟာ သူတို့ ကြီးထွားတာကိုမြင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ရှေးလူကြီးတွေလို တူညီတဲ့လမ်းကြောင်းကို မလျှောက်ကြဖို့၊ ယေဟောဝါဘုရားသခင်ရဲ့ သတိပေးချက်ကို ထပ်ပြီး မကြားရဖို့၊ နိနေဝေမြို့ရဲ့ အတိတ်ကို သူတို့ တွေ့မြင်ကြဖို့ သူမျှော်လင့်ပါတယ်။ ဒါ့အပြင် နောင်တရပြီးနောက် နိနေဝေမြို့ကို မြင်တွေ့ရဖို့၊ နောင်တနောက်မှာ နိနေဝေမြို့ရဲ့ အနာဂတ်ကို မြင်တွေ့ရဖို့၊ ပိုအရေးကြီးတာက၊ ဘုရားသခင်ရဲ့ သနားညှာတာမှုအောက်မှာ နိနေဝေမြို့က နောက်တစ်ဖန် ရှင်သန်တာကို မြင်ရဖို့ ဘုရားသခင် မျှော်လင့်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အမြင်မှာ သူတို့ရဲ့ညာဘက်နဲ့ ဘယ်ဘက်ကို မခွဲခြားနိုင်တဲ့ ဖန်ဆင်းခြင်းခံရတဲ့အရာများဟာ နိနေဝေမြို့ရဲ့ အနာဂတ်ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ နိနေဝေမြို့ရဲ့ အတိတ်နဲ့အနာဂတ်ကို မျက်မြင်သက်သေဖြစ် အရေးကြီးတဲ့တာဝန်ကို သူတို့ ထမ်းရွက်မှာဖြစ်သလိုမျိုးပဲ သူတို့ဟာ နိနေဝေမြို့ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အတိတ်ကို တာဝန်ယူမှာဖြစ်ပါတယ်။ သူ့ရဲ့ ဒီစစ်မှန်တဲ့ ခံစားချက်တွေကို ကြေညာခြင်းမှာ ယေဟောဝါဘုရားသခင်ဟာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ဖန်ဆင်းရှင်ရဲ့ သနားညှာတာမှုကို တင်ပြခဲ့ပါတယ်။ “ဖန်ဆင်းရှင်ရဲ့ သနားညှာတာမှု”ဟာ အနှစ်မရှိတဲ့ စကားစုတစ်ခု မဟုတ်သလို အပေါ်ယံကတိတစ်ခုလည်း မဟုတ်ဘူးဆိုတာကို လူသားမျိုးနွယ်ကို ပြသခဲ့ပါတယ်။ တိကျတဲ့ စည်းမျဉ်းတွေ၊ နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ သူဟာ မှန်ကန်ပြီး စစ်မှန်ပါတယ်။ လိမ်ညာခြင်းတွေ သို့မဟုတ် ဟန်ဆောင်မှုတွေကို အသုံးမပြုဘူး။ ဒီတူညီတဲ့ပုံစံနဲ့ သူ့ရဲ့ သနားညှာတာမှုကို အချိန်တိုင်း ခေတ်ကာလတိုင်းမှာ လူသားမျိုးနွယ်အပေါ်ကို အဆုံးမရှိ ပေးသနားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ယောနနဲ့ဖန်ဆင်းရှင်ရဲ့ ခွန်းတုံ့ဖလှယ်ခြင်းဟာ သူဟာ လူသားမျိုးနွယ်ကို ဘာကြောင့် သက်ညှာမှုပြခဲ့တယ်၊ လူသားမျိုးနွယ်ကို သက်ညှာမှုကို ဘယ်လိုပြခဲ့တယ်၊ လူသားမျိုးနွယ်ကို သူဘယ်လောက်သည်းခံပြီး လူသားမျိုးနွယ်အတွက် သူ့ရဲ့ စစ်မှန်တဲ့ခံစားချက်က ဘယ်လိုဆိုတာကိုပြတဲ့ ဘုရားသခင်ရဲ့ တစ်ခုတည်းသော အထူးသီးသန့် နှုတ်အားဖြင့် ဖော်ပြချက်ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင်ရဲ့ လိုရင်းတိုရှင်းဖြစ်တဲ့ စကားပြောဆိုမှုမှာ လူသားမျိုးနွယ်အတွက် သူ့ရဲ့ပြည်စုံတဲ့ အတွေးတွေကို ဖော်ပြပါတယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ် သူ့နှလုံးသား သဘောထားရဲ့ မှန်ကန်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အပေါ် ပေါများလှတဲ့ သနားညှာတာမှုတို့ ချပေးသနားခြင်းရဲ့ တိကျတဲ့သက်သေလည်းဖြစ်ပါတယ်။ သူ့ရဲ့ သနားညှာတာမှုဟာ လူသားမျိုးနွယ်ရဲ့ အသက်ကြီးပိုင်းမျိုးဆက်တွေကို ချပေးသနားရုံတင်မကဘဲ လူသားမျိုးနွယ်ရဲ့ ငယ်ရွယ်တဲ့ အဖွဲ့ဝင်တွေကိုလည်း ပေးအပ်ပါတယ်။ မျိုးဆက်တစ်ခုကနေ နောက်တစ်ခုအထိ ပြုလုပ်နေကျအတိုင်းပါပဲ။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ လူသားမျိုးနွယ်ရဲ့ တစ်ချို့ခေတ်တွေ၊ တစ်ချို့ထောင့်တစ်နေရာတို့အပေါ် မကြာခဏ သက်ရောက်လာတတ်ပေမဲ့ ဘုရားသခင်ရဲ့ သနားညှာတာမှုဟာ ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့သနားညှာတာမှုနဲ့ သူဟာ သူ့ဖန်ဆင်းခြင်း မျိုးဆက်တွေကို တစ်ဆက်ပြီး နောက်တစ်ဆက် လမ်းညွှန် ဦးဆောင်ပါတယ်။ ဖန်ဆင်းခြင်းရဲ့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ပံ့ပိုးပြီး ပြုစုပျိုးထောင်တယ်။ လူသားမျိုးနွယ်အပေါ် သူ့ရဲ့စစ်မှန်တဲ့ ခံစားချက်က ဘယ်တော့မှ မပြောင်းတဲ့အတွက်ကြောင့်ပါ။ “နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော”လို့ ယေဟောဝါ ဘုရားသခင် ပြောခဲ့သလိုပါပဲ။ သူကိုယ်တိုင်ရဲ့ ဖန်ဆင်းခြင်းတွေကို သူအမြဲတမ်းချစ်မြတ်နိုးပါတယ်။ ဒါဟာ ဖန်ဆင်းရှင်ရဲ့ ဖြောင့်မတ်တဲ့သဘောထားရဲ့ သနားညှာတာမှုဖြစ်ပြီး ဖန်ဆင်းရှင်ရဲ့ သန့်စင်တဲ့ အတုမရှိခြင်းလည်း ဖြစ်ပါတယ်။

လူငါးမျိုး

လောလောဆယ်မှာတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး ငါတို့ရဲ့ မိတ်သဟာယပြုခြင်းကို ဒီနေရာမှာပဲ ဆုံးလိုက်ပါမယ်။ နောက်တစ်ခုက ဘုရားသခင်ရဲ့ နောက်လိုက်တွေကို ဘုရားသခင်အပေါ် သူတို့ရဲ့နားလည်မှုနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သူတို့ရဲ့ နားလည်မှုနဲ့ အတွေ့အကြုံနဲ့အညီ အမျိုးအစားခွဲခြားပါမယ်။ သင်တို့နဲ့သက်ဆိုင်တဲ့လက်ရှိအဆင့်နဲ့ သင်တို့ရဲ့ လက်ရှိဝိညာဉ်အသက်တာကို သိနိုင်ဖို့အတွက်ပါ။ ဘုရားသခင်အပေါ် သူတို့ရဲ့အသိပညာနဲ့ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သူတို့ရဲ့နားလည်မှုနဲ့ပတ်သက်ရင် လူတွေပိုင်ဆိုင်တဲ့ မတူညီတဲ့ အဆင့်နဲ့ ဝိညာဉ်အသက်တာတွေဟာ အမျိုးအစားငါးခုအဖြစ် ယေဘူယျ ခွဲခြားနိုင်ပါတယ်။ ဒီခေါင်းစဉ်က အတုမရှိ ဘုရားသခင်နဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိခြင်းအပေါ် အခြေခံထားပါတယ်။ ဒါကြောင့် အောက်ပါ အကြောင်းအရာကို သင်တို့ ဖတ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အတုမရှိခြင်းနဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး သင်တို့မှာ အသိပညာနဲ့နားလည်မှု ဘယ်လောက်အတိအကျရှိသလဲဆိုတာကို သင်တို့ သဘောပေါက်အောင် သေသေချာချာ ကြိုးစားသင့်တယ်။ ပြီးနောက်မှာ ဘယ်အဆင့်မှာ သင်တို့ပါဝင်နေတယ်ဆိုတာ၊ သင်တို့ရဲ့ ဝိညာဉ်အသက်တာက ဘယ်လောက်ကြီးမားသလဲဆိုတာနဲ့ သင်က အမှန်တကယ်မှာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်ဖို့ ဒါကို အသုံးပြုပါ။

ပထမအမျိုးအစား။ အနှီးပတ်ထားတဲ့ မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားတဲ့ မွေးကင်းစကလေးဆိုတာ ဘာလဲ။ အနှီးပတ်ထားတဲ့ မွေးကင်းစကလေးဟာ ဒီကမ္ဘာကို အခုလေးတင်ရောက်လာတဲ့ အသစ်စတင်မွေးဖွားလာတဲ့ မွေးကင်းစကလေးဖြစ်ပါတယ်။ လူတွေက သူတို့ရဲ့အသေးဆုံး အရွယ်မရောက်ဆုံးအချိန်ဖြစ်ပါတယ်။

ဒီအဆင့်မှာရှိတဲ့လူတွဟာ ဘုရားသခင်ကိုယုံကြည်ခြင်းအရာမှာ သတိပြုမိခြင်း သို့မဟုတ် အသိစိတ်ရှိခြင်းတို့ အခြေခံအားဖြင့် မပိုင်ဆိုင်ပါဘူး။ သူတို့ဟာ အရာရာတိုင်းအပေါ်မှာ စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့ပါတယ်။ ဒီလူတွေက ဘုရားသခင်ကို အချိန်အကြာကြီးယုံခဲ့နိုင်တယ် သို့မဟုတ် အချိန်အကြာကြီး ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့တဲ့ အဆင့်နဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဝိညာဉ်အသက်တာဟာ သူတို့ကို အနှီးပတ်ထားတဲ့ မွေးကင်းစကလေးအဆင့်ကို ရောက်စေပါတယ်။ အနှီးပတ်ထားတဲ့ မွေးကင်းစကလေးရဲ့ အခြေအနေရဲ့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီလိုပါ။ ဒီလိုလူမျိုးက ဘုရားသခင်အပေါ်ယုံကြည်ခဲ့တာ ဘယ်လောက်ပဲ ကြာပါစေ၊ သူဟာ အမြဲတမ်း စိတ်တွေအစီအစဉ်မကျ၊ စိတ်ရှုပ်ထွေးပြီး ဉာဏ်နည်းနေပါလိမ့်မယ်။ ဘုရားသခင်ကို သူဘာကြောင့်ယုံတယ်ဆိုတာကို သူမသိသလို ဘုရားသခင်က ဘယ်သူဆိုတာကို သို့မဟုတ် ဘယ်သူက ဘုရားသခင်လဲဆိုတာကို သူမသိပါဘူး။ သူဟာ ဘုရားသခင်နောက်ကိုလိုက်ပေမဲ့ သူ့နှလုံးသားမှာ ဘုရားသခင်နဲ့ပတ်သက်ပြီး တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိဘူး။ သူနောက်လိုက်နေတာက ဘုရားသခင်ဟုတ်သလားဆိုတာကိုလည်း သူမဆုံးဖြတ်နိုင်ဘူး။ ဘုရားသခင်ကို သူအမှန်တကယ်ယုံကြည်ပြီး သူ့နောက်ကိုလိုက်သလားဆိုတာကိုတော့ ပြောမနေပါနဲ့တော့။ ဒါတွေက ဒီလိုလူမျိုးရဲ့ တကယ့်အခြေအနေတွေဖြစ်ပါတယ်။ ဒီလူတွေရဲ့ အတွေးတွေဟာ မရှင်းလင်းပါဘူး။ နောက်ပြီး ရိုးရိုးပြောရရင် သူတို့ရဲ့ယုံကြည်မှုဟာ စိတ်ရှုပ်ထွေးမှုတစ်ခုပါ။ သူတို့ဟာ စိတ်ရောထွေးမှုနဲ့ စိတ်ဗလာဖြစ်မှု အခြေအနေမှာ အမြဲတမ်း တည်နေကြပြီး စိတ်အစီအစဉ်မကျဖြစ်မှု၊ စိတ်ရှုပ်ထွေးမှုနဲ့ အသိဉာဏ်နည်းမှုက သူတို့ရဲ့အဆင့်တွေရဲ့ အနှစ်ချုပ်ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ တည်ရှိမှုကို တစ်ခါမှ မမြင်ဖူးသလို မခံစားဖူးပါဘူး။ ဒါကြောင့် ဘုရားသခင်ကို သိခြင်းအကြောင်းကို သူတို့ကိုပြောခြင်းက အရုပ်စာနဲ့ရေးထားတဲ့စာအုပ်ကို သူတို့ကိုဖတ်ခိုင်းသလိုမျိုးလောက်ပဲ အသုံးဝင်ပါတယ်။ သူတို့ဟာ ဒါကို နားလည်မှာလည်းမဟုတ်သလို လက်ခံမှာလည်းမဟုတ်ဘူး။ သူတို့အတွက်က ဘုရားသခင်ကိုသိခြင်းဟာ စိတ်ကူးယဉ်ပုံပြင်ကို ကြားခြင်းနဲ့ အတူတူပါပဲ။ သူတို့ရဲ့အတွေးတွေက ရှုပ်ထွေးနေနိုင်ပေမဲ့ ဘုရားသခင်ကို သိခြင်းက အချိန်နဲ့အားစိုက်ထုတ်မှုကို လုံးဝ ဖြုန်းတီးခြင်းပဲလို့ သူတို့ တကယ်ကို ခိုင်ခိုင်မာမာ ယုံကြည်ကြတယ်။ ဒါဟာ ပထမလူအမျိုးအစားဖြစ်ပါတယ်။ အနှီးပတ်ထားတဲ့ မွေးကင်းစကလေး။

ဒုတိယအမျိုးအစား။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားတဲ့ မွေးကင်းစကလေးနဲ့ယှဉ်ကြည့်ရင် ဒီလူအမျိုးအစားက တိုးတက်မှုတစ်ချို့ရှိပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူတို့ဟာ ဘုရားသခင်အပေါ်နားလည်ခြင်း လုံးဝ မရှိသေးပါဘူး။ သူတို့မှာ ဘုရားသခင်အပေါ် ရှင်းလင်းတဲ့နားလည်ခြင်းနဲ့ ထိုးထွင်းသိမြင်ခြင်း မရှိသေးပါဘူး။ ဘုရားသခင်ကို သူတို့ ဘာကြောင့်ယုံသင့်တယ်ဆိုတာကို သိပ်မရှင်းကြသေးဘူး။ ဒါပေမဲ့ သူတို့နှလုံးသားမှာ သူတို့ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်နဲ့ ရှင်းလင်းတဲ့ စိတ်ကူးစိတ်သန်းတွေရှိပါတယ်။ ဘုရားသခင်ကို ယုံကြည်ဖို့က မှန်ကန်သလား ဆိုတာကို သူတို့စိတ်မဝင်စားကြဘူး။ ဘုရားသခင်ကို ယုံကြည်ခြင်းကနေတစ်ဆင့် သူတို့ရှာဖွေတဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က သူ့ရဲ့ကျေးဇူးတော်ကို ခံစားဖို့၊ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှု ရရှိဖို့၊ သက်သောင့်သက်သာရှိတဲ့ ဘဝကို နေထိုင်ဖို့၊ ဘုရားသခင်ရဲ့ ဂရုစိုက်ခြင်းနဲ့ ကာကွယ်ခြင်းကို ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ကောင်းချီးတွေအောက်မှာ နေထိုင်ဖို့ဖြစ်ပါတယ်။ ဘုရားသခင်ကို သူတို့သိတဲ့အဆင့်ကို သူတို့ဟာ စိတ်မဝင်စားကြပါဘူး။ ဘုရားသခင်ကို နားလည်ခြင်းကို ရှာဖွေဖို့ ပြင်းပြတဲ့ဆန္ဒ သူတို့မှာ မရှိသလို ဘုရားသခင်က ဘာလုပ်နေတယ် သို့မဟုတ် သူဘာလုပ်ချင်တယ်ဆိုတာကိုလည်း စိတ်မဝင်စားကြပါဘူး။ သူ့ရဲ့ကျေးဇူးတော်ကို ခံစားဖို့နဲ့ သူ့ရဲ့ ကောင်းချီးတွေကို ပိုပြီး လက်ခံရရှိဖို့ပဲ မျက်ကန်းတောတိုး ရှာဖွေကြတယ်။ သူတို့ဟာ လက်ရှိခေတ်မှာနဲ့ အဆရာချီရရှိဖို့နဲ့ နောက်လာမယ့်ခေတ်မှာ ထာဝရအသက်ရဖို့ အားထုတ်ကြတယ်။ သူတို့ရဲ့အတွေးတွေ၊ အချိန်ကုန်ဆုံးမှုတွေနဲ့ စိတ်နှစ်မြှုပ်မှုတွေ၊ သူတို့ရဲ့ ဒုက္ခခံမှုတွေအားလုံးဟာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို လက်ခံရရှိဖို့ပါပဲ။ တခြားဘာကိုမှ သူတို့စိတ်မဝင်စားပါဘူး။ ဒီလိုလူမျိုးဟာ ဘုရားသခင်က သူတို့ကို ဘေးကင်းစေနိုင်ပြီး သူ့ရဲ့ကျေးဇူးတော်ကို သူတို့အပေါ်ကို ချပေးသနားနိုင်တယ်ဆိုတာလောက်ပဲ သေချာပါတယ်။ ဘုရားသခင်က လူသားကို ဘာကြောင့်ကယ်တင်ချင်ရတာလဲဆိုတာ သို့မဟုတ် သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုနဲ့ ဘုရားသခင် ရရှိချင်တဲ့ ရလဒ်ကို သူတို့ဟာ သိပ်မရှင်းလင်းဘူး၊ စိတ်မဝင်စားဘူးလို့ ဆိုနိုင်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိဖို့ ဘယ်တော့မှ အားမထုတ်ကြသလို ဒီလိုလုပ်ဖို့ စိတ်ဝင်စားမှုကိုလည်း မလှုံ့ဆော်နိုင်ကြပါဘူး။ ဒီအရာတွေအပေါ်ကို အာရုံမစိုက်ချင်ကြသလို သိချင်စိတ်လည်း မရှိကြဘူး။ ဘုရားသခင်ရဲ့လုပ်ဆောင်မှု၊ လူသားအပေါ်မှာ ဘုရားသခင်ရဲ့ သတ်မှတ်ချက်၊ ဘုရားသခင်ရဲ့အလိုတော် သို့မဟုတ် ဘုရားသခင်နဲ့သက်ဆိုင်တဲ့ တခြားအရာအားလုံးကို မေးဖို့ ဆန္ဒမရှိကြသလို ဒီအရာတွေကို မေးဖို့လည်း စိတ်အနှာင့်အယှက် အဖြစ်မခံကြဘူး။ ဒါဟာဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်အပေါ် သူတို့ရဲ့နှစ်သက်ခံစားမှုနဲ့ မသက်ဆိုင်ဘူးလို့ ယုံကြည်ကြတဲ့အတွက်ကြောင့်ပါ။ သူတို့ဟာ ကျေးဇူးတော်ကို ချပေးသနားနိုင်ပြီး သူတို့ရဲ့ ကိုယ်ကျိုးနဲ့ ဆက်စပ်တဲ့ဘုရားသခင်ကိုသာ စိတ်ဝင်စားကြတယ်။ တခြားအရာတွေအပေါ်မှာ စိတ်ဝင်စားမှု လုံးဝမရှိပါဘူး။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်အပေါ် နှစ်တွေဘယ်လောက်ကြာပြီး ယုံကြည်ခဲ့ပါစေ၊ သမ္မာတရားရဲ့ လက်တွေ့အရှိတရားကို မဝင်ရောက်နိုင်ဘူး။ သူတို့ကို မကြာခဏ ရေတိုက်မယ့်သူ သို့မဟုတ် ကျွေးမယ့်သူမရှိရင် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းကို ဆက်သွားဖို့ သူတို့အတွက် ခက်ခဲပါတယ်။ သူတို့ရဲ့ အစောပိုင်း ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှု သို့မဟုတ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို သူတို့ မခံစားနိုင်ရင် သူတို့ဟာ စွန့်ခွာသွားဖို့ သိပ်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါက ဒုတိယလူအမျိုးအစားပါ။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိတဲ့ လူပါ။

တတိယအမျိုးအစား။ နို့ဖြတ်အရွယ် မွေးကင်းစကလေး သို့မဟုတ် ငယ်ရွယ်တဲ့ကလေးအဆင့်

ဒီလူအုပ်စုက ရှင်းလင်းတဲ့ နားလည်သဘောပေါက်မှုတစ်ချို့ ရှိပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ခံစားခြင်းက သူတို့ကိုယ်တိုင်စစ်မှန်တဲ့ အတွေ့အကြုံကို ပိုင်ဆိုင်ခြင်းလို့ မဆိုလိုဘူးဆိုတာကို ဒီလူတွေ သတိမူမိကြတယ်။ သူတို့ဟာ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို ရှာဖွေခြင်း၊ ကျေးဇူးတော်ကို ရှာဖွေခြင်းမှာ ဘယ်တော့မှ မမောပန်းဘူးဆိုရင် သို့မဟုတ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ခံစားခြင်းအပေါ်မှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှခြင်း သို့မဟုတ် သူတို့အပေါ်မှာ ဘုရားသခင် ချပေးသနားခဲ့တဲ့ ကောင်းချီးတွေကို ချီးမွမ်းခြင်းအားဖြင့် သူတို့ဟာ သက်သေခံနိုင်တယ်ဆိုရင် ဒီအရာတွေက သူတို့ဟာ အသက်ကို ပိုင်ဆိုင်တယ်လို့ မဆိုလိုသလို သူတို့ဟာ သမ္မာတရားရဲ့ လက်တွေ့အရှိတရားကို ပိုင်ဆိုင်တယ်လို့ မဆိုလိုဘူးဆိုတာကို သူတို့သိကြတယ်။ သူတို့ရဲ့အသိတရားကနေ အစပြုရင်း ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ပဲ အတူပါရှိခြင်း ခံရမယ်ဆိုတဲ့ ဖြစ်ကတတ်ဆန်း မျှော်လင့်ချက်တွေကို လက်သင့်မခံတော့ဘူး။ ဒီလိုမဟုတ်ဘဲ သူတို့ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရတဲ့အခါမှာ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဘုရားသခင်အတွက် တစ်ခုခုလုပ်ချင်ကြတယ်။ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့၊ အခက်အခဲနဲ့ ပင်ပန်းမှုအချို့ကို တောင့်ခံနိုင်ဖို့၊ ဘုရားသခင်နဲ့ လက်တွဲလုပ်ကိုင်ခြင်း အဆင့်တစ်ချို့ရှိဖို့ သူတို့ ဆန္ဒရှိနေကြတယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းမှာ သူတို့ရဲ့အားထုတ်ကြိုးပမ်းမှုဟာ တော်တော်ကို စစ်မှန်မှုမရှိတာကြောင့်၊ တစ်ဦးချင်း ရည်ရွယ်ချက်တွေနဲ့ သူတို့ထားရှိတဲ့ ဆန္ဒတွေဟာ သိပ်ပြင်းထန်လွန်းတာကြောင့်၊ သူတို့ရဲ့စိတ်သဘောထားဟာ တော်တော်ကို လွန်လွန်ကဲကဲ ထောင်လွှားတာကြောင့် ဘုရားသခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ သူတို့အတွက် သိပ်ခက်ခဲပါတယ်။ ဒါကြောင့် သူတို့ရဲ့ တစ်ဦးချင်းနဲ့သက်ဆိုင်တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ သို့မဟုတ် ဘုရားသခင်အပေါ် သူတို့ရဲ့ ကတိတွေကို ပြည့်စုံစေဖို့ မကြာခဏပဲ မတတ်နိုင်ကြဘူး။ သူတို့ဟာ ကိုက်ညီမှုမရှိတဲ့ အခြေအနေတွေထဲ မကြာခဏ ရောက်သွားတယ်။ ဘုရားသခင်ကို ဖြစ်နိုင်တဲ့ အကောင်းဆုံးအဆင့်အထိ ကျေနပ်စေဖို့ သူတို့ တော်တော်ဆန္ဒရှိကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သူတို့အစွမ်းရှိသမျှအသုံးပြုကြတယ်။ သူတို့ဟာ ဘုရားသခင်ကို မကြာခဏပဲ ကတိသစ္စာပြုကြပေမဲ့ သူတို့ရဲ့ ကတိတွေကို မြန်မြန်ပဲ ခေါင်းရှောင်ကြတယ်။ မကိုက်ညီတဲ့ တခြားအခြေအနေတွေမှာလည်း သူတို့ ပိုပြီးတော့တောင် မကြာခဏ ရောက်ကြရတယ်။ ဘုရားသခင်ကို သူတို့ ရိုးသားစွာယုံကြည်ပေမဲ့ ဘုရားသခင်နဲ့ သူ့ဆီကနေလာတဲ့ အရာရာတိုင်းကို ငြင်းဆန်ကြပြန်တယ်။ သူတို့ဟာ ဘုရားသခင်က သူတို့ကို ဉာဏ်အလင်းဖွင့်ပေးဖို့၊ ဦးဆောင်ဖို့၊ ထောက်ပံ့ဖို့၊ သူတို့ကို ကူညီဖို့ စိုးရိမ်တကြီး မျှော်လင့်ကြပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်ထွက်လမ်းကို ရှာဖွေကြဆဲပါပဲ။ သူတို့ဟာ ဘုရားသခင်ကို နားလည်ပြီး သိရှိဖို့ ဆန္ဒရှိကြပေမဲ့ သူနဲ့နီးစပ်အောင်လုပ်ဖို့ ဆန္ဒမရှိကြပြန်ဘူး။ ဒီလိုမဟုတ်ဘဲ သူတို့ဟာ ဘုရားသခင်ကို အမြဲတမ်း ရှောင်ကြဉ်ကြတယ်။ သူတို့ရဲ့နှလုံးသားတွေက သူနဲ့နီးစပ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားရဲ့ တိုက်ရိုက်အဓိပ္ပာယ်အပေါ်မှာ သူတို့ဟာ အပေါ်ယံနားလည်မှုနဲ့ အတွေ့အကြုံတို့ရှိပြီး ဘုရားသခင်နဲ့ သမ္မာတရားနဲ့ပတ်သက်ပြီး အပေါ်ယံအယူအဆရှိကြပေမဲ့ မသိစိတ်မှာ သူတို့ဟာ ဘုရားသခင်က သမ္မာတရား ဟုတ်လားဆိုတာကို အတည်မပြုနိုင်ကြသေးဘူး သို့မဟုတ် မဆုံးဖြတ်နိုင်ကြသေးဘူး။ ဘုရားသခင်က အမှန်တကယ် ဖြောင့်မတ်သလားဆိုတာကို သူတို့ အတည်မပြုနိုင်ကြသလို ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို မပြောနဲ့ဦး သူ့ရဲ့စိတ်သဘောထားနဲ့ အနှစ်သာရရဲ့ စစ်မှန်ခြင်းကိုတောင် သူတို့ မဆုံးဖြတ်နိုင်ကြဘူး။ ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းက သံသယတွေနဲ့ နားလည်မှုလွဲခြင်းတွေ အမြဲပါဝင်တယ်။ စိတ်ကူးထင်မြင်ခြင်းနဲ့ အယူအဆတွေလည်း ပါဝင်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သူတို့ခံစားရတာကြောင့် သူတို့ရဲ့ ယုံကြည်မှုကို တိုးတက်စေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့ရဲ့ အတွေ့အကြုံကို တိုးပွားစေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့ရဲ့ နားလည်မှုကို အတည်ပြုစစ်ဆေးဖို့၊ သူတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ ဘဝလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းခြင်းနဲ့ လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်တဲ့ အကြောင်းတရားကို ပြီးမြောက်စေခြင်းရဲ့ ပကာသနကို ဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ သမ္မာတရားလို့ သူတို့ယုံကြည်တဲ့ တစ်ချို့အရာတွေကို စိတ်မပါစွာနဲ့ ကြုံတွေ့ကြတယ် သို့မဟုတ် လေ့ကျင့်ကြတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းချီးတွေရရှိဖို့အတွက် သူတို့ကိုယ်တိုင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့၊ လူသားမျိုးနွယ်ရဲ့ ပိုမိုကြီးမားတဲ့ ကောင်းချီးတွေကို သူတို့ခံယူနိုင်ဖို့အတွက် လောင်းကစားတစ်ခုလုပ်ဖို့၊ ဘုရားသခင်ကို သူတို့ရရှိတဲ့အချိန်အထိ အနားမယူတဲ့ ကြီးမားတဲ့ရည်မှန်းချက်နဲ့ ဘဝရဲ့ဆန္ဒကို ပြီးမြောက်ဖို့ ဒီအရာတွေကိုလည်း လုပ်ဆောင်ကြတယ်။ ကောင်းချီးတွေရရှိဖို့ သူတို့ရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေဟာ သူတို့အတွက် သိပ်အရေးကြီးလွန်းတဲ့အတွက် ဘုရားသခင်ရဲ့ အလင်းဖွင့်ပြခြင်းကို ဒီလူတွေဟာ ရယူနိုင်လေ့မရှိကြဘူး။ သူတို့ဟာ ဒါကို အရှုံးပေးစွန့်လွှတ်ဖို့ ဆန္ဒမရှိသလို အရှုံးလည်းမပေးနိုင်ကြဘူး။ ကောင်းချီးတွေရရှိဖို့ ဆန္ဒမရှိရင်၊ ဘုရားသခင်ကို သူတို့ ရရှိတဲ့အချိန်ထိ အနားမယူခြင်းဖြစ်တဲ့ အချိန်ကြာရှည်စွာနှစ်သက်ခဲ့ရတဲ့ ရည်ရွယ်ချက်မရှိရင်၊ သူတို့ဟာ ဘုရားသခင်ကိုယုံကြည်ဖို့ တွန်းအားပျောက်ဆုံးသွားမှာကို ကြောက်ရွံ့ကြတယ်။ ဒါကြောင့် သူတို့ဟာ လက်တွေ့အရှိတရားကို ရင်မဆိုင်ချင်ကြဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ သို့မဟုတ် ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ကို ရင်မဆိုင်ချင်ကြဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို သူတို့ ရင်မဆိုင်ချင်ကြဘူး။ ဘုရားသခင်ကို သိခြင်း အကြောင်းအရာကို ပြောဖို့ဆိုသာ အသာထားဦး။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဘုရားသခင်၊ သူ့ရဲ့ အနှစ်သာရနဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အစားထိုးလိုက်တာနဲ့ သူတို့ရဲ့ အိပ်မက်တွေဟာ အခိုးအငွေ့လို ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက်တယ်။ နှစ်ပေါင်းများစွာ ဒုက္ခခံထားတဲ့ လုပ်ဆောင်ချက်ကနေတစ်ဆင့် စုစည်းထားတဲ့ စင်ကြယ်တဲ့ ယုံကြည်မှုနဲ့ “ကောင်းမှု”လို့ သူတို့ခေါ်တဲ့အရာတွေက ပျောက်ကွယ်သွားမှာဖြစ်ပြီး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ သူတို့ရဲ့ သွေး၊ ချွေးတွေနဲ့ သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ “ပိုင်နက်”ဟာ ပြိုကျလုနီးနီးဖြစ်သွားပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှုနဲ့ အားထုတ်မှုတွေဟာ အလဟဿဖြစ်သွားပြီ၊ သုညကနေ တစ်ခါ ပြန်စရမယ်ဆိုတာ ဖော်ပြနေပါလိမ့်မယ်။ ဒါဟာ သူတို့နှလုံးသားထဲမှာ ခံယူဖို့ သူတို့အတွက် အခက်ခဲဆုံး နာကျင်မှုဖြစ်ပြီး သူတို့ မမြင်ချင်ဆုံး ရလဒ်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ နောက်လှည့်ဖို့ ငြင်းဆန်ရင်းနဲ့ ဒီမတိုးသာမဆုတ်သာ အခြေအနေမျိုးမှာ အမြဲတမ်း ပိတ်မိနေပါတယ်။ ဒါက တတိယလူအမျိုးအစားပါ။ နို့ဖြတ်အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိတဲ့သူပါ။

အထက်မှာ ဖော်ပြထားတဲ့ လူအမျိုးအစားသုံးခု၊ တစ်နည်းပြောရရင် ဒီအဆင့်သုံးဆင့်မှာ တည်ရှိတဲ့ လူတွေဟာ ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ် သို့မဟုတ် သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် မှန်ကန်တဲ့ ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြသလို ဒီအရာတွေအပေါ် ရှင်းလင်းတဲ့ တိကျတဲ့ သိမြင်မှု သို့မဟုတ် အတည်ပြုခြင်းလည်း မရှိကြဘူး။ ဒါကြောင့် သမ္မာတရားရဲ့ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ ဒီလူအမျိုးအစားသုံးခုအတွက် သိပ်ခက်ခဲပြီး ဘုရားသခင်အပေါ် သူတို့ယုံကြည်တဲ့ ပုံစံနဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့ လွဲမှားတဲ့ သဘောထားဟာ သူတို့နှလုံးသားထဲမှာ အလုပ်လုပ်ဖို့ သူ့အတွက် မဖြစ်နိုင်စေတဲ့အတွက်ကြောင့် ဘုရားသခင်ရဲ့ သနားညှာတာမှု၊ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် အလင်းပေးမှုကို လက်ခံရရှိဖို့လည်း သူတို့အတွက် ခက်ခဲပါတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ သံသယတွေ၊ အယူအဆအမှားတွေနဲ့ စိတ်ကူးထင်မြင်ချက်တွေဟာ ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်မှုနဲ့ အသိပညာကို ကျော်လွန်သွားပါတယ်။ ဒါတွေဟာ သိပ်အန္တရာယ်ရှိတဲ့လူတွေဖြစ်ပြီး သိပ်အန္တရာယ်ရှိတဲ့ အဆင့်တွေလည်းဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘုရားသခင်အပေါ်၊ ဘုရားသခင်ရဲ့ အနှစ်သာရ၊ ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာ၊ ဘုရားသခင်က သမ္မာတရား ဟုတ်လားဆိုတာနဲ့ သူ့ရဲ့ဖြစ်တည်ခြင်းအတွက် စစ်မှန်မှု အကြောင်းအရာတွေအပေါ်မှာ သံသယစိတ်တစ်ခု ရှိနေပြီး ဒီအရာတွေကို မသေချာနေရင် ဘုရားသခင်ဆီကလာတဲ့ အရာမှန်သမျှကို ဘယ်လိုလက်ခံနိုင်ပါ့မလဲ။ ဘုရားသခင်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတဲ့ အချက်ကို ဘယ်လိုလက်ခံနိုင်မလဲ။ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကို ဘယ်လိုလက်ခံနိုင်မလဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဘယ်လိုလက်ခံနိုင်မလဲ။ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ လမ်းညွှန်မှုနဲ့ ထောက်ပံ့မှုကို ဘယ်လို ရရှိနိုင်မလဲ။ ဒီအဆင့်သုံးဆင့်မှာရှိတဲ့လူတွေဟာ ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြတယ်၊ ဘုရားသခင်အပေါ် အကဲဖြတ်နိုင်ကြတယ်၊ ဘုရားသခင်ကို စော်ကားခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းကို အချိန်မရွေး ပြုလုပ်နိုင်ကြတယ်။ သူတို့ဟာ အချိန်မရွေး မှန်တဲ့လမ်းခရီးကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ပစ်နိုင်ကြတယ်။ ဒီအဆင့်သုံးဆင့်မှာရှိတဲ့လူတွေဟာ သိပ်အရေးကြီးနေတဲ့ အချိန်ကာလမှာ တည်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မှန်ကန်တဲ့လမ်းကြောင်းအတွင်းကို မဝင်ထားတဲ့အတွက်ပါ။

စတုတ္ထအမျိုးအစား။ အရွယ်ရောက်လာတဲ့ ကလေးအဆင့် သို့မဟုတ် ကလေးဘဝ

နို့ဖြတ်ပြီးတဲ့နောက်မှာ ဆိုလိုတာက များပြားလှတဲ့ ကျေးဇူးတော်တွေကို သူတို့ ခံစားကြရပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို စူးစမ်းရှာဖွေဖို့၊ မတူညီတဲ့ မေးခွန်းတွေကို နားလည်တဲ့ ဆန္ဒရှိဖို့၊ လူသားက ဘာကြောင့်အသက်ရှင်နေတာလဲ၊ လူသားက ဘယ်လိုအသက်ရှင်သင့်တာလဲ၊ လူသားအပေါ် ဘုရားသခင်က သူ့လုပ်ဆောင်မှုတွေကို ဘာကြောင့်လုပ်ဆောင်တာလဲ ဆိုတဲ့မေးခွန်းတွေကို နားလည်ချင်တဲ့ ဆန္ဒတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ဒီမရှင်းလင်းတဲ့အတွေးတွေနဲ့ ရှုပ်ထွေးနေတဲ့ အယူအဆတွေဟာ သူတို့အတွင်းမှာ ထွက်ပေါ်လာပြီး သူတို့နဲ့အတွင်းမှာ ဖြစ်တည်နေတဲ့အခါမှာ သူတို့ဟာ ရေလောင်းပေးခြင်းကို အဆက်မပြတ်ရရှိပြီး သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်ကြပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ဘုရားသခင်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ သမ္မာတရားအပေါ်မှာ သူတို့ ဘာသံသယမှ မရှိတော့ပါဘူး။ နောက်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို သူတို့ တိကျစွာ နားလည်ကြတယ်။ ဒီအခြေခံအုတ်မြစ်အပေါ်မှာ သူတို့ဟာ ဘုရားသခင်ကို တဖြည်းဖြည်းနားလည်လာကြပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အနှစ်သာရနဲ့ပတ်သက်ပြီး သူတို့ရဲ့ မရှင်းလင်းတဲ့ အတွေးတွေနဲ့ ရှုပ်ထွေးတဲ့ အယူအဆအပေါ် အဖြေတစ်ချို့ကို တဖြည်းဖြည်းနဲ့ ရရှိကြတယ်။ သူတို့ရဲ့ စိတ်သဘောထားပြောင်းလဲခြင်းနဲ့ သူတို့ရဲ့ ဘုရားသခင်အပေါ် သိမြင်ခြင်းနဲ့ပတ်သက်ရင် ဒီအဆင့်မှာရှိတဲ့လူတွေဟာ မှန်ကန်တဲ့ လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းလာပြီး ကူးပြောင်းခြင်းကာလကို ဝင်ရောက်လာပါတယ်။ လူတွေက အသက်ကိုစတင် ရရှိလာကြတာက ဒီအဆင့်အတွင်းမှာပါ။ အသက်ကို ပိုင်ဆိုင်နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ ဖော်ပြချက်တွေက လူတွေမှာ သူတို့နှလုံးသားထဲမှာရှိတဲ့၊ နားလည်မှုလွဲမှားခြင်းတွေ၊ ကြံစည်တွေးတောခြင်းတွေ၊ အယူအဆတွေ၊ ဘုရားသခင်အပေါ် မရေရာတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သူတို့ဟာ ဘုရားသခင်ရဲ့ ဖြစ်တည်မှုရဲ့ စစ်မှန်မှုကို အမှန်တကယ်ယုံကြည်ပြီး သိမြင်ရုံသာမကဘဲ သူတို့နှလုံးသားထဲမှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ ရှင်းလင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့ ကြိုက်နှစ်သက်မှုတွေကိုလည်း ပိုင်ဆိုင်တဲ့၊ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ခြင်းက သူတို့ရဲ့ မရေရာတဲ့ ယုံကြည်မှုတွေကို အစားထိုးတဲ့ ဘုရားသခင်ကို သိခြင်းနဲ့ ဆက်စပ်တဲ့ မေးခွန်းအမျိုးမျိုးကို တဖြည်းဖြည်း ဖြေရှင်းနိုင်လာခြင်းတို့ဖြစ်ကြပါတယ်။ ဒီအဆင့်အတောအတွင်းမှာ ဘုရားသခင်အပေါ်၊ သူတို့ရဲ့ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှုတွေ၊ ယုံကြည်မှုနည်းလမ်းတွေအပေါ် သူတို့ရဲ့ မှားယွင်းတဲ့အယူအဆတွေကို လူတွေဟာ တဖြည်းဖြည်းသိလာကြတယ်။ သူတို့ဟာ သမ္မာတရားကို လိုချင်တပ်မက်လာကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ အပြစ်ဒဏ်ခတ်မှုနဲ့ ပဲ့ပြင်ဆုံးမမှုတို့ကို ကြုံတွေ့ရခြင်းကို တပ်မက်လာကြတယ်။ သူတို့ရဲ့ စိတ်သဘောထားပြောင်းလဲခြင်းကို တပ်မက်လာကြတယ်။ ဒီအဆင့်အတွင်း ဘုရားသခင်အပေါ်မှာ ထားတဲ့ သူတို့ရဲ့ အယူအဆတွေနဲ့ ကြံစည်တွေးတောမှုပေါင်းစုံကို သူတို့ တဖြည်းဖြည်း စွန့်လွှတ်လာကြတယ်။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ မမှန်ကန်တဲ့ အသိပညာကို ပြောင်းလဲ ပြုပြင်လာကြပြီး ဘုရားသခင်အပေါ် မှန်ကန်တဲ့ အခြေခံကျကျ သိမြင်မှုကို ရရှိကြတယ်။ ဒီအဆင့်မှာ လူတွေ ပိုင်ဆိုင်တဲ့ အသိပညာအစိတ်အပိုင်းတစ်ခုက သိပ်ရှင်းလင်းခြင်း သို့မဟုတ် တိကျခြင်းမရှိပေမဲ့ အနည်းဆုံးအနေနဲ့ သူတို့ဟာ သူတို့ရဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ သိမြင်မှုတွေနဲ့ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းတွေကို တဖြည်းဖြည်း စတင် စွန့်ပစ်လာကြတယ်။ ဘုရားသခင်အပေါ်မှာ သူတို့ကိုယ်တိုင်ရဲ့ အယူအဆတွေနဲ့ စိတ်ကူးထင်မြင်ခြင်းတွေကို ဆက်ပြီး သိမ်းမထားတော့ဘူး။ သူတို့ဟာ ဘယ်လိုစွန့်လွှတ်ရမယ်ဆိုတာ၊ သူတို့ကိုယ်တိုင်ရဲ့ အယူအဆတွေထဲကနေ၊ အသိပညာဆီကနဲ့ စာတန်ဆီကနေ တွေ့ရှိရတဲ့ အရာတွေကို ဘယ်လိုစွန့်လွှတ်ရမယ်ဆိုတာ စတင် သင်ယူလာကြတယ်။ မှန်ကန်ပြီး အပြုသဘောဆောင်တဲ့အရာတွေကို နာခံဖို့ စတင် ဆန္ဒရှိလာကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီကလာတဲ့အရာတွေနဲ့ သမ္မာတရားနဲ့ ကိုက်ညီတဲ့အရာတွေကိုတောင် နာခံဖို့ စတင် ဆန္ဒရှိလာတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြုံတွေ့ဖို့၊ သူ့နှုတ်ကပတ်တော်တွေကို ကိုယ်တိုင်သိပြီး လုပ်ဆာင်ဖို့၊ သူရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေရဲ့ အခြေခံစည်းမျဉ်းအနေနဲ့၊ သူတို့ရဲ့ စိတ်သဘောထားပြောင်းလဲဖို့အတွက် အခြေခံအချက်တွေအနေနဲ့ ကြုံတွေ့ဖို့ စတင်ကြိုးစားကြတယ်။ ဒီအချိန်ကာလအတွင်းမှာ လူတွေဟာ မသိစိတ်ကနေ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ အပြစ်ဒဏ်ခတ်မှုကို လက်ခံကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ရဲ့ဘဝအနေနဲ့ မသိစိတ်ကနေ လက်ခံကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုကို သူတို့လက်ခံပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့ကို လက်ခံပြီး သူတို့ဟာ သူတို့ရဲ နှလုံးသားအတွင်းမှာ ယုံကြည်တဲ့ ဘုရားသခင်ဟာ အမှန်တကယ် တည်ရှိတယ်ဆိုတာကို ပိုပိုပြီး သတိမူမိလာပြီး ခံစားသိရှိလာနိုင်ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့မှာ၊ သူတို့ရဲ့ အတွေ့အကြုံနဲ့ ဘဝတွေမှာ ဘုရားသခင်ဟာ လူသားရဲ့ ကံကြမ္မာကို အမြဲတမ်း တာဝန်ယူတယ်၊ လူသားကို ဦးဆောင်ပြီး ထောက်ပံ့ပေးတယ်ဆိုတာကို ပိုပြီး ခံစားကြရတယ်။ ဘုရားသခင်နဲ့ သူတို့ရဲ့ ဆက်နွယ်ခြင်းကနေတစ်ဆင့် သူတို့ဟာ ဘုရားသခင်ရဲ့ တည်ရှိမှုကို တဖြည်းဖြည်းနဲ့ အတည်ပြုလာကြတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင် သတိမပြုမိခင်မှာဘဲ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုမှာ သူတို့ဟာ မသိစိတ်ကနေ အတည်ပြုပြီး ခိုင်မာစွာ ယုံကြည်နှင့်ပြီးဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အတည်ပြုလက်ခံပြီးဖြစ်ပါတယ်။ လူတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို အတည်ပြုလက်ခံပြီး ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို အတည်ပြုလက်ခံလိုက်တာနဲ့ သူတို့ကိုယ်သူတို့ မရပ်မနား ငြင်းပယ်ကြတယ်။ သူတို့ကိုယ်တိုင်ရဲ့ အယူအဆတွေကို ငြင်းပယ်ကြတယ်။ သူတို့ကိုယ်တိုင်ရဲ့ အသိပညာကို ငြင်းပယ်ကြတယ်။ သူတို့ကိုယ်တိုင်ရဲ့ စိတ်ကူးထင်မြင်ခြင်းတွေကို ငြင်းပယ်ကြတယ်။ တစ်ချိန်တည်းမှာပဲ သမ္မာတရားက ဘာလဲဆိုတာနဲ့ ဘုရားသခင်ရဲ့ အလိုတော်က ဘာလဲဆိုတာကို မရပ်မနား အားထုတ်ရှာဖွေကြတယ်။ ဘုရားသခင်အပေါ် လူတွေရဲ့ အသိပညာဟာ ဒီဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလအတွင်းမှာ သိပ်ကို အပေါ်ယံဆန်ပါတယ်။ သူတို့ဟာ စကားလုံးတွေကို အသုံးပြုပြီးတောင် ဒီအသိပညာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ မတတ်နိုင်ကြသလို သေသေချာချာ အသေးစိတ် မရှင်းပြနိုင်ကြဘူး။ သူတို့မှာ သဘောပေါက်လွယ်တဲ့ နားလည်မှုသာ ရှိကြပါတယ်။ ဒါပေမဲ့ ဒီအစပိုင်း အဆင့်သုံးဆင့်ကို အတူထားလိုက်တဲ့အခါမှာ ဒီအချိန်ကာလမှာရှိတဲ့ အရွယ်မရောက်သေးတဲ့ လူတွေဟာ ရေလောင်းပေးခြင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အထောက်အပံ့ကို လက်ခံရရှိနှင့်ပြီးဖြစ်ပြီး စတင်အပင်ပေါက်နေပါပြီ။ မြေပြင်မှာမြုပ်ထားတဲ့ အစေ့တစ်စေ့လိုပါပဲ။ စိုစွတ်မှုနဲ့ အာဟာရဓာတ်တွေကို ရရှိပြီးနောက်မှာ မြေကြီးကို ထိုးထွက်လာပါလိမ့်မယ်။ သူ့ရဲ့ ရှင်သန်ပေါက်ဖွားခြင်းက ဘဝအသစ်တစ်ခု မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ ဒီဘဝအသစ်တစ်ခု မွေးဖွားခြင်းက ဘဝရဲ့ ညွှန်းဆိုချက်တွေကို အနည်းအကျဉ်းမြင်စေပါတယ်။ အသက်နဲ့အတူ လူတွေဟာ ကြီးပြင်းလာမယ်။ ဒါကြောင့် ဒီအခြေခံအုတ်မြစ်ပေါ်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ လမ်းမှန်ပေါ်ကို ရောက်အောင် သူတို့ တဖြည်းဖြည်း လုပ်လာကြတယ်။ သူတို့ကိုယ်တိုင်ရဲ့ အယူအဆတွေကို စွန့်ပစ်ရင်း၊ ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို လက်ခံရရှိရင်းပေါ့။ လူတွေရဲ့ ဘဝတွေဟာ မလွဲဧကန် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာပါလိမ့်မယ်။ ဒီကြီးထွားခြင်းကို ဘယ်အခြေခံအချက်အလက်တွေအပေါ်မှာ မူတည်ပြီး တိုင်းတာသလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့အပေါ် သူတို့ရဲ့ အတွေ့အကြုံနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားအပေါ် သူတို့ရဲ့ စစ်မှန်တဲ့ နားလည်မှုတို့အရ တိုင်းတာပါတယ်။ ဒီကြီးထွားခြင်း အချိန်ကာလမှာ ဘုရားသခင်အပေါ် သူတို့ရဲ့ သိမြင်မှုနဲ့ ဘုရားသခင်ရဲ့ အနှစ်သာရကို တိတိကျကျ ဖော်ပြဖို့ သူတို့ကိုယ်တိုင်ရဲ့ စကားလုံးတွေကို အသုံးပြုဖို့ သူတို့အတွက် တော်တော်ခက်ခဲပေမဲ့ ဒီလူအုပ်စုဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို နှစ်သက်ခံစားခြင်းကနေတစ်ဆင့် သာယာမှုနောက်ကိုလိုက်ဖို့ သို့မဟုတ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ရရှိဖို့ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်မှာ သူတို့ရဲ့ရည်ရွယ်ချက်နောက်ကိုလိုက်ဖို့ ကိုယ့်အသိစိတ်နဲ့ လုပ်လိုခြင်း မရှိတော့ပါဘူး။ ဒီလိုမဟုတ်ဘဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းကို ကြိုးစားအားထုတ်ဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရတဲ့သူဖြစ်ဖို့ ဆန္ဒရှိနေကြပါတယ်။ ဖြည့်စွက်ပြောရရင် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိကြပြီး ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဒါဟာ ကြီးထွားခြင်းအဆင့်မှာ လူတစ်ယောက်ရဲ့ အမှတ်အသားဖြစ်ပါတယ်။

ဒီအဆင့်မှာ လူတွေဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်တဲ့ အသိပညာတစ်ချို့ ရှိပေမဲ့ ဒီအသိပညာဟာ သိပ်မှုန်ဝါးပြီး ထင်ရှားခြင်း မရှိပါဘူး။ ဒါကို သူတို့ ရှင်းရှင်းလင်းလင်း မရှင်းနိုင်တဲ့အချိန်မှာ သူတို့ဟာ အတွင်းမှာ တစ်ခုခု ရရှိနှင့်ပြီးဖြစ်တယ်လို့ ခံစားကြရတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သိမြင်ခြင်းနဲ့နားလည်ခြင်း အတိုင်းအတာ တစ်ချို့ သူတို့ရရှိပြီးတဲ့ အတွက်ပါ။ ဒါပေမဲ့ ဒါတွေအားလုံးက အပေါ်ယံဆန်ပြီး အခြေခံအဆင့်တစ်ခုသာ ရှိပါသေးတယ်။ ဒီလူအုပ်စုဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သူတို့ဆက်ဆံတဲ့ တိကျတဲ့ အမြင်တစ်ခုရှိပါတယ်။ ဒီအမြင်ဟာ သူတို့ကြိုးစားလိုက်လျှောက်တဲ့ ရည်ရွယ်ချက် ပြောင်းလဲခြင်းနဲ့ သူတို့ကြိုးစားလိုက်လျှောက်တဲ့နည်းလမ်းမှာ ဖော်ပြပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်မှာ၊ လူသားအပေါ် သူ့ရဲ့သတ်မှတ်ချက် အမျိုးစုံနဲ့ လူသားအပေါ် သူ့ရဲ့ထုတ်ဖော်ချက်တွေမှာ သူတို့ဟာ သမ္မာတရားကို မလိုက်လျှောက်သေးရင်၊ လက်တွေ့အရှိတရားကို ဝင်ရာက်ဖို့ သူတို့ မလိုက်လျှောက်သေးရင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ တွေ့ကြုံရတဲ့အခါမှာ ဘုရားသခင်ကို သိပြီး ဖြည့်ဆည်းပေးဖို့ အားထုတ်ရှာဖွေခြင်းမရှိရင်၊ သူတို့ဟာ ဘုရားသခင်ကို ယုံကြည်ခြင်း အဓိပ္ပာယ်ကို ဆုံးရှုံးလိမ့်မယ်ဆိုတာကို သူတို့မြင်ပြီးကြပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သူတို့ ဘယ်လောက်ပဲ ခံစားရပါစေ၊ သူတို့ရဲ့ စိတ်သဘောထားကို မပြောင်းနိုင်ဘူးဆိုတာ၊ ဘုရားသခင်ကို မကျေနပ်စေနိုင်ဘူးဆိုတာ သို့မဟုတ် ဘုရားသခင်ကို မသိနိုင်ဘူးဆိုတာ သူတို့သိကြပြီး လူတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲမှာ ဆက်လက် နေထိုင်နေရင် သူတို့ဟာ ဘယ်တော့မှ ကြီးထွားခြင်း၊ အသက်ကို ရရှိခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမှာမဟုတ်ပါဘူးဆိုတာ သူတို့သိကြတယ်။ အနှစ်ချုပ်ပြောရရင် လူတစ်ယောက်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမှန်တကယ် တွေ့ကြုံခံစားနိုင်ခြင်း မရှိဘူးဆိုရင်၊ သူ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ကို မသိနိုင်ရင်၊ မွေးကင်းစကလေးအရွယ်မှာပဲ ထာဝရ ရှိနေမှာဖြစ်ပြီး သူ့ဘဝ အရွယ်ရောက်ခြင်းမှာ ရှေ့ကို ခြေတစ်လှမ်း ဘယ်တော့မှ လှမ်းမှာမဟုတ်ပါဘူး။ သင်ဟာ မွေးကင်းစအရွယ် အဆင့်မှာပဲ ထာဝရ တည်ရှိနေရင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ လက်တွေ့အရှိတရားကို ဘယ်တော့မှ မဝင်ရောက်ရင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သင့်ဘဝအဖြစ် ဘယ်တော့မှ မထားရင်၊ မှန်ကန်တဲ့ယုံကြည်မှုနဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကို ဘယ်တော့မှ မပိုင်ဆိုင်ရင်၊ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင်ပြုလုပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလား။ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ လက်တွေ့အရှိတရားကို ဝင်ရောက်တဲ့သူတိုင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သူတို့ဘဝအဖြစ် လက်ခံတဲ့သူတိုင်း၊ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမမှုနဲ့ တရားစီရင်မှုကို စတင်လက်ခံလာသူတိုင်း၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား စတင်ပြောင်းလဲလာတဲ့သူတိုင်း၊ သမ္မာတရားကို လိုချင်တပ်မက်တဲ့၊ ဘုရားသခင်ကိုသိဖို့ ဆန္ဒရှိတဲ့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဆန္ဒရှိတဲ့ သူတိုင်း၊ ဒီလူတွေဟာ အသက်ကို အမှန်တကယ် ပိုင်ဆိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါဟာ အရွယ်ရောက်နေတဲ့ ကလေး၊ ကလေးဘဝအဆင့်မှာရှိတဲ့သူဖြစ်တဲ့ စတုတ္ထလူအမျိုးအစား အမှန်တကယ်ဖြစ်ပါတယ်။

ပဉ္စမအမျိုးအစား။ အရွယ်ရောက်တဲ့ ဘဝအဆင့် သို့မဟုတ် လူကြီးအဆင့်

အကြိမ်ကြိမ်ဖြစ်ပွားတဲ့ နောက်ပြန်ဆုတ်မှုတွေနဲ့ ပြည့်နေတဲ့ ကြီးထွားခြင်းအဆင့်ဖြစ်တဲ့ ကလေးဘဝ လေးဖက်ထောက်သွားတဲ့ အဆင့်ကို ကြုံတွေ့ပြီးနောက်မှာ လူတွေရဲ့ဘဝဟာ တည်ငြိမ်နေပါပြီ။ သူတို့ရဲ့ ရှေ့တက်နေတဲ့ ခြေလှမ်းတွေက မရပ်တန့်တော့သလို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ ရှေ့မှာ ရှိတဲ့လမ်းက ကြမ်းတမ်းပြီး မညီမညာဖြစ်နေပေမဲ့ သူတို့ဟာ အားနည်းခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိကြတော့ဘူး။ သူတို့ဟာ ရှေ့မှာစမ်းတဝါးဝါးဖြစ်မနေတော့ဘူး သို့မဟုတ် သူတို့ရဲ့ ဦးတည်ချက်တွေ မပျောက်ဆုံးတော့ပါဘူး။ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အမှန်တကယ် ကြုံတွေ့ခြင်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါပြီ။ သူတို့ရဲ့နှလုံးသားတွေဟာ ဘုရားသခင်ရဲ့ ဂုဏ်တော်နဲ့ ကြီးမြတ်ခြင်း အားဖြင့် ဆွဲယူခြင်းခံရပါပြီ။ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ဖို့၊ ဘုရားသခင်ရဲ့ အနှစ်သာရကို သိဖို့၊ ဘုရားသခင်ကို အလုံးစုံသိဖို့ သူတို့ တပ်မက်ကြတယ်။

ဒီအဆင့်မှာရှိတဲ့လူတွေဟာ သူတို့ယုံကြည်တာ ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီးဖြစ်ပြီး ဘုရားသခင်အပေါ် သူတို့ ဘာကြောင့်ယုံကြည်သင့်တယ်ဆိုတာနဲ့ သူတို့ကိုယ်တိုင်ရဲ့ သက်ဆိုင်တဲ့ ဘဝတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိကြတယ်။ ဘုရားသခင် ဖော်ပြတဲ့အရာတိုင်းက သမ္မာတရားဖြစ်တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိကြပါတယ်။ သူတို့ရဲ့ နှစ်ပေါင်းများစွာရှိတဲ့ အတွေ့အကြုံတွေမှာ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှု မပါရင် ဘုရားသခင်ကို သိဖို့၊ ကျေနပ်စေဖို့ လုံးဝ တတ်နိုင်မှာ မဟုတ်သလို ဘုရားသခင်ရှေ့ကို ဘယ်တော့မှ အမှန်တကယ် လာရောက်နိုင်မှာမဟုတ်ဘူးဆိုတာကို သူတို့သိမြင်ကြတယ်။ ဒီလူတွေနဲ့သက်ဆိုင်တဲ့ နှလုံးသားတွေအတွင်းမှာ ဘုရားသခင်ရဲ့ စမ်းသပ်ခြင်းကိုခံဖို့ ပြင်းပြတဲ့ ဆန္ဒတစ်ခုရှိတယ်။ စမ်းသပ်ခြင်းခံနေရစဉ်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မြင်ဖို့၊ ပိုသန့်စင်တဲ့ ချစ်ခြင်းကို ရယူဖို့၊ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ကို ပိုပြီး အမှန်တကယ်နားလည်ပြီး သိဖို့ဖြစ်တယ်။ ဒီအဆင့်နဲ့ သက်ဆိုင်တဲ့သူတွေဟာ မွေးကင်းစအဆင့်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားခြင်းနဲ့ ပေါင်မုန့်ကိုစားခြင်းနဲ့ ဗိုက်ပြည့်ခြင်းအဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်တယ်။ ဘုရားသခင်ကို သည်းခံအောင်လုပ်ပြီး သူတို့ကို သနားညှာတာမှုပြစေဖို့ လွန်ကျူးတဲ့ မျှော်လင့်ချက်တွေကို သူတို့ မထားကြတော့ဘူး။ ဒီလိုမဟုတ်ဘဲ သူတို့ဟာ ဘုရားသခင်ရဲ့ မရပ်တန့်သွားမယ့် ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကို လက်ခံရရှိဖို့၊ မျှော်လင့်ဖို့ ယုံကြည်မှုရှိကြပါတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ သူတို့ကိုယ်သူတို့ ခွဲခွာစေပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ဖြစ်ပါတယ်။ ဘုရားသခင်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့အသိပညာ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု သို့မဟုတ် သူတို့ကြိုးစားအားထုတ်မှုရဲ့ နောက်ဆုံးပန်းတိုင်၊ ဒီအရာတွေ အားလုံးဟာ သူတို့နှလုံးသားထဲမှာ သိပ်ရှင်းလင်းပါတယ်။ ဒါကြောင့် လူကြီးအဆင့်မှာရှိတဲ့လူတွေဟာ မရောရာတဲ့ ယုံကြည်မှုအဆင့်ကို၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို သူတို့မှီခိုတဲ့ အဆင့်ကို၊ စမ်းသပ်ခြင်းတွေကို ခံနိုင်ရည်မရှိတဲ့ အရွယ်မရောက်တဲ့ဘဝအဆင့်ကို၊ ဝေဝါးခြင်း အဆင့်ကို၊ စမ်းတဝါးဝါးအဆင့်ကို၊ မကြာခဏ လိုက်စရာမရှိတဲ့ ဘာလမ်းမှ အဆင့်ကို၊ ချက်ချင်းပူ၊ ချက်ချင်းအေးတဲ့နှစ်ခုကြားပြောင်းလဲခြင်းရဲ့ မတည်ငြိမ်တဲ့ အချိန်ကာလကို၊ မျက်လုံးတစ်လုံးမှိတ်ပြီး ဘုရားသခင်နောက်ကိုလိုက်တဲ့ အဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်ပါတယ်။ ဒီလိုလူမျိုးက ဘုရားသခင်ရဲ့ ဉာဏ်အလင်းဖွင့်ပေးခြင်းနဲ့ အလင်းပေးခြင်းကို မကြာခဏ လက်ခံရရှိတယ်။ ဘုရားသခင်နဲ့ မှန်ကန်တဲ့ တွဲဖက်လုပ်ကိုင်ခြင်းနဲ့ ပြောဆိုဆက်သွယ်ခြင်းတို့ မကြာခဏ ပြုလုပ်တယ်။ ဒီအဆင့်မှာ နေထိုင်တဲ့လူတွေဟာ ဘုရားသခင်ရဲ့ အလိုတော် တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ သူတို့လုပ်တဲ့အရာတိုင်းမှာ သမ္မာတရားရဲ့ အခြေခံသဘောတရားတွေကို ရှာဖွေနိုင်ကြတယ်။ ဘုရားသခင်ရဲ့ ဆန္ဒကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကို သူတို့သိတယ်။ ဒါ့အပြင် ဘုရားသခင်ကို သိခြင်းလမ်းကိုလည်း သူတို့ရှာတွေ့ပြီးဖြစ်ပြီး ဘုရားသခင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့အသိပညာကို သက်သေခံဖို့ စတင်ပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းကြီးထွားလာခြင်း အချိန်ကာလအတွင်းမှာ သူတို့မှာ ဘုရားသခင်ရဲ့ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းမှာ ဘုရားသခင်ရဲ့ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းမှာ ဘုရားသခင်ရဲ့အလိုတော်ကို တဖြည်းဖြည်းနားလည်ပြီး သိမြင်ခြင်းရှိကြတယ်။ ဖြည့်စွက်ပြောရရင် အနှစ်သာရနဲ့ပတ်သက်ရင် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားအပေါ် နားလည်မှုနဲ့ သိမြင်မှုကိုလည်း သူတို့ တဖြည်းဖြည်းချင်း ရရှိကြတယ်။ ဒီအသိပညာကို ဘယ်လူသားရဲ့ အယူအဆ သို့မဟုတ် စိတ်ကူးထင်မြင်မှုမှ အစားမထိုးနိုင်ပါဘူး။ ပဉ္စမမြောက်အဆင့်မှာ လူတစ်ယောက်ရဲ့ဘဝဟာ လုံးဝ အရွယ်ရောက်သွားပြီ သို့မဟုတ် ဒီလူကို ဖြောင့်မတ်တယ် သို့မဟုတ် ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပေမဲ့ ဒီလိုလူမျိုးဟာ ဘဝမှာ ရင့်ကျက်ခြင်းအဆင့်ကို တစ်ဆင့်လှမ်းပြီးဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ မျက်နှာချင်းဆိုင်ရပ်ဖို့နဲ့ ဘုရားသခင်နဲ့ မျက်နှာခြင်းဆိုင် ရပ်ဖို့ ဒီလူဟာ ဘုရားသခင်ရှေ့ကို လာရောက်နိုင်ပြီးဖြစ်တယ်။ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အများကြီး တွေ့ကြုံပြီးဖြစ်တဲ့အတွက်၊ မရေမတွက်နိုင်အောင်များပြားတဲ့ စမ်းသပ်မှုတွေကို တွေ့ကြုံခဲ့ပြီး၊ ပဲ့ပြင်ဆုံးမခြင်း ဖြစ်ရပ်တွေ၊ ဘုရားသခင်ဆီက တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့တာကြောင့် ဘုရားသခင်အပေါ် သူတို့ရဲ့ အပ်နှံခြင်းဟာ နှိုင်းယှဉ်လို့မရဘဲ လုံးဝပြည့်စုံပါတယ်။ ဘုရားသခင်အပေါ် သူတို့ရဲ့အသိဟာ မသိစိတ်ကနေ ရှင်းလင်းပြီး တိကျတဲ့ အသိပညာဆီကို၊ အပေါ်ယံကနေ လေးလေးနက်နက်ဖြစ်ခြင်းကို၊ မှုံဝါးဝေဝါးခြင်းကနေ တိကျသေချာပြီး ရှင်းလင်းမှုဆီကို ကူးပြောင်းသွားခဲ့ပါတယ်။ သူတို့ဟာ အစွမ်းကုန် စမ်းတဝါးဝါးဖြစ်ခြင်းနဲ့ တက်ကြွမှုမရှိတဲ့ ရှာဖွေခြင်းကနေ အားစိုက်စရာမလိုတဲ့ အသိပညာနဲ့ တက်ကြွတဲ့ သက်သေခံခြင်းအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီအဆင့်မှာရှိတဲ့လူတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် သမ္မာတရားရဲ့ လက်တွေ့အရှိတရားကို ပိုင်ဆိုင်ကြပြီး ပေတရုလို စုံလင်ခြင်းလမ်းကြောင်းပေါ်ကို ခြေချပြီးဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါဟာ လူကြီးအဆင့်ဖြစ်တဲ့ အရွယ်ရောက်ခြင်းအဆင့်မှာ နေထိုင်တဲ့သူဖြစ်တဲ့ ပဉ္စမလူအမျိုးအစားဖြစ်တယ်။

ယခင်က:ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ၃

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃

သင်နှစ်သက်နိုင်သည့် အရာများ