အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ဖွားမြင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်များကို စတင် ထမ်းဆောင် ရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ ကဏ္ဍကို သင်တာဝန် ယူရပါတော့သည်။ သင်သည် ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်း၊ သင့်ရှေ့ဆက်ခရီး မည်သို့ပင် ဖြစ်နေ၊ ရှိနေစေကာမူ မည်သူတစ်ဦး တစ်ယောက်ကမျှ ကောင်းကင်မှ ချမှတ်ထားသော အစီအစဉ်နှင့် ထိန်းချုပ်မှုကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင် တစ်ပါးတည်းသာလျှင် ထိုသို့သော အရာများကို လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ လူသား စတင်ဖြစ်တည် လာချိန်မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံထိန်းချုပ်ခြင်းနှင့် အရာအားလုံး၏ ပြောင်းလဲမှုနှင့် လှုပ်ရှားမှုများကို လမ်းညွှန် ပြသပေးခြင်းဖြင့် သူ၏အလုပ်ကို ပုံမှန်လုပ်ဆောင်လျက် ရှိပါသည်။ အရာအားလုံးနည်းတူ လူသားတို့သည် ဘုရားသခင်ထံ မှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက် နှင်းပေါက်တို့၏ အားဖြည့်မှုကို မသိသော်လည်း တိတ်တဆိတ် လက်ခံရရှိနေပါသည်။ အရာအားလုံးနည်းတူ လူတို့သည် မသိသော်လည်း ဘုရားသခင် လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်လျက်ရှိပါသည်။ လူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး၊ လူသားအားလုံး၏ ဘဝကို ဘုရားသခင်သည် သူ၏ မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိပါသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိ သက်မဲ့ အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ရွေ့လျား၊ ပြောင်းလဲ၊ ပြန်လည်စတင်ပြီး ကွယ်ပျောက် သွားရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးကို ထိန်းချုပ် အုပ်စိုးပုံ ဖြစ်ပါသည်။

ညအချိန် တိုးဝင် ရောက်ရှိလာသော်လည်း လူတို့သည် သတိမပြုမိကြပေ။ အကြောင်းမှာ လူသား၏ နှလုံးသားကို အမှောင်ထုက မည်ကဲ့သို့ ချဉ်းကပ်လာသည် သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမထားမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် ထွက်ခွာသွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုကြသည်။ သို့သော်လည်း လူသား၏ နှလုံးသားသည် အလင်းရောင် မည်သည့်နေရာမှလာပြီး ည၏ အမှောင်ထုကို အဝေးသို့ မည်သို့ တွန်းထုတ်လိုက်ပုံကိုမူ ပို၍ ရှင်းလင်းစွာ မသိရှိ၊ သတိမထားမိကြပေ။ ထိုသို့ အမြဲဖြစ်ပေါ်နေသော နေ့နှင့်ည လည်ပတ်မှုသည် လူတို့အား အချိန်တို့ကို ဖြတ်ကျော်ကာ ကာလတစ်ခုပြီး တစ်ခုသို့ ပို့ဆောင်ပေးနေသကဲ့သို့၊ တစ်ဖက်တွင် ဘုရားသခင်၏ အမှုနှင့် သူ၏ အကြံအစည်အား ထိုကာလနှင့် အချိန်တိုင်းတို့တွင် အကောင်အထည် ဖော်ဆောင်ပေးလျက် ရှိပါသည်။ လူသားသည် ဘုရားသခင်နှင့် ခေတ်ကာလများတစ်လျှောက် လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် သက်ရှိနှင့် အရာအားလုံးတို့၏ ကံကြမ္မာကို ပိုင်စိုးသည် ဆိုသည့်အချက် သို့မဟုတ် ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွန်ကြားနေသည် ဆိုသည့်အချက်ကို မသိရှိကြသေးပေ။ ထိုအချက်သည် လူသားတို့အတွက် နားလည်ရန် ခက်ခဲသည့်အရာ ဖြစ်ခဲ့သည်မှာ ယခင့်ယခင် မသိနိုင်လောက်သည့် ကာလများမှ ယနေ့ထိတိုင်အောင်ပင် ဖြစ်သည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ နည်းလမ်းတို့သည် နားလည်ရန် ခက်ခဲလွန်းခြင်း သို့မဟုတ် ဘုရားသခင်၏ အကြံအစည်ကို မသိရှိခဲ့ကြခြင်းကြောင့် မဟုတ်ပဲ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ မိမိကိုယ်ကို မသိလိုက်ဘဲ စာတန်၏ အသုံးခံ ဖြစ်နေတတ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်မှ ဘုရားသခင်၏ ခြေရာအတိုင်း စိတ်ဝင်တစား လိုက်လျှောက်ခြင်း သို့မဟုတ် ဘုရားသခင်၏ အဆင်းသဏ္ဌာန်ကို ကြိုးစား ရှာဖွေခြင်းမရှိသလို၊ မည်သူ တစ်ဦးတစ်ယောက်မှ ဘုရားသခင်၏ ဂရုပြုမှုနှင့် အထံတော်တွင် နေထိုင်လိုသောဆန္ဒ မရှိကြပေ။ ထို့သို့ပြုမည့်အစား သူတို့သည် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများအတိုင်း လိုက်လျှောက်ရန်အတွက် စာတန်နှင့် မကောင်းဆိုးဝါးတို့၏ သွေးဆောင်ခြစားခြင်းအပေါ်တွင်သာ မှီခိုရန် ဆန္ဒရှိကြပါသည်။ ဤနည်းအားဖြင့် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို စာတန်အား ဆက်ကပ်ပေးလှူကာ သူ့အတွက် ခဲဖွယ်၊ စားဖွယ် ဖြစ်လာကြပါသည်။ ထို့အပြင် လူသားတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်ရန် နေရာတစ်ခုနှင့် စိတ်တိုင်းကျ ဆော့ကစားရာ နေရာတစ်ခုဖြစ်လာပါသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများ၊ လူသားတို့ ဖြစ်တည်လာမှု၏ တန်ဖိုးနှင့် ရည်ရွယ်ချက်တို့ကို နားလည်နိုင်သည့်အခွင့်ကို မသိလိုက်ပဲ လက်လွှတ် ဆုံးရှုံးသွားရပါတော့သည်။ ဘုရားသခင်ထံမှ ပညတ်များနှင့် ဘုရားသခင်နှင့် လူတို့ကြားမှ ပဋိညာဉ်သည် လူသားတို့၏ နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်နေပြီး လူတို့သည် ဘုရားသခင်အား ရှာဖွေခြင်း သို့မဟုတ် ဂရုပြုခြင်း မရှိကြတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူတို့သည် ဘုရားသခင်က သူတို့အား ဖန်ဆင်းခဲ့သည့် အကြောင်းရင်းကို နားမလည်တော့သလို၊ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များကို နားလည်ခြင်း၊ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်သည်ကို နားလည်နိုင်ခြင်း မရှိတော့ပေ။ လူတို့သည် ဘုရားသခင်ထံမှလာသော ပညတ်တော်များနှင့် အမိန့်များကို အာခံလာကြသည်’ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စတင်ထုံထိုင်းလာသည်။ ဘုရားသခင်သည် သူ၏ မူလရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးခဲ့ရပြီး လူသားသည် ၎င်း၏ မူလ အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။ အမှန်တကယ်တွင်မူ အစဦးမှစပြီး ယခုအချိန်အထိ၊ ဘုရားသခင်သည် ဇာတ်ဆောင်နှင့် သားကောင်နှစ်ခုစလုံးဖြစ်သည့် လူသားအတွက် ပူဆွေးမှု ပြဇာတ်တစ်ခုကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကာ၊ ထိုပြဇာတ်၏ ဒါရိုက်တာ မည်သူမည်ဝါ ဖြစ်သည်ကို မည်သူမျှ မဖြေဆိုနိုင်ပါ။

လောကပြင်ကျယ်ကြီးတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများသည် ထပ်ခါ ထပ်ခါ ဖြစ်ပွားနေသည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ လူသားမျိုးနွယ်များကို မဦးဆောင်၊ မညွှန်ကြားနိုင်ပါ။ လူသားအတွက် အားထုတ်ခြင်း သို့မဟုတ် ပြင်ဆင် လုပ်ဆောင်ခြင်းကို လုပ်ဆောင်ရန် ကြီးမြတ်သောသူ တစ်ယောက်မျှမရှိပါ၊ ဤလူသားတို့ကို အလင်းရှိရာ ခရီးဆုံးပန်းတိုင်နှင့် ကမ္ဘာကြီး၏ မတရားမှုများထံမှ လွတ်မြောက်မှုဆီသို့ ဦးဆောင်နိုင်သည့်သူ ပို၍ပင် မရှိပေ။ ဘုရားသခင်သည် လူသား၏ အနာဂတ်အတွက် ဝမ်းနည်းရပြီး၊ လူသား၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်ရသည်။ ဘုရားသခင်သည် လူသား၏ ကျရှုံးမှုနှင့် ပြန်လမ်းမဲ့လမ်းသို့ တဖြည်းဖြည်း ဦးတည်သွားနေခြင်းအတွက် ဝမ်းနည်းပူဆွေးရသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေပြီး၊ ဆိုးယုတ်ခြင်းကို ရှာဖွေရန် ဘုရားသခင်အား စွန့်လွှတ်ပစ်ကြသည်။ ဤသို့ လူသားမျိုးနွယ်စုတို့ သွားရမည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူမှ စဉ်းစားခဲ့ကြခြင်း မရှိပေ။ ဤအချက်ကြောင့်ပင် မည်သူမှ ဘုရားသခင်၏ အမျက်ကို မခံစားမိကြပေ။ မည်သူမျှ ဘုရားသခင် ကျေနပ်သဘောကျစေမည့် လမ်းကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်နှင့် နီးစပ်လာအောင် ကြိုးစားခြင်း မရှိကြပေ။ ထို့အပြင် ဘုရားသခင်၏ ဝမ်းနည်း၊ နာကျင်ရမှုများကို စာနာနားလည်ပေးရန် မည်သူမျှ မကြိုးစားကြပေ။ ဘုရားသခင်၏ အသံကို ကြားသည့်တိုင်အောင် လူတို့သည် ဘုရားသခင်ထံမှ ဝေးကွာသည့် လမ်းကြောင်းကို ဆက်သွားကြပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုအောက်မှ ရှောင်ပြေးကာ ဘုရားသခင်၏ သမ္မာတရားအောက်မှ ရှောင်ရှားလာကြသည်။ မိမိကိုယ်ကို ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်သော စာတန်ထံသို့ ရောင်းချရန်သာ ပိုဆန္ဒရှိလာကြသည်။ ဘုရားသခင်သည် သူ့အား ပစ်သွားသည့် နောင်တရခြင်းမရှိသော သူတစ်ဦးအား မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူက စဉ်းစားဖူးပါသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်း နှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသားတို့၏ ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် မခံစားနိုင်သည့် တစ်ခါမျှ မဖြစ်ဖူးသေးသော ဘေးဒုက္ခအန္တရာယ်များကို သူ၏ လက်တော်ထဲတွင် ပြင်ဆင် ကိုင်ဆောင်ထားသောကြောင့် ဖြစ်ပါသည်။ ဤဘေးဒုက္ခသည် အသွေးအသားအတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ် ဖြစ်လာမည်ဖြစ်သည်။ သင်သိသင့်သည်မှာ ဘုရားသခင်၏ အကြံအစည်ကို လျစ်လျူရှုပြီး၊ သူ၏ သတိပေးချက်များနှင့် တိုက်တွန်း နှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူကမည်သည့်အမျက်ရှမည်နည်းဆိုသည့် အချက်ဖြစ်သည်။ သူ၏အမျက်သည် ဖန်ဆင်းခြင်းတို့ ကြုံတွေ့ဖူးသော ကြားဖူးသော အရာများနှင့် လုံးဝ တူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုဘေးဒုက္ခသည် တစ်ခါမျှ မဖြစ်ဖူးသေးသကဲ့သို့ မည်သည့်အခါမှလည်း ထပ်မံဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ အကြံအစည်တွင် တစ်ခါသာဖန်ဆင်း၍ တစ်ကြိမ်သာ ကယ်တင်ရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့အား ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ကြင်နာသနားစိတ်နှင့် စိတ်ထက်သန်စွာ မျှော်လင့် စောင့်စားမှုကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ ရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူတို့သည် ရုပ်ဝတ္ထုကမ္ဘာကြီးအပေါ်တွင် စတင်မျက်စိကျပြီးသည့်အချိန်မှစကာ သူတို့သည် ဘုရားသခင် အပ်နှင်းထားသည့် အရာအတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရပါသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတို့အား အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် ပံ့ပိုးပေးသည့်အရာဖြစ်သည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားတို့သည် ဘုရားသခင်၏ ဂရုဏာအောက်၌ အသက်ရှင် ကြီးထွားနေသည်ကို မည်သူမှ ယုံကြည်ခြင်း မရှိကြပေ။ ထိုအစား သူတို့သည် သူတို့မိဘများ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အောက်တွင် ကြီးထွားလာပြီး၊ ထိုကြီးထွားမှုကို ပင်ကိုယ်ဗီဇသဘာဝတို့က ထိန်းချုပ်ထားသည်ဟု မှတ်ယူကြပါသည်။ အကြောင်းရင်းမှာ လူသားသည် သူတို့အား ဘဝကို အပ်နှင်းထားသောသူကို မသိခြင်း သို့မဟုတ် မည်သည်က ဘဝလာသည်ကို မသိခြင်းကြောင့်ဖြစ်သည်။ ပင်ကိုယ်ဗီဇသဘာဝက အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို ပို၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် ဘဝတည်မြဲမှု၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် စိတ်ထဲတွင် ယုံကြည်မှုသည် အသက်ရှင်ရပ်တည်နိုင်မှု၏ အကြောင်းရင်းဖြစ်သည်ဟုသာ သိရှိကြသည်။ လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို မခံစားကြရပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင် အပ်နှင်းသော အသက်တာကို ဖြုန်းတီးပစ်ကြသည်။ နေ့နှင့်ည ကြည့်ရှု စောင့်ရှောက်ထားသော ဘုရားသခင်အား တစ်ဦးတစ်ယောက်မျှ မိမိအသိနှင့်မိမိ ဝတ်ပြုကိုးကွယ်လိုခြင်း မရှိကြပေ။ ဘုရားသခင်သည် သူတစ်စုံတစ်ခုပြန်ရရန် မျှော်လင့်ထားခြင်းမရှိသော သူ၏လူသားအတွက် သူစီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် အိမ်မက်မှ နိုးထကာ ရုတ်တရက် ဘဝ၏တန်ဖိုးနှင့် ရည်ရွယ်ချက်ကို နားလည်ပြီး၊ ဘုရားသခင်က လူသားအား ပေးထားသည့် အရာအားလုံး၏ အဖိုးအခကို နားလည်လာကာ ဘုရားသခင်သည် လူသား သူ့ထံ ပြန်လှည့်လာစေရန် မည်မျှမျှော်လင့်နေသည်ကို သိရှိရန် မျှော်လင့်နေသောကြောင့်ဖြစ်ပါသည်။ မည်သူမှ လူသား၏ မူလဘဝနှင့် ရှေ့ဆက်ဘဝတို့အတွက် လျှို့ဝှက်ချက်များကို စဉ်းစားခြင်းမရှိပေ။ ထိုသို့ဖြစ်လင့်ကစား အရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည် အရာအားလုံးကို သူ့ထံမှ အလကား ရယူနေသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားထံမှ နာကျင်စေမှုနှင့် ပစ်ပယ်မှုတို့ကို ငြိမ်သက်စွာ သည်းခံလျက်ရှိပါသည်။ လူသားတို့သည် ဘဝမှပေးသောအရာ အားလုံးကို အလိုအလျောက် ရယူနေပြီး၊ “လုပ်ရိုးလုပ်စဉ်အနေဖြင့်” လူသားတို့သည် ဘုရားသခင်အား သစ္စာဖောက်၍ မေ့လျော့ကြကာ ခြိမ်းခြောက်တောင်းယူလျက်ရှိသည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ လက်တော်မှလာသော သက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ အကြံအစည်သည် လုံးဝအရေးကြီးပါသည်။ သို့ရာတွင် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းခဲ့သော သက်ရှိများသည် သူ၏အကြံအစည်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အကြံအစည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏ အကြံအစည်နှင့် သူ့ဇီဝအသက် မှုတ်သွင်းထားခဲ့သည့်အတွက်သာ နာကျင်မှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသားတို့၏ အသွေးအသားအတွက် မဟုတ်ပဲ လူသားတို့၏ဘဝအတွက် ဖြစ်ပါသည်။ သူသည် လူသားတို့၏ အသွေးအသားကို ပြန်ရယူလိုခြင်းမဟုတ်ပဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်လည်ရယူလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ သူ၏အကြံအစည် ဖြစ်ပါသည်။

ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့် တဖန်ပြန်လည် မွေးဖွားခြင်းစက်ဝန်းကို ကြုံတွေ့ကြရသည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူသည် မကြာမီ ပြန်လာရပြန်သည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤဘဝလမ်းကြောင်းနှင့် စက်ဝန်းသည် အမှန်တရားတစ်ခုဖြစ်ပြီး၊ ဘုရားသခင်မှ လူတို့ကို အပ်နှင်းထားသော ဘဝသည် အဆုံးမရှိခြင်းနှင့် အသွေးအသား၊ အချိန် သို့မဟုတ် နေရာတို့မှ ဖျက်ဆီးမရနိုင်ကြောင်းကို မြင်တွေ့စေလို၍ ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်မှ လူတို့ထံ အပ်နှင်းထားသော အသက်၏ နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်လည်း၊ ဘုရား၏ တည်ရှိမှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာများကို ယူငင်ခံစား ပျော်ရွင်နေသည်မှာ မလွဲမသွေပင်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သော အသက်များကို ပြန်လည် ယူဆောင်ရန် ဆန္ဒဖြစ်လာပါက အရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် အာဏာတို့ဖြင့် အရာအားလုံးကို အစီအစဉ်ကျနစွာ ယူဆောင်လာခြင်းဖြင့် သက်ရှိ သက်မဲ့ အရာအားလုံးကို သူ၏အသက်တာဖြင့် ထောက်ပံ့လျက်ရှိပါသည်။ ဤသည်မှာ မည်သူမှ လွယ်ကူစွာ တွေ့မြင် နားလည်နိုင်မည် မဟုတ်သည့် သမ္မာတရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော သမ္မာတရားများသည် ဘုရားသခင်၏ အသက်တာသရုပ်နှင့် တည်ရှိမှု၏ အထောက်အထားဖြစ်ပါသည်။ ယခုသင့်အား လျှို့ဝှက်ချက်တစ်ခု ပြောပြပါမည်။ ဘုရားသခင်၏ ကြီးမားမှုနှင့် စွမ်းအားကို မည်သည့်ဖန်ဆင်းမှုကမှ လိုက်မမီနိုင်ပါ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ မည်သို့ပင် ပုံစံ၊ တည်ဆောက်ပုံ ကွာဟနေစေကာမူ ဖန်ဆင်းမှု အားလုံးအတွက် အသက်တာ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာပါသည်။ သင်သည် မည်သည့် သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ မည်သည့် အခြေအနေတွင်မဆို လူသားကို နားလည်စေလိုသည့် အချက်မှာ လူသားများသည် ဘုရားသခင်ထံမှ ဂရုဏာ၊ အကာအကွယ်နှင့် အကူအညီမရှိပါက မည်မျှပင် အားကြီးနေ၊ ရုန်းကန်ကြိုးစားနေစေကာမူ ရသင့်ရထိုက်သလောက် ရနိုင်မည်မဟုတ် ဆိုခြင်းပင် ဖြစ်သည်။ ဘုရားသခင်မှ ဘဝ အသက်တာကို ထောက်ပံ့ပေးမှု မရှိပါက လူတို့သည် ဘဝတွင် အသက်ရှင်ခြင်း အနှစ်သာရနှင့် ဘဝ၏ ရည်ရွယ်ချက်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဘဝအသက်တာ တန်ဖိုးကို တန်ဖိုးမထားပဲ ဖြုန်းပေးသောသူကို မည်မျှလောက်အထိ ခွင့်လွတ်ထားနိုင်မည်နည်း။ ထို့အတူ ဘုရားသခင်သည် သင့်အသက်တာ၏ အရင်းအမြစ်ဖြစ်သည်ကို မမေ့ပါနှင့်။ အကယ်၍ လူသည် ဘုရားသခင် အပ်နှံထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိပါက၊ ဘုရားသခင်သည် သူပေးထားသည့် အရာများကို ပြန်ယူမည်သာမက ထိုထက်ပို၍ လူသားသည် ဘုရားသခင် အသုံးပြုခဲ့ရသည့် အရာအားလုံးအတွက် လျော်ကြေးအဖြစ် နှစ်ဆ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ယခင်က:ဥယျောဇဉ်

နောက်တစ်ခုသို့:ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏

သင်နှစ်သက်နိုင်သည့် အရာများ