အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီ

တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ၊ ကျွန်ုပ်၏ ယုံကြည်မှုက မရေမရာဖြစ်ကာ စိတ်ကူးသက်သက် ဖြစ်လိမ့်ဦးမည်။

ဘာသာရေး အယူအဆများကို ဖက်တွယ်ရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးက ကျွန်ုပ် မလွတ်မြောက်နိုင်သည့် မြူထဲတွင် ရှိခဲ့ပေ။

တစ်နေ့ပြီးတစ်နေ့ အပြစ်ပြုကာ ဝန်ချရင်း၊ အပြစ်တရား၏ ချည်နှောင်မှုများကို ကျွန်ုပ် မစွန့်ပစ်နိုင်ခဲ့။

ကျွန်ုပ် အမြဲ လိမ်ညာကာ လှည့်စားခဲ့သော်လည်း ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရသည့်အဖြစ်ကို အိပ်မက်ခဲ့။

နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များက ကျွန်ုပ်၏ အကြင်နာတရားမဲ့သော စိတ်နှလုံးကို နိုးထစေခဲ့ပေ။

ဘုရားသခင်အတွက် ကျွန်ုပ်၏ အားထုတ်မှုများနှင့် ဆင်းရဲဒုက္ခမှာ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ ဖြစ်သည်ကို ကျွန်ုပ် ရှင်းလင်းစွာ မြင်ရလေ။

ဘုရားသခင်နှင့် အပေးအယူများ ကျွန်ုပ် လုပ်ဆောင်နေမိခဲ့၊ ကျွန်ုပ်တွင် အသိစိတ်၊ ဆင်ခြင်တုံတရား မရှိခဲ့ပေ။

အရှက်ဖြင့်ပြည့်ရင်း ဘုရားသခင်၏ ရှေ့မှာက်တွင် ဦးညွှတ်ကာ သူ၏ တရားစီရင်ခြင်းကို ကျွန်ုပ် ဝမ်းမြောက်စွာ လက်ခံပေ။

ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက်တွင် တရားစီရင်ခြင်းကို ကြုံလျက်၊ ဘုရားသခင်၏ စစ်မှန်သော မေတ္တာကို ကျွန်ုပ် မြည်းစမ်းပြီးလေပြီ။

နာကျင်မှုနှင့် စစ်ဆေးမှုများစွာ ကျွန်ုပ်ခံရသော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံး တည်ငြိမ်ကာ ငြိမ်းချမ်းပေ။

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်စေ၊

သမ္မာတရားကို ကျွန်ုပ်ရရှိကာ ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်းကို လက်ခံရရှိပြီလေ။

ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများက ကျွန်ုပ်၏ စိတ်နှလုံးကို ဖေးမပေ၊ ၎င်းတို့က ကျွန်ုပ်အသက်တာအဖို့ အင်မတန် အကျိုးရှိပေ။

ဘုရားသခင်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ပါး၊ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်ုပ် ကြုံတွေ့ရပြီ။

ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားက အလွန်ချစ်ဖွယ်ပေ၊ ထာဝရ ချီးမွမ်းခြင်းများဖြင့် ကိုယ်တော် ထိုက်တန်ပေ။

ဘုရားသခင်၏ တရားစီရင်ခြင်းက အဓိပ္ပါယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ်ကို အခွင့်ပေးသည်ကို ကျွန်ုပ် ကျေးဇူးတင်မိ။

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူ့ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ် ကျွန်ုပ်ကို ဦးဆောင်လေပြီ။

နေ့ရက်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ကာ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ် အသက်ရှင်ရ။

ကျွန်ုပ်၏ အသက်အဖြစ် သမ္မာတရားနှင့်အတူ၊ ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲသည်။

ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပေ၊ ဘုရားသခင်ကို ကျွန်ုပ် ထာဝရချစ်ကာ ချီးမွမ်းမည်။

ယခင်က:ရီဝေဝေ ကျွန်ုပ်နိုးထစဉ်

နောက်တစ်ခုသို့:ဟုတ်ကဲ့သမားတစ်ဦး၏ နိုးထမှု

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ