အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိပါ

ဂျောက်ကျင်း၊ ရှန်ဒေါင်းပြည်နယ်

ဤဘဝ၏ ဒုက္ခများကို ကျွန်မ အပြည့်ဝဆုံး ခံစားခဲ့ရသည်။ ကျွန်မ ခင်ပွန်း မကွယ်လွန်မီ နှစ်ပေါင်းများစွာအထိ ကျွန်မ အိမ်ထောင်မပြုခဲ့ဘဲ၊ ထိုအချိန်မှစပြီး၊ မိသားစုအတွက် စောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် ကြီးလေးသောဝန်က ကျွန်မပခုံးပေါ်သို့ တိုက်ရိုက်ကျလာခဲ့သည်။ ကလေးငယ် တစ်ယောက်ရှိလျက်၊ ခက်ခဲသောဘဝတစ်ခုကိုကျွန်မ ရှင်သန်ခဲ့သည်။ ကျွန်မ သည် အခြားသူများ၏ ပြက်ရယ်ပြုမှူ နှင့် အထင်သေးခြင်းတို့အတွက် အမြဲတမ်း ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်။ အားနည်းပြီး ခိုကိုးရာမဲ့ကာ၊ ဤလောက တွင် ဘဝက တကယ့်ကို အလွန်တရာ ခက်ခဲလွန်းသည့်အလား ခံစားရလျက် နေ့တိုင်း မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရပါသည်။ အဆိုးမြင်ဝါဒနှင့် မျှော်လင့်ချက် ပျက်သုဉ်းခြင်း၏ ဇောက်အနက်ထဲတွင် ကျွန်မ လူးလှိမ့်နေခဲ့ချိန်တွင်ပင် ညီအစ်မတစ်ဦးက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားကို ကျွန်မထံ ဝေမျှခဲ့သည်။ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့် အချိန်တွင် ကျွန်မ၏ စိတ်နှလုံးသည် နွေးထွေးမှုဖြင့် ပြည့်နှက်ခဲ့သည်။ “သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီး ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစား ရသောအခါ၊ လမ်းပျောက်ခြင်း မရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့် တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်း ကို အချိန်မရွေး လက်ခံပွေ့ဖက် လေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချ တော်မူခြင်း”) ဘုရားသခင်က ချစ်ခင်သော အမေတစ်ယောက်ကဲ့သို့ ကျွန်မကို ခေါ်ခဲ့ပြီး၊ ကျွန်မနေအိမ်၊ ကျွန်မ၏ အားပေးမှု နှင့် ကျွန်မ စိတ်ဝိညာဉ်၏ ခိုနားရာနေရာတို့ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီဟု ခံစားခဲ့ရသည်။ ထိုအချိန်မှစပြီး နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ပြီး၊ ဘုရားသခင်သည် အသက်အားလုံး ၏ အရင်းအမြစ်ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူတိုင်း၏ ကံကြမ္မာကို အုပ်စိုးကြောင်း နှင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်၏ တစ်ခုတည်းသော အထောက်အပံ့ ဖြစ်ပြီး ကယ်တင်ခြင်း ဖြစ်ကြောင်း တို့ကို ကျွန်မ သင်ယူလာခဲ့ရသည်။ ကျွန်မက ပို၍များပြားသော သမ္မာတရားကို နားလည်သဘောပေါက်လာနိုင်ရန်၊ အသင်းတော် ဝတ်ပြု အစည်းအဝေးများကို တက်ကြွစွာ တက်ရောက်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် ညီအစ်ကိုမောင်နှမများအားလုံးသည် အချင်းချင်း ရိုးရှင်းပြီး ပွင့်လင်းစွာ နေကြကြောင်းကို မျက်မြင်တွေ့ခဲ့သည်။ သူတို့နှင့် ကျွန်မ အတူရှိချိန်တွင် ကျွန်မ အေးဆေးသက်သာရှိသည်ဟု ခံစားရသည်၊ ကျွန်မ၏ စိတ်နှလုံးတွင် ကြီးစွာ သော လွတ်ငြိမ်းမှု အသိစိတ်ကို ခံစားရပြီး၊ ကမ္ဘာပေါ်တွင် ယခင်က ကျွန်မ တစ်ခါမျှ မခံစားဖူးသည့် ပျော်ရွှင်မှုတစ်ခုနှင့် ဝမ်းမြောက်ခြင်းတို့ကို နှစ်သက် ခံစားခဲ့သည်။ ထို့ကြောင့် ကျွန်တော်က အနာဂတ်အတွက် မိမိကိုယ်ကိုယ် ယုံကြည်မှု နှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်လာခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ပြန်လည်ပေးဆပ်ရန် အသင်းတော်တွင် ကျွန်မ တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ သို့သော် အံ့အားသင့်စွာပင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ရန် သို့မဟုတ် မှန်ကန်သော လမ်းကြောင်းကို လိုက်ရန် မည်သူ့ကိုမျှ ခွင့်မပြုဘဲ၊ ကျွန်မ၏ ယုံကြည်မှု သက်သက်ကြောင့် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လက်ထဲတွင် ရက်စက်စွာနှင့် လူမဆန်စွာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံစားခဲ့ ရပါသည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ နေ့လည်ခင်းတစ်ခုတွင်၊ ကျွန်မ နေအိမ်၌ အဝတ် အချို့လျှော်နေချိန်တွင် ရုတ်တရက် အရပ်ဝတ်ရဲငါးယောက် ခြေယောက်တို့က ခြံဝင်းထဲသို့ ဝုန်းခနဲ ဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က “ငါတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေကို နှိမ်နှင်းဖို့ အထူး တာဝန်ကျ တဲ့ မှုခင်းရဲတပ်ဖွဲ့ကပဲ” ဟု အော်ပြောခဲ့သည်။ ကျွန်မ ပြန်ပြီး အေးဆေး တည်ငြိမ်မှု မရှိမီ၊ သူတို့က ဓားပြတစ်ဖွဲ့ကဲ့သို့ ကျွန်မ အိမ်ထဲမှ အရာ အားလုံးကို မြေလှန်ပစ်လိုက်ကြသည်။ သူတို့က ကျွန်မအိမ်ကို အတွင်းရော အပြင်ပါ မွှေနှောက်လှန်လှော ရှာဖွေပြီး၊ သူတို့ရှာဖွေတွေ့ရှိသည့် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း စာအုပ်အချို့၊ ဒီဗီဒီစက်တစ်လုံးနှင့် စီဒီစက်နှစ်ခု တို့ကို သိမ်းဆည်းခဲ့ကြသည်။ ထို့နောက် သူတို့က ကျွန်မကို ရဲကားတစ်စီးဆီသို့ လိုက်ပို့ပြီး၊ ရဲစခန်းသို့ ခေါ်သွားခဲ့သည်။ သွားရာလမ်း တွင်၊ ညီအစ်ကို မောင်နှမများက ကောက်ကျစ်သော ရဲများ၏ ဖမ်းဆီးခံရခြင်း နှင့် ရက်စက်စွာ ညှဉ်းပန်းခြင်းတို့ကို မည်သို့ပြောပြခဲ့သည်ကို တွေးပြီး၊ ကျွန်မ လည်ချောင်း ထဲတွင် တစ်စို့လာခဲ့ကာ၊ ကျွန်မ အလွန် ကြောက်လန့်မိလေသည်။ သေရေး ရှင်ရေးတမျှဖြစ်သော အကျပ်အတည်းတွင်၊ ကျွန်မ ဘုရားသခင်ကို အဆော တလျင် ဆုတောင်းခဲ့သည်။ “အိုအနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မ အခု အရမ်းအားနည်း နေပါတယ်။ ညှဉ်းပန်းခံရမဲ့ အတွေးက ကျွန်မကို အရမ်း ကြောက်လန့် ကျန်ရစ်စေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတို့ ပေးပြီး၊ ကျွန်မရဲ့ ကြောက်စိတ်ကို မောင်းထုတ်ပေးပါ။” ဆုတောင်း ပြီးနောက် ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်မ တွေးမိသည်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာ ကောင်းသည်ဟု ထင်ရသော်လည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့် ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု နည်းလွန်း ခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားလာသည့်ကာလ ပတ်လုံး၊ မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) “ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသောနဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံ ကျွန်လည်းဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ ‘သတ်မှတ်ချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ် ထဲရှိ “အခန်း ၂၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံပြု သည်နှင့်အညီ၊ ကျွန်မက ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်မှုကို မပိုင်ဆိုင် သောကြောင့် စာတန်၏ ရက်စက်စွာ ညှဉ်းပန်းခြင်းကို ကြောက်နေခဲ့သည်ကို ရုတ်တရက် တွေးမိလေသည်။ “စာတန်က အမှန်တော့ ဘုရားသခင်ရဲ့ အမှုတော်ကို အစေခံမှုပေးတဲ့ အဖြည့်ခံတစ်ခုသာ ဖြစ်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “သူက ဘယ်လောက်ပဲ ရိုင်းစိုင်းကြမ်းကြုတ်ပြီး၊ ရက်စက်ပါစေ၊ သူက ဘုရားလက်တော်ထဲမှာပဲ ရှိပါသေးတယ်၊ ပြီးတော့ သူ့မှာ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားချက်တွေနဲ့ စီစဉ်မှုတွေကို နာခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ အဲဒီအပြင်၊ စာတန်က ပိုရိုင်းစိုင်း ကြမ်းကြုတ်ပြီး၊ ရက်စက်လေ၊ ငါက ဘုရားသခင်အတွက် သက်သေခံဖို့ ငါ့ယုံကြည်ပေါ်ကို ပိုမှီခိုရလေ ဖြစ်တယ်။ ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ ငါဟာ စာတန်ရဲ့ အာဏာရှင်ဆန်တဲ့ သြဇာရဲ့ ခြောက်လှန့်ပြီးခိုင်းတာကို လုံးလုံးခံလို့မဖြစ်ဘဲ၊ အဲဒီအစား စာတန်ကို အနိုင်ယူ ဖို့ ဘုရားသခင်ပေးတဲ့ ယုံကြည်မှု နဲ့ ခွန်အားတို့ကို မှီခိုရမယ်။” ဤအရာကို တွေးလျက်၊ ကျွန်မက နောက်ထပ် မကြောက်တော့ပါ။

ရဲစခန်းသို့ ရောက်သည့်အချိန်တွင် ရဲနှစ်ယောက်က စကားတစ်လုံးမျှ မပြောဘဲ၊ ကျွန်မကို လက်ထိပ်ခတ်လိုက်ကာ၊ သူတို့က ကျွန်မကို ကန်ကျောက် ပြီး၊ ဒုတိယလွှာဆီသို့ တွန်းထိုးလာခဲ့ပြီးနောက် “မင်းတို့လို လူတွေ နှစ်သက် ခံစားနိုင်ဖို့ ငါတို့မှာ ‘အထူးအပြုအစု’ တစ်ချို့ရှိတယ်” ဟု ပြောလေသည်။ ဤ ‘အထူးအပြုအစု’ ဆိုသည်မှာ ညှဉ်းပန်းခြင်းကိုဆိုလိုကြောင်း ကျွန်မ စိတ်နှလုံးထဲက သိခဲ့သည်။ ထို့နောက်တွင်ပင် ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆက်ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကွယ်ကာမှုတို့ကို ဆုံးရှုံးကာ၊ စာတန်၏ ကောက်ကျစ်သော အကြံအစည်များ အားဖြင့် လှည့်စားခံရမည်ကို စိုးရိမ်ပြီး ဘုရားသခင်ကို တခဏလေးပင် ကျွန်မ မစွန့်ခွာရဲခဲ့ပါ။ စစ်မေးခန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက်၊ ကောက်ကျစ်သောရဲများထဲမှ တစ်ယောက် က ကျွန်မကို ဒူးထောက်ခိုင်းသည်။ ကျွန်မက မထောက်သည့်အခါ၊ ကျွန်မ၏ ဒူးနောက်ဖက်ကို ရက်စက်သော ကန်ချက်တစ်ခုဖြင့် ရွယ်ပြီး ကန်ထည့်လိုက်ကာ၊ ကျွန်မက ဘုတ်ခနဲမြည်သံ တစ်ခုဖြင့် ဒူးထောက်လျက် အလိုအလျောက် ကျသွားခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို ဝန်းရံပြီး၊ ကျွန်မခေါင်း ချာချာလည်ကာ၊ ကျွန်မ အမြင်များ မှုန်ဝါးလာသည်အထိ စတင်ရိုက်နှက် ကန်ကျောက်ခဲ့ကြပြီး၊ ကျွန်မ နှာခေါင်းနှင့် ပါးစပ်များထဲမှ သွေးများ ထွက်လာခဲ့လေသည်။ သို့သော် သူတို့က ကျွန်မကို ကြမ်းပြင်ပေါ်တွင်ထိုင်ဖို့ အမိန့်ပေးခဲ့ပြီး၊ ကျွန်မရှေ့တွင် ထိုင်ခုံတစ်ခု ထားသည်နှင့်အညီ သူတို့က မပြီးသေးပါ။ ထို့နောက် ဆိုးယုတ်သောရဲများထဲမှ တစ်ယောက်က ကျွန်မ နောက်ကျောကို ပြင်းထန်စွာ စတင်ရိုက်နှက်ပြီး၊ ရိုက်ချက်တိုင်းနှင့်အတူ ကျွန်မ၏ မျက်နှာဖြင့် ခေါင်းတို့က ထိုင်ခုံနှင့် ဆောင့်မိ လေသည်။ ကျွန်မ ခေါင်းက အူထူနေပြီး၊ နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်သည်။ ရဲများထဲမှ တစ်ယောက်က ကျွန်မကို ကောက်ကျစ်သည့် အပြုံးဖြင့် ပြုံးပြပြီး၊ “တစ်ယောက်ယောက်ကတော့ မင်းကို သစ္စာဖောက်နှင့်ပြီ။ မင်းစကားစမပြောရင်၊ ငါတို့မင်းကို သေတဲ့အထိ ရိုက်သတ်မယ်” ဟု ပြောသည်။ ဤအရာကို သူပြောပြီးနောက်၊ သူက ကျွန်တော့်ကို ရင်ဘတ်ကို အားကုန် ထိုးထည့်လိုက်သည်မှာ အလွန်နာကျင်လွန်းလှ၍ ကျွန်မ တော်တော် နှင့် အသက်မရှုနိုင်ခဲ့ပါ။ ထို့နောက် နောက်ထပ်ရဲ တစ်ယောက်က “မင်းက လီယူဟူလန် လိုလို ဘာလိုလို တကယ်ထင်နေ တာလား။ အနှေးနဲ့ အမြန်ဆိုသလို ငါတို့က မင်းဆီက အမှန်တရားကို ရိုက်ပြီး ယူမှာပဲ” ဟု အော်ခဲ့ သည်။ ကောက်ကျစ်သော ရဲတစ်ဖွဲ့က ကျွန်မကို နည်းလမ်းမျိုးစုံနှင့် ညှဉ်းပန်း ကာ၊ သူတို့ပင်ပန်းလာသည့် အချိန် မှသာ ရပ်တန့်ခဲ့သည်။ ကျွန်မက အသက်ရှုဖို့ အချိန်အနည်းငယ် အခွင့်ရနိုင်သည်ဟု ကျွန်မ တွေးနေသည့်အချိန်တွင်ပင်၊ အသက် ငါးဆယ်အရွယ် ရဲတစ်ယောက်က ရဲကောင်းလုပ်ရိုးလုပ်စဉ်ဖြင့် ကျွန်မကို စမ်းသပ်ပြီး လှည့်စားရန် လာခဲ့လေသည်။ “မင်းက အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ အခု တစ်ယောက်ယောက်က ငါတို့ကို ပြောပြီးပြီ။ မင်းစကားမပြောရင် ငါတို့ မင်းကို စွဲချက်တင်နိုင်မှာ မဟုတ်ဘူး လို့ မင်းထင်နေလား။ ငါတို့မင်းကို နောက်ယောင်ခံလိုက်နေတာ ကြာခဲ့ပြီ၊ ပြီးတော့ ငါတို့မှာ လုံလောက်တဲ့ သက်သေအထောက် အခုရှိလို့သာ မင်းကို ငါတို့ ဖမ်းတာ။ ဒါ့ကြောင့် စကားစပြောစမ်းပါ။” သူဤသို့ ပြောသည်ကို ကြားရ၍ ကျွန်မ တုန်လှုပ်ခဲ့သည်။ “အဲဒါမှန်နိုင်မလား” ဟု ကျွန်မ တွေးမိသည်။ “တစ်ယောက်ယောက်က ယုဒတစ်ယောက်ဖြစ်ပြီး ငါ့ကို သစ္စာဖောက်ပြီးပြီ ဆိုရင် သူတို့က ငါ့အကြောင်းအားလုံး သိပြီးမှာပဲ မဟုတ်ဘူးလား။ သူတို့ကို ဘာမှမပြောဘဲနဲ့ ငါလွတ်မြောက်နိုင်ပါ့လား။ ငါဘာလုပ်သင့်လဲ။” ကျွန်မ၏ ကြံရာမရဖြစ်ခြင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စိတ်ထဲရောက်လာခဲ့သည်။ “သင်ရရှိခဲ့သော ကျေးဇူးတော် အားလုံး၊ သင်ကြား ခဲ့သော နှုတ်ကပတ်တော်များ အားလုံးကို သင်တွေးကြည့်ပါ၊ ၎င်းတို့ကို အချည်းနှီး သင်နားထောင်နိုင်ခဲ့သလော။ မည်သူမဆို ထွက်ပြေးပါစေ သင်ထွက်ပြေး၍ မရနိုင်ပါ။ အခြားလူများ မယုံကြည်ကြသော်လည်း သင်ယုံကြည်ရမည်။ အခြားလူများ ဘုရားသခင်ကို စွန့်ခွာသော်လည်း ဘုရားသခင်ကို သင်ဆွဲကိုင်ကာ သူ့အတွက် သက်သေခံရမည်။ အခြားလူများ ဘုရားသခင်ကို အသရေဖျက်ကြသော်လည်း ထိုကဲ့သို့ သင်မပြုရ။ ဘုရားသခင်သည် သင့်အပေါ် မည်မျှမညှာမတာပြုပါစေ သင်သည် သူ့ကို မှန်ကန်စွာ ဆက်၍ ဆက်ဆံရမည်။ ဘုရားသခင်သည် အပြစ်ကင်းတော်မူ သောကြောင့် သူ၏ချစ်ခြင်းမေတ္တာကို သင်တုံ့ပြန်သင့်ပြီး သင်၌ မိမိကိုယ်ကို သိသောစိတ် ရှိရမည်။ လူသားများအကြားတွင် အမှုပြုရန် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးပေါ်သို့ သူ၏ကြွလာခြင်းပင်လျှင် ကြီးသော မျက်နှာပျက်စရာ ဖြစ်နှင့်လေပြီ။ ကိုယ်တော်သည် ညစ်ညူးခြင်း အနည်းငယ်မျှပင် မရှိဘဲ သန့်ရှင်းတော်မူ၏။ ညစ်ညူးသောတိုင်းပြည်တစ်ပြည်သို့ ကြွလာခြင်းပင် လျှင် မည်မျှလောက်သော မျက်နှာပျက်ရခြင်းကို သူသည်းခံခဲ့လေပြီနည်း။ သင်တို့ အထဲ၌ အမှုပြုနေခြင်းမှာ သင်တို့၏အကျိုးအတွက် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ အမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်”) ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက ကျွန်မ၏ ထုံနေသော နှလုံးသားပေါ်သို့ ရိုက်နှက်ပြီး၊ ကျွန်မ၏ အသိစိတ်က ကြီးစွာ ပြစ်တင်ရှုတ်ချခံရလေသည်။ ကျွန်မက နှစ်ပေါင်းများစွာ အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ကို မည်သို့လိုက်ခဲ့ပြီး၊ ဘုရားသခင်ထံမှ အဆုံးမရှိသည့် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတို့ကို မည်သို့ ပျော်မွေ့ကာ၊ ဘုရားသခင်၏ ပေါများသော အသက်ထောက်ပံ့မှုကို ရရှိပုံ၊ သမိုင်းတစ်လျှောက် မည်သူမျှ နားလည်နိုင်စွမ်းမရှိသည့် သမ္မာတရားများကို နားလည်ပုံ၊ အသက်၏ အဓိပ္ပာယ် နှင့် တန်ဖိုးတို့ကို နားလည်သဘောပေါက်ပုံ နှင့် ကျွန်မ၏ အတိတ်မှ နာကျင်သော၊ အထီးကျန်သော၊ မျှော်လင့်ချက် ကုန်သော အသက်တာကို မိမိဘာသာ ဖယ်ရှားပုံတို့ကို ကျွန်မ တွေးမိခဲ့သည်။ ဘုရားသခင်က ကျွန်မကို ထိုကဲ့သို့ ကြီးမားသော မေတ္တာကို ပေးခဲ့ပြီးဖြစ်သည်- ယင်းကို ကျွန်မ မည်သို့ အမှန်တကယ် မေ့နိုင်ခဲ့ပါသနည်း။ တစ်ယောက် ယောက်က ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ကျွန်မ ကြားသည်နှင့် တပြိုင်နက် မိမိဘာသာ ဘာလုပ်ရမှန်းမသိဘဲ၊ ဘုရားသခင်ကို သစ္စာမဲ့ဖို့ အတွေးများပင် မည်သို့ရှိနိုင်ခဲ့သနည်း။ ဤအတွေးများကို တွေးလျက်၊ ကျွန်မ ငိုကြွေးပြီးရင် ငိုကြွေးမိသည်၊ ပြီးလျှင် အသိစိတ်နှင့် လူ့သဘာဝ အလွန်ချို့တဲ့ ရခြင်းအတွက် မိမိကိုယ်ကိုယ် မုန်းတီးမိပါသည်။ တစ်ယောက်ယောက်က ကျွန်မကို ကြင်နာမှုပြသည့်အခါတိုင်း၊ ကျွန်မက ထိုကြင်နာမှုကို ပြန်လည်ပေးဖို့ ဖြစ်နိုင်သမျှနည်းလမ်းကို ကျွန်မ တွေးခဲ့သည်။ သို့သော် ဘုရားသခင်က ကျွန်မကို များစွာသော ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကို ပေးခဲ့ပြီး၊ ကျွန်မအပေါ်သို့ ထိုကဲ့သို့ ကြီးစွာသော ကယ်တင်ခြင်းကို အပ်နှင်းခဲ့သော်လည်း ကျွန်မ၏ အသိစိတ်က ထုံနေဆဲဖြစ်သည်။ ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ အတွေး ကျွန်မဆီမှာ မပေါ်ရုံမျှမက၊ ထိုအစား မိမိကိုယ်ကိုယ် ကြောက်မက်ဖွယ် ကောင်းသော အကျပ်အတည်းများတွင် တွေ့ရကာ၊ ဘုရားသခင်ကို သစ္စာဖောက်ဖို့ပင်တွေးနေခဲ့သည်။ ကျွန်မက ဘုရားသခင်၏ စိတ်နှလုံးကို များစွာ ပူဆွေးနေစေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် စိတ်ယိမ်းယိုင် ခြင်းအတွက် နက်ရှိုင်းသည့် ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ အခြားတစ်စုံ တစ်ယောက်က ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်က ယခုအခါ တွင် ဧကန်မုချ အလွန်အမင်း နာကျင်ပြီး၊ ပူဆွေးမည်ဖြစ်ကာ၊ ယခုအခါတွင် ကျွန်မက ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်မ၏ သစ္စာစောင့်သိခြင်းဖြင့် နှစ်သိမ့်ရန် ကြိုးစားသင့်သည်။ သို့သော်လည်း ကျွန်မက အလွန် တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ဖွယ် ကောင်းသည်မှာ ကျွန်မ၏ သနားစရာ ကောင်းပြီး ယုတ်ညံ့သော အသက်တာတစ်ခုကို အချိန်ဆွဲနိုင်ရန် သက်သက်ဖြင့် ကျွန်မသည် ဘုရားသခင်၏ဖက်တွင် မရပ်တည်ရုံသာမက၊ ဘုရားသခင်ကို သစ္စာဖောက်ရန်ကို တွေးမိခဲ့သည်။ ကျွန်မက မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားတို့ တစ်ခုမျှ မရှိဘဲ မိမိအတွက်သာ တွေးခဲ့ပြီး၊ ဘုရားသခင်၏ စိတ်နှလုံးများစွာ ပူဆွေးစေပြီး၊ ကျွန်မကို မုန်းတီစေလေသည်။ ကျွန်မ၏ မိမိကိုယ်ကိုယ် ပြစ်တင်ကြိမ်းမောင်းခြင်း နှင့် နောင်တတို့တွင်၊ ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု တိတ်ဆိတ်စွာ ဆိုခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရား သခင်။ ကျွန်မက အသိစိတ်နှင့် လူ့သဘာဝတို့ အရမ်းချို့တဲ့နေပါတယ်။ ကိုယ်တော်က ကျွန်မကို ပေးခဲ့တဲ့ အရာတွေက ချစ်ခြင်းမေတ္တာနှင့် ကောင်းကြီး မင်္ဂလာတွေပဲ ဖြစ်ပေမဲ့လည်း၊ ကျွန်မက ကိုယ်တော့်ကို ပြန်လည်ပေးဆပ် တာက နာကျင်မှု နှင့် စိတ်ထိခိုက်ခြင်းတို့သာ ဖြစ်ပါတယ်။ အိုဘုရားသခင်။ အခု ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို သိခွင့်ပေးတဲ့အတွက် ကိုယ်တော့် လမ်းပြမှုကို ကျေးဇူးတင်ပါတယ်။ အခု ကျွန်မက တကယ့်လုပ်ရပ်နဲ့ ဒီတစ်ကြိမ် ကိုယ်တော့် ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိပါတယ်။ စာတန်က ကျွန်မကို ဘယ်လို ညှဉ်းဆဲနိုင်ပါစေ၊ ကျွန်မက ကိုယ်တော့်အတွက် သက်သေမရပ်တည်နိုင် တာထက် သေသာသေလိုက်ချင်ပါတယ်။ ပြီးတော့ ကိုယ်တော့်ကို ကျွန်မ ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။” ကောက်ကျစ်သည့်ရဲက ကျွန်မ မည်မျှ ငိုကြွေးနေသည်ကို မြင်ပြီး၊ ကျွန်မ စထုတ်ပြောတော့မည်ဟု တွေးသောကြောင့် ကျွန်မဆီသို့ လျှောက်လာပြီး၊ ဟန်ဆောင်ထားသည့် နူးညံ့သိမ်မွေ့ခြင်းဖြင့် “ငါတို့သိချင်တာသာ ပြောလိုက်ပါ။ ငါတို့ကို ပြောလိုက်၊ ပြီးတော့ မင်းအိမ်ပြန် လို့ရတယ်” ဟု ပြောခဲ့သည်။ ကျွန်မက သူ့ကို စိုက်ကြည့်ပြီး၊ ဒေါသတကြီးဖြင့် “ငါ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး” ဟု ပြောခဲ့ သည်။ ကျွန်မ ဤသို့ ပြောသည်ကို ကြားရသည်မှာ သူ့ကို လုံးလုံးဒေါသ ထွက်စေလေသည်။ သူက ကျွန်မကို စတင်ပါးရိုက်ပြီး၊ အသံကုန် ဟစ်အော်ခဲ့သည်၊ “ဒါဆိုမင်းက ချော့တာထက် ရိုက်တာကို ပိုကြိုက်တယ်ပေါ့၊ ဟေ။ မင်းကို ငါက သိက္ခာရှိရှိထွက်ပေါက် တစ်ခုပေးဖို့ ကြိုးစားပေမဲ့၊ မင်းက ငါ့ကို ငြင်းလိုက်တယ်ပေါ့။ ငါတို့က မင်းကို လုပ်နိုင်တာ ဘာမှမရှိတော့ဘူးလို့ မင်းထင်နေတာလား။ မင်း စမလိမ္မာဘဲ၊ ဝန်မခံဘူးဆိုရင်၊ ငါတို့မင်းကို ငါးနှစ် ထောင်ချပစ်ပြီး၊ မင်း ကလေးက ကျောင်းတက်ခွင့်ရမှာ မဟုတ်ဘူး။” ကျွန်မက “ငါက ထောင်ထဲမှာ ငါးနှစ်ကျခံရမယ်ဆိုရင်တော့၊ အဲဒါက ငါခံရမဲ့ အရာ တစ်ခုပဲ။ ငါသားကျောင်းတက်ဖို့ကို မင်းတားနိုင်ပေမဲ့ သူ့ကံကြမ္မာက သူ့ကံကြမ္မာအတိုင်းပဲ ရှိမှာပဲ။ ငါက ဘုရားခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံမယ်” ဟု ပြန်ဖြေခဲ့သည်။ နတ်ဆိုးတစ်ဖွဲ့က ပို၍ပင် ဒေါသထွက် လာပြီး၊ သူတို့ထဲမှ တစ်ယောက်က ကျွန်မကို ကော်လာမှနေပြီး ဆွဲကိုင်ကာ သံမံတလင်း ပလက်ဖောင်းဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို ကြမ်းပြင်ပေါ်တွင် ခြေထောက်ဆန့်ပြီး ထိုင်ခိုင်းခဲ့သည်။ ရဲတစ်ယောက်က ကျွန်မ၏ ခြေထောက်များပေါ်တွင် ဆောင့်နင်းနေစဉ် နောက်တစ်ယောက်က ကျွန်မ၏ လက်များကို နောက်သို့ ကြမ်းတမ်းစွာ ဆွဲလျက် သူ့ဒူးခေါင်းကို ကျွန်မ ကျောပေါ်သို့ အတင်းဖိထားခဲ့သည်။ ကျွန်မ၏ လကနှစ်ခုလုံး ကျိုးသွားသည့်အလား မခံမရပ်နိုင်သော နာကျင်မှုကို ရုတ်ချည်း ခံစားခဲ့ရပြီး၊ ကျွန်မ ခေါင်းက အရှေ့သို့ အလိုအလျောက် ယိမ်းထိုးကာ၊ သံမံတလင်း ပလက်ဖောင်းနှင့်ဆောင့်မိသွားပြီး ချက်ချင်းဆိုသကဲ့သိုပင် ဘုသီးလုံးကြီးများ ထွက်လေသည်။ ထိုအချိန်က ဆောင်းလယ်ပိုင်း ဖြစ်ကာ၊ အရိုးခိုက်အောင်ချမ်းသည့် လေများဖြင့် ရေစက်တိုင်းက ရေခဲအဖြစ် ပြောင်းသွားသော်လည်း၊ ဤဆိုးယုတ်သောရဲများသည် ကျွန်မ အင်္ကျီများကို လုံးလုံးလျားလျား ရွှဲရွှဲစိုစေလျက်၊ ကျွန်မ ချွေးများအလွန် ထွက်နေခဲ့သည်အထိ ကျွန်မကို ညှဉ်းပန်းနေခဲ့ကြသည်။ ကျွန်မ အရှုံး မပေးသေးသောကြောင့်၊ သူတို့က ကျွန်မ၏ ချည်သားခံကုတ်အင်္ကျီကို ဆွဲဖြဲပြီး၊ ကျွန်မ၏ ပါးလွှာသော အောက်ခံအဝတ်အစားများသာ ဝတ်ဆင်စေပြီး အလွန်အေးစက်သော ကြမ်းပြင် ပေါ်တွင် မျက်နှာမှောက်လျက်လှဲစေကာ၊ ကျွန်မကို ဆက်ပြီး စစ်မေးခဲ့ကြသည်။ သူတို့၏ မေးခွန်းများကို ကျွန်မက တစ်ခုမှ မဖြေသေးသည့်အချိန်တွင်၊ သူတို့က နောက်ထပ် ကန်ကျောက်ခဲ့ကြသည်။ ဤနတ်ဆိုးတစ်ဖွဲ့က ကျွန်မကို ညနေစောင်းသည်အထိ ညှဉ်းပန်းခဲ့ကြပြီး သူတို့အားလုံး ပင်ပန်းနွမ်းနယ် နေကြသော်လည်း၊ ကျွန်မဆီမှ သူတို့ မည်သည့်အရာမျှ မရရှိသေးပါ။ သူတို့က ညစာစားဖို့ ထွက်သွားသည့်အချိန်တွင် ကျွန်မကို “မင်းပါးစပ်ကို ဒီညဆက်ပိတ် ထားဦးမယ်ဆိုရင်၊ ငါတို့က မင်းကို ကျားခုံတန်းရှည်မှာ လက်ထိပ်ခတ်ပြီး၊ သေတဲ့အထိ အေးခဲအောင် ထားမှာ” ဟု ပြောလျက် ခြိမ်းခြောက်ခဲ့ကြသည်။ ဤသို့ပြောပြီးနောက် သူတို့က ဒေါသတကြီးဖြင့် ထွက်သွားလေသည်။ ထို့နောက်တွင်ပင် ကျွန်မစကြောက်လာပြီး၊ “ဒီးဆိုးယုတ်တဲ့ရဲတွေ ငါ့ကို တခြား ဘယ်လိုညှဉ်းပန်းမှုတွေ ခံစားစေဦးမှာလဲ။ ငါတောင့်ထားနိုင်ပါမလား” ဟု မိမိဘာသာတွေးမိခဲ့သည်။ အထူးသဖြင့် သူတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော မျက်နှာများနှင့် ကျွန်မကို ညှဉ်းပန်းသည့် မြင်ကွင်းများကို ကျွန်မတွေး မိသည့်အချိန်တွင် ကျွန်မ ပို၍ပင် စိတ်သောကရောက်ပြီး၊ ခိုကိုးရာမဲ့သည်ဟု ခံစားရသည်။ ကျွန်မက ရက်စက်သော ညှဉ်းပန်းမှုကို သည်းခံနိုင်မည် မဟုတ် ဘဲ၊ ဘုရားသခင်ကို သစ္စာဖောက်မိမည်ကို စိုးရွံ့မိသောကြောင့် ဘုရားသခင်ကို ကျွန်မ မပြတ်ဆုတောင်းခဲ့သည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို သတိပေးချက်တစ်ခု ပေးခဲ့သည်။ “အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်း တံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက် များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ကို ရှင်းလင်းပေး ပြီး၊ ကျွန်မ၏ ကြောက်စိတ်ဖြစ်ရသည်မှာ စာတန်က ကျွန်မကို လှည့်စားပြီး၊ ထိုသို့ဖြင့် ကျွန်မ ဘုရားသခင်၌ ယုံကြည်မှုဆုံးရှုံးခဲ့သောကြောင့် ဖြစ်သည်ကို ထိုအချိန်တွင် ကျွန်မ သိခဲ့သည်။ ကျွန်မက ဖေးမခံရပြီး၊ တည်ဆောက်ခံရဖို့ ဤသို့သော အခြေအနေမျိုးကို တွေ့ကြုံခံစားဖို့ ကျွန်မ အမှန်တကယ် လိုအပ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မည်သည့်အခါမျှ ဖြစ်ပေါ်နိုင်မည် မဟုတ်သည်ကို ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ထို့ထက်ပို၍ပင် ဤဒုက္ခတစ်လျှောက် ကျွန်မ တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ကျွန်မ၏ မြဲမြံစွာ အားကိုး ထိုက်သည့် အထောက်အကူအဖြစ်နှင့် အနန္တတန်ခိုးရှင်ဘုရားသခင် ရှိလေသည်။ ထို့နောက် ဣသရေလလူမျိုးတို့သည် အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခံရပြီး၊ အဲဂုတ္တုစစ်သားများက ပင်လယ်နီအထိ လိုက်ဖမ်းခံရသည့်အချိန်ကို ကျွန်မ တွေးမိသည်။ ထိုအချိန်က သူတို့မှာ ပြန်လမ်းမရှိဘဲ၊ သူတို့က ဘုရား နှုတ်ကပတ်တော်များကို နာခံကာ၊ ပင်လယ်နီကို ကျော်ဖြတ်ဖို့ သူတို့၏ ယုံကြည်မှုကို မှီခိုခဲ့ကြသည်။ အံ့အားသင့်ဖွယ်ရာပင် ဘုရားသခင်က ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး၊ ခြောက်သွေ့သောမြေအဖြစ် ပြောင်းလဲလိုက်သည်။ သူတို့က အန္တရာယ်ကင်းကင်း ကျော်ဖြတ်နိုင်ပြီး၊ ဘေးအန္တရာယ်ကို ရုန်းထွက် လွတ်မြောက်ခဲ့သည်၊ ထိုသို့ဖြင့် အဲဂုတ္တုစစ်သားများ၏ အလိုက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ယနေ့ တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ ရက်စက်သော ညှဉ်းပန်းမှုကို ကျွန်မ ရင်ဆိုင်ရခြင်းသည် ထိုနည်း အတိုင်းပင် ဖြစ်ပါသည်။ ကျွန်မမှာ ဘုရားသခင်ကို ယုံကြည်ပြီး၊ ဘုရားသခင်ကို မှီခိုသမျှကာလပတ်လုံး၊ စာတန်ကို ကျွန်မ ဧကန်မုချ အနိုင်ယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မ၏ စိတ်နှလုံးထဲသို့ ခွန်အားပြန်တက်လာပြီး၊ ကျွန်မ အလွန်ကြောက်ပြီး ထိတ်လန့်ခြင်း မခံစားရတော့ပါ။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု ဆိုခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို မှီခိုနေစဉ်မှာ စာတန်နှဲ့ တိုက်ပွဲဝင်လိုပြီး၊ ကောက်ကျစ်တဲ့ ရဲတွေရဲ့ အာဏာရှင်ဆန်တဲ့ တန်ခိုး အာဏာရဲ့ ခြောက်လှန့်တာကို ဘယ်တော့မှ ထပ်မခံတော့ပါဘူး။ ကိုယ်တော့် အတွက် ကျွန်မ သက်သေရပ်တည်ပါ့မယ်။” အန္တရာယ်ရှိသည့် ဤအချိန်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မ၏ တန်ခိုးရှိသော အထောက်အကူ ဖြစ်ရုံသာမက၊ ကျွန်မ၏ အားနည်းခြင်းအတွက် သနားကရုဏာနှင့် အကြင်နာ မေတ္တာတို့ကို ပြသခဲ့ပါသည်။ ရဲများက ထိုညနေတွင် ကျွန်မကို စစ်ကြောဖို့ ထပ်မလာကြတော့ဘဲ၊ ထိုညကို ကျွန်မ အန္တရာယ်ကင်းစွာ ဖြတ်ကျော်ခဲ့ရသည်။

နောက်တစ်နေ့ နံနက်စောစောတွင်၊ သူတို့မျက်လုံးများတွင် သတ်တော့ ဖြတ်တော့မည်ပုံဖြင့် ရဲအချို့ရောက်လာပြီး၊ ကျွန်မကို “မင်း မပူးပေါင်းရင်၊ အဲဒါအတွက် မင်းခံရမယ်။ မင်းကို ငါတို့က သေခြင်း တရားကို ပေးမြည်းမယ်။ မင်းရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က အခု မင်းကို မကယ်နိုင်ဘူး။ မင်းက လီယူဟူလန် ဖြစ်ရင်တောင် ဒါကို မင်းမကျော်ဖြတ်နိုင်ဘူးကွ။ မင်းစကား စမပြောရင်၊ ဒီကနေ အသက် ရှင်လျက်ထွက်သွားဖို့ မမျှော်လင့်လေနဲ့” ဟု ပြောလျက်၊ စတင် ခြောက်လှန့်ခဲ့သည်။ ထို့နောက် သူတို့က ကျွန်မ၏ ချည်ထည်ခံ ကုတ်အင်္ကျီကို ထပ်ချွတ်ခိုင်းပြီး၊ သူတို့ ကျွန်မကို စစ်မေးနေစဉ်မှာ ကျွန်မကို အလွန်အေးစက်သည့် ကြမ်းပြင်ပေါ်တွင် လှဲခိုင်းလေသည်။ သူတို့ တစ်ယောက်ချင်းစီက မကောင်းမှုများ စိမ့်ဝင်ပျံ့နှံ့လျက် ကျွန်မကို စိုက်ကြည့်နေ သည်ကို မြင်သည့် အားလျော်စွာ၊ ကျွန်မမှာ ဘုရားသခင်ကို အသည်းအသန် ခေါ်ပြီး၊ ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ဆက်လက်ရပ်တည်နိုင်ဖို့ ဘုရားသခင်ကို တောင်းလျှောက်ရုံသာ ကျွန်မ လုပ်နိုင်ခဲ့ပါသည်။ ကျွန်မ ဆက်တိတ်ဆိတ်နေသည်ကို မြင်သောကြောင့်၊ သူတို့က ဒေါသထွက်လောက် အောင် အရှက်ရခဲ့သည်။ ရဲများထဲမှ တစ်ယောက်က ကျွန်မ မူးဝေးပြီး၊ ချည့်နဲ့ တုန်ယင်သည်အထိ ဖိုင်တွဲတစ်ခုဖြင့် ကျွန်မ၏ ခေါင်းကို ရက်ရက်စက်စက် စတင်ရိုက်နှက်လေသည်။ ရိုက်နှက်နေစဉ် သူက ကျွန်မကို ညစ်ညမ်းသော အမည်များ ခေါ်ဆိုပြီး၊ “သူ့ကို ဒီနေ့ ကြိုးစင်ရဲ့ အရသာလေးတစ်ခု တကယ် ပေးမြည်း ကြရအောင်။ သူ့သားက ဘယ်မှာကျောင်းတက်တာလဲ။ ကျောင်းအုပ် ကို အသိပေးပြီး၊ သူ့သားကို ဒီကိုခေါ်လာရအောင်။ သူ သေချင်လောက်အောင် ဖြစ်သွားစေရမယ်” ဟု ပြောလျက် ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် သူတို့က ကျွန်မ နေအိမ်တွင် သူတို့ရှာတွေ့ခဲ့သည့် ပစ္စည်းများအကြောင်း စစ်မေးကြ သော်လည်း၊ ကျွန်မက သူတို့ စိတ်ကျေနပ်အောင် မဖြေသောကြောင့်၊ ကျွန်မ ပါးစပ်ကို ဖိုင်တွဲဖြင့် တစ်ဖန် စတင်ရိုက်နှက်သည်မှာ ကျွန်မ နှုတ်ခမ်းထောင့်မှ သွေးများ ထွက်လာသည်အထိ ဖြစ်ပါသည်။ ထို့နောက် သူတို့က ကျွန်မ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ရိုက်နှက်ပြီး၊ သူတို့ပင်ပန်း လာမှသာ ရပ်တန့်ခဲ့ကြသည်။ ထို့နောက်တွင်ပင် ရဲတစ်ယောက်က အခန်း ထဲဝင်လာပြီး၊ ကျွန်မ ခံဝန်ချက်တစ်ခုမျှ မပြုသည်ကို မြင်ပြီးနောက်၊ ၎င်းတို့ လေးငါးယောက်က ကျွန်မဆီကို လာပြီး၊ ကျွန်မ၏ လက်ထိပ် များကို ဖြုတ်သည်၊ ပြီးနောက် ကျွန်မ၏ လက်များကို နောက်ကျောတွင် ထပ်ပြီး လက်ထိပ်ခတ်လိုက်သည်။ သူတို့က စားပွဲကြီးကြီးတစ်ခုရှေ့တွင် ကျွန်မခေါင်း ကို စားပွဲစောင်းနှင့် အညီထားစေကာ၊ ကျွန်မ၏ ခြေထောက် များကို ဆန့်၍ ထိုင်စေခဲ့သည်။ သူတို့က ကျွန်မ၏ ခြေထောက်များ လုံလောက်စွာ မဆန့်ဟု ထင်သည့်အခါ၊ ခြေထောက် များပေါ်တွင် ဆောင့်နင်းပြီး၊ ကျွန်မ၏ ပခုံးများကို ဖိချသည်။ အချိန်အတော်ကြာအောင် သူတို့က ကျွန်မ၏ လက်များနှင့် လက်ထိပ်များကို အပေါ်မြှောက်ထားပြီး၊ ကျွန်မအတွက် သူတို့သတ်မှတ် ပေးသည့် ထိုကိုယ်ဟန်အနေအထားအတိုင်း လုံးလုံး ငြိမ်နေစေခဲ့သည်။ ကျွန်မ အရှေ့သို့လှုပ်ပါက၊ ကျွန်မ၏ ခေါင်းကို စားပွဲတွင် ဆောင့်ခံရပြီး၊ ဘယ်၊ ညာ သို့မဟုတ် အနောက်သို့လှုပ်ပါက၊ ကျွန်မ ပြင်းထန်စွာ အပြစ်ဒဏ် ပေးခံရသည်။ သူတို့၏ ဤစက်ဆုပ်ဖွယ်ကောင်းသည့် ဗျူဟာက ကျွန်မကို များစွာသော နာကျင်မှုခံစားစေရစ်သည်မှာ ကျွန်မ သေသာသေလိုက်ချင်ပြီး၊ သွေးခဲသွားစေသည့် စီခနဲအော်သံ တစ်ခုပြီး တစ်ခု ကျွန်မအော်ဟစ်နေမိခဲ့သည်။ ကျွန်မ သေခါနီးနေပြီဖြစ်သည်ကို သူတို့ မြင်သည့် အချိန်မှသာ၊ ကျွန်မကို လွှတ်ပေးခဲ့ပြီး၊ ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲ ခွင့်ပြုခဲ့သည်။ အနည်းငယ် ကြာပြီးနောက်၊ ထိုလူမဆန်သော နတ်ဆိုး တစ်ဖွဲ့က တစ်ဖန် ကျွန်မကို စတင်ညှဉ်းပန်းပြီး အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။ ရဲလေးငါးယောက် က ကျွန်မ မလှုပ်နိုင်ရန် ကျွန်မ၏ ခြေထောက်များနှင့် လက်များပေါ်တွင် တက်ရပ် ကြပြီးနောက်၊ သူတို့က ကျွန်မ၏ နှာခေါင်းများကို ကိုင်ပြီး၊ ကျွန်မ၏ ပါးစပ်ကိုဟရန် ကျွန်မ၏ ပါးများကို ညှစ်ထားစဉ်၊ သူတို့က ထိုထဲသို့ အတောမသတ်သော ရေအေးစီးကြောင်းတစ်ခုကို လောင်းထည့်ကြသည်။ မွန်းကျပ်လျက်၊ ကျွန်မက အသည်းအသန် ရုန်းကန်သော်လည်း၊ သူတို့ ကျွန်မကို လွှတ်မပေးခဲ့သေးဘဲ၊ တဖြည်းဖြည်း ကျွန်မ သတိလစ် သွားခဲ့သည်။ ကျွန်မ မည်မျှ သတိလစ်သွားသည်ကို မသိဘဲ၊ ရုတ်တရက် ရေမွန်းပြီး နိုးလာခဲ့ကာ၊ သဲကြီးမဲကြီး စတင်ချောင်းဆိုခဲ့သည်။ ကျွန်မ၏ ပါးစပ်၊ နှာခေါင်းနှင့် နားရွက်တို့မှ ရေများထွက်လာပြီး၊ ကျွန်မ၏ ရင်ဘတ်က မချိမဆံ့ဝေဒနာ ခံစားခဲ့ရပါသည်။ ကျွန်မ ခံစားနိုင်သည့် တစ်ခုတည်းသော အရာမှာ ကျွန်မအနီးတွင် ဝိုင်းရံနေသည့် လုံးလုံး မှောင်မိုက်ခြင်းဖြစ်ပြီး၊ ကျွန်မ၏ မျက်လုံးများသည် မျက်တွင်းထဲမှ ပြူးထွက်နေသည့်အလား ခံစားခဲ့ ရသည်။ ကျွန်မ အလွန်မွန်းနေသည်မှာ အသက်သာရှုထုတ်နိုင်ပြီး၊ ရှုမသွင်း နိုင်ခဲ့ပါ။ ကျွန်မ၏ မျက်လုံးများက ငေးကြောင်ကြောင် ဖြစ်နေပြီး၊ သေခြင်း တရားက ကျွန်မဆီသို့ မကြာမီ လာတော့မည့်အလား ခံစားခဲ့ရသည်။ အသက် သေဖို့ သီသီလေးလို တော့သည့်အခိုက်တွင်၊ နောက်ထပ် ချောင်းဆိုးပြီး အကြောဆွဲ ခြင်းများ ရုတ်တရက် ဖြစ်ပေါ်လာပြီး၊ ရေတစ်ချို့ကို ကျွန်မ ထွေးထုတ် နိုင်ခဲ့သည်။ ထို့နောက်တွင် ကျွန်မ အနည်းငယ် သက်သာသည်ဟု ခံစားခဲ့ရသည်။ ထို့နောက် ကောက်ကျစ်သောရဲများထဲမှ တစ်ယောက်က ကျွန်မကို ထိုင်နေသည့် အနေအထားရောက်အောင် ဆံပင်မှ တရွတ်တိုက်ဆွဲပြီး၊ ကျွန်မ၏ လက်ထိပ်များကို ကြမ်းတမ်းစွာ ဆောင့်ဆွဲ လေသည်။ ထို့နောက် ကျွန်မကိုတို့ဖို့ လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကို သွားယူရန် သူ့ငယ်သား များထဲမှ တစ်ယောက်ကို သူက အမိန့်ပေး လိုက်သည်။ အံ့အားသင့်စွာပင် ထိုငယ်သားပြန်လာသည့်အချိန်တွင် သူက “ကျွန်တော် လေးခုပဲ ရှာတွေ့တယ်။ နှစ်ခုက အလုပ်မလုပ်ဘူး၊ ပြီးတော့ နောက်နှစ်ခုက အားသွင်းဖို့လိုတယ်” ဟု ပြောလိုက်သည်။ ဤအရာကို ကြားရသည့်အခါအရာရှိက ဒေါသဖြင့် “မင်းက တစ်ခုခုလုပ်ဖို့ဆို အရမ်းတုံးတာပဲ။ ငရုတ်ရည်နဲနဲ ယူလာခဲ့စမ်း” ဟု အော်ဟစ် လေသည်။ ထိုကောက်ကျစ်သောရဲများက ကျွန်မကို ဒုက္ခပေးသည့် ရက်စက်သော ညှဉ်းပန်းမှုများအားလုံးကို ကျွန်မ အောင်မြင်ကျော်လွှားနိုင်ရန် ကျွန်မကို ကွယ်ကာဖို့ ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မရပ်မနား ဆုတောင်းခဲ့သည်။ ထိုအခိုက် အတန့်တွင်ပင် မမျှော်လင့်သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ ရဲများထဲမှ တစ်ယောက်က “ဒါကလွန်လွန်းပါတယ်ကွာ။ သူ့ကို ငါတို့ ဆိုးဆိုးရွားရွား ညှဉ်းပန်းခဲ့ပြီးပြီ။ နောက်ထပ် မလုပ်ကြနဲ့တော့” ဟု အမှန်တကယ် ပြောခဲ့လေ သည်။ ဤရဲက ဤအရာကို ကြားသည့်အချိန်တွင်၊သူက အလျှော့ပေးရုံသာ လုပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မက ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အရာအားလုံးကို အုပ်စိုးခြင်းတို့အပြင်၊ ကျွန်မကို ကွယ်ကာနေပြီး၊ ဤပြစ်ဒဏ်ရွှေ့ဆိုင်းမှုကို ပေးနေသူမှာ ဘုရားသခင်ဖြစ်သည်ကိုလည်း ကျွန်မ အမှန်တကယ် သတပြုမိခဲ့သည်။ သို့သော်လည်း ဤကောက်ကျစ်သော ရဲများက ကျွန်မကို လွှတ်ပေးဖို့ အဆင်သင့်မဖြစ်သေးကြပါ။ သူတို့က ကျွန်မ၏ လက်များကို ကျွန်မ၏ နောက်ကျောတွင် ထပ်မံလက်ထိပ်ခတ်ခဲ့ကာ၊ ကျွန်မ၏ ခြေထောက်များ ပေါ်တွင် မတ်တပ်ရပ်ပြီး၊ ကျွန်မ၏ လက်ထိပ်ခတ်ထားသော လက်များကိုသူတို့အားရှိသမျှဖြင့် အပေါ်သို့ဆွဲတင်ခဲ့ကြသည်။ ကျွန်မခံစားရ သမျှမှာ ကျွန်မလက်များ ကျိုးကုန်သည့်အလား မခံမရပ်နိုင်သော နာကျင်မှု ဖြစ်ပြီး၊ ကျွန်မ မရပ်မနား အော်ဟစ်မိခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ခေါ်နေခဲ့ပြီး၊ သတိမပြုမိဘဲ၊ ကျွန်မက “အနန္တ…” ဟု ပြောချလိုက်သည်။ သို့သော်လည်း ကျွန်မက အသံကို ချက်ချင်း တိုးချ လိုက်ပြီး၊ “ငါသိတာ အားလုံး… ငါသိတာ အားလုံး ငါပြောပြမယ်” ဟုသာ ပြောလိုက်သည်။ ထိုတစ်ဖွဲ့က ကျွန်မက အရာအားလုံးကို သူတို့ကို အမှန်တကယ်ပြောချင်သည်ဟု တွေးသောကြောင့် ကျွန်မကို လွှတ်လိုက် ပြီး၊ “ငါတို့က ကျွမ်းကျင်တဲ့ အမှုစစ်ဆေးသူ တွေချည်းပဲ။ ငါတို့ကို လှည့်ဖို့တော့ စဉ်းတောင် မစဉ်းစားနဲ့။ မင်းမလိမ္မာဘဲ၊ အားလုံးကို အခုငါတို့ကို မပြောပြရင်၊ သိပ်ကြာကြာ အသက်ရှင်ဖို့ ဒါမှမဟုတ် ဒီနေရာက ထွက်ဖို့ဆိုတာ မင်းမေ့လိုက် နိုင်တယ်။ အဲဒါကို စဉ်းစားဖို့ မင်းကို ငါတို့ အချိန်နည်းနည်းပေးမယ်” ဟု အော်ပြောခဲ့သည်။ သူတို့၏ ညှဉ်းပန်းမှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ကျွန်မက အလွန့်အလွန် စိတ်သောကရောက်ပြီး၊ “ငါဒီမှာ မသေချင်ပါဘူး၊ ဒါပေမဲ့ ဘုရားသခင်ကို ငါ တကယ်သစ္စာမမဲ့ချင်သလို အသင်းတော်ကိုလည်း သစ္စာမဖောက်ချင်ပါဘူး။ ငါဘာလုပ်သင့်လဲ။ သူတို့ကို ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ တစ်ယောက်အကြောင်းပဲ ပြောလိုက်ရင် ဘာဖြစ်မလဲ” ဟု မိမိဘာသာ တွေးမိသည်။ သို့သော်လည်း ကျွန်မ ဤအရာကို မည်သည့် အခါမျှ မလုပ်နိုင် ကြောင်းနှင့် သူတို့ကို တစ်စုံတစ်ခုပြောခြင်းသည် ဘုရားသခင်ကို သစ္စာဖောက် ခြင်းဖြစ်ပြီး၊ ကျွန်မကို ယုဒတစ်ယောက် ဖြစ်စေမည် ဖြစ်ကြောင်းတို့ကို ရုတ်တရက် နားလည်သဘောပေါက် ခဲ့သည်။ ကျွန်မ၏ နာကျင်မှုတွင် ဘုရားသခင်ကို ကျွန်မ ဆုတောင်း ခဲ့ပါသည်။ “အိုဘုရားသခင်။ ကျွန်မ ဘာလုပ် သင့်ပါသလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပြပြီး၊ လမ်းပြတော်မူပါ၊ ပြီးတော့ ကျေးဇူးပြုပြီး ကျွန်မကို ခွန်အားပေးတော်မူပါ။” ဆုတောင်းပြီးနောက် အောက်ပါအတိုင်း ပြောထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “အသင်းတော်သည် ငါ၏ နှလုံးသား ဖြစ်သည်။” “ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်သည် အလုံးစုံသောတို့ကို စတေးရမည်ဖြစ်သည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ပန်းတိုင် ဖြစ်သည်၊ ၎င်းအရာကို အဘယ်သောအခါမျှ မမေ့နှင့်။” (နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “အသင်းတော်က ဘုရားသခင်ရဲ့ နှလုံးသားဖြစ်တယ်။ ညီအစ်ကို ညီအစ်မ တစ်ယောက်ကို သစ္စာဖောက်တာက အသင်းတော်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီး၊ အဲဒါက ဘုရားသခင်ကို ဝမ်းအနည်းစေဆုံးအရာ ဖြစ်တယ်။ အသင်းတော်ကို ထိခိုက်စေမယ့် အရာတစ်ခုတစ်လေကိုမှ ငါ လုပ်လို့မဖြစ်ဘူး။ ဘုရားသခင်က ငါတို့ကို ကယ်တင်ဖို့ အမှုပြုဖို့ ကောင်းကင်ဘုံ ကနေ ကမ္ဘာမြေကို ကြွလာတယ်၊ ပြီးတော့ စာတန်က ဘုရားသခင်ရဲ့ အသင်းတော်ကို တစ်ယောက်ယောက် သွားဖျက်ဆီးပြီး ငါတို့အားလုံးကို ဖမ်းဆီးဖို့ အချည်းနှီး မျှော်လင့်ရင်းနဲ့ ဘုရားသခင်ရွေးချယ်ထားတဲ့ ငါတို့တွေ အပေါ်ကို လောဘကြီးတဲ့ မျက်လုံးနဲ့ သူ စိုက်ကြည့်နေတယ်။ ငါက ငါ့ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်လိုက်မယ်ဆိုရင်၊ စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ကို အောင်မြင်ဖို့ ငါခွင့်ပြုလိုက်တာ မဟုတ် ဘူးလား။ ဘုရားသခင်က အရမ်းကောင်းမြတ်ပြီး၊ လူသားကို သူလုပ်သမျှဟာ ချစ်ခြင်းမေတ္တာကနေ သူပြုတော်မူခြင်း ဖြစ်တယ်။ ဒီနေ့ ဘုရားသခင်အတွက် ငါဘာမှမလုပ်နိုင်တာကြောင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည် ပေးဆပ်ဖို့ သက်သေရပ်တည်နိုင်ဖို့ကိုပဲ ငါတောင်းလျှောက်မယ်- ဒါဟာ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ။” ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့် တပြိုင်နက်၊ ဘုရားသခင်ကို ဆုတောင်းချက် တစ်ခု ကျွန်မ ဆိုခဲ့သည်။ “အိုဘုရားသခင်။ သူတို့က ကျွန်မအတွက် ဘာနှိပ်စက်မှုမျိုးတွေ စီစဉ်ထားသေးလဲဆိုတာကို ကျွန်မ မသိပါဘူး။ ကျွန်မ ဝိညာဉ်အသက်တာ အရမ်းနုနယ်သလို၊ ကျွန်မ ခဏခဏ သူရဲဘောကြောင်ပြီး ကြောက်ရွံ့တတ် တာကို ကိုယ်တော်သိပါတယ်။ ဒါပေမဲ့ ကိုယ်တော့် လက်ထဲမှာ အရာအားလုံးကို ကိုယ်တော် ထိန်းချုပ်ထားတယ်ဆိုတာ ကျွန်မ ယုံကြည်ပြီးတော့၊ ကျွန်မ အသက်ကို ပေးဆပ်ရရင်တောင် ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကိုယ်တော့် မျက်မှောက်တော်မှာ ကျွန်မ သန္နိဌာန်တစ်ခု ချမှတ်လိုပါတယ်။” ထိုအခိုက်အတန့်တွင်ပင်၊ ကောက်ကျစ်သော ရဲများထဲမှ တစ်ယောက်က ကျွန်မကို ဒေါသတကြီး အော်ဟစ်ခဲ့သည်။ “သေချာတွေးပြီးပြီလား။ မင်းမလိမ္မာဘဲ၊ ငါတို့ကို အားလုံးမပြောပြရင်တော့ ဒီနေ့မှာပဲ မင်းသေရအောင် ငါသေချာလုပ် ပြမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်တောင် မင်းကို မကယ်နိုင်ဘူး။” ကျွန်မ၏ အသက်ကို ပေးဆပ်ပြီး သက်သေရပ်တည်ဖို့ ကျွန်မ၏ သန္နိဌာန်ကို ဖက်တွယ်ထားလျက် ကျွန်မ၏ မျက်လုံးများကို တင်းတင်း ကျပ်ကျပ် ပိတ်ထားကာ၊ စကားတစ်လုံးမျှ ကျွန်မ မပြောခဲ့ပါ။ ရဲများက ဒေါသဖြင့် အံကြိတ်ထားကာ၊ ကျွန်မထံသို့ ပြေးလာကြသည်၊ ကျွန်မကို ဆောင့်နင်းခြင်းနှင့် ရိုက်နှက်ခြင်းတို့ဖြင့် ယခင်က သူတို့ လုပ်ခဲ့သည့်အတိုင်း မရပ်မနား အရှက်ခွဲပြီး ညှဉ်းပန်းခဲ့ကြသည်။ ကျွန်မခေါင်း စတင်ချာချာလည် လာသည်အထိ သူတို့က ခေါင်းကို ရိုက်နှက်ခဲ့ကြသည်။ ကျွန်မ မျက်လုံးများ ရှေ့တွင် အရာအားလုံး မှောင်အတိကျသွားပြီး၊ ကျွန်မ ခေါင်းက ကွဲသွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ၏ မျက်လုံးများကို မလှုပ်နိုင်ဘဲ၊ ကျွန်မ၏ ခန္ဓာကိုယ်က နာကျင်မှုဖြင့် ထုံကျင်လာပြီး၊ မည်သည့်အရာမျှ ရှင်းရှင်းလင်းလင်း မကြားရ တော့သည်ကို ကျွန်မ တဖြည်းဖြည်း စတင်ခံစားလာခဲ့ရသည်။ ခပ်လှမ်းလှမ်းမှ လာနေသည်ဟု ထင်ရသည့် သူတို့ အသံများကိုသာ ကျွန်မ သတိမူမိလေသည်။ သို့သော် ကျွန်မ၏ စိတ်က ရှင်းလင်း ပြတ်သားနေပြီး၊ ဤစကားများကို တိတ်ဆိတ်စွာ ထပ်ခါထပ်ခါ မပြတ် ပြောနေခဲ့သည်။ “ငါဟာ ယုဒတစ်ယောက် မဟုတ်ဘူး။ ယုဒတစ်ယောက် ဖြစ်မလာခင် ငါသေမယ်…။” အချိန်မည်မျှ ကုန်သွားသည်ကို ကျွန်မ မသိခဲ့သော်လည်း ကျွန်မ နိုးလာသည့်အချိန်တွင် ရေများဖြင့် စိုရွှဲနေပြီး၊ ဆိုးယုတ်သောရဲလေးငါးယောက်က ကျွန်မ အနီးတစ်ဝိုက်တွင် အားလုံးဆောင့်ကြောင့်ထိုင်နေသည်မှာ ကျွန်မ သေလား သို့မဟုတ် ရှင်လား ဆိုသည်ကို စစ်ဆေးနေသည်အလား ဖြစ်ပါသည်။ လူ့တိရစ္ဆာန်များထက် မပိုသည့် ဤရဲအရာရှိ အဖွဲ့ကို ကျွန်မ ကြည့်သည့် အခိုက်တွင်၊ ကျွန်မ အတွင်း၌ မခံမရပ်နိုင်ဖြစ်ခြင်းတို့ ပြင်းထန်လာခဲ့သည်ကို ခံစားခဲ့ရသည်။ ဤလူများသည် “ပြည်သူများကို မိမိတို့၏ သားသမီးများ ကဲ့သို့ ချစ်သော” “ပြည်သူ့ရဲများ” မဟုတ်ပါလား။ ဤလူများသည် “တရားမျှတမှုကို ထိန်းသိမ်းပြီး၊ ကောက်ကျစ်သူများကို ပြစ်ဒဏ်ပေးကာ၊ ကောင်းမြတ်သူများကို ကူညီသူများ” ဖြစ်သည့် တရားဥပဒေကို စောင့်ထိန်းသူ များ မဟုတ်ပါသလား။ သူတို့အားလုံးက ငရဲ၏ မကောင်းဆိုးဝါးများနှင့် မိစ္ဆာကောင်များသာ ဖြစ်သည်။ ထို့နောက်တွင်ပင် ကျွန်မက ဒေသနာတစ်ခုမှ စာပိုဒ်တစ်ခုကို တွေးမိသည်။ “အဆင်းနီသောနဂါးကြီးက ဘုရားသခင်ကို အရက်စက်ဆုံးနဲ့ အရူးအမူးဆုံး အာခံပြီး တိုက်ခိုက်တယ်၊ ပြီးတော့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို အကြမ်းကြုတ်ဆုံးနဲ့ အဆိုးရွားဆုံး ထိခိုက်တယ်။ ဒါတွေဟာ အမှန်တရားတွေပဲ။ အဆင်းနီတဲ့ နဂါးကြီးက ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး၊ အကျပ်ကိုင် တယ်၊ ဒါကို လုပ်ရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ သူက ဘုရားသခင်ရဲ့ နောက်ဆုံးသာကာလ အမှုတော်ကို လုံးလုံး အမြတ်ဖြတ်ပြီး၊ ဘုရားသခင်ရဲ့ ပြန်ကြွလာခြင်းကို ချေမှုန်းသုတ်သင်ချင်တာပဲ။ ဒါက အဆင်းနီတဲ့ နဂါးကြီးရဲ့ မလိုမုန်းထားမှုပဲ၊ ပြီးတော့ အဲဒါဟာ စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ပဲ။” (“အဆင်းနီသောနဂါးကြီး၏ သဘာဝ နှင့် အဆိပ်များကို သိပြီး ခွဲခြားသိမြင်နည်း” အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟော ချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော) ဤစကားများနှင့် ပတ်သက်ပြီး ကျွန်မအနီးတဝိုက်တွင် ရှိသည့် ဖြစ်ရပ်များကိုကြည့်လျက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် စာတန်၏ သရုပ်သကန်ဖြစ်ကြောင်းနှင့် အစကနဦးကတည်းက ဘုရားသခင်ကို ဆန့်ကျင်သည့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်ကြောင်းတို့ကို ကြည်လင်ပြတ်သားခြင်းဖြင့် ကျွန်မ မြင်ခဲ့ရသည်။ ယင်းမှာ နတ်ဆိုး စာတန်ကသာလျှင် သမ္မာတရားကို မုန်းတီးပြီး စစ်မှန်သော အလင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်ပြီး၊ စစ်မှန်သော ဘုရားသခင်၏ ကြွလာခြင်းကို ဖယ်ရှားပစ်လိုသောကြောင့်ဖြစ်သည်၊ ယင်းက ဘုရားသခင်နောက်လိုက်သူများ နှင့် မှန်သောလမ်းကို လျှောက်ကြသူများကိုသာ ရက်ရက်စက်စက် နာကျင်စေ နိုင်ကာ၊ အလွန် လူမဆန်စွာ ညှဉ်းပန်းနိုင်သောကြောင့် ဖြစ်လေသည်။ ဘုရားသခင်သည် ယခုအခါတွင် လူ့ဇာတိခံယူပြီး၊ ၎င်း၏ သားရဲတွင်းအတွင်း၌ အမှုပြုရန် ကြွလာခဲ့ပြီဖြစ်သည်၊ ပြီးလျှင် ကျွန်မက စာတန်၏ အကြီးအကျယ် လှည့်စားခံခဲ့ရသကဲ့သို့ ၎င်းမှာ လူများကို ထိခိုက်ပြီး၊ ဝါးမြိုနေသည့် စာတန် နတ်ဆိုးဖြစ်ကြောင်းနှင့် ၎င်း၏ မှောင်မိုက်သော အုပ်စိုးမှုကို ကျော်လွန်၍ အလင်းရောင်ရှိကြောင်းနှင့် ကျွန်မတို့ကို နေ့နေ့ညည စောင့်ရှောက်ပြီး ထောက်ပံ့ ပေးနေသည့် စစ်မှန်သော ဘုရားသခင်တစ်ပါးရှိကြောင်းတို့ကို ကျွန်မ နားလည် သဘောပေါက်နိုင်ရန် ကျွန်မကို ထိုကဲ့သို့သော အခြေအနေတစ်ခုအား ကြုံတွေ့ စေဖို့ ဘုရားသခင်က စီစဉ်ပေးခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြွလာ ခြင်းသည် ကျွန်မထံ သမ္မာတရားနှင့် အလင်းရောင်တို့ကို ဆောင်ကြဉ်းပေးခဲ့ပြီး၊ ကျွန်မထဲတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ခါးသီးသော အမုန်းတရား နိုးကြွစေလျက် “ကြီးမြတ်သော၊ ဂုဏ်သိက္ခာရှိသော၊ မှန်ကန်သော” သူအဖြစ် နှင့် နေ့စဉ်နေ့တိုင်း မိမိကိုယ်ကိုယ် ကြွားလုံးထုတ်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘီလူးသရဲစီးသော စရိုက်ကို မြင်တွေ့ဖို့ နောက်ဆုံးတွင် ခွင့်ပြုခဲ့ သည်။ ကိုယ်တော်၏ ကြွလာခြင်းက သမ္မာတရားကို ရှာဖွေလိုက်စားခြင်း၏ အဓိပ္ပါယ်နှင့် တန်ခိုးတို့ကို ကျွန်မအား နားလည်သဘောပေါက် ခွင့်ပြုခဲ့ပြီး ဘဝတွင် အလင်းရောင်၏ လမ်းကြောင်းကို မြင်ခွင့်ပေးခဲ့သည်။ ကျွန်မ ထိုအကြောင်းကို ပို၍တွေးလေ၊ ပို၍ နားလည်သဘောပေါက်လေ ဖြစ်ပြီး၊ ထိုအရာရှိများ၏ ရက်စက်သော ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ ကူညီပေးရင်း ကျွန်မ အတွင်း၌ ခွန်အားတစ်ခု ပြင်းထန် လာသည်ဟု ခံစားရသည်။ ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကလည်း လျော့နည်းလာပြီး၊ ဤသည်မှာ ဘုရားသခင် က ကျွန်မကို ကွယ်ကာနေပြီး၊ ညှဉ်းပန်းမှုမှတစ်ဆင့် ကျွန်မထံမှ ခံဝန်ချက် များကို နှိုက်ယူရန် ရဲများ၏ အားထုတ်ကြိုးပမ်းမှုကို ကျော်ဖြတ်ဖို့ ကျွန်မကို ကူညီနေခြင်း ဖြစ်သည်ကို စိတ်ထဲတွင် ကျွန်မ သိခဲ့သည်။

အဆုံးတွင် ရဲများက ကျွန်မထံမှ မည်သည့်အရာမျှ မရနိုင်သည်ကို မြင်သောကြောင့် ကျွန်မကို “ငြိမ်ဝပ်ပိပြားမှု နှောင့်ယှက်ခြင်း” ဖြင့် စွဲချက်တင် ကာ၊ ထိန်းသိမ်းရေးစခန်းသို့ လိုက်ပို့ခဲ့သည်။ ထိုနေရာများတွင် တရုတ် ကွန်မြူနစ်ပါတီ အစိုးရက အကျဉ်းသားများကို စက်များကဲ့သို့ တစ်နေ့လုံး မရပ်မနား အတင်းအကျပ် အလုပ်လုပ်စေခဲ့သည်။ ကျွန်မမှာ ညတိုင်း အိပ်ချိန် မစို့မပို့ ငါးနာရီပင် မရဘဲ၊ နေ့တိုင်း ကျွန်မက လုံးလုံး အလွန်ခြေကုန်လက်ပမ်း ကျသည်မှာ ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးက တစ်စစီ ပြုတ်ကျနေသကဲ့သို့ ခံစားခဲ့ရသည်။ ဤသို့ပင် ဖြစ်သော်ငြားလည်း ထောင်စောင့်များက ကျွန်မကို မည်သည့်အခါမျှ ဝဝလင်လင် စားခွင့်မပြုခဲ့ပါ။ ကျွန်မကို အစားအစာ တစ်နှပ်စာစီအတွက် ပေါက်စီလေးနှစ်လုံးနှင့် ဆီတစ်စက်မျှမပါသည့် ဟင်းသီးဟင်းရွက်တစ်ချို့ကိုသာ ကျွေးလေသည်။ ထိုနေရာတွင် ကျွန်မ ထောင်ကျသည့် အချိန်အတွင်းတွင် ဆိုးယုတ်သော ရဲများက ကျွန်မကို စစ်မေးဖို့ အကြိမ်တော်တော်များများ လာကြသည်။ နောက်ဆုံးအကြိမ် သူတို့ ကျွန်မကို စစ်မေးစဉ်က၊ သူတို့က ကျွန်မကို အလုပ်ကြမ်းမှတစ်ဆင့် ပြုပြင်ပြောင်းလဲရေး ပြစ်ဒဏ် နှစ်နှစ်ချမှတ်မည်ဟု သူတို့က ဆိုခဲ့သည်။ ရဲတင်းစွာဖြင့် ကျွန်မက “နိုင်ငံတော် ဥပဒေက လွတ်လပ်စွာ ကိုးကွယ်ခွင့် အတွက် ပြဌာန်းချက်တစ်ခု မပေးထားဘူးလား။ ငါ့ကို ဘာလို့ အလုပ်ကြမ်းကနေပြုပြင် ပြောင်းလဲရေး အပြစ်ဒဏ် နှစ်နှစ်ချမှတ်တာလဲ။ ငါက နေမကောင်းဘူး။ ငါသေသွားရင်၊ ငါ့ကလေးတွေနဲ့ မိဘတွေက ဘာလုပ်ကြမလဲ။ သူတို့ကို စောင့်ရှောက်မဲ့လူ တစ်ယောက်မှမရှိဘဲနဲ့၊ သူတို့ ငတ်ကုန်လိမ့်မယ်” ဟု သူတို့ကို မေးခဲ့ သည်။ အသက်ငါးဆယ်အရွယ်ရှိ ရဲတစ်ယောက်က ကျွန်မကို “မင်းက နိုင်ငံတော် ဥပဒေကို ချိုးဖောက်လို့ ပြစ်ဒဏ်ချမှတ်ခံရမှာလေ၊ ပြီးတော့ သက်သေ အထောက်အထားက ငြင်းလို့မရနိုင်ဘူး’ ဟု မျက်နှာထား တင်းတင်းဖြင့် ပြော ခဲ့သည်။ ကျွန်မက “ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းမြတ်တဲ့ အရာ တစ်ခုဖြစ်တယ်။ ငါက လူသတ်မှု မကျူးလွန်ဘူး၊ ငါက မီးရှို့မှု မကျူးလွန် ဘူး။ ငါက ဆိုးတာ တစ်ခုမှမလုပ်ဘူး။ ငါက လူကောင်း တစ်ယောက် ဖြစ်ဖို့ပဲ ကြိုးစားတယ်။ ဒါ့ကြောင့် ဘာဖြစ်လို့ နင်တို့က ယုံကြည်မှုရှိခွင့်မပေးတာလဲ” ဟု ခွန်းတုံ့ပြန်ပြောခဲ့သည်။ ကျွန်မ၏ ခွန်းတုံ့ပြန်ပြောခြင်းက သူတို့ကို ဒေါသ ထွက်ရလောက်အောင် အရှက်ရစေခဲ့ပြီး၊ သူတို့ထဲမှ တစ်ယောက်က ကျွန်မဆီ လာကာ၊ ကြမ်းပြင်ပေါ်သို့ တိုက်ချလျက်၊ ကျွန်မကို ပါးရိုက်ခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို အတင်းပက်လက်လှဲစေသည်။ သူတို့ထဲမှ တစ်ယောက်က ကျွန်မ၏ ပခုံးများကိုဖိချုပ်ထားစဉ်၊ နောက်တစ်ယောက်က ကျွန်မ၏ ခြေထောက်များကို ဖိချုပ်ထားသည်။ နောက်တစ်ယောက်က ကျွန်မ၏ မျက်နှာကို သူ့သားရေဖိနပ်ဖြင့် ပြင်းထန်စွာ ဆောင့်နင်းခဲ့ပြီး “ဖြစ်ချင်တော့ ဒီနေ့ စျေးတစ်ခုရှိတယ်။ ငါတို့ မင်းကို ကိုယ်တုံးလုံး ချွတ်ပြီး၊ စျေးတစ်ပတ် လျှောက်လှည့်ပြရမယ်” အရှက်မဲ့စွာ ကြေညာခဲ့သည်။ ဤသို့ပြောလျက်၊ သူက ကျွန်မ၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ကျွန်မ၏ ရင်ဘတ်တို့ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။ သူက ကျွန်မ၏ ရင်ဘတ်ပေါ်တွင် ခြေတစ်ဖက်ဖြင့် မတ်တပ်ရပ်ပြီး၊ နောက်ခြေတစ်ဖက်ကို အန္တရာယ်ပြုမည့်ဟန်ဖြင့် မြှောက်ထား ပြီးနောက်၊ ကျွန်မ၏ ပေါင်များကို တစ်ခါတစ်ရံ ဆောင့်နင်းလျက်၊ ဤအတိုင်း ထပ်ခါထပ်ခါ ပြုခဲ့သည်။ နင်းခြေခံရခြင်းမှ ကျွန်မ၏ ဘောင်းဘီများ ပြဲလာပြီး၊ ခွကြားမှာလည်း စုတ်ပြဲကုန်သည်။ ကျွန်မမှာ အလွန် အရှက်ကွဲရသည်မှာ မျက်ရည်များက ကျွန်မ၏ မျက်လုံးများမှ မရပ်မနား ကျလာခဲ့ပြီး၊ ကျွန်မ စိတ်က အလွန်ကယောက်ကယက်ဖြစ်ကုန်သည်ဟု ခံစားခဲ့ရသည်။ ထိုနတ်ဆိုး များ၏ ဤနည်းဖြင့် အရှက်ခွဲခံရခြင်းကို ကျွန်မ တကယ့်ကို မခံနိုင်တော့ပါ။ ဤကဲ့သို့ အသက်ရှင်ရခြင်းသည် အလွန်ခက်ခဲလှပြီး၊ ကျွန်မ သေသာ သေလိုက် ချင်သည်ဟု ခံစားခဲ့ရသည်။ ဤဆိုးရွားသော ပရိဒေဝဖိစီးမှုကို ကျွန်မခံစားနေရ သည့် အခိုက်တွင်ပင်၊ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ငါတို့အတွက် အချိန် ကျရောက်ပြီဟု ငါ ထင်ပါသည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့် လမ်းကြောင်းကို လိုက်လျှောက်သည့် အတွက် ကြီးစွာသော လှောင်ပြောင်မှု၊ အသရေဖျက်မှု နှင့် နှိပ်စက်ညှဉ်းပန်းမှု ပမာဏကို ငါတို့ ခံရသော်လည်း၊ ဤသည်မှာ အဓိပ္ပါယ်ရှိသော အရာ တစ်ခု ဖြစ်သည်ဟု ငါ ယုံကြည်ပါသည်။ ၎င်းမှာ ဘုန်းတော်ထင်ရှားမှု အရာ တစ်ခု ဖြစ်သည်၊ ရှက်ဖွယ် မဟုတ်ဘဲ၊ မည်သို့ပင် ဖြစ်ပါစေ ငါတို့ ခံစားရသော ကောင်းကြီး မင်္ဂလာများမှာ မဖြစ်စလောက် လုံးဝ မဟုတ်ပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း… (၂)”) “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။” (ရှင်မဿဲခရစ်ဝင် ၅:၁၀) ဟု ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ချက်ချင်း အမှတ်ရစေခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ဒီနေ့ ငါခံစားနေရတဲ့ နာကျင်မှုနှင့် အရှက်ကွဲခြင်းတွေက အဆုံးစွန်သော အဓိပ္ပါယ်နဲ့ တန်ဖိုးရှိတယ်။ ဒါကို ငါဒုက္ခ ခံစားနေရတာဟာ ငါက ဘုရားသခင်ကို ယုံကြည်ပြီး၊ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လို့ဖြစ်တယ်၊ ပြီးတော့ သမ္မာတရားနဲ့ အသက်တို့ကို ရရှိခြင်းအတွက် ဒုက္ခခံရတာဖြစ်တယ်။ ဒီဆင်းရဲဒုက္ခက ရှက်စရာ မဟုတ်ဘဲ၊ အဲဒီအစား ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာ ဖြစ်တယ်။ ငါက ဘုရားသခင်ရဲ့ အလိုတော်ကို နားမလည်ဘဲ ငါက ဒီနာကျင်မှုနဲ့ အရှက်ရခြင်း တို့ကို ခံရတဲ့အချိန်မှာ၊ အဲဒါကိုအဆုံးသတ်ဖို့ ငါသေချင်ခဲ့တယ်။ပြီးတော့ ငါက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၊ ကောင်းကြီးမင်္ဂလာတို့ကို လုံးဝ မမြင်နိုငဘူး။ ငါဟာ ဘုရားသခင်ကို ဘယ်လိုလုပ်ပြီး မပူဆွေးစေဘဲနေမလဲ။” ဤအရာများ ကို တွေးလျက်၊ ကျွန်မ ဘုရားသခင်ကို အလွန်အကြွေးတင်ရှိသည်ဟု ခံစားရပြီး၊ တိတ်ဆိတ်စွာ သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်။ “ဒီနတ်ဆိုးတွေ ငါ့ကို ဘယ်လို အရှက်ခွဲပြီး၊ ညှဉ်းပန်းပါစေ၊ ငါက စာတန်ကို ဘယ်တော့မှ ခယမှာ မဟုတ်ဘူး။ ငါ့မှာ ထွက်သက်တစ်ခုပဲ ရှိရင်တောင်၊ အဲဒါကို ငါ ကောင်းကောင်းသုံးပြီး၊ ဘုရားသခင်အတွက် သက်သေခံမယ်၊ ပြီးတော့ ဘုရားသခင်ကို လုံးဝ စိတ်မပျက်စေရဘူး။” နှစ်ရက်နှင့် နှစ်ညတာ ကျွန်မကို ညှဉ်းပန်းပြီးနောက်၊ သူတို့ ကျွန်မဆီက မည်သည့်အရာမျှ မရသေးသောကြောင့် သူတို့က ကျွန်မကို စည်ပင်သာယာရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ခဲ့သည်။

ထိန်းသိမ်းရေးစခန်းတွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျွန်မ တွေ့ကြုံခဲ့ရသည့် အရာအားလုံးကို ကျွန်မတွေးပြီး၊ ထိုကဲ့သို့ ညှဉ်းပန်း နှိပ်စက်ခြင်း နှင့် ဒုက္ခတို့ကို ကြုံရခြင်းသည် ဘုရားသခင်၏ ပို၍ နက်နဲသော ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်သည်ကို ကျွန်မ ဖြည်းဖြည်းချင်း နားလည်ခဲ့သည်။ ကျွန်မက ထိုကဲ့သို့သော သေရေးရှင်ရေးတမျှဖြစ်သော အကျပ်အတည်းတွင် နာခံဖို့နှင့် ဘုရားသခင်အတွက် သက်သေရပ်တည် နိုင်ဖို့တို့ကို သင်ယူဖို့အလို့ငှာ ဆင်းရဲဒုက္ခခံဖို့ ကျွန်မ၏ စိတ်ဆန္ဒနှင့် သန္နိဌာန် တို့ကို ဖေးမရန်၊ စစ်မှန်သည့် ယုံကြည်မှုကို သွတ်သွင်းပေးရန် ဘုရားသခင်က ဤအခြေအနေကို အသုံးပြုလိုသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရင်ဆိုင်ရာတွင်၊ ကျွန်မက ရက်စက်စွာ ညှဉ်းပန်းခံရစဉ်တွင် မည်သို့ အကြိမ်ကြိမ် အားနည်းလာပြီး၊ ပုန်ကန်လိုသည်ကို အမှတ်ရသောကြောင့် အလွန်လေးနက်သော နောင်တဖြင့် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ကျွန်မ လာခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မက အရမ်းကို အမြင်ဖုံးပြီး၊ မသိနားမလည်ပါဘူး။ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ကောင်းကြီးမင်္ဂလာတွေကို ကျွန်မ သတိမပြုမိပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ ဒုက္ခက ဆိုးတဲ့ အရာတစ်ခုလို့ အမြဲတမ်း တွေးခဲ့ပါတယ်။ အခုတော့ ကျွန်မကို လက်ရှိဖြစ်နေတဲ့ အရာတွေ အားလုံးက ကိုယ်တော့် ကောင်းကြီးမင်္ဂလာ ဖြစ်တယ်ဆိုတာကို ကျွန်မ မြင်ပါတယ်။ ဒီကောင်းကြီး မင်္ဂလာက ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ မကိုက်ညီဘဲ၊ အပြင်ပန်း ကြည့်ရင် ကျွန်မရဲ့ ခန္ဓာကိုယ်က နာကျင်မှုနဲ့ အရှက်ရခြင်းတွေကို ဒုက္ခခံနေရတဲ့ပုံပေါက်နေပေမဲ့၊ အမှန်မှာတော့ ဒါဟာ ကိုယ်တော်က ကျွန်မပေါ်ကို အသက်ရဲ့ အဖိုးအတန်ဆုံး ရတနာကို အပ်နှင်းနေတာ ဖြစ်တယ်။ အဲဒါဟာ စာတန်အပေါ် ကိုယ်တော်ရဲ့့် အောင်မြင်ခြင်းကို သက်သေခံချက်တစ်ခု ဖြစ်ပါတယ်၊ အဲဒီအပြင် အဲဒါဟာ ကျွန်မကို ကိုယ်တော်က အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာကို ပြနေတာပါ။ အိုဘုရားသခင်။ ကိုယ်တော့် ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း တို့အတွက် ကျွန်မမှာ ပြန်ပေးဆပ်စရာ မရှိပါဘူး။ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မရဲ့ နှလုံးသားကို ကိုယ်တော့်ကို ပေးပြီး၊ ဒီနာကျင်မှုတွေနဲ့ အရှက်ရခြင်း အားလုံးကို ဒုက္ခခံရုံသာ ကျွန်မ လုပ်နိုင်ပါတယ်။

လုံးလုံး အံ့အားသင့်စရာတစ်ခုဖြစ်သည့်အရာမှာ၊ ကျွန်မက ထောင်ကျဖို့ မိမိကိုယ်ကိုယ် ပြင်ဆင်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ စိတ်ပိုင်းဖြတ်လာ သည့်အချိန်တွင်ပင်၊ ဘုရားသခင်က ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးခဲ့သည်။ ထိန်းသိမ်းရေးစခန်းတွင် ကျွန်မ၏ ၁၃ ရက်မြောက်နေ့၌ ဘုရားသခင်က ရဲများကို ဖိတ်ခေါ်ဖို့နှင့် ယွမ် ၃၀၀၀ ကုန်ကျသည့် လက်ဆောင်အချို့ ၎င်းတို့ကို ပေးစေဖို့ ကျွန်မ၏ ခဲအိုကို ထွက်ပေါ်စေခဲ့သည်။ ၎င်းတို့က ကျွန်မကို တရားရုံးတွင် အမှုရင်ဆိုင်ရခြင်းကို ဆိုင်းငံ့ရန် အာမခံဖြင့် လွှတ်ပေးဖို့ရာ ရဲများကို သူက ယွမ်၅၀၀၀ ကိုလည်း ပေးခဲ့သည်။ ကျွန်မ အိမ်သို့ပြန် ရောက်ချိန်တွင်၊ ကျွန်မ၏ ခြေထောက်မှ အသားများသည် ဆိုးယုတ်သော ရဲများက ကျွန်မအပေါ်သို့ ဆောင့်နင်းခြင်းမှ ကလာပ်စည်းများ သေကုန်သည် ကို တွေ့ခဲ့ရသည်။ ယင်းက မာကျောပြီး၊ မဲနက်ကုန်သည်မှာ၊ ပြန်လည် ကောင်းမွန်လာဖို့ ကျွန်မ သုံးလအချိန်ယူခဲ့ရသည်။ ရဲများက ကျွန်မကို အပြစ်ပေးသည့် ညှဉ်းပန်းမှုက ကျွန်မ၏ ဦးနှောက်နှင့် နှလုံးကိုလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးစေပြီး၊ ကျွန်မက အကျိုးဆက်များကို ခံစားခဲ့ ရသည်။ ဤနာကျင်မှု၏ ညှဉ်းပန်းခြင်းကို ယနေ့ထိတိုင် ကျွန်မ ခံစားရဆဲဖြစ်သည်။ ဘုရားသခင်၏ ကွယ်ကာမှုကြောင့်သာ မဟုတ်ပါက၊ ကျွန်မက အကြောသေပြီး အိပ်ရာထဲလဲနေကောင်း လဲနေခဲ့လိမ့်မည် ဖြစ်ပြီး၊ ယခု သာမာန်အသက်တာတစ်ခုကို ကျွန်မ အသက်ရှင်သန်နိုင်ရခြင်း အကြောင်း အရင်းမှာ ဘုရားသခင်၏ ကြီးစွာသော ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုတို့ ကြောင့် လုံးလုံး ဖြစ်ရလေသည်။

ဤညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ဒုက္ခတို့ကို တွေ့ကြုံခံစားပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘုရားသခင်ကို အာခံသော၊ ဘီလူးသရဲစီး သော အနှစ်သာရကို ကျွန်မ အမှန်တကယ် မြင်လာရသည်။ ၎င်းသည် ဆိုးယုတ်သောအရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ မကျေအေးနိုင်သော ရန်သူတော်တစ်ပါး ဖြစ်သည်ကိုလည်း ကျွန်မ သိသာ ထင်ရှားစွာ မြင်လာခဲ့ သည်။ ၎င်းအတွက် ကျွန်မ၏ စိတ်နှလုံးအတွင်း၌ ထာဝရ အမုန်းတရားတစ်ခု တေးထားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်ပတ်သက်ပြီး ယခင်က ရှိသည်ထက်ပို၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှုတစ်ခု ရှိလာခဲ့ပြီး၊ လူများတွင် ဘုရားသခင် ပြုသမျှ အမှုများအားလုံးသည် ၎င်းတို့ကို ကယ်တင်ရန်နှင့် ၎င်းတို့အတွက် ချစ်ခြင်း မေတ္တာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်က ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့မှတစ်ဆင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်မတို့ကို ပြသရုံသာမက၊ ဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ် တို့မှတစ်ဆင့်လည်း ပို၍ပင် ပြခဲ့ပါသည်။ ရဲများက ကျွန်မအပေါ် စုပုံပေးခဲ့သည့် ရက်စက်သော ညှဉ်းပန်းမှုနှင့် စော်ကားမှုများတစ်လျှောက် သက်သေရပ်တည် နိုင်ခြင်း နှင့် မကောင်းဆိုးဝါးတို့၏ သားရဲတွင်းမှ လွတ်လာနိုင်ခြင်းတို့ဖြင့် ဤအရာအားလုံးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှု နှင့် ခွန်အားတို့ ပေးနေခြင်းကြောင့် ဖြစ်သည်ကို ကျွန်မ အမှန်တကယ် အသိအမှတ်ပြုလာခဲ့သည်။ ထို့အပြင်၊ ယင်းမှာ စာတန်ကို တစ်လှမ်းချင်း အောင်မြင်ကျော်လွှားနိုင်စေပြီး၊ မကောင်းဆိုးဝါးတို့၏ သားရဲတွင်းမှ လွတ်မြောက်လာနိုင်စေသည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ကျွန်မ လှုံ့ဆော်ခံရသောကြောင့် ဖြစ်သည်။ ကျွန်မကို ချစ်ခြင်း နှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ ဘုန်းအသရေနှင့် ချီးမွမ်းခြင်း အလုံးစုံ အနန္တတန်ခိုးရှင် ပိုင်ဆိုင်ပါစေ။

ယခင်က:သေမင်းတံခါးဝ၌ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်တော့်ကို အထောက်အကူ ပေးခဲ့သည်

နောက်တစ်ခုသို့:ဘေးအန္တရာယ်ဆိုးများအကြားမှ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မြည်းစမ်းခြင်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ