ဘုရားသခင်၏ ကွယ်ကာခြင်း

အနန္တတန်ခိုးရှင်ဘုရားသခင်က မိန့်တော်မူပါတယ်။ “လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာမိမိတို့ မပြောင်းလဲနိုင်ကြပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်နှုတ်ကပတ်တော်၏ ကိုင်တွယ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကိုလည်း ခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ထိုသူတို့သည် ဘုရားသခင်ကို လှည့်ဖြားရန် မကြိုးစား၊ ပေါ့ပေါ့ဆဆ ဝတ်ကျေတမ်းကျေ သဘောထားမည် မဟုတ်ဘဲ နာခံမှုရှိကာ ကိုးကွယ်ဆည်းကပ်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်ဆေးမှုအားဖြင့်သာ စိတ်သဘောထားပြောင်းလဲမှုများ ဖြစ်ပေါ်သည်။ နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ခြင်းများကို ကြုံဖူးသည့်သူများသာ မဆင်မခြင်လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ငြိမ်ကာ ဣန္ဒြေရလာကြမည်။ အရေးကြီးဆုံးအချက်မှာ ထိုသူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံလာနိုင်ကြပြီး နာခံကြခြင်းဖြစ်ကာ ထိုအရာသည် လူသားများ၏ သဘောထားများနှင့် ကွဲလွဲနေသော်မှ ၎င်းတို့သည် ဤသဘောထားများကို ဘေးဖယ်ထားနိုင်စွမ်းနှင့် မိမိဆန္ဒအလျောက် ကျိုးနွံနာခံနိုင်စွမ်းရှိကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားများပြောင်းလဲသွားသောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများဖြစ်သည်”) အရင်က ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တဲ့အချိန်က၊ “လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာမိမိတို့ မပြောင်းလဲနိုင်ကြပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်နှုတ်ကပတ်တော်၏ ကိုင်တွယ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကိုလည်း ခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ထိုသူတို့သည် ဘုရားသခင်ကို လှည့်ဖြားရန် မကြိုးစား၊ ပေါ့ပေါ့ဆဆ ဝတ်ကျေတမ်းကျေ သဘောထားမည် မဟုတ်ဘဲ နာခံမှုရှိကာ ကိုးကွယ်ဆည်းကပ်မည် ဖြစ်သည်။” လူတွေက သူတို့ရဲ့ ကိုယ်ပိုင် စိတ်သဘောထားတွေကို ဘာဖြစ်လို့ ပြောင်းလို့မရတာလဲဆိုတာကို ကျွန်မ တော်တော် နားမလည်နိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ နေ့တိုင်း စိတ်ပါလက်ပါ ဖတ်တယ်၊ ဝတ်ပြုစည်းဝေးပွဲတွေကို အမြဲ အချိန်မှန် တက်ခဲ့ပြီး၊ အသင်းတော်က ချမှတ်ပေးတဲ့ ဘာတာဝန်ကို မဆို ကျွန်မ နာခံခဲ့တယ်။ ကျွန်မ အပြစ်မလုပ်ဘဲ၊ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တယ်၊ ကျွန်မဟာ ယုံကြည်သူတစ်ယောက်ဖြစ်တာ နှစ်တွေ အတော်ကြာပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်သမျှ ကာလပတ်လုံး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားဟာ သေချာပေါက် ပြောင်းလဲလိမ့်မယ်လို့ ကျွန်မ တွက်ဆထားတယ်။ ကျွန်မဟာ ဘာဖြစ်လို့ ဘုရားသခင်ရဲ့ စီရင်တာ၊ ပြစ်တင်ဆုံးမတာ၊ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာတို့ကို ခံဖို့ လိုသေးတာလဲ။ ကျွန်မ ဖတ်ခဲ့တဲ့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို လုံးဝ အမှန်တကယ် နားမလည်ခဲ့ဘူး။ သုံးလေးကြိမ်လောက်အထိ ပြင်းပြင်းထန်ထန် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အထိ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရတဲ့အထိပါပဲ။ အဲဒီနောက်မှသာ ကျွန်မဟာ ဘယ်လောက် စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးတာကို ခံထားရတယ်ဆိုတာရယ်၊ ကျွန်မရဲ့ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်တဲ့ ဆိုးယုတ်တဲ့ သဘာဝဟာ ကျွန်မရဲ့ အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်ဆိုတာရယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို မခံရဘဲ၊ သန့်စင်ခြင်းခံရဖို့ ဒါမှမဟုတ် ပြောင်းလဲဖို့ မဆိုထားနဲ့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမှာ မဟုတ်ဘူးဆိုတာ တွေ့လိုက်ရတယ်။

၂၀၁၆ ခုနှစ် အစောပိုင်းမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတယ်။ ကျွန်မ စလုပ်တဲ့အချိန်တုန်းက၊ ကျွန်မက တကယ် အစွမ်းအစနည်းတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ မကြာခဏ ဆုတောင်းပြီး၊ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ ကိုယ်တော့်ကို အားကိုးခဲ့တယ်။ ကျွန်မ နားမလည်တဲ့ ကိစ္စတစ်ခုကို ကြုံတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှာဖွေပြီး မိတ်သဟာယပြုတယ်၊ ပြီးတော့ သူများတွေရဲ့ အကြံပြုချက်တွေကိုလည်း လက်ခံနိုင်ခဲ့တယ်။ ကျွန်မက တော်တော်လေးကို နှိမ့်ချခဲ့ပါတယ်။ လက်တွေ့လုပ်ဆောင်မှု ခြောက်လကျော်ကြာပြီးနောက်မှာ ကျွန်မက အခြေခံစည်းမျဉ်းတချို့ကို နားလည်လာခဲ့တယ်၊ ပြီးတော့ သမ္မာတရားကို မိတ်သဟာယပြုရင်းနဲ့ ညီအစ်ကိုမောင်နှမတချို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့တယ်။ ကျွန်မက “ငါအရင်က အသင်းတော် ခေါင်းဆောင်တစ်ယောက် တစ်ခါမှ မဖြစ်ဖူးပေမဲ့၊ ငါ့မှာ အစွမ်းအစကောင်းရှိပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို ခဏနဲ့နားလည်တယ်။ လက်တွေ့လုပ်ဆောင်မှုတွေပိုလုပ်ပြီးတဲ့နောက်မှာ ငါက ပိုတောင် တော်လာဦးမယ်ဆိုတာ သေချာတယ်။” လို့တွေးရင်း၊ တဖြည်းဖြည်းချင်း စပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်လာတယ်။ နောက်ပိုင်းမှာ ကျွန်မဟာ အရေးကြီးတဲ့ တာဝန်တစ်ခုကို အပေးခံရပြီး၊ ကိုယ့်ကိုယ်ကိုယ် ပိုလို့တောင် ဘဝင်ခိုက်လာခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကျွန်မက အငယ်ဆုံးဖြစ်ပြီး၊ ကျွန်မ ယုံကြည်ခြင်းရှိလာတာ သူတို့လောက် မကြာသေးဘူး ဒါပေမဲ့ အရမ်းအရေးကြီးတဲ့အရာတစ်ခုခုကို တာဝန်ယူနိုင်ဖို့ဆိုတာ၊ ကျွန်မဟာ တကယ့်ကို ပါရမီထူးရမယ်လို့ မြင်မိတယ်။ အချိန်အတော်ကြာကြာ၊ ဘယ်သူကမှ ကျွန်မနဲ့ တန်းတူမဟုတ်သလိုမျိုး လူတွေအားလုံးထဲမှာ ကျွန်မမှာသာ အရေးအကြီးဆုံး တာဝန်ရထားတယ်လို့ တွေးရင်း၊ ကျွန်မက လမ်းလျှောက်တဲ့အချိန်တောင် ခေါင်းမော့ထားခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်မဟာ ပိုပိုပြီး မာနထောင်လွှားလာတယ်။ အသင်းတော်အလုပ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေမှာ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အကြံပြုချက်ပေးတဲ့အခါ၊ “ဒါဟာ ရှင်တို့တကယ် အလုပ်ပြီးမြောက်အောင် လုပ်တဲ့ နည်းလမ်းလား။ အရင်က ဒီလိုကိစ္စတွေကို ကျွန်မ ကိုင်တွယ်ခဲ့ဖူးတဲ့အတွက် အခြေခံသဘောတရားတွေကို ကျွန်မက ပိုပြီးနားလည်မယ်မဟုတ်လား ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ကျွန်မ သိတယ်။” လို့တွေးရင်း ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးတွေကိုသာ ဆုပ်ကိုင်ထားတယ်။ တစ်ခါတလေမှာ ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မက တစ်ခုခုကို အရမ်း လေးလေးနက်နက် သဘောထားတဲ့အခါမှာ၊ ဒီလို ရိုးရှင်းတဲ့ ကိစ္စတစ်ခုက ကိုင်တွယ်ဖို့ လွယ်ပြီး၊ ခဏခဏ မိတ်သဟာယပြုပြီး ရှာဖွေနေဖို့ မလိုပါဘူး လို့တွေးရင်း ကျွန်မ စိတ်မရှည်ခဲ့ဘူး။ တစ်ခါတလေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစည်းအဝေးတွေမှာ၊ သူ့အကြံပြုချက်တွေကို တခြားညီအစ်ကိုမောင်နှမတွေက လက်မခံတာကို ကျွန်မ တွေ့ရပြီး၊ ကျွန်မက သူ့ကို အထင်သေးစပြုလာတယ်။ ကျွန်မက “ရှင်က ခေါင်းဆောင်လုပ်လာတာ ကျွန်မထက် ကြာခဲ့ပေမဲ့၊ ရှင့်မှာ ကျွန်မထက်သာတာ လုံးဝကို မရှိဘူး။” လို့ တွေးမိတယ်။ တစ်ခါမှာ ကျွန်မရဲ့ တာဝန်မှာ ကျွန်မက အချိန်ဆွဲတယ်၊ ကျွန်မရဲ့ တိုးတက်မှုက နှေးကွေးတယ်လို့ သူက ပြောလာတယ်။ ကျွန်မ အဲဒါကို လက်မခံနိုင်ဘဲ၊ ခွန်းတုံ့ပြန်ပြောခဲ့တယ်။ “ရှင့်ဆီက ဒီမိတ်သဟာယကို ကျွန်မ လက်မခံနိုင်ပါဘူး။ ရှင်ရော ဒီအလုပ်ထဲမှာ မပါဘူးလား။ ရှင်ရော အဲဒါအတွက် တာဝန်မရှိဘူးလား။ ရှင်ဟာ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျ လုံးလုံး မသိနားမလည်ဘဲ၊ အားလုံးကို ကျွန်မကိုပဲ ထိုးပေးရတာလဲ။” လို့ပေါ့။ အဲဒီမှာ၊ ကျွန်မ ထထွက်သွားလိုက်တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မရဲ့ အပြုအမူကို သိသွားပြီး၊ ကျွန်မက အရမ်း မာနထောင်လွှားတယ်ဆိုပြီး ဆူပူခဲ့တယ်။ “ကျွန်မဟာ အရမ်း မာနထောင်လွှားပြီးတော့၊ သမ္မာတရားကိုလည်း လက်မခံပါဘူး။” လို့ပြောရင်း ကျွန်မက နှုတ်ကပဲ ဝန်ခံခဲ့တယ်။ ကျွန်မရဲ့ သဘာဝနဲ့ အနှစ်သာရတို့ကို ပြန်မဆန်းစစ်ခဲ့သလို၊ နားလည်ဖို့လည်း မကြိုးစားခဲ့ဘဲ၊ ကျွန်မရဲ့ တာဝန်မှာ အမှုအရာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရင်း၊ ဆက်ပြီး မာန်တက်နေခဲ့တယ်။ အဲဒီအချိန်က အစွမ်းအစမရှိဘဲ၊ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်နိုင်လို့ အစားထိုးခံခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တချို့ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အစားထိုးခံရမှာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်မပူခဲ့ဘူး။ ကျွန်မက “အခု အသင်းတော်မှာ ငါဟာ တကယ့်ကို အရည်အချင်းရှိပြီး၊ အလုပ်တော်တော်များများအတွက် ငါ့မှာ တာဝန်ရှိတယ်။ ငါမရှိဘဲ၊ သူတို့က အချိန်တိုတိုအတွင်းမှာ သင့်တော်တဲ့ လူနောက်တစ်ယောက်ကို ရှာနိုင်ပါ့မလား။” လို့ တွေးခဲ့တယ်။ ကျွန်မဟာ မိုက်မိုက်မဲမဲ မာနထောင်လွှားနေချိန်မှာပဲ၊ တင်းတင်းမာမာ ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းတာကို ကျွန်မ ခံလိုက်ရတယ်။

တစ်ခါမှာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံ၊ သက်သေခံချက်တွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတချို့ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အဲဒီဆောင်းပါးတွေက အပေါ်ယံနည်းနည်းဆန်တယ်လို့ ကျွန်မခံစားရတယ်။ အဲဒီကိစ္စကို ဘယ်သူနဲ့မှတောင် မဆွေးနွေးနေဘဲ ကျွန်မ ငြင်းပယ်လိုက်တယ်။ ခေါင်းဆောင်ဟာ ဒီအကြောင်းကို သိရတော့ အရမ်း ဒေါသထွက်သွားတယ်။ သူက ကျွန်မကို “ဒီလောက်ကောင်းတဲ့ ဆောင်းပါးတွေကို နင်ဘာလို့ ငြင်းပယ်လိုက်တာလဲ။ အဲဒါကို လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် နင်ဆွေးနွေးခဲ့ရဲ့လား။” လို့ မေးခဲ့တယ်။ ကျွန်မက “မဆွေးနွေးခဲ့ဘူး၊ အဲဒီအချိန်တုန်းက အဲဒီဆောင်းပါးတွေက အပေါ်ယံဆန်သလိုလို ရှိတယ်လို့ ကျွန်မ ခံစားခဲ့ရလို့ပါ။” လို့ ပြောလိုက်တယ်။ အဲဒီလို ပြောပြီး မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်မကို မျက်နှာတင်းတင်းနဲ့ ဆူပူခဲ့တယ်၊ “ဒီဆောင်းပါးတွေက နည်းနည်း အပေါ်ယံဆန်နိုင်ပေမဲ့၊ သူတို့ရဲ့ အတွေ့အကြုံတွေက စစ်မှန်ပြီး၊ လက်တွေ့ကျတဲ့ နားလည်မှုကို ပြတယ်။ အဲဒီဆောင်းပါးတွေဟာ လူတွေအတွက် တည်ဆောက်စရာဖြစ်စေတယ်။ အဲဒါဟာ ကိုယ်ပိုင် အတွေ့အကြုံ သက်သေခံချက်ကောင်းတစ်ခု ဖြစ်စေတဲ့အရာပဲလေ။ မင်းရဲ့တာဝန်မှာ သမ္မာတရားကို မရှာဖွေဘဲ၊ မင်းက လက်လွတ်စပယ်နိုင်ပြီး၊ မာနထောင်လွှားတယ်။ သမ္မာတရားကို နားမလည်သလို သူများတွေနဲ့လည်း အမှုအရာတွေကို မဆွေးနွေးဘူး။ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခံစားခြင်းနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေကို ဖိနှိပ်ပြီး တကယ့်ကို ကောင်းတဲ့ ဆောင်းပါးတွေကို ပယ်ပစ်တယ်၊ ဒါ မိုက်မဲတာ မဟုတ်ဘူးလား။ ဒါက စာတန် လုပ်တတ်တဲ့ အရာမျိုး မဟုတ်ဘူးလား မင်းက တကယ့်ကို ဖျက်လိုဖျက်ဆီးလုပ်တာပဲ” တဲ့ ကျွန်မဟာ အရင်က ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်း ခံရဖူးပေမဲ့လဲ၊ ဒီလောက် တစ်ခါမှ မကြမ်းတမ်းဖူးဘူး။ “မိုက်မဲတယ်” “စာတန်” “ဖျက်လိုဖျက်ဆီးလုပ်တယ်” “လက်လွတ်စပယ်နိုင်ပြီး မာနထောင်လွှားတယ်” ဆိုတဲ့ စကားလုံးတွေက ကျွန်မရဲ့ ခေါင်းထဲမှာ ထပ်ခါထပ်ခါ ဆက် ပဲ့တင်ထပ်နေခဲ့ပြီး၊ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ဘူး။ ကျွန်မမှာ အသက်ရှုဖို့တောင် ခက်ခဲနေတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မဟာ မတရား လုပ်ခံရတယ်လို့ ခံစားရတုန်းပဲ။ အဲဒီအချိန်က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဆွေးနွေးခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ကျွန်မ အဲဒီအကြောင်း သူတို့ကို မပြောခဲ့ဘူးလား။ ဘုရားသခင်က ကျွန်မတို့ရဲ့ အတွင်းကျကျ စိတ်နှလုံးတွေထဲကို တကယ့်ကို မြင်ရတယ်။ ကျွန်မ ဆင်ခြေတွေကို တွေးနေတဲ့အချိန်မှာပဲ၊ ခေါင်းဆောင်က မျက်နှာတင်းတင်းနဲ့ ဆက်ပြောတယ်၊ “မင်းရဲ့လုပ်ရပ်တွေမှာ ဘာစည်းမျဉ်းစည်းကမ်းမှ မလိုက်နာဘူး။ တစ်ခုခုကို မင်းနားမလည်တဲ့အချိန်မှာ မေးလို့ရတယ်၊ ဒါမှမဟုတ် တခြားလူတွေနဲ့ ဆွေးနွေးလို့ရတယ်၊ ဒါပေမဲ့ မင်းက ဒါမျိုးတောင် မလုပ်ဘူး။ အရမ်းကို မာနထောင်လွှားပြီး၊ ဘုရားကို ကြောက်တဲ့ နှလုံးသား လုံးလုံး မရှိတာပဲ။” တဲ့ အဲဒီမှာ ကျွန်မက အင်တင်တင်နဲ့ နာခံခဲ့တယ်။ ကျွန်မမှာသာ ဘုရားသခင်ကို ကြောက်တဲ့ နှလုံးသား နည်းနည်းလေး ရှိခဲ့တယ်ဆိုရင်၊ တစ်ခုခုမလုပ်ခင် ရှာဖွေမှုတချို့လောက် လုပ်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ အဲဒီအစား သူများတွေရဲ့ ထင်မြင်ယူဆချက်တွေကို မမေးဘဲ အမှုအရာတွေကို ကျွန်မ လိုချင်တဲ့အတိုင်းပဲ လုပ်ခဲ့တယ်။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူခဲ့တယ်။

ခေါင်းဆောင်က ကျွန်မအကြောင်း စုံစမ်းပြီး၊ ကျွန်မ မာနထောင်လွှားတာ၊ သမ္မာတရားကို နားမလည်တာ၊ ပြီးတော့ ကျွန်မဟာ အဲဒီလို အရေးကြီးတဲ့ တာဝန်အတွက် မသင့်တော်ဘူးဆိုတာကို သိသွားခဲ့တယ်၊ ဒါကြောင့် ကျွန်မ အစားထိုးခံခဲ့ရတယ်။ ကျွန်မ အပျက်သဘောဆောင်ခြင်းထဲကို တကယ်ကို ကျဆင်းသွားတယ်။ ခေါင်းဆောင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မကို ထိုးဖောက်မြင်ခဲ့တယ်၊ ပြီးတော့ ကျွန်မဟာ သမ္မာတရားကို လိုက်စားတဲ့သူမဟုတ်ဘူး၊ အင်မတန်ကို မာနထောင်လွှားတယ်၊ ပျိုးထောင်ပေးဖို့တောင် မထိုက်တန်သူတစ်ယောက်လို့ တွေးတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့ အိမ်တော်ထဲမှာ အလားအလာ တစ်ခုမှ မရှိတော့ဘူးလို့ တွေးမိတယ်။ ကျွန်မက ပိုပိုပြီး အပျက်သဘောဆောင်လာပြီးတော့၊ နားလည်မှုလွဲတာတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မက စာတန်ဖြစ်လာတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မက ကယ်တင်ခြင်းတောင် ဘယ်လိုလုပ်ပြီး ခံရနိုင်မလဲ။ ကျွန်မက သင့်တော်တဲ့ လူတစ်ယောက်မဟုတ်ဘူးလို့ ညီအစ်ကိုမောင်နှမတွေက သေချာပေါက်တွေးမှာပဲလို့ ခန့်မှန်းမိတယ်၊ ဒီတော့ ဆက်ပြီး ကြိုးစားနေလို့ ဘာအကျိုးထူးမှာလဲ အဲဒီအချိန်အတွင်းမှာ၊ ကျွန်မက တာဝန်တချို့ကို စိတ်မပါလက်မပါ လုပ်နေပုံပေါ်ပေမဲ့၊ သမ္မာတရားကိုလည်း မလိုက်စားချင်ခဲ့ဘူး။ တာဝန်ရှိတဲ့ လူတစ်ယောက်က ဘုရားအလိုတော်အကြောင်း ကျွန်မနဲ့အကြိမ်ပေါင်းများစွာ မိတ်သဟာယပြုခဲ့ပေမဲ့၊ ကျွန်မ မပြောင်းလဲခဲ့ဘူး။ အဲဒီနောက်မှာ သူက ကျွန်မကို ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းခဲ့တယ်၊ ကျွန်မဟာ ကျွန်မရဲ့ တာဝန်မှာ တမင်သက်သက် ခက်ခဲအောင် လုပ်နေပြီး၊ အမြဲတမ်း အပျက်သဘောဆောင်တယ်၊ ဘုရားသခင်ကို ဆန့်ကျင်နေတယ်၊ ပြီးတော့ ကျွန်မ မပြောင်းလဲခဲ့ရင်၊ ဘုရားသခင်ရဲ့ ဖယ်ရှင်းခြင်းကို အနှေးနဲ့အမြန်ဆိုသလို ခံရမယ် ဆိုပြီး ပြောတယ်။ ဒီလို ကြားရတော့ ကျွန်မ ကြောက်သွားပြီး၊ အခြေအနေရဲ့ လေးနက်မှုကိုလည်း သဘောပေါက်လိုက်တယ်။ ဘုရားသခင်ကို ဆုတောင်းဖို့၊ ရှာဖွေဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ဘုရားသခင်ရဲ့ ရှေ့မှောက်ကို ကျွန်မ ကမန်းကတန်းလာခဲ့တယ်။ အဲဒီခြောက်လအတွင်းမှာ၊ ကျွန်မဟာ ပြုပြင်ခံရခြင်း နဲ့ ကိုင်တွယ်ဖြေရှင်းခံရတာကို ဘာဖြစ်လို့ ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ခဲ့တာလဲ။ ကျွန်မ ပြန်ဆန်းစစ်တဲ့အခါ၊ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူအချို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံပြီးနောက်တွင် မတုန်မလှုပ်ဖြစ်သွားကြသည်၊ သူတို့သည် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် အားအင်အကုန်လုံး ကုန်ဆုံးပြီး အဆုံး၌ သူတို့၏ သစ္စာစောင့်သိမှုလည်း ကုန်ဆုံးလေ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းမှာ သူတို့၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရကို သတိထားရှိမှု ကင်းမဲ့ခြင်းကြောင့် တစ်စိတ်တစ်ဒေသဖြစ်၍၊ ဤအရာက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား လက်မခံနိုင်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ မသိနားမလည်သေးခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ လူတို့အားလုံးက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းမှာ သူတို့၏ ရလဒ်သည် သတ်မှတ်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် အကယ်၍ သူတို့က ဘုရားသခင်အား သစ္စာစောင့်သိမှု အနည်းငယ်ကို ပိုင်ဆိုင်ပါက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ သူတို့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပါကလည်း ယင်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို ညွှန်ပြခြင်း မရှိဟူ၍လည်းကောင်း လွဲမှားစွာ ယုံကြည်ကြသည်။ ထိုကဲ့သို့သော နားလည်မှုမှားခြင်းက လူများစွာတို့ကို ဘုရားသခင်အား ‘သစ္စာစောင့်သိမှု’ မရှိဘဲ နေဝံ့စေသည်။ အမှန်မှာမူ အဆုံးတွင်၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လွန်စွာ လိမ်လည်လှည့်ဖြားသောကြောင့် ဖြစ်သည်၊ သူတို့သည် ဒုက္ခဆင်းရဲကို မခံလိုကြပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများကို အလွယ်နည်းဖြင့်သာ ရယူလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သတိမမူမိကြချေ။ ယင်းမှာ သူသည် ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ရသေးသောကြောင့် သို့မဟုတ် သူက ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ ပြုလုပ်နေခြင်း မဟုတ်သောကြောင့် မဟုတ်ချေ။ ယင်းက ဘုရားသခင် ပြုသောအရာကို ဖြောင့်မတ်သည်ဟု လူတို့က မည်သည့်အခါမျှ မယုံကြည်ကြသောကြောင့်သာ ဖြစ်သည်။ လူသား၏ အမြင်တွင် ဘုရားသခင်၏အမှုတော်သည် လူသားတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီပါက သို့မဟုတ် သူတို့မျှော်မှန်းခဲ့သည့်အရာနှင့် ထပ်တူမကျပါက သူသည် မဖြောင့်မတ်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များမှာ မသင့်လျော်ဘဲ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူတို့၏ လုပ်ဆောင်ချက်များက ဘုရားသခင်အား ဆန့်ကျင်ကြောင်းကိုလည်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့၏ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်အားဖြင့် ဘုရားသခင် အဆုံးအဖြတ်ပေးခြင်းအထဲမှ အဓိပ္ပာယ်”) ဒီ ဘုရားနှုတ်ကပတ်တော်ထဲက ဖွင့်ပြခြင်းကို ဖတ်ပြီး နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ကျွန်မ အရမ်း အပျက်သဘောဆောင်ခဲ့ရတဲ့ အကြောင်းအရင်းက၊ ကျွန်မဟာ အရမ်း မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်တဲ့အပြင်၊ ကိုယ့်ကိုယ်ပိုင် အပြုအမူရဲ့ သဘာဝကို သတိမပြုမိခဲ့လို့ပေါ့။ ကျွန်မက အမှားလေးတစ်ခုပဲ လုပ်မိတာ။ ကျွန်မကို အဲဒီလို ကိုင်တွယ်တာက တော်တော်လွန်တယ်လို့ ထင်မိခဲ့တာပါ။ အဲဒီအကြောင်းအရင်းကြောင့် ဘုရားကို နားလည်မှုလွဲပြီး၊ ချေပနေရင်းနဲ့၊ အပျက်သဘောဆောင်ခြင်းမှာ ကျွန်မ ဆက်ပိတ်မိနေတာပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုနေချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အမှားလေးတစ်ခုအတွက်နဲ့ ကျွန်မဟာ တကယ့်ကို အရမ်း ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရတာလားလို့ပေါ့။ ဘုရားသခင်ရဲ့ အိမ်တော်မှာ လူတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းမှာ အခြေခံစည်းမျဉ်းတွေ ရှိတယ်။ အဲဒါတွေအားလုံးက လူတွေရဲ့ သဘာဝနဲ့ အနှစ်သာရတွေ၊ ပြီးတော့ သူတို့ရဲ့ ယေဘုယျ အပြုအမူတွေပေါ်မှာ အခြေခံထားတယ်။ ခေါင်းဆောင်က ကျွန်မကို အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ မဆူပူခဲ့ပါဘူး။ ဒါဆိုရင် ကျွန်မက အရမ်း ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရဖို့ ဖြစ်လာရလောက်အောင် ကျွန်မထဲမှာ တကယ်တည်ရှိနေတာ ဘာပြဿနာလဲ။

နောက်ပိုင်းမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ သင်၌ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ရှိခဲ့ပါက ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်”) တချို့လူတွေက ပါရမီ ဒါမှမဟုတ် အစွမ်းအစနည်းနည်းပါးပါးရှိတယ်ဆိုရင် သူတို့က သူများတွေကို အထင်သေးတယ်လို့ ပြောထားတဲ့ ဒေသနာတွေလည်း ရှိပါတယ်။ သူတို့တွေဟာ လူတကာထက် သာတယ်လို့ တွေးရင်း၊ တခြားဘယ်သူ့ကိုမှ နားမထောင်ချင်ဘူး။ အဲဒီလို လူမျိုးဟာ မာနထောင်လွှားတယ်၊ စိတ်ကြီးဝင်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူကြတယ်။ ကျွန်မ ယုံကြည်သူတစ်ယောက် ဖြစ်ကတည်းက၊ သမ္မာတရားကို ရှာဖွေလိုက်စားဖို့ အာရုံမစိုက်ခဲ့ဘဲ၊ ကျွန်မရဲ့ အစွမ်းအစနဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မှီခိုရင်းနဲ့ ကျွန်မရဲ့ တာဝန် ထမ်းဆောင်ခဲ့ပုံကို တွေးမိတယ်။ ကျွန်မက စကားပြောကောင်းပြီး၊ ကျွန်မရဲ့ တာဝန်မှာ အောင်မြင်မှုလေးတချို့ရှိတာကြောင့်၊ ခေါင်းဆောင်က ကျွန်မကို အရမ်း တန်ဖိုးထားတယ်လို့ ခံစားခဲ့ရတယ်။ အလုပ်မှာ သူများတွေထက်ကို အရမ်းတော်ပြီး အစွမ်းရှိတယ်လို့ ထင်တဲ့အတွက် ကျွန်မနဲ့ အတူ အလုပ်တွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်း ကျွန်မ သိပ်မတွေးခဲ့ဘူး။ ကျွန်မရဲ့ နည်းလမ်းနဲ့ လုပ်ဖို့ကို မလျှော့တမ်းပြောပြီး၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပိုပိုပြီး ကြီးလာတယ်။ နောက်ပိုင်းမှာ အသင်းတော်ရဲ့အလုပ်အပေါ်ကို ကျွန်မ ခပ်ပေါ့ပေါ့ သဘောထားလာမိခဲ့တယ် သမ္မာတရားရဲ့ အခြေခံစည်းမျဉ်းတွေကို ဘယ်တော့မှ မရှာခဲ့သလို၊ သူများတွေနဲ့ ရှာဖွေတာ ဒါမှမဟုတ် မိတ်သဟာယပြုတာ ဘယ်တော့မှ မလုပ်ခဲ့ဘူး။ အဲဒီအစား ကျွန်မက အမှုအရာတွေကို စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်ခဲ့ပြီး၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ပေးတာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ကျွန်မက အရည်အချင်းရှိပြီး သမ္မာတရားတချို့ကိုနားလည်တယ်လို့ ကျွန်မ အမြဲ ခံစားရပေမဲ့ ကျွန်မ ဖော်ထုတ်ခံရပြီးတဲ့ နောက်မှာမှ ကျွန်မ နားလည်ခဲ့တဲ့ အရာဟာ အယူဝါဒနည်းနည်းသာ ဖြစ်တယ်၊ ကျွန်မမှာ သမ္မာတရားရဲ့ လက်တွေ့အရှိတရားတစ်စက်မှ မရှိခဲ့သလို၊ လက်တွေ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မိတ်သဟာယမပြုနိုင်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရတယ်။ ဒါပေမဲ့လည်း၊ ကျွန်မက အတော်ကို မာနထောင်လွှားနေတုန်းဖြစ်ပြီး၊ အရာအားလုံးမှာ တစ်ဖက်သတ် ပြုမူခဲ့တယ်။ ကျွန်မဟာ မာနထောင်လွှားလိုက်တာ အသိစိတ်တွေအားလုံး ဆုံးရှုံးပြီး၊ ဘုရားသခင်ကို မျက်ခြည်ပြတ်သွားတဲ့အထိပါပဲ။ ခေါင်းဆောင်က ကျွန်မရဲ့ အလုပ်ကို ပြန်ဆန်းစစ်ဖို့ လာတော့မှပဲ ကျွန်မရဲ့ ပြဿနာက ဖော်ထုတ်ခံရတယ်။ ကျွန်မရဲ့ တာဝန်ကို အဲဒီနည်းနဲ့ တစ်လျှောက်လုံး လုပ်လာခဲ့တဲ့အကြောင်းကို တွေးမိတယ်။ ကျွန်မက ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို မကူညီခဲ့ အကျိုးမဖြစ်စေခဲ့ရုံသာမက၊ သူတို့ကို ဘောင်ခတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးကိုလည်း ကျွန်မ ဖွင့်ပြခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့တာ မဟုတ်ဘူး၊ ကျွန်မက မကောင်းမှု သက်သက်ကိုသာ လုပ်နေခဲ့တာ။ အဲဒါကို ကျွန်မ ပိုတွေးလေ၊ ကျွန်မ ပို ထိတ်လန့်လာလေပဲ။ တစ်ယောက်ယောက်က မာနထောင်လွှားတဲ့ ပုံစံ ပြုမူရင်၊ သူတို့ဟာ ဘုရားသခင်ကို ခုခံဖို့နဲ့ မကောင်းတာကို လုပ်ဖို့တို့ကို ရှောင်ဖို့ မဖြစ်နိုင်တာ ကျွန်မ သိပါတယ်။ ကျွန်မထက် အစွမ်းအစနည်းပုံရပေမဲ့လည်း သူတို့ရဲ့ တာဝန်တွေမှာ ဂရုစိုက်ပြီး၊ အာရုံစိုက်တဲ့ တချို့ ညီအစ်ကို မောင်နှတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့က သမ္မာတရားကို ဘယ်လိုရှာရမယ်ဆိုတာ နဲ့ သူများတွေရဲ့ အမြင်ရှုထောင့်တွေကို ဘယ်လို လက်ခံရမယ်ဆိုတာကို သိကြတယ်၊ ကျွန်မမှာတော့ အရမ်းကို မာနထောင်လွှားလိုက်တာဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာမျိုး လုံးလုံး မရှိခဲ့ဘူး။ ကျွန်မမှာ သမ္မာတရားကို ဘယ်လိုရှာဖွေရမယ်ဆိုတာနဲ့ ပတ်သက်လို့ သတိပြုမိခြင်း လုံးဝ မရှိခဲ့ဘူး။ ကျွန်မ ပိုပြီး ဆန်းစစ်လေ၊ ကျွန်မရဲ့ လမ်းကြောင်းက သမ္မာတရားကို ရှာဖွေလိုက်စားတဲ့ လမ်းကြောင်းတစ်ခု မဟုတ်ဘူးဆိုတာကို ခံစားရလေ ပဲ။ ကျွန်မဟာ အရမ်း မာနထောင်လွှားပြီး၊ ဘုရားသခင် အကြောင်း ဘာမှ မတွေးခဲ့ဘူး၊ ဒါ့ကြောင့် ကျွန်မ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အပြင်၊ ကျွန်မရဲ့ တာဝန်ကနေ ထုတ်ခံရတဲ့ အချိန်မှာ၊ဒါဟာ အမှန်တော့ ဘုရားသခင်က ကျွန်မကို ကွယ်ကာပြီး ကယ်တင်နေတာဖြစ်တယ်။ မကယ်တင်ခဲ့ရင် ကျွန်မ နောက်ထပ် မကောင်းတာတွေ ဘယ်လောက်လုပ်မိမယ်ဆိုတာ မသိနိုင်ဘူး ကျွန်မက ပြန်မလာရဘဲ၊ နှင်ထုတ်တာကို ခံရတဲ့အထိတောင် ရောက်သွားခဲ့လိမ့်မယ်။ ဒါဆိုရင် နောင်တရဖို့ အရမ်းနောက်ကျသွားမယ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို နားလည်ပြီးနောက်မှာ၊ ကျွန်မဟာ နောင်တတွေနဲ့ ပြည့်နေခဲ့တယ်။ ပြီးခဲ့တဲ့ ခြောက်လမှာ၊ ကျွန်မဟာ အပျက်သဘောဆောင်ပြီး၊ အလုပ်ကို ခိုကတ်ခဲ့ရင်း ဘုရားသခင်ကို နားလည်မှုလွဲပြီး၊ အပြစ်တင်နေခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မဟာ အကျိုးသင့်အကြောင်းသင့်ကို မရှိခဲ့ဘူး။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ အတိတ်က အပြစ်ကျူးလွန်မှုတွေအတွက် ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကိုသာ ကောင်းကောင်းလုပ်ချင်မိတယ်

ခြောက်လကြာပြီးနောက်မှာ၊ ကျွန်မဟာ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတယ်။ အဲဒီအချိန်က၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့် ထပ်ပြိုလဲပြီး ရှုံးနိမ့်မှာကို တကယ် ကြောက်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်မှာ ပြဿနာတွေ ရုတ်တရက် ပေါ်ပေါက်လာတဲ့အခါ၊ ကျွန်မက တော်တော် သတိထားတယ်၊ ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ မကြာခဏ ဆွေးနွေးပြီး မိတ်သဟာယပြုတယ်။ အသင်းတော်ထဲမှာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတယ်။ ကျွန်မအလုပ်ကို အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်မ အများကြီးပိုပြီး စိတ်သက်သာရာရတယ် ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး သင့်မြတ်ခဲ့တယ်။ သုံးလေးလလောက်ကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ အလုပ်မှာ အောင်မြင်မှုတချို့ကို ရပြီး၊ ကျိတ်ပြီး ဝမ်းသာစပြုလာပြန်တယ်၊ ကျွန်မက တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်၊ ဘာတာဝန်ပဲ လုပ်လုပ်၊ အလုပ်တွေကို မြန်မြန် ဆန်ဆန် လုပ်နိုင်တယ်လို့ တွေးမိလာတယ် တဖြည်းဖြည်းနဲ့၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားဟာ ခေါင်းစပြူလာပြန်တယ်။ တစ်ခါတလေမှာ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်နဲ့ ကြိုးစားဖြေရှင်းချင်တဲ့ ပြဿနာတွေ သူတို့မှာရှိတဲ့အခါ၊ ကျွန်မဟာ သူတို့ကို စိတ်မရှည်ဘူး။ “ဒါကို အရင်က ဖြေရှင်းကြဖူးတယ်မဟုတ်လား။။ ဘာလို့ ထပ်ပြီး ဖြေရှင်းဖို့ လိုနေရတာလဲ။ ကျွန်မက အခြေခံစည်းမျဉ်းတွေကို သိထားလို့၊ ကျွန်မရဲ့ မိတ်သဟာယက လုံလောက်သင့်တယ်” လို့ ကျွန်မက တွေးတယ်။ အမှုအရာတွေကို သေချာမတွေးဘဲ၊ ကျွန်မရဲ့ နားလည်မှုကို ညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေပြီး၊ သူတို့ကို လက်ခံစေချင်တယ်၊ ဒါပေမဲ့ သူတို့က ဘဝင်မကျဘဲ၊ အဲဒီနောက်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင်နဲ့ ကြိုးစားဖြေရှင်းကြပါတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က လက်တွေ့လုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ အခြေခံစည်းမျဉ်းတွေအပေါ် ကျွန်မတို့နဲ့ မိတ်သဟာယပြုခဲ့တယ်၊ အဲဒါက အရင်က ကျွန်မ နားလည်ထားတဲ့အရာနဲ့ ကွာခြားနေခဲ့တယ်။ ကျွန်မက အံ့အားသင့်ခဲ့ပြီး၊ “ဖြေရှင်းပေးလို့ တော်ပါသေးရဲ့၊ မဟုတ်လို့ကတော့ ကျွန်မတို့ တာဝန်ကို ထိခိုက်မိခဲ့မှာပဲ။” လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ အမှန်တရားပြီးနောက်မှာ၊ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ခဲ့သလို၊ သိဖို့လည်း မကြိုးစားခဲ့ဘူး။ ကျွန်မက ဆက် မာနထောင်လွှားနေပြီး၊ အကျိုးသင့်အကြောင်းသင့် မရှိခဲ့ဘူး။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ အမှားတွေကို မြင်တဲ့အခါမှာ၊ “နင်တို့က ဒီကိစ္စသေးသေးလေးတောင် မှန်အောင် မလုပ်နိုင်ရင်၊ ဘာလုပ်နိုင်လဲ။ နင်စိတ်ပါလက်ပါရှိတယ်လို့ ငါတော့မထင်ဘူး။” လို့တွေးရင်း သူတို့ကို တင်တင်စီးစီးနဲ့ ဆူပူခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ သူများတွေက ကျွန်မကြောင့် အနေအထိုင်ကျပ်လာပြီး၊ ခပ်ခွာခွာနေစပြုလာကြတယ်။ ညီအစ်မ တစ်ယောက်ကို ကျွန်မ တော်တော်တင်းကျပ်လိုက်တာ သူ့အလုပ်ကိုတောင် သူ ဆက်ပြီး မလုပ်ချင်တော့ဘူး။ ကျွန်မ မှားနေတာကိုတော့ သိပါရဲ့၊ ဒါပေမဲ့ တစ်ခုခု ပေါ်လာတဲ့အချိန်တိုင်း၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မထုတ်ဖော်ဘဲ မနေနိုင်ဘူး။ ကျွန်မ အရင်က ဘယ်လိုပြိုလဲပြီး ရှုံးနိမ့်ခဲ့ပုံကို တွေးရင်း၊ ကျွန်မ ကြောက်စိတ်လေး ရေးရေးတော့ ဝင်မိပါရဲ့၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မရဲ့ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေမိခဲ့ဘူး။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်ကို အရေးကြီးတဲ့ တာဝန်တစ်ခု ပေးဖို့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချခဲ့တယ်။ ကျွန်မဟာ လှည့်စားတတ်တယ်ဆိုတာရယ်၊ သူက အရေးကြီးတဲ့တာဝန်နဲ့ ကောင်းကောင်း မသင့်တော်ဘူးဆိုတာရယ်ကို ညီအစ်ကိုတစ်ယောက်က ကျွန်မကို သတိပေးတယ်။ ကျွန်မက၊ “သူ့မှာ ပြဿနာနည်းနည်းတော့ရှိပါရဲ့၊ ဒါပေမဲ့ ရှင်ပြောသလောက်တော့ မဆိုးသေးပါဘူး။ အကျင့်ပျက်တာတို့၊ အားနည်းချက် တို့ မရှိတဲ့သူ ဘယ်သူရှိလို့လဲ” လို့တွေးမိတယ်။ ကျွန်မက ဒီညီအစ်ကိုရဲ့ အကြံပြုချက်ကို လုံးဝ လေးလေးနက်နက် မယူခဲ့ဘူး၊ ဒါပေမဲ့ အဲဒီညီအစ်မကို မိတ်သဟာယပြုပြီး ဖြေရှင်းပေးပြီးတော့ သူ့ပြဿနာကို သတိပေးခဲ့တယ်။ သူက လုံးဝကို မာယာများပြီး၊ သူ့ရဲ့ တာဝန်မှာ ပေါ့ဆတာမျိုး ဖြစ်လာတဲ့အခါမှာ ကျွန်မ တုန်လှုပ်ခဲ့ရတယ်။ ဒါဟာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ပြင်းထန်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့တယ်။ ဒါကို ခေါင်းဆောင် သိသွားတဲ့အချိန်မှာ၊ သူက ကျွန်မကို မျက်နှာထားတင်းတင်းနဲ့ ဆူပူခဲ့တယ်။ “နင်က မာယာများတဲ့ လူတစ်ယောက်ကို ရာထူးတိုးပေးရင်း၊ နင့်ကိစ္စပဲ နင်လုပ်တယ်။ ညီအစ်ကိုတစ်ယောက်က နင့်ကို သတိပေးပေမဲ့၊ နင်က သူ့ကို နားမထောင်ခဲ့သလို၊ အဲဒါကို ကိုယ့်ဘာသာလည်း မစစ်ဆေးခဲ့ဘူး။ အခုတော့ ဒါက တကယ့်ကို လေးနက်တဲ့ အကျိုးဆက်တွေ ဖြစ်လာပြီး၊ ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုကို ဖန်တီးခဲ့ပြီ။ ဒါဟာ နင့်ရဲ့ တာဝန်မှာ နင်တာဝန်မယူလို့ ဖြစ်ရတာပဲ။ နင်က သမ္မာတရားကို နားမလည်ဘဲ၊ မာနထောင်လွှားတယ်။ နင့်ကို အစားထိုးမှရမယ်။” တဲ့ အရမ်း ပြင်းပြင်းထန်ထန် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာဟာ ကျွန်မအတွက် ဒုက္ခကြီးလှပါတယ်။ ကျွန်မ ညီအစ်ကိုမောင်နှမတွေ အများကြီးရှေ့မှာ ကျွန်မရဲ့ တာဝန်က ထုတ်ပယ်တာခံလိုက်ရပြီး၊ ကျွန်မကြောင့် ဖြစ်ခဲ့တဲ့ အနှောင့်အယှက် ဘယ်လောက်ကြီးတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မကို အစားထိုးရမယ်ဆိုတာရယ်ကို ခေါင်းဆောင်က အသားပေး ပြောခဲ့တယ်။ ကျွန်မတော့ သွားပြီ၊ ကျွန်မ သေချာပေါက် ဖယ်ရှင်းခံရပြီး၊ နောက်ထပ် ကြိုးစားအားထုတ်ဖို့ဆိုတာ အသုံးမဝင်တော့ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ အစားထိုးခံရပြီးနောက်မှာ ကျွန်မဟာ တကယ်ကို အပျက်သဘောဆောင်လာတယ်။ ဖြစ်ခဲ့တဲ့ဟာကို ကျွန်မ အိပ်ရာထဲမှာ ညတိုင်းတွေးပြီး၊ စငိုတော့တာပဲ။ လူတစ်ယောက်ယောက်ကို တွေ့ရဖို့ကို အချိန်အတော်ကြာတဲ့အထိ ကျွန်မ အရမ်းရှက်နေခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့ရဲ့ တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေတာကို ကျွန်မမြင်ပြီး၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့်၊ ကျွန်မဟာ သူတို့နဲ့ တစ်စက်မှ မတူဘူးလို့ ခံစားခဲ့ရတယ်၊ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ၊ အကြံဉာဏ်မတောင်းဘဲနဲ့ ကျွန်မက လှည့်စားတတ်တဲ့သူတစ်ယောက်ကို ရာထူးတိုးပေးခဲ့ပြီး အသင်းတော်ရဲ့အလုပ်ကို တော်တော် အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရပါဦးမလား။ ကျွန်မရဲ့ ယုံကြည်မှု လမ်းကြောင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆုံးသတ်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး။ ဘုရားသခင်က ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတို့က ကယ်တင်ခြင်းဖြစ်တယ်၊ သုတ်သင်ဖယ်ရှင်းခြင်း မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ၊ အဲဒါဟာ ကျွန်မနဲ့ မသက်ဆိုင်ဘူးလို့တောင် ကျွန်မ မယုံသင်္ကာဖြစ်စပြုလာတယ်။ ကျွန်မရဲ့ စိတ်နှလုံးက နားလည်မှုလွဲတာတွေနဲ့ ပြည့်နေတယ်။ တစ်ခါမှာ ခေါင်းဆောင်က ကျွန်မတို့နဲ့ အလုပ်အကြောင်း မိတ်သဟာယပြုဖို့ လာတဲ့အချိန်မှာ၊ ကျွန်မဟာ အဝေးဆုံးချောင်ထဲမှာ ပုန်းနေခဲ့တယ်။ သူက ကျွန်မ နာမည်ကို ရုတ်တရက်ခေါ်ပြီး၊ လတ်တလော ကျွန်မ ဘာတိုးတက်မှုရှိလဲဆိုတာ မေးလိုက်တဲ့အချိန်မှာ ကျွန်မ တော်တော် အံ့အားသင့်သွားခဲ့တယ်။ ကျွန်မဟာ ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်မှာ၊ အပျက်သဘောဆောင်တာ ရှိမရှိကို သူက ဆက်မေးပြီး၊ အဲဒီနောက်မှာ သူက ကျွန်မနဲ့ လေးလေးနက်နက် မိတ်သဟာယပြုပြီး၊ တိုက်တွန်းအားပေးခဲ့တယ်၊ “မင်းက ငယ်သေးတယ်။ သမ္မာတရားကို လိုက်စားပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို အာရုံစိုက်သင့်တယ်။” တဲ့ ဒီ စိတ်ရင်းအတိုင်းလာတဲ့စကားတွေကို ခေါင်းဆောင်ဆီက ကြားရတာဟာ အရမ်း ကျွန်မအတွက် နှစ်သိမ့်မှုပေးပြီး အားပေးလိုက်တာဆိုတာ၊ ကျွန်မမှာ အငိုမတိတ်နိုင်ခဲ့ဘူး။ ကျွန်မက အရမ်းမာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တယ်။ ကျွန်မအလုပ်မှာ တာဝန်ယူမှုမရှိဘဲ ပေါ့ဆခဲ့တယ်။ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို အစားထိုးခဲ့တာ၊ ကျွန်မကို ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ သူက ကျွန်မကို အားလည်းပေးလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ စိတ်မကူးဖူးဘူး။ ကိုယ်တော့်ရဲ့ သနားကရုဏာအတွက် ဘုရားသခင်ကို ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ကျေးဇူးတင်မိပါတယ်။ အဲဒီညက ကျွန်မရဲ့ မျက်ရည်တွေကြားထဲက ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် တကယ့်ကို အမှန်အတိုင်း ပြန်ဆန်းစစ်ဖို့၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းရအောင် သမ္မာတရားကို ရှာဖွေဖို့တို့အတွက် စိတ်ပိုင်းဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီကျမ်းပိုဒ်ကို ဖတ်ခဲ့ရတယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဥ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို အခြေခံပြီး ပြုမူတာတွေဟာ ဖောက်ပြန်ပျက်စီးမှုတချို့ကို ထုတ်ဖော်ပြတဲ့ ပြဿနာတစ်ခုတင်မဟုတ်ဘဲ အဓိကအချက်ကတော့ တခြားလူတွေနဲ့ ဘုရားကိုတောင်မှ လျစ်လျူရှုစေခဲ့ခြင်းဖြစ်တယ်ဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်က ဖွင့်ပြခြင်းကနေပဲ ကျွန် မြင်ခဲ့ရတယ်။ မရည်ရွယ်ဘဲနဲ့၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံစေတယ်။ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်ကို ပြန်တွေးကြည့်ရင် ကျွန်မဟာ တော်တဲ့လူတစ်ယောက်၊ အစွမ်းအစကောင်းတဲ့ လူတစ်ယောက်လို့ အမြဲ ခံစားခဲ့ရတာကြောင့်၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေကိုပဲ အားကိုးခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရမ်းရှိတော့ သိပ်ဆုမတောင်းဘူး။ သမ္မာတရားရဲ့ သဘောတရားတွေကိုလည်း မရှာဖွေဘူး ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာလုံးလုံး မရှိခဲ့ဘူး။ ကျွန်မရဲ့ အလုပ်က အကျိုးမဖြစ်ထွန်းတဲ့အချိန်မှာ ကျွန်မ ပို လိမ္မာပေမဲ့၊ အခြေခံစည်းမျဉ်းတွေကို ကျွန်မ နည်းနည်းနားလည်ပြီး၊ အောင်မြင်မှုလေး နည်းနည်း ရလာတဲ့အခိုက်အတန့်မှာ၊ အဲဒါကို ကျွန်မက ရင်းနှီးမြုပ်နှံမှုအနေနဲ့ အသုံးချခဲ့တယ်။ ကျွန်မလုပ်သမျှက အဆင်ပြေတယ်၊ ကျွန်မ ဘာမဆို လုပ်လို့ရတယ်၊ ကျွန်မက လူတွေနဲ့ အခြေအနေတွေကို အကဲဖြတ်နိုင်တယ်၊ ပြဿနာမရှိဘူးလို့ ခံစားခဲ့ရတာကြောင့်၊ အကြွင်းမဲ့အာဏာရှင်အနေနဲ့ အရာအားလုံးမှာ ကျွန်မရဲ့ ကိုယ်ပိုင် နည်းလမ်းအတိုင်း လုပ်ရင်း၊ ကျွန်မဟာ ပိုလို့တောင် မာနထောင်လွှားလာတယ်၊ စိတ်ကြီးဝင်လာတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူလာတယ်။ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်နဲ့အတူ သမ္မာတရားကို ရှာဖွေတာကိုတောင် ဟန့်တားနှောင့်ယှက်ခဲ့ပြီး၊ ကျွန်မရဲ့ အတွေးအခေါ်က သမ္မာတရားလိုလို ဘာလိုလိုနဲ့ သူတို့ လက်ခံလာအောင်၊ နာခံလာအောင် လုပ်ရင်း သူတို့အပေါ် သွတ်သွင်းခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝအတိုင်း ပြုမူနေခဲ့တယ်ဆိုတာရယ်၊ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို ဘောင်ခတ်ပြီး နစ်နာစေတာသာ လုပ်ခဲ့တယ်ဆိုတာရယ်၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့တယ်ဆိုတာရယ်ကို အမှန်တရားက ကျွန်မကို ပြခဲ့တယ်၊ စာတန်ရဲ့ လက်ပါးစေနေရာကနေတောင် ကျွန်မ ပြုမူခဲ့တယ် ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာ၊ ဒီ ကြီးမားတဲ့ အနှောင့်အယှက်ကို ဖော်ထုတ်တာဟာ လုံးဝ မှန်ပါတယ်။ ကျွန်မရဲ့ တာဝန်က အထုတ်ခံရတာဟာ လုံးဝ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ပဲဖြစ်ပါတယ်။ မာနထောင်လွှားတဲ့ သဘာဝက ဘယ်လောက် ကြောက်စရာကောင်းတယ်၊ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရတယ်။ ဒါဟာ မဖြေရှင်းဘဲကျန်နေရင်၊ ကျွန်မက ဆိုးယုတ်မှုကို အချိန်မရွေး ပြုလုပ်နိုင်ပြီး၊ ဘုရားသခင်ကို အချိန်မရွေး ခုခံနိုင်တယ်၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ နှောင့်ယှက်နိုင်တယ်၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်တယ်၊ ပြီးတော့ သုတ်သင်ဖယ်ရှင်းခံရနိုင်ပြီး ပြစ်ဒဏ်ပေးခံရနိုင်တယ်။ ကျွန်မ အစားထိုးခံရပြီးနောက်မှာ ကျွန်မရဲ့ တာဝန်မှာ တခြားပြဿနာတွေက ပေါ်လာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အပြစ်တင်တာတွေကို ရင်ဆိုင်ပြီး၊ ကျွန်မရဲ့ အလုပ်ထဲမှာ ပြဿနာတွေက ပေါ်လာတယ်၊ နောင်တတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ အများကြီးကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ့်ကို မုန်းတီးခဲ့တယ်။ ကျွန်မ ဘာဖြစ်လို့ အရမ်း မာနထောင်လွှားခဲ့တာလဲ။ ကျွန်မက ပါရမီထူးတယ်၊ ကျွန်မလုပ်သမျှက အဆင်ပြေတယ်လို့ အမြဲတမ်း ခံစားခဲ့ရပေမဲ့၊ ဘုရားသခင်ကို စိတ်ကျေနပ်စေတဲ့ အရာနည်းနည်းလေးတောင်မှ လုပ်ခဲ့ရဲ့လား။ ကျွန်မ ထမ်းဆောင်ခဲ့တဲ့ တာဝန်ဟာ စုတ်ပြတ်နေတဲ့အရှုပ်အထွေး တစ်ခုဖြစ်ပြီး၊ ကျွန်မဟာ အနှောင့်အယှက်ပေးတာကလွဲပြီး ဘာမှမဟုတ်ပါဘူး။ ကျွန်မမှာသာ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေတာ နည်းနည်းလေးတောင် ရှိခဲ့ရင်၊ ကျွန်မ ပိုဆုတောင်းခဲ့ရင် ဒါမှမဟုတ် ပိုရှာဖွေခဲ့ရင်၊ ဒါမှမဟုတ် သူများတွေနဲ့ အမှုအရာတွေကို မိတ်သဟာယပြုပြီး၊ ဆွေးနွေးခဲ့ရင်၊ ကျွန်မက နည်းနည်းလေးပိုပြီးသာ သတိထားခဲ့ရင်၊ ဘုရားသခင်ကို ပမာမခန့်လုပ်တဲ့အထိ ကျွန်မ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။

ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို ဖြေရှင်းဖို့ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုမှာ၊ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရပြီး၊ မိတ်သဟာယတချို့ ပြုဖြစ်ခဲ့တယ်။ “လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာမိမိတို့ မပြောင်းလဲနိုင်ကြပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်နှုတ်ကပတ်တော်၏ ကိုင်တွယ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကိုလည်း ခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ထိုသူတို့သည် ဘုရားသခင်ကို လှည့်ဖြားရန် မကြိုးစား၊ ပေါ့ပေါ့ဆဆ ဝတ်ကျေတမ်းကျေ သဘောထားမည် မဟုတ်ဘဲ နာခံမှုရှိကာ ကိုးကွယ်ဆည်းကပ်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်ဆေးမှုအားဖြင့်သာ စိတ်သဘောထားပြောင်းလဲမှုများ ဖြစ်ပေါ်သည်။ နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ခြင်းများကို ကြုံဖူးသည့်သူများသာ မဆင်မခြင်လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ငြိမ်ကာ ဣန္ဒြေရလာကြမည်။ အရေးကြီးဆုံးအချက်မှာ ထိုသူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံလာနိုင်ကြပြီး နာခံကြခြင်းဖြစ်ကာ ထိုအရာသည် လူသားများ၏ သဘောထားများနှင့် ကွဲလွဲနေသော်မှ ၎င်းတို့သည် ဤသဘောထားများကို ဘေးဖယ်ထားနိုင်စွမ်းနှင့် မိမိဆန္ဒအလျောက် ကျိုးနွံနာခံနိုင်စွမ်းရှိကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားများပြောင်းလဲသွားသောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများဖြစ်သည်”) ဒီကျမ်းပိုဒ်ကို ထပ်ဖတ်ရင်း၊ လူတစ်ယောက်ရဲ့ မာနထောင်လွှားတဲ့ သဘာဝကို ဖြေရှင်းဖို့ တစ်ခုတည်းသော လမ်းကြောင်းဟာ ဘုရားသခင်ရဲ့ စီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခံရခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံဖို့ ဖြစ်တယ်ဆိုတာကို ကျွန်မ တကယ့်ကို အသိအမှတ်ပြုလာခဲ့တယ် စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုက သိပ်များတာကြောင့် ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတာနဲ့ ကိုယ်ပိုင် ဆန်းစစ်မှုတွေကိုသာ အားကိုးရင်၊ ကျွန်မတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုက ပေါ့တန်ပြီး၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ပြောင်းချင်မှ ပြောင်းလိမ့်မယ်။ ဘုရားသခင်က ကျွန်မကို ခဏခဏ ဖော်ထုတ်တာ၊ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာ မရှိရင် ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေဦးမှာ ဖြစ်ပြီး၊ ကျွန်မဟာ အထင်ကြီးလောက်တယ်လို့ ထင်နေဦးမှာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ သိမှာမဟုတ်ဘူး။ ကျွန်မ ဘယ်လောက် မာနထောင်လွှားတယ် ဒါမှမဟုတ် ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ကျွန်မ တကယ်ကို သိခဲ့မှာ မဟုတ်ဘူး။ အခုတော့၊ ကျွန်မ လုပ်ခဲ့သမျှအားလုံးကို ပြန်တွေးကြည့်လိုက်တဲ့အခါ၊ ကျွန်မ အရမ်းရှက်ပြီး၊ နောင်တတွေနဲ့ ပြည့်နေတယ်။ အဲဒီအကြောင်းတွေးရတာ ကျွန်မကို ကြောက်ရွံ့တွန့်ဆုတ်စေပြီး၊ ကျွန်မရဲ့ ခေါင်းကိုတောင် မမော့နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို နားလည်မှု နည်းနည်း ရရှိစေပြီး၊ ဘယ်နေရာမှာ ကျွန်မ ပြိုလဲပြီး ရှုံးနိမ့်နိုင်သလဲဆိုတာကို သိစေခဲ့တာဟာ အဲဒီလိုမျိုး နာကျင်တဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှုတချို့ကိုလည်း ကျွန်မကို ပေးခဲ့တယ်။ ကျွန်မရဲ့ တာဝန်မှာ ကျွန်မဟာ သမ္မာတရားရဲ့ လက်တွေ့အရှိတရားနဲ့ သမ္မာတရားရှာဖွေတဲ့ နှလုံးသားတို့ နှစ်ခုလုံး လုံးဝ ကင်းမဲ့နေတာကိုလည်း တွေ့ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတယ်၊ ထင်တိုင်းကြဲတယ်၊ ပြီးတော့ အနှောင့်အယှက်ပေးတယ်။ သာမန်အစွမ်းအစသာရှိပေမဲ့၊ သူတို့တာဝန်ကို တာဝန်သိစိတ်ရှိရှိနဲ့ ထမ်းဆောင်တဲ့ အဲဒီညီအစ်ကိုမောင်နှမတွေနဲ့ နှိုင်းယှဉ်လိုက်ရင်၊ ကျွန်မက ဘာမှမဟုတ်ပါဘူး။ ကျွန်မရဲ့ မာနထောင်လွှားမှုက အခြေအမြစ် မရှိပါဘူး။ ဒါတွေအားလုံးကို နားလည်ပြီးနောက်မှာ၊ ကျွန်မဟာ ကိုယ့်ရဲ့ တာဝန်မှာ ပိုနှိမ့်ချခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတာ မဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဖယ်ထားပြီး၊ ငြင်းပယ်တာကို သတိရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ သမ္မာတရားရဲ့ အခြေခံစည်းမျဉ်းတွေကို ပိုရှာဖွေပြီး၊ ညီအစ်ကိုမောင်နှမတွေကို ပိုနားထောင်ခဲ့တယ်။ အသင်းတော်မှာ ဘာပြဿနာကိုမဆို ဖြေရှင်းဖို့ ပွင့်လင်းတဲ့ ဆွေးနွေးချက်တွေ စလုပ်လာခဲ့တယ်။ တစ်ခါတလေမှာ ကျွန်မရဲ့ မာနထောင်လွှားတာကို ထပ်ပြတာ ဒါမှမဟုတ် ကိုယ့်တာဝန်မှာ အခြေခံစည်းမျဉ်းတွေ ချိုးဖောက်တာ လုပ်မိတဲ့အခါမှာ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်တာကို လက်တွေ့လုပ်ဆောင်ပြီး၊ ပြုပြင်ခံရတာနဲ့ ကိုင်တွယ်ဖြေရှင်းခံရတာကို လက်ခံသလို၊ သူများတွေရဲ့ လမ်းပြမှု နဲ့ အကူအညီကိုလည်း လက်ခံခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ အဲဒီနည်းလမ်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းက တကယ်ကို အကျိုးရှိတာကို ကျွန်မ ခံစားခဲ့ရတယ်။ သမ္မာတရားကို ကျွန်မရဲ့ နားလည်မှုက မလေးနက်ဘဲ၊ အမှုအရာ တော်တော်များများမှာ ထိုးထွင်းအမြင်ကလည်း ချို့တဲ့ တဲ့အတွက်၊ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်ပြီး၊ လူတိုင်းရဲ့ အမြင်ရှုထောင့်တွေကို ချိန်ညှိခြင်းအားဖြင့် အမှုအရာတွေနဲ့ ပတ်သက်ပြီး ကျွန်မ နားလည်မှုတွေ ပိုရနိုင်တယ်။ ကျွန်မရဲ့ တာဝန်ကို အဲဒီနည်းလမ်းနဲ့ လုပ်ခြင်းအားဖြင့်၊ ကျွန်မ မသိလိုက်ခင်မှာပဲ၊ ကျွန်မမှာ ဘုရားရဲ့ ကွယ်ကာမှုကို ရခဲ့တယ်။ ကျွန်မ အမှားကြီးတွေ နောက်ထပ် မလုပ်တော့သလို၊ ကြီးမားတဲ့ ပြဿနာတွေလည်း မရှိတော့ဘူး၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်မှုအောက်မှာ၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို နည်းနည်း ချုပ်တည်းထားနိုင်တယ်။ ဒါကို လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်မကို ငြိမ်းချမ်းမှု နဲ့ စိတ်အေးသက်သာရှိတဲ့ အသိစိတ်တစ်ခု ပေးခဲ့ပြီး၊ တဖြည်းဖြည်းချင်း၊ ကျွန်မဟာ မောက်မာတာ နည်းသထက်နည်းလာတယ်။ တစ်ခါက၊ ကျွန်မနဲ့ အတူ အလုပ်လုပ်တဲ့ ညီအစ်မက ပြောခဲ့တယ်၊ “နင့်ကို ငါသိတာ အခုဆိုရင် နှစ်နှစ်နီးပါးရှိပြီ။ နင်က အရမ်း မာနထောင်လွှားခဲ့ပြီး၊ တခြားလူတွေက နင့်ကြောင့် အမြဲ အနေအထိုင်ကျပ်ခဲ့ကြတယ်၊ ဒါပေမဲ့ အခုတော့ နင် တကယ့်ကို ပြောင်းလဲခဲ့ပြီ။” တဲ့ အဲဒီအချိန်မှာ ကျွန်မ ငိုမိတော့မလို ခံစားခဲ့ရတယ်။ ကျွန်မဟာ အင်မတန် မာနထောင်လွှားခဲ့တယ်။ ဒါလေးနည်းနည်း ပြောင်းလဲတာတောင်မှ အလွယ်တကူ ဖြစ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကို ပြန်တွေးကြည့်ရင် ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရတဲ့ အဲဒီ မေ့မရတဲ့ အချိန်နှစ်ချိန်က ကျွန်မအတွက် အထောက်အကူ အဖြစ်ဆုံးနဲ့ အကျိုးအရှိဆုံးပါပဲ။ အဲဒါကိုသာ ကျွန်မ မကျော်ဖြတ်ခဲ့ရင်၊ အခုအချိန်တောင် ကျွန်မမှာ သင့်တော်တဲ့ လူ့သဘာဝ ပိုင်ဆိုင်မှာမဟုတ်ဘူး၊ ဘုရားသခင်နဲ့ ပတ်သက်ပြီး လုံးဝ တွေးမှာမဟုတ်ဘူးဆိုတာ ကျွန်မ သေချာပါတယ်။ ကျွန်မဟာ ဘုရားသခင်ကို အချိန်မရွေး ဆန့်ကျင်လုနီးဖြစ်ပြီး၊ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတစ်ခုပေါ်မှာ ရှိနေမှာဖြစ်တယ်။ ပြုပြင်ခံရခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က ကျွန်မအတွက် ဘုရားသခင်ရဲ့ ကွယ်ကာခြင်းနဲ့ ကယ်တင်ခြင်း ဖြစ်တယ်ဆိုတာကို အခုတော့ ကျွန်မ တကယ်ကို သိလိုက်ပါပြီ။

အရှေ့သို့- ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

နောက်တစ်ခုသို့- လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ အလယ်တွင် နိုးထခြင်း

-အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ယောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံဝမ်တောက်၊ ရှန်ဒေါင်းစီရင်စုကျွန်တော်က...

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စု အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်