အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် ကိုယ်တော်၏နာမတော်များအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သမ္မာတရားများ

၃) ကျေးဇူးတော်ကာလအတွင်း အသင်းတော်၏အသက်တာနှင့် နိုင်ငံတော်ခေတ်အတွင်း အသင်းတော်၏ အသက်တာကြားတွင် မည်သည့်ကွဲပြားမှု ရှိပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ ၂၆:၂၆-၂၈)

ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင် ၊ ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပစပ်၌ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။” (ဗျာ ၁၀:၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် တတိယမြောက် ကောင်းကင်ကို ပြန်သွားစဉ်က ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်သော အမှုတော်သည် အဆုံးသတ်ပိုင်း အခန်းကို အမှန်အားဖြင့် ရွေ့ခဲ့ပြီးသားဖြစ်သည်။ လောကတွင် ကျန်ရစ်သော အရာအားလုံးသည် ယေရှု သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်စကောင်းနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ (ဤပစ္စည်းများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာများဖြစ်သည်) ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် အခိုက်အတန့်မျှ အုတ်အော် သောင်းနင်း ဖြစ်စေခဲ့ပြီးနောက်တွင် အေးဆေး တည်ငြိမ်သွားခဲ့သည်။ ထိုအချိန်မှစကာ ယေရှု၏ တပည့်တော်များသည် သူ၏ အမှုတော်ကို ရှေ့ဆက် လုပ်ဆောင်ကြကာ နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းကြ၊ ရေလောင်းကြသည်။ သူတို့ အမှုတော်၏ ရည်ရွယ်ချက်ဟူမူကား၊ လူသားအားလုံး နောင်တရရန်၊ သူတို့၏ အမြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် ဖြစ်သည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင် အသေခံခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အဘယ်အရာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ဖြန့်ဝေခဲ့ ကြသည်။ အယောက်တိုင်းသည် သူတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် လဲကျကြရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ကြချေ။ ထို့အပြင် တမန်တော်များသည် ယေရှု ဟောခဲ့သော နှုတ်ကပတ်တော်များနှင့် ယေရှု တည်ဆောက်ခဲ့သော နည်းဥပဒေသများနှင့် ပညတ်တရားများကို နေရာတိုင်းတွင် ဖြန့်ဝေခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်တွင် အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

ယခင်က နေရာအမျိုးမျိုးတွင် ပြုလုပ်သော အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးမားသော စုဝေးခြင်းများအတွင်း လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောခဲ့သည်။ ထိုလက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရူပါရုံမှာ ယေရှု လက်ဝါးကပ်တိုင်တွင်အသေခံခြင်း ရူပါရုံသာ ဖြစ်ပြီး၊ ပိုမိုကြီးမားသော ရူပါရုံမရှိသဖြင့် ဘုရားသခင်အား သိနားလည်မှုနှင့် ပတ်သက်ဆက်နွှယ်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်နုတ်သည့် အလုပ်ထက်ပိုပြီး လူအနေဖြင့် သိရှိရန် မလိုပါ၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင်လည်း လူကသိရမည့် အခြားရူပါရုံများ မရှိခဲ့ပါ။ ဤနည်းလမ်းဖြင့်၊ လူသည် ဘုရားကို သာမန်ကာလျှံကာသာသိပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် ကရုဏာမှလွဲ၍၊ သူ့အတွက်မှာ လက်တွေ့လုပ်ဆောင်စရာမှာ အခြားရိုးရှင်းပြီး နုံချာသည့် အရာများ အနည်းငယ်သာ ရှိသည်၊ ထိုအရာများသည် ယနေ့အရာများနှင့် တခြားစီပင် ဖြစ်သည်။ ယခင်က၊ မည်သည့်အရာက စုဝေးခြင်းကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ လူသည် ဘုရားသခင်အလုပ်၏ လက်တွေ့ကျသော အသိပညာကို မပြောဆိုနိုင်ပေ၊ အဘယ်အရာက လူသားဝင်ရောက်နိုင်သည့် လက်တွေ့လုပ်ဆောင်ရန် အသင့်တော်ဆုံး လမ်းကြောင်းဖြစ်သည်ကို ရှင်းလင်းစွာ ပြောပြနိုင်ရန် သာ၍ပင် ဝေးနေသေးသည်။ သူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအခြေခံတွင် ရိုးရှင်းသည့် အသေးစိတ် အချက်အနည်းငယ်ကို ဖြည့်စွက်မျှရုံသာဖြစ်သည်။ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် အမှန်ပင် ပြောင်းလဲမှုမရှိပါ၊ အကြောင်းမှာ တူညီသည့်ခေတ်အတွင်း ဘုရားသခင်က မည်သည့်အလုပ်သစ်ကိုမျှ မလုပ်ဘဲ၊ လူ့အပေါ် သူထားရှိသည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းများမှလွဲ၍၊ ယေရှု လက်ဝါးကပ်တိုင်တွင် အသေခံခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိတော့ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ” ဟုမေးကြပြီး အမေးခံရသောသူကလည်း “ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်သလို ခံစားမိပြီး သူ့နှလုံးသား အလိုဆန္ဒကို ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်” ဟုပြန်ဖြေတတ်ကာ အခြားတစ်ယောက်ကလည်း “ငါလည်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေပြီး ဘုရားသခင်ကျေနပ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး” ဟုပြောတတ်သည်။ အထက်ပါ ဝါကျအချို့နှင့် စကားလုံးအချို့ကပင် သူတို့၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ ရှိနေသည့် ညစ်ညူးသော အရာများကို ဖော်ပြနေသည်။ ထိုစကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်သည်၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သူသည် မိမိ၏နှလုံးသားအတွင်း၌ ရှိသည့်အတိုင်း ဆက်သွယ်ပြောဆိုပြီး ထိုသို့ဆက်သွယ်ရာတွင်လည်း မိမိ၏နှလုံးသားအား ဖွင့်ဟလေ့ရှိသည်။ မမှန်ကန်သော အလေ့အကျင့် တစ်ခုမျှမရှိ၊ ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော အာလာပသလ္လာပ စကားများ မပြောပေ။ သူတို့သည် အမြဲတမ်း လိုရင်းတိုရှင်း ပြောဆိုသူများဖြစ်ကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့ မရှိပေ။ အဓိပ္ပာယ်မရှိလျှင်ပင် အပြင်ပန်း ပြသမှုအတွက် အာသီသရှိသူများ ရှိသည်။ အခြားတစ်ယောက် သီချင်းဆိုလျှင် မိမိ၏ထမင်းအိုးအတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် သိရှိခြင်းမရှိဘဲ စတင်ကခုန်တတ်သည်။ ထိုကဲ့သို့ အမူအကျင့်မျိုးရှိသည့် လူများသည် ဘုရားတရား ကိုင်းရှိုင်းသည့်သူများ၊ သို့မဟုတ် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်သကဲ့သို့၊ အလွန်အမင်း ပေါ့ပျက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် လက်တွေ့အရှိတရားကင်းမဲ့မှုကို ဖော်ပြသောအရာများ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ထဲရှိ ဘဝနှင့်ဆိုင်သော ကိစ္စများကို ရင်းရင်းနှီးနှီး ပြောဆိုကြသည့်အခါ သူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်သည့်အကြောင်း မပြောသော်လည်း သူတို့၏ နှလုံးသားအတွင်း၌ ဘုရားသခင်အပေါ်ထားသည့် စစ်မှန်သော ချစ်ခြင်းမေတ္တာအား ထိန်းသိမ်းထားကြသည်။ ဘုရားသခင်အပေါ် သင်၏ကျေးဇူးကြွေးတင်နေမှုသည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ခြင်း ဖြစ်သည်၊ လူအပေါ် ကျေးဇူးကြွေးတင်ခြင်း မဟုတ်။ သို့ဖြစ်လျှင် ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။ အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့သည် အရေးကြီးသည်ဟု မခံယူရ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်” မှ

၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ သို့မဟုတ် ဓမ္မတေးတစ်ပုဒ်၏ အစိတ်အပိုင်းတစ်ခု၌ ထိုးထွင်းအမြင်များ ရှိခြင်းနှင့် သင့်စိတ်ကြိုက် မိတ်သဟာယဖွဲ့ပြီး ၎င်းကို ဆက်လက်မလုပ်ဆောင်ခြင်းနှင့် သင်၏ လက်တွေ့ဘဝနှင့်သက်ဆိုင်သော မည်သည့်အရာ တစ်ခုမျှ မပြောခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ အယောက်တိုင်းသည် သြဝါဒဆိုင်ရာနှင့် အယူအဆဆိုင်ရာ အသိအကြောင်းကို ပြောကြပြီး လက်တွေ့ကျသော အတွေ့အကြုံများမှ ရယူသော အသိအကြောင်း မည်သည့်အရာကိုမျှ ပြောဆိုကြခြင်းမရှိပေ။ ယင်းကဲ့သို့ အရာများအကြောင်း၊ သင်တို့၏ ပုဂ္ဂိုလ်ရေးရာ ဘဝများအကြောင်း၊ သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၌ အသက်တာအကြောင်နှင့် သင်တို့၏ကိုယ်ပိုင် အတွင်းကမ္ဘာအကြောင်းကို ပြောရန် သင်တို့အားလုံး ရှောင်ရှားကြသည်။ ဤသို့ ပြုသော် လူများအကြားတွင် စစ်မှန်သောမိတ်သဟာယဖွဲ့ခြင်း အဘယ်သို့ရှိနိုင်မည်နည်း။ စစ်မှန်သောယုံကြည်မှု အဘယ်သို့ရှိနိုင်မည်နည်း။ မည်သည့်အရာမျှ ရှိနိုင်မည်မဟုတ်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်ရမည် ဆိုပါက၊ အချင်းချင်း ကူညီနိုင်ပြီး၊ ၎င်းတို့အတူတကွရှိသောအခါ အချင်းချင်း ထောက်ပံ့နိုင်ရမည် ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောရမည်။ အကယ်၍ သင်သည် သင်၏ စစ်မှန်သောအတွေ့အကြုံများအကြောင်းကို မပြောဘဲ ကြီးကျယ်သောစကားများ၊ သြဝါဒဆိုင်ရာနှင့် အပေါ်ယံဆန်သောစကားများကိုသာ ပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပေ၊ ထို့အပြင် သင်၌ ရိုးသားနိုင်စွမ်း မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဘုရားသခင်ကို သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူသားများကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့်အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှများများ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှရှိကြောင်း၊ ထို့ပြင် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော ဘာသာစကားမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ လက်တွေ့ကျကျ ပြောသင့်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို လက်နက်မတပ်ဆင်နှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ လက်တွေ့ကျသော အတွေ့အကြုံများမှ အဖြစ်မှန်များကို ပို၍ပြောပြီး နှလုံးသားမှ ပြောလော့။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများနှင့် သူ့ကို ကျိုးနွံနာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် သူ့နှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်ကို ဘယ်တော့မှမမေ့နှင့်။ ဤအကြောင်းအရာများအပေါ် ဆင်ခြင်သုံးသပ်ခြင်းနှင့် စဥ်းစားတွေးတောခြင်းတို့ များစွာကို ဝီရိယရှိစွာ ဆက်ကပ်ပြုလုပ်သင့်သည်။ ဤအရာကို သဘောပေါက်နားလည်ထားသည်နှင့်တစ်ပြိုင်နက် သက်သေခံနည်းကို သိလိမ့်မည်၊ သို့မဟုတ်လျှင် အရှက်မဲ့ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို သင်တို့ ကျူးလွန်ဖွယ်ရှိလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၌ရှိသင့်သော အခြေခံကျသည့်အသိ” မှ

ယခင်က:ကျေးဇူးတော််ခေတ်တွင် သခင်ယေရှု အမှုတော်ဆောင်ခဲ့ပုံနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်ဆောင်ပုံအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

နောက်တစ်ခုသို့:ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ