အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၆၆ သမ္မာတရားကို လက်ခံခြင်းသည် ကယ်တင်ခြင်းသို့သွားရာ တစ်ခုတည်းသောလမ်းတည်းကျူး

၁ ဘုရားသခင်ကို ယုံကြည်မူ အချိန်တန်ကြာရှိပြီးသော လူတွင် ယခု၌ ထိုသို့သော လှပသည့် ခရီးဆုံး ပန်းတိုင်အတွက် မျှော်လင့်ချက် ထားလာကြပြီး၊ ဘုရားသခင်ကို ယုံကြည်သော လူအားလုံးတို့သည် သူတို့အပေါ် ကောင်းမွန်သည့် ကံအကြောင်းတရားတို့ ရုတ်တရတ်ပင် ကျရောက်လာလိမ့်မည်ဟု ယုံကြည် တတ်ကြကာ၊ သူတို့အားလုံးသည် သူတို့ မသိလိုက်ခင်မှာပင် ကောင်းကင်ဘုံ၏ နေရာတစ်ခုမဟုတ် တစ်ခုတွင် ထိုင်နေရသည်ကို ငြိမ်းချမ်းစွာ တွေ့မြင်နိုင်မည်ဟု မျှော်လင့်ကြလေသည်။ သို့သော်လည်း ထိုသို့သော လှပသည့် အတွေးအမြင်များ ရှိထားကြသည့် ဤလူများက သူတို့သည် ကောင်းကင်ဘုံမှ ကျလာသော ထိုကဲ့သို့ ကောင်းမွန်သည့် ပေါများကြွယ်ဝခြင်းကို ခံယူရရှိနိုင်ရန်၊ သို့မဟုတ် ကောင်းကင်ဘုံ၌ ထိုင်ခုံတစ်နေရာတွင် ထိုင်ခွင့်ရရန်အတွက် အရည်အချင်း ပြည့်မီသည်၊ မပြည့်မီသည်တို့ကိုကား မည်သည့် အချိန်တွင်မျှ မသိရှိကြဟု ငါပြောမည်။

၂ လက်ရှိတွင် သင်တို့၌ မိမိတို့ကိုယ်တိုင်နှင့် ပတ်သက်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း သင်တို့သည် နောက်ဆုံးသောကာလ၏ ကပ်ဆိုးများနှင့် ဆိုးသွမ်း သူတို့အား အပြစ်ဒဏ်ပေးသည့် အနန္တတန်ခိုးရှင်၏ လက်တော်ထဲမှ လွတ်မြောက်နိုင်မည်ဟု မျှော်လင့်ဆဲ ဖြစ်သည်။ ချိုသာသော အိပ်မက်များရှိခြင်းနှင့် သက်သာသည့် အသက်တာကို လိုလားတောင့်တခြင်းသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံရပြီးသော လူအားလုံးတို့၏ ဘုံကြန်အင်လက္ခဏာ ဖြစ်ဘိသည့်အလား ထင်ရပြီး၊ ယင်းမှာ အချို့သော တစ်ဦးချင်း၏ ထူးခြားကြီးမားသည့် အချက်မျိုးမဟုတ်ပေ။ ထိုသို့တိုင် သင်တို့၏ ကောင်းချီးမင်္ဂလာများရရှိရန် စိတ်ထက်သန်လှခြင်းနှင့် လွန်ကဲလှသည့် အလိုဆန္ဒများတို့အား ငါသည် အဆုံးသတ်ချင်သေး၏။ သင်တို့၏ မြောက်များလှသော ဒုစရိုက်အပြစ်များနှင့် သင်တို့၏ မြောက်များလှသော နာခံမှုမရှိခြင်း၏ အချက်အလက်များသည် အစဥ်တစိုက် ကြီးထွားလျှက်ရှိနေသည်ကို ထောက်ကြည့်ပါက ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော အသေးစိတ် စီမံချက်များနှင့် အဘယ်သို့လျှင် ကိုက်ညီနိုင်ပါမည်နည်း။

၃ မှားယွင်းမှုထဲတွင် ရှိနေသည့်တိုင် သင့်ကို ချုပ်ထိန်း မည့်အရာ ဘာမျှမရှိဘဲ သင့်စိတ်ကြိုက် ထိုအတိုင်းသာ သွားချင်နေသော်လည်း အိပ်မက်များကို ပြည့်စုံလာ စေရန် ဆန္ဒရှိနေဆဲဆိုပါက၊ သင်၏ ယစ်မူးခြင်းတွင် ဆက်လက်ရှိနေရန်နှင့် မည်သည့်အခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်။ အကြောင်းမှာ သင်မက်သည့် အိပ်မက်သည် အခွံမျှသာဖြစ်ပြီး၊ ဖြောင့်မတ် သော ဘုရားသခင်နှင့် ရင်ဆိုင်ရသောအခါ ယင်းအိပ်မက်သည် သင့်အား ခြွင်းချက်တစ်ခုအနေနှင့် ဖြစ်စေ လိမ့်မည် မဟုတ်။ သင်၏အိပ်မက်များကို အမှန်တကယ် ဖြစ်လာစေချင်သည် ဆိုပါက၊ မည်သည့်အချိန်မျှ အိပ်မက်မမက်နှင့်၊ သမ္မာတရားကိုသာ ထာဝစဥ် ရင်ဆိုင်ပါ၊ အချက်အလက်များကိုသာ ရင်ဆိုင်ပါ။ ဤအရာသည် သင့်အား ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားက သည်းခံသောကြောင့် သင့်ကိုယ်သင် အလိုမလိုက်နှင့်ကျူး

နောက်တစ်ခုသို့:ဘုရားအမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို သင်သိသလောကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ