အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ အလယ်တွင် နိုးထခြင်း

-အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ယောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံ

ဝမ်တောက်၊ ရှန်ဒေါင်း ပြည်နယ်

ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန် တစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်က အသက်ရှစ်နှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံး သောကာလ အမှုတော်ကို လက်ခံရာ၌ ကျွန်တော့်မိဘများ နောက်ကို ကျွန်တော် လိုက်ခဲ့သောကြောင့် သက်တူရွယ်တူ ကလေးများအလယ်တွင် အခွင့်ကောင်းအရဆုံးသူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချိန်က ကျွန်တော် ငယ်သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့ အတော်အတန် ပျော်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် အသင်းတော်၏ အသက် ပိုကြီးသော အသင်းသားများနှင့် မိတ်သဟာယပြုခြင်းတို့ကို ဆက်လက်လုပ်ဆောင် ခြင်းအားဖြင့်၊ နှစ်အချို့ကြာပြီးနောက် သမ္မာတရားအချို့ကို ကျွန်တော် နားလည် သဘောပေါက်လာခဲ့သည်။ အထူးသဖြင့် ကျွန်တော့် ညီအစ်ကို မောင်နှမများအားလုံးက သမ္မာတရားကို လိုက်စားပြီး၊ ရိုးသားသော လူများဖြစ်ဖို့ လုပ်ဆောင်နေကြသည်ကို ကျွန်တော် တွေ့မြင်ပြီး၊ လူတိုင်းက ငြိမ်းချမ်းစွာ သင့်မြတ်နေကြသည်ကို တွေ့မြင်သည့် အချိန်တွင်၊ ဤအချိန်များသည် အပျော်ရွှင်ဆုံးနှင့် ဝမ်းအမြောက်ဆုံး အချိန်များဖြစ်သည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် “တရုတ်ပြည်မကြီးတွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင် နောက်ကို လိုက်ခြင်းတို့သည် သင့်အသက်ကို အမှန်တကယ် အန္တရာယ်ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ ချဲ့ကားခြင်း တစ်ခု မဟုတ်နိုင်ပါ။” (အသက်တာထဲသို့ ဝင်ရောက်မှု ဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင် သော “အမေး အဖြေမျာ”) ဆိုသည့် ဒေသနာတစ်ခုကို အွန်လိုင်းပေါ်တွင် ကျွန်တော် ကြားခဲ့သည်။ ထိုအချိန်က ဤအရာသည် မည်သည်ကို ဆိုလိုကြောင်း ကျွန်တော် နားမလည်ခဲ့သော်လည်း ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ ဘုရားသခင်ကို ယုံကြည်သူများသည် ရဲများ၏ ဖမ်းဆီးခံရပြီး၊ တရုတ်ပြည်သည် ဘုရားမဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့်၊ ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့် မရှိဆိုသည်တို့ကို ကျွန်တော် သိခဲ့ရသည်။ သို့သော်လည်း ထိုအချိန်က ကျွန်တော် ဤစကားများကို မယုံခဲ့ပါ။ ကျွန်တော်က ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်တော် အဖမ်းခံရလျှင်ပင်၊ ရဲများက ကျွန်တော့်ကို မည်သည့်အရာမျှ လုပ်မည်မဟုတ်ဟု ကျွန်တော် တွေးခဲ့သည်။ ယင်းက ရဲများ၏ လက်ထဲတွင် အဖမ်းခံရခြင်းနှင့် ရက်စက်မှုကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရသည့်နေ့၌ ပြောင်းလဲသွားခဲ့သည်။ ဦးလေးများကဲ့သို့ ကျွန်တော် ကြည်ညိုလေးစားခဲ့သည့် ရဲများသည် အမှန်တကယ် ရက်စက်သော နတ်ဆိုးတစ်သိုက်သာဖြစ်ကြောင်းကို နောက်ဆုံးတွင် ကျွန်တော် သိသာထင်ရှားစွာ မြင်ခဲ့သည်။

ကျွန်တော် အသက်၁၇နှစ် ရှိသည့်အချိန်၊ ၂၀၀၉ ခုနှစ် မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင်၊ အစ်ကိုကြီးတစ်ယောက်နှင့် ကျွန်တော်တို့က ဧဝံဂေလိ ဟောကြားရာမှ အိမ်ပြန်လာသည့်အချိန်တွင်၊ ကျွန်တော်တို့ လမ်းကို ရဲကားတစ်စီးက ရုတ်တရက် ပိတ်ဆို့ လိုက်လေသည်။ ရဲအရာရှိငါးယောက်က ကားထဲမှ ရုတ်ချည်းခုန်ထွက်လာပြီး၊ သတိပေးချက် တစ်ခုပင် မရှိဘဲ၊ ကျွန်တော်တို့၏ လျှပ်စစ်မော်တော် ဆိုင်ကယ်လေးများကို ဓားပြများကဲ့သို့ ယူလိုက်ကာ၊ ကျွန်တော်တို့ကို မြေကြီးပေါ်သို့ တွန်းထိုးလိုက်ပြီး၊ အတင်းအကျပ် လက်ထိပ်ခတ် ခဲ့ပါသည်။ ယခုလေးတင် ဖြစ်ခဲ့သည့် အရာ၏ ဗြုန်းစားကြီးဖြစ်မှု အားဖြင့် ကျွန်တော် မှင်တက်ခဲ့ရသည်။ ဘုရားသခင်ကို ယုံကြည်သူ များ မည်သို့အဖမ်းခံရသည့်အကြောင်းကို ကျွန်တော့် ညီအစ်ကို မောင်နှမများ ပြောသည်ကို ကျွန်တော် မကြာခဏ ကြားခဲ့သော်လည်း၊ ထိုနေ့က ကျွန်တော့်ဆီတကယ် ဖြစ်လာလိမ့် မည်ဟု ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ပါ။ ကျွန်တော်က ကြောက်စိတ်မွှန်လာခဲ့သည်။ ကျွန်တော့် နှလုံးက အလွန်အမင်းခုန်နေသည်မှာ ကျွန်တော့်ရင်ဘတ်ထဲမှ ခုန်ထွက်တော့ မည့်အလား ခံစားခဲ့ရသည်။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်ခဲ့သည်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ရဲတွေက ကျွန်တော့်ကို ဖမ်းဆီးခဲ့ပြီး၊ ကျွန်တော် အရမ်းကြောက်ပါတယ်။ ကျွန်တော် ဘာလုပ်သင့်တယ်၊ သူတို့ကျွန်တော့်ကို ဘာလုပ်ဖို့စီစဉ်ထားတယ်ဆိုတာကို မသိလို့ကျွန်တော့် နှလုံးသားကို ကွယ်ကာဖို့ ကိုယ်တော့်ကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။” ဆုတောင်းပြီးနောက် ကျွန်တော် များစွာ ပိုတည်ငြိမ်သွားသည်။ ရဲများက ကျွန်တော့်ကဲ့သို့ ကလေးတစ်ယောက်ကို မည်သည့်အရာမျှ အမှန်တကယ် လုပ်မည်မဟုတ်ဟု ကျွန်တော် ထင်ခဲ့သောကြောင့် သိပ်မကြောက်လန့်ခဲ့ပါ။ သို့သော်လည်း အခြေအနေက ကျွန်တော် မျှော်လင့်ထားသလောက် နီးပါး မရိုးရှင်းခဲ့ပါ။ ကျွန်တော်တို့ကိုယ်ပေါ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း စာအုပ်များကို ရဲများ ရှာတွေ့သည့် အချိန်တွင်၊ သူတို့က ကျွန်တော်တို့ကို ရဲစခန်းသို့ ခေါ်သွားဖို့ လျော်ကန်ကြောင်းပြရန် အထောက်အထားအဖြစ် ဤအရာကို အသုံးပြု ခဲ့ကြသည်။

တရုတ်ပြည်မြောက်ပိုင်းတွင် နွေဦးရာသီ အစောပိုင်းကာလ ဖြစ်ပြီး၊ ရာသီဥတုက ညဖက်တွင် အနှုတ်လက္ခဏာ ၃-၄ ဆယ်လ်စီးရပ်စ်ထိ ကျလျက် အလွန်အေးဆဲဖြစ်သည်။ ရဲစခန်းမှ ဌာနအကြီးအကဲက ကျွန်တော်တို့၏ ကုတ်အင်္ကျီများ၊ ဖိနပ်များနှင့် ကျွန်တော်တို့၏ ခါးပတ်များကိုပင် ယူသွားပြီး၊ ကျွန်တော်တို့ လက်များကို ကျွန်တော်တို့၏ နောက်ကျောတွင် တင်းကျပ်စွာ လက်ထိပ်ခတ်လိုက်သည်။ ယင်းက အလွန်နာကျင်ခဲ့သည်။ သူက ကျွန်တော်တို့ကို ကြမ်းပြင်ပေါ် ထိန်းချုပ်ထားဖို့ အရာရှိအချို့ကို အမိန့်ပေး လိုက်သည်၊ ထို့နောက် ကျွန်တော်တို့ မျက်နှာများနှင့် ခေါင်းများကို သားရေ ကျာပွတ်ဖြင့် ရက်ရက်စက်စက် ရိုက်နှက်သည်မှာ ကျွန်တော့် ခေါင်းထဲတွင် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားခဲ့ရလေသည်- ယင်းကပေါက်ကွဲထွက်တော့မည့်အလား ဖြစ်ပြီး၊ ကျွန်တော့် မျက်နှာပေါ်သို့ မျက်ရည်များ အလိုအလျောက် စတင်ကျလာခဲ့သည်။ “အမှုများကို ကိုင်တွယ်ရာတွင် ယဉ်ကျေးသိမ်မွေ့ပါ” ဆိုသည့် ဆောင်ပုဒ်ကို နံရံပေါ်တွင် သိသာ ထင်ရှားစွာ ရေးသားထားသော်လည်း၊ သူတို့က ကျွန်တော်တို့ကို အဝေးပြေးလမ်းမပေါ်မှ အရိုင်းအစိုင်း ဓားပြများ သို့မဟုတ် လူသတ်သမားများကဲ့သို့ ဆက်ဆံနေသောကြောင့်၊ ထိုအခိုက်တွင် ကျွန်တော် ဒေါသအမျက်ခြောင်းခြောင်းထွက်ခဲ့သည်။ ယင်းမှာ လုံးဝ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပါ။ ဒေါသဖြင့် ကျွန်တော်က “ငါတို့ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ။ မင်းတို့က ငါတို့ကို ဘာဖြစ်လို့ ဖမ်းပြီး ရိုက်နှက်နေရတာလဲ” ဟု မေးမြန်းခဲ့သည်။ သူက ကျွန်တော့်ကို ဆက်လက် ရိုက်နှက်နေသည်နှင့်အညီ ဆိုးယုတ်သောရဲများထဲမှ တစ်ယောက် က “ခွေးမသားလေး၊ ငါ့ကို ဒီလေသံနဲ့ လာမပြောနဲ့၊ ငါတို့က ဒီမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဖို့ ရောက်နေတာ။ မင်းက ဘာမဆိုလုပ်လို့ရတဲ့ လူငယ်တစ်ယောက်ဘဲ၊ ဘာဖြစ်လို့ ဒါကိုလုပ်ရတာလဲ။ မင်းရဲ့ ခေါင်းဆောင်ကဘယ်သူလဲ။ ဒီစာအုပ်တွေ ကို မင်းဘယ်ကရတာလဲ။ ငါ့ကိုဖြေစမ်း။ မင်းမဖြေရင်၊ မင်းကိုငါ သေအောင် ရိုက်ပစ်မယ်” ဟု မလိုမုန်းထားစွာ ပြောလေသည်။ ထို့နောက် ကျွန်တော့် အစ်ကိုကြီးက အံကြိတ်ထားပြီး၊ စကားတစ်လုံးမျှ ပြောဖို့ ငြင်းဆန်နေသည်ကို သတိပြုမိသောကြောင့် ကျွန်တော်က မိမိဘာသာ သစ္စာဆိုခဲ့သည်။ “ယုဒတစ်ယောက် ဖြစ်ဖို့ငါလည်း လက်မခံဘူး။ သူတို့က ငါ့ကို သေတဲ့အထိ ရိုက်ခဲ့ရင်တောင်၊ ငါစကားမပြောဘူးကွာ။ ငါ့အသက်က ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိပြီး၊ စာတန်နဲ့ နတ်ဆိုးတွေက ငါ့အပေါ် အာဏာ မရှိဘူး။” ကျွန်တော်တို့နှစ်ယောက်လုံး တစ်ယောက်မှ စကားမပြောဆိုသည်ကို မြင်သည့် အခါ၊ စခန်း၏ ဌာနအကြီးအကဲက ဒေါသထွက်ကာ၊ “ဒါဆိုလည်း ကောင်းပြီလေ။ မင်းတို့က ကြမ်းကြမ်းတမ်းတမ်း ကစားချင်တာလား။ မင်းတို့က စကားမပြောဘူးပေါ့ ဟုတ်လား။ သူတို့ကို ကောင်းကောင်းလေး ရိုက်ပေးလိုက်ကြစမ်းပါ။ ဘာဖြစ်နေလဲဆိုတာ သူတို့ကိုတကယ်ပြပြီး၊ ကြမ်းတမ်းတယ်ဆိုတာက ဘာလဲဆိုတာ ပေးမြည်းလိုက်ကြ”ဟု အော်ဟစ်ခဲ့သည်။ ဤဆိုးယုတ်သောရဲများက ကျွန်တော်တို့ကို ရုတ်ချည်း ခုန်အုပ်ပြီး ကျွန်တော်တို့ကို မေးစေ့မှကိုင်ကာ အလွန်ပြင်းထန်စွာ မျက်နှာကို ရက်ရက်စက်စက် လက်သီးဖြင့်ထိုးနေသည်မှာ ကျွန်တော် မူးဝေပြီး၊ ကျွန်တော့်မျက်နှာက စပ်ဖျဉ်းဖျဉ်း နာကျင်သွားခဲ့သည်။ ငယ်စဉ်ကတည်းက ကျွန်တော်သည် ကျွန်တော့်မိဘများ၏ ဖူးဖူး မှုတ်ထားပြီး စောင့်ရှောက်ခံခဲ့ရသည်။ ထိုကဲ့သို့သော အကြမ်းဖက်မှုကို ကျွန်တော် တစ်ခါမျှ မတွေ့ကြုံခဲ့ဖူးပါ။ ကျွန်တော်က အလွန် အရှက်ကွဲပြီး မငိုဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်တော်က “ဒီရဲတွေက သိပ်ရက်စက်ပြီးအရမ်းကို ယုတ္တိမတန်တာပဲ။ ကျောင်းမှာ ငါတို့ဆရာတွေက ငါတို့ ပြဿနာတက်ခဲ့ရင် ရဲတွေဆီကို သွားဖို့ အမြဲတမ်းပြောတယ်။ သူတို့က ရဲတွေဟာ “ပြည်သူကို အလုပ်အကျွေးပြုတယ်”၊ ပြီးတော့ သူတို့က “လူကောင်း တွေကို အကြမ်းဖက်မှုကနေ ကာကွယ်ပေးတဲ့ သူရဲကောင်းတွေ” လို့ပြောကြပေမဲ့ အခုတော့ ငါတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး၊ အသက်တာမှာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်တာကြောင့်နဲ့ပဲ သူတို့က ငါတို့ကို စိတ်ကူးပေါက်သလို ဖမ်းဆီး ပြီး၊ ရက်ရက်စက်စက် ရိုက်နှက်တယ်။ ဒါတွေက “ပြည်သူ့ရဲ” တွေ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတို့က နတ်ဆိုးတစ်သိုက်ကလွဲပြီး ဘာမှမဟုတ်ဘူး။ ဒေသနာတစ်ခုက ‘အဆင်းနီတဲ့ နဂါးကြီးဟာ ဆိုးယုတ်တဲ့ ဝိညာဉ်တွေဖြစ်တယ်လို့ တစ်ချို့က ဆိုကြတယ်၊ တစ်ချို့ကတော့ မကောင်းမှုပြုသူ တစ်သိုက်လို့ ဆိုကြတယ်၊ ဒါပေမဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ သဘာဝနဲ့ အနှစ်သာရတို့က ဘာတွေလဲ။ အဲဒါကတော့ ဆိုးယုတ်တဲ့ မကောင်း ဆိုးဝါးတစ်ကောင်ရဲ့ သဘာဝ နဲ့ အနှစ်သာရတို့ပဲပေါ့။ သူတို့က ဘုရားသခင်ကို အာခံပြီး၊ တိုက်ခိုက်တဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတစ်သိုက် ဖြစ်တယ်။ ဒီလူတွေဟာ စာတန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သရုပ်သကန်တွေ ဖြစ်တယ်၊ စာတန်က အသွေးအသား နဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ လူ့ဇာတိခံခြင်းကို ပြုခဲ့တယ်။ ဒီလူတွေဟာ စာတန်နဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးထက် ဘာမှမပိုပါဘူး’ လို့ ဒေသနာတစ်ခုမှာ ပြောထားတာ အံ့သြစရာ မရှိဘူးပဲ။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယ ပြုခြင်း (၃) အရင်က၊ ရဲတွေဟာ သာမာန်ပြည်သူတွေရဲ့ ကိုယ်စား အလုပ်လုပ်ပေးတဲ့ “လူကောင်း” တွေလို့ ယုံကြည်ရင်း ငါဟာ သူတို့ရဲ့ မုသားတွေ နဲ့ လှည့်စားခံခဲ့ရတယ်။ အဲဒါဟာ မှားယွင်းတဲ့ ပုံရိပ်တစ်ခု ဖြစ်တာကို ငါသဘောမပေါက် ခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့တွေဟာ တကယ့်ကို ဘုရားသခင်ကို အာခံတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတစ်သိုက် ဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ ငါတွေ့ရတယ်”ဟု တွေးမိ သည်။ ကျွန်တော်က သူတို့ကို အူထဲအသည်းထဲက စတင် မမုန်းတီးဘဲ မနေနိုင်တော့ပါ။ စခန်းဌာနအကြီးအကဲက ကျွန်တော်တို့ စကား မပြောသေး သည်ကို မြင်သည့်အချိန်တွင်၊ သူက “သူတို့ကို နောက်ထပ်နောက်ထပ် ကောင်းကောင်း ရိုက်လိုက်ကြစမ်းကွာ” ဟု အော်ခဲ့သည်။ သူ့လက်ပါးစေများထဲမှ နှစ်ဦးက ကျွန်တော်တို့ဆီ ပြေးလာသည်။ သူတို့က ကျွန်တော်တို့ကို ခြေထောက်များဆန့်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ဖို့ အမိန့်ပေးခဲ့ပြီးနောက်၊ ကျွန်တော်တို့ ခြေထောက်များကို သူတို့၏ သားရေဖိနပ်များဖြင့် ရက်ရက်စက်စက် ကန်ကျောက်ခဲ့ သကဲ့သို့၊ ကျွန်တော်တို့ ခြေထောက်များပေါ်တွင် တက်ရပ်ကာ၊ ပြင်းနိုင်သလောက် ပြင်းပြင်း ဆောင့်နင်းခဲ့ကြသည်။ ကျွန်တော့် ခြေထောက်များက အင်မတန်မှ နာကျင်ပြီး၊ ကျိုးကုန်တော့မည့်အလား ခံစားခဲ့ရကာ၊ ကျွန်တော် မရပ်မနား အော်နေမိခဲ့သည်၊ သို့သော် ကျွန်တော် ပိုအော်လေ၊ သူတို့က ကျွန်တော့်ကို ပိုပြီး ရက်ရက်စက်စက် ရိုက်နှက်လေ ဖြစ်သည်။ ကျွန်တော့်စိတ်နှလုံးထဲမှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အော်ခေါ်ရင်း နာကျင်မှုကို သည်းခံရုံမျှလွဲ၍ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ပါ၊ “အိုဘုရားသခင်၊ ဒီနတ်ဆိုးတွေက အရမ်းရက်စက်ပါတယ်။ ကျွန်တော် ဒါကို တကယ့်ကို မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကိုယ်တော့်ကို သစ္စာ မဖောက်မိအောင် ကျွန်တော့်ကို ယုံကြည်မှုပေးပြီး၊ ကွယ်ကာတော်မူပါ။” ထို့နောက်တွင်ပင် ဘုရားနှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်က ကျွန်တော့် စိတ်ထဲ လျှပ်တပြက် ပေါ်လာခဲ့သည်။ “သင့်ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးသည် ငါ၏အခွင့်အား ဖြင့်သာဖြစ်ကြောင်း သင်သိသင့်၏၊ အားလုံးကို ငါစီစဉ် ထားရှိ၏။ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ့စိတ်နှလုံးအလိုကို ဖြည့်ဆည်း လော့။ မကြောက် နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှား ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့် အတွက် ကြီးစွာသော ယုံကြည်မှု နှင့် ခွန်အားတို့၏ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ကျွန်တော် တွေ့ကြုံခံစားနေရသည့် အခြေအနေများသည် ဘုရားသခင်၏ ပလ္လင်တော်မှ ခွင့်ပြုချက်ဖြင့် ဖြစ်နေကြောင်းနှင့်၊ ဤအချိန်သည် ကျွန်တော်က ဘုရားသခင်အတွက် ခိုင်မာစွာ ရပ်တည်ပြီး သက်သေခံဖို့ လိုအပ်သည့်အချိန် ဖြစ်ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ကျွန်တော်က ငယ်သော်လည်း၊ ခိုင်မာသော အထောက်အပံ့ အနေဖြင့် ကျွန်တော့်မှာ ဘုရားသခင် ရှိသောကြောင့် ကျွန်တော် ဘာမျှကြောက်စရာမရှိပါ။ ဘုရားသခင်အတွက် ကျွန်တော် ခိုင်မာစွာရပ်တည်ပြီး သက်သေခံဖို့၊ သူရဲဘောကြောင်သူ တစ်ယောက် လုံးဝ မဖြစ်ဖို့ နှင့် စာတန်ကို မကျိုးနွံဖို့တို့အတွက် ကျွန်တော် သန္နိဌာန် ချမှတ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်၏ ညွှန်ကြားချက်နှင့် လမ်းပြမှုတို့မှတစ်ဆင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခ ခံဖို့၊ ခိုင်မာစွာ ရပ်တည်ဖို့နှင့် သက်သေခံဖို့ရာ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်ခြင်းတို့ကို ကျွန်တော် ရှာတွေ့ခဲ့သည်။

ထိုညနေ ၇နာရီကျော်တွင်၊ စခန်းဌာနအကြီးအကဲက ကျွန်တော့်ကို တစ်ဖန် စစ်မေးဖို့ လာခဲ့သည်။ သူက ကျွန်တော့်ကို အေးခဲစေဖို့ တမင်သက်သက် အားထုတ်ကြိုးပမ်းမှု တစ်ခုအနေဖြင့် ရေခဲတမျှ အေးစက်သည့် သမံတလင်းပေါ်တွင် ထိုင်ဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့သည်။ ကျွန်တော်က အလွန်းချမ်းလှသည်မှာ ကျွန်တော့်ခြေထောက် နှစ်ခုလုံး ထုံသွားပြီး၊ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည့် အချိန်ကျမှသာလျှင်၊ ကျွန်တော့်ကို ဆွဲမပြီး၊ နံရံတွင် မှီထားဖို့ သူ၏လက်ပါးစေများကို အမိန့်ပေးခဲ့သည်၊ ထို့နောက်တွင် သူက လျှင်စက်ကျင်စက်တစ်ခုဖြင့် ကျွန်တော့် လက်များနှင့် မေးစေ့တို့ကို ရက်ရက်စက်စက် ဓာတ်လိုက်စေခဲ့သည်။ ဓာတ်လိုက်ခြင်းများက ကျွန်တော့် လက်များကို အရည်ကြည်ဖု များဖြင့် ဖုံးလွှမ်းသွားစေခဲ့ပြီး၊ ကျွန်တော့် သွားများအားလုံးကို နာကျင်မှုဖြင့် ထုံကျင်စေခဲ့သည် ( ယနေ့တွင်ပင် ဝါးဖို့ရန် ကျွန်တော့် သွားများ နာကျင်ဆဲဖြစ်သည်)။ သို့သော် ထို့နောက်တွင်ပင်၊ ဒေါသဖြင့် ရူးသွပ်ဆဲဖြစ်သည့် ဤနတ်ဆိုးက မတော်ခဲ့သေးပါ။ သူက ခုလေးတင် ကျွန်တော့် ပေါင်ခြံပေါ်တွင် သူ၏လျှပ်စစ်ကျင်စက်ကို စတင်အသုံးပြု ခဲ့သည်။ ညှဉ်းဆဲမှုက ကျွန်တော့်ကို ပြောမထွက်နိုင်အောင် ဆိုးရွားသည့် နာကျင်မှုဖြင့် ကျန်ရစ်စေသော်လည်း သူက ခေါင်းနောက်လှန်ပြီးရယ်မောလေသည်။ ထိုအခိုက်အတန့် တွင် ကျွန်တော်က လုံးလုံး လူ့သဘာဝ ကင်းမဲ့သည့် ဤမကောင်းဆိုးဝါးကို ရိုးတွင်းခြင်ဆီ အထိ မုန်းတီးမိခဲ့သည်။ သို့သော်လည်း ဤဆိုးယုတ်သော ရဲများက ကျွန်တော့်ကို မည်သို့ စစ်မေးသည်ဖြစ်စေ၊ ညှဉ်းပန်းသည် ဖြစ်စေ၊ ကျွန်တော် အံကြိတ်ပြီး၊ စကားတစ်လုံးပြောဖို့ ငြင်းဆန်ခဲ့သည်။ စစ်မေးခြင်းက နံနက် ၂ နာရီ ၃ နာရီ အထိ ဆက်သွားခဲ့ပြီး ထိုအချိန် အရောက်တွင် ကျွန်တော့် တစ်ကိုယ်လုံး ထုံကျင်နေလေသည်- ကျွန်တော့်မှာ မည်သည့် နေရာတွင်မှ အာရုံခံစားရခြင်း မရှိတော့ပါ။ နောက်ဆုံးတွင် ကျွန်တော့်ကို ရိုက်နှက်ရာမှ သူတို့ဘာသာ ပင်ပန်းသွားပြီးနောက်၊ ကျွန်တော့်ကို အခန်းငယ်လေးတစ်ခုသို့ ဒရွတ်တိုက် ဆွဲခေါ်လာပြီး၊ ကျွန်တော်နှင့် အတူ အဖမ်းခံခဲ့ရသည့် အစ်ကိုကြီးဆီမှာ ကျွန်တော့်ကို လက်ထိပ်ခတ်လိုက်သည်။ ကျွန်တော်တို့ကို ရေခဲတမျှအေးစက်သည့် ကြမ်းပြင်တွင် ထိုင်ဖို့ သူတို့က အမိန့်ပေးခဲ့ပြီးနောက်၊ သူတို့ထဲမှ နှစ်ယောက်က ကျွန်တော်တို့ကို အိပ်မပျော်စေဖို့ စောင့်ကြပ်ရန် တာဝန်ပေးခံရလေသည်။ ကျွန်တော်တို့ထဲမှ တစ်ယောက် မျက်လုံးမှိတ် သည်နှင့် တပြိုင်နက် သူတို့က ကျွန်တော်တို့ကို ထိုးပြီး ကန်ကျောက်လေသည်။ ထိုညနှောင်းပိုင်းတွင် ကျွန်တော် သန့်စင်ခန်းသွားဖို့လိုသော်လည်း ဤဆိုးယုတ်သော ရဲများက “ဟေ့ကောင် ချီးထုတ်လေး၊ ငါတို့သိချင်တာကို မင်းငါတို့ကို မပြောပြ မချင်း၊ မင်းဘယ်မှ မသွားရဘူးကွ။ ဘောင်းဘီထဲမှာ ပေါက်လို့ရမယ်” ဟု အော်ဟစ်ခဲ့သည်။ အဆုံးတွင် ကျွန်တော် တကယ်ကို နောက်ထပ် မအောင့်ထားနိုင်တော့ဘဲ၊ ကျွန်တော့် ဘောင်းဘီထဲတွင် အပေါ့သွားလိုက်ရသည်။ ထိုအလွန်အေးသော ရာသီဥတုတွင်၊ ကျွန်တော့် ချည်သားခံ ဘောင်းဘီများသည် ဆီးများဖြင့် လုံးလုံး စိုရွှဲသွားပြီး ကျွန်တော့်ကို အလွန်ချမ်းအေးစေကာ မရပ်မနား ခိုက်ခိုက်တုန်စေခဲ့သည်။

ဤနတ်ဆိုးများ၏ ထိုသို့သော ရက်စက်သော ညှဉ်းပန်းမှုကို သည်းခံပြီးနောက်၊ ကျွန်တော့် တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်နေလေသည်၊ ပြီးလျှင် ကျွန်တော် စတင် အားနည်းပြီး အပျက်သဘော မဆောင်ဘဲ မနေနိုင်ခဲ့ပါ၊ “မနက်ဖြန် သူတို့ ငါ့ကို ဘာနှိပ်စက်မှုတွေ သုံးမယ်ဆိုတာ ငါတကယ်ကို မသိတော့ပါဘူး။ အဲဒါကို ငါတောင့်ခံနိုင် ပါ့မလား။” သို့သော် ထိုအခိုက်အတန့်တွင် အစ်ကိုကြီးက ကျွန်တော် ဆင်းရဲဒုက္ခကို တောင့်မခံနိုင်ဘဲ၊ အပျက်သဘောဆောင်ခြင်း ခံစားနေရမည်ကို စိုးရိမ်ကာ၊ “တောက်ရေ၊ ဒီနေ့ အဲဒီ ဆိုးယုတ်တဲ့နတ်ဆိုးတွေ ငါတို့ကို ဒီလို နှိပ်စက်တာကို မင်းဘယ်လိုခံစားရလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ကို ယုံကြည်တာနဲ့ မင်းတာဝန်တွေကို ထမ်းဆောင်တာတွေ အတွက် မင်းနောင်တရလား” ဟု စိုးရိမ်စိတ်ဖြင့် ကျွန်တော့်ကို တီးတိုးပြောခဲ့သည်။ ကျွန်တော်က “မဟုတ်ပါဘူး။ ကျွန်တော်က ဒီနတ်ဆိုးတွေရဲ့ ရိုက်နှက်တာ ခံရတဲ့အတွက် အရှက်ရတာ သက်သက်ပါ။ ကျွန်တော်က ကလေးတစ်ယောက်ပဲ ဖြစ်လို့ သူတို့က ကျွန်တော့်ကို ဘာမှလုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ သူတို့က ကျွန်တော့်ကို သတ်ဖြတ်ဖို့ တကယ်ကို ဆန္ဒရှိလိမ့်မယ်လို့ မသိခဲ့ဘူး” ဟု ပြောခဲ့သည်။ ကျွန်တော့် အစ်ကိုကြီးက “ငါတို့တွေဟာ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းကို လျှောက်ခဲ့ ပြီ၊ ပြီးတော့ ဘုရားရဲ့ လမ်းပြမှု ကျေးဇူးကြောင့် ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ငါတို့လျှောက်ခဲ့ပေမဲ့ စာတန်က ငါတို့ကို ဘုရားသခင်နောက် မလိုက်စေချင်သလို၊ အပြည့်အဝ ကယ်တင်မခံ စေချင်ဘူးလေ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ ယုံကြည်မှုမှာ ငါတို့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုတယ်။ ငါတို့က စာတန်ကို ဘယ်တော့မှ မကျိုးနွံရဘူး။ ဘုရားသခင်ရဲ့ အသည်းကို ငါတို့ ခွဲလို့ မဖြစ်ဘူး” ဟု ရိုးသားစွာ မိတ်သဟာယပြုခဲ့သည်။ ဤအစ်ကို၏ စကားများက အလွန် ခွန်အားရစရာဖြစ်ခဲ့သည်။ ကျွန်တော်က နှစ်သိမ့်ခံရပြီး၊ ဘုရားနှုတ်ကပတ်တော်များကို မတွေးဘဲ မနေနိုင်ခဲ့ပါ။ “အောင်နိုင်သူ ဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ခွန်အား ကြီးစေရန် ငါ့အပေါ် မှီခိုရမည် ဖြစ်သည်။ ၎င်းတို့သည် စစ်သည်ရဲမက်များ ဖြစ်လာစေရန် တိုက်ခိုက် ပြီး၊ စာတန်ကို သေသည်အထိ တိုက်ပွဲဝင်ရမည်။” (နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် နားလည်သဘောပေါက်ပြီး၊ ကျွန်တော့် စိတ်နှလုံးအတွင်း၌ ခွန်အားကို ခံစားခဲ့ရသည်။ ကျွန်တော်က အရှက်ကွဲသည် သို့မဟုတ် စိတ်မချမ်းမြေ့ဖြစ်သည်ဟု နောက်ထပ် လုံးဝ မခံစားရတော့ဘဲ၊ ဤစမ်းသပ်မှုကို ရဲရင့်စွာ ရင်ဆိုင်ဖို့ ဆန္ဒရှိလာခဲ့သည်။ စာတန်နတ်ဆိုးက ကျွန်တော့်ကို မည်သို့ ညှဉ်းပန်းပါစေ၊ စာတန်ကို အောင်မြင်ဖို့ ဘုရားသခင်ကို ကျွန်တော် မှီခိုမည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၌ ယုံကြည်သူများအားလုံးသည် သူ၏ လက်ရွေးစင်စစ်သားများ အသက်အဆုံးအထိ မချိုးနှိမ်နိုင်သော စစ်သည်တော်များ ဖြစ်သည်ကို စာတန်အားကျွန်တော် ပြမည်။

နောက်တစ်နေ့ နံနက်တွင် ထိုဆိုးယုတ်သောရဲများသည် ကျွန်တော့်ကို စစ်မေးခန်းသို့ ပြန်ခေါ်ဆောင်လာပြီး၊ ထိုစခန်းဌာန အကြီးအကဲ နတ်ဆိုးက ကျွန်တော့်ထံမှ ခံဝန်ချက် တစ်ခုကို အတင်းအကျပ် ညှစ်ထုတ်ဖို့ တစ်ဖန် ကြိုးစားခဲ့သည်။ သူက ကျွန်တော့် နှာခေါင်းကို တည့်တည့် လက်ညိုးထိုးရင်း စားပွဲကို ထုကာ၊ ကျွန်တော့်ကို “မင်း မနေ့ညက ပြန်စဉ်းစားထားလား၊ ကောင်လေး။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို မင်းယုံကြည်တာ ဘယ်လောက်ကြာပြီလဲ။ မင်း လူဘယ်နှစ်ယောက်ကို တရားဟောပြီးပြီလဲ။ ငါတို့ မေးခွန်းတွေ ကို ဖြေစမ်း၊ မဟုတ်ရင်တော့ မင်း နောက်ထပ် နာကျင်မှုအများကြီး ခံစားရ မယ်” ဟု ပြောလျက် ကျိန်ဆဲခဲ့သည်။ ကျွန်တော်က “စာတန်ကို ငါ နောက်ထပ် ကြောက် လို့ မဖြစ်တော့ဘူး။ ငါက ယောက်ျား တစ်ယောက် ဖြစ်ပြီး၊ သတ္တိရှိဖို့ လိုတယ်” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က “ငါဘာမှ မသိဘူး” ဟု ပြတ်ပြတ်သားသား ပြောခဲ့ သည်။ ဆိုးယုတ်သော ဌာနအကြီးအကဲသည် ဒေါသထွက်လာပြီး “ကောင်လေး၊ မင်းသေချင်လို့လား။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မပြီးခင် ငါမင်းကို သတ်မှာ၊ အဲဒီနောက် မင်းတကယ်ကို ရေငုံနှုတ်ပိတ်သွားမယ်” ဟု အော်ခဲ့သည်။ ဤသို့အော်နေစဉ် သူက ကျွန်တော်ဆီသို့ ပြေးလာပြီးနောက်၊ ကျွန်တော့် ဆံပင်များကို ရက်ရက်စက်စက် ဆွဲကာ၊ ကျွန်တော့်ခေါင်းကို နံရံဆီ ဆောင့်ထည့် လိုက်သည်။ ကျွန်တော့် နားများ ချက်ချင်း စတင် အူထူသွားပြီး၊ နာကျင်မှုက အလွန်ပြင်းထန်သည်မှာ ကျွန်တော် မငိုဘဲ မနေနိုင် တော့သလို၊ မျက်ရည်များက ကျွန်တော့် မျက်နှာပေါ်သို့ ကျလာခဲ့သည်။ နောက်ဆုံးတွင် ထိုနတ်ဆိုးများက ကျွန်တော့်ထံမှ သူတို့လိုချင်သည့်အရာရမည် မဟုတ်သည်ကို နားလည် သဘောပေါက်ပြီးနောက်၊ ကျွန်တော့်ကို အခန်းငယ်လေးထဲ ပြန်ပို့ရုံမျှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါ။ ထို့နောက် သူတို့က အစ်ကိုကြီးကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြသည်။ မကြာမီပင် သူက နာကျင်မှုဖြင့် အော်ဟစ်သည်ကို ကျွန်တော် ကြားလိုက်ရပြီး၊ သူတို့က သူ့အား ဆိုးရွားသည့် တစ်စုံတစ်ခု လုပ်လိုက်ပြီဆိုသည်ကို ကျွန်တော် သိခဲ့သည်။ ကျွန်တော်သည် ရက်စက်သော ဝံပုလွေများ ဝိုင်းရံထားသည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဝမ်းနည်းပက်လက်ဖြစ်ပြီး ခိုကိုးရာမဲ့ကာ အခန်းငယ်လေးထဲတွင် ခွေနေခဲ့ပြီး၊ မျက်ရည်များ ကျွန်တော့် မျက်နှာပေါ်သို့ စီးဆင်းလာနေစဉ်၊ သူတို့က ဤအစ်ကိုကို ညှဉ်းပန်းခြင်းမှတစ်ဆင့် အတင်းအကျပ် ဝန်ခံခိုင်းဖို့ ကြိုးစားနေသည်နှင့် အညီ ထိုဆိုးယုတ်သော နတ်ဆိုးများထံမှ သူ့ကို ကွယ်ကာဖို့ ဘုရားသခင်ထံ တောင်းလျှောက်ရန် ကျွန်တော် ဆုတောင်းခဲ့သည်။ သူတို့က ကျွန်တော်တို့ကို အစာတစ်လုတ် သို့မဟုတ် ရေတစ်ပေါက်ပင် မပေးဘဲ၊ ဤနည်းဖြင့် သုံးရက်နှင့် သုံးညကြာ စစ်မေးခဲ့သည်။ ကျွန်တော်က ချမ်းပြီး၊ ဆာလောင်ကာ၊ ကြက်သေသေနေခဲ့ပြီး၊ ကျွန်တော့် ခေါင်းက ရောင်ကိုင်းကာ၊ အလွန့်အလွန် နာကျင်နေခဲ့သည်။ သူတို့က ကျွန်တော်တို့ကို သတ်မိမည်ကို စိုးကာ၊ သူတို့၏ ညှဉ်းပန်းမှုကို ရပ်တန့်ရုံမျှလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ပါ။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်ပြီး လူမဆန်သော ညှဉ်းပန်းမှုများ နောက်တွင်၊ ဒေသနာတစ်ခုတွင် ကျွန်တော် ကြားရသည့် အကြောင်းအရာကို အမှန်တကယ် တွေ့ကြုံခံစား ခဲ့ရသည်။ “အဆင်းနီတဲ့ နဂါးကြီးရဲ့ ထောင်တွေထဲမှာ၊ သင်တို့ဟာ ယောက်ျား တစ်ယောက်ဖြစ်စေ၊ မိန်းမတစ်ယောက် ဖြစ်စေ၊ သူတို့ ကြိုက်တဲ့ ဘာနည်းလမ်း နဲ့မဆို သင့်ကို သူတို့ နှိပ်စက်နိုင်တယ်။ သူတို့က လူယုတ်မာတွေနဲ့ လူ့တိရစ္ဆာန်တွေ ဖြစ်ကြတယ်။ သူတို့က လျှပ်စစ်ကျင်စက်တွေနဲ့ လူတွေကို စိတ်ရူးပေါက်ရင် ပေါက်သလို နှိပ်စက်ပြီး၊ သင်အကြောက်ဆုံးဆိုတဲ့ ဘယ်အရာကိုမဆို သင့်ကို လုပ်တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ စိုးမိုးမှုအောက်မှာ လူတွေက လူသားအဖြစ်က ရပ်တန့်သွားပြီး၊ တိရစ္ဆာန် ထက်တောင် ပိုအဆင့်နိမ့်ကြရတယ်။ အဆင်းနီတဲ့နဂါးကြီးက အတိအကျကို ဒီလို ရက်စက်ပြီး၊ လူမဆန်တာ ဖြစ်တယ်။ သူတို့က အသိစိတ် လုံးလုံး ကင်းမဲ့တဲ့ လူ့တိရစ္ဆာန် တွေ၊ နတ်ဆိုးတွေဖြစ်တယ်။ သူတို့မှာ အသိစိတ် မရှိလို့ သူတို့ကို အကျိုးသင့် အကြောင်းသင့် ပြောလို့ကို မရဘူး။” (အသက်တာထဲသို့ ဝင်ရောက်မှု ဆိုင်ရာ တရား ဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ ရန်သူတစ်ပါးအဖြစ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖောက်ပြန်ရေးဝါဒီ အနှစ်သာရကို နောက်ဆုံးတွင် ကျွန်တော် သိသာထင်ရှားစွာ တွေ့မြင်ခဲ့သည်။ ၎င်းသည် မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်သည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ပြီး၊ စာတန်၏ သရုပ်သကန် အမှန်ပင် ဖြစ်လေသည်။ ၎င်းတို့သည် အသက်မပြည့်သေးသည့် ကလေးတစ်ယောက် ဖြစ်သည့် ကျွန်တော့်ကိုပင် ချမ်းသာမပေးဘဲ၊ ကိုယ်ကျင့်တရားများ သို့မဟုတ် သိက္ခာစောင့်စည်းမှုများ မရှိကြပါ။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ပြီး၊ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်သောကြောင့် သက်သက် သူတို့အားလုံးက ကျွန်တော့်ကို သတ်ဖို့ ပို၍ပင် အဆင်သင့်ဖြစ်နေကြသည်။ သူတို့က အခြေခံမူများ၊ လူ့ကျင့်ဝတ်များ သို့မဟုတ် လူ့သဘာဝတို့ မရှိသည့် ရက်စက်သည့် ဘီလူးများသာ ဖြစ်ကြလေသည်။ ကျွန်တော့် အသက်အရွယ်ကြောင့် ရဲများက ကျွန်တော့်ကို သက်ညှာစွာ ဆက်ဆံမည်ဆိုသည့် မှားယွင်းသော မျှော်လင့်ချက်တစ်ခုမျှ ကျွန်တော် နောက်ထပ် လက်သင့်မခံတော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်နှင့် မကောင်းဆိုးဝါးတို့၏ ရက်စက်သော ညှဉ်းပန်းမှုကို အောင်မြင်ကျော်လွှားဖို့ ကျွန်တော့်ကို ကွယ်ကာပြီး၊ ဦးဆောင်ပါရန်၊ ကျွန်တော် ဆင်းရဲဒုက္ခအားလုံးကို သည်းခံနိုင်ရန် နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေတစ် ကျွန်တော် ဖြစ်နိုင်ရန် တို့ကိုသာ ကျွန်တော် အနူးအညွတ်တောင်းပန်ခဲ့သည်။

မတ်လ ၉ရက်နေ့ နေ့လည်တွင်၊ ဆိုးယုတ်သောရဲများက ကျွန်တော်တို့ထံမှ မည်သည့်အရာကိုမျှ အမှန်တကယ် ရမည်မဟုတ် သည်ကို တွေ့သည့်အချိန်တွင်၊ ကျွန်တော် တို့ကို “နိုင်ငံတော် ဥပဒေထိခိုက်ခြင်း၊ ငြိမ်ဝပ်ပိပြားရေး နှောင့်ယှက်ခြင်း နှင့် နိုင်ငံတော် အာဏာကို ဖြိုဖျက်ခြင်း” စသည့် ပြစ်မှုများဖြင့် စွဲချက်တင်လျက် သူတို့က ကျွန်တော်တို့ လက်များကို ဆုပ်ကိုင်ပြီး၊ အတုလုပ်ထားသည့် ခံဝန်ချက်ကို ကျွန်တော်တို့အား အတင်းလက်မှတ်ထိုးခိုင်းခဲ့ပြီးနောက်၊ ထိန်းသိမ်းရေးစခန်းသို့ ပို့ခဲ့သည်။ ကျွန်တော်တို့ ရောက်သည်နှင့် တပြိုင်နက် သူတို့က ကျွန်တော်တို့၏ ခေါင်းများကို လုံးဝ ကတုံးတုံး လိုက်ပြီး၊ ကျွန်တော်တို့ထံမှ အင်္ကျီများကို ချွတ်လေသည်၊ ပြီးနောက် ယင်းတို့ကို ဖဲကြိုးများနီးပါးဖြစ်သည်အထိ ညှပ်ပစ်ပြီးနောက် ကျွန်တော်တို့ထံသို့ ပြန်လာပေးခဲ့သည်။ ကျွန်တော့်ခါးပတ် မရှိတော့သောကြောင့် ကျွန်တော့် ဘောင်းဘီကို ထိန်းထားရန် ပလတ်စတစ်အိတ်များကို ကြိုးအဖြစ်လုပ်ပြီး ချည်ခဲ့ရသည်။ ထိုအလွန်အေးသော ရာသီဥတုတွင်ပင်၊ ရဲများက ကျွန်တော်တို့၏ ခေါင်းပေါ်သို့ ရေအေး တစ်ဇလုံပြီး တစ်ဇလုံ လောင်းချခြင်းဖြင့် ကျွန်တော်တို့ကို ဆေးကြောဖို့ အခြားအကျဉ်းသားများကို အမိန့်ပေး ခဲ့သည်။ ခေါင်းမှ ခြေဆုံး တုန်ခါနေသည်အထိ ကျွန်တော် အလွန်အေးလာခဲ့ပြီး၊ ကျွန်တော့် သွေးများက ကျွန်တော့် သွေးပြန်ကြောများထဲတွင် ခဲသွားသည့်အလား ခံစားခဲ့ရ သည်။ ထို့နောက်တွင် ကျွန်တော် မတ်တပ်ပင် မရပ်နိုင်ခဲ့ပါ။ ထိုထောင်တွင် ချုပ်နှောင်ထား သည့် အကျဉ်းသားများအားလုံးက မုဒိမ်းကောင်များ၊ သူခိုးများ၊ ဓားပြများ နှင့် လူသတ်သမားများသာ ဖြစ်ကြသည်… တစ်ယောက်ချင်းစီသည် နောက်ဆုံး တစ်ယောက် ထက်ပို၍ မလိုမုန်းထားပြီး၊ ထိုငရဲဆန်သော နေရာတွင် သူတို့နှင့် အတူ ပိတ်မိလေ ခြင်းဟူသည့် အတွေးက ကျွန်တော့်ကို ကြောက်စိတ်ဖြင့် တုန်လှုပ်စေသည်။ ညပိုင်းတွင် ကျွန်တော်တို့ လူ ၃၀ ကျော်က မာကျောသော သံမံတလင်း ပလက်ဖောင်းတစ်ခုပေါ်တွင် အတူတကွ အိပ်ရပြီး၊ စောင်များက မသတီစရာ အနံ့အသက်များဖြင့် နံစော်နေသည်မှာ အိပ်ဖို့မဖြစ်နိုင်လု နီးပါး ဖြစ်သည်။ ထိုဆိုးယုတ်သောရဲများက ကျွန်တော်တို့ကို ပေးသည် အစားအစာများမှာ ပေါင်းထားသည့် ဘန်းမုန့်လေးတစ်လုံးနှင့် ကျဲတောက်တောက် ပြောင်းဖူးယာဂု အနည်းငယ်မျှသာဖြစ်ပြီး၊ ကျွန်တော့်တို့ကို လောက်လောက်ငင ကျွေးဖို့ ဝေးသေးသည်၊ ပြီးလျှင် နေ့အချိန်အတွင်းတွင် ကျွန်တော်တို့ကို အားအင် ကုန်ခမ်းစေသည့် အလုပ်ကြမ်းဖြင့် မနိုင်ဝန်ထမ်းစေပါသည်။ ကျွန်တော်တို့က တစ်နေ့တာ မိမိတို့၏ အလုပ်တာဝန်များကို မပြီးမြောက်ပါက၊ ညအကျဉ်းခန်းစောင့်ကြပ်သည့် အဆိုင်းတွင် တစ်ညလုံး ကင်းစောင့်ခိုင်းခြင်းဖြင့် ကျွန်တော်တို့ကို အပြစ်ဒဏ် ပေးခဲ့သည်၊ ဆိုလိုသည်မှာ ကျွန်တော်တို့က လေးနာရီကြာ မတ်တပ်ရပ်ရပြီး၊ နှစ်နာရီသာ အိပ်စက်ရလေသည်။ တစ်ခါတစ်ရံ ကျွန်တော် အလွန်ပင်ပန်းလှသည်မှာ မတ်တပ်ရပ်နေစဉ် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။ ထိုဆိုးယုတ်သောရဲများက ကျွန်တော့်ကို ညှဉ်းပန်းဖို့ ကျွန်တော့် အလုပ်ပမာဏ သတ်မှတ်ချက်များထက် ပိုသော အလုပ်တာဝန်ကို ပေးခြင်း သို့မဟုတ် တစ်ညလုံး ကင်းစောင့် တာဝန်ယူစေခြင်းတို့ကဲ့သို့သော နည်းလမ်းများရှာဖွေရန် အကျဉ်းခန်း ၏ အကျဉ်းသားခေါင်းဆောင်ကိုလည်း ပြောခဲ့လေသည်။ ကျွန်တော်က ပြိုလဲတော့မည့်အလားခံစားခဲ့ရသည်။ ထိုမကောင်းဆိုးဝါးများ၏ ညှဉ်းပန်းခြင်းနှင့် နှိပ်စက်ခြင်းများကို အကြိမ်ပေါင်းများစွာ ကျွန်တော်ခံရသည်မှာ ကျွန်တော်သည် လမ်းပေါ်မှ ခွေးလေခွေးလွင့်တစ်ကောင်ထက်ပင် လွတ်လပ်ခွင့် နည်းပါးသည့်အလား ခံစားခဲ့ရပြီး၊ ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်လောက်ပင် ကျွန်တော် စားသောက် မနေခဲ့ရပါ။ ဤအရာများကို တွေးလျက်၊ အိမ်နှင့် ကျွန်တော့်မိဘများကို အလွန်အမင်း လွမ်းဆွတ်မိပြီး၊ ထိန်းသိမ်းရေးစခန်းသည် လူများ အသက်ရှင်သန်ဖို့ နေရာတစ်ခု မဟုတ်ဟု ခံစားခဲ့ရသည်။ ကျွန်တော် ထိုနေရာတွင် နောက်ထပ်တခဏလေးပင် မနေလို ခဲ့ပါ။ ထိုဆိုးရွားသောနေရာမှ ချက်ချင်းထွက်သွားသည်ထက် မည်သည့် အရာကိုမျှ ကျွန်တော် မလိုချင်ပါ။ ကျွန်တော့် ဒုက္ခနှင့် အားနည်းခြင်းတို့ အမြင့်မားဆုံးအချိန်တွင်၊ ကျွန်တော် ဘုရားသခင် ကိုသာ ရိုးသားစွာ ဆုတောင်းနိုင်ပြီး၊ ဤအချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ဉာဏ်အလင်း ပေးပြီး၊ လမ်းပြမှု ပေးခဲ့ပါသည်။ “စိတ်မပျက်နှင့်၊ ခွန်အားမနည်းနှင့်၊ ငါသည် သင့်ကို ထုတ်ဖော်ပြသမည်။ နိုင်ငံတော်သို့ သွားသောလမ်းသည် ထိုမျှလောက် ချောမွေ့ခြင်းမရှိ၊ မည်သည့်အရာမျှ ထိုမျှလောက် မရိုးရှင်းပေ။ ကောင်းချီးများကို သင်သည် အလွယ်တကူ လိုချင်သည်၊ ဟုတ်သည်မဟုတ်လော။ ယနေ့တွင် လူတိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများကို ကြုံတွေ့ရလိမ့်မည်၊ ထိုကဲ့သို့ မဟုတ်လျှင် သင်တို့၏ ငါ့ကို ချစ်သော နှလုံးသားသည် ကြီးထွား သန်မာလာလိမ့်မည် မဟုတ်ဘဲ၊...ငါ၏ ခါးသီးခြင်းများထဲ၌ ဝေငှသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို ဧကန်အမှန် ဝေမျှရလိမ့်မည်။ ဤအရာသည် သင်တို့အတွက် ငါ၏ ကတိနှင့် ငါ၏ ကောင်းချီး ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ဘုရား နှုတ်ကပတ်တော်များက ကြီးမားသော နှစ်သိမ့်မှုနှင့် အားပေးမှု တို့၏ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ၎င်းတို့က ကျွန်တော် သည်းခံနေသည့် ဆင်းရဲ ဒုက္ခများနှင့် အခက်အခဲများသည် ဘုရားသခင်ထံမှ ကောင်းကြီမင်္ဂလာတစ်ခု ဖြစ်သည်ကို ကျွန်တော့်အား ကူညီနားလည် စေခဲ့သည်။ ကျွန်တော့်ကို စစ်ဆေးရန်နှင့် စုံလင်စေရန်၊ ပြီးလျှင် ဘုရားသခင်၏ ကတိတော်နှင့် ထိုက်တန်သည့် ဘုရားသခင်ကို ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ရှိသော သူတစ်ယောက် ဖြစ်စေရန် ဤခက်ခဲသော အခြေအနေများကို ဘုရားသခင် အသုံးပြုနေခဲ့သည်။ ငယ်စဉ်ကတည်းက မည်သို့ အလိုလိုက်ခံရပြီး၊ ဆင်းရဲ ဒုက္ခ သို့မဟုတ် အနည်းငယ်သော စော်ကားမှုပင် မည်သည့်အခါမျှ မခံနိုင်ခဲ့သည်ကို တွေးမိလျက်၊ သမ္မာတရားနှင့် အသက်တို့ကို ကျွန်တော်ရရှိလိုပါက၊ ဆင်းရဲဒုက္ခကိုခံရန် စိတ်ဓာတ်ကြံ့ခိုင်ခြင်းရှိဖို့ လိုပြီး၊ ပြတ်သားသော ယုံကြည်မှု လိုအပ်သည်။ ဤဆင်းရဲဒုက္ခကို တွေ့ကြုံခံစားခြင်း မရှိဘဲ၊ ကျွန်တော်အတွင်းရှိ ဖောက်ပြန်ပျက်စီးခြင်းသည် မည်သည့် အခါမျှ သန့်စင်မခံရနိုင်ပါ။ ကျွန်တော့်၏ ဆင်းရဲဒုက္ခသည် အမှန်တကယ်ပင် ဘုရားသခင် ထံမှ ကောင်းကြီးမင်္ဂလာဖြစ်သောကြောင့် ကျွန်တော် ယုံကြည်မှုရှိသင့်သည်၊ ဘုရားသခင် နှင့် ပူးပေါင်းသင့်သည်၊ ပြီးလျှင် ကျွန်တော့်အတွင်း၌ ဘုရားသခင်၏ သမ္မာတရား အလုပ်လုပ်ဖို့ ဘုရားသခင်ကို ခွင့်ပြုသင့်သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် နားလည်သဘောပေါက်သည်နှင့် တပြိုင်နက်၊ ဘုရားသခင်ထံဆုတောင်းချက်တစ်ခုက ကျွန်တော့်အတွင်း၌ ကောက်ကာငင်ကာ ထွက်ပေါ်လာခဲ့သည်၊ “ဘုရားသခင်။ ကျွန်တော် နောက်ထပ် အားမနည်းတော့သလို၊ အပျက်သဘောမဆောင်တော့ပါဘူး။ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်ပါမယ်၊ ကိုယ်တော့်ကို ပြတ်ပြတ်သားသား မှီခိုပါမယ်၊ စာတန်ကို အဆုံးအထိ ယှဉ်ပြိုင်တိုက်ခိုက်ပါမယ်၊ ပြီးတော့ ကိုယ်တော့်ကို ချစ်ဖို့နှင့် စိတ်ကျေနပ်စေဖို့ ကြိုးစားပါမယ်။ ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခံနိုင်ရည် ကိုယ်တော် ပေးဖို့ တောင်းလျှောက်ပါတယ်။” ထိန်းသိမ်းရေးစခန်းတွင် နှိပ်စက်ခြင်း နှင့် အရှက်ခွဲခြင်းတို့ကို ဒုက္ခခံခဲ့ရသည့် ရက်များအတွင်း၊ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းပြီး၊ မှီခိုခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော့် ယုံကြည်မှုရှိလာကတည်း မည်သည့် အချိန်ထက်မဆို ပိုခဲ့ပြီး၊ ၎င်းမှာ ဘုရားသခင်နှင့် ကျွန်တော် အနီးစပ်ဆုံးရှိခဲ့ဖူးသည့် အချိန်လည်း ဖြစ်သည်။ ထိုအချိန်အတွင်း၊ ကျွန်တော့် စိတ်နှလုံးက ဘုရားသခင်ကို တခဏလေးပင် မစွန့်ခွာခဲ့ဘဲ၊ သူက ကျွန်တော်နှင့်အတူ ရှိနေသည်ဟု ကျွန်တော် အမြဲခံစားခဲ့ရသည်။ ကျွန်တော် မည်မျှ ဒုက္ခခံရပါစေ၊ ကျွန်တော် ဆင်းရဲဒုက္ခခံရသည်ဟု လုံးဝမခံစားခဲ့ရဘဲ၊ ဤအရာအားလုံးက ကျွန်တော့်အတွက် ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ဖြစ်သည်ဟု ကျွန်တော် သိသာထင်ရှားစွာ နားလည် သဘောပေါက်ခဲ့သည်။

တစ်လကြာပြီးနောက် နံနက်ခင်းတစ်ခုတွင်၊ ထောင်စောင့်များက အစ်ကိုကြီးနှင့် ကျွန်တော်တို့ကို ရုတ်တရက် အပြင်သို့ ခေါ်ထုတ်ခဲ့သည်။ ခေါ်သံကြားသည့် အချိန်တွင် သူတို့က ကျွန်တော်တို့ကို လွှတ်ပေးနိုင်ကြောင်း နှင့် ထိုငရဲတွင် ကျွန်တော် နောက်ထပ် ဒုက္ခခံဖို့လိုတော့မည် မဟုတ်ကြောင်းတို့ကို တွေးလျက် ကျွန်တော် တစ်ရှိန်ထိုး စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ မှန်းချက် နှင့် နှမ်းထွက်မကိုက် ဖြစ်ရပါသည်။ ရဲစခန်း ဌာနအကြီးအကဲက “မင်းတို့နှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့အတွက် အလုပ်ကြမ်းကတစ်ဆင့် ပညာပေး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ် ခံရတယ်။ မင်းတို့ စကားမပြောလည်း၊ ဘာပဲဖြစ်ဖြစ် ငါတို့က အဲဒီအတိုင်းပဲ မင်းတို့ကို ပြစ်ဒဏ်ချမှတ်နိုင်တယ်။ ကွန်မြူနစ်ပါတီက ဒီနိုင်ငံကို အုပ်စိုးတယ်၊ ပြီးတော့ တရားစွဲဆိုမှုတစ်ခုကတောင် မင်းတို့ကို ဘာမှ အရာရောက်စေမှာ မဟုတ်ဘူး” ဟု ပြောလျက်၊ ကျွန်တော်တို့ကို အန္တရာယ်ပြုမည့် လက္ခဏာရှိသည့် အပြုံးနှင့် ရေးသားထား သည့် စီရင်ချက်တစ်ခုဖြင့် နှုတ်ဆက်ခဲ့သည်။ ကျွန်တော်တို့၏ ကံအကြောင်းမလှခြင်းကို သူမည်မျှ ပျော်နေသည်ကို မြင်ရခြင်းက ကျွန်တော့်ကို ဒေါသူပုန်ထစေသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက မည်သည့် ဥပဒေ သို့မဟုတ် လူ့ကျင့်ဝတ်ကိုမျှ မလိုက်နာဘဲ၊ ထို့ထက်ပို၍ ကျွန်တော့်ကဲ့သို့ အသက်မပြည့်သည့် ကလေးတစ်ယောက်ကို သက်သက် ရက်စက်စွာ ညှဉ်းပန်းခဲ့သည်၊ ၎င်းက ကျွန်တော့်ကို ပြစ်မှုလုံးဝ မဟုတ်သည့် အရာအတွက် ပြစ်ဒဏ်ချမှတ်ချက်တစ်ခု ပေးခဲ့သည်။ အခြားသော ညီအစ်ကိုနှင့် ကျွန်တော်တို့သည် ပြည်နယ် အလုပ်ကြမ်းစခန်းသို့ ထိုနေ့တွင် ခေါ်ဆောင်ခံခဲ့ရသည်။ ကျွန်တော်တို့ ကျန်းမာရေး ဆေးစစသည့် ကာလအတွင်းတွင်၊ ထိုညီအစ်ကိုက သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ နှင့် အခြားကျန်းမာရေး ပြဿနာများကို ခံစားနေသည်ကို ဆရာဝန်က တွေ့ခဲ့သည်။ အလုပ်ကြမ်းစခန်း အစောင့်များက သူတို့၏ အဆောက်အဦး၌ ထိုညီအစ်ကို သေဆုံးသွားလျှင် သူတို့ တာဝန်ယူရမည်ကို ကြောက်ကြ သောကြောင့် သူ့ကို လက်ခံဖို့ ငြင်းပယ်ခဲ့ကြသည်။ ရဲများအနေဖြင့် သူ့ကို ပြန်ခေါ်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ၊ ယင်းမှာ ထိုနေရာတွင် ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက် ကျွန်တော် စတင်ငိုကြွေးခဲ့သည်- ကျွန်တော် ခါးသီးစွာ ငိုကြွေးခဲ့ပါသည်။ ကျွန်တော့် နေအိမ်နှင့် မိဘများကို လွမ်းပြီး၊ မိတ်သဟာယပြုဖို့ ကျွန်တော့် ညီအစ်ကို မရှိဘဲ ကျွန်တော် ကျန်ခဲ့သည်ကို စဉ်းစားပါက၊ ထိုကဲ့သို့ ရှည်ကြာသည့် တစ်နှစ်ကို ကျွန်တော် မည်သို့ အောင်မြင်စွာ ဖြတ်ကျော်ရမည်နည်း။ ထိုနတ်ဆိုးများ၏ ညှဉ်းပန်းခြင်းနှင့် ရက်စက် ကြမ်းကြုတ်စွာ ဆက်ဆံခံရသည့် ပြီးခဲ့သည့်လတွင်၊ ၎င်းတို့၏ ရက်စက်မှုများကို မခံနိုင်သောကြောင့် ကျွန်တော် အပျက် သဘောဆောင်ပြီး အားနည်းသည့်အခါတိုင်း၊ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် ကျွန်တော့်ကို ခွန်အားရစေဖို့ ကူညီလျက်၊ ကျွန်တော့်ကို အားပေးရန်နှင့် နှစ်သိမ့်ရန် ဘုရားနှုတ်ကပတ်တော်များကို သူက ကျွန်တော်နှင့် မိတ်သဟာယပြုခဲ့သည်။ ထို့အပြင် သူ၏ စိတ်ဓာတ်ကြံ့ခိုင်ခြင်းကို မြင်ရခြင်းက၊ ထိုမကောင်းဆိုးဝါးများကို သူနှင့် အတူ တိုက်ခိုက်ပြီး အောင်မြင် ကျော်လွှားဖို့ ကျွန်တော့်ကို ယုံကြည်မှု နှင့် ခွန်အားတို့ ပေးခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ကျွန်တော်က ထိုတိုက်ပွဲကို တစ်ယောက်တည်းတိုက်ဖို့ ကျန်ရစ်ခဲ့လေသည်။ ကျွန်တော် အမှန်တကယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား...ကျွန်တော် ပို၍တွေးလေ၊ ပို၍ စိတ်မချမ်းမြေ့ခံစားရလေဖြစ်ပြီး၊ အပျက် သဘောဆောင်ခြင်း၊ အထီးကျန်ခြင်း၊ ခါးသီးခြင်းနှင့် အရှက်ကွဲခြင်းတို့က ကျွန်တော့်စိတ်နှလုံးတွင် ပို၍ အမြစ်တွယ်လေ ဖြစ်သည်။ ကျွန်တော့် ဒုက္ခက ကျွန်တော့်ကို မျှော်လင့်ချက်မတော့မည့်ဆဲဆဲ အခြေအနေသို့ တွန်းပို့သည့် အချိန်တွင် ကျွန်တော် ဘုရားသခင်ကို အဆောတလျင် အော်ခေါ်ခဲ့သည်၊ “ဘုရားသခင်၊ ကျွန်တော့် ဝိညာဉ်အသက်တာက အရမ်းနုနယ်ပါတယ်။ ဒီလို ကြီးမားတဲ့ စမ်းသပ်မှုကို ကျွန်တော် ဘယ်လို တောင့်ခံနိုင်မှာလဲ။ ဒီအလုပ်ကြမ်းကတစ်ဆင့် ပညာပေးခြင်း ရှည်ကြာတဲ့တစ်နှစ်ကို ကျွန်တော် ဘယ်လို ကျော်ဖြတ်သင့်ပါသလဲ။ ဘုရားသခင်၊ ကျွန်တော့်ကို လမ်းပြဖို့နဲ့ ထောက်ကူပေးဖို့၊ ယုံကြည်မှုနဲ့ခွန်အားတို့ကို ပေးဖို့ ကိုယ်တော့်ကို အနူးအညွတ် တောင်းပန်ပါတယ်…။” ကျွန်တော် အသံတစ်သံမျှ မထွက်ဘဲ ငိုနေသည်နှင့် အညီ မျက်ရည်များက ကျွန်တော့် မျက်နှာပေါ် စီးကျလာခဲ့သည်။ ကျွန်တော် ဆုတောင်း စဉ်တွင် အသက် ဆယ့်ခုနှစ်နှစ် အရွယ်၌ အဲဂုတ္တုပြည်ထဲသို့ ရောင်းစား ခံရသည့် ယောသပ်၏ အတွေ့အကြုံကို ကျွန်တော် ရုတ်တရက် သတိရမိသည်။ သူက အဲဂုတ္တုပြည်တွင် တစ်ယောက်တည်း ဖြစ်သော်လည်း၊ အရှက်ရခြင်း နှင့် ဆင်းရဲဒုက္ခတို့ကို သည်းခံခဲ့ပြီး၊ စစ်မှန်သော ဘုရားသခင်ကို မည်သည့်အခါမျှ မစွန့်ခွာခဲ့သကဲ့သို့၊ စာတန်ကို အရှုံးမပေးခဲ့ပါ။ ကျွန်တော်သည် အကျဉ်းထောင်တွင် ထိုမကောင်းဆိုးဝါးများအားဖြင့် ဒုက္ခခံဖို့ ဖြစ်လာခဲ့သော်လည်း၊ ယင်းမှာ ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်နေ ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်တော် အမှန်တကယ် အားကိုးကာ၊ စာတန်ကို အရှုံးပေးဖို့ ငြင်းဆန်သမျှ ကာလပတ်လုံး၊ ဘုရားသခင်က စာတန်ကို အောင်မြင် ကျော်လွှားခြင်း နှင့် မကောင်းဆိုးဝါးတို့၏ သားရဲတွင်းကို စွန့်ခွာခြင်းတို့တွင်လည်း ကျွန်တော့်ကို ဦးဆောင်လိမ့်မည် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဘုရား နှုတ်ကပတ်တော်များကို ကျွန်တော် တစ်ဖန် ပြန်လည်အမှတ်ရမိခဲ့သည်။ “သင်သည် ငယ်ရွယ်သည့်အတွက် မသိမ်ငယ်နှင့်။ သင့်ကိုယ်သင် ငါ့ထံသို့ ဆက်ကပ်အပ်နှံသင့်သည်။ ငါသည် လူတို့ကို အပေါ်ယံအားဖြင့် သို့မဟုတ် သူတို့၏အသက်အရွယ် ဘယ်လောက်ရှိသည်အားဖြင့် မမြင်ပေ။ သူတို့သည် ငါ့ကို စစ်မှန်စွာ ချစ်ခြင်းဟုတ်မဟုတ်၊ သူတို့သည် အခြားအရာများအားလုံးကို စွန့်လွှတ်ကာ ငါ၏လမ်းကို လိုက်၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ကိုသာ ငါ မြင်သည်။ မနက်ဖြန်သည် မည်သို့ရှိမည် သို့မဟုတ် အနာဂတ်သည် ဘယ်သို့ရှိမည်ကို မစိုးရိမ်နှင့်။ နေ့စဉ်နေထိုင်မှုအတွက် သင်သည် ငါ့ကို အားထားနေသရွေ့၊ ငါသည် သင့်ကို ဧကန်မုချ လမ်းပြမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်နှလုံးသားကို နွေနေမင်းကဲ့သို့ နွေးထွေးစေခဲ့သည်။ ဘုရားသခင်က မည်သူ့ကိုမျှ မျက်နှာသာမပေးသလို၊ ကျွန်တော်က ငယ်ရွယ်သော်ငြားလည်း၊ ဘုရားသခင်ကို ရိုးသားစွာ ချစ်သော နှလုံးသားတစ်ခုရှိပြီး၊ ဘုရားနှုတ်ကပတ်တော်အားဖြင့် ကျွန်တော် အသက်ရှင် သရွေ့၊ ဘုရားသခင်၏ လမ်းပြမှုကို ကျွန်တော် အမြဲ ရရှိမည်ဖြစ်ကြောင်းကို ဘုရား နှုတ်ကပတ်တော်များက ကျွန်တော့်အား မြင်စေခဲ့သည်။ ကျွန်တော် အဖမ်းအဆီးခံခဲ့ရသည့် အခိုက်အတန့်ကတည်းက အခက်အခဲတိုင်းကို ကူညီကျော်ဖြတ်ပေးပြီး၊ ကျွန်တော် ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် ဖြစ်စေလျက် ဘုရားသခင်က မည်သို့ အချိန်တိုင်း ကျွန်တော်နှင့်အတူ ရှိနေခဲ့သည်ကို ကျွန်တော် တွေးမိသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် လမ်းပြမှုတို့ မရှိဘဲ၊ ထိုမကောင်းဆိုးဝါးများ၏ ရက်စက်သော ရိုက်နှက်ခြင်းများနှင့် လူမဆန်သော ညှဉ်းဆဲမှုများကို ကျွန်တော် မည်သို့ သည်းခံနိုင် မည်နည်း။ ဘုရားသခင်ကို မှီခိုခြင်းအားဖြင့် ထိုကဲ့သို့သော ကြီးမားသည့် အခက်အခဲကို ကျွန်တော် လွန်မြောက်ခဲ့ပြီး၊ အလုပ်ကြမ်းမှ တစ်ဆင့် ပညာပေး ထောင်ဒဏ်တစ်နှစ်ကို ရင်ဆိုင်နေရ သောကြောင့် ကျွန်တော် အဘယ့်ကြောင့် ယုံကြည်မှု ချို့တဲ့ခဲ့ရပါသနည်း။ ကျွန်တော် မှီခိုဖို့ လိုအပ်သည်မှာ ဘုရားသခင်သာ ဖြစ်သည် မဟုတ်ပါလား။ ဘုရားသခင်က ကျွန်တော်နှင့် အတူရှိပြီး၊ အချိန်တိုင်း ကျွန်တော့်ကို လမ်းပြမှုဖြင့် ထောက်ပံ့သောကြောင့် ကျွန်တော်က အဘယ့်ကြောင့် အထီးကျန် သို့မဟုတ် ကြောက်ရွံ့သင့်ပါသနည်း။ ထိုအခြေအနေများက ကျွန်တော့်အတွက် အမှီအခိုကင်းစွာ အသက်ရှင်သန်ခြင်းနှင့် အသက်တာတွင် ရင့်ကျက်လာခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ ကျွန်တော် မိမိကိုယ်ကို ကလေးတစ်ယောက်အဖြစ် မမြင်နိုင်တော့သလို၊ ဘုရားသခင်ကို အားမကိုးဘဲနေစဉ် အခြားသူများကို အမြဲတမ်း အားကိုး၍လည်း မဖြစ်တော့ပါ။ ကျွန်တော် ရင့်ကျက်သင့်သည်၊ ကျွန်တော့် ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ဖို့ ဘုရားသခင်ကို မှီခိုသင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို မှီခိုလျက် ထိုလမ်းကြောင်းကို ဧကန်မုချ ဆက်လျှောက်နိုင်မည်ဟု ယုံကြည်သင့်သည်။ ဘုရားသခင် ကို မှီခိုဖို့ နှင့် ချစ်ဖို့ စိတ်ပိုင်းဖြတ်ခြင်း ရှိသူများကို စာတန်က မည်သည့်အခါကမျှ အနိုင်မယူနိုင်ပါ။ ထိုအချိန်သည် ကျွန်တော့်မှာ ယောက်ျားတစ်ယောက်၏ သတ္တိရှိရန် နှင့် ဘုရားသခင်ကို ကျွန်တော့် လုပ်ရပ်များမှတဆင့် ဘုန်းအသရေ ရရှိခွင့်ပေးရမည့် အချိန် ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် နားလည်သဘောပေါက်သည်နှင့် တပြိုင်နက် အားကောင်းသော အင်အားတစ်ခုကကျွန်တော့်ကို အားပေးနေသည့်အလား ခံစားရပြီး၊ ထောင်ထဲတွင် ကျွန်တော့်ဘဝကို ရင်ဆိုင်ဖို့ ကျွန်တော့်စိတ်ထဲတွင် သန္နိဌာန် ရှိလာခဲ့သည်။

အလုပ်ကြမ်းစခန်းမှ အစောင့်များက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်သည်ကို သိရသည့်အချိန်တွင်၊ သူတို့က ကျွန်တော့်ကို တမင်သက်သက် စတင် ညှဉ်းဆဲကြလေသည်။ သူတို့က ကျွန်တော့်ကိုကီလို ၅၀ကျော် လေးသည့် အကြမ်းခံ အိတ်များကို တတိယအလွှာမှ ပထမအလွှာသို့ နံနက်ငါးနာရီမှ ည၁၁ နာရီကျော်သည်အထိ သယ်ရသည့် ပြင်းထန်သော အလုပ်ကြမ်းကို တာဝန်ပေးခဲ့သည်၊ ကျွန်တော့်၏ အလုပ် ခွဲတမ်းကို မပြီးပါက၊ ညမိုးချုပ်သည်အထိ အချိန်ပို အလုပ်လုပ်ရသည်။ ကျွန်တော် ယခင်က အလုပ်ကြမ်းတစ်ခါမျှ မလုပ်ခဲ့ဖူးသလို၊ ထိန်းသိမ်းရေးစခန်းတွင် မည်သည့်အခါမျှ ဝဝလင်လင် မစားခဲ့ရသောကြောင့် ကျွန်တော် အမြဲတမ်း ခြေကုန်လက်ပမ်းကျခဲ့သည်။ အစတွင် အိတ်များကို ကျွန်တော် လုံးဝ မသယ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် ဘုရားသခင်ကို ရိုးသားစွာ မှီခိုခြင်းမှတစ်ဆင့် တဖြည်းဖြည်းချင်း ၎င်းတို့ကို ကျွန်တော် သယ်နိုင်လာခဲ့သည်။ အလုပ်ကြမ်းက ကျွန်တော့်ကို နေ့စဉ် ပြောရက်စရာမရှိအောင် ခြေကုန်လက်ပမ်းကျစေပြီး၊ ကျွန်တော့် ခါးများနှင့် ခြေထောက်များ ကိုက်ခဲစေခဲ့သည်။ အစောင့်များက ကျွန်တော့်ကို ရက်ရက်စက်စက် ရိုက်နှက်ဖို့ အခြားအကျဉ်းသားများကို မကြာခဏ အမိန့်ပေးခဲ့ပြီး ကျွန်တော့်ကို ဒဏ်ရာများ၊ ပွန်းပဲ့ရာများဖြင့် မကြာခဏ ဖုံးလွှမ်းကျန်ရစ်စေခဲ့သည်။ တစ်ကြိမ်တွင် ကျွန်တော် ရေခပ်ရာမှ နောက်ကျ ပြန်လာ သောကြောင့် ကျွန်တော့်ကို ရိုက်ဖို့ အကျဉ်းသား ခေါင်းဆောင်ကို အစောင့်များက အမိန့်ပေးခဲ့သည်။ ရိုက်နှကခံရသည့် အတာအတွင်းတွင် ကျွန်တော့် နားစည်က ပေါက် သွားပြီး၊ ကွဲသွားခဲ့ကာ၊ ပိုးဝင်လာပြီး၊ ကျွန်တော့်ကို နားလေးလုနီးပါး ဖြစ်ကျန်စေခဲ့သည်။ ဤကဲ့သို့ အနိုင်ကျင့်ခြင်းနှင့် နှိပ်စက်မှုကိုခံရခြင်းအား မကျေမချမ်းမှုဖြင့် ကျွန်တော် အံ့ကြိတ်သော်လည်း၊ ခုခံရန် ကျွန်တော် ခိုကိုးရာမဲ့ခဲ့လေသည်။ ကျွန်တော်က စိတ်မချမ်းမြေ့ ဖြစ်ပြီး၊ နာကျည်းချက်များ တေးထားသော်လည်း ကုစားစရာရှာဖို့ နေရာမရှိခဲ့ပါ။ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ ဆုတောင်းခြင်း တွင် ကျွန်တော့် ဒုက္ခများကို သူနှင့် ဝေမျှခံစားဖို့သာ တတ်နိုင်ပါသည်။ ထိုမှောင်မိုက်သည့် အကျဉ်းထောင် ထဲတွင် ဘုရားသခင် နှင့် နီးနီးကပ်ကပ်နေဖို့၊ အရာအားလုံးတွင် ဘုရားသခင်ကို မှီခိုပြီး အားကိုးရန် ကျွန်တော် သင်ယူခဲ့သည်- ဘဝတွင် ဝမ်းမြောက်ခြင်းအများဆုံး ယူဆောင်လာ ပေးသည့် အရာမှာ ကျွန်တော့်၏ အတွင်းကျကျအတွေးများကို ဝေမျှခံစားဖို့ ဘုရားသခင်ထံ ဆုတောင်းခြင်း ဖြစ်သည်။ ကျွန်တော် ဝမ်းနည်းသည့် သို့မဟုတ် အားနည်းသည့် အချိန်တိုင်း၊ ကျွန်တော် သီဆိုဖို့ အနှစ်သက်ဆုံး ဓမ္မသီချင်းမှာ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ” “အို ဘုရား၊ ကျွန်ုပ်ရဲ့ နှလုံးသားဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ဖို့ မတတ်စွမ်းနိုင်ပါဘူး။ ကျွန်ုပ်ဟာ ကိုယ်တော်ကို ချစ်ချင်ပေမဲ့ အားနည်းနေပါတယ်။ ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။ ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်ပေးပါ။ ကျွန်ုပ်ရဲ့ နှလုံးသားကို ကိုယ်တော်ရဲ့ ဝိညာဉ်တော်နဲ့ တို့ထိပါ။ ဒါမှသာ ကျွန်ုပ်ရဲ့ တက်ကြွမှုမရှိတဲ့ အခြေအနေတွေ ကိုယ်တော့်ရဲ့ရှေ့မှာ မရှိတော့မှာ ဖြစ်တယ်။ လူပုဂ္ဂိုလ်၊ ဝတ္ထုပစ္စည်း သို့မဟုတ် တစ်ခုခုရဲ့ ကန့်သတ်မှုကို မခံရမှာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ တစ်ဘဝလုံးကို ကိုယ်တော့်ထံ ဆက်ကပ်ထားသလိုဘဲ ကျွန်ုပ်ရဲ့ နှလုံးသားကိုလည်း ကိုယ်တော့်ရှေ့မှာ ဖွင့်ပြထားပါတယ်။ ကျွန်ုပ်ကို ကိုယ်တော်ဆန္ဒရှိသလို စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်ုပ်ရဲ့ ရှေ့ရေးကိုလည်း မစဉ်းစားတော့ပါဘူး၊ သေခြင်းတရား ကလည်း ကျွန်ုပ်ကို မချည်နှောင်ထားပါဘူး။ ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်ရဲ့ နှလုံးသားကို အသုံးပြုပြီး အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါတယ်။ အရာအားလုံးနဲ့ ဖြစ်ပျက်သမျှဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ကျွန်ုပ်ရဲ့ ကံကြမ္မာဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒါ့အပြင် ကျွန်ုပ်ရဲ့ အသက်တာဟာလည်း ကိုယ်တော်ရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ယခု ကိုယ်တော်ရဲ့ အချစ်ကို ကျွန်ုပ်ရအောင် အားထုတ်ပါတယ်။ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က ဘယ်လိုပဲ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ) ဟူ၍ ဖြစ်သည်။ သီဆိုပြီးရင်း သီဆိုရင်း၊ ကျွန်တော်သည် မျက်ရည်ကျအောင် တို့ထိခံရပြီး၊ ကျွန်တော့် စိတ်နှလုံးကို ကြီးမားသော နှစ်သိမ့်မှု နှင့် အားပေးမှုတို့ ယူဆောင်လာပေးသည်။ ကျွန်တော့်အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံခံစားစေလျက် အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော့်ကို ထပ်ခါထပ်ခါ ကူညီပြီး အားပေးခဲ့သည်။ သနားကရုဏာနှင့် ပြည့်စုံသော မိခင်တစ်ဦးကဲ့သို့၊ တစ်ချိန်လုံး ကျွန်တော့်ကို နှစ်သိမ့်ပြီး အားပေးကာ၊ ယုံကြည်မှုနှင့် ခွန်အားတို့ ပေးပြီး၊ ကျွန်တော် မည်သည့်အခါမျှ မမေ့နိုင်မည့် ထိုနှစ်တစ်လျှောက် လမ်းပြလျက် ဘုရားသခင်က ကျွန်တော့် နံဘေးတွင် စောင့်ရှောက်ခဲ့သည်။

အကျဉ်းထောင်ထဲတွင် ကျွန်တော့်၏ မှောင်မိုက်သော အချိန်များကို တွေ့ကြုံခံစား ရပြီးနောက်၊ ဘဝတွင် ကျွန်တော် များစွာပိုမို ရင့်ကျက်လာပြီး၊ သမ္မာတရား နှင့် ပတ်သက်ပြီး များစွာသော ဗဟုသုတများကိုလည်း ရရှိခဲ့သည်။ ကျွန်တော်က နောက်ထပ် နုံသောသူတစ်ယောက်၊ အပြစ်ကင်းသည့် ကလေးတစ်ယောက် မဟုတ်တော့ပါ။ ဆိုးယုတ်သောရဲများ၏ အကြိမ်ကြိမ် နှိပ်စက်မှု နှင့် ညှဉ်းပန်းမှုများကို အောင်မြင် ကျော်လွှားရာတွင် ကျွန်တော့်ကို လမ်းပြပြီး၊ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း တို့မှ လွတ်လာဖို့၊ ထဖို့နှင့် ခိုင်မာစွာရပ်တည်ဖို့ ထပ်ခါထပ်ခါ ခွင့်ပြုခဲ့သည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရား နှုတ်ကပတ်တော်များက ဘုရားသခင်၏ စိတ်နှလုံး ကို မည်သို့ ထောက်ထားပြီး နှစ်သိမ့်ရ မည်ကို နားလည်သဘောပေါက် စေခဲ့သည့်အပြင်၊ ဘုရားသခင်ကို မည်သို့ အားကိုးပြီး၊ ခိုင်မာစွာ ရပ်တည်ဖို့၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ရန် ဘုရားသခင်အတွက် မည်သို့ သက်သေခံ ရမည်ဆိုသည်တို့ကိုလည်း နားလည် သဘောပေါက်စေခဲ့သည်။ ထို့အပြင် နှုတ်ကပတ်တော်များက စာတန် နှင့် မကောင်း ဆိုးဝါးများ၏ လူမဆန်မှု နှင့် ရက်စက်မှုတို့အပြင်၊ ဘုရားသခင်၏ ရန်သူများအဖြစ် ၎င်း၏ ဆိုးယုတ်သော ဖောက်ပြန်ရေး ဝါဒီ အနှစ်သာရကိုလည်း သိသာထင်ရှားစွာ သိမြင်စေ ခဲ့သည်။ ယင်းက “ပြည်သူကို ချစ်သော ပြည်သူ့ရဲများ” ဆိုသည့် ဟန်ဆောင်ထားသော ပုံရိပ်အပေါ် ထိုးထွင်းသိမြင်မှုကို ကျွန်တော့်ကို ပေးခဲ့သည်။ ကျွန်တော်သည် စာတန်၏ မုသားများအားဖြင့် မည်သည့်အခါမျှ ထပ်လှည့်စားမခံရတော့ပါ။ ကျွန်တော် သည်းခံခဲ့ရ သည့် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခတို့က ကျွန်တော့်ကို မပျက်စီးစေနိုင်ခဲ့သည် သာမက၊ ၎င်းတို့က ကျွန်တော်လျှောက်သည့် ယုံကြည်မှု လမ်းကြောင်း၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ ဤခက်ခဲ ကြမ်းတမ်းသော၊ ခက်ထန်သော လမ်းကြောင်းကိုဖြတ်၍ ကျွန်တော့်ကို ဦးဆောင်ခြင်းနှင့် အင်မတန် ငယ်သော အသက်အရွယ်တွင် ရက်စက်သော ညှဉ်းဆဲမှုကို ခံဖို့ သင်ယူခွင့်ပြုခြင်းတို့အတွက် ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤအရာမှတဆင့် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အခြာ အာဏာတို့ကို ကျွန်တော် မြင်ခဲ့ပြီး ဤသည်မှာ ကျွန်တော့်အတွက် ဘုရားသခင်၏ အထူးကယ်တင်ခြင်း ဖြစ်ပါသည်။ မကောင်းဆိုးဝါးများ အုပ်စိုးသည် ဆိုးယုတ်သော လောက တစ်ခုတွင် ဘုရားသခင်သည်သာ လူတို့ကိုကယ်တင်နိုင်ပြီး၊ ဘုရားသခင်သည် သာလျှင် ကျွန်တော်တို့ လိုအပ်သည့် အခါတိုင်း ကျွန်တော်တို့၏ အားပေးမှု နှင့် အကူအညီ ဖြစ်နိုင်ကာ၊ ဘုရားသခင်သာလျှင် လူတို့ကိုအမှန်တကယ် ချစ်သည်ဟု ကျွန်တော် နက်ရှိုင်းစွာ ခံစားရသည်။ ကျွန်တော် သည်းခံခဲ့သည့် ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် အခက်အခဲများသည် ကျွန်တော့်အတွက် ဘဝတွင် ကြီးထွားခြင်းနှင့် ပတ်သက်သည့် တန်ဖိုးရှိသော ရတနာဖြစ်လာပြီး၊ ကျွန်တော်၏ ကယ်တင်ခြင်း အပြည့်အဝ ရရှိခြင်းအတွက် အလွန်အကျိုးရှိလေသည်။ ထိုအချိန်က ကျွန်တော် ဒုက္ခခံရသော်လည်း၊ ထိုဆင်းရဲဒုက္ခသည် အလွန့်အလွန် တန်ဖိုးရှိပြီး၊ အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောထားသကဲ့သို့ပင် ဖြစ်သည်၊ “အကယ်၍ သင်သည် ဤရေစီးကြောင်းထဲ၌ ပါလိုစိတ်ရှိပြီး ဤတရားစီရင်မှုနှင့် အလွန့် အလွန်ကြီးမားလှသော ဤကယ်တင်ခြင်းကို ခံစားလိုစိတ်ရှိလျှင်၊ လူ့လောက၌ မည်သည့်နေရာ၌မျှ မတွေ့နိုင်သည့် ဤကောင်းချီး မင်္ဂလာများ အားလုံးကို ခံစားလိုလျှင်၊ ဤချစ်ခြင်းမေတ္တာကို ခံစားလို လျှင် သိမ်းပိုက်ခြင်းအလုပ်ကို လက်ခံဖို့အတွက် ဤရေစီးကြောင်းထဲ၌ ကျိုးနွံစွာနေလော့၊ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်ခံနိုင်ဖို့ဖြစ် သည်။ ယခု သင်သည် တရားစီရင်မှုကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အချို့ကို ခံနေရသော်လည်း၊ ထိုနာကျင်မှုသည် တန်ဖိုးရှိသည်၊ အဓိပ္ပာယ်လည်းရှိသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)”)

ယခင်က:မကောင်းဆိုးဝါးများ၏ ရက်စက်မှုကို အောင်မြင်ကျော်လွှားဖို့ ဘုရားသခင်က ကျွန်မကို လမ်းပြသည်

နောက်တစ်ခုသို့:ဘုရားသခင်၏ အသက်စွမ်းအား၏ ထူးကဲသာလွန်မှု နှင့် ကြီးမြတ်ခြင်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ