အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၂၂ ဘုရား၏ယဇ်များကို ခိုးယူခြင်း၏ အကျိုးဆက်များကျူး

၁ ငါ့ကို လှည့်ဖြားခဲ့သော သင်၏ အထိန်းအကွပ်မဲ့ ဇာတိကို ယခု ငါမြင်ကာ သင့်အတွက် သေးငယ်သော သတိပေးချက်တစ်ခုသာ ငါ၌ ရှိ၏။ သင့်ကို “ကြည့်ရှုပြုစုရန်” ပြစ်တင်ဆုံးမမှုဖြင့် ငါ အရေးယူမည် မဟုတ်သည်မှာ သေချာ၏။ ငါ၏ အလုပ်၌ သင်ကပြရသည့် အခန်းကဏ္ဍကို သင်သိသင့်ပြီး နောက်တွင် ငါ ကျေနပ်လိမ့်မည်ဖြစ်သည်။ ဒီ့အပြင်၊ သင်သည် ငါ့ကိုတွန်းလှန်လျှင် သို့မဟုတ် ငါ၏ ငွေကို ဖြုန်းလျှင် သို့မဟုတ် ငါ ယေဟောဝါအဖို့ ယဇ်ကောင်များကို စားသုံးလျှင်၊ သို့မဟုတ် အသင်တို့ လောက်ကောင်များ အချင်းချင်း ကိုက်ကြလျှင်၊ သို့မဟုတ် အသင်တို့ ခွေးတူသတ္တဝါများကြား ပဋိပက္ခ သို့မဟုတ် စော်ကားခြင်းများ ရှိလျှင် ထိုသို့သောအရာများနှင့် ငါအဘယ်သို့မျှ မစပ်ဆိုင်။ သင်တို့ အဘယ်အရာမျိုးဖြစ်ကြသည်ကိုသာ သင်တို့ သိဖို့လိုပြီး ငါသည် စိတ်ကျေနပ်လိမ့်မည်။

၂ ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြသော နံဟောင်နေသော တီကောင်ငယ်လေးများဖြစ်သည့် သင်တို့သည် ထိုသို့လုပ်ဆောင်ရင်းဖြင့် အရွေးချယ်ခံ ဣသရေလလူမျိုး ဖြစ်လာဖို့ရန် ပျက်ဆီးခဲ့သော၊ ကျဆုံးခဲ့သော သင်တို့၏ အမည်များကို ကယ်ဆယ်နိုင်ကြသလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ယဇ်များမှာ ငါ့ကို ကြောက်ရွံ့ကြသောသူများ ထံမှလာသော သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြရင်း လူတို့မှ ငါ့ကို ပူဇော်ခဲ့သည့် အရာများဖြစ်သည်။ ၎င်းတို့မှာ ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့ ဖြစ်သည်၊ ထို့ကြောင့် လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်အမှန်တကယ် လုယက်နိုင်သလော။ ယုဒကဲ့သို့သော သူတစ်ဦး ဖြစ်မည်ကို သင်တို့ မကြောက်ကြသလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက် သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများ အားလုံးသည် အသင် လောက်၏ ဝမ်းကို ဖြည့်တင်းဖို့ ဖြစ်သည်ဟု သင်ထင်သလော။

၃ ငါသင့်ကို ပေးခဲ့ပြီးသောအရာသည် ငါပျော်ပျော်နှင့် လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်၊ ငါသင့်ကို မပေးခဲ့သောအရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သောအရာဖြစ်ပြီး ငါ၏ ယဇ်များကို သင် သက်သက် ခိုးယူ၍ မရပါ။ အလုပ်လုပ်သောသူမှာ ငါ ’ ယေဟောဝါ ’ ဖန်ဆင်းခြင်း၏ သခင်ဖြစ်ပြီး ယဇ်များကို လူတို့ ပူဇော်ကြသည်မှာ ငါ့ကြောင့်ဖြစ်သည်။ ထိုအရာကို သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူ ဖြစ်၏။ မည်သူ့အတွက် သင်အလုပ်များနေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ အဘယ်ကြောင့် ငါ၏ ယဇ်များကို သင်ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူ သနည်း။ သင်သည် ယုဒရှကာယုတ်၏ သား မဟုတ်လော။ ငါ ယေဟောဝါ၏ ယဇ်များမှာ ယဇ်ပုရောဟိတ်များ အားဖြင့် ပျော်မွေ့ဖို့ရာဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦး ဖြစ်သလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်မြင့်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်မှာပင်လျှင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ သင်သည် အချည်းနှီး စုတ်ချာသောသူ ဖြစ်သည်။ ငါ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုခဲ့သမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

နောက်တစ်ခုသို့:သမ္မာတရားကို မလိုက်စားသူတို့သည် နောင်တရကြလိမ့်မည်ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

  • သမ္မတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

    ၁ သမ္မတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ် သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထား အောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း ရဲရင့်စွာကြံ့ခို…

  • ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

    I စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေ သူတို့အားလုံးကို မျက်မှေ…

  • သခင် ယေရှုကို အတုယူကြစေ

    ၁ ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊ လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊ ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊ တစ်ကိုယ်ခေါင်းဆ…

  • ဘုရားပေါ်ထွန်းခြင်း၏ရည်ရွယ်ချက်

    Ⅰ ဘုရား ထွန်းပေါ်ခြင်း ဟာ သူ့အမှုတော်ဆောင်ရွက် ဖို့ သူကိုယ်တိုင် ဤလောကသို့ ကြွဆင်းလာခြင်းကိုဆို သူ၏ ပင်ကိုလက္ခဏာတွင် သူ၏ အစီစဉ်များနှင့် သူ၏ ကိုယ်…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ