အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၁၅ ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်ုပ် အရေးထားသင့်သည်

၁ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ် ကြားကာ သူ့ရှေ့မှောက် ခေါ်ဆောင်ခံရသည်မှာ ကျွန်ုပ် ကောင်းချီးခံစားရခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရင်း၊ သိုးသငယ်၏ မင်္ဂလာထမင်းစားပွဲကို ကျွန်ုပ် တက်ရောက်ပြီး၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ် မြင်ရပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကြုံရခြင်းသည် ဘုရားသခင်အားဖြင့် အမှန်တကယ် ချီးမြှောက်ခံရခြင်း ဖြစ်သည်။ အလွန်ဖောက်ပြန်ပျက်စီးသည့် ကျွန်ုပ်သည် အဘယ်သို့ သူ၏ မျက်နှာတော်ကို မြင်ရဖို့ ထိုက်တန်မည်နည်း။ ကျွန်ုပ် ရှေ့က ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်အတူ၊ ကျွန်ုပ် ငိုကြွေးနေသည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်မပေးဆပ်နိုင်လျှင်၊ သူ့ကို မျှော်ကြည့်ရန် ကျွန်ုပ် အလွန်ရှက်ရွံ့မိမည်။ ကျွန်ုပ်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား တို့ အမှန်တကယ်ရှိလျှင်၊ ဘုရားသခင်၏ အလိုတော်ကို အဘယ်ကြောင့် ကျွန်ုပ် အရေးမထားနိုင်ပါသနည်း။ ယင်းအစား၊ ကာမဂုဏ်ကို ကျွန်ုပ် မက်မောကာ အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သည်။

၂ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းနိုင်ခြင်းအားဖြင့် မကြာခဏ ကျွန်ုပ် ဒုက္ခများရသည်။ ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထားများက အလွန် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ပြီး စွန့်ပစ်ဖို့ အမှန်တကယ် ခက်လှသည်။ သမ္မာတရားမရှိဘဲ မာနထောင်လွှားနေ ဆဲဖြစ်ပြီး၊ အသိစိတ် ကျွန်ုပ် အလွန်ကင်းမဲ့နေသည်။ ကျွန်ုပ် အလျင်အမြန် ပြောင်းလဲနိုင်ဖို့အလို့ငှာ ပိုမို ပြင်းထန်သော တရားစီရင်ခြင်းကို ကျွန်ုပ် စိတ်အားထက်သန်စွာ စောင့်ဆိုင်းသည်။ ဘုရားသခင်၏ စိုးရိမ်ကြောင့်ကြမှုကို မြင်ရင်း၊ ပို၍ပင် ခက်ခက်ခဲခဲ ကြိုးပမ်းဖို့ ကျွန်ုပ် ဆန္ဒရှိသည်။ စစ်ဆေးမှုအားလုံးက သမ္မာတရားရရှိဖို့ ထိုက်တန်ပေသည်။ ကိုယ်တော်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကြောင့်သာ လူသားပုံသဏ္ဍာန် အနည်းငယ်ကို ကျွန်ုပ် အသက်ရှင်နေထိုင်ပေသည်။ အတွေ့အကြုံမှတဆင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က သူ၏ ကောင်းချီးမင်္ဂလာများဖြစ်ကြသည်ကို ကျွန်ုပ် သိသည်။

၃ ကျွန်ုပ်တို့ကို ကယ်တင်ရန် အတိုင်းမသိ အဖိုးအခကို ဘုရားသခင်ပေးပြီ။ တရားစီရင်ခြင်းနှင့် စမ်းသပ်ခြင်းများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများစွာက အစေခံခြင်းအမှုကို လုပ်ဆောင်နေသည်။ အင်မတန် ဖောက်ပြန်ပျက်စီးသော လူတို့က ကယ်တင်ခြင်းကို ရရှိဖို့မှာ လွယ်ကူသော စွမ်းဆောင်မှု မဟုတ်ပေ။ ဘုရားသခင်ကို သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက် ကျေးဇူးတင်ရှိမိသည်။ ကျွန်ုပ် အသစ်သော အသက်ကို ရလေပြီ။ ဤကြီးမြတ်သော ကောင်းချီးမင်္ဂလာက ကျွန်ုပ်အပေါ် ရောက်လာပြီ၊ ကျွန်ုပ်သည် ကျေးဇူးတင်ရှိခြင်း မျက်ရည်များ မကျဘဲ မည်သို့ နေနိုင်မည်နည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားလုံးကို ခံစားရင်း၊ ကျွန်ုပ်သည် မိမိအတွက် မည်သို့ ဆက်လက်အသက်ရှင်နိုင်မည်နည်း။ ဤဘဝတွင် ဘုရားသခင်ကို ဘုန်းထင်ရှားစေကာ သက်သေခံသင့်ပြီး၊ ထို့နောက်တွင်မှ ကျွန်ုပ်၏ စိတ်နှလုံး ဖြေသိမ့်မှုရလိမ့်မည်။ ကျွန်ုပ်၏ ခွန်အားရှိသမျှဖြင့် သမ္မာတရားကို ရရှိဖို့နှင့် ဘုရားသခင်ကို ချစ်သောသူတစ်ဦးဖြစ်ဖို့ ကျွန်ုပ် ကြိုးစားမည်။ ခေတ်သစ် ပေတရု၏ စိတ်ဓာတ်ဖြင့် ကျွန်ုပ် အသက်ရှင်နေထိုင်ကာ ထွန်းတောက်မည်။ ဘုရားသခင်၏ စိတ်နှလုံးကို ဖြည့်ဆည်းရာတွင် ကျွန်ုပ်၏ စိတ်နှလုံး ဝမ်းမြောက်ပြီး၊ စစ်မှန်သော အသက်တာတစ်ခုကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။

ယခင်က:တရားစီရင်ခြင်းနောက် ကျွန်ုပ် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သိရှိသည်

နောက်တစ်ခုသို့:တရားစီရင်ခြင်းမှတဆင့် နိုးထခြင်းတစ်ခု

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ