စကားချီး

၁၉၉၁ ခုနှစ်သည် လူသားတို့ လက်ရှိဖြစ်နေသည့်အတိုင်း အလွန်အမင်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အလွန်ကြီးမားပြီး နှံ့စပ်ထိရောက်သော အရေးပါမှုရှသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ထိုနှစ်သည် သခင့်ကို ရိုသေကိုင်းရှိုင်းပြီး သမ္မာတရားကို ဆာငတ်သောသူများအားလုံး ကြာရှည်စွာ စောင့်ဆိုင်းခဲ့ကြပြီး နောက်ဆုံးတွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုပေါ်ထွန်းလာခဲ့သည့်၊ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့သည့် နှစ်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဣသရေလလူတို့ထံ မိုးတိမ်ဖြူကို စီးနင်းလျက် ကြွဆင်းမလာခဲ့သည့်အပြင် သူသည် နိုင်ငံနှင့် လူမျိုးများအားလုံး ထံသို့လည်း ပွင့်လင်းစွာ ပေါ်ထွန်းမလာခဲ့သည့်အတွက် သူ၏ ကြွလာခြင်းက လူခပ်သိမ်းတို့၏ အယူအဆများကို ဆန့်ကျင့်ခဲ့လေသည်။ ထိုအစား၊ သူသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလဲလျောင်းသည့်မြေဖြစ်သည့် တရုတ်ပြည်တည်းဟူသော ဘုရားမဲ့ဝါဒ၏ ခိုင်ခံ့ကြီးမားသောခံတပ်အထဲသို့ တိတ်တဆိတ်လာခဲ့ကာ၊ ဘုရားသခင်၏အိမ်တော်ထဲမှ အစပြု၍ တရားစီရင်ခြင်း အမှုတော်ကို သူစတင်ခဲ့သည်။ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အမှောင်မိုက်ဆုံး၊ အပျက်စီးဆုံး၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံး နိုင်ငံဖြစ်သည့်အပြင်၊ ယင်းသည် အဆင်းနီသော နဂါးကြီးနှင့် ဝိညာဉ်ဆိုးအမျိုးမျိုးတို့ ဘုံဗိမာန်ပြုသည့်မြေ ဖြစ်သောကြောင့်၊ ဤနေရာ၌ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ကာ၊ အဆင်းနီသောနဂါးကြီး၏ လှည့်ဖြားခြင်းကို လွန်စွာခံရပြီး အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောသူများကို ဤနေရာ၌ ဘုရားသခင်က တရားစီရင်သည်၊ ပြစ်တင်ဆုံးမပြီး သန့်စင်စေကာ ကယ်တင်လေသည်။ ဤအမှုတော်မှတဆင့် စာတန်အပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းအတွက် သက်သေခံချက်များ ဖြစ်လာကြသည့် ကမ္ဘာ့အရှေ့ရပ်ရှိ အောင်မြင်သူများအုပ်စုတစ်စုကို ဘုရားသခင် ရယူခဲ့ပြီဖြစ်ပြီး၊ ထို့သို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် ပို၍ရှင်းလင်းစွာ ပေါ်ထွက်လာလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဤသို့ပင် ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- “နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် ဆင်းရဲဒုက္ခဖြင့် အလွန်အမင်း ဝန်လေးသည့် ဤလူများကို နိုးထစေမည်၊ ၎င်းတို့ အပြည့်အဝ နိုးထသည်အထိ နှိုးဆွမည်ဖြစ်ပြီး၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အိပ်မက်မှ နိုးကြလိမ့်မည်၊ အဆင်းနီသော နဂါးကြီးအား အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သတိပြုမိကြလိမ့်မည်၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်လာနိုင်ကြလိမ့်မည်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ ထိုးထွက်နိုင်ကြလိမ့်မည်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထရပ်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်လာနိုင်ကြလိမ့်မည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)”) နောက်ဆုံးသောကာလ ခရစ်တော်၏ အမှုတော်နှင့် မိန့်မြွက်ချက်များကြောင့်၊ အဆင်းနီသောနဂါးကြီး၏ မှောင်မိုက်သော အုပ်ချုပ်မှုအောက်တွင် နေထိုင်သည်နှင့်အမျှ ယင်း၏ အကြီးအကျယ် လှည်ဖြားခြင်းကို လွန်စွာခံခဲ့ရသည့် တရုတ်ပြည်ရှိ ဘုရားသခင်၏ ရွေးချယ်ထားသော သူများအားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရကြလေသည်။ သူတို့သည် အဆင်းနီသောနဂါးကြီး၏ ချည်နှောင်မှုနှင့် ထိန်းချုပ်ခြင်းမှ တစ်ယောက်ပြီးတစ်ယောက် လွတ်မြောက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင်၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမျိုးစုံတို့ကို လက်ခံရရှိဖို့ရန် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြလေသည်။ နောက်ဆုံးတွင် အဆင်းနီသောနဂါးကြီး၏ အစိုးရက သူတို့ကို လိုက်လံဖမ်းဆီးကာ ညဉ်းပန်းနှိပ်စက်သည့် အမျိုးစုံသောနည်းလမ်းများအလယ်တွင် ဘုရားသခင်၏ ရွေးချယ်ထားသောလူများက သက်သေရပ်တည်ကာ၊ ထိုသို့ဖြင့် တရုတ်ပြည်၌ ဘုရားသခင် စုံလင်စေသည့် နောက်ဆုံးသောကာလ ဘုရားသခင့်အမှုတော်၏ နမူနာများနှင့် စံပုံစံများဖြစ်လာကြပြီးလျှင်၊ သူတို့သည် စာတန်၏ ဆိုးယုတ်သော အင်အားစုများအပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းအတွက် အားကောင်းသော သက်သေခံချက်များလည်း ဖြစ်လာကြသည်။

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်သည် တရုတ်ပြည်မကြီးအပေါ်၌ စတင်ခဲ့ကတည်းက၊ အဆင်းနီသောနဂါးကြီးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်အား ညှဉ်းပန်းနှိပ်စက်ခြင်းကို လုံးဝမရပ်တန့်ခဲ့ပေ။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်ကို ချေမှုန်းသုတ်သင်ရန် တရုတ်ပြည်ကို ဘုရားမဲ့သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲရန်နှင့် လူသားမျိုးနွယ်ကို အမြဲထာဝစဉ် ထိန်းချုပ်ရန်ဖြစ်သည့် သူ၏ ရည်မှန်းချက်ကို အောင်မြင်ဖို့အလို့ငှာ၊ သူ အကျွမ်းကျင်ဆုံးအရာကို လုပ်ဆောင်လေသည်- နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် သူ တတ်နိုင်သမျှ လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ရွေးချယ်ထားသောသူများကို တိုက်ခိုက်ရန်နှင့် မှားယွင်းစွာ စွပ်စွဲရန် ကောလာဟလများနှင့် မုသားများမျိုးစုံကို ဖြန့်ဖြူးရုံမက၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုလေသည်- ယင်းက လူတို့ကို ပြောင်ပြောင်တင်းတင်းကော တိတ်တဆိတ်ပါ စုံစမ်းစစ်ဆေးသည်၊ ယင်းက ဖုန်းခေါ်ဆိုမှုများကို ထောက်လှမ်းသည်၊ လူတို့ကို နောက်ယောင်ခံလိုက်သည်၊ လူတို့ကို တိတ်တဆိတ် ဖမ်းဆီးသည်၊ နေအိမ်များကို ရှာဖွေပြီးလျှင် ဒဏ်ငွေများ အဓမ္မဆောင်စေသည်၊ ယင်းက နှိပ်စက်ခြင်းမှတဆင့် ဖြောင့်ချက်များ အတင်းအကျပ်ပေးစေသည်၊ ယင်းက ခြိမ်းခြောက်ပြီး မြူဆွယ်သိမ်းသွင်းသည်၊ ထို့ပြင် ယင်းက လူတို့ကို ကိုယ်ရောစိတ်ပါ ပျက်စီးစေသည်။ ဤနည်းလမ်းများက မရေမတွက်နိုင်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများကို အဖမ်းဆီးခံရခြင်း၊ ရက်စက်စွာ ရိုက်နှက်ခံရခြင်းနှင့် အလုပ်ကြမ်းမှတဆင့် ပညာပေးခြင်းအား အတင်းအကျပ်ခံစေခြင်းသို့ ဦးတည်ခေါ်ဆောင်သွားပြီး အချို့သောသူတို့ကိုမူ ဒုက္ခိတဖြစ်စေခြင်း သို့မဟုတ် မိမိတို့၏အသက်များ ဆုံးရှုံးစေခြင်းတို့ပင် ဖြစ်စေပြီးဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်ကို ငြင်းပယ်ရန်နှင့် သစ္စာဖောက်ရန် အတင်းအကျပ်ခိုင်းဖို့ ကြိုးပမ်းရာတွင် အဆင်းနီသောနဂါးကြီးသည် ဤနည်းလမ်းများကို အသုံးပြုရခြင်းမှာ ဘုရားသခင် ရွေးချယ်ထားသောသူတို့အနေဖြင့် ၎င်း၏အုပ်စိုးမှု၊ သူတို့အပေါ် ၎င်း၏ထိန်းချုပ်နိုင်မှုနှင့်၊ ၎င်း၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် အမြတ်ထုတ်မှုတို့ကို အမြဲထာဝရ ခံယူကြရန်အတွက် ဖြစ်လေသည်။ သို့သော် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ သူ၏ ဉာဏ်ပညာကို စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များအပေါ် အခြေခံပြီး အစဉ်ကျင့်သုံးလေသည်။ သူတို့အပေါ် အဆင်းနီသော နဂါးကြီးက ကျရောက်စေသည့် အဆမတန်ဆိုးရွားသော နှိပ်စက်ခြင်းတို့အလယ်တွင်၊ ဘုရားသခင် ရွေးချယ်ထားသော သူတို့သည် ကြီးစွာသော နာကျင်မှုနှင့် ညှဉ်းပန်းမှုဒဏ်ကို ခံစားရပြီး အနည်းပါးဆုံးသော အသက်ရှင်သန်မည့် အခွင့်အရေးနှင့်အတူ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြရသော်လည်း၊ သူတို့သည် လွန်စွာ မလျော်ကန်သကဲ့သို့ ကောင်းကင်နှင့် လွန်စွာ ဖီလာဆန့်ကျင်သည့် အဆင်းနီသောနဂါးကြီး၏ ဖောက်ပြန်တတ်ပြီး ဆိုးယုတ်သော အနှစ်သာရကို ရှင်းလင်းစွာ မြင်တွေ့လာကြသည်၊ ထို့ပြင် ၎င်း၏ ဘီလူးသရဲစီးသော မျက်နှာထားကိုလည်း မြင်တွေ့လာကြသည်။ သူတို့၏စိတ်နှလုံးများထဲ၌ အဆင်းနီသောနဂါးကြီးအား ခါးသီးသောမုန်းတီးမှု ဖြစ်ပေါ်ပြီး၊ မိမိတို့ကိုယ်ပိုင်အသက်များ စွန့်ရသည့်တိုင် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ရန် စိတ်ပိုင်းဖြတ်ချက်တစ်ခု သူတို့အထဲတွင် မွေးဖွားလာသည်။ အဆုံးစွန်အနေဖြင့် နောက်ဆုံးတွင် မိမိတို့ခန္ဓာ၏ အားနည်းချက်ကို ကျော်လွှားသည်အထိ၊ သူတို့အပေါ် သေခြင်းတရားက ထားရှိသည့် အနိုင်ပိုင်းချက်မှ သူတို့ ထွက်ပြေးလွတ်မြောက်သည်အထိ၊ ထို့ပြင် သူတို့သည် စစ်မှန်သော ယုံကြည်မှုနှင့် ဘုရားသခင်အား ချစ်ခြင်းပြည့်ဝသည့် စိတ်နှလုံးနှင့်အတူ အဆင်းနီသော နဂါးကြီး၏ရှေ့တွင် ဘုရားသခင်အတွက် ထူးကဲလှသောသက်သေခံပြီး စာတန်အား လုံးလုံးလျားလျား အရှက်ရစေလျက် ရှုံးနိမ့်စေသည်အထိ၊ သူတို့သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းနှင့် လမ်းပြမှုအပေါ်နှင့် သူတို့၌ နှင်းအပ်ထားသည့် ဘုရားသခင်၏ ခွန်အားအပေါ်တွင် အမှီပြုကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မြွက်ဆိုသည့်အတိုင်းပင်ဖြစ်သည်- “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်”) ထို့ကြောင့် ဤအောင်မြင်သောသူများမှာ အဆင်းနီသောနဂါးကြီး၏ ယုတ်မာသော ဖိနှိပ်မှုအလယ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက တည်ဆောက်ပေးခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသောလူအုပ်စုပင် ဖြစ်ကြသည်။

အခြားသူများအတွက် သူတို့သည် အခြားလူတိုင်းနှင့် တူသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင့်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းအောက်တွင် သမ္မာတရား အချို့ကို သူတို့နားလည်လာပြီးလျှင် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုကို စွန့်ပစ်ရန်၊ ဘုရားသခင်နောက်လိုက်ပြီး အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းဖို့ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့ကို ရှာတွေ့ကြလေသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ထံ ဆုတောင်းကြဆဲဖြစ်သည်၊ ဘုရားသခင့်အပေါ် အမှီပြုကြဆဲဖြစ်သည်၊ ဘုရားသခင့် နှုတ်ကပတ်တော်များမှ နှင်းအပ်သည့် ခွန်အားအပေါ် အမှီပြုခြင်းဖြင့် ဖြောင့်မတ်စွာနေထိုင် နေကြဆဲဖြစ်ပြီး သူတို့အပေါ် အဆင်းနီသော နဂါးကြီးမှ ကျရောက်စေသည့် လူမဆန်စွာ ရက်စက်ပြီး အဆမတန်ဆိုးရွားသော နှိပ်စက်မှုများအောက်တွင် မည်သည့်အခါမျှ အညံ့မခံ သို့မဟုတ် အလျှော့မပေးဘဲလျက်၊ သူတို့၏ ဘဝတစ်လျှောက်လုံး မှောင်မဲသော အကျဥ်းထောင်ခန်းလေးများထဲ၌ ဆင်းရဲဒုက္ခခံရင်း အချိန်ကုန်လွန်စေခဲ့ကြသည်။ သူတို့ထဲမှ အချို့သည် သေလုမျောပါး ရက်စက်ကြမ်းကြုတ်မှုခံရကောင်း ခံရနိုင်သော်လည်း သူတို့၏ သမ္မာတရားကို လိုက်စားဖို့ သူတို့၏ စိတ်ပိုင်းဖြတ်ချက်မှာ အားကောင်းလာသည်။ အချို့သောသူတို့သည် အဆင်းနီသော နဂါးကြီး၏ နတ်ဆိုးများလက်ထဲ၌ ရက်စက်သော ညဉ်းပန်းနှိပ်စက်မှုနှင့် ထောင်သွင်းအကျဉ်းချခြင်းကို ရင်ဆိုင်ရချိန်တွင် သူတို့၏ ပျိုရွယ်သည့် အရွယ်ကောင်းတွင် ရှိကောင်းရှိနိုင်သော်လည်း သူတို့သည် ချစ်ခြင်းမေတ္တာ၏ ရောင်ဝါလက္ခဏာကို ထွက်စေကြဆဲဖြစ်ပြီး နောင်တရခြင်းမရှိဘဲ မိမိတို့၏ နုပျိုသောအရွယ်ကို ကုန်လွန်စေကြသည်။ သူတို့ထဲမှ အချို့သည် ညဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို ခံစားပြီး နတ်ဆိုးများ၏ ရက်စက်စွာချိုးဖဲ့ခြင်းကို ခံရကောင်း ခံရနိုင်သော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော် မည်မျှ အဖိုးထိုက်သည်ကို ပို၍ပင် သူတို့ခံစားကြပြီး ဘုရားသခင်အား သူတို့၏ချစ်ခြင်းကို ပို၍ပင် အားကောင်းလာစေသည်။ သူတို့သည် လူမဆန်မှု၏ ခါးသီးသောခွက်ကို အကုန်အစင်မော့ချလျက် ခက်ခဲသောလမ်းကို သူတို့ခရီးသွားသည်နှင့်အမျှ၊ အချို့က ဘုရားနှုတ်ကပတ်တော်၏ အလင်းပေးခြင်း၊ လှုံ့ဆော်မှုနှင့် လမ်းပြမှုတို့ကို ရရှိကြသည်၊ သူတို့၏ ဝိညာဉ်များ နိုးကြားလာပြီး အသက်တာအတွက် ချီးမွမ်းခြင်းသီချင်းများကို သူတို့ရေးဖွဲ့ကြသည်။ အချို့မှာ မှောင်မိုက်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်ရုန်းကန်ကြပြီး အန္တရာယ်ကျရောက်ချိန်များတွင် ဘုရားသခင့်အသက်စွမ်းအား၏ ထူးကဲသာလွန်မှုနှင့် ကြီးမြတ်မှုကို သူတို့တွေ့ကြုံကြရသည်။ အချို့က ဘုရားသခင်ကို အမှီပြုပြီး နောက်ဆုံးအခိုက်အတန့်တွင် သေခြင်းတရားမှ ကယ်တင်ခံရသည်၊ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ တုနှိုင်းမဲ့ ကြီးမားမှုကို သဘောပေါက်မိပြီး၊ သူတို့အား အသက်တာကို ဆက်လက်ထိန်းသိမ်းထားစေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မဏ္ဍိုင်တစ်ခုကို ရှာတွေ့ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် စာတန်ကို အောင်နိုင်ကြသည့် ဘုရားသခင်ရွေးချယ်ထားသော ဤလူစုသည် ခန္ဓာပိုင်းဆိုင်ရာ ကိုယ်စိတ်ချမ်းသာခြင်းများ လက်လွတ်ဆုံးရှုံးမှုကို ခံစားကြရသော်လည်း၊ သမ္မာတရားကို သူတို့ရရှိကြသည်၊ ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူတို့ရရှိကြပြီး၊အဓိပ္ပာယ်ရှိသော အသက်တာများကို သူတို့ နေထိုင်အသက်ရှင်ကြသည်မှာ ထင်ရှားပေသည်။ သူတို့သည် မိုးသက်မုန်တိုင်းများကို ကြုံတွေ့ကာ ကြီးစွာသော အခက်အခဲများကို ခံစားရသော်လည်း၊ စာတန်ရှေ့တွင် ဘုရားသခင်အတွက် ခိုင်မာထူးကဲလှသော သက်သေကို ခံကြပြီးလျှင် ဘေးဒုက္ခအလယ်၌ ဘုရားသခင်၏ တည်ဆောက်ပေးခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည့် အောင်မြင်သောသူများ ဖြစ်လာကြလေသည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား ပြည့်စုံစေပါသည်- “ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်”)

ဤစာအုပ်ကို သင်ဖတ်သည့်အခါ၊ သင့်စိတ်ထဲတွင် ဤအယူအဆ ထွက်ပေါ်လာကောင်း လာနိုင်သည်။ဘုရားသခင်သည် အနန္တတန်ခိုးရှိသည် မဟုတ်လော။ သူရွေးချယ်ထားသော လူများကို ထိုကဲ့သို့ ထိခိုက်နစ်နာစေရန် အဆင်းနီသော နဂါးကြီး၏ အုပ်ချုပ်ပုံကို သူ အဘယ်ကြောင့် ခွင့်ပြုရမည်နည်း။ သင် ဤအရာကို တွေးမိလျှင် သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အပြည့်အဝ နားမလည်သေးကြောင်း ပြသပါသည်၊ အကြောင်းမှာ ဘုရားသခင်၏အမှုတော်ကို မသိသောသူများကသာ အမှုအရာများကို ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန်အရသာ ဝေဖန်ဆုံးဖြတ်ပြီး အမှုအရာများကို သူတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအားဖြင့်သာ ဝေဖန်ဆုံးဖြတ်တတ်ကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အမှုတော်၏ စစ်မှန်သောအသီးအပွင့်များကို အသိအမှတ်ပြုသည့်နည်းလမ်း မဟုတ်ပါပေ။ အနန္တတန်ခိုးရှင် ဘုရားသခင် မြွက်ဆိုသည်မှာ- “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ ‘ကြီးစွာဝမ်းမြောက်ခြင်း’ ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ ‘သတ်မှတ်ချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့် အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်ကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) “ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ ‘ဘိုးဘေးများ’ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဟူ၍ ဖြစ်ပါသည်။ သူ့အမှုတော်၏ အဆင့်တစ်ခုစီတွင် ဘုရားသခင်သည် သူ့အတွက် လုပ်ဆောင်ရန်နှင့် အစေခံခြင်းကို ပေးအပ်ရန်အတွက် အရာခပ်သိမ်းကို ပြင်ဆင်စုရုံးကာ၊ ဤသည်မှာ တရုတ်ပြည်အနှံ့အပြား သူဖွင့်ဟထားသည့် နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ထဲတွင် အတိအကျ ဖြစ်ပျက်သည့်အရာ ဖြစ်လေသည်။ အဆင်းနီသောနဂါးကြီးမှာလည်း ဘုရားသခင်၏ အမှုတော်အတွင်း၌ အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်လာပြီဖြစ်သောကြောင့် ခြွင်းချက်မဟုတ်ပါပေ။ ဘုရားသခင်၏ အမှုတော်အပေါ် အဆင်းနီသော နဂါးကြီး၏ ခုခံခြင်းနှင့် နှောင့်ယှက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူတိုင်းအား ယင်း၏ စစ်မှန်သောစရိုက်ကို သတိပြုမိစေကာ၊ ထို့သို့ဖြင့် ယင်းနှင့်အတူ ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ပြီး ယင်း၏ အချုပ်အနှောင်များမှ သူတို့ကိုယ်သူတို့ လွတ်မြောက်စေသည်။ သို့သော် ဘုရားသခင်သည် လူတို့အနေဖြင့် နတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ရိပ်စားမိပြီး အဆင်းနီသောနဂါးကြီးကို အပြီးအပြတ် ကျောခိုင်းစေလိုခြင်းက သူတို့ ကယ်တင်ခြင်း အပြည့်အဝရရှိခြင်းနှင့် အဘယ်အရာ အတိအကျ သက်ဆိုင်ပါသနည်း။ ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း၊ အဆင်းနီသော နဂါးကြီးက ဖောက်ပြန်စဥ်းလဲစွာ ပြုမူတတ်သည်၊ ယင်းက ကောင်းကင်နှင့် ဆန့်ကျင်ဖီလာ လုပ်ဆောင်ပြီး၊ လွန်လွန်ကဲကဲ ဖောက်ပြန်တတ်လေသည်။ တရုတ်ပြည်ကို ဘုရားမဲ့သော နယ်မြေအဖြစ် ပြောင်းလဲရန်နှင့် တရုတ်လူမျိုးများကို ယင်း၏ ဆိုးဝါးသော အုပ်ချုပ်မှုအောက်၌ လုံးလုံးလျားလျား ထိန်းချုပ်ခံနေရစေရန်အလို့ငှာ ယင်းက သမ္မာတရားကို ့် အစဉ်သဖြင့် ပြောင်းပြန်လှန်ပစ်ကာ ဘုရားမဲ့ဝါဒနှင့် ရုပ်ဝါဒကို တမင်သက်သက် ပျံ့ပွားစေပြီး လူတို့၏စိတ်များကို ပျက်စီးယိုယွင်းစေရန်၊ သူတို့၏ ဝိညာဉ်များကို လှည့်ဖြားရန်နှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားသခင်၏မျက်မှောက်သို့ လာရောက်ခြင်းမှ လူတို့ကို တားဆီးရန်အတွက် ယုတ္တိအမှားများနှင့် မိစ္ဆာဒိဋ္ဌိအယူမျိုးစုံတို့ကို ဖြန့်ဖြူးလေသည်။ ထိုသို့ဖြင့် ယင်းသည် လူတို့အား အမြဲထာဝစဉ် ထိန်းချုပ်ဖို့နှင့် ဝါးမျိုဖျက်ဆီးဖို့ဖြစ်သော ယင်း၏ ရည်မှန်းချက် အောင်မြင်လေသည်။ အကယ်၍ လူတို့သည် အဆင်းနီသော နဂါးကြီး၏ လှည့်စားမှုများမှ နိုးထကာ၊ ယင်း၏ နိုင်လိုမင်းထက်ပြုခြင်းနှင့် ဖိနှိပ်ချုပ်ထိန်းခြင်းမှ မိမိကိုယ်ကိုယ် ဖယ်ရှားပြီး ဘုရားသခင်ထံ အပြည့်အဝ ကိုးစားလိုပါက အဆင်းနီသောနဂါးကြီး၏ လက်ထဲတွင် ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုကို တွေ့ကြုံခြင်းအားဖြင့်သာလျှင် သူတို့သည် ယင်း၏ ဆိုးယုတ်၊ ရက်စက်သည့်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး အရှက်မဲ့သော ဘီလူးသရဲစီးသည့် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ သူတို့သည် ယင်းကို အူထဲ အသည်းထဲက ရွံရှာပြီး ကျိန်ဆဲကြလိမ့်မည်ဖြစ်သည်။ ထို့နောက် သူတို့သည် အဆင်းနီသောနဂါးကြီးနှင့် ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ရန် သူတို့၏ အသက်တာများဖြင့် သူတို့ ကတိပြုကြသည်၊ သူတို့သည် စာတန်၏ လွှမ်းမိုးမှုကို အပြီးအပြတ် စွန့်ပစ်ကြပြီး၊ ဘုရားသခင်နောက် လိုက်ကြသည်၊ ဘုရားသခင်ကို နာခံပြီး အသက်တာ၌ အလင်း၏လမ်းကြောင်းကို လျှောက်လှမ်းကာ၊ ထိုသို့အားဖြင့် သူတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို အပြည့်အဝ ရရှိကြသည်။ ထို့ကြောင့်ပင် သူရွေးချယ်ထားသော လူများက သမ္မာတရားကို နားလည်နိုင်စေရန်၊ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်စေရန်၊ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ရန်နှင့် နောက်ဆုံးတွင် စုံလင်အောင်ပြုခြင်းခံရပြီး ကယ်တင်ခြင်း အပြည့်အဝရရှိရန်အတွက် အဆင်းနီသောနဂါးကြီးကို အဖြည့်ခံနှင့် အသုံးတော်ခံအဖြစ် ဘုရားသခင် အသုံးပြုသည်မှာ ပေါ်လွင်ပေသည်။ ဘုရားသခင် အမှုပြုပုံမှာ အံ့ဖွယ်ဘနန်းပင်။ ဘုရားသခင်သည် သူရွေးချယ်ထားသောလူများကို စုံလင်အောင်ပြုလုပ်ပေးရန်၊ သူ၏ ဖြောင့်မတ်သော စိတ်နေသဘောထား၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို သိမြင်နိုင်စေရန်နှင့် ဘုရားသခင်၏အမှုတော် မည်မျှလက်တွေ့ကျသည်ကို မြင်တွေ့စေရန်အတွက် အဆင်းနီသောနဂါးကြီး၏ သွေးရူးသွေးတန်း ဖိနှိပ်ချုပ်ချယ်မှုကို အသုံးပြုသည်၊ သို့ဖြစ်၍ သူတို့အားလုံးသည် စစ်မှန်သောချီးမွမ်းခြင်းကို လှိုက်လှိုက်လှဲလှဲ ဖော်ပြနိုင်မည်ဖြစ်သည်တကား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မြွက်ဆိုသည့်အတိုင်းပင် ဖြစ်ပါသည်- “ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်း အခါသမယတွင်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် လုံးဝ အသွင်ပြောင်းလဲသွားပြီး၊ ၎င်းတို့သည် အောင်ပွဲခံကာ ဝမ်းမြောက်ကြ၏။ သင်တို့သည် တစ်ခုတစ်လေ ကွဲပြားခြားနားပါသလော။ မည်သူ၏ စိတ်နှလုံးထဲတွင် ပျားရည်၏ ချိုမြိန်မှု မရှိသနည်း။ မည်သူသည် ဝမ်းမြောက်မှုအတွက် ပြည့်လျှမ်း မနေပါသနည်း။ မည်သူသည် ဝမ်းသာပီတိဖြင့် မကခုန်သနည်း။ မည်သူသည် ချီးမွမ်းစကား မပြောဆိုသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ဤ “အောင်မြင်သောသူများ၏ သက်သေခံချက်များ” စာအုပ်ထဲ၌ စုစည်းထားသည့် ဖြစ်စဉ်များအားလုံးမှာ အဆင်းနီသောနဂါးကြီး၏ သွေးရူးသွေးတန်း ညှဉ်းပန်းနှိပ်စက်မှုအလယ်တွင် ဘုရားနှုတ်ကပတ်တော်များ၏ စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည့် တရုတ်နိုင်ငံရှိ ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ အောင်ပွဲခံသော သက်သေခံချက်များ ဖြစ်သည်။ အချက်အလက်များက ပြထားသည့်အတိုင်း၊ ဘုရားသခင်သည် သူရွေးချယ်ထားသော လူတို့ကို တည်ဆောက်ပေးပြီး စုံလင်အောင်ပြုလုပ်ပေးရန်နှင့် သူတို့၏ အသက်တာများ ကြီးထွားရင့်ကျက်နိုင်စေရန်အတွက် အဆင်းနီသော နဂါးကြီး၏ ထိတ်ထိတ်ပျာပျာ ခုခံခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် သူ့ကို စစ်မှန်စွာ မယုံကြည်သည့်၊ သမ္မာတရားကို မချစ်သည့် ထိုယုတ်မာသောသူများ အားလုံးကို ဖော်ထုတ်ပြီး ဖယ်ရှားရန် ဤဆန့်ကျင်ခုခံခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အသုံးပြုလေသည်။ ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များအပေါ် မူတည်၍ အသုံးပြုလျက်ရှိကြောင်း၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးပြီဖြစ်ကြောင်းနှင့် ဘုန်းအသရေအလုံးစုံကို သူရယူပြီးပြီဖြစ်ကြောင်းကို ဤအရာက ချက်ကျလက်ကျ ပြသပေသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ- “လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်မှာ မည်သူမဆိုအဖို့ သိသာကာ မြင်တွေ့နိုင်ပေသည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း လက္ခဏာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဟူ၍ ဖြစ်သည်။ ဘုရားသခင်အတွက် သက်သေရပ်တည်သည့် သူ၏ ရွေးချယ်ထားသောသူများမှာ အဆင်းနီသောနဂါးကြီးနိုင်ငံ၏ ကျဆင်းပျက်စီးခြင်းအခိုက်တွင် ဘုရားသခင်ကို သက်သေခံသည့် အုပ်စုပင်ဖြစ်သည်။ သူတို့သည် စာတန်နှင့် ဘုရားသခင်၏စစ်ပွဲ၌ ဘုရားသခင်၏ အောင်မြင်မှုအတွက် သက်သေခံချက်များဖြစ်ပြီး၊ စာတန်၏ ရှုံးနိမ့်ခြင်းနှင့် အရှက်ရခြင်းတို့၏ ငြင်း၍မရသော သက်သေများ ဖြစ်ကြသည်။ ဘုရားသခင်၏လူများ ရင့်ကျက်လာမှုက အဆင်းနီသော နဂါးကြီးနိုင်ငံ၏ ပြိုလဲခြင်းကို ကြေညာလေသည်။ တရုတ်ပြည်မအပေါ် ဘုရားသခင်၏အမှုတော်သည် ဘုန်းအသရေဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူအုပ်စုတစ်စုကို အောင်မြင်သောသူများအဖြစ် ပြုလုပ်ပြီဖြစ်ပြီး သူ၏ ဘုန်းအသရေကို သူရယူလေပြီ။ ကမ္ဘာကြီး၏ နေရာအနှံ့တွင်ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန်နှင့် ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ပျံ့နှံ့စေရန်အတွက် ဘုရားသခင် ရွေးချယ်ထားသောလူတို့က သန့်ရှင်းသော သာသနာတော်ကို ယခု မိမိတို့အပေါ် ဆောင်ယူပြီးဖြစ်သည်။ ဘုရားသခင်၏ နာမတော်သည် စကြဝဠာတစ်ခွင်လုံး၌ ကြီးမြတ်ခြင်းရှိလိမ့်မည်၊ ခပ်သိမ်းသော လူသားမျိုးနွယ်သည် ဘုရားသခင်ရှေ့မှောက်တွင် ကျိုးနွံနာခံပြီး လူဇာတိခံယူထားသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံ အားလုံးသည် ခရစ်တော်၏တိုင်းနိုင်ငံ ဖြစ်လာလိမ့်မည်၊ ဤသည်မှာ ဘုရားသခင်အားဖြင့် မကြာမီ ပြီးပြည့်စုံလာလိမ့်မည်ဖြစ်သတည်း။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်

နောက်တစ်ခုသို့- ၁။ စီစီပီထောင်ထဲ၌ ရှိသော နေ့စဥ်ရက်ဆက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀။ ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စုကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

၁၈။ စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

ချန်းလူ တရုတ်နိုင်ငံ ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို...

၂၁။ ဘုရားသခင်၏ အလင်းက ခက်ခဲသည့် အခြေအနေတစ်လျှောက် ကျွန်မကို လမ်းပြသည်

ကျောက်ရှင်း၊ စီချွမ်စီရင်စုကျွန်မ ကလေးဘဝတုန်းက၊ တောင်တန်းများထဲတွင် ကျွန်မ နေထိုင်ခဲ့ပါသည်။ ကမ္ဘာလောကအကြောင်းကို ကျွန်မ လုံးဝ...

၉။ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရချိန်

ချန်းဟူးရီ တရုတ်နိုင်ငံကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်