အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၂၃ သမ္မာကျမ်းစာကို ချဉ်းကပ်နည်းကျူး

၁ သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။

၂ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍၊ လူများက ထိုစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ ယုံကြည်လိုကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်ကို ထည့်ပေးထား၍၊ ယင်းကျမ်းစာဆိုင်ရာ လူများ၏ စိတ်ထားသည် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားသောကြောင့်၊ မည်သူမျှ အထူး “မြင့်မြတ်” သည့် ယင်း “ကောင်းကင်ဘုံနှင့်ဆိုင်သောစာအုပ်” ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို မလုပ်ရဲကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသခင်နှင့် သမ္မာကျမ်းစာ၊ အဘယ်အရာက ပိုကြီးမြတ်သနည်းကျူး

နောက်တစ်ခုသို့:သုံးပါးတစ်ဆူ တည်ရှိပါသလောကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ