မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့ဆိုရင်၊ ကျွန်မတို့က ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားမလဲဆိုတာ သိရမယ်။ အမှန်တော့၊ ဘုရားသခင်ရဲ့အသံတော်ကို ခွဲခြားသိခြင်းဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ဖွင့်ဆိုချက်တွေကို မှတ်မိသိရှိခြင်းသဘောပါပဲ၊ ဖန်ဆင်းရှင်ရဲ့နှုတ်ကပတ်တော်တွေထဲက ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေကို မှတ်မိသိရှိခြင်းသဘောလည်း ဖြစ်ပါတယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ဖြစ်၊ ဘုရားသခင် ဝိညာဉ်တော်ရဲ့ဖွင့်ဆိုချက်တွေပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးဟာ ဘုရားသခင်က လူသားတွေကို မြင့်မားတဲ့နေရာကနေ ပြောဆိုတဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ဒါတွေဟာ ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့အသံဩဇာနဲ့ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေပါပဲ။ ဒီနေရာမှာ ဘုရားသခင်ရဲ့ဩဇာအာဏာနဲ့ ကိုယ်ပိုင်လက္ခဏာက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါတယ်။ ဒါက ဖန်ဆင်းရှင် မိန့်ဆိုရာမှာ အသုံးပြုတဲ့ ထူးခြားတဲ့နည်းလမ်းလို့လည်း ဆိုနိုင်ပါတယ်။ လူ့ဇာတိခံယူတဲ့အချိန်တိုင်းမှာ ဘုရားသခင်ရဲ့ဖွင့်ဆိုချက်တွေဟာ နယ်ပယ်အများအပြားကို လွှမ်းခြုံပါတယ်။ ဒါတွေက အဓိကအားဖြင့်၊ ဘုရားသခင်ရဲ့လူတွေအပေါ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ သတိပေးချက်တွေ၊ ဘုရားသခင်ရဲ့အုပ်ချုပ်မှုဆိုင်ရာအမိန့်တွေ ပညတ်ချက်တွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေ၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေအပြင်၊ အကျင့်ပျက်လူသားတွေကို ထုတ်ဖော်ပြခြင်းတွေနဲ့ ပတ်သက်ပါတယ်။ ဒါကြောင့် လူသားတွေအတွက် ဘုရားသခင်ရဲ့ကတိတော်တွေနဲ့ ပရောဖက်ပြုချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒီနှုတ်ကပတ်တော်တွေအားလုံးဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ကို ဖော်ပြတာတွေဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်အသက်တာရဲ့အနှစ်သာရကို ထုတ်ဖော်ပြခြင်းပါပဲ။ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကိုလည်း ကိုယ်စားပြုပါတယ်။ ဒါ့အပြင်၊ ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့မြင်နိုင်တာကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်၊ ဩဇာအာဏာနဲ့ တန်ခိုးတော် ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့အသံတော်လားဆိုတာ ခွဲခြားဆုံးဖြတ်ချင်တယ်ဆိုရင်၊ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သေချာလေ့လာကြည့်နိုင်ပါတယ်။ ဒါတွေကို နှိုင်းယှဉ်ကြည့်ပြီးတော့၊ ဒါတွေဟာ တစ်ပါးတည်းသော ဝိညာဉ်တော်က ဖော်ပြတဲ့နှုတ်ကပတ်တော်တွေလား၊ ဒါတွေဟာ တစ်ပါးတည်းသော ဘုရားသခင်က ပြုတဲ့ အမှုတော်လားဆိုတာတွေကို မြင်နိုင်ပါတယ်။ ဒါတွေရဲ့ရင်းမြစ်က တူနေတယ်ဆိုရင်တော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့ဖွင့်ဆိုချက်တွေ ဖြစ်တယ်ဆိုတာကို သက်သေပြပါတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကိုလည်း သက်သေပြပါတယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါ ပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျေးဇူးတော်ခေတ်မှာ ယေရှု ပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေကိုလည်း ကြည့်ရအောင်။ နှစ်ခုစလုံးဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တိုက်ရိုက်ဖော်ပြခြင်း ဖြစ်ခဲ့သလို၊ တစ်ပါးတည်းသော ဘုရားသခင်ရဲ့အမှုတော်လည်း ဖြစ်ခဲ့တယ်။ ဒါက ဘာကိုသက်သေပြလဲဆိုရင်၊ သခင်ယေရှုဟာ ယေဟောဝါရဲ့ပေါ်ထွန်းခြင်းဖြစ်ခဲ့သလို၊ ဖန်ဆင်းရှင်ရဲ့ပေါ်ထွန်းခြင်းလည်း ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ သမ္မာကျမ်းကို ဖတ်ဖူးသူအားလုံးလည်း သိကြပါတယ်။ ဘာလဲဆိုတော့ ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှု ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေထဲမှာ၊ သတိပေးခြင်းနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေ၊ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့သတ်မှတ်ချက်တွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေ၊ ဘုရားသခင်ရဲ့အုပ်ချုပ်မှုဆိုင်ရာအမိန့်တွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေ ပါခဲ့ပါတယ်။ ထို့အတူပဲ ပရောဖက်ပြုချက်တွေ၊ ကတိတော်တွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေလည်း ပါခဲ့တယ်။ ကျေးဇူးတော်ခေတ်အတွင်းမှာ ဘုရားသခင် ဆောင်ရွက်တဲ့အမှုတော်ရဲ့အဆင့်တစ်ခု ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့၊ လူတွေအပေါ်ထားတဲ့ သခင်ယေရှုရဲ့သတ်မှတ်ချက်တွေနဲ့ သတိပေးချက်တွေကို ကြည့်ရပါလိမ့်မယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇)သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။(ရှင်မဿဲခရစ်ဝင် ၅: ၁၃-၁၄)သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ၃၈ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၄၀)စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။... ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။... ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၊၆၊၁၀-၁၂)

သခင်ယေရှုက အုပ်ချုပ်မှုဆိုင်ရာအမိန့်တွေအကြောင်း ဘာတွေပြောခဲ့လဲဆိုတာ ကြည့်ကြရအောင်။ ရှင်မဿဲ၊ ၁၂:၃၁-၃၂ သခင်ယေရှု ပြောခဲ့သည်မှာ “ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။(ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂) သခင်ယေရှုက ရှင်မဿဲ ၅:၂၂ မှာ လည်း ဒီလိုပြောထားတယ်။ “ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။

အုပ်ချုပ်မှုဆိုင်ရာအမိန့်တွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေအပြင်၊ ဖာရိရှဲတွေကို တရားစီရင်ခြင်း၊ ဖော်ထုတ်ပြခြင်းနဲ့ဆိုင်တဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေလည်း ရှိပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃) “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅)

ညီအစ်ကိုမောင်နှမတို့၊ သခင်ယေရှုဟာ လူသားတွေကို ပရောဖက်ပြုချက်တွေနဲ့ ကတိတော်တွေလည်း ပြောဆိုခဲ့ပါတယ်။ ယောဟန် ၁၄:၂-၃ ကို ကျေးဇူးပြုပြီး လှန်ပေးပါ။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ရှင်ယောဟန် ၁၂:၄၇-၄၈ မှာလည်း သခင်ယေရှုက ပြောခဲ့ပါတယ်၊ “ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” ဗျာဒိတ်ကျမ်း ၂၁:၃-၄ မှာလည်း “ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြ ပြီ။

ကျေးဇူးတော်ခေတ်အတွင်းမှာ သခင်ယေရှု ဖော်ပြခဲ့တဲ့ အမျိုးမျိုးသောသမ္မာတရားတွေကတစ်ဆင့်၊ သခင်ယေရှုဟာ ကယ်တင်ရှင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်ခဲ့မှန်း ကျွန်မတို့ မြင်နိုင်ပါတယ်၊ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေဟာလည်း လူသားအားလုံးအတွက် ဘုရားသခင်ရဲ့ဖွင့်ဆိုချက်တွေဖြစ်ခဲ့မှန်း မြင်နိုင်ပါတယ်။ သူဟာ လူသားတွေကို လမ်းပြဖို့၊ အထောက်အပံ့ပေးဖို့၊ လူတွေကို ကိုယ်တိုင်ရွေးနုတ်ဖို့အတွက်၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့အလိုတော်ကို တိုက်ရိုက်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ပင်ကိုယ်လက္ခဏာနဲ့ ဩဇာအာဏာကို ပြည့်ဝစွာ ကိုယ်စားပြုတာပါ။ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တာနဲ့၊ ဒါတွေဟာ သမ္မာတရားဖြစ်မှန်း၊ ဩဇာအာဏာနဲ့တန်ခိုးကို ပိုင်ဆိုင်မှန်း ကျွန်မတို့ ခံစားမိကြပါတယ်။ ဒီ စကားလုံးတွေဟာ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး လူသားတွေအပေါ်ဘုရားသခင်ရဲ့ ဖွင့်ပြချက်တွေပဲဖြစ်တယ်။ နောက်ဆုံးသောကာလမှာတော့ သခင်ယေရှုဟာ ပြန်လာခဲ့ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ပြုဖို့ ရောက်လာခဲ့ပါပြီ။ ကိုယ်တော်ဟာ နိုင်ငံတော်ခေတ်ကို အစပြုပေးလိုက်သလို၊ ကျေးဇူးတော်ခေတ်ကိုလည်း အဆုံးသတ်ပေးလိုက်ပါပြီ။ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှုကို အခြေခံပြီးတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တရားစီရင်ခြင်းအမှုရဲ့အဆင့်တစ်ခုကို၊ ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ကာ ဆောင်ရွက်ပြီးခဲ့ပါပြီ၊ ဒါ့အပြင် လူတွေကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားတွေကိုလည်း ဖော်ပြထားပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေဟာ အကြောင်းအရာအားဖြင့် ကြွယ်ဝသလို၊ အကြွင်းမဲ့ ပြည့်စုံပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောကြားတာကတော့ “ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို မိန့်ကြားသည်မှာ ဖန်ဆင်းခြင်းပြီးကတည်းက ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် သမာသမတ်ကျပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် ကြာရှည်စွာ ပြောဆိုခြင်းလည်းဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည်မှာ လုံးလုံးမကြုံစဖူးသော အရာဖြစ်သည်။ ထို့ထက်ပိုသည်မှာ၊ ဤမိန့်မြွက်ချက်များမှာ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ခဲ့သည်၊ လမ်းပြခဲ့သည်၊ တရားစီရင်ခဲ့ကာ၊ လူများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး၊ ယင်းအရာထဲတွင် ဘုရားသခင်က လူများကို သူ၏ခြေရာများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှု စသည်တို့ကို သိစေခဲ့သော ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်ဘုံမှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ပြောနိုင်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏ အသံကို ဖော်ပြရန်နှင့် ပေါ်လာရန် သူ၏ ပင်ကိုကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ နိဒါန်း)

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယနေ့တွင် ငါ့အပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာရှိသော သူများ၊ ထိုကဲ့သို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို နာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်၊ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာကို ခံစားကြလိမ့်မည်။ မိမိကိုယ်မိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးအတွင်းသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပိုက်မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော သူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်၊ ငါ၏ နှုတ်ကပတ် တော်များထဲတွင် ဝမ်းမြောက်ခြင်း ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်၊ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ ထို့အပြင် မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၉))

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် မိမိတို့၏ ဖောက်ပြန်သော စိတ်သဘောထားမှ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲနေထိုင်သော်လည်း ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည့် အသက်လမ်းကို မရှိပါက သူတို့သည် သူ့ကို ယုံကြည်သော်လည်း သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခွင့်ကို ဘယ်သောအခါမျှ ရကြမည်မဟုတ်ပါ။ မည်မျှသနားစရာကောင်းသော ယုံကြည်မှုမျိုးတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့်သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက်ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်... ။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)

လူသားမျိုးနွယ်သည် ယနေ့ မိမိတို့ရောက်ရှိနေသော နေရာသို့ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီပြီး တိုးတက်လာခဲ့ရသည်။ သို့သော်လည်း ငါ၏ အစမူလ ဖန်ဆင်းခြင်းဖြစ်သော လူသားမျိုးနွယ်သည်ကား ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီ။ ငါအလိုရှိသည့်အရာဖြစ်ရန် သူတို့ မစွမ်းဆောင်ကြတော့။ ထို့ကြောင့် လူသားတို့သည် ငါ့ရှေ့မှောက်၌ ဖြစ်ပေါ်သည်အတိုင်း လူသားမျိုးနွယ်ဟူသော အမည်နှင့် မထိုက်တန်တော့။ သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်သွားခြင်းခံရသော လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းမျှသာဖြစ်ပြီး အထဲ၌ စာတန် အသက်ရှင်နေပြီး ၎င်းမှ အရေခြုံထားသည့် လမ်းလျှောက်နေသော ပုပ်ပွနေသည့် အလောင်းကောင်များပင် ဖြစ်သည်။ လူများသည် ငါ၏ဖြစ်တည်ခြင်းကို စိုးစဉ်းမျှပင် မယုံကြည်ကြသကဲ့သို့ ငါ၏ကြွလာခြင်းကိုလည်း သူတို့မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို တွန့်တိုကတ်သတ်စွာ တုံ့ပြန်ကာ ၎င်းတို့ကို ယာယီခဏမျှသာ လိုက်လျောကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို ငါနှင့် စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြ။ လူတို့သည် ငါ့ကို အသိရခက်သည်ဟု မြင်ကြသည့်အတွက် သူတို့သည် တန်ခိုးအာဏာရှိသူထံ တိုးဝှေ့ပူးကပ်သည့် သဘောထားကို စတင်ကြလျက် ငါ့အား တွန့်တိုကတ်သတ်စွာ ဟန်ဆောင်ပြုံးပြကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူတို့သည် ငါ၏မျက်မှောက်အလိုကို သိရန်မဆိုထားနှင့် ငါ၏အမှုကိုပင် မသိကြ၍ ဖြစ်သည်။ ငါသင်တို့ကို ရိုးရိုးသားသားပြောမည်၊ နေ့ရက်အချိန်ကျလာပါက ငါ့ကို ဝတ်ပြုကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် အလွန်ပင် ခံသာလိမ့်မည်။ သင်ငါ့အပေါ်ထားရှိသော ယုံကြည်ခြင်း အတိုင်းအဆသည် အမှန်တကယ်တွင် ယောဘ၏ ယုံကြည်ခြင်းကို မကျော်ချေ။ ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏။ ထို့ကြောင့် မီးနေ့ရက်သည် ဆင်းသက်လာပါက သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသောအခါ ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ချစ်ချစ်တောက် ပူပြင်းသောမီးအောက် ဖျက်ဆီးခံခဲ့ရသည့် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ)

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် လူသားသည် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူသား၏စိတ်နှလုံးထဲတွင် ရုပ်တုဆင်းတုဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏။ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားကို သူဖန်ဆင်းခြင်း၏အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ဖျက်ပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်းပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသော သူများကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အား ကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်အောင်လုပ်ပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်ရှိမြဲရှိစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်းမပြုပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ယင်းအရာတို့သည် သူ၏အမှု ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သော အောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

နောက်ဆုံးကာလအတွင်းတွင် ယေရှုသည် ဆင်းသက်လာမည်ကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

နိုင်ငံတော်ခေတ်အတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုနဲ့ပတ်သက်လို့၊ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့စာပိုဒ်တချို့ကို ထပ်ပြီးဖတ်ပြပါရစေ။

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏အမှုကို လုပ်ကိုင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သော အသိဉာဏ်ကိုရရှိရန်၊ သူ၏စိတ်သဘောထားကို အသွင်ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို သက်သေခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့်အမှုအမျိုးမျိုးမှတစ်ဆင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုသို့သော အသွင်ပြောင်းလဲမှုမျိုးမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံချက်ပေးနိုင်မည် မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား အသွင်ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်မြောက်ခြင်းကို ဖော်ပြပြီး၊ ဘုရားသခင့်အမှု၏စံပြနှင့် နမူနာအစစ်အမှန်၊ ဘုရားသခင်၏သက်သေနှင့် ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာခြင်းကို ဖော်ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်)

ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံးအလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။... နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှု သည်သာလျှင် လူသားကို သူတို့ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး လူသားကို နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း၏ စိတ်သဘောထားမှ တစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ငါသည် ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ စေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ယင်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ နိုင်ငံများစွာတို့ကို ငါသည် ပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြပြီး ငါ့အလုပ်များ၏ သိမ်းပိုက်အောင်နိုင်ခြင်းကို ခံကြရမည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းးသောသူမှာ ဖြူသော မိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

ငါ့စကားများ ပြီးပြည့်စုံခဲ့သောကြောင့်၊ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်းနှင့် ဖြစ်တည်လာပြီး၊ လူသည် တဖြည်းဖြည်းနှင့် ပုံမှန်သဘောသို့ ပြန်၍ လှည့်လာခဲ့ကာ၊ ငါ့စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည် ရရှိကြသည်။ အေးခဲသော ဆောင်းရာသီသည် ပျောက်ကွယ် သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီ ဖြစ်နေသည့် နွေဦး၏ မြို့များနှင့် လောကကြီးအား အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ရာ ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မကျော်ဖြတ်ရတော့ပါ။ လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်ကြတော့၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မတိုက် ကြတော့ပေ၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းလည်း မရှိတော့၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းမှ သွေးချောင်းစီးခြင်းများလည်း မရှိတော့။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုများနှင့် ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀))

လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို သူရရှိလိမ့်မည်ဖြစ်ပြီး သူ့ကို ဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ယင်းသည် လူသားကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာအလုံးစုံကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာအလုံးစုံအကြား၊ သူ၏အာဏာနှင့် သူ၏ရန်သူများအကြား၊ သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ခဲ့သော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

အခုဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မတို့ ကြားလိုက်ရပါပြီ၊ အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုဟာ တစ်ပါးတည်း အတူတူပဲဆိုတာကိုလည်း မြင်ကြပါပြီ။ နှစ်ပါးစလုံးဟာ လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး၊ အထက်အမြင့်မှာ ရပ်ကာ၊ လူတွေကို ပြောဆိုနေတာဖြစ်ပါတယ်။ နှစ်ပါးစလုံးမှာ ထုတ်ဖော်ပြတာကတော့ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ သန့်ရှင်းတဲ့အနှစ်သာရပါပဲ။ ဒီနေရာမှာလည်း နှစ်ပါးစလုံးဟာ ဘုရားသခင်ရဲ့ဩဇာအာဏာနဲ့ ပင်ကိုယ်လက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါတယ်။ ဖာရိရှဲတွေကို တရားစီရင်ပြီး၊ ထုတ်ဖော်ပြခဲ့တဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့ အကျင့်ပျက်လူသားတွေအပေါ် တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကတစ်ဆင့်၊ ကျွန်မတို့ မြင်ရတာကတော့၊ ဘုရားသခင်ဟာ အပြစ်ကိုမုန်းတီးပြီး၊ လူတွေရဲ့အကျင့်ပျက်မှုကို ရွံရှာတယ်ဆိုတာပါပဲ။ ဘုရားသခင်ရဲ့ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ စိတ်သဘောထားကို ကျွန်မတို့မြင်ရသလို၊ ဘုရားသခင်ဟာ လူတွေရဲ့နှလုံးသားကို အတွင်းကျကျ စောင့်ကြည့်တယ်ဆိုတာကိုလည်း မြင်ရပါတယ်။ ကျွန်မတို့ရဲ့ ပျက်စီးယိုယွင်းမှုဟာ ဘုရားသခင်ရဲ့ လက်ဖမိုးနဲ့ တူပါတယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လူတွေအပေါ်ထားတဲ့ သတိပေးချက်တွေ၊ သတ်မှတ်ချက်တွေကနေ၊ ဘုရားသခင်ရဲ့လူတွေအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို မြင်ရပါတယ်၊ ဘုရားသခင်က ရိုးသားသူတွေကိုသဘောကျပါတယ်။ သူ့ထံမှာ စစ်မှန်စွာ ဆက်ကပ်သူတွေကို ကောင်းချီးပေးပါတယ်။ ဒါက လူတွေအပေါ် ဘုရားသခင်ရဲ့အလေးထားခြင်း၊ ကယ်တင်ခြင်းကို ပြပါတယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လူတွေအပေါ်ထားတဲ့ ကတိတော်တွေကနေ၊ လူသားများအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကိုမြင်ရပါတယ်၊ ဒါ့အပြင် လူတွေရဲ့ကံကြမ္မာကို ထိန်းချုပ်ရာမှာ၊ အရာအားလုံးကို စိုးမိုးရာမှာ ဘုရားသခင် အသုံးပြုတဲ့ ဩဇာအာဏာနဲ့ တန်ခိုးတော်ကိုလည်း ကျွန်မတို့ မြင်တွေ့ရတယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ဖွင့်ဆိုချက်တွေဟာ အသံဩဇာမှာရော၊ ပြောဆိုပုံမှာပါ တူညီပါတယ်၊ နှစ်ပါးစလုံးဟာ ဘုရားသခင်ရဲ့စိတ်နေသဘောထားကို ဖော်ပြခြင်းပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ပင်ကိုယ်လက္ခဏာနဲ့ အနှစ်သာရကို ပြည့်စုံစွာ ထင်ရှားစေပါတယ်။ ညီအစ်ကို မောင်နှမတို့ စဉ်းစားကြည့်ကြပါစို့။ ဖန်ဆင်းရှင်ကလွဲပြီး၊ နှုတ်ကပတ်တော်တွေကို လူသားအားလုံးဆီ ဘယ်သူက ဖော်ပြနိုင်မှာလဲ။ ဘယ်သူကများ ဘုရားသခင်ရဲ့အလိုတော်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူတွေအပေါ် တောင်းဆိုချက်တွေ ထုတ်နိုင်မှာလဲ။ လူသားရဲ့ အဆုံးသတ်ကို ဘယ်သူ ဆုံးဖြတ်ပေးသလဲ။ သူတို့ အသက်ရှင်ဖို့၊ သေဖို့ကို ဘယ်သူ ထိန်းချုပ်နိုင်လဲ။ ဘယ်သူကများ စကြဝဠာထဲက ကြယ်တွေကို ထိန်းချုပ်ပြီး၊ အရာအားလုံးအပေါ် စိုးမိုးနိုင်လို့လဲ။ ဘုရားသခင်ကလွဲပြီး၊ အကျင့်ပျက်လူသားတွေရဲ့အနှစ်သာရအမှန်ကို ဘယ်သူက ထိုးဖောက်မြင်နိုင်လို့လဲ။ ပြီးတော့ ကျွန်မတို့နှလုံးသားတွေရဲ့အတွင်းဆုံးမှာ ပုန်းကွယ်နေတဲ့ ဆိုးယုတ်တဲ့သဘာဝကို ဘယ်သူကများ ထုတ်ဖော်ပြနိုင်လဲ။ ဘယ်သူကများ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြီးမြောက်စေပြီးတော့ ကျွန်မတို့ကို စာတန်ရဲ့လွှမ်းမိုးမှုကနေ အလုံးစုံကယ်တင်နိုင်မှာလဲ။ ဖန်ဆင်းရှင်သာလျှင် ဩဇာအာဏာနဲ့ တန်ခိုးတော်ကို ပိုင်ဆိုင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့အတုမရှိတဲ့ ဩဇာအာဏာနဲ့ ပင်ကိုယ်လက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါတယ်။ ညီအစ်ကို မောင်နှမတို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စကားတော်တွေကိုကြားပြီးနောက် ကျွန်မတို့အားလုံးရဲ့ နှလုံးသားထဲမှာ စိတ်ချသေချာခြင်းကိုခံစားရတယ်။ ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေအားလုံးဟာ ဘုရားသခင်ရဲ့အသံတော်ပါပဲ။ ဒါတွေဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုအတောအတွင်းမှာ ဖန်ဆင်းရှင်က ဖော်ပြတဲ့ အလုံးစုံသောသမ္မာတရားတွေပါပဲ။ ကျွန်မတို့နှလုံးသားတွေထဲမှာလည်း၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ကြည်ညိုမှုက ချက်ချင်းကို မွေးဖွားလာပါတယ်။ ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားရပြီးနောက်မှာ၊ ဒီလိုခံစားချက်မျိုးကို ရကြရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေဟာ တစ်ခုတည်းသောရင်းမြစ်ကနေ လာတယ်ဆိုတာကို ဒါက လုံလုံလောက်လောက် သက်သေပြပါတယ်။ နှစ်ပါးစလုံးဟာ တစ်ပါးတည်းသော ဝိညာဉ်တော်ရဲ့ဖော်ပြခြင်းပါပဲ။ နှစ်ပါးစလုံးဟာ မတူညီတဲ့ခေတ်တွေမှာ လူတွေအပေါ် တစ်ပါးတည်းသော ဘုရားသခင်ရဲ့ဖွင့်ဆိုပြချက်တွေပါပဲ။ နောက်ဆုံးသောကာလအတွင်းမှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတွေကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားတွေကို ဖော်ပြပါတယ်၊ လူတွေကို ကယ်တင်ခြင်းအတွက် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြပါတယ်၊ ဒါ့အပြင် သမ္မာတရားသွင်ပြင်လက္ခဏာအမျိုးမျိုးရဲ့အနှစ်သာရကိုလည်း ရှင်းလင်းစွာ ပြောပြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အမှုတော်ဟာ သခင်ယေရှုရဲ့ပရောဖက်ပြုချက်တွေကို ပြီးမြောက်အောင်မြင်စေခဲ့ပါပြီ။ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုတော်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေထဲမှာ၊ ဘုရားသခင်ရဲ့အသံတော်ကို ကျွန်မတို့ မှတ်မိသိရှိကြပါတယ်၊ ဒါ့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်တယ်၊ ကောင်းကင်၊ မြေကြီးနဲ့အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ တစ်ပါးတည်းသော စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာအပြင်၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွလာတယ်ဆိုတာတွေကိုလည်း ကျွန်မတို့ အတည်ပြုနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ စာတန်ရဲ့အုပ်စိုးမှုဖြစ်တဲ့၊ မိစ္ဆာအမှောင်အမိုက်ခေတ်ကို အဆုံးသတ်ဖို့ ကိုယ်တော်က ကြွလာတာဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာ ဘုရားသခင်ရဲ့အုပ်စိုးမှုဖြစ်တဲ့၊ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ကို အစပြုဖို့ ကြွလာတာလည်း ဖြစ်ပါတယ်။ ဒါဟာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့ဆိုတဲ့ ကျွန်မတို့ရဲ့ဆန္ဒကို အမှန်တကယ်ဖြစ်လာစေတာပါ။ ညီအစ်ကိုမောင်နှမတို့၊ ဘယ်လိုလဲရှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ဟာ သခင်ယေရှုရဲ့ပရောဖက်ပြုချက်တွေကို ပြီးမြောက်စေခဲ့ပြီလား။

စောင့်လို့နေ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အရှေ့သို့- မေးခွန်း (၄)-ပြောလိုက်တဲ့အရာက ကိုယ်တော်ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး တို့တွေဟာ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ အယူအဆတွေ အပေါ်အခြေခံနေ ကြတာကို သဘောပေါက်စေခဲ့ပြီ။ တို့ဟာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော် အပေါ် လွန်လွန် ကြူးကြူး သစ္စာဖောက်ခဲ့တာပဲ။ ဒါဆို ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ ခုချိန်မှာ တို့တွေ ဘယ်လိုပြင်ဆင် စောင့်မျှော်သင့်လဲ။ အဲဒါလေး တစ်ချက်လောက် အသေးစိတ် ရှင်းပြ နိုင်မလား။

နောက်တစ်ခုသို့- မေးခွန်း (၄) သခင်ယေရှုက တပည့်တွေကို ကောင်းကင်နိုင်ငံတော်ရဲ့နက်နဲမှုတွေအကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် သခင်ယေရှု ပြန်လာခြင်းဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း နက်နဲမှုတွေအများကြီးကို ထုတ်ဖော်ပြထားသလား အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ နက်နဲမှုတချို့ကို ကျွန်မတို့အတွက် မိတ်သဟာယ ပြုပေးနိုင်မလား ဒါက ဘုရားသခင်ရဲ့အသံတော်ကို ခွဲခြားရာမှာ ကျွန်မတို့အတွက် အများကြီးအထောက်အပံ့ရမှာပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။