အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၃၇ ယခု ကျွန်ုပ် နိုးထပြီ

၁ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအားလုံးတွင်၊ ကယ်တင်ခြင်းက အလွန်ရိုးရှင်းသည်ဟု ကျွန်ုပ် စိတ်ကူးထင်မြင်ခဲ့။ သင်၏နှုတ်ဖြင့် သခင့်ကို အသိအမှတ်ပြုကာ သင့် စိတ်နှလုံးဖြင့် ယုံကြည်ခြင်းဖြင့်၊ သင်၏ အပြစ် ခွင့်လွှတ်ခံရလိမ့်မည်ဟု တွေးထင်ရင်းပင်။ အလုပ် ကြိုးစားလုပ်ဆောင်ခြင်းအပေါ်သာ ကျွန်ုပ် အာရုံစိုက်ကာ သခင့်နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်တွေ့မလုပ်ဆောင်ခဲ့။ သခင့်ကို ချစ်ကာ သစ္စာရှိသူတစ်ဦး ကျွန်ုပ်ဖြစ်သည်ဟု တွေးထင်ခဲ့။ သခင့်ကို ကျွန်ုပ်၏ အပြစ်အား မကြာခဏ ဝန်ချသော်လည်း မိမိကိုယ်ကိုယ် ဘယ်သောအခါမျှ မသိခဲ့။ အစည်းအဝေးများတွင် သမ္မာကျမ်းဆိုင်ရာ အသိပညာကို ကျွန်ုပ် ပြောဆိုခဲ့သော်လည်း သခင့်ကို သိကျွမ်းမှု မရှိခဲ့။ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများတွင် သခင့်ကို ကျွန်ုပ် နားလည်မှုလွဲကာ အပြစ်တင်မိခဲ့။ ကျွန်ုပ် အလွန် ပုန်ကန်တတ်ကာ ဆန့်ကျင်တတ်ခဲ့သော်လည်း ကောင်းကင်နိုင်ငံထဲသို့ ကျွန်ုပ် ချီဆောင်ခံရနိုင်သည်ဟု စိတ်ကူးထင်မြင် မိခဲ့ပေ။

၂ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များမှတဆင့်၊ နောက်ဆုံးတွင် ကျွန်ုပ် နိုးထပြီ။ ကျွန်ုပ်၏ အပြုအမူ ကောင်းမွန်ပုံပေါ်သော်လည်း၊ ယင်းက ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲပြီဟု မဆိုလိုပေ။ အယူဝါဒများအကြောင်း ပြောဆိုခြင်းက သမ္မာတရားကို သိနားလည်ခြင်း သို့မဟုတ် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းအား ကိုယ်စားမပြုပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိဘဲ၊ သမ္မာတရားနှင့် အသက် ကျွန်ုပ် ကင်းမဲ့ဆဲပင်။ ကျွန်ုပ်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို ဆန့်ကျင်ရင်း၊ သူ့ကို လှည့်ဖြားရန် ကြိုးစားရင်း ကျွန်ုပ် ဘုရားသခင်နှင့် အပေးအယူ လုပ်ဆောင်နေဆဲ။ သူတော်ကောင်းယောင်ဆောင် ဖာရိရှဲတို့နှင့် ကျွန်ုပ် မည်သို့ ကွဲပြားမှု တစ်ခုတစ်လေ ရှိမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်ဆိုင်သော ကယ်တင်ခြင်းကြောင့်သာမဟုတ်လျှင် ကျွန်ုပ်သည် ပျက်စီးကိန်းဆိုက်ပေမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ အင်မတန် ထူးခြားသော မျက်နှာသာပေးခြင်း ဖြစ်ပေ။

၃ ဘုရားသခင်၏ တရားစီရင်ခြင်းမှတဆင့် ကျွန်ုပ်၏ သဘာဝ အလွန်တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ပြီ။ နောင်တနှင့် ကျွန်ုပ် အလွန်ပြည့်ကာ ဘုရားသခင်ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်မိသည်။ တရားစီရင်ခြင်းကို လက်ခံခြင်းဖြင့် ကျွန်ုပ် သန့်စင်ခံရကာ ကယ်တင်ခြင်း ရရှိပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းက ကယ်တင်ခြင်းဖြစ်သည်၊ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်ုပ် မြင်ရပြီ။ ပိုမိုများပြားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပိုမိုများသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ကြုံရဖို့ ကျွန်ုပ် ဆန္ဒရှိပေ။ သမ္မာတရားကို လိုက်စားဖို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သူတစ်ဦးဖြစ်လာဖို့ အရာရာကို အသုံးပြုရန်ဖြစ်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ကာ သန့်ရှင်းသည့် စိတ်သဘောထားမှာ လူသားမျိုးနွယ်၏ ချီးမွမ်းမှုနှင့်ထိုက်တန်ပေ။ ဘုရားသခင်ကို ထာဝရ ချီးမွမ်းကာ ကိုးကွယ်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။

ယခင်က:သူ၏ တရားစီရင်ခြင်း ကြုံရပြီးနောက်တွင် ဘုရားသခင်ကို ကျွန်ုပ် ပို၍ ချစ်သည်

နောက်တစ်ခုသို့:ရိုးသားသောလူများသာ လူ့အသွင်ပေါက်သည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ