အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

“သိမ်းပိုက်ခြင်း အလုပ်၏ အတွင်းသမ္မာတရား” နှင့်ပတ်သက်သော ဘုရားနှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

၁။ စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိူးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေတို့သည် အမြဲတည်နေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး သူ့ကို ကြောက်ရွံ့ခြင်းအား အတူတကွ ရပ်တန့်ခဲ့ကြသောကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေကို ဆုံးရှုံးခဲ့လေသည်။ ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေအားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ထိုသို့အားဖြင့် ဖန်ဆင်းခံများကြားတွင် သက်သေရှိလိမ့်မည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျ မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ နှုတ်ကပတ်တော်များ၏ ဤလုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့် ထိုအရာ လုပ်ဆောင်ရမည်ဖြစ်သည်၊ သူ့အား လုံးဝနှိမ်နင်းရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းအားဖြင့်သော်လည်းကောင်း၊ လူ၏ပုန်ကန်မှုကို ဖွင့်ပြခြင်းနှင့် သူ၏ ခုခံမှုကို တရားစီရင်ခြင်းအားဖြင့် ဖြစ်ရမည်၊ သို့မှသာ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့် အညစ်အကြေးကို သိရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းကို အသုံးပြုရမည်ဖြစ်သည်။ အဓိကအားဖြင့် လူကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည့် ဤနှုတ်ကပတ်တော်များအား အသုံးပြုခြင်းပင်ဖြစ်လိမ့်မည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ရန် လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ စကားပြောခြင်း၏ လက်ရှိလုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ လူတို့သည် အမှန်တကယ် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို ထိရောက်စွာစားသောက်ခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့သည် သူတို့ကိုယ်သူတို့ သိမ်းပိုက်ရန်မဖြစ်နိုင်ပါ။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် လဲကျကြရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကာ ထို့ထက်ပို၍ ရူပါရုံရှိလျှင်၊ အကယ်၍ သင့်အနေဖြင့် ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်ပြီး သင်၏ မည်သည့် ကိုယ်ပိုင်ရွေးချယ်မှုကိုမျှ မကျင့်သုံးဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ပြင် သင့်ကို သိမ်းပိုက်ခဲ့ပြီးသည့်အရာမှာ ဤနှုတ်ကပတ်တော်များပင် ဖြစ်လိမ့်မည်။ လူသားမျိူးနွယ်က သက်သေကို ဘာကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၌ ယုံကြည်ချက်မရှိ သို့မဟုတ် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို နောက်ထပ် လုံးဝမဆုပ်ကိုင်တော့သည့်အတွက်ဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားတို့အား ဤယုံကြည်ချက်ကို ပြန်လည်ထားရှိစေခြင်းဖြစ်သည်။ လူတို့သည် အလွန်များပြားလှသော မျှော်လင့်ချက်များ သိုထားရင်း၊ သူတို့အနာဂတ်အတွက် အဆမတန် လိုချင်ကြရင်း၊ များပြားလှစွာသော အလွန်အကျွံတောင်းဆိုချက်များ ထားရင်းဖြင့်ပင် လောကဘက်သို့ အမြဲတမ်း တိမ်းညွှတ်လေ့ရှိကြသည်။ သူတို့သည် သူတို့၏ ဇာတိပကတိအတွက် အမြဲတွေးတောစီစဉ်နေကြပြီး ဘုရားသခင်အပေါ် ယုံကြည်မှုနည်းလမ်းအ ရှာဖွေရာ၌ မည်သည့်အခါမျှ စိတ်မဝင်စားကြ။ သူတို့စိတ်နှလုံးများသည် စာတန်၏ဖမ်းဆီးခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအပေါ် သူတို့၏ကြောက်ရွံ့ခြင်းကို ဆုံးရှုံးခဲ့ကြပြီဖြစ်ပြီး သူတို့စိတ်နှလုံးကို စာတန်အား ပေးအပ်နေကြပြီဖြစ်သည်။ သို့သော် လူကို ဘုရားသခင် ဖန်ဆင်းထားသည်။ သို့အတွက်ကြောင့် လူက သက်သေကို ဆုံးရှုံးခဲ့ပြီဆိုသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို သူဆုံးရှုံးခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင့်အပေါ် လူ့ ကြောက်ရွံ့ခြင်း၏ ဘုန်းအသရေကို ပြန်လည်အရယူဖို့ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

၂။ လက်ရှိသိမ်းပိုက်ခြင်းအလုပ်က လူသား၏အဆုံးသတ် အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည့်အလုပ်ဖြစ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ အရောင်အဆင်းအမှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်ပင် လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ တစ်နည်းအားဖြင့် ဤသည်မှာ သူတို့၏အပြစ်များကို တရားစီရင်သည့်အပြင် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးလေသည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ထိုအလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နေအလင်းရောင်ကို နောက်တစ်ဖန် လုံးဝမမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုလက်ခံရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။ အရာအားလုံးအတွက် အဆုံးသတ်သည် နီးလာပြီ၊ လူ့အဆုံးသတ်ကို သူ၏မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်ပြီး၊ အရာအားလုံးက အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ဤခွဲခြားသတ်မှတ်ခြင်းအား ကြုံရသည့်အဖြစ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူ့အဆင့်အတန်းအသီးသီး၏ အဆုံးသတ်အား ဖွင့်ပြခြင်းကို လုပ်ဆောင်ပြီး၊ ထိုအရာသည် စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်နှင့် အစပြုသည့် သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်မည်ဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ အဆုံးသတ်ကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်မည်ဖြစ်သည်။ လူတို့အား အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းသည် လူတို့ကို သူတို့၏ မူလအဆင့်အတန်းများသို့ ပြန်ပို့ခြင်းမဟုတ်ပေ။ ဤသည်မှာ ကမ္ဘာမြေဖန်ဆင်းခြင်း၌ လူကို ဖန်ဆင်းခဲ့သောကြောင့် ယောက်ျားနှင့် မိန်းမဟူသည့် လူသားတစ်မျိုးတည်းသာ ရှိခဲ့သည်။ ကွဲပြားသော အမျိုးအစားများစွာ မရှိခဲ့ပါ။ ဖောက်ပြန်ပျက်စီးခြင်းသည် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင်သာ လူသားများ၏ ကွဲပြားခြားနားသော အဆင့်အတန်းများ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး၊ အချို့က ညစ်ညူးသော နတ်ဆိုးတို့၏ အုပ်စိုးမှုအောက် ရောက်ရှိကြပြီးလျှင်၊ အချို့မှာ ဆိုးယုတ်သောနတ်ဆိုးများ၏ အုပ်စိုးမှုအောက်၊ အသက်လမ်းစဉ်ကို လိုက်လျှောက်သောသူအချို့မှာ အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက်တွင် ရောက်လာကြသည်။ ဤနည်းလမ်းအားဖြင့်သာလျှင် အဆင့်အတန်းများက လူတို့ကြားတွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး၊ ကြီးမားသောလူ့မိသားစုအတွင်း၌ လူတို့သည် အဆင့်အတန်းများ ခွဲထွက်လာကြသည်။ လူအားလုံးက မတူကွဲပြားသော “ဖခင်များ” ရှိဖို့ ဖြစ်လာကြသည်၊ လူတို့၏ ပုန်ကန်မှုက ဆိုးဝါးလွန်းသောကြောင့် အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက် လူတိုင်း လုံးလုံးလျားလျားရှိလာသည် မဟုတ်ပါ။ ဖြောင့်မတ်သော တရားစီရင်ခြင်းက လူပုဂ္ဂိုလ်အမျိုးအစားတစ်ခုစီ၏ ဖြစ်ခြင်းအမှန်ကို ဖွင့်ပြပြီး မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားပါ။ လူတိုင်း အလင်း၌ မိမိ၏ မျက်နှာအမှန်ကို ပြရသည်။ ဤအခြေအနေတွင် လူသည် နဂိုမူလ ဖြစ်ခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ သူ၏ဘိုးဘေးများနှင့် နဂိုသဏ္ဍာန်တူညီမှု ပျောက်ကွယ်ခဲ့သည်မှာ ရှည်ကြာခဲ့ပြီ၊ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့် ဧဝတို့၏ မရေတွက်နိုင်သော သားစဉ်မြေးဆက်တို့သည် ကောင်းကင်ကနေကို နောက်တဖန်လုံးဝ မသိမမြင်ရဖို့ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး၊ လူတို့သည် စာတန်၏ အဆိပ်အမျိုးမျိုးတို့နှင့် ပြည့်နေခဲ့ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့တွင် သူတို့၏ သင့်လျော်သောခရီးပန်းတိုင်များ ရှိကြသည်။ ထို့ပြင် သူတို့၏ မတူညီသောအဆိပ်များပေါ် အခြေခံပြီး သူတို့ကို အမျိုးအစားအလိုက် ခွဲခြားထားခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သူတို့ကို ယနေ့ သိမ်းပိုက်ထားသော အတိုင်းအတာအားဖြင့် ခွဲခြားထားခြင်းပင်ဖြစ်သည်။ လူသား၏အဆုံးသတ်သည် ကမ္ဘာမြေဖန်ဆင်းခြင်းကတည်းက ခွဲခန့်မှတ်သားထားခဲ့သည့် အရာတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်မှာ အစအဦးတွင် “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် အတန်းအစားတစ်ခုသာ ရှိခဲ့သောကြောင့်ဖြစ်သည်။ ပြီးလျှင် အစ၌ လူသည် စာတန်အားဖြင့် မပျက်စီးခဲ့သည့်အပြင် သူတို့အပေါ် မည်သည့် မှောင်မိုက်မျှမကျရောက်ဘဲဘုရားသခင်၏ အလင်းထဲ၌ သူတို့အားလုံး အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော် လူသည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် လူတို့၏ အတန်းအစားနှင့် အမျိုးအစားအားလုံး မြေတစ်ပြင်လုံးသို့ ပျံ့နှံ့ခဲ့လေသည်— ယောက်ျားနှင့် မိန်းမတို့ဖြင့် ဖွဲ့တည်ထားသော “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် မိသားစုမှလာသော လူတို့၏ အတန်းအစား နှင့် အမျိုးအစားများအားလုံးပင် ဖြစ်သည်။ သူတို့အားလုံးကို သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ— ယောက်ျားနှင့်မိန်းမ ပါဝင်သည့် လူသားမျိုးနွယ် (၎င်းမှာ သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများဖြစ်သည့် မူရင်း အာဒံနှင့်ဧဝတို့)- မှ လမ်းလွဲသွားဖို့ သူတို့၏ ဘိုးဘေးဘီဘင်များက ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က မြေကြီးပေါ် အသက်ရှင်နေထိုင်ဖို့ ယေဟောဝါ ဦးဆောင်နေခဲ့သည့် တစ်ခုတည်းသောလူမျိုးမှာ ဣသရေလလူမျိုးများသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဣသရေလတစ်မျိုးလုံးမှ (မူရင်းမိသားစုမျိုးရိုးစုမှဟုဆိုလို) ထွက်ပေါ်လာသော လူတန်းစားအမျိုးမျိုးတို့က ယေဟောဝါ၏ ခေါင်းဆောင်မှုကို ဆုံးရှုံးခဲ့ရသည်။ ပြီးနောက် လူ့ကမ္ဘာ၏ ကိစ္စရပ်များကို လုံးဝမသိသည့် ဤအစောပိုင်းလူမျိုးများသည် သူတို့၏ဘိုးဘေးများနှင့်အတူ သွားလာခဲ့ကြပြီး သူတို့တောင်းဆိုခဲ့ကြသည့် နယ်မြေများတွင် ယနေ့ထက်တိုင် နေထိုင်ခဲ့ကြသည်သည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါထံမှ မည်သို့လမ်းလွဲခဲ့ကြပြီး ညစ်ညူးသော နတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်တို့အားဖြင့် မည်သို့ပျက်စီးခဲ့ကြသည်ကိုမသိဘဲ ရှိနေကြဆဲဖြစ်၏။ အနက်ရှိုင်းဆုံး ပျက်စီးပြီး ယခုတိုင် အဆိပ်သင့်သောသူတို့၊ အတိအကျပြောရသော် နောက်ဆုံးတွင် ကယ်ဆယ်၍မရနိုင်သော သူတို့သည် သူတို့ကို ဖျက်ဆီးခဲ့သော ညစ်ညူးသည့် နတ်ဆိုးများဖြစ်သည့် သူတို့၏ဘိုးဘေးတို့နှင့် သွားကြရုံမှလွဲ၍ အခြားရွေးချယ်စရာရှိမည် မဟုတ်ပါ။ နောက်ဆုံးတွင် ကယ်ဆယ်၍ရနိုင်သော သူတို့သည် လူသားမျိုးနွယ်၏ သင့်လျော်သော ခရီးပန်းတိုင်သို့ သွားရလိမ့်မည်၊ ဆိုလိုသည်မှာ ကယ်တင်ခံရသူနှင့် သိမ်းပိုက်ခံရသူတို့အတွက် သီးသန့်ထားရှိသော အဆုံးသတ်ကိုပင်တည်း။ ကယ်တင်ခြင်းသို့ရောက်နိုင်သော သူတို့ကို ကယ်တင်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်၊ သို့သော် အရေထူပြီးမတုံ့ပြန်တတ်သော၊ ကုသ၍မရနိုင်သောသူတို့အဘို့ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆုံးမပြစ်တင်ခြင်း၏ အနက်ဆုံးတွင်းထဲသို့ သူတို့၏ ဘိုးဘေးများနောက်မှ လိုက်ကြဖို့သာ ဖြစ်လိမ့်မည်။ သင်၏အဆုံးသတ်ကို အစအဦးကတည်းက ခွဲခန့်မှတ်သားထားခဲ့ပြီး ယခုမှသာ ဖွင့်ပြခံရသည်ဟု မထင်လေနှင့်။ သင်ထိုသို့ထင်လျှင် လူသားမျိုးနွယ်၏ ကနဦးဖန်ဆင်းခြင်းအတွင်း သီးခြားစာတန်အတန်းအစား မဖန်ဆင်းခဲ့သည်ကို သင်မေ့လျော့ပြီလော။ အာဒံ နှင့် ဧဝဖြင့် ဖွဲ့တည်ထားသည့် တစ်ခုတည်းသော လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သည် (ယောက်ျားနှင့် မိန်းမသာ ဖန်ဆင်းခံခဲ့ရသည်ဟု ဆိုလိုသည်) ကို သင်မေ့လျော့ပြီလော။ သင်တို့သည် အစအဦး၌ စာတန်မှ ဆင်းသက်လာသူဖြစ်ခဲ့လျှင် ယင်းမှာ ယေဟာဝါ လူကို ဖန်ဆင်းသောအခါ စာတန်အုပ်စုတစ်စု ပါဝင်ခဲ့သည်ဟု ဆိုလိုလိမ့်မည်မဟုတ်လော။ ထိုကဲ့သို့သော အရာတစ်ခုခုကို သူလုပ်ဆောင်ခဲ့နိုင်မည်လော။ သူသည် မိမိ၏သက်သေခံချက်အဘို့အလို့ငှာ လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ သူသည် မိမိဘုန်းအသရေအဘို့အလို့ငှာ လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ့ကို တမင်တကာ အတိုက်အခံလုပ်ရန် စာတန်၏နောင်လာနောက်သား လူတန်းစားတစ်ခုကို အဘယ်ကြောင့် သူဖန်ဆင်းမည်နည်း။ ယေဟောဝါသည် ဤအရာကို လုပ်ဆောင်ခဲ့နိုင်မည်လော။ အကယ်၍ ဟုတ်မှန်သည်ဟူလျှင် သူသည် ဖြောင့်မတ်သောဘုရားဖြစ်သည်ဟု မည်သူဆိုနိုင်လိမ့်မည်လော။ ငါသည် အချို့သောသင်တို့ကို အဆုံးသတ်၌ စာတန်နှင့်အတူ သွားရလိမ့်မည်ဟု ဆိုသောအခါ၊ သင်သည် အစအဦးကတည်းက စာတန်နှင့် ရှိခဲ့ကြသည်ဟု မဆိုလိုပါ၊ ထို့ထက် သင်တို့သည် အလွန်နိမ့်ကျအောင် နစ်မြုပ်ခဲ့ကြသဖြင့် ဘုရားသခင် သင်တို့ကိုကယ်တင်ဖို့ ကြိုးစားလျှင်သော်မှ ထိုကယ်တင်ခြင်းကို သင်တို့မရယူနိုင်ခဲ့ကြပြီဟု ဆိုလိုခြင်းဖြစ်သည်။ သင်တို့ကို စာတန်နှင့်အတူ မျိုးတူသတ်မှတ်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပါ။ ဤသည်မှာ သင်သည် ကယ်ဆယ်၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သင့်အပေါ် မဖြောင့်မတ်သောကြောင့်မဟုတ်ပါ၊ ဆိုလိုသည်မှာ ဘုရားသခင်က သင်၏ကံကြမ္မာကို စာတန်၏ ပြယုဂ်တစ်ခုအဖြစ် တမင်တကာ သတ်မှတ်ပြီးနောက် စာတန်နှင့်အတူ သင့်ကို မျိုးတူသတ်မှတ်ကာ တမင်သက်သက် သင့်ကို ဝေဒနာခံစားစေလိုခြင်းမဟုတ်ပါ။ ထိုအရာသည် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းကျကျအမှန်တရားမဟုတ်ပါ။ ထိုအရာသည် သင်ယုံကြည့်သည့်အရာဖြစ်လျှင် သင်၏နားလည်သဘောပေါက်မှုက အလွန် တစ်ဖက်သတ်ဆန်လှပါသည်တကား။ သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ အဆုံးသတ်များကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုအရာမှာ တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို တက်ကြွနိုးကြားစေရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤယိုယွင်းပျက်စီးမှုများကို မချွတ်ချနိုင်သေးလျှင် သူတို့သည် စာတန်မျိုချဖို့အတွက် ကယ်ဆယ်မရနိုင်သောအရာများ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ အဆုံးသတ်များကိုလည်း ပြသရန် သိမ်းပိုက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ ကောင်းသော အဆုံးသတ်များ၊ မကောင်းသော အဆုံးသတ်များ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌သာ ထုတ်ဖော်ခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

၃။ မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း သူတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြုခဲ့ကြပြီ မဟုတ်လော။ လူတို့သည် ယုံကြည်ခြင်းအားဖြင့် အမှုအရာများ ရရှိခဲ့ကြသည်။ သူတို့ ရရှိခဲ့ကြသောအရာသည် အမြဲကောင်းကြီးမင်္ဂလာမဟုတ်ပါ— ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို ခံစားရန်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအားဖြင့် ရေရရှိဖို့ဖြစ်သည်။ ဥပမာအားဖြင့်၊ ယောဘ၏အမှု၌ သူသည် ယေဟောဝါ၏ကောင်းကြီးမင်္ဂလာ ရရှိသလို ယုံကြည်ခြင်းအားဖြင့် ကပ်ဆိုက်မှုကိုလည်း လက်ခံရရှိခဲ့သည်။ သင့်အနေဖြင့် ကောင်းကြီးမင်္ဂလာတစ်ခု ရရှိသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို လက်ခံရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို သာ၍ပင် မရရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများ နှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင်တို့အပေါ်သို့ မကျရောက်လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင်တို့ မြင်နိုင်ကြလိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံရခြင်းအဖြစ်က ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းအားဖြင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ သင်သည် ဘုရားသခင်ကို မသိသောကြောင့် သူ့ကို အဘယ်မျှလောက် သင်ယုံကြည်ပါစေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေမကျသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်း စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံး ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ "ယုံကြည်ခြင်း" ဟူသော စကားလုံးကြောင့် သင်တရားစီရင်ခံရလျှင် သို့မဟုတ် ကျိန်ဆဲခံရလျှင်သော်မှ သင့်မှာ စစ်မှန်သော ယုံကြည်ချက်ရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံး နှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိပေသည်။ ဤသို့ဖြစ်ရသည်မှာ ဘုရားသခင့် ဖန်ဆင်းခြင်းများ၏ နောက်ဆုံးဦးတည်ရာကို သင်မြင်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထို့သို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး "လူ"၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇစ်မြစ်ကို လေ့လာပြီး လူသားမျိုးနွယ်အားလုံး၏ "ထာဝရရှင်သန်သော သမိုင်း" ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ သင်သည် ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်း သာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံလူသားတို့အား အပြစ်ဖော်ဆုံးမခြင်း စကားလုံးများကို လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ ဤသိမ်းပိုက်ခြင်းထဲ၌ ကောင်းကြီးမင်္ဂလာများကို သင်ရရှိပြီး လူရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း သင်လက်ခံရရှိသည်။ ဤအရာအားလုံးသည် သင်၏ ထိုယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည်မဟုတ်လော။ ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ ကြီးမားသည့် ပမာဏတစ်ခု သင်ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရား၏ စကားတော်ကို ကြားပြီး ဘုရား၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ သင်တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိလျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောပါလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းအား သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို သူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည်မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည်မဟုတ်ပါ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို နည်းနည်းသာ သင်သိရလိမ့်မည်။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် ဤသို့ နားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုပါသလား။ သင်သည် ယနေ့ပြစ်တင်ဆုံးမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခြားမည်ဆိုပါက၊ သင်ဆုံတွေ့ရမည့်အရာမှာ အဘယ်အရာနည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ "ဤအရပ်"ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ ညှဉ်းဆဲခြင်း သို့မဟုတ် နတ်ဆိုးအားဖြင့် ဒဏ်ခံစားရသည့် ရက်စက်သော ဒဏ်ရာ ဒဏ်ချက်များဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းနှင့် သင်လွတ်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သောအရာမှာ အမှန်ပင် ရှန်ဂရီလာဖြစ်နိုင်သလော။ သင်လုပ်ဆောင်နေသော နည်းလမ်း အစစ်အမှန်မှ အဝေးသို့ ပြေးခြင်းအားဖြင့် နောက်နောင် ထိုထာဝရ ပြစ်တင်ဆုံးမမှုကို သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းကြီးမင်္ဂလာမျိုး နောက်တဖန် သင်အမြဲရှာတွေ့နိုင်လိမ့်မည်လော။ ဘေးဥပဒ် သင့်အပေါ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ခရီးပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ ဖြစ်တည်မှုတစ်ခု— သင်ရရှိသင့်သောအရာဖြစ်ပြီး သင်ပိုင်ဆိုင်ခဲ့သင့်သော အရာလည်း ဖြစ်သည်။ ဤသိမ်းပိုက်ခြင်းမျိုးသည် သင်၏ ယုံကြည်ခြင်းအတွက် အကျိုးအပြုဆုံးဖြစ်ပြီး သင်၏ အသက်တာအတွက် အကျိူးပြုဆုံးသော အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

၄။ ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို သတိပြုရပါမည်။ သိမ်းပိုက်ခြင်း ခံရပြီး ဖြစ်သည်ဟု သင်ပြောကောင်း ပြောမည်၊ သို့သော် သေခြင်းတိုင်အောင် သင်နာခံနိုင်ပါမည်လော။ မည်သို့သော အလားအလာများ ရှိနေပါလေ့စေ အဆုံးစွန်ထိ နာခံနိုင်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားပဲ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လက်မလွတ်ပဲ ဆုပ်ကိုင်ထားရပါမည်။ နောက်ဆုံးအနေဖြင့် သေခြင်း သို့တိုင် နာခံသော ယောဘ၏ သက်သေ၊ ဘုရားသခင်ကို အထွတ်အထိပ်ချစ်သော ပေတရု၏ သက်သေ တည်းဟူသော သက်သေလက္ခဏာ နှစ်ပါးကို သင်ပိုင်ဆိုင်ဖို့လိုသည်။ အင်္ဂါရပ်တစ်ခု အနေဖြင့် သင်သည် ယောဘကဲ့သို့ ဖြစ်ရပါမည်။ သူသည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကင်းမဲ့ပြီး အသွေးအသားနာကျင်မှုနှင့် ဝန်းရံ ကြုံတွေ့ နေရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပါ။ ဤသည်မှာ ယောဘ၏ သက်သေ ဖြစ်သည်။ ပေတရုသည်လည်း ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့ပါသည်။ ကားစင်တင်ခံရပြီး သူသေဆုံးချိန်တွင်ပင် ဘုရားသခင်ကို သူချစ်မြဲချစ်ခဲ့၏။ သူ၏ကိုယ်ပိုင်တက်လမ်းကို မငဲ့ကွက်ခဲ့သလို ကြီးကျယ်ခမ်းနားသော မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးအခေါ်များကို မဆည်းပူးခဲ့ပဲ ဘုရားသခင်ကိုသာချစ်ဖို့နှင့် ဘုရားသခင်၏ စီမံချက်အားလုံးကို လိုက်နာဖို့ သူကြိုးစားခဲ့သည်။ ဤသို့သော အရာမှာ သက်သေခံတစ်ဦးဟု သင့်ကိုမသတ်မှတ်ခင်၊ သိမ်းပိုက်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူ တစ်ဦး မဖြစ်မီ သင်ပိုင်ဆိုင်ရမည့် စံဖြစ်သည်။ ယနေ့ လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရနှင့် အဆင့် အတန်းကို အမှန်သိခဲ့မည်ဆိုလျင် ၎င်းတို့ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေနေကြဦးမည်လော။ သင်သိထားရမည့် အရာမှာ “ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ မစုံလင်စေသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ်လိုက်နေမည် ဖြစ်သည် ယခု သူလုပ်ဆောင်သော အရာခပ်သိမ်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်တို့အတွက် ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်မည် ဖြစ်သကဲ့သို့ စာတန်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို ရုန်းထွက်ပြီး ညစ်ညမ်းသောမြေမှာ ကျင်လည်ခွင့်ရလျက်ပင် ညစ်ညမ်းမှုကို မိမိကိုယ်မှ ဖယ်ရှားကာ ညစ်ညမ်းမှုနှင့် စာတန်၏ လွှမ်းမိုးမှုကို ခါချပြီး စာတန်၏ လွှမ်းမိုးမှုကို နောက်ချန်ထား ခဲ့စေနိုင်မည် ဖြစ်သည်”ဟူ၍ပင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

၅။ သိမ်းပိုက်ခြင်းနှင့် တစ်ချိန်တည်းမှာ စုံလင်ခြင်း ဖြစ်ပေါ်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခြင်း ခံရလျှင် စုံလင်ခြင်းဖြစ်စေသည့် ပထမဦးဆုံးသော အကျိုးတရားကိုလည်း ရရှိခြင်းဖြစ်သည်။ သိမ်းပိုက်မှုခံရခြင်းနှင့် စုံလင်ခြင်းသို့ ရောက်ရှိစေခြင်းတို့ကြား ခြားနားချက်တစ်ခုရှိပြီး လူတို့၏အထဲက ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင် သည်။ သိမ်းပိုက်မှုခံရခြင်းသည် စုံလင်စေခြင်း၏ ပထမအဆင့်ဖြစ်ပြီး စုံလင်မှု အပြည့်အဝရှိသည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင်က လုံးဝပိုင်ဆိုင်ပြီဟူသော သက်သေလည်း မဟုတ်ပါ။ လူတို့သည် သိမ်းပိုက်မှု ခံယူပြီးချိန်တွင် ၎င်းတို့၏ စိတ်သဘောထားထဲတွင် အပြောင်းအလဲအချို့ ရှိပါသည်။ သို့သော် ထိုအပြောင်းအလဲများမှာ ဘုရားသခင်က အပြည့်အဝ ပိုင်ဆိုင်ထားပြီးဖြစ်သူတို့ အတွင်းရှိ အရာများကို မီဖို့များစွာ လိုပါသေး၏။ ယနေ့ ပြီးမြောက်သော အရာမှာ စုံလင်စေခြင်း၏ အစလုပ်ဆောင်မှု ဖြစ်သည့် လူတို့ကို သိမ်းပိုက်ခြင်းဖြစ်ပြီး သင့်အနေဖြင့် သိမ်းပိုက်မှုကို မခံယူနိုင်လျှင် စုံလင်ခြင်းနှင့် ဘုရားသခင်မှ လုံးဝပိုင်ဆိုင်ခြင်းအဖြစ်သို့ ရောက်ဖို့ အကြောင်းမရှိပါ။ သင့်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုအနည်းငယ်သာ ခံရရုံရှိမည်။ သို့သော် ထိုအရာတို့က သင်၏ နှလုံးသားကို လုံးလုံး ပြောင်းလဲစေဖို့ မစွမ်းဆောင်နိုင်ပါ။ ထိုသို့အားဖြင့် သင်သည် သုတ်သင်ပယ်ရှင်းခြင်း ခံရသူတို့ထဲမှ တစ်ယောက်ဖြစ်ပေမည်။ ထိုအရာမှာ စားပွဲပေါ်ရှိ ခမ်းနားသည့် ပွဲတော်ကိုသာ မြင်ရပြီး မစား မသောက်သော အဖြစ်နှင့် မခြားနားပါ။ ဤအရာမှာ ဝမ်းနည်းစရာ မကောင်းပေဘူးလား။ ထို့ကြောင့် သင့်အနေဖြင့် ပြောင်းလဲမှုများကို ရှာဖွေမှ ဖြစ်မည်။ သိမ်းပိုက်မှု ခံရခြင်းဖြစ်စေ စုံလင်စေခြင်းဖြစ်စေ နှစ်ခုလုံးသည် သင့်အထဲက ပြောင်းလဲခြင်းများ၊ သင်နာခံမှုရှိ၊ မရှိဆိုသည့် အရာတို့နှင့်သက်ဆိုင်ပြီး ထိုအရာက သင့်ကို ဘုရားသခင် ပိုင်ဆိုင်နိုင်မည်လော ဆိုသည့်အရာကို ဆုံးဖြတ်ပေးသည်။ “သိမ်းပိုက်မှု ခံရခြင်း” နှင့် “စုံလင်စေခြင်း” တို့သည် ပြောင်းလဲခြင်း၊ နာခံမှုတို့၏ အတိုင်းအတာနှင့် သက်ဆိုင်သကဲ့သို့ ဘုရားသခင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာ ဖြူစင်မှုအပေါ် အတိအလင်း မူတည်နေသည်။ ယနေ့လိုအပ်သည်မှာ သင့်အနေဖြင့် လုံးဝစုံလင်ခြင်းသို့ ရောက်နိုင်သော်လည်း အရင်ဦးစွာ သိမ်းပိုက်ခြင်းကို ခံယူဖို့ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအကြောင်းကို သင်စေ့စေ့ငှငှ သိရမည်ဖြစ်ပြီး လိုက်နာဖို့ ယုံကြည်ချက်ရှိရမည် ဖြစ်သကဲ့သို့ ပြောင်းလဲခြင်းများကို ရှာဖွေသောသူ ဖြစ်ရမည်ဖြစ်ကာ အကျိုး သက်ရောက်မှုများ ရှိရပါမည်။ သို့မှသာ သင့်အနေဖြင့် စုံလင်ခံရခြင်းကို ရှာဖွေသောသူ ဖြစ်ပါလိမ့်မည်။ သင်တို့သည် စုံလင်အောင် ပြုပြင်ခြင်းခံရစဉ်တွင် သိမ်းပိုက်မှု ခံရမည်ဖြစ်ပြီး သိမ်းပိုက်မှုခံရစဉ်တွင် စုံလင်စေခြင်း ရရှိမည်ကို နားလည်ထားရပါမည်။ ယနေ့ လူ့ပြင်ပသဘောတွင် စုံလင်စေခြင်း သို့မဟုတ် ပြောင်းလဲမှုနှင့် သင်၏အရည်အသွေး တိုးတက်မှုတို့ကို ရှာဖွေနိုင်သော်လည်း ပင်မအရေးကြီးသောအရာမှာ ယနေ့ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး အဓိပ္ပါယ်ရှိပြီး အကျိုး ကျေးဇူးရှိသည်ကို နားလည် သဘောပေါက်ဖို့ ဖြစ်သည်။ ထိုအရာက ညစ်ညမ်းသောမြေတွင် ရှင်သန်သော သင့်အား ညစ်ညမ်းသောအရာများကို ဖယ်ရှား ခါထုတ်နိုင်စေမည် ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို အနိုင်ယူပြီး စာတန်၏ မှောင်မိုက်လွှမ်းမိုးမှုကို အနိုင်ရ ကျော်လွှားနိုင်စေကာ ဤအရာများကို အလေးထား ရင်းဖြင့် ညစ်ညမ်းသောမြေ၌ ကွယ်ကာခြင်းကို သင်ရရှိမည်ဖြစ်သည်။ နောက်ဆုံးမှာ မည်သို့သော သက်သေကို သင်ပြဖို့လိုအပ်မည်နည်း။ ညစ်ညမ်းသော မြေမှာ သင်ရှင်သန်သော်လည်း သန့်ရှင်းသူ ဖြစ်လာနိုင်စွမ်းရှိပြီး နောက်ထပ် ညစ်ညမ်းခြင်း မသန့်စင်ခြင်း မရှိတော့ပါ။ သင့်အနေဖြင့် စာတန်၏ ပိုင်နက်မှာ အသက်ရှင်သော်လည်း သင့်ကိုယ်သင် စာတန်၏လွမ်းမိုးမှုမှ ရှောင်ထွက်သွားနိုင်ပြီး စာတန်က ပိုင်ဆိုင်ခြင်း နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။ အနန္တတန်ခိုးရှင်၏ လက်ထဲ သင်အသက်ရှင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သက်သေ၊ စာတန်နှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်နိုင်ခြင်း သက်သေဖြစ်သည်။ စာတန်ကို သင်စွန့်ပယ်နိုင်ပြီး သင့်အသက်ရှင်သန်မှုက စာတန်ကို မဖော်ညွှန်းတော့ပါ။ သို့သော် လူကိုဖန်ဆင်းချိန် ဘုရားသခင်က လူကိုပိုင်ဆိုင်စေချင်သည့် အရာဖြစ်သော သာမန် လူ့သဘောသဘာဝ၊ သာမန် ဆင်ခြင် တုံတရား၊ သာမန်အသိအမြင်၊ ဘုရားသခင်ကိုချစ်ဖို့ သာမန် ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အား သစ္စာရှိမှု တို့ကို သင်ဖော်ညွှန်းလာသည်။ ဤသို့သောအရာမှာ ဘုရားသခင် ဖန်ဆင်းထားသူတစ်ဦးမှ သယ်ပိုးရသည့် သက်သေဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

၆။ နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ ငါ၏အလုပ်ကို သင်အကူအညီ ပေးနေသမျှ ယနေ့သိမ်းပိုက်ခြင်း၏ အကျိုးကို လုပ်ဆောင်နေသမျှ၊ သင့်အနေဖြင့် မောဘအမျိုး သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်သော်လည်း အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင်ဖော်ဆောင်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်နေသမျှ ကာလပတ်လုံး ဆိုင်ရာအကျိူးကို သင်ခံစားရရှိမည် ဖြစ်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပြီး မောဘ၏ အမျိုးအနွယ်ဖြစ်သော်လည်း အချုပ်အားဖြင့် အသွေးအသားနှင့် တည်ဆောက် ထားသောသူ အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများ ဖြစ်ကြပြီး ဘုရားသခင် ဖန်ဆင်းထားသော သူများဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး သင့်မှာ ရွေးချယ်ပိုင်ခွင့်မရှိပဲ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ မှန်ပါသည်၊ ယနေ့တွင် ဘုရားသခင်နှင့် သက်ဆိုင်သော အလုပ်ကို စကြဝဠာတစ်ခွင်လုံးတွင် ညွှန်ကြားထားပါသည်။ အဘယ်သို့သောသူမှ သင်ဆင်းသက်လာသည်ဖြစ်စေ အားလုံးအထက်မှာ သင်တို့သည် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ဖြစ်သည့် သင်တို့သည် ဘုရားသခင် ဖန်ဆင်းသောအရာများ၏ အစိတ်အပိုင်းဖြစ်ပြီး သင်တို့သည် ထိုက်တန်မှု နည်းပါးရုံမျှသာ ဖြစ်ခြင်းဖြစ်သည်။ ယနေ့ ဘုရားသခင်နှင့် သက်ဆိုင်သောအမှုကို ဖန်ဆင်းခံ သတ္တဝါများကြားနှင့် စကြဝဠာတစ်ခွင် သယ်ပိုးဆောင်ရွက်ဖို့ ရည်ရွယ်ထားသည့်အတွက် ဖန်းဆင်ရှင်က သူ့အမှုကို ဆောင်ရွက် စေဖို့ လူတစ်ဦးဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်ခုဖြစ်ဖြစ်၊ အရာဝတ္ထုတစ်ခုဖြစ်ဖြစ် လွတ်လပ်စွာ ရွေးချယ် နိုင်ပါသည်။ သင်မည်သည့်အမျိုးမှ ဆင်းသက်သည် ဆိုသည်ကို သူအလေးထားမည် မဟုတ်ပါ။ သင်ဟာ သူ၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေသမျှ၊ သူ၏အမှုဖြစ်သည့် သိမ်းပိုက်ခြင်းနှင့် သက်သေခံခြင်းနှင့် ဆိုင်သော အလုပ်အတွက် သင်အကျိူးပြုနိုင်သမျှ ကာလပတ်လုံး အဘယ်အရာကိုမျှ စောင့်ထိန်းမနေပဲ သူ၏အမှုကို သင့်အထဲ၌ သူလုပ်ဆောင်မည်ဖြစ်သည်။ ဤအချက်က လူတို့၏ အစဉ်အလာ သဘောထား ခံယူချက်ဖြစ်သည့် ဘုရားသခင်က တစ်ပါးအမျိုးသားတို့ အလယ်တွင် မည်သည့်အခါမျှ အလုပ်လုပ်မည် မဟုတ်၊ အထူးသဖြင့် ကျိန်ခြင်းခံပြီး နိမ့်ကျသောသူတို့နှင့် လုပ်မည်မဟုတ်၊ ကျိန်ခြင်းခံရ သော ထိုသူများ၊ ၎င်းတို့၏ နောက်ပိုင်း မျိုးဆက်များသည်လည်း ထာဝရပင် ကျိန်ခြင်းခံလိမ့်မည်။ ၎င်းတို့တွင် ကယ်တင်ခြင်း ရဖို့ အခွင့်အလမ်း လုံးဝမရှိ၊ ဘုရားသခင်က ဆင်းကြွပြီး တစ်ပါးအမျိုးသားတို့ မြေတွင် မည်သည့်အခါမျှ အလုပ်လုပ်မည်မဟုတ်၊ သူသည် သန့်ရှင်းသည့်အတွက် ညစ်ညမ်းသောမြေတွင် ခြေချမည် မဟုတ်ဟူသော အယူအဆကို ခြေဖျက်ပါသည်။ ဤယူဆချက်များကို နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အလုပ်က ရိုက်ချိုးခဲ့ပြီဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်သည်ကို သိပါ။ မိုးကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို သူထိန်းသိမ်းအုပ်စိုးပြီး ဣသရေလူမျိုး တို့၏ ဘုရားသခင်မျှသာ မဟုတ်ပါ။ ထို့ကြောင့် တရုတ်ပြည်၌ ပြီးမြောက်ခဲ့သော ဤအမှုသည် အဆုံးစွန် အရေးပါသည့် အရာဖြစ်ပြီး တိုင်းနိုင်ငံတို့အလယ် နှံ့ပြားရမည် မဟုတ်ပါလား။ ကြီးမြတ်သော အနာဂတ်၏ သက်သေကို တရုတ်ပြည်တစ်ခု၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပါ။ သင်တို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း ရှိမှသာ နတ်ဆိုးတို့ ယုံကြည်နိုင်ကြမည်လော။ သိမ်းပိုက်မှု ခံရခြင်း သို့မဟုတ် ဘုရားသခင်၏ တန်ခိုးကို သူတို့နားမလည်ကြပါ။ စကြဝဠာ တစ်ခွင်လုံးတွင် ရှိသည့် ဘုရားသခင် ရွေးကောက်ထားသော သူအားလုံးက ဤအမှု၏ အဆုံးစွန်သော အကျိုးများကို ရှုမြင်မှသာလျှင် ဖန်ဆင်းခံ သတ္တဝါအားလုံး သိမ်းပိုက်ခြင်းကို ခံရကြမည် ဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ထက် မည်သူမျှ နောက်ကျန်သူ သို့မဟုတ် ယိုယွင်း ပျက်ဆီးသောသူ မရှိပါ။ ဤသို့ အယိုယွင်း အပျက်စီးဆုံးသောသူ၊ ဘုရားသခင်ကို မသိမှတ်သူ သို့မဟုတ် သိမ်းပိုက်သော ဘုရားသခင်ရှိသည်ဟု မယုံကြည်သူနှင့် နှုတ်ဖြင့် အသိအမှတ်မပြု၊ မချီးမွမ်းပဲ သူ့ကို မချစ်နိုင်သောသူတို့ သိမ်းပိုက်ခြင်းခံရမှသာ ဤသည်မှာ သိမ်းပိုက်ခြင်း၏ သက်သေဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ပေတရုမဟုတ်သော်လည်း ပေတရုပုံရိပ်ကို ပုံဖော်ရှင်သန် ကြပြီး ပေတရုနှင့် ယောဘတို့၏ သက်သေကို သင်တို့ပိုင်ဆိုင်နိုင်ကြကာ ဤသည်မှာ အကြီးမားဆုံး သက်သေပင် ဖြစ်ပေသည်။ နောက်ဆုံးမှာ သင်က “ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်ပါ၊ သို့သော် အပစ်ပယ်ခံ မောဘ၏ အမျိုးအနွယ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ပေတရု မဟုတ်ကြပါ၊ သူ၏ အရည်အသွေးမျိုး မပိုင်ဆိုင်နိုင်ကြသလို ယောဘလည်းမဟုတ်ပါ။ ဘုရားအတွက် ဝေဒနာခံစားဖို့နှင့် ကိုယ့်ကိုယ်ကို ဆက်ကပ် အပ်နှံဖို့ ဆုံးဖြတ်ချက်ချသော ပေါလုနှင့်ပင်လျှင် ကျွန်ုပ်တို့ မနှိုင်းသာပါ၊ ကျွန်ုပ်တို့ သည် အလွန်ပင် နောက်ပြန်လှန်တတ်သော သူများဖြစ်ပြီး ထို့အတွက်ကြောင့် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ခံစားရဖို့ အရည်အချင်းမမီကြပါ။ ယနေ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ချီမလျက် ရှိနေဆဲ ဖြစ်သောကြောင့် ကျွန်ုပ်တို့ သူ့အလိုကို ပြည့်စုံစေကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်း မရှိသော်လည်း ဘုရားသခင်၏ အလိုကို ပြည့်စုံစေချင်သည့် ဆုံးဖြတ်ချက် ကျွန်ုပ်တို့တွင်ရှိသည်။ ကျွန်ုပ်တို့သည် မောဘအမျိုးအနွယ်ဖြစ်ကြပြီး ကျိန်ခြင်းခံသော သူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်းမရှိကြပါ။ သို့သော် အသက်ရှင်သန်မှုနှင့် အသိတရားတို့ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကိုပြည့်စုံစေဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်” ဟု ဆိုရလိမ့်မည် ဖြစ်သည်။ သင့်တွင် ဤသန္နိဋ္ဌာန် ရှိသောအခါ၊ သိမ်းပိုက်ခြင်း ခံရသည်ကို သင်သည် သက်သေခံပြီးဖြစ်ကြောင်းကို ယင်းအရာက သက်သေထူပေး ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

၇။ သိမ်းပိုက်ခြင်းအလုပ်မှ ရရှိရန်ရလဒ်မှာ အဓိကအားဖြင့် လူ့ဇာတိ၏ပုန်ကန်ခြင်းကို ရပ်တန့်စေရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်အား အသစ်သောနားလည်ခြင်းကို လူ့စိတ်မှ ရရှိရန်၊ သူ၏နှလုံသားမှ ဘုရားသခင်ကို အပြည့်အဝနာခရန်နှင့် ၎င်းမှ ဘုရားသခင်အတွက် အသက်ရှင်ရန် ဆုံးဖြတ်ရေး ဖြစ်သည်။ လူသား၏ပင်ကိုစရိုက်၊ သို့မဟုတ် ဇာတိပြောင်းလဲပုံက သူသိမ်းပိုက်ခြင်းခံခဲ့ပြီးမပြီးကို အဆုံးအဖြတ်မပေးပေ။ စင်စစ်အားဖြင့် လူသား၏စဉ်းစားပုံ၊ လူသား၏အသိတရားနှင့် အသိစိတ်တို့ပြောင်းလဲသောအခါ၊ တစ်နည်းအားဖြင့်ဆိုသော် သင်၏စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလုံး ပြောင်းလဲသည့်အခါ သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သည်။ သင်သည် နာခံရန် စိတ်ပိုင်းဖြတ်ထားပြီး အသစ်သောစိတ်နေစိတ်ထားကို မွေးပြီးသည့်အခါ၊ သင်၏ကိုယ်ပိုင်အယူအဆများနှင့် ရည်ရွယ်ချက်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သို့ သင်ယူဆောင်မလာတော့သည့်အခါနှင့် သင်၏ဦးနှောက်က သာမန်အတိုင်း စဉ်းစားနိုင်သည့်အခါ၊ တစ်နည်းအားဖြင့် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အားထုတ်ကြိုးပမ်းနိုင်သည့် အခါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အပြည့်အဝ သိမ်းပိုက်ခံရပြီးသည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ဘာသာရေးနယ်ပယ်တွင် များစွာသောလူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို မဖြစ်စလောက် ခံစားရ သည်မဟုတ်ဘဲ၊ မိမိတို့၏ခန္ဓာကိုယ်ကို ချိုးနှိမ်၍ သို့မဟုတ် မိမိတို့၏ကားတိုင်ကို ထမ်း၍ နောက်ဆုံးထွက်သက်အထိ ဆင်းရဲဒုက္ခကိုပင် အောင့်ခံသူများ ဖြစ်သည်။ အချို့သောသူများသည် သူတို့၏သေခြင်းမနက်တွင် အစာရှောင်ကြသေးသည်။ သူတို့၏ ဘဝတစ်လျှောက်လုံး ကောင်းသောအစာ၊ ကောင်းသောအဝတ်အစားကို ငြင်းပယ်ပြီး ဆင်းရဲဒုက္ခကိုသာ ဖိခံကြသည်။ ထိုသူတို့သည် ၎င်းတို့၏ကိုယ်ကို ချိုးနှိမ်နိုင်၍ မိမိတို့၏ဇာတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံနိုင်သည့် ထိုသူတို့၏စိတ်သည် ချီးကျူးဖွယ်ကောင်းသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ အယူအဆများ၊ စိတ်နေသဘောထားနှင့် ဇာတိဟောင်းတို့ တစ်ခုမျှ လုံး၀ ကိုင်တွယ်ခြင်း မခံရသေးပေ။ ၎င်းတို့ကို၎င်းတို့ မှန်ကန်စွာ နားမလည်ကြပေ။ ထိုသူတို့သည် ဘုရားသခင်ကို စိတ်ကူးသက်သက်၊ မရေရာသောဘုရားသခင်အဖြစ် စိတ်ကူးပုံဖော်ကြသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံစားရန် ၎င်းတို့၏ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏အကောင်းမြင်တတ်သောသဘာဝများမှ လာသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြပေ၊ သူ၏အလိုတော်ကိုလည်း မသိကြပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် ဆင်ကန်းတောတိုးအလုပ်လုပ်ပြီး ဆင်ကန်းတောတိုးဆင်းရဲဒုက္ခကို ခံစားကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သောအမှုက ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ပြည့်စုံစေရန်အတွက် သေချာမှုရှိစေနည်းကို သိမြင်ရေးကို တန်ဖိုးမထားဘဲ အနည်းငယ်မျှသာဂရုစိုက် သည်။ ဘုရားသခင်အား နားလည်ခြင်း ရရှိရန် သိနိုင်သည့်နည်းကို သာ၍မသိကြပေ။ ထိုသူတို့အစေခံသည့် ဘုရားသခင်သည် သူ၏မူလပုံသဏ္ဌာန်မဟုတ်ဘဲ ထိုသူတို့ကိုယ်တိုင် ဖန်တီးထားသည့်ဘုရားသခင်၊ ကြားဖူးသည့်ဘုရားသခင်၊ စာပေများတွင် တွေ့ရသည့် ဒဏ္ဍာရီလာ ဘုရားသခင် ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန်နှင့် ဘုရားသခင် လုပ်ချင်သည့် အလုပ်ကို လုပ်ရန် ထိုသူတို့သည် ၎င်းတို့၏ ရှင်းလင်းသောစိတ်ကူးများနှင့် ဘုရား၌မွေ့လျော်သော ၎င်းတို့၏နှလုံးသားများကို အသုံးပြုကြသည်။ လက်တွေ့အားဖြင့် ဘုရားသခင်၏အလိုတော်ကို အမှန်တယ် ပြည့်စုံစေသည့်နည်းဖြင့် အစေခံသူ မရှိလောက်အောင် ထိုသူတို့၏ အစေခံခြင်းသည် တိကျမှု မရှိပေ။ ထိုသူတို့တွင် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားလိုသည့်ဆန္ဒ မည်မျှပင် ရှိပါစေ အစေခံခြင်းအပေါ် ထိုသူတို့၏မူလရှုထောင့်နှင့် ဘုရားသခင်အပေါ် ထိုသူတို့၏စိတ်ထင်မြင်ချက်သည် ပြောင်းလဲခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်း၊ သူ၏စုံလင်စေခြင်းကို မခံရကြသေးသည့်အပြင် ၎င်းတို့ကို သမ္မာတရားဖြင့် မည်သူမျှ မဦးဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြသော်လည်း ကယ်တင်ရှင်ကို တွေ့ဖူးသောသူ တစ်ယောက်မျှ မရှိပေ။ ဒဏ္ဍာရီပုံပြင်နှင့် တစ်ဆင့်စကားဖြင့်သာ သူ့ကို သိကြသည်။ ထို့ကြောင့် သူတို့၏ အစေခံခြင်းသည် မျက်စိမှိတ်ပြီး ကြုံရာအစေခံခြင်းနှင့်အတူတူပင် ဖြစ်ပြီး မိမိ၏ဖခင်ကို အစေခံသည့် မျက်ကန်းတစ်ယောက်နှင့် မခြားပေ။ ဤကဲ့သို့အစေခံခြင်းဖြင့် နောက်ဆုံးတွင် မည်သည့်အရာကို ပြီးမြောက်နိုင်သနည်း။ ထို့အပြင် ၎င်းကို မည်သူက ထောက်ခံမည်နည်း။ အစမှအဆုံးတိုင်အောင် ထိုသူတို့၏အစေခံခြင်းသည် မည်သည့်အခါမျှ လုံးဝမပြောင်းလဲပေ။ ထိုသူတို့သည် လူသားပြုလုပ်သည့်သင်ခန်းစာများကိုသာ လက်ခံရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝဖြစ်မှုအပေါ်နှင့် ၎င်းတို့ကိုယ်တိုင်နှစ်သက်သည့်အရာများအပေါ်သာ အခြေခံကြသည်။ ဤသည်က မည်သည့်ဆုလာဘ်ကို ရရှိနိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သူ ပေတရုပင် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေသည့်နည်းဖြင့် အစေခံသည့်နည်းကို မသိခဲ့ပေ။ အဆုံး၌ ၎င်းအသက်ကြီးသည့်အခါမှ နားလည်လာခဲ့သည်။ ဤအရာက ကိုင်တွယ် ခြင်း သို့မဟုတ် ပြုပြင်ခြင်းကို မခံစားဖူးဘဲ ဦးဆောင်လမ်းပြမည့်သူမရှိသော ဤမျက်ကန်းများအကြောင်းကို မည်သို့ ပြောနေသနည်း။ ယနေ့ သင်တို့ကြားမှအစေခံခြင်းများစွာတို့သည် ဤမျက်ကန်းများ၏အစေခံခြင်းနှင့် အတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ် ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသောသူများသည် သိမ်းပိုက်ခြင်းကို ပြည့်ဝစွာ မခံရသောသူများ မဟုတ်ပါလော။ ထိုသူတို့သည် မည်သည့်အသုံးဝင်သနည်း။ သင်၏စဉ်းစားခြင်း၊ ဘဝကိုနားလည်ခြင်းနှင့် ဘုရားသခင်ကို နားလည်ခြင်းသည် အသစ်သောပြောင်းလဲခြင်းကိုလည်း မပြ၊ စစ်မှန်သော အကျိုးအမြတ် အနည်းငယ်ပင် မရှိပါက သင်၏အစေခံခြင်းတွင် မှတ်သားလောက်သော မည်သည့်အောင်မြင်မှုကိုမျှ ရရှိမည် မဟုတ်ပေ။ ဘုရားသခင်၏အမှုတော်အပေါ် ရူပါရုံနှင့် အသစ်သောနားလည်ခြင်းမရှိဘဲ သင်သည် သိမ်းပိုက်ခြင်းခံရသည့်ပုဂ္ဂိုလ် မဖြစ်နိုင်ပေ။ သင်၏ ဘုရားသခင်၏ နောက်တော်သို့ လိုက်လျှောက်ခြင်း နည်းသည် ဆင်းရဲဒုက္ခကိုခံစားပြီး အစာရှောင်ကြသောသူများကဲ့သို့ ဖြစ်လိမ့်မည်၊ တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရခြင်းအကြောင်းအရင်းမှာ သူတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို ခံစားကြသည်၊ ထောင်ထဲတွင် အချိန်ကုန်လွန်ကြသည်၊ အချိန်တိုင်း သည်းခံကြကာ ချစ်ခြင်းနှင့် ကရုဏာကို အဓိကထားပြီး ၎င်းတို့၏ကားတိုင်ကို ၎င်းတို့ ထမ်းကြသည်။ ထိုသူတို့သည် လောက၏ ကဲ့ရဲ့ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံကြပြီး ခက်ခဲမှုမှန်သမျှကို ကြုံခဲ့ကြသည်။ ထိုသူတို့သည် အဆုံးတိုင် နာခံကြသော်လည်း သိမ်းပိုက်ခြင်းကို မခံကြသေးဘဲ သိမ်းပိုက်ခြင်းခံသည့် သက်သေခံချက် ကို မပေးနိုင်ကြပေ။ ထိုသူတို့ခံစားခဲ့သည့်အရာသည် သေးငယ်သောအတိုင်းအတာ မဟုတ်ပေ၊ သို့သော် ထိုသူတို့အထဲတွင်မူ ဘုရားသခင်ကို လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေးအလေ့အကျင့်များ၊ လူသားကြံဆသည့်နားလည်ခြင်းများနှင့် လူ့အကြံများသည် ကိုင်တွယ်ခြင်း ခံခဲ့ပြီး ဖြစ်သည်။ ထိုသူတို့တွင် အသစ်သောနားလည်ခြင်း လုံး၀ မရှိပေ။ ဘုရားသခင်အပေါ် ထိုသူတို့၏နားလည်ခြင်းသည် စိုးစဉ်းမျှ မမှန်ကန်ပေ၊ မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အလွဲနားလည်ခဲ့ကြသည်။ ဤသည် မှာ ဘုရားသခင်ကို အစေခံရန် ဖြစ်နိုင်သလော။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မည်သို့ပင်နားလည်ခဲ့သည်ဖြစ်စေ ထိုနားလည်ခြင်းကို ယနေ့ သင်ထိန်းထားပြီး၊ ဘုရားသခင်မည်သည့်အရာ လုပ်ပါစေ သင်၏ဘုရားသခင်အားနားလည်ခြင်းကို သင်၏အယူအဆများနှင့် အကြံများအပေါ် ဆက်လက်အခြေခံသည်ဆိုပါစို့။ ဆိုလိုသည်မှာ၊ ဘုရားသခင်အား စစ်မှန်၍ အသစ်သော နားလည်ခြင်း သင့်တွင် မရှိ၊ ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စစ်မှန်သောစိတ်နေသဘောထားကို သင် သိရန်ပျက်ကွက်သည် ဟုဆိုပါစို့။ သင်၏ဘုရားသခင်ကို နားလည်ခြင်းသည် ကံကျွေးချစနစ်၊ အယူသည်းသောအတွေးတို့၏ လမ်းပြမှုအောက် ရှိသေး၍ လူ့စိတ်ကူးစိတ်သန်းနှင့်အယူအဆတို့မှ ပေါက်ဖွားလာသည်ဆိုပါစို့။ ဤအရာသာ မှန်ပါလျှင် သင်သည် သိမ်းပိုက်ခြင်းကို မခံရသေးပေ။ ဤနှုတ်ကပတ်တော်များအားလုံးကို သင့်ထံ ငါပြောရခြင်း၏ ရည်ရွယ်ချက်မှာ သင်နားလည်ခွင့်ရရန်ဖြစ်ပြီး စစ်မှန်၍အသစ်သော နားလည်ခြင်းသို့ လမ်းပြသွားရေးအတွက် ထိုအသိဉာဏ်ကို အသုံးပြုရန့် ဖြစ်သည်။ ထို့ပြင်၊ သင်စွဲကိုင်သည့် အယူအဆဟောင်းများနှင့် အသိဉာဏ်ဟောင်းတို့ကို စွန့်ပယ်ပြီး အသစ်သော နားလည်ခြင်း ရရှိရန်ကိုလည်း ရည်ရွယ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် သင်စားသောက်ပါက သင်၏နားလည်ခြင်းသည် အတော် ပြောင်းလဲသွားမည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်စားသောက်ပြီး နာခံခြင်းနှလုံးသားကို သင်ထိန်းသိမ်းသရွေ့ သင်၏ရှုထောင့်လည်း ပြောင်းလဲသွားမည် ဖြစ်သည်။ အထပ်ထပ် ဆုံးမပဲ့ပြင်ခြင်းကို သင်ခံနိုင်သရွေ့ သင်၏စိတ်ဓာတ်ဟောင်းသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏စိတ်ဓာတ်ဟောင်းကို စိတ်ဓာတ်အသစ်နှင့် လုံးလုံးလျားလျား အစားထိုးသရွေ့ သင်၏ အလေ့အကျင့်သည်လည်း လိုက်၍ပြောင်းလဲမည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ပစ်မှတ်ကို တိုး၍ထိလာပြီး ဘုရားသခင်၏အလိုတော်ကို တိုး၍ ပြည့်စုံစေနိုင်မည်။ သင်၏ဘဝ၊ ဘဝအပေါ်သင်၏နားလည်ခြင်း၊ ဘုရားသခင်အကြောင်းနှင့် ပတ်သက်၍ သင်၏အယူအဆများတို့ကို သင်ပြောင်းလဲနိုင်ပါက သင်၏သဘာဝဖြစ်ခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏သိမ်းပိုက်ခြင်းကို လူသားခံရပြီးနောက် ရလဒ် ဖြစ်သည်၊ ဤသည်မှာ လူသားတွင် တွေ့နိုင်မည့် အပြောင်းအလဲဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် သင်သိသမျှသည် မိမိကိုယ်မိမိ ချိုးနှိမ်ခြင်း၊ သည်းခံခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် ထိုသို့လုပ်နေသည်ကို မဆိုနှင့် သင်လုပ်နေသည့်အရာ မှန်ခြင်း၊ မှားခြင်းကို သင်မရှင်းသေးပါက ဤကဲ့သို့သောအလေ့အကျင့်က ပြောင်းလဲခြင်းကို မည်သို့ ဖြစ်စေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

၈။ သင်တို့နားလည်ရမည့်အရာမှာ ငါတောင်းဆိုသည့်အရာသည် သင်တို့၏ခန္ဓာကိုယ်ကို ချုပ်နှောင်ထားရန် မဟုတ်၊ သင်တို့၏ဦးနှောက်ကိုလည်း ထိန်းချုပ်ရန်၊ ထင်ရာမြင်ရာအတွေးကို စဉ်းစားခြင်းမှ တားဆီးရန်လည်း မဟုတ်ပေ။ ဤအရာသည် အလုပ်၏ရည်ရွယ်ချက်လည်းမဟုတ်၊ ယခုလုပ်ရမည့်အရာလည်း မဟုတ်ပေ။ ယခုတွင် သင်တို့ ကိုယ်သင်တို့ ပြောင်းလဲနိုင်ရေးအတွက်၊ အကောင်းဘက်ရှုထောင့်မှ နားလည်ရန် လိုအပ်သည်။ သင်တို့လုပ်ရန် အလိုအပ်ဆုံးအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သင်တို့ကိုယ်သင်တို့ အသင့်ပြင်ဆင်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့၏ရှေ့တွင် ရှိသော သမ္မာတရားနှင့် ရူပါရုံဖြင့် မိမိတို့ကိုယ်မိမိတို့ စုံလင်စွာ ပြင်ဆင်ပြီး ၎င်းတို့ကို သွား၍ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းသည် သင်တို့၏တာဝန် ဖြစ်သည်။ ပို၍ကြီးမားသော အလင်းပေးခြင်းကို ရှာပြီးရရန် သင်တို့အား ငါ တောင်းဆိုနေခြင်း မဟုတ်ပေ။ လက်ရှိတွင် ထိုအရာအတွက် သင်တို့တွင် ဝိညာဉ်အသက်တာ မရှိပေ။ သင်တို့ထံမှ လိုအပ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သင်၏သဘာဝ၊ သင်၏ အနှစ်သာရနှင့် သင်၏ဘဝဟောင်းတို့ကို နားလည်ရန် လိုအပ်သည်။ အထူးသဖြင့်၊ အတိတ်က သင်တို့၏မှားယွင်းသော အလေ့အကျင့်များနှင့် သင်တို့၏ လူ၏လုပ်ဆောင်မှုများကို သိရန် လိုအပ်သည်။ ပြောင်းလဲရန် သင်တို့၏အတွေးကို စ၍ပြောင်းလဲရမည်။ ရှေးဦးစွာ သင်တို့၏အတွေးဟောင်းကို အတွေးအသစ်နှင့် အစားထိုးပြီး သင်တို့၏စကားများ၊ အပြုအမူများနှင့် သင်တို့၏ဘဝကို ထိုအသစ်သောအတွေးက စိုးမိုးစေလော့။ ၎င်းသည် ယခု သင်တို့တစ်ယောက်ချင်းစီထံမှ တောင်းဆိုနေသည့်အရာ ဖြစ်သည်။ ဆင်ကန်းတောတိုး မလုပ်ဆောင်လေနှင့်။ ဆင်ကန်းတောတိုး နောက်မလိုက်လေနှင့်။ သင်တို့တွင် အခြေခံနှင့် ပစ်မှတ် ရှိရမည်။ ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်လေနှင့်။ ဘုရားသခင်အပေါ် သင်တို့ထားသည့် ယုံကြည်ခြင်းသည် မည်သည့်အရာအတွက်ဖြစ်၍ ၎င်းမှ သင်တို့ရရှိသင့်သည့်အရာနှင့် ယခုတွင် သင်တို့ဝင်ရောက်ရမည့်အရာကို သင်တို့သိသင့်သည်။ သင်သည် ဤအရာအားလုံးအား သိကိုသိရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

၉။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အလုပ်နှစ်ပိုင်းကို လုပ်ဆောင်ပြီးနောက် ဣသရေလအမျိုးများနှင့် တပါးအမျိုးသားများ စွဲကိုင်ကြသောအယူအဆမှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသည် မှန်သော်လည်း တပါးအမျိုးသားများ၏ ဘုရားမဟုတ် ဣသရေလအမျိုးများ၏ ဘုရားသာ ဖြစ်ရန် လိုလိုလားလားရှိသည်ဟူသည့် အချက် ဖြစ်သည်။ ဣသရေလအမျိုးများက ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ တပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဖြစ်နိုင်ပေ။ ထို့အပြင် သင်တို့သည် ယေဟောဝါကို မရိုသေကြသောကြောင့် ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သော ယေဟော၀ါသည် သင်တို့ကို ရွံမုန်းသည်ဟု ယုံကြည်ကြသည်။ ယုဒလူမျိုးတို့သည် ထပ်မံ၍ ယုံကြည်ကြသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးတို့၏ အသွင်ဆောင် ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည်မှာ ကျွန်ုပ်တို့ကြားထဲတွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ ဘုရင်ဖြစ်ပြီး တပါးအမျိုးသားတို့သည် ထိုကြီးမားသောကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ဤအလုပ်နှစ်ပိုင်းကိုသာ အခြေခံပြီး ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများကို ပုံဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ထိုသူတို့သည် ကြီးစိုး၍ ဘုရားသခင်ကို ၎င်းတို့အတွက်သာ ထိုက်သင့်သည်ဟုပြောဆိုကြကာ ဘုရားသခင်ကို တပါးအမျိုးသားများ၏ ဘုရားသခင်ဖြစ်ရန် ခွင့်မပြုကြပေ။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်သွားခဲ့သည်။ ဤသို့ဖြစ်ရခြင်း အကြောင်းမှာ ဘုရားသခင်သည် တပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် လိုလိုလားလားမရှိဟူ၍လည်းကောင်း၊ သူ၏ ရွေးကောက်ခံဖြစ်သည့် ဣသရေလအမျိုးများကိုသာ သဘောကျသည်ဟူ၍လည်းကောင်း၊ ထို့အပြင် သူသည် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကို သဘောကျသည်ဟု အားလုံးက ယုံကြည်သွားခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုမှာ လူသားအားလုံး အသက်ရှင်ရန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလအပြင်ဘက်တွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းကို ယခု သင်ဝန်ခံပါသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာ၌ မရှိသလော။ ဤအရာသည် အိပ်မက်မဖြစ်နိုင် မဟုတ်လော။ ဤအစစ်အမှန်တရားကို သင်တို့လက်မခံသလော။ သင်တို့သည် ဤအရာကို မယုံကြည်ရဲကြပေ။ မစဉ်းစားရဲကြပေ။ ဤအရာကို သင်တို့ မည်သို့ပင် မြင်ကြပါစေ၊ ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာတွင် မရှိသလော။ ဤစကားတို့ကို ယုံကြည်ရန် သင်တို့ ကြောက်ရွံ့နေသေးသလော။ ယနေ့မှစ၍ သိမ်းပိုက်ခြင်းခံသောလူများနှင့် ဘုရားသခင်၏ နောက်လိုက်တော်များ ဖြစ်ချင်သူ အားလုံးသည် ဘုရားသခင် ရွေးကောက်သည့်လူမျိုးများ မဟုတ်ကြသလော။ ယနေ့ နောက်လိုက်တော်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလံအပြင်ဘက်ရှိ ရွေးကောက်ခံသောသူများ မဟုတ်ကြသလော။ သင်တို့၏ ၀ိညာဉ်အသက်တာသည် ဣသရေလအမျိုးတို့၏ ၀ိညာဉ်အသက်တာနှင့် မတူညီသလော။ ဤအရာအားလုံးသည် သင်တို့သိထားရမည့်အရာ မဟုတ်လော။ ဤအရာသည် သင်တို့ကို သိမ်းပိုက်ခြင်းအလုပ်၏ ရည်ရွယ်ချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသောကြောင့် သူသည် အစအဦးမှ အနာဂတ်တိုင်အောင် သင်တို့၏ဘုရားသခင် ထာဝရဖြစ်မည်။ သင်တို့အားလုံးသည် သူ၏နောက်တော်သို့ လိုက်ရန်နှင့် သူ၏သစ္စာ စောင့်၍ နာခံသောဖန်ဆင်းခံ ဖြစ်ရန် လိုလိုလားလားရှိနေသရွေ့ သူသည် သင်တို့ကို စွန့်ပစ်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

၁၀။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အလုပ်၏ ရည်ရွယ်ချက်မှာ လူ၌ အလုပ်လုပ်ဖို့အတွက် ဖြစ်သည်။ လူကို မူလသဏ္ဌာန်နှင့် ပြန်တူနိုင်စေရန် အတွက်၊ ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားထံမှသာမက စာတန်၏ လွှမ်းမိုးမှုမှ လူလွတ်မြောက်နိုင်စေဖို့အတွက် ဖြစ်သည်။ လူ၌ အလုပ်လုပ်သည့် ဖြစ်စဉ်တွင် ဤသိမ်းပိုက်ခြင်းသည် အစပိုင်းတွင် လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် အလုပ်၏ ပထမဦးဆုံး အဆင့် ဖြစ်သည်။ စုံလင်စေခြင်းသည် ဒုတိယအဆင့် သို့မဟုတ် အပြီသတ်သည့်အလုပ် ဖြစ်သည်။ လူသားတိုင်းသည် သိမ်းပိုက်ခြင်းခံရမည်။ မခံလျှင် ဘုရားသခင်ကို သိကျွမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင် ရှိသည်ကိုလည်း သိမည် မဟုတ်၊ တစ်နည်းအားဖြင့် လူသည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို အသိအမှတ်မပြုလျှင် သူ့ကို ဘုရားသခင်က စုံလင်အောင်လုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံနိုင်ဖို့အတွက် သူသည် စံမီမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အသိအမှတ်ပင် မပြုလျှင် ဘုရားသခင်ကို မည်သို့ သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်ကို မည်သို့ ကြိုးစားရှာဖွေနိုင် မည်နည်း။ သင်သည် သူ၏ အကြောင်းကိုလည်း သက်သေခံနိုင်မည် မဟုတ်ပေ၊ သူ့အား ကျေနပ်စေရန် ယုံကြည်ခြင်းရှိဖို့ ဆိုလျှင် သာ၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူ မည်သူမဆို လုပ်ဆောင်ရမည့် ပထမဦးဆုံးအလုပ်မှာ သိမ်းပိုက်ခြင်းခံဖို့ ဖြစ်သည်။ ယင်းသည် ပထမဦးဆုံး လုပ်ဖို့လိုသည့် အရာဖြစ်သည်။ သို့သော် သိမ်းပိုက်ခြင်းဖြစ်စေ၊ စုံလင်အောင် ပြုလုပ်ခြင်းဖြစ်စေ အလုပ်တစ်ခုစီတိုင်း၏ ပန်းတိုင်သည် လူ၌ အလုပ်လုပ်ပြီး လူကို ပြောင်းလဲဖို့ ဖြစ်သည်။ ထိုအလုပ်တစ်ခုစီတိုင်းသည် လူကို စီမံခန့်ခွဲသည့် အလုပ်၌ ပါသောအရာ ဖြစ်သည်။ အဆိုပါအဆင့် နှစ်ဆင့်သည် လူတစ်ယောက်ကို ပြည့်စုံသော သူအဖြစ် ပြောင်းလဲရန် လိုအပ်သော အဆင့်နှစ်ဆင့်ဖြစ်သည်။ မည်သည့် အဆင့်ကိုမျှ ကျော်၍ မရပါ။ မှန်ပါသည်၊ “သိမ်းပိုက်ခြင်း ခံရသည်”ဟူသည့် စကားသည် ကြားရသည်မှာ နားဝင်ချိုလှသော စကား မဟုတ်ပါ။ သို့သော် လက်တွေ့တွင် တစ်စုံတစ်ယောက်ကို သိမ်းပိုက်သည့် နည်းလမ်းသည် သူ့ကို ပြောင်းလဲသည့် နည်းလမ်းဖြစ်သည်။ သိမ်းပိုက်ခြင်းခံရပြီးနောက် သင်သည် သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ပြီး ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် ထိုအချိန်၌ သင့်မှာ ထိုစိတ်သဘောထား ရှိကြောင်းကို သင်သိနေပြီး ဖြစ်နေလိမ့်မည်။ သိမ်းပိုက်ခြင်း အလုပ်အားဖြင့် သင်သည် သင်၏ နိမ့်ကျသော လူ့သဘောသဘာဝနှင့် သင်၏ မနာခံမှုများစွာကို သိလာပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုအရာများကို သိမ်းပိုက်ခြင်း အလုပ်၏ တိုတောင်းသော အချိန်ကာလအတွင်းတွင် စွန့်ပစ်နိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်သော်လည်း ထိုအရာများကို သင်သိလာလိမ့်မည်။ ထိုသို့သိလာခြင်းသည် သင်၏စုံလင်မှုအတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို ချထားခြင်း ဖြစ်သည်။ သိမ်းပိုက် အောင်မြင်ခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း စသည့် အလုပ်နှစ်ခုစလုံးသည် လူကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်သော အရာများ ဖြစ်သည်။ နှစ်ခုစလုံးသည် လူ၌ရှိသော ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားကို ဖယ်ရှားဖို့အတွက် လုပ်သောအလုပ်များ ဖြစ်သည်။ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်နိုင်ဖို့အတွက် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံခြင်းသည် လူ၏ စိတ်သဘောထားကို ပြောင်းလဲရာတွင် ပထမဦးဆုံးအဆင့် ဖြစ်သည်၊ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်ရာတွင် ပထမဦးဆုံး လုပ်ဆောင်သောအဆင့်လည်း ဖြစ်ပြီး၊ စုံလင်အောင် ပြုလုပ်ပေးခြင်းထက် အဆင့်လျော့သော အဆင့် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုများကို စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုနှင့် ယှဉ်လျှင် ပြောင်းလဲခြင်း အလွန်နည်းသည်။ သိမ်းပိုက်ခြင်းခံရခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရခြင်းသည် သဘောတရားအရ တစ်ခုနှင့်တစ်ခု မတူပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် မတူညီသည့် အလုပ်အဆင့်နှစ်မျိုး ဖြစ်သောကြောင့်၊ ၄င်းတို့၌ လူတို့အတွက် သီးခြား စံသတ်မှတ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက် များသည် ပိုနိမ့်ပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက်များမှာမူ ပိုမြင့်သည်။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူများသည် ဖြောင့်မတ်သောသူများ ဖြစ်သည်။ သန့်ရှင်း စင်ကြယ်စေပြီးသော သူများ ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အလုပ်၏ မြင်ရသော ရလဒ်များ သို့မဟုတ် နောက်ဆုံး ထုတ်ကုန်များ ဖြစ်သည်။ သူတို့သည် စုံလင်သော လူသားများ မဟုတ်သော်လည်း အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်နိုင်ရန် ကြိုးစားနေသူများ ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် သူများမှာမူ ဘုရားသခင်ရှိသည်ဟု နှုတ်နှင့်သာ အသိအမှတ်ပြုကြသည်။ ဘုရားသခင် ကိုယ်တိုင် လူ့ဇာတိခံယူပြီး ဖြစ်သည်၊ နှုတ်ကပတ်တော် သည် လူဇာတိ၌ ပေါ်လာသည်၊ ဘုရားသခင်သည် တရားစီရင်သည့် အလုပ်နှင့် ပြစ်တင်ဆုံးမသည့် အလုပ်ကို လုပ်ရန် လောကသို့ လာပြီးဖြစ်သည်ဟု သူတို့က အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဆုံးမပြစ်တင်မှု၊ ဘုရားသခင်၏ ထိုးနှက်မှုနှင့် စစ်ဆေးမှုတို့အားလုံးသည် လူအတွက် အကျိုးရှိသော အရာများ ဖြစ်သည်ဟုလည်း သူတို့က အသိအမှတ်ပြုကြသည်။ ဆိုလိုသည်မှာ သူတို့သည် ယခုမှ လူနှင့် စတင်၍ တူလာကြသူများဖြစ်သည်။ သူတို့သည် ဘဝနှင့် ပတ်သတ်၍ အနည်းအကျဉ်း နားလည်သော်လည်း မှုန်ဝါးဝါး ဖြစ်နေကြသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ယခုမှ လူ့သဘောသဘာဝကို စတင်ပိုင်ဆိုင် လာကြသူများ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် သိမ်းပိုက်ခြင်းခံရခြင်း၏ ရလဒ်များ ဖြစ်သည်။ လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် လမ်းပေါ်သို့ စတင်လျှောက်လှမ်း သောအခါ သူတို့၏ စိတ်သဘောထား အဟောင်းသည် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူတို့၏ အသက်တာသည် ဆက်လက်ကြီးထွားလာပြီး သမ္မာတရားသို့ တဖြည်းဖြည်း သာ၍နက်ရှိုင်းစွာ ဝင်ရောက် တတ်ကြသည်။ သူတို့သည် လောကကို စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်၊ သမ္မာတရားနောက်သို့ မလိုက်သောသူ အားလုံးကိုလည်း စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်။ သူတို့သည် အထူးသဖြင့် သူတို့ကိုယ်သူတို့ စက်ဆုပ် ရွံရှာကြသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း သိကြသည်။ သမ္မာတရားအတိုင်း အသက်ရှင်လိုစိတ် ရှိကြသည်။ သမ္မာတရား နောက်သို့လိုက်ခြင်းကိုလည်း သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ကြသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ဦးနှောက်ထဲမှ ထွက်လာသော အတွေးများထဲ၌ အသက်ရှင်လိုစိတ် မရှိကြ။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု လူက သတ်မှတ်ခြင်း၊ လူ၏ မောက်မာခြင်းနှင့် ကိုယ့်ကိုယ်ကို အလွန်အမင်း ဘဝင်မြင့်ခြင်းတို့ကို သူတို့သည် စက်ဆုပ်ရွံရှာကြသည်။ သူတို့ စကားပြောသည့်အခါ အလွန်သင့်တင့် လျောက်ပတ်စွာ ပြောတတ်ကြသည်။ အရေးကိစ္စများကို ထိုးထွင်းနားလည်နိုင်သောဉာဏ်၊ ဉာဏ်ပညာတို့ဖြင့် ကိုင်တွယ်တတ်ကြသည်။ ဘုရားသခင်ကို သစ္စာရှိပြီး နာခံကြသူများလည်း ဖြစ်သည်။ သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို တစ်ကြိမ် ကြုံတွေ့ ခံစားရလျှင် မလှုပ်မယှက် တုံပြန်သူများ မဖြစ်လာတတ်ကြ၊ သို့မဟုတ် အားနည်းသူများလည်း ဖြစ်မလာတတ်ကြဘဲ၊ ဘုရားသခင်ထံမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုအတွက် ကျေးဇူးတင်တတ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု မပါဘဲ မလုပ်ဆောင်နိုင်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ ကာကွယ်မှုကို သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုမှ ရရှိနိုင်ကြသည်။ သူတို့သည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ပေးသည့် ယုံကြည်ခြင်းကို ရဖို့ မကြိုးစားပေ၊ သူတို့၏ ဆာလောင်မှုကို ဖြေသိမ့်ဖို့အတွက် ပေါင်မုန့်ကို ရှာသည့် ယုံကြည်ခြင်းမျိုးကိုလည်း ရဖို့မကြိုးစားပေ။ ဇာတိပကတိနှင့်ဆိုင်သော ယာယီသာယာမှုများ နောက်သို့လည်း မလိုက်ကြပေ။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သော သူများ၌ ထိုသို့သော အမူအကျင့်များ ရှိကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

၁၁။ သင်တို့၌ပြုသော သိမ်းပိုက်ခြင်းအလုပ်သည် အရေးအပါဆုံးအလုပ် ဖြစ်သည်။ တစ်ဖက်၌ ထိုအလုပ်၏ ရည်ရွယ်ချက်မှာ လူတစ်စုကို စုံလင်အောင်ပြုလုပ်ပေးဖို့၊ တစ်နည်းအားဖြင့် သူတို့ကို အောင်မြင်သောလူစုအဖြစ် စုံလင်အောင်ပြုလုပ်ပေးဖို့၊ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည့် ပထမဦးဆုံးလူစုအဖြစ်၊ တစ်နည်းအားဖြင့် အဦးသီးသော အသီးများအဖြစ် စုံလင်အောင်ပြုလုပ်ပေးဖို့ ဖြစ်သည်။ အခြားတစ်ဖက်၌မူ ထိုအလုပ်၏ ရည်ရွယ်ချက်မှာ ဖန်ဆင်းခံသတ္တဝါများအား ဘုရားသခင်၏ မေတ္တာကို ခံစားခွင့်ပေးဖို့၊ ဘုရားသခင်၏ အကြီးမြတ်ဆုံး ကယ်တင်ခြင်းကို လက်ခံခွင့်ပေးဖို့၊ ဘုရားသခင်၏ ပြည့်စုံသော ကယ်တင်ခြင်းကို လက်ခံခွင့်ပေးဖို့ဖြစ်ပြီး၊ မေတ္တာအကြင်နာသာမက အထူးသဖြင့် သာ၍အရေးကြီးသည့် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုတို့ကို လူအား မွေ့လျော်ခံစားခွင့်ပေးဖို့ဖြစ်သည်။ ကမ္ဘာကို ဖန်ဆင်းသည့်အချိန်မှ အစပြုပြီး ယနေ့ထက်ထိတိုင် ဘုရားသခင်၏ အလုပ်၌ သူလုပ်ဆောင်ခဲ့သမျှသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ လူကို မုန်းတီးသည့်စိတ် နည်းနည်းမျှ မရှိပေ။ သင်မြင်တွေ့ခဲ့သည့် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုပင်လျှင် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သာ၍စစ်သော၊ မှန်သော မေတ္တာဖြစ်သည်၊ ဤချစ်ခြင်းမေတ္တာသည် လူ့အသက်တာ၏ မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြပေးသည်။ နောက်တစ်ဖက်၌ သင်တို့၌ပြုသော သိမ်းပိုက်ခြင်းအလုပ်သည် စာတန်၏ရှေ့၌ သက်သေခံဖို့ဖြစ်သည်။ တစ်ဖက်၌မူ ထိုအလုပ်သည် အနာဂတ်ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် အုတ်မြစ်ချရန်ဖြစ်သည်။ သူလုပ်ခဲ့သော အလုပ်အားလုံးသည် လူ့အသက်တာ၏ မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြရန်အတွက် ရည်ရွယ်ပြီးလုပ်သည့် အလုပ်များ ဖြစ်သည်၊ ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ ပုံမှန်ဘဝကို သူတို့ရရှိနိုင်ဖို့အတွက် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် မည်သို့အသက်ရှင်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ ထိုသို့ မည်သို့အသက်ရှင်ရမည်ကို မသိလျှင် သင်သည် အနှစ်မဲ့သော အသက်တာ၊ တန်ဖိုးမရှိသော၊ အဓိပ္ပာယ်ကင်းမဲ့သော အသက်တာကိုသာ ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦးဖြစ်အောင် မည်သို့လုပ်ရမည်ကို သင်လုံးဝသိမည် မဟုတ်ပေ။ ယင်းသည် လူကို သိမ်းပိုက်သည့် အလုပ်အတွက် အရေးအကြီးဆုံးအရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

၁၂။ သင်တို့အားလုံးသည် မောဘ၏ မျိုးဆက်များ ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ကို သင်တို့၌လုပ်ဖို့သည် သင်တို့အတွက် ကြီးမြတ်သော ကယ်တင်ခြင်းဖြစ်သည်။ သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နေရာတွင် အသက်ရှင်နေကြသည်၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးသော သူများ၊ အပြစ်ရှိသောသူများဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက သာ၍အရေးကြီးသည်မှာ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို လက်ခံရရှိခဲ့သည်၊ အနက်ရှိုင်းဆုံးဖြစ်သည့် ထိုသို့သော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ကြသည်၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အကြီးမြတ်ဆုံးဖြစ်သော မေတ္တာကို လက်ခံရရှိခဲ့ကြသည်။ သူလုပ်သမျှသည် သင်တို့အတွက် စစ်မှန်သောမေတ္တာ ဖြစ်သည်၊ သူ၌ မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သင်၏အပြစ်များကြောင့် သူက သင့်ကို တရားစီရင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမည်ဖြစ်သည်၊ ထူးကဲလှသော ဤကယ်တင်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လူကိုပြုလုပ်ဖို့အတွက်ဖြစ်သည်။ အစမှ အဆုံးတိုင် ဘုရားသခင်သည် လူကိုကယ်တင်ဖို့အတွက် သူ၏အကောင်းဆုံးကို လုပ်ဆောင်လျက်ရှိသည်၊ ထို့ပြင် သူ့လက်ဖြင့် ဖန်ဆင်းခဲ့သောလူများကို လုံးလုံးလျားလျား ဖျက်ဆီးလိုစိတ် သူ၌မရှိသည်မှာ သေချာပါသည်။ ယခု သူသည် အလုပ်လုပ်ရန်အတွက် သင်တို့အကြားသို့ ရောက်လာပြီးဖြစ်သည်၊ ယင်းသည် သာ၍ကောင်းသော ကယ်တင်ခြင်း မဟုတ်လော။ သူက သင်တို့ကို မုန်းခဲ့လျှင် သူကိုယ်တိုင် သင်တို့ကို ဦးဆောင်လမ်းပြရန် ထိုမျှပမာဏရှိသော အလုပ်ကို သူဆက်လုပ်မည်လော။ အဘယ်ကြောင့် သူအလွန်အမင်း ဒုက္ခခံရမည်နည်း။ ဘုရားသခင်က သင့်ကို မမုန်းသကဲ့သို့ သင့်အတွက် မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို သင်သိသင့်သည်။ လူတို့၏ မနာခံမှုကြောင့်သာ သူသည် လူတို့ကို တရားစီရင်မှုအားဖြင့် ကယ်တင်ရခြင်း ဖြစ်သည်၊ ထိုသို့မပြုလျှင် သူတို့သည် ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် မည်သို့အသက်ရှင်ရမည် သို့မဟုတ် မည်သို့နေထိုင်ရမည်ကို မသိသောကြောင့်၊ ထို့ပြင် သင်သည် ကာမဂုဏ်လွန်ကျူး၍ အပြစ်တရားနှင့်ပြည့်နေသော နေရာတွင် ရှင်သန်နေသောကြောင့်၊ ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့ကို သာ၍စာရိတ္တပျက်ပြားလာသူများ ဖြစ်လာခွင့် မပေးရက်ပေ၊ စာတန်စိတ်ရှိသလို နင်းခြေနေသည်ကို ခံရပြီး၊ ထိုသို့ညစ်ညူးသောနေရာ၌ အသက်ရှင်နေသည်ကိုလည်း မကြည့်ရက်ပေ၊ သို့မဟုတ် မရဏနိုင်ငံသို့ သင်တို့ ကျသွားမှာကိုလည်း မလိုလားပေ။ ဘုရားသခင်သည် သင်တို့အုပ်စုကို ရယူလိုစိတ်နှင့် သင့်ကို လုံးလုံးလျားလျား ကယ်တင်လိုစိတ်သာ ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်၌ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်သည့် အဓိကရည်ရွယ်ချက်ဖြစ်သည်၊ ယင်းမှာ ကယ်တင်ခြင်းအတွက်သာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

၁၃။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုသည် လူ၏အပြစ်အတွက် ဒဏ်ပေးရန်နှင့် လူ၏ ဇာတိပကတိကို ဒဏ်ပေးရန်အတွက်ဖြစ်သော စစ်ဆေးမှုများ၊ လူကို ကရုဏာမဲ့စွာ ထုတ်ဖော်ပြောဆိုမှုများ ဖြစ်သော်လည်း၊ ယင်းတို့အထဲတွင် လူကိုပြစ်တင်ရှုတ်ချရန်နှင့် လူ၏ဇာတိခန္ဓာကို ချုပ်ငြိမ်းစေရန်အတွက် ရည်ရွယ်ပြီးလုပ်သည့် အလုပ်တစ်ခုမျှ ထိုအလုပ်၌ မပါပေ။ နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုမှုများသည် သင့်ကို မှန်သောလမ်းသို့ ဦးဆောင်လမ်းပြရန်အတွက်သာ ဖြစ်သည်။ သင်တို့သည် ထိုအလုပ်နှင့် ပတ်သက်လျှင် မြောက်မြားစွာကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးဖြစ်သည်၊ သိသာသည့်အရာမှာ ထိုအလုပ်သည် သင်တို့ကို ဆိုးယုတ်သောလမ်းသို့ ဦးဆောင်လမ်းပြခြင်း မရှိပေ။ ထိုအရာများအားလုံးသည် သင့်ကို ပုံမှန် လူ့သဘောသဘာဝအတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိဖို့ဖြစ်သည်၊ အားလုံးသည် သင်၏ပုံမှန်လူ့သဘာဝက ထမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။ အလုပ်၏ အဆင့်တိုင်းသည် သင်၏လိုအပ်ချက်များ၊ သင်၏အားနည်းချက်များနှင့် သင်၏ဝိညာဉ်အသက်တာအမှန်အပေါ်၌ အခြေခံကာ လုပ်ခဲ့သောအဆင့်များဖြစ်ပြီး သင်တို့မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မတင်ပေ။ သင်သည် ယခု ထိုအချက်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိသော်လည်း၊ ငါက သင့်အပေါ်၌ ကြမ်းသလို သင်ခံစားရသော်လည်း၊ ငါသင့်ကို ပြစ်တင်ဆုံးမကာ နေ့တိုင်း တရားစီရင်ပြီး နေ့တိုင်းဝေဖန်သည်မှာ ငါသင့်ကို မုန်းသောကြောင့်ဖြစ်သည်ဟု သင်တွေးနေသော်လည်း၊ ထို့ပြင် သင်လက်ခံရရှိသောအရာသည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုဖြစ်သော်လည်း၊ လက်တွေ့တွင် အားလုံးသည် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်သည်၊ သင့်အတွက် ကြီးမားသော အကာအကွယ်လည်း ဖြစ်ပေသည်။ ထိုအလုပ်၏ သာ၍ နက်နဲသော အဓိပ္ပာယ်ကို သင်နားမလည်နိုင်ပါက သင်ဆက်လက် ကြုံတွေ့ခံစားဖို့ လုံးဝ မဖြစ်နိုင်ပါ။ ထိုကဲ့သို့သော ကယ်တင်ခြင်းအတွက် သင်သည် နှစ်သိမ့်ပေးခြင်း ခံရသင့်သည်။ အသိစိတ် မဝင်ဘဲ မနေနှင့်။ ဤအဆင့်အထိ ရောက်လာပြီးနောက် ဤသိမ်းပိုက်ခြင်းအလုပ်၏ အရေးပါမှုကို ရှင်းလင်းစွာ သင်မြင်သင့် သည်။ ဟိုဟိုဒီဒီအမြင်ကို သင်ကိုင်စွဲ မထားသင့်တော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

ယခင်က:“လူ့ဇာတိခံယူခြင်း၏ နက်နဲရာ အချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

နောက်တစ်ခုသို့:လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ