အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၇၄ စမ်းသပ်မှုများအပေါ် ယောဘ၏သဘောထားကျူး

၁ သမ္မာကျမ်းတွင် ဆက်လက်၍ ဤသို့ ဖော်ပြထားသည်၊ “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ပြီး” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ကြားသိပြီးနောက်တွင် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်သည်။ အရာအားလုံးထက်ဆိုပါက သူသည် အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံ မပေါ်သည် သာမက သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြခဲ့ခြင်းလည်း မရှိခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် မတော်တဆဖြစ်မှုတစ်ခု မဟုတ်ကြောင်း၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားလာခြင်း မဟုတ်ကြောင်း သာမက ၎င်းတို့သည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း မဟုတ်ကြောင်းကို လက်ခံထားနှင့်ပြီး ဖြစ်သည်။ ထိုအရာများအစား ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်၊ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါဘုရားသခင်ပင် ဖြစ်သည်။

၂ ယောဘသည် ထိုစဉ်က အလွန်ငြိမ်သက်ပြီး အမြင်ကြည်လင်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူသဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့သည်၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော ငြိမ်သက်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ် မဝတ်ထားခြင်းနှင့် မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြောင်းကို ဆိုလိုသည်၊ ""ဦးခေါင်းကိုရိတ်၍"" ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးအဖြစ် ပြန်လာခဲ့ခြင်းကို ဆိုလိုသည်၊ “မြေပြင်ပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ ကိုယ်လုံးတီး လာခဲ့ပြီး ယနေ့တွင် တစ်စုံတစ်ရာမှ မပါဘဲ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ် တစ်ဦးအဖြစ် ပြန်ရောက်သွားခြင်းကို ဆိုလိုသည်။

၃ ယောဘပေါ်သို့ ကျရောက်သမျှအပေါ် သူ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ ရယူနိုင်ခဲ့မည် မဟုတ်ပေ။ ယောဟောဝါဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်၊ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းဖြစ်ပြီး သူ့အား ပေးသည့်အတွက် ဘုရားသခင်ကို သူ ကျေးဇူးတော် ချီးမွမ်းတတ်သည် သာမက သူထံမှ နုတ်ယူသည့်အတွက်လည်း ကျေးဇူးတော် ချီးမွမ်းတတ်သည်။ ဆက်လက်၍ သူသည် မည်သူမျှ ပြောရန်မလိုဘဲ သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှကို ပြန်ပေးနိုင်စွမ်း ရှိခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူ့ဇာတိခံဘုရားကို မည်သူကမျှ မသိကြကျူး

နောက်တစ်ခုသို့:လူကို ဘုရားစမ်းသပ်မှုများနှင့် စစ်ဆေးမှုများ၏ အဓိပ္ပာယ်ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ