အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃။ တစ်စုံ တစ်ဦးသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်၏ သမ္မာတရား သွင်ပြင်လက္ခဏာကို သက်သေခံရမည်

၅။ နောက်ဆုံးသောကာလထဲကဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ငြင်းပယ်သည့် ဘာသာရေး လောက၏ အကျိုးဆက်နှင့် ရလဒ်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် "ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်" နှင့် "ယေရှုသည် ခရစ်တော်ဖြစ်သည်" ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။ သို့သော် လူသားက ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းသော အလုပ်ကိုသာ ရရှိသော်လည်း၊ ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သဘောထားသည်။ အသိပညာ အနည်းငယ်သာရရှိသော်လည်း၊ ဘုရားသခင်၏ ပို၍သစ်သော အလုပ်ခြေလှမ်းများကို သူရှေ့တိုးပြီး နောက်ထပ်မလိုက်လျှောက်ပေ။ ဘုရားသခင်၏ အလုပ်အနည်းငယ်ကိုသာ သူမြင်ခဲ့သည်ဖြစ်သော်လည်း၊ ဘုရားသခင်ကို တစ်စုံတစ်ရာသော သစ်သားပုံတော်တစ်ခုအဖြစ် သူချက်ချင်း သရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်သည့် ပုံသဏ္ဌာန်အတိုင်း ဘုရားသခင်က အစဉ်အမြဲ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်သည်။ ယင်းမှာ ယခင်က ထိုသို့ ဖြစ်နေသည့်အတွက် အနာဂတ်တွင်လည်း ထိုကဲ့သို့ အမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သည်။ အပေါ်ယံ အသိပညာကို ရရှိယုံမျှဖြင့်၊ လူသည် အလွန်ထောင်လွှားသဖြင့် သူ့ကိုယ်သူ မေ့လျော့ပြီး အကယ်ပင် တည်ရှိမှု မရှိသည့် ဘုရားသခင်၏ သဘောထားနှင့် ဖြစ်ခြင်းကို လက်လွတ်စပယ် စတင်ကြေညာသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုအပေါ် တွယ်ထားပြီးဖြစ်ရာ ဘုရားသခင်၏ အလုပ်သစ်ကို ကြေညာသည့် မည်သို့သော လူပုဂ္ဂိုလ်မျိုးပင် ဖြစ်စေကာမူ လူသည် ယင်းကို လက်မခံပေ။ ဤသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် ရှေးရိုးစွဲသူများဖြစ်ကြပြီး၊ အသစ်သော အရာများကို လက်မခံနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများဖြစ်သည်။ ဣသရေလလူမျိုးတို့သည် "ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ"သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် "ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်" နှင့် "မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်" ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ်သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။ ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာမပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို"လူတော်များ"သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် "ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ" များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို "အဆုံးစွန်သစ္စာရှိ" သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု" မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် စီရင်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့် ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများ လည်း ပြုလုပ်သူတို့—ထိုသို့ လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် ဝင့်ဝါသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲ ပြုမူသူများသည် ဤကာလသော်၎င်း၊ နောက်ကာလသော်၎င်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ပေ။ ထို့အပြင် ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်" မှ

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ စာများဖြင့် ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရ သူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့ မြင်နိုင်မည်နည်း။ သင်သည်အတိတ်ကို စွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တက်နေသော လှိုင်းတံပိုးများနှင့် လိမ့်၍နေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏ မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှ မလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေရာနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့စဉ်းစားနိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ် အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုမင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့ အကြောင်းပြနိုင်မည်နည်း။ သင်တို့၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကိုကောင်းကင်သို့ မည်သို့ ခေါ်သွားနိုင်မည်နည်း။ သင်၏ လက်များထဲတွင် ကိုင်ထားသည့် အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စာများသာဖြစ်၍ အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏လျှာကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်၍ သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းခရီးများမဆိုနှင့် လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် အသိဉာဏ် အမြော်အမြင်ရှိသော စကားလုံးများပင် မဟုတ်ပါ။ ဤကွာခြားချက်သည် သင့်ကိုပြန်လည် စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေဘူးလား။ အတွင်းတွင် ရှိသည့် နက်နဲသောအရာများကို သင့်ကို နားလည်ခွင့် မပေးပေဘူးလား။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် လွတ်မြောက်စေနိုင်ပါသလား။ ဘုရားသခင် ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုအဖြစ် ပျော်ပါးရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်း ခေါ်ဆောင်သွားနိုင်ပါသလား။ သင်စိတ်ကူး ယဉ်နေတုန်းပဲလား။ ဤသို့ဆိုပါက သင်၏ စိတ်ကူးယဉ်ခြင်းကို ရပ်စဲ၍ ယခုမည်သူ အမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသော ကာလတွင် လူသားကို ကယ်တင်သည့်အမှု ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ

ခရစ်တော် ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော် ယူဆောင်လာသည့် အသက်၏ လမ်းခရီးကို လက်မခံ သူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ လွန်စွာမုန်းတီးမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ သင်သည် ကောင်းကြီးမင်္ဂလာ ရရှိရေးကိုသာ မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက် ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ အသစ်သောကာလသို့ ဝင်ရောက်မည့် သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရ မီးလောင်၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော် ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း ဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကို ငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ခွင့်ပြုချက်ကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏ မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင် ဆန့်ကျင်သောသူမှာ လူသားတစ်ဦး မဟုတ်၊ သင် ငြင်းပယ်သောသူမှာ သေးငယ်သည့် အရာလေးတစ်ခု မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့၊ အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည် မွေးဖွားခွင့်နှင့် ဘုရားသခင်၏ မျက်နှာကို မြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ

လူအများက ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အကြောင်းအား ခံစားမှုမကောင်းကြရသည်မှာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်က လူ့ဇာတိခံယူ လုပ်ဆောင်မည်ကို လူအနေနှင့် ယုံရန်ခက်သောကြောင့်ဖြစ်၏။ သို့သော်လည်း သင့်ကို ငါပြောလိုသည်မှာ ဘုရားသခင်၏ အမှုသည် လူသားတို့ မျှော်လင့်ထားသည်များထက် မကြာခဏ သာလွန်တတ်ပြီး လူသားတို့စိတ်နှင့် လက်ခံရန် ခက်ခဲသည်ဆိုခြင်းပင်။ အကြောင်းမှာ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပိုးလောက်ကောင်မျှသာဖြစ်၍ ဘုရားသခင်မှာမူ စကြဝဠာအနှံ့ ဖြည့်သည့် အာဏာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်၊ လူ၏စိတ်မှာမူ ပိုးလောက်များကိုသာ ထကြွစေသည့် ညစ်ညမ်းသောရေအိုင်နှင့် သဏ္ဌာန်တူသည်။ ဘုရားသခင်၏ ဉာဏ်ပညာမှ ညွှန်သော အမှုအဆင့်တိုင်းမှာမူ ဘုရားသခင် ဉာဏ်ပညာ၏ အဆီအနှစ်ပင်တည်း။ လူသားသည် တသမတ်တည်း ဘုရားသခင်ကို စောဒက တက်ရန် ဆန္ဒရှိသည်။ ထိုသို့ဖြစ်လျှင် နောက်ဆုံးတွင် ဆုံးရှုံးမှုခံရမည့် ကိုယ်ပိုင် သက်သေပင် ဖြစ်ကြောင်း ငါပြောမည်။ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ ကိုယ့်ကိုယ်ကို ရွှေထက် သာ၍ အရေးပါသည်ဟု မမှတ်ယူကြနှင့်။ အခြားလူများက ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံနိုင်လျှင် သင်က ဘာ့ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ ရပ်တည်မှု မြင့်သနည်း။ အခြားသူများက သမ္မာတရားကို ဦးညွှတ်နိုင်ကြသော်လည်း သင်က ဘာ့ကြောင့် သူတို့ကဲ့သို့ မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မှုကင်းသော အရှိန်အဟုန် တစ်ခုပင်ဖြစ်၏။ သင့်"ကုသိုလ်"အတွက်နှင့် သူသည် တရားစီရင်ခြင်းအမှုကို ထပ်၍ ပြန်လုပ်မည်မဟုတ်၊ သင်သည် ထိုအခွင့်ကောင်းကို လွဲချော်ခဲ့မည်ဆိုလျှင် အကန့်အသတ်မဲ့သော နောင်တစိတ် အပြည့်နှင့် နေရလိမ့်မည်။ ငါ၏စကားများကို သင်မယုံလျှင် မိုးကောင်းကင်တွင် ပေါ်လာမည့် မဟာပလ္လင်ဖြူမှ သင့်အပေါ်သို့လာမည့် တရားစီရင်ချက်ကို စောင့်ပါ။ သင်သိသင့်သည်မှာ ဣသရေလတို့သည် ယေရှုကို ပယ်ချငြင်းပယ်သော်လည်း ယေရှု၏ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းဟူသော အချက်သည် ယခုထိ စကြဝဠာအဆုံးတိုင် ပြန့်နှံ့လျက်ရှိလေသည်။ ယင်းသည် လွန်ခဲ့သောအချိန်က ဘုရားသခင်ပြုခဲ့သော အဖြစ်မှန် မဟုတ်လား။ အကယ်၍ သင့်ကို ယေရှုရှင်က ကောင်းကင်သို့ ချီဆောင်ပေးရန် စောင့်မျှော်ဆဲ ဆိုလျှင် သင်သည် ခေါင်းမာသော သစ်တိုင်သေ၏ အပိုင်းအစတစ်ခု[က]ပင် ဖြစ်သည်ဟု ငါပြောမည်။ သင်ကဲ့သို့ ကောင်းချီးများကိုသာရှာပြီး၊ သမ္မာတရားအပေါ် သစ္စာမဲ့သော ယုံကြည်မှုမှားနေသူကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သင်ယုံသည်နှင့် ဆန့်ကျင်ဖက် ဖြစ်သော ငရဲမီးအိုင်ထဲ နှစ်သောင်းချီ၍ သင်ကျရောက်ရန် အနှင်ခံရသည့်အခါ သူက သင့်ကို ဂရုဏာ ပြလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာ တရားစီရင်မှုကို ခံယူမည့်လူအဖြစ် နာခံ၍ ဆက်ကပ် စေလိုပါသည်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်း အခွင့်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ် သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်း တစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမှ သန့်စင်၍မရသော သူတို့သည်၊ ဆိုလိုသည်မှာ၊ တရားစီရင်ခြင်း အမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရ ရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန် များပြား၊ ပြင်းထန်လှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်၊ သစ္စာဖောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေကျွန်ခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သော သူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရ အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစကားပြုခဲ့ပြီးနောက် သစ္စာဖောက် သွားသူများကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် သူတို့၏ မကောင်းမှုအတွက် တန်ပြန်အပြစ်ဒဏ်ကို ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် ခံယူကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ဖော်ပြခြင်းမဟုတ်ပေဘူးလား။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ဖွင့်ပြပေးခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် မကောင်းဆိုးဝါး ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုမကောင်းဆိုးဝါး ဝိညာဉ်များက သူတို့၏ ခန္ဓာအသွေးအသားကို စိတ်ကြိုက်ဖျက်ဆီးပစ်ကြလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်အလောင်းကောင်မှ အပုပ်နံ့က တထောင်းထောင်း ထုတ်လွှတ်နေ၏။ ယင်းကား သူတို့၏ ဒုစရိုက်အတွက် ထိုက်တန်သော တုံ့ပြန်ချက်ပင်။ ဘုရားသခင်သည် ယုံကြည်မှုမှားယွင်းသော သစ္စာမဲ့သူများ၊ တမန်တော် အတုအယောင်များနှင့် မှန်ကန်မှုကင်းသော လုပ်သားများ၊ လူတိုင်းကိုယ်စီ၏ အပြစ်များကို မှတ်တမ်း စာအုပ်များထဲတွင် ရေသားလျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်ညမ်းစေရန် ပြုမူကြလေ၏။ ထို့ကြောင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း ဘယ်တော့မှမရှိကြတော့။ တစ်ခါက အစေခံခဲ့ကြသော်လည်း အဆုံးတိုင် သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ သူတို့သည် ယုတ်မာသူတို့အကြားတွင် လျှောက်သွားနေပြီး ပျက်ယွင်းနေသော စက်ဆုပ်ဖွယ်ကောင်းသည့် လူစု၏ အစိတ်တစ်ပိုင်း ဖြစ်လာ၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့အား အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် ဘယ်တုန်းကမှ သစ္စာမခံခဲ့သော သို့မဟုတ် ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဂရုမပြုတော့ပဲ ဖယ်ထုတ်၍ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ သွားရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ထိုသူတို့သည် မြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သော ဘယ်ခါမှ စိတ်ရင်းမမှန် ခဲ့ကြသောသူတို့အား သူ့လူတို့အတွက် အစေကျွန်ခံသော သူတို့နှင့်အတူ ရေတွက်လေ၏။ သူတို့မှ အများစုမှာ အစေကျွန်ခံရန် အရည်အချင်းမရှိကြပဲ ပျက်စီးကြ၍ ထိုလူတို့အထဲမှ အနည်းငယ်သာ ရှင်သန်နိုင်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဘုရားသခင်နှင့် စိတ်သဘောတူသော လူအားလုံးတို့ကို ဆောင်သွင်းမည်။ သူတို့မှာ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားတို့နှင့် ပရောဖက်အဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများဖြစ်ကြ၏။ ယင်းတို့ကို ဘုရားသခင်က သူ၏အမှုအားဖြင့် စစ်ယူရရှိထားခြင်းဖြစ်၏။ အကြင်သူတို့သည် ဘုရားသခင် စီစဉ်ထားသော အမျိုးအစား တစ်မျိုးမျိုးအထဲ ကျရောက်ပါဝင်ခြင်း မပြုနိုင်လျှင် သူတို့ကို မယုံကြည်သူများ အထဲသို့ ထည့်သွင်းရေတွက်လေ၏။ သင်တို့သည် ထိုသူတို့ရမည့် ရလဒ်ကို သေချာစွာ စဉ်းစားကြည့်နိုင် ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

ဘုရားသခင်၏ အလုပ်သည် ကြီးမားပြင်းထန်သော လှိုင်းလုံးများ တလိပ်လိပ်တက်လာသကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို မထိန်းချုပ်နိုင်သလို မည်သူကမျှလည်း ဘုရားသခင်၏ ခြေတော်ရာများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ စကားတော်ကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေတော်ရာနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ကတိတော်များကိုလည်း ခံစားရမည်ဖြစ်သည်။ ထိုသို့ မဟုတ်သူများမှာမူ ဘေးဒုက္ခများနှင့် တွေ့ကြုံခံစားရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံထိုက်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏" မှ

ဘာသာရေးလောက တစ်ရပ်လုံးသည် လူသူကင်းမဲ့လျက် ကျန်ရစ်ကာ၊ လူတိုင်း၏လျစ်လျူရှုခြင်းကို ခံရလိမ့်မည်၊ ၎င်းတို့သည် အမှန်တရားကင်းမဲ့၍၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မရေရာကာ စိတ်ကူးသက်သက်သာ ဖြစ်ကြောင်းကို သိလာကြလိမ့်မည်။ လူမှုအသိုင်းအဝိုင်း နယ်ပယ်တိုင်းမှ လူတို့သည်လည်း ပျံ့နှံ့သွားကြကာ၊ နိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်းသည် ဝရုန်းသုန်းကား အခြေအနေအတွင်း စတင်ကျရောက်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နှစ်ဆယ့်လေးခုမြောက်နှင့် နှစ်ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်များ၏ အနက်ဖွင့်" မှ

ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီ တကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက—အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏ သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၂၂" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

အောက်ခြေမှတ်စုများ-

(က) သစ်တိုင်သေ၏ အပိုင်းအစတစ်ခု: တရုတ်ဓလေ့ အသုံးအနှုန်း၊ အဓိပ္ပာယ် "ကူကယ်ရာမဲ့ခြင်း"။

ယခင်က:နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ သန့်စင်ပေးပြီး ကယ်တင်သနည်း။

နောက်တစ်ခုသို့:ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ