အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ ဘုရားသခင်ကို အဘယ်သို့သိရမည်နှင့် ပတ်သက်သည့် သမ္မာတရားများ

၃) ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို မည်သည့် သွင်ပြင်လက္ခဏာများထဲတွင် အဓိက ထုတ်ဖော်ပြထားသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် သူဖန်ဆင်းခဲ့သည့် အရာဝတ္ထုအသစ်တစ်ခုစီတိုင်းတွင် ဖော်ပြနေသည်။ ထို့ပြင် သူ၏နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိ၊ အနည်းငယ်မျှပင် မကိုက်ညီမှုမရှိဘဲ တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့သည်။ ဤအရာဝတ္ထုအသစ်များအားလုံး ပေါ်ပေါက်လာခြင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ သက်သေဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည်လည်း ထာဝရတည်သည်။ ဤအချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ အတိတ်တွင် ထိုကဲ့သို့သာ ဖြစ်ခဲ့ပြီး ယနေ့တွင်လည်း ထိုကဲ့သို့သာဖြစ်ကာ ထာဝရကာလတိုင် ထိုကဲ့သို့သာ ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

သူ၏နှုတ်ကပတ်တော်တို့မှတစ်ဆင့် ဖန်ဆင်းရှင်သည် သူရရှိရန် ရည်မှန်းထားသည့်အရာအားလုံးကိုရရှိပြီး ပြီးမြောက်ရန် သူရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်ရုံတင်မကဘဲ သူဖန်ဆင်းခဲ့သည့်အရာအားလုံးကို သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ့သြဇာအာဏာအောက်တွင် သူပြုလုပ်ခဲ့သည့်အရာအားလုံးကို အုပ်စိုးနိုင်ခဲ့သည့်အပြင် အားလုံးက စနစ်ကျပြီး ပုံမှန်ဖြစ်ပေါ်သည်။ အရာအားလုံးသည် သူ့နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ပြီး သေဆုံးခဲ့ကြသည်။ ထို့အပြင် သူ၏သြဇာအာဏာအားဖြင့် သူချမှတ်ထားသည့် ဥပဒေသအတွင်းတွင် ဖြစ်တည်ခဲ့ပြီး မည်သူမျှ လွတ်ကင်းခြင်းမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

သခင်ယေရှုက လာဇရုကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်သောအခါမှာ စကားတစ်ခွန်းကို သူအသုံးပြုခဲ့သည်။ “လာဇရုထွက်၍လာလော့” ဤသည်မှလွဲပြီး တစ်ခြားမပြောပေ။ ဤစကားလုံးတို့က ဘာကို ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် သေသူကို ပြန်ရှင်စေခြင်းအပါအဝင် အရာအားလုံးကို စကားပြောခြင်းမှတစ်ဆင့် ပြီးမြောက်စေနိုင်သည်ဆိုသည်ကို ကိုယ်စားပြုပါသည်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါ၊ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့သောအခါ၌ စကာလုံးတို့နှင့်ပင် လုပ်ခဲ့သည်။ အမိန့်ပေးစကား၊ အာဏာပါဝင်သော စကားလုံးတို့ကို သူအသုံးပြုခဲ့ပြီး ဤကဲ့သို့ အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ ဤကဲ့သို့ပင် ပြီးမြောက်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော ဤစကားတစ်ခွန်းက ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါမှာ သူပြောခဲ့သော စကားလုံးတို့လိုပင်ဖြစ်သည်။ ဘုရားသခင်၏ အာဏာ၊ ဖန်ဆင်းရှင်၏ အရည်အချင်းတို့ ညီတူညီမျှ ပါဝင်ပါသည်။ ဘုရားသခင်၏ နှုတ်မှလာသော စကားလုံးတို့ကြောင့် အရာအားလုံးသည် ဖြစ်ပေါ်လာပြီး ရပ်တည်လာသည်။ ဤကဲ့သို့ပင် သခင်ယေရှု၏ နှုတ်ကလာသော စကားလုံးတို့ကြောင့် လာဇရုသည် သူ့အုတ်ဂူမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့ဇာတိက ထုတ်ဖော်ပြသပြီး အကောင်အထည်ဖော်ခဲ့သော သူ၏ အာဏာဖြစ်ပါသည်။ ဤအာဏာနှင့် အရည်အချင်းမျိုးသည် ဖန်ဆင်းရှင်နှင့်သက်ဆိုင်ပြီး ဖန်ဆင်းရှင်က အကောင်အထည်ဖော်ခဲ့သော လူသားနှင့် သက်ဆိုင်ပါသည်။ ၎င်းသည် ဘုရားသခင်က လာဇရုကို သေခြင်းမှ ရှင်ခြင်းကို သယ်ဆောင်လာခြင်းအားဖြင့် လူသားမျိုးနွယ်ကို သင်ကြားပေးသော နားလည်ခြင်းဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ငါမိန့်ကြားခဲ့သည်များကို အလေးထား လိုက်နာဆောင်ရွက်ရမည်၊ အလေးထား လိုက်နာဆောင်ရွက်သည်များကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်၊ ၄င်းတို့အား တစ်စုံတစ်ယောက်က ပြောင်းလဲပစ်ခြင်း မဖြစ်စေရ၊ ၄င်းတို့မှာ အကြွင်းမဲ့ ဖြစ်သည်။ အတိတ်တွင် မိန့်ကြားခဲ့သည်ဖြစ်စေ သို့မဟုတ် အနာဂတ်တွင် ပြောသည်ဖြစ်စေ၊ အရာအားလုံးတို့သည် ရောက်ရှိလာလိမ့်မည်၊ လူသားတို့ အားလုံးသည်လည်း တွေ့မြင်လိမ့်မည်။ ဤသည်မှာ ငါ့နှုတ်ကပတ်တော်များ၏ လုပ်ဆောင်မှု နောက်ကွယ်မှ နည်းဥပဒေ သဘောတရား ဖြစ်သည်။...စကြဝဠာတစ်ခုလုံးတွင် ဖြစ်ပျက်နေသော အရာအားလုံးတို့တွင် ငါမဆုံးဖြတ်ဘဲ ပြီးမြောက်သွားမည့်အရာ တစ်ခုမျှပင်မရှိချေ။ ငါ၏ လက်ထဲတွင်မဟုတ်ပဲ တည်ရှိနေသော အရာများမှာ အဘယ်နည်း။ ငါပြောသည့် အရာတိုင်းသည် ဖြစ်မြောက်မည်၊ လူသားတို့ထဲတွင် ငါ၏စိတ်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်သူ မည်သူရှိသနည်း။ ၄င်းမှာ ငါကမ္ဘာကြီးပေါ်တွင် ပြုခဲ့သော ပဋိညာဉ်စာချုပ်ပင်လော။ မည်သည့်အရာကမှ ငါ၏ အစီအစဉ်ကို မတားဆီးနိုင်ချေ၊ ငါသည် ငါ၏အမှုတော်တွင် အချိန်တိုင်းရှိနေသည်၊ စီမံခန့်ခွဲမှု အစီအစဉ်တိုင်းတွင်လည်းပဲ အမြဲတစေ ရှိနေသည်။ ဘယ်လိုလူသားမျိုးက ဝင်ရောက်နှောင့်ယှက် နိုင်မည်နည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ချမှတ် လုပ်ဆောင်ခဲ့သူက ငါကိုယ်တိုင်ပင် မဟုတ်ပါလော။ ဒီကနေ့ခေတ်ကဲ့သို့သော အခြေအနေမျိုးတွင်ပင် ငါ၏ အစီအစဉ်၊ ငါကြိုမြင်ခဲ့သည့် အရာမှ သွေဖယ်သွားခြင်းမျိုး မရှိပါ၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင် ငါ ခိုင်မာသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးပြီဖြစ်သည်။ ဤအဆင့်အတွက် ငါ၏အစီအစဉ်ကို အသင်လူသားတို့ထဲမှ မည်သူကများ နားလည်နိုင်ပါလိမ့်မည်နည်း။ ငါ၏ လူများသည် ငါ၏ အသံကို နားထောင်ကြလိမ့်မည်၊ ငါ့ကို အမှန်တကယ် ချစ်ခင်သော ထိုသူတို့ တစ်ယောက်ချင်းစီသည် ငါ၏ ပလ္လင်ရှေ့မှောက်သို့ အရောက်ပြန်လာကြလတ္တံ့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

“နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာမဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသသခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦးဖြစ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနုတ်ခြင်းခံရသည့်အခါ၊ ယင်းမှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တစ်ဖန်ပြန်လာခြင်းကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲစေခြင်းကို မခံရသေးလျှင် လူသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိနေသည်၊ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်၊ သို့သော် လူ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာမရှိဘဲ ဘုရားသခင်ကို ခုခံပြီး ပုန်ကန်နေဆဲဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။...ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်၏ အလိုတော်ကို သင်တွေ့မြင်သင့်ပြီး ဘုရားသခင်၏ အမှုတော်သည် ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသောအရာများတို့အား ဖန်ဆင်းခဲ့ခြင်းလောက် ရိုးစင်းမှု မရှိသည်ဆိုခြင်းအား သင်တွေ့မြင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့လုပ်ဆောင်ရမည့် အမှုမှာ ဖျက်ဆီးခြင်းခံရခဲ့သောသူများ၊ တစ်ဖက်စွန်းရောက်အောင် ထုံတေလာကြသူများတို့အား ပြောင်းလဲရန်နှင့် ဖန်ဆင်းခံ ပြီးနောက် စာတန်၏ လုပ်ဆောင်မှု ခံရခဲ့သူများအား သန့်ရှင်းစေရန် ဖြစ်သည်၊ အလင်းပြုလုပ်ရန် သို့တည်းမဟုတ် အပင်နှင့် တိရိစ္ဆာန်တို့၏ အမျိုးမျိုးအား ဖန်ဆင်းရန်မဆိုထားနှင့် အာဒံနှင့် ဧဝတို့အား ဖန်ဆင်းရန်ပင် မဟုတ်ပေ။ ဘုရားသခင်၏ ယခုအမှုမှာ စာတန်၏ဖျက်ဆီးခြင်းခံခဲ့ရသော သူအားလုံးအား သန့်ရှင်းစင်ကြယ်စေရန်ဖြစ်ပြီး ထိုသို့အားဖြင့် ထိုသူအပေါင်းတို့အား ပြန်လည်ရယူပြီး သူပိုင်ဆိုင်သောအရာများ၊ သူ၏ ဘုန်းတော်အဖြစ် ဖြစ်လာစေရန် ဖြစ်သည်။ အဆိုပါ အမှုသည် လူသားထင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကဲ့သို့ ရိုးစင်းခြင်း မရှိသည့်အပြင် ယင်းသည် လူသားထင်သကဲ့သို့ စာတန်အား အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆိုခြင်းနှင့်လည်း ဆင်တူခြင်းမရှိပေ။ ယင်းအစား ၎င်းသည် လူသားအား ပြောင်းလဲစေရန်၊ အဖျက်သဘောဆောင်သော အရာအား အပြုသဘောဆောင်သော အရာသို့ ပြောင်းလဲရန်နှင့် ဘုရားသခင်နှင့် မသက်ဆိုင်သော အရာအား သူ၏ ပိုင်ဆိုင်မှုအထဲသို့ သိမ်းယူရန် ဖြစ်သည်။ ယင်းသည် ဘုရားသခင် အမှု၏ ဤအဆင့်ထဲ၌ ရှိနေသည့် အတွင်းပိုင်း အကြောင်းအရာဖြစ်သည်။ ထိုအရာအား သင်သိရန် လိုအပ်ပြီး အရေးကိစ္စများကို အလေးမထားခြင်း မပြုရပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်သာမန်အလုပ်များနှင့်မျှ မတူပေ။ ၎င်း၏ အံ့သြဖွယ်ရာ ထူးခြားမှုကို လူသား၏ စိတ်နှင့်် စိတ်ကူး၍ မရနိုင်ပေ။ ထို့အပြင် ၎င်း၏ ဉာဏ်ပညာအား ဤကဲ့သို့ မရရှိနိုင်ပေ။ သူ၏အမှု၏ ဤအဆင့်အတွင်း ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းနေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့ကို ဖျက်ဆီးနေခြင်းလည်း မပြုပေ။ ယင်းအစား ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးကို ပြောင်းလဲစေလျက်ရှိပြီး စာတန်၏ ညစ်ညူးစေခြင်းခံရခဲ့သော အရာခပ်သိမ်းကို သန့်စင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကြီးမားသည့်ပမာဏရှိသော အမှုအား အစပြုမည်ဖြစ်ကာ၊ ၎င်းသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ပေါင်းချုပ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော” မှ

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

လောကကြီးကို ဖန်ဆင်းခဲ့စဉ်တုန်းက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မည်သည့်အမှုကိုမျှ ပြင်ဆင်ထားနှင့်ခြင်း မရှိပေ။ လူသားမျိုးနွယ်ကြားမှာ သူ့အလုပ်များကို လက်တွေ့ကျကျ သမ္မာတရားနှင့်အညီ တစ်ဆင့်ချင်း ပြုလုပ်ဖို့အတွက် ဖြစ်လာစေခဲ့သည့်အရာများ ကြီးထွားလာခြင်းသာ ဖြစ်သည်။ ဤအရာသည် မိန်းမကို သွေးဆောင်ဖို့အတွက် မြွေကို ယေဟောဝါ ဘုရားသခင်က ဖန်ဆင်းခြင်း မဟုတ်သည့် ပုံစံမျိုးပင်။ သူသေချာ သတ်မှတ်ထားသည့် အစီအစဉ်မဟုတ်သကဲ့သို့ သူတမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာလည်း မဟုတ်ချေ။ မျှော်လင့်မထားဘဲ ဖြစ်သည့်အရာဟု ပြောနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို ထပ်ပြီး မဖန်ဆင်းဖို့ ပိုင်းဖြတ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ဤအခြေခံအချက် အပေါ်မှာပင် လူများအားဖြင့် တွေ့ရှိခြင်းသာဖြစ်သည်။ ယခင်က ငါပြောခဲ့သည့် အချက်ကဲ့သို့ပင် “ငါ၏ အသိပညာသည် စာတန်၏ လှည့်ကွက်များပေါ်မှာသာ အခြေခံလှုပ်ရှားသည်။” အကျင့်ပျက်ဆီးနေသည့် လူသားများသည် မည်ကဲ့သို့ပင် ကြီးထွားလာပါစေ သို့မဟုတ် မြွေက သူတို့ကို မည်ကဲ့သို့ပင် သွေးဆောင်ပါစေ ယေဟောဝါ၌ ဉာဏ်ပညာရှိသည်။ ထို့ကြောင့် သူသည် လောကကြီးကို ဖန်ဆင်းပြီးကတည်းက လုပ်ဆောင်ချက် အသစ်များနှင့် ထိတွေ့မှုရှိနေပြီး ဤအမှုအဆင့် အားလုံးသည် ပြန်လည်လုပ်ဆောင်ရခြင်းမျိုး တစ်ခုမျှမရှိ။ စာတန်သည် သူ၏ လှည့်စားမှု များကို အဆက်မပြတ် လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆက်မပြတ် ခံနေရပြီး ယေဟောဝါ ဘုရားသခင်သည်လည်း သူ၏ ပညာဉာဏ် ကြီးမားသည့် အလုပ်များကို အစဉ်မပြတ် လုပ်ဆောင်နေသည်။ သူသည် မည်သည့်အခါမျှ မရှုံးပေ။ ပြီးလျှင် သူသည် လောကကြီးကို ဖန်ဆင်းခြင်းမှစပြီး လက်ရှိအချိန်အထိ သူ့အလုပ်ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် သူ၏ရန်သူကို ချေမှုန်းဖို့အတွက် လူသားများကြားမှာ အဆက်မပြတ် လုပ်ဆောင်နေသည်။ ဤတိုက်ပွဲသည် အစအဦးမှ ကမ္ဘာအဆုံးအထိ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤအလုပ်များ အားလုံးကို လုပ်နေသည့်အချိန်၌ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားများကို သူ၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ရရှိစေဖို့ အခွင့်ပေးခဲ့ရုံတင် မကဘဲ သူ၏ ဉာဏ်ပညာ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံမှုနှင့် အခွင့်အာဏာတို့ကို တွေ့မြင်စေခဲ့သည်။ အဆုံးမှာတော့ သူသည် ဆိုးသွမ်းသူကို အပြစ်ဒဏ်ပေးပြီး ကောင်းသည့်သူကို ချီးမြှောက်ရင်း သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်စေမည်ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးသည့် ဘုရားသခင်ဖြစ်ပြီး သူ၏ ဉာဏ်ပညာများသည် စာတန်၏ လှည့်ကွက်ပေါ်မှာ မူတည်လှုပ်ရှားသည့်အတွက် သူသည် စာတန်နှင့် ဤနေ့အထိ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ ကောင်းကင်ဘုံ၌ ရှိသမျှ အရာအားလုံးကို သူ၏အခွင့်အာဏာထံ ဆက်ကပ်စေရုံသာမက ကမ္ဘာမှာရှိသည့် အရာအားလုံးကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်မှာ ငြိမ်သက်စေခဲ့သည်။ ဤတင်မကဘဲ သူသည် လူသားမျိုးနွယ်ကို ကျူးကျော် နှောင့်ယှက်သည့် မကောင်းမှုပြုသူများကို သူ၏ ပြစ်တင်ဆုံးမမှုအောက်၌ ကျဆင်းစေသည်။ ဤလုပ်ဆောင်ချက်၏ အကျိုးရလဒ်အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကောင်းကင်ဘုံ၊ ကမ္ဘာပေါ် သို့မဟုတ် စကြဝဠာတစ်ခုလုံး၌ ရန်သူမရှိဘဲ သဘာဝကို ကျူးကျော်ဝင်ရောက်မည့် အမှောင်စွမ်းအားများ မရှိခဲ့သည့်အတွက် ဘုရားသခင်သည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ်ရှေ့မှာ တစ်ခါမျှ မဖော်ပြခဲ့ပါဘူး။ ကောင်းကင်တမန်မင်းသည် သူ့ကို သစ္စာဖောက်ခဲ့ပြီးနောက်မှာ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကြောင့်ပင် ဘုရားသခင်သည် ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်နှင့် အဆင့်တိုင်းမှာ သာ၍ သာ၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုဖြစ်သည့် နှစ်ထောင်ချီရှည်သည့် စစ်ပွဲရှည်ကြီးကို စတင်ခဲ့ရသည်။ ဤအဆင့်တိုင်းမှာ သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဉာဏ်ပညာကို တွေ့မြင်ရသည်။ ဤကဲ့သို့အချိန်မျိုးမှသာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာရှိသည့် အရာအားလုံးသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံမှုနှင့် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သည်။ ယနေ့အထိ ဤကဲ့သို့ အကြောင်းတရားမျိုးကြောင့်သာ ဘုရားသခင်သည် သူ၏အလုပ်များကို လုပ်ဆောင်နေဆဲပင် ဖြစ်သည်။ ထပ်ဆင့်အနေနှင့် သူ၏လုပ်ငန်းများကို လုပ်ဆောင်နေစဉ်မှာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း ဆိုသည်ကို သိရှိဖို့အတွက်နှင့် ဘုရားသခင်၏ စစ်မှန်မှုကို မည်ကဲ့သို့ ရှင်းပြရမည် ဆိုတာကို သိရှိဖို့အတွက် လုပ်ဆောင်ချက် အဆင့်တိုင်း၏ အတွင်းကျသည့် သမ္မာတရားကို သင်တို့ကို မြင်ခွင့်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ငါ၏အစီအစဉ်တွင်၊ စာတန်သည် ခြေလှမ်းတိုင်းကို အစဉ်အဆက် ယှဉ်ပြိုင်ခဲ့ကာ၊ ငါ့ဉာဏ်အမြော်အမြင်၏ အဖြည့်ခံအနေဖြင့် ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများရှာဖွေရန် အစဉ်ကြိုးစားခဲ့၏။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားသော အကြံအစည်များကို အရှုံးပေးနိုင်မည်လော။ ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ငါ့ကိုအစေခံ၏—စာတန်၏ လှည့်ဖြားသော အကြံအစည်တို့ရော အနည်းငယ်မျှပင် ကွာခြားနိုင်မည်လော။ ဤသည်မှာ အတိအကျအားဖြင့် ငါ့ဉာဏ်အမြော်အမြင်၏ လမ်းဆုံဖြစ်၏။ ဤသည်မှာ အတိအကျအားဖြင့် ငါ၏လုပ်ကိုင်မှုများ အံ့သြဖွယ်ကောင်းသည့်အရာ ဖြစ်၍ ငါ၏စီမံခန့်ခွဲခြင်းအစီအစဉ် တစ်ရပ်လုံးကို အကောင်အထည်ဖော်သည့် အခြေခံစည်းမျဉ်းဖြစ်၏။ နိုင်ငံတော်တည်ဆောက်သည့် ကာလအတွင်းတွင်၊ ငါသည် စာတန်၏လှည့်ဖြားသည့် ကြံစည်မှုများကို ရှောင်ရှားဦးမည် မဟုတ်ဘဲ ငါဆောင်ရွက်ရမည့် အမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းအကြားတွင်၊ ငါသည် စာတန်၏လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ငါရွေးချယ်ထား၏။ ဤသည်မှာ ငါ၏ဉာဏ်အမြော်အမြင် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူအားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်တူညီသောခြေလှမ်းလှမ်းရန် လုပ်ဆောင်ကြ၏၊ စကြဝဠာတစ်လျှောက်လုံး “ကြီးစွာဝမ်းမြောက်” ကြကာ၊ ငါသည် လူသားအား ရှေ့သို့တက်လှမ်းရန် စေ့ဆော်၏။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ငါသည် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်အား သွေးရူးသွေးတန်းဖြစ်ကာ မွှန်ထူသွားစေ၍၊ ၎င်းသည် ငါ၏အမှုအတွက် အစေခံကာ၊ လိုလားသည့်ဆန္ဒ မရှိသော်လည်း ၎င်း၏ကိုယ်ပိုင်ဆန္ဒများနောက်သို့ မလိုက်နိုင်ဘဲ ငါ၏ချုပ်ကိုင်မှုကို နာခံရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသောနဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်းဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏လူ့ဇာတိခံယူသောအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စုအတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့်၊ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် သင့်တော်စွာအစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်၏။ ဤနည်းအားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

စာတန်ကို ဘုရားသခင် အနိုင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တကယ်တမ်းတော့ စာတန်က ရှုံးနိမ့်ခဲ့သည်မှာ ကြာလှချေပြီ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် အလုပ်ကိုစလုပ်ပြီး စတင် လှုပ်ရှားသည့်အခါ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဘုရားသခင်၏ ဧဝံဂေလိ သတင်းစကား စတင်ပျံ့နှံ့သွားသည့်အချိန်၌ စာတန်သည် အကြွင်းမဲ့ ချေမှုန်းခံရပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး သူ့အလုပ်ကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကို စာတန်က မြင်ခဲ့ပြီး၊ မည်ကဲ့သို့အင်အားမျိုးကမှ အလုပ်ကို ရပ်တန့်၍မရနိုင်သည်ကို ၎င်းမြင်ခဲ့သည်။ ထို့ကြောင့် ဤလုပ်ဆောင်ခြင်းကို မြင်ခဲ့သည့်အခါ ၎င်းသည် ကြက်သေသေသွားပြီး နောက်ထပ် လုပ်ဆောင်မှုများကို ဆက်မလုပ်ရဲတော့ချေ။ အစ၌ကား စာတန်သည် သူသည်လည်း များပြားသည့် ဉာဏ်ပညာများကို ပိုင်ဆိုင်သည်ဟု ထင်မြင်ပြီး ဘုရားသခင်၏ အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူလိမ့်မည် ဆိုသည်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏အလုပ်မှာ ဘုရားသခင်သည် ၎င်း၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ဗျာဒိတ်နှင့် တရားစီရင်မှုအနေနှင့် အသုံးပြုခဲ့ပြီး၊ ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး ၎င်းကို ချေမှုန်းမည်ဟု မမျှော်လင့်ခဲ့ပေ။ ဘုရားသခင်သည် ၎င်းထက် ပိုပြီး ဉာဏ်ပညာကြီးမားပြီး သူ၏အလုပ်သည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် အစောပိုင်းမှာ ဤအချက်ကို ငါဖော်ပြခဲ့သည်။ ငါလုပ်သည့် အလုပ်သည် စာတန်၏ လှည့်ကွက်များပေါ်မှာ တုံ့ပြန်သည့်အနေနှင့် လုပ်ဆောင်သည်။ အဆုံးမှာတော့ ငါ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် စာတန်၏ တန်ခိုးအစွမ်းကင်းမဲ့မှုကို ဖွင့်ပြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ငါသည် ဉာဏ်ပညာရှိသော ဘုရားခင် ဖြစ်သည် ကို ယခင်က ငါပြောခဲ့ပြီးဖြစ်သည်။ လူသားအားလုံးနှင့် ဆိုးညစ်သည့် အပြုအမူ တို့ကို ထုတ်ဖော်ရန်၊ ရည်ရွယ်ချက်များ မှားယွင်းနေသော သူတို့၊ အခြားသူများ ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏နောက်ကွယ်တွင် တစ်မျိုး သရုပ်ဆောင်ကာ၊ ငါ့အားခုခံသော သူတို့၊ ငါ့အား သစ္စာမဲ့သောသူတို့၊ ငွေကြေးကို ငမ်ငမ်းတက်တပ်မက်သောသူတို့၊ ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထည့်သွင်း မစဉ်းစားသော သူတို့၊ သူတို့၏ ညီအစ်ကိုများ နှင့် ညီအစ်မများအား လှည့်စားခြင်း နှင့် မရိုးဖြောင့်ခြင်းတို့၌ ပါဝင်သော သူတို့၊ လူတို့အား ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် အပြောကောင်းသောသူတို့နှင့် ၎င်းတို့၏ ညီအစ်ကိုများနှင့် ညီအစ်မများဖြင့် တညီတညွတ်တည်း၊ နှလုံးသားနှင့် စိတ်တွင် မပူးပေါင်းနိုင်သောသူတို့ကို ဖော်ထုတ်ရန်၊ ငါ၏ သာမာန်လူ့သဘာဝကို အသုံးချသည်။ လူများစွာတို့သည်၊ ငါ၏ သာမာန်လူ့သဘာဝကြောင့် တိတ်ဆိတ်စွာ ငါ့အား ခုခံပြီး၊ လှည့်စားခြင်း နှင့် မရိုးဖြောင့်ခြင်းတို့၌ စိတ်ပါဝင်စားကာ၊ ငါ၏ သာမာန်လူ့သဘာဝ မသိဟု ထင်မြင်ယူဆကြသည်။ ထို့အပြင်၊ လူများစွာ သည် ငါ၏ သာမာန် လူ့သဘာဝကို အထူးအာရုံ စိုက်ကာ၊ ငါ့အား စားရန် နှင့် သောက်ရန်အတွက် ကောင်းသောအရာများ ပေးကာ၊ ငါ့အား အစေခံများကဲ့သို့ အစေခံကြပြီး၊ သူတို့၏ နှလုံးသားများထဲတွင်ရှိသော အရာများကို ငါ့အား ပြောကြားနေစဉ်အတွင်း ငါ၏နောက်ကွယ်တွင် လုံးဝ ခြားနားစွာ ပြုမူဆောင်ရွက်ကြသည်။ မျက်စိကန်းသော လူသားတို့။ ငါသည် လူ၏အတွင်း နက်ရှိုင်းသော နှလုံးသားထဲသို့ ကြည့်သော ဘုရားသခင် ဖြစ်ကြောင်း၊ သင်သည် တကယ့်မသိ။ သင်သည် ယခုတိုင်အောင် ငါ့အား မသိရှိသေးပေ၊ ငါသည် သင်ဘာလုပ်နေသည်ကို မသိဟု သင်ထင်နေဆဲဖြစ်သည်။ ထိုအရာကိုစဉ်းစားလော့၊ ငါ၏သာမာန် လူ့သဘာဝကြောင့် မည်မျှသော လူတို့သည် သူတို့ကိုယ်သူတို့ ဖျက်ဆီးပြီးဖြစ်ပါသနည်း။ နိုးထလော့။ ငါအား ဆက်လက် လှည့်စားခြင်းမပြုနှင့်။ သင်၏ စကားလုံးတိုင်းနှင့် ဆောင်ရွက်ချက်တိုင်း၊ သင်၏ လုပ်ဆောင်ပုံများ နှင့်အပြုအမူ အားလုံးကို ငါ့ရှေ့တွင် ထားပြီး၊ ထိုအရာအား ငါ၏ စစ်ဆေးခြင်းကို သင်လက်ခံရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ငါသည် ဉာဏ်ပညာရှိစွာပြု၏။ ဓားမပါဘဲ၊ သေနတ်မပါဘဲနှင့် လက်တစ်ချောင်းမရွေ့ပါဘဲလျက်၊ ငါ့ကိုအာခံသူများနှင့် ငါ၏နာမအား အရှက်စေရသူများကို ငါအကုန်အစင်နှိမ်နှင်းမည်။ ငါသည် စိတ်သဘောထားကြီးသောသူဖြစ်ပြီး၊ ဤမျှလောက် စာတန်နှောင့်ယှက်နေပါသော်လည်း၊ အရှိန်မှန်မှန်နှင့် ငါ၏အမှုကို ငါလုပ်ဆောင်လျက်ရှိသည်။ သူ့ကို ငါအမှုမထား၊ ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်ခြင်းနှင့်အတူ သူ့ကိုငါအနိုင်ယူမည်။ ဤသည်မှာ ငါ၏တန်ခိုး၊ ငါ၏ဉာဏ်ပညာနှင့် ထို့ထက်မက မဆုံးနိုင်သော ငါ့ဘုန်း၏ သေးငယ်သောအပိုင်းအစသာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ယနေ့ခေတ်တွင် ဘုရားသခင်သည် အလုပ်လုပ်ရန်အတွက် ဤလောကသို့ ပြန်ကြွလာခဲ့သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ စုဝေးနေကြသည့်၊ ဘာသာမဲ့အယူဝါဒကို အခိုင်အမာယုံကြည်သော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံပင်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူခဲ့ပြီးဖြစ်သည်။ ထိုကာလအတွင်း ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး ခေါင်းချစရာနေရာမရှိ၊ နားခိုစရာနေရာ မတွေ့နိုင်ဘဲ အလွန်ဒုက္ခကြီးစွာ ခံခဲ့ရသည်။ သို့ဖြစ်စေကာမူ ဘုရားသခင်သည် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်ဆဲရှိသည်။ ဘုရားသခင်သည် မိမိ၏အသံတော်ကို ဖွင့်ဟပြီး ဧဝံဂေလိတရားကို ဖြန့်ကြက်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူတစ်ဦးတစ်ယောက်ကမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပါ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် မိမိအလုပ်ကို မည်သည့်အခါမျှ ရပ်နားခြင်းမရှိခဲ့ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားတိုင်းကို ကယ်တင်ရန် အစွမ်းကုန် ဆောင်ရွက်သည့်အတွက် သူ၏အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ခံသည့်သူများ ပိုများလာခဲ့သည်။ ဘုရားသခင် ရယူရန် အလိုတော်ရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မတားဆီးနိုင်ကြောင်း ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်လူမျိုးမဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။...

ဘုရားသခင်၏အလုပ်သည် အားပါးတရ တဟုန်ထိုးတက်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မည်သူကမျှလည်း သူ၏ခြေလှမ်းများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာနားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး သူ၏ကတိတော်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်သူများမှာမူ ပြင်းထန်သော ဘေးဒုက္ခကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး အပြစ်ဒဏ်ကျခံထိုက်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပေ။...သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ လည်ညှစ်ခြင်းကို ဧကန် ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံးတွင် ငါ၏ ဘုန်းတော်ကို အမှန်ပင် တောက်ပစေကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ယခင်က:လူတစ်ဦးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို မည်သို့သိနိုင်သနည်း။

နောက်တစ်ခုသို့:ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ