အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အဘယ်သို့သိသနည်း နှင့်ပတ်သက်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာရပြုရမည်။

၄။ ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို ဖန်ဆင်းမှုသည် လူသားအတွက်ဟုပြောနိုင်သည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်သည် နှစ်ပေါင်းများစွာ ရှည်ကြာပြီး မိနစ် သို့မဟုတ် စက္ကန့် အနည်းငယ်အတွင်း၊ မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်သဖြင့် သူသည် လူသားများ အသက်ရှင်နေနိုင်ရေးအတွက် လိုအပ်သည့် နေ၊ လ၊ သတ္တဝါအမျိုးမျိုး၊ အစာနှင့် သက်ရှိပတ်ဝန်းကျင် အစရှိသည်တို့ကို လူသားတို့အတွက် ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်စီမံခန့်ခွဲမှု အစ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ

ဘုရားသခင်သည် လူမျိုးများကို ဖြန့်ရန် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ ပထမဦးဆုံး ပိုကြီးသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်၊ လူသားတို့အတွက် မတူညီသည့် နေရာချထားခြင်းတို့ကို ပြင်ဆင်ပြီး နောက်မှာတော့ ထိုနေရာတွင် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ကြသည်။ ဤအရာသည် နေရာချထားပြီးဖြစ်သည်။ သူတို့ရှင်သန်ရပ်တည်နိုင်သည့် နယ်မြေက သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ပြင် သူတို့၏ ရှင်သန်မှု၊ အဘယ်အရာကို စားသည်၊ အဘယ်အရာကို သောက်သည်၊ သူတို့၏ အသက်မွေးဝမ်းကျောင်း၊ ဘုရားသခင်သည် ဤအရာများအားလုံးကို ရှေးကတည်းက ပြင်ဆင်ချမှတ်ပြီး ဖြစ်သည်။ ထို့ပြင် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူသည် မတူညီသည့် လူအမျိုးအစားများအတွက် မတူညီသည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မတူညီသည့် မြေကြီးဖွဲ့စည်းပုံများ၊ မတူညီသည့် ရာသီဥတုများ၊ မတူညီသည့် အပင်များ၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ ရှိကြသည်။ မတူညီသည့်နေရာများတွင် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်များပင်ရှိသည်။ မတူညီသည့် ရေများတွင် သူတို့၏ ထူးခြားသည့် ငါးများနှင့် ရေထွက်ပစ္စည်းများရှိကြသည်။ ပိုးမွှားအမျိုးအစားများကိုပင်လျှင် ဘုရားသခင်သည် ပိုင်းခြားသတ်မှတ်သည်။… ဤအချက်အမျိုးမျိုး၏ ကွာခြားမှုများကို လူများ မမြင် သို့မဟုတ် သတိမပြုမိခြင်းမျိုး ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ သူတို့ကို သေချာစွာသတ်မှတ်ချထားခဲ့ပြီး မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ မတူညီသည့် မြေမျက်နှာသွင်ပြင်များ၊ မတူညီသည့် လူမျိုးများအတွက် မတူညီသည့် သက်ရှိများကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် မတူညီသည့်လူအမျိုးအစားများကို ဖန်ဆင်းခဲ့သည့်အတွက် သူတို့တစ်ယောက်ချင်းစီတိုင်း၏ လိုအပ်ချက်နှင့် သူတို့၏ ဘဝနေမှုပုံစံများကို သူသိသည့် အတွက်ကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

ဤမတူညီကြသည့် ဘဝနေမှုပုံစံများအတွက် အခြေခံ လိုအပ်သည့်အခြေအနေများက မည်သို့နည်း။ ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို အခြေခံထိန်းသိမ်းမှု မလိုအပ်သလော။ တစ်နည်းအားဖြင့် အမဲလိုက်သမားများသည် တောတောင်သစ်တောများ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရသည်ဆိုလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းက ရှိမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် အမဲလိုက်ခြင်းနှင့် ရပ်တည်သည့် လူများသည် တောတောင်သစ်တောများကို ဆုံးရှုံးပြီး ငှက်များ၊ သားရဲတိရစ္ဆာန်များ မရှိတော့ပါက၊ သူတို့၏အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်တစ်ခုမရှိတော့ပါက၊ ဤကဲ့သို့ လူမျိုးစုများ ရှေးရှုသွားမည့် ဦးတည်ချက်နှင့် ဤကဲ့သို့လူများက သွားကြမည့် အရပ်တို့၏ အရေအတွက်ကို မသိရဘဲ သူတို့သည် ဤအတိုင်းသက်သက် ပျောက်ကွယ်သွားနိုင်သည်။ ထို့ပြင် စားဝတ်နေရေးအတွက် မွေးမြူရေးလုပ်သူများက အဘယ်အရာကို အားထားရမည်နည်း။ သူတို့အမှန်တကယ် မှီခိုနေကြသည်မှာ မွေးမြူရေးတိရစ္ဆာန်များမဟုတ်ဘဲ သူတို့၏ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၊ မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် သူတို့၏မွေးမြူရေး တိရစ္ဆာန်များကို အဘယ်အရပ်၌ အစာကျွေးမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ မွေးမြူရေး တိရစ္ဆာန်များမရှိလျှင် လှည့်လည်နေထိုင်သည့် လူမျိုးစုများက အသက်မွေးဝမ်းကျောင်းစရာ ရှိမည်မဟုတ်ပေ။ သူတို့တွင် အသက်မွေးဝမ်းကျောင်း လုပ်စရာရှိမည်မဟုတ်ပေ။ သူတို့၏ အသက်မွေးဝမ်းကျောင်း အရင်းအမြစ်မရှိလျှင် လူများက အဘယ်အရပ်ကို သွားကြမည်နည်း။ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်က အလွန်ခက်ခဲလာမည်။ သူတို့တွင် အနာဂတ်ရှိမည်မဟုတ်တော့ပေ။ ရေအရင်းအမြစ်မရှိလျှင် မြစ်များနှင့် အင်းအိုင်များက ခြောက်သွေ့လာမည်။ အသက်ရှင်ရန်အတွက် ရေကို မှီခိုအားထားရသည့် ငါးအားလုံးက ရှိပါတော့မည်လော။ ဤငါးများ ရှိတော့မည်မဟုတ်ပေ။ အသက်မွေးဝမ်းကျောင်းအတွက် ရေနှင့် ငါးကို အမှီပြုရသည့် လူများက ဆက်ပြီး ရှင်သန်ရပ်တည်နိုင်ပါ့မည်လော။ သူတို့တွင် စားစရာမရှိလျှင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိလျှင် ဤလူများသည် ဆက်လက်ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့်ပတ်သက်ပြီး ပြဿနာရှိလာလျှင် ထိုလူမျိုးများသည် ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာမြေကြီးမှ ပျက်သုဉ်းသွားနိုင်သည်။ နောက်ပြီးလျှင် အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် သူတို့၏မြေများကို ဆုံးရှုံးသွားလျှင်၊ အပင်များ မစိုက်နိုင်ဖြစ်ပြီး အပင်အမျိုးမျိုးမှ အစားအစာများကို သူတို့ရမည်မဟုတ်တော့လျှင် ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ အစားအစာမရှိလျှင် လူများက ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူများက ဆာလောင်ပြီး သေကြေကုန်လျှင် ဤလူမျိုးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤအရာသည် ပတ်ဝန်းကျင်အမျိုးမျိုးကို ဘုရားသခင် ထိန်းသိမ်းသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးနှင့် ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တစ်ခုစီတိုင်းတွင်ရှိသည့် မတူညီသည့် သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်။ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

အကယ်၍ အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် နိယာမများ ဆုံးရှုံးသွားလျှင် သူတို့သည် ဆက်လက် တည်ရှိမည်မဟုတ်ပေ။ အကယ်၍ အရာအားလုံး၏ နိယာမများသည် ဆုံးရှုံးသွားလျှင် အရာအားလုံးထဲတွင်ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည်မဟုတ်တော့ပေ။ လူသားများသည်လည်း သူတို့ရှင်သန်ရပ်တည်နိုင်ရန် မှီခိုနေရသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ လူသားတို့သည် ဤအရာများအားလုံးပျောက်ဆုံးသွားလျှင် သူတို့ ဆက်လက်ရှင်သန်ပြီး မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ပွားများနိုင်မည်မဟုတ်ပေ။ ယခုအချိန်ထိ လူသားတို့ ရှင်သန်ရပ်တည်နေနိုင်သည့် အကြောင်းက ဘုရားသခင်သည် အရာအားလုံးကို လူသားများကို ပြုစုစောင့်ရှောက်ရန်၊ လူသားတို့ကို ကွဲပြားသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ရန် ထောက်ပံ့ထားခြင်းကြောင့် ဖြစ်သည်။ လူသားတို့ ယခုအချိန်ထိ ရှင်သန်ရပ်တည်နေနိုင်ခြင်း၊ လက်ရှိနေ့ရက်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းက ဘုရားသခင်သည် လူသားတို့ကို မတူညီသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ထားသည့်အတွက်ကြောင့်သာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်ဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် နောက်ထပ်မည်သည့်ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကိုမျှ မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူ၌ သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံအသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ ကင်းမဲ့နေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည် ဆိုခြင်းကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှပင် သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ၏အလုပ်မှာ ပြီးဆုံးရန် များစွာလိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ရှေ့မှောက် ရောက်လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းညွှန်ပေးရန် လိုအပ်နေဆဲဖြစ်သည်၊ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်သည် သူ၏အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း ပညတ်တော်ခေတ်တွင် ယေဟောဝါ၏အမှုတော်ပြီးနောက် ဘုရားသခင်သည် သူ့အမှုတော်၏ ဒုတိယအဆင့်ကို စတင်သည် - လူ့ဇာတိကိုခံယူကာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် လူသားအသွင် ခံယူပြီး ယုံကြည်သူများအကြား စကားပြောခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ မည်သူမျှမသိခဲ့ပါ။ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် သံမှိုအရိုက်ခံရကာ ရှင်ပြန်ထမြောက်ပြီး နောက်တွင် လူအနည်းငယ်သာလျှင် သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။… ကားစင်တင်ခံရပြီးနောက် ဘုရားသခင်၏အမှုတော် ဒုတိယအဆင့် ပြီးဆုံးသွားသည်နှင့် လူသားကို အပြစ်မှကယ်ယူသည့် ဘုရားသခင်၏အမှုတော် (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်း) ပြီးမြောက်သွားသည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးမှုခံရပြီးနောက် လူသားသည် ဘုရားသခင်ရှေ့တော်တွင် ကယ်တင်ခြင်းလက်ခံရရှိရန် ခြေတစ်လှမ်း ပိုနီးကပ်လာသည်။ အမှုတော်၏ ဤအဆင့်မှာ ပညတ်တော်ခေတ်မှ ရှေ့တစ်ဆင့်လှမ်းသော ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ပညတ်တော်ခေတ်ထက် ပို၍လေးနက်သည့် အဆင့်တွင် ရှိသည်မှာ မှန်ပေသည်။

…………

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာပါသည်။ ဤခေတ်မှာ အမှုတော်၏ပို၍ လက်တွေ့ကျသောအဆင့်နှင့် လူသားများအနေဖြင့် လက်ခံရန်အခက်ခဲဆုံး အဆင့်ဖြစ်သည်။ ဤသည်မှာ လူသားသည် ဘုရားသခင်နှင့်နီးကပ်လေလေ၊ ဘုရားသခင်၏ တောင်ဝှေးတော်သည် လူသားအနားကို ပိုမို ချဉ်းကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏မျက်နှာတော်မှာ လူသားရှေ့တွင် ပိုမိုရှင်းလင်းစွာ ပေါ်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားတို့သည် ရွေးနုတ်ခံရပြီးနောက် ဘုရားသခင်၏မိသားစုထံ တရားဝင် ပြန်သွားလေသည်။ ဤသည်မှာ ပျော်ရွှင်စရာအချိန်ဟု လူသားကယူဆသော်လည်း မည်သူကမျှ ကြိုတင် မမြင်ခဲ့သော ဘုရားသခင်၏ တိုက်ရိုက်တိုက်ခိုက်မှုကို ၎င်းခံရသည်။ အကယ်စင်စစ် ဤသည်မှာ ဘုရားသခင်၏လူတို့ "ပျော်မွေ့ရန်" ဗတ္တိဇံတစ်ရပ်ဖြစ်သည်။ ဤသို့သော ဆက်ဆံမှုအောက်တွင် လူသားတို့သည် အခြားလမ်းမရှိဘဲ ငါသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်ပြီး ဘုရားသခင်က အကုန်အကျများစွာဖြင့် ပြန်လည်ဝယ်ယူထားသူဖြစ်သည်၊ သို့ဖြစ်လျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း၊ ဘုရားသခင် ငါ့ကို လှောင်ပြောင်ရယ်မောနေသလော၊ ငါ့ကို ထုတ်ဖော်နေသလောဟုသာ ရပ်၍စဉ်းစားရန်ရှိတော့သည်။… နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် သန့်စင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း အခက်အခဲများကို ခံရပြီးနောက် ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ အတိတ်က "ဘုန်းတန်ခိုး"နှင့် "ကြည်နူးဆွတ်ပျံ့ဖွယ်ရာ"တို့ ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း မသိစိတ်ကမူ လူသားတစ်ဦး ဖြစ်ရခြင်း၏ သမ္မာတရားကို နားလည်လာပြီး လူသားတို့ကို ကယ်တင်ရေးအတွက် ဘုရားသခင်၏ နှစ်ပေါင်းများစွာ ပေးအပ်လုပ်ဆောင်မှုကို ကျေးဇူးတင်လာသည်။ တဖြည်းဖြည်းနှင့် လူသားသည် ၎င်းကိုယ်တိုင်၏ ရိုင်းပျကြမ်းတမ်းမှုကို ရွံရှာစက်ဆုပ်လာသည်။ သူမည်မျှရိုင်းစိုင်းသည်ကို စတင်မုန်းတီးလာသည်။ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများအားလုံး၊ ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလာသည်။ အချိန်ကို နောက်ကြောင်းပြန်လှည့်၍မရပါ။ အတိတ်မှ အဖြစ်အပျက်များသည် လူသားအတွက် နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မေတ္တာတို့သည် လူသား၏ဘဝသစ်အတွက် တွန်းအားများဖြစ်လာသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းလာသည်၊ ခွန်အားပြန်ရှိလာပြီး မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာတော်ကို ဖူးမျှော်သည် … ထိုအခါ သူသည် မိမိ၏အနားတွင် အစဉ်ရှိကြောင်းနှင့် သူ၏အပြုံးနှင့် လှပသောမျက်နှာတို့သည် စိတ်နှလုံးကို လှုပ်ရှားစေနိုင်ဆဲဖြစ်ကြောင်းတို့ကိုသာ တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံးသည် သူဖန်ဆင်းခဲ့သော လူသားတို့အတွက် စိုးရိမ်စိတ်ရှိနေဆဲဖြစ်ပြီး လက်များသည် အစအဦးကကဲ့သို့ နွေးထွေးဆဲ၊ တန်ခိုးရှိဆဲဖြစ်သည်။ လူသားသည် ဧဒင်ဥယျာဉ်သို့ ပြန်ရောက်နေသည့်အလားဖြစ်သည်။ သို့သော် ဤအကြိမ်တွင် မြွေ၏ဖြားယောင်းသွေးဆောင်မှုများကို လူသား နားမထောင်တော့ပါ။ ယေဟောဝါ၏ မျက်နှာမှ လှည့်မသွားတော့ပါ။ ဘုရားသခင်ရှေ့မှောက် လူသား ဒူးထောက်ကာ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည် - အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက သူ့အမှုကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ အပြည့်အဝ အချိန်ပေးမြှုပ်နှံနေခဲ့သည်။ ကိုယ်တော်သည် လူသားများထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း လူတို့အပေါ်တွင် အမှုပြုလျက်၊ သူ၏စိတ်သဘောထားကို ဖော်ပြလျက်၊ လူသားမျိုးနွယ်များကို သူ၏အနှစ်သာရနှင့် လမ်းပြပေးလျက် လူသားဘေးတွင် အမြဲရှိနေခဲ့သည်။ ထို့ပြင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏အခွင့်အာဏာတို့အားဖြင့် တစ်ယောက်ချင်းစီအပေါ်တွင် သူ၏အမှုကို ပြုနေခဲ့သည်။ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ်ဟူ၍ ရှိလာရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း သူ၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးတို့အပြင် လူသားများအတွက် သူ၏အလိုတော်ကိုမူ လူသားများမြင်တွေ့ပြီး တွေ့ကြုံနိုင်ရန် မခြွင်းမချန် ဖော်ပြတော်မူ၏။ တစ်နည်းအားဖြင့် လူသားများသည် ဘုရားသခင်ကိုမမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း လူသားမျိုးနွယ်မှ ထိတွေ့ဆက်ဆံနေခဲ့သည့် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဧကန်ပင်ဖြစ်သည်။ ၎င်းသည် သမ္မာတရား မဟုတ်ပေလော။ မည်သို့သောနည်းလမ်း၊ သို့မဟုတ် မည်သို့သောရှုထောင့်ဖြင့် ဘုရားသခင်သည် မိမိအမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်သည် သူပြုသင့်သည့်အရာကိုပြုလျက် သူပြောသင့်သည့်အရာကိုပြောကာ လူသားတို့ကို မိမိ၏စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာဖြင့် အမြဲဆက်ဆံ၏။ ဘုရားသခင်သည် တတိယကောင်းကင်တွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် ဇာတိခန္ဓာထဲတွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် သာမန်လူသားအဖြစ်ပင် ဖြစ်နေနိုင်သည်၊ မည်သည့်အနေအထားမှ ဘုရားသခင်ပြောဆိုသည်ဖြစ်စေ၊ သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မိမိ၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် လူသားတို့ကို အစဉ်အမြဲ ပြောဆို၏။ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်သောအခါ မိမိ၏နှုတ်ကပတ်တော်နှင့် စိတ်သဘောထားကို ဖော်ပြပြီး မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို မည်သည့်အရာမျှ ခြွင်းချန်ထားခြင်းမရှိဘဲ ဖော်ပြ၏။ လူသားမျိုးနွယ်ကို မိမိ၏အသက်၊ မိမိ၏ဖြစ်ခြင်းနှင့် အရာအားလုံးတို့ဖြင့် သူလမ်းပြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၁" မှ

ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် မည်သူကိုမျှ ထုတ်ဖော်ပြောဆိုမှု မပြုသလို၊ စာတန်ကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိဘဲ၊ ဟိတ်ဟန်ထုတ်ပြမှုဟူသည်ကား ပို၍ပင် ကင်း၏။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ ဤမိသားစုတွင် မည်သို့သောနောက်ခံအကြောင်းရှိသည်၊ သင့်မိဘတို့က ဘယ်သူတွေဖြစ်သည်၊ သင့်ဘိုးဘေးများက ဘယ်သူတွေဖြစ်သည် စသဖြင့်—ဤအရာအားလုံးကို ဘုရားသခင်က သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုရသော် ဤအရာတို့သည် ဘုရားသခင်က ရုတ်တရက်စိတ်ကူးရ၍ ဆုံးဖြတ်ခြင်းများမဟုတ်ဘဲ၊ ရှေးကတည်းက စတင်ခဲ့သော အမှုတစ်ခုသာဖြစ်သည်။ ဘုရားသခင်က သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်ပြီးသည်နှင့်၊ သူသည် သင်မွေးဖွားလာမည့် နေ့စွဲကိုလည်း ရွေးချယ်၏။ များမကြာမီတွင် သင်က လောကကြီးထဲသို့ ငိုကြွေးလျက် မွေးဖွားလာသည်ကို ဘုရားသခင်က ကြည့်ရှု၏။ သင်၏မွေးဖွားခြင်းကို ကြည့်ရှု၏၊ သင်က စတင်၍ စကားပြောသည်ကို ကြည့်ရှု၏၊ သင်က လမ်းလျှောက်တတ်ရန်သင်ယူရင်း ပထမဆုံးခြေလှမ်းတို့ဖြင့် ဒယိမ်းဒယိုင်ဖြစ်သည်ကို ကြည့်ရှု၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို ပြင်၏… ယခုသော် သင်သည် ပြေးနိုင်သည်၊ ယခုသော် သင်သည် ခုန်နိုင်သည်။ ယခုသော် သင်သည် စကားပြောနိုင်သည်။ ယခုသော် သင်၏ခံစားချက်တို့ကို သင်သည် ဖော်ပြနိုင်သည်။ လူသားက ကြီးပြင်းလာသည့်အခါ၊ စာတန်၏စူးစိုက်သောအကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ချောင်းမြောင်းသကဲ့သို့ လူတိုင်းအပေါ်တွင် ကျရောက်၏။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အကြောင်းအရာများအပေါ်တွင်ဖြစ်စေ၊ အချိန်နှင့် နေရာတို့အပေါ်တွင်ဖြစ်စေ၊ အားနည်းချက်များဟူသည် လုံးဝမရှိခဲ့ဖူးပေ။ သူ ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုခြင်းဖြစ်သည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် သင်သည် မကြိုက်နှစ်သက်သည့် အရာအများအပြားကို တွေ့ကြုံနိုင်သကဲ့သို့၊ နာမကျန်းဖြစ်ခြင်းနှင့် စိတ်ပျက်ရခြင်းများကိုလည်း တွေ့ကြုံရနိုင်သည်။ သို့သော် ဤလမ်းကို လျှောက်သည့်အတွက်၊ သင်၏အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးလုံးလျားလျား တည်ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသောကြောင့်၊ သူသည် သင်၏အသက်တာတစ်ခုလုံးအတွက် လုံလောက်သော စစ်မှန်သည့်အာမခံချက်ကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်းရ၏။ သင်သည် အကြောင်းအရာအသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ သင် နှစ်သက်ရာပြုလုပ်ရသည်ကိုလည်း နှစ်သက်သည်။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်သည် သင်၏ ကိုယ်ပိုင်ရှင်သန်မှုနေရာအတွင်း၌ နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင်သည် စောင့်ကြည့်သကဲ့သို့၊ သင်၏ရှေ့ဆက်သောခြေလှမ်းတိုင်းကိုလည်း စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အခါမျိုး၊ သိပ္ပံကို လေ့လာနေသည့်အခါမျိုး၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ခါမျှ မခွာခဲ့ဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်း၊ ထိတွေ့လာရခြင်းဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏။ သင်သည် သင်၏ကိုယ်ပိုင် စံသတ်မှတ်ချက်တို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင့်ထံ၌ ကိုယ်ပိုင်ဝါသနာများ၊ သင်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သည် မွေးမြူထားသည်။ သင်သည် သင်၏အနာဂတ်မှာ မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သို့ဖြစ်ပျက်သည် ဖြစ်စေ၊ ဘုရားသခင်သည် အားလုံးကို ကြည်လင်သောမျက်လုံးတို့ဖြင့် မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီဖြစ်သော်လည်း၊ ဘုရားသခင်အတွက်မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ မျက်စိအောက်တွင် ကြီးပြင်း၍ အရွယ်ရောက်ကာ ရှင်သန်နေထိုင်၏။… သင့်အား မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ထားသော်လည်း၊ သူ လုပ်ဆောင်ထားသော အရာရာတိုင်း၏ အသေးစိတ်တို့ကိုမူ သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားအတွက်မူ၊ ဘုရားသခင် ပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်အတွက်မူ သူလုပ်ရမည့်အရာသာဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခုသည် ရှိနေလျက်၊ ယင်းသည် ဤအရာများအားလုံးထက် သာ၍ ကြီးမား၏။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်အောင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရ၏။ ဤစကားတို့ကို ကြားပြီးသော်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်ပြီး၊ "ဤဘေးကင်းရေးသည် အလွန်အရေးကြီးသလော" ဟူ၍ ပြောကြပေမည်။ ဤသို့ဆိုလျှင် "ဘေးကင်းရေး" ၏ တိုက်ရိုက်အဓိပ္ပါယ်သည် အဘယ်နည်း။ ယင်းသည် ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့က နားလည်ကောင်းနားလည်နိုင်သကဲ့သို့၊ ယင်းသည် သာမန်အသက်တာကို ရှင်သန်နေထိုင်ရန်၊ ကောင်းစွာနေထိုင်ရန်အလို့ငှာ၊ မည်သည့် ဘေးဒုက္ခကပ်ဘေးတို့ကိုမျှ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟုလည်း သင်တို့က နားလည်ကောင်းနားလည်လိမ့်မည်။ သို့ရာတွင် ယင်းအရာသည် ထိုမျှလောက် မရိုးရှင်းသည်ကို သင်တို့၏နှလုံးသားများထဲ၌ သိရမည်။ ဤသို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟူသော ငါ ပြောဆိုနေသည့်အကြောင်းအရာသည် မည်သို့နည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အတွက် မည်သို့အဓိပ္ပါယ်ရှိသနည်း။ သင်တို့၏ ဘေးကင်းရေးအတွက် အမှန်တကယ် အာမခံချက်ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင် ပြုသည်ဆိုသည်မှာ အဘယ်အရာနည်း။ ဤဘေးကင်းရေးဟူသည် သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို မခံရခြင်းဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို မခံရပေ၊ သို့ဆိုလျှင် ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ ယင်းထက် ပို၍အရေးကြီးသည်မှာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့်အခါ၊ သင်၏ စိတ်ဝိညာဉ်သည်လည်းကောင်း၊ သင်၏ ခန္ဓာသည်လည်းကောင်း ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည်မဟုတ်ချေ။ ဘုရားသခင်သည် ထိုသို့သော စိတ်ဝိညာဉ်တို့ကို စွန့်ပစ်သကဲ့သို့၊ ထိုသို့သောလူတို့ကိုလည်း စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာသည် သင်၏ဘေးကင်းရေးကို အာမခံချက်ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟူသော အာမခံချက်ပေးရန် ဖြစ်သည်ဟု ငါ ပြောမည်။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါ၏လော။ ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်သဘောပင် ဖြစ်၏။

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက်ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟူသော အာမခံချက်ပေးခြင်းတို့အပြင်၊ ပို၍များပြားစွာ လုပ်ဆောင်သေး၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ခြင်းအတွက်၊ ၎င်းတို့ကို ကယ်တင်ခြင်းအတွက် ပြင်ဆင်ရာတွင် များပြားသောအမှုတို့ကိုလည်း သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့် သင်သည် မည်သို့စရိုက်လက္ခဏာရှိသည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာသည်၊ သင်၏မိဘတို့ကား မည်သူတို့ဖြစ်သည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိသည်၊နှင့် စီးပွားရေးအဆင့်အတန်း အခြေအနေ မည်သို့ရှိမည်၊ သင်မွေးဖွားသည့် မိသားစု၏ အခြေအနေအရပ်ရပ်သည် မည်သို့ရှိသည် စသဖြင့်—ဤအရာများအားလုံးကို ဘုရားသခင်သည် သင့်အတွက်စေ့စပ်သေချာစွာ စီစဉ်ပေး၏။… အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် မည်သည့် ကြီးကျယ်လှသောအရာကိုမျှ လုပ်ဆောင်မထားသလိုပင် ထင်ရ၏။ သူသည် အရာအားလုံးကို လျှို့ဝှက်စွာ၊ နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ဆောင်ရွက်ခြင်းသာဖြစ်သည်။ သို့သော် အမှန်တကယ်တမ်း၌ ဘုရားသခင် ပြုသောအရာအားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်လာမည့်လမ်းအတွက် ပြင်ဆင်ပေးရန်၊ သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းသာဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် သီးခြားသတ်မှတ်ထားသောအချိန် ရောက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်သည် ၎င်းတို့အား သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်၏—သင့်အနေဖြင့် ဘုရားသခင်၏အသံကို ကြားရသော အချိန်သည်၊ သူ၏ရှေ့မှောက်သို့ သင် ရောက်ရှိရမည့်အချိန်ပင်ဖြစ်သည်။ ဤသို့ဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘနေရာ ရောက်နေပြီဖြစ်သော်လည်း၊ တခြားလူတို့ကမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်နေပေမည်။ တစ်နည်းဆိုရသော် အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရနေကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်းသာဆက်ရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်မိသားစုများကို စတင် ထူထောင်ခြင်း မပြုကြသေးပေ။ သို့သော် လူတို့၏အခြေအနေတို့ အမျိုးမျိုးရှိလင့်ကစား၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည်၊ ကိုယ်တော်၏ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်စေရန်အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား ရောက်ရှိလာမည့် ဆက်စပ်အခြေအနေတစ်ခုပေါ်တွင်လည်းကောင်း၊ လူတစ်ဦးတစ်ယောက်ပေါ်တွင်လည်းကောင်း အခြေခံကာ ရွေးချယ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထား၏။ သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ဘုရားသခင်ရှေ့မှောက် ရောက်ရှိပြီး၊ ဘုရားသခင်၏ မိသားစုထံ ပြန်၍ရောက်ရှိစေရန်အလို့ငှာ၊ ဘုရားသခင်သည် သင့်အတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။ သင်သည်လည်း သင့်အတွက် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုတော်လမ်းကြောင်းထဲသို့ ဝင်ရောက်လာကာ၊ အမှုမဲ့အမှတ်မဲ့ဖြင့်ပင် ဘုရားသခင်၏နောက်ကို လိုက်၍၊ သူ၏ တစ်ဆင့်ချင်းလုပ်ဆောင်သော အမှုတော်ထဲသို့ ဝင်ရောက်လေသည်။… သင်သည် ကိုယ်တော်အား မည်သို့သော အကြောင်းရင်းကြောင့် ယုံကြည်လာသည်ဖြစ်စေ၊ အမှန်တကယ်၌ ၎င်းတို့အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်းဖြစ်သည်။ ဦးဆုံးအနေဖြင့် ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုအတွင်းသို့ ယူဆောင်ရန်အတွက်၊ အမျိုးမျိုးသောနည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က ချပေးသနားသည့် ကျေးဇူးတော်ဖြစ်၏။

ယခုအချိန်၌ နောက်ဆုံးသောကာလ အမှုတော်နှင့်အတူ၊ ဘုရားသခင်သည် အစအဦးတွင် လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးသနားခြင်း မပြုတော့သကဲ့သို့၊ လူတို့အား ရှေ့ဆက်၍ စည်းရုံးခြင်းလည်း မပြုတော့ပေ။ အမှုတော်၏ ဤအဆင့်အတောအတွင်းတွင် လူသားသည် ၎င်းတို့ကြုံတွေ့လိုက်ရသော ဘုရားသခင်အမှုတော်၏ သွင်ပြင်လက္ခဏာများအားလုံးမှ မည်သည်တို့ကို မြင်ခဲ့ကြပြီနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ခဲ့ကြပြီဖြစ်သည်။ လူသားအနေဖြင့်ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်းသိလာစေရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကိုလည်း တဖြည်းဖြည်းသိလာစေရန်အလို့ငှာ၊ ဘုရားသခင်သည် ဤအချိန်၌ လူသားကို ထပ်မံ၍ ထောက်ပံ့၏၊ ပံ့ပိုး၏၊ အလင်းပြကာ လမ်းညွှန်ပေး၏။ လူသားသည် အားနည်းသောအခါမျိုး၊ စိတ်ဓါတ်ကျသောအခါမျိုး၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါမျိုးတို့၌၊ ဘုရားသခင်သည် ၎င်းတို့အား နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန်အလို့ငှာ သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုလိမ့်မည်။ သေးငယ်သော ဝိညာဉ်အသက်တာရှိသည့် လူသားအနေဖြင့် ၎င်းတို့၏ခွန်အားကို တဖြည်းဖြည်း ရှာတွေ့နိုင်စေရန်၊ အပြုသဘောဆောင်ကာ နိုးထလာပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်လာချင်စေရန် ဖြစ်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကို မနာခံသည့်အခါတွင်လည်းကောင်း၊ သူ့ကို ဆန့်ကျင်သည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အား ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့၌ မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် ဖြည်းညင်းစွာ ရင့်ကျက်လာ၏၊ ကြီးပြင်းလာ၏၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ အပြုသဘောဆောင်သောအရာတို့နှင့် အပျက်သဘောဆောင်သော အရာတို့ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းဟူသည်ကိုလည်း သိလာ၏။ ဘုရားသခင်သည် လူသားကို ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းအား အမြဲတမ်း မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတို့ကိုလည်း အမြဲတမ်း မပြချေ။ ယင်းအစား လူတို့၏ မတူညီသောအဆင့်များတွင်လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများနှင့်အညီသော်လည်းကောင်း၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် များစွာလုပ်ဆောင်ပေးခြင်းဖြစ်ကာ၊ တန်ဖိုးလည်း ကြီးမားလှ၏။ လူသားသည် ဤတန်ဖိုးကိုလည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သော ဤအရာများကိုလည်းကောင်း လုံးလုံး မသိမြင်သော်လည်း၊ လက်တွေ့၌မူ သူ လုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဖော်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် စစ်မှန်၏- လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဘေးအန္တရာယ် တစ်ခုပြီးတစ်ခုကို ရှောင်ရှားနေစဉ်အတွင်း၌၊ ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် လူတို့အား လူသားမျိုးနွယ်၏ ပျက်စီးခြင်းနှင့် ၎င်းတို့၏ ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်းသိလာစေသည်။ လူသားအပေါ် ဘုရားသခင် ထောက်ပံ့ပေးသော သူ၏ အလင်းပြမှုနှင့် သူ၏လမ်းပြမှုအားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏အနှစ်သာရကို ပို၍ပို၍ သိလာစေ၏၊ ထို့ပြင် လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည်အတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည်ဆိုသည်တို့ကိုလည်း တဖြည်းဖြည်း သိလာစေ၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်သည် အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဖော်ဆောင်ရန်၊ မည်သည့်အတွက်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ သူသည် မည်သည့်ရလဒ်ကို ရရှိချင်သနည်း။ တစ်နည်းဆိုရသော် သူသည် လူသားထံတွင် မည်သည်ကို မြင်ချင်၍၊ ၎င်းတို့ထံမှ မည်သည်ကို ရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏နှလုံးသား ပြန်လည် အားပြည့်နိုင်ခြင်းပင် ဖြစ်သည်။ လူသားအပေါ် အမှုတော်ပြုရန် အသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် မည်သည်က လာခဲ့သည်၊ ၎င်းတို့ကို မည်သူက လမ်းပြနေသည်၊ ထောက်ပံ့နေသည်၊ ပံ့ပိုးနေသည်ဆိုသည်တို့အပြင်၊ လူသားကို မည်သူက ယခုထိတိုင်အောင် ရှင်သန်ခွင့်ပြုထားသနည်းဆိုသည်ကိုလည်း သိစေခြင်းဖြစ်သည်။ မည်သူက ဖန်ဆင်းရှင်ဖြစ်သည်၊ မည်သူကို ၎င်းတို့ ကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းကို လျှောက်သင့်သည်နှင့် လူသားသည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် ရောက်ရှိသင့်သည်ဆိုသည်တို့ကို ယင်းနည်းလမ်းတို့ဖြင့် လူသားအား သိစေခြင်းဖြစ်သည်။ လူသားအား ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန်၊ လူသားကို ကယ်တင်မည့်အမှုတော်၏ နောက်ကွယ်မှ ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေရန်အတွက် ယင်းနည်းလမ်းတို့ကို အသုံးပြုခြင်းဖြစ်၏၊ လူသား၏နှလုံးသားသည် ပြန်လည်အားပြည့်လာသည့်အခါ၊ ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထားအတိပြီးသည့် အသက်တာကို နေထိုင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်၏ စိတ်ကျေနပ်စေခြင်းငှာ၊ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိလာကြသည်။ လူသား၏နှလုံးသားသည် နိုးထလာသည့်အခါ၊ ၎င်းတို့သည် စာတန်နှင့် ပြတ်သားစွာ လမ်းခွဲခြင်းကို ပြုလုပ်နိုင်လာပြီး၊ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏စိတ်နှလုံးကို အပြုသဘော ကျေနပ်စေသည့် နည်းလမ်းမျိုးဖြင့်၊ လူသားသည် ဘုရားသခင်၏အမှုနှင့် သူ၏နှုတ်ကပတ်တော်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ၊ ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းတို့ကို ရရှိလာလေသည်။ ဤသည်မှာ ဘုရားသခင် အမှုတော်၏ မူလရည်ရွယ်ချက်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၆" မှ

နှစ်ထောင်ပေါင်းအချို့ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို နှစ်သက်ခံစားဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို ရှူသွင်းဆဲပင်ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို နှစ်သက်ခံစားဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို နှစ်သက်ခံစားဆဲဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ်နေရာယူနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေရာသီနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် လေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့၏ မာန်မာနက အမဲလိုက်ခြင်းအားဖြင့် တည်ရှိသည်။ သမင်ကြီးများသည် မြက်နှင့်ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။ အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတမှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ကျွေးမွေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇစိတ်များကို မည်သူမျှမပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပျက်စီးပြီး လှည့်စားခြင်းခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင် ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်းမရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ့မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင်ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်များသည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်ကဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထို့အစား အသိပညာ၊ တွေးတောကြံဆခြင်း၊ ခံယူချက် စသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်၏စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် ကိုင်တွယ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်ကြေးတို့နှင့် ဖုံးလွှမ်းနေသော်လည်း လူသား၏ လည်ပတ်မှုအားလုံးနှင့် ဗီဇစိတ်တို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင် ကယ်တင်ရန် ရည်မှန်းထားသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံကိုကြားရန်သာရှိပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား ပြုလုပ်လိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို ကြည့်ရန်သာရှိပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် မိမိ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ နှလုံးသားကလာသည့် စကားများကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းကို နောက်တစ်ကြိမ် ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁" မှ

ယခင်က:ဘုရားသခင်ကို သိခြင်းအတိအကျမှာ အဘယ်နည်း။ သမ္မာကျမ်းစာအသိပညာနှင့် ဓမ္မပညာ သဘောတရားကို နားလည်ခြင်းကို ဘုရားသခင်အားသိခြင်းအဖြစ် ယူဆနိုင်ပါသလော။

နောက်တစ်ခုသို့:ဘုရားသခင်သည် စကြဝဋ္ဌာ တစ်ခုလုံးကို မည်သို့အုပ်စိုးပြီး စီမံခန့်ခွဲသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ