အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ

ရှေ့ဦးစွာ ဓမ္မတေး တစ်ပုဒ်ကို သီဆိုကြပါစို့—နိုင်ငံတော် ဓမ္မတေး (၁) နိုင်ငံတော် လောကပေါ်၌ ဆင်းသက်ခြင်းကျူး။

အတွဲအဖက် - ဘုရားသခင်ကို လူတို့ ကြွေးကြော်စေ၊ ဘုရားသခင်ကို လူတို့ ချီးမွမ်းစေ၊ တစ်ဆူတည်းသော ဘုရားစစ်ဘုရားမှန်ကို နှုတ်ရှိသမျှ မြွက်ဆိုစေ။ နိုင်ငံတော်သည် လောကပေါ်၌ ဆင်းသက်လေပြီ။

၁။ ဘုရားသခင်ကို လူတို့ ကြွေးကြော်စေ၊ ဘုရားသခင်ကို လူတို့ ချီးမွမ်းစေ၊ တစ်ဆူတည်းသော ဘုရားစစ်ဘုရားမှန်ကို နှုတ်ရှိသမျှ မြွက်ဆိုစေ၊ ဘုရားသခင် ပြုသောအမှုတို့ကို လူအပေါင်း မိမိတို့ မျက်လုံးဖြင့် ရှုမြင်စေ။ နိုင်ငံတော်သည် လောကပေါ်၌ ဆင်းသက်လေပြီ၊ ဘုရားလူသည် ကြွယ်ဝ၊ ပြည့်လျှံလျက်ရှိပါ၏၊၊ ကြွယ်ဝပြီး လျှံလျက်ရှိပါ၏။ ဤအတွက် အဘယ်သူသည် မချီးမွမ်းဘဲနေမည်နည်း။ (ဤအတွက် အဘယ်သူသည် မချီးမွမ်းဘဲနေမည်နည်း။) ဤအတွက် အဘယ်သူသည် ဝမ်းမြောက်ခြင်းဖြင့် မကခုန်ဘဲနေမည်နည်း။ (ဤအတွက် အဘယ်သူသည် ဝမ်းမြောက်ခြင်းဖြင့် မကခုန်ဘဲနေမည်နည်း။) အို၊ ဇိအုန်။ (အို၊ ဇိအုန်။) အို၊ ဇိအုန်။ (အို၊ ဇိအုန်။) ဘုရားသခင်ကို ချီးမွမ်းဖို့ရာ သင့် အောင်လံကို လွှင့်လော့။ အောင်မြင်ခြင်းတေး သီကျူးကာ ဘုရား၏ သန့်ရှင်းသော နာမတော်ကို ပျံ့နှံ့စေ။

၂။ မြေကြီးပေါ်၌ ရှိရှိသမျှတို့။ ဘုရားသခင်အဖို့အလို့ငှာ ပူဇော်သောယဇ်အဖြစ်၌ သင်တို့ကိုယ်ကို ယခု စင်ကြယ်စေကြလော့၊ ဘုရားသခင်အဖို့အလို့ငှာ ပူဇော်သောယဇ်ဖြစ်စေ။ ကောင်းကင်မှ ကြယ်စင်တို့။ နေရာတကျ ယခု ပြန်ကာ ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ထင်ရှားစေ။ အဆုံးမဲ့ ချစ်ခြင်း နှင့် မြတ်နိုးခြင်းကို ဘုရားသခင်အတွက် ရည်စူးကာ သီချင်းထဲ၌ သွန်းလောင်းသီဆိုသော မြေကြီးသားတို့၏ အသံတို့ကို ဘုရားသခင် နားညောင်းပြီ။ ဤနေ့ရက်တွင် အရာရာ သစ်လွင်သည်နှင့်အညီ၊ မြေကြီးပေါ် လျှောက်လှမ်းဖို့ ဘုရားသခင် ကြွလာပြီ၊ မြေကြီးပေါ် လျှောက်လမ်းဖို့ ကြွလာပြီ။ ထိုစဉ် ပန်းများ ပွင့်လန်းပြီ၊ ကျေးငှက်များ သီကျူးပြီ၊ အရာရာ ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ပြည့်နှက်လေပြီ။ ကျေးငှက်များ သီကျူးပြီ၊ အရာရာ ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ပြည့်နှက်လေပြီ။ နိုင်ငံတော် ဂုဏ်ပြုသံကို လွှင့်ချိန်၊ နိုင်ငံတော် ဓမ္မတေး သံပြိုင်အပိုဒ် ပဲ့တင်သံထပ်ထဲ၌ စာတန်နိုင်ငံ ပြိုကျပျက်စီးစေ။ နောက်တဖန် မတည်စေရာ။

၃။ မြေကြီးပေါ်ရှိ အဘယ်သူသည် ရပ်၍ ခုခံဝံ့သနည်း။ မြေကြီးပေါ် ဘုရားသခင် ဆင်းကြွသည်နှင့်အညီ လောင်ကျွမ်းခြင်း၊ အမျက်ဒေါသ၊ ကပ်ပေါင်းစုံ၊ ဒုက္ခပေါင်းစုံကို ဆောင်လာမလေ။ လောကီနိုင်ငံများ ယခု၊ ယခုတွင် ဘုရားသခင်၏ နိုင်ငံတော် ဖြစ်လေပြီ။ ကောင်းကင်ယံ၌ တိမ်တိုက်များ တလိပ်လိပ် လူးလှိမ့်စေ၊ ကောင်းကင်အောက်၌ (ကောင်းကင်အောက်၌)၊ ကောင်းကင်အောက်၌ (ကောင်းကင်အောက်၌)၊ ရေကန်များနှင့် မြစ်ချောင်းများ တေးသွားဖြင့် တစ်ဟုန်ထိုး ရိုက်ခတ်လှုပ်ရှားစေ။ ဘုရားသခင်အားဖြင့် တိရစ္ဆာန်များ နားနေရာ တွင်းထဲမှ ပေါ်ထွက်ကာ ငိုက်မြည်းသူအပေါင်းတို့ နိုးကြပေ။လူအပေါင်း မျှော်လင့်သော နေ့ရက် အဆုံး၌ ရောက်လာပြီ၊ အဆုံး၌ ရောက်လာပြီ။ ဘုရားထံ၊ ဘုရားထံ၊ ဘုရားထံ ဤသူတို့ နှစ်သက်ဖွယ် အကောင်းဆုံး သီချင်းများ၊ နှစ်သက်ဖွယ် အကောင်းဆုံး သီချင်းများ ဆက်ကပ်ကြမလေ။

ဤ သီချင်းကို သင်တို့ သီဆိုသည့် အကြိမ်တိုင်း မည်သို့ ဆင်ခြင်မိသနည်း။ (အလွန် စိတ်လှုပ်ရှားကာ ပီတိဖြာမည် ဖြစ်သည်၊ နိုင်ငံတော်၏ လှပခြင်းသည် မည်မျှ ဂုဏ်သရေရှိကြောင်း၊ လူသားမျိုးနွယ်အကြောင်း နှင့် ဘုရားသခင်သည် ထာဝစဉ် အတူပါဝင်မည့်အကြောင်း ဆင်ခြင်လော့။) ဘုရားသခင် နှင့်အတူ ရှိနေရန် လူအနေဖြင့် ဆောင်ရမည့် အသွင်သဏ္ဌာန်အကြောင်းကို ဆင်ခြင်ဖူးသောသူ တစ်စုံတစ်ဦး ရှိသလော။ ဘုရားသခင် နှင့်အတူ တွဲကာ နိုင်ငံတော်ထဲတွင် လိုက်ပါလာသော ဘုန်းအသရေနှင့်ပြည့်ဝသည့် အသက်တာကို မွေ့လျော်ရန်အတွက် သင်တို့၏ စိတ်ကူးများထဲ၌ လူပုဂ္ဂိုလ်တစ်ဦးသည် မည်ကဲ့သို့ ဖြစ်ရမည်နည်း။ (၎င်းတို့၌ ပြောင်းလဲပြီးသော စိတ်သဘောထား ရှိသင့်သည်။) ၎င်းတို့၌ ပြောင်းလဲပြီးသော စိတ်သဘောထား ရှိသင့်သော်လည်း မည်သည့် အတိုင်းအတာအထိ ပြောင်းလဲရမည်နည်း။ စိတ်သဘောထား ပြောင်းလဲပြီးနောက် ၎င်းတို့သည် မည်ကဲ့သို့ ဖြစ်ကြမည်နည်း။ (၎င်းတို့သည် သန့်ရှင်းလာကြမည် ဖြစ်သည်။) သန့်ရှင်းခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (၎င်းတို့၏ အတွေးအခေါ်များ နှင့် အရေးထားမှုများသည် ခရစ်တော် နှင့် သဟဇာတ ဖြစ်ကြသည်။) ယင်းသို့ သဟဇာတ ဖြစ်ခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ (၎င်းတို့သည် ဘုရားသခင်ကို ခုခံခြင်း၊ သစ္စာဖောက်ခြင်း မရှိဘဲ ဘုရားသခင်ထံ အကြွင်းမဲ့ နာခံခြင်းကို ဆက်ကပ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်။) သင်တို့၏ အဖြေ အချို့သည် လမ်းကြောင်းမှန်ပေါ်၌ ရှိသည်။ သင်တို့ အားလုံး သင်တို့၏ စိတ်နှလုံးများကို ဖွင့်ကာ သင်တို့အား သင်တို့၏ စိတ်နှလုံးက ပြောနေသော အရာတို့ကို ဝေဌကြလော့။ (ဘုရားသခင် နှင့်အတူ နိုင်ငံတော်ထဲ၌ အသက်ရှင်သော လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်ကြသည်၊ သမ္မာတရားကို လေ့လာလိုက်စား၍ တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုသော ဖြစ်ရပ် သို့မဟုတ် အရာတစ်ခု၏ ချုပ်ထိန်းမှုကို မခံဘဲ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်နိုင်ကြသည်။ ထို့အပြင် အမှောင် လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်နှင့် ထပ်တူချိန်ညှိနိုင်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန် ဖြစ်နိုင်ခြေ ရှိလာပေမည်။) (အမှုအရာများကို မြင်သော ကျွန်ုပ်တို့၏ ရှုထောင့်ကို ဘုရားသခင်နှင့် ထပ်တူချိန်ညှိနိုင်ပြီး အမှောင် လွှမ်းမိုးမှုအောက်မှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်မည် ဖြစ်သည်။ အနိမ့်ဆုံး စံနှုန်းမှာ စာတန်၏ အသုံးချခြင်းကို မခံရန်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စုံတစ်ရာကို စွန့်ပစ်ရန်၊ ဘုရားသခင်အား နာခံခြင်းကို ရရှိရန် ဖြစ်သည်။ အမှောင် လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ခြင်းမှာ အဓိက အချက် ဖြစ်သည်ဟု ငါတို့ ယုံကြည်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အမှောင် လွှမ်းမိုးမှုအောက်မှ မလွတ်မြောက်နိုင်ပါက၊ စာတန်၏ ချည်နှောင်မှုများမှ မလွတ်မြောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရကြသေးချေ။) (ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ ရောက်ခြင်းအတွက် စံနှုန်းမှာ လူသည် ဘုရားသခင်နှင့်အတူစိတ်နှလုံး နှင့် အတွေး တစ်ထပ်တည်းကျခြင်း ဖြစ်သည်။ လူသည် ဘုရားသခင်ကို နောက်ထပ် ခုခံခြင်း မပြုတော့ပေ၊ သူသည် သူ့ကိုယ်သူ သိနိုင်သည်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း ရနိုင်သည်၊ ဘုရားသခင်ကို ချစ်နိုင်ပြီး ဘုရားသခင်နှင့် ထပ်တူချိန်ညှိနိုင်သည်။ တစ်စုံတစ်ဦး လုပ်ဆောင်ရန် လိုအပ်သော အရာများမှာ ဤမျှသာ ဖြစ်သည်။)

လူတို့၏ စိတ်နှလုံးများထဲက အဆုံးသတ်၏ အလေးချိန်

သင်တို့ လျှောက်လှမ်းသင့်သော လမ်းနှင့်ပတ်သက်၍ သင်တို့၏ စိတ်နှလုံးများထဲ၌ တစ်စုံတစ်ရာ ရှိနေပြီး ထိုလမ်းကို သိသော အသိ နှင့် ကောင်းစွာ နားလည်သဘောပေါက်မှု ဖြစ်ပေါ်လာသည်ဟု ထင်ရသည်။ သို့သော်လည်း သင်တို့ ပြောခဲ့သမျှမှာ အဆုံးတွင် အနှစ်သာရမဲ့သော စကားလုံးများ ဟုတ်၊ မဟုတ် ၊ အမှန်တကယ် စစ်မှန်မှု ဟုတ်၊ မဟုတ်မှာ သင်တို့၏ နေ့စဉ် လက်တွေ့လုပ်ဆောင်မှုထဲ၌ သင်တို့ အာရုံစိုက်သည့် အရာအပေါ် မူတည်သည်။ လွန်ခဲ့သော နှစ်များအတွင်း သြဝါဒများ နှင့် သမ္မာတရား၌ ပါဝင်သော အကြောင်းအရာ နှစ်မျိုးအားဖြင့် သမ္မာတရား၏ ရှုထောင့် အားလုံးမှ အကျိုးကို သင်တို့ ရိတ်သိမ်းခဲ့ပြီး ဖြစ်သည်။ ဤအရာက ယနေ့ခေတ် လူများသည် သမ္မာတရားအတွက် ကြိုးပမ်းမှုအပေါ် အလေးထားကြောင်း သက်သေပြလျက်ရှိသည်။ ထို့အပြင် ရလဒ်တစ်ခုအနေဖြင့် သမ္မာတရား၏ ရှုထောင့် အားလုံး နှင့် အချက် အားလုံးသည် လူအချို့၏ စိတ်နှလုံးများထဲ၌ ဧကန်မုချ အမြစ်ချပြီး ဖြစ်သည်။ သို့သော်လည်း ငါ အကြောက်ဆုံးမှာ မည်သည့်အရာ ဖြစ်သနည်း။ သမ္မာတရား၏ အကြောင်းအရာများ နှင့် ဤ အယူအဆများသည် ၎င်းတို့၏ အမြစ်များကို ချခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ် ပါဝင်သော အကြောင်းအရာမှာ သင်တို့၏ စိတ်နှလုံးများထဲ၌ များစွာ အလေးချိန် စီးပိုးခြင်း မရှိပေ။ အရေးကိစ္စ များကို သင်တို့ ကြုံသည့်အခါ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ရွေးချယ်စရာများကို ရင်ဆိုင်ရသည့်အခါ သင်တို့သည် ဤ သမ္မာတရားများ၏ စစ်မှန်မှုကို မည်မျှ ကောင်းစွာ လက်တွေ့ အသုံးချနိုင်မည်နည်း။ ထို သမ္မာတရားများသည် သင်တို့၏ အခက်အခဲများကို ဖြတ်ကျော်ရန် နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီးနောက် သင်တို့၏ စမ်းသပ်မှုများမှ လွတ်စေရန် ကူညီမည်လော။ သင်တို့သည် သင်တို့၏ စမ်းသပ်မှုများထဲ၌ မြဲမြံစွာ ရပ်တည်ပြီး ဘုရားသခင်အတွက် ရှင်းလင်းပြတ်သားစွာ သက်သေခံမည်လော။ ဤ အကြောင်းအရာများကို ယခင်က သင်တို့ စိတ်ဝင်စားခဲ့ဖူးသလော။ သင်တို့ကို ငါ မေးပါရစေ၊ သင်တို့၏ စိတ်နှလုံးများထဲ၌၊ သင်တို့၏ နေ့စဉ် အတွေးများ နှင့် ဆင်ခြင်သုံးသပ်မှုများအားလုံးထဲ၌ သင်တို့အတွက် အရေးကြီးဆုံး အရာမှာ မည်သည့် အရာ ဖြစ်သနည်း။ သုံးသပ်ချက်တစ်ခု သင်တို့ ရှိဖူးကြသလော။ အရေးကြီးဆုံး အရာမှာ မည်သည့် အရာ ဖြစ်သည်ဟု သင်တို့ ယုံကြည်သနည်း။ လူအချို့က "သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်" ဟု လည်းကောင်း၊ လူအချို့က "ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ခြင်း ဖြစ်သည်" ဟု လည်းကောင်း၊ လူအချို့က "ကျွန်ုပ်ကိုယ်ကို ဘုရားသခင် ရှေ့၌ ထားကာ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်း ဖြစ်သည်" ဟု လည်းကောင်း ဆိုကြသည်၊ ထို့အပြင် "ကျွန်ုပ်၏ တာဝန်ကို နေ့စဉ် ကောင်းမွန်စွာ ထမ်းရွက်ခြင်း ဖြစ်သည်" ဟု ဆိုသော သူများ ရှိသည်၊ ဘုရားသခင်ကို မည်ကဲ့သို့ ကျေနပ်စေမည့်အကြောင်း၊ အရာခပ်သိမ်း၌ သူ့အား မည်ကဲ့သို့ နာခံမည့်အကြောင်း နှင့် သူ၏ အလို နှင့်ကိုက်ညီအောင် မည်ကဲ့သို့ လုပ်ဆောင်မည့်အကြောင်းကိုသာ အစဉ် တွေးနေသည်ဟူ၍ပင် ဆိုသောသူ အချို့ ရှိသည်။ ဤသည်မှာ ယင်းကဲ့သို့ ဖြစ်သည် ဟုတ်သလော။ ဤသည်မှာ ရှိရှိသမျှ ဖြစ်သည် ဟုတ်သလော။ ဥပမာအားဖြင့်၊ "ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလို ရှိသော်လည်း တစ်စုံတစ်ခု ဖြစ်သောအခါ သူ့ကို ကျွန်ုပ် မနာခံနိုင်ပါ" ဟု ဆိုသော သူ အချို့ ရှိသည်။ လူအချို့က "ဘုရားသခင် ကျေနပ်စေရန်သာ ကျွန်ုပ် အလို ရှိသည်၊ အကယ်၍ သူ့ကို တစ်ကြိမ်တစ်ခါမျှသာ ကျွန်ုပ် ကျေနပ်စေနိုင်ခဲ့လျှင် ကောင်းလိမ့်မည်၊ သို့သော် ကျွန်ုပ် သူ့ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ" ဟု ဆိုကြသည်။ ထို့အပြင် လူအချို့က "ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလို ရှိသည်။ စမ်းသပ်မှု ခံရသော အချိန်များတွင် ညည်းညူခြင်း သို့မဟုတ် တောင်းဆိုခြင်း တစ်စုံတစ်ရာ မပြုဘဲ သူ၏ အချုပ်အခြာအာဏာ နှင့် အစီအစဉ်များကို နာခံကာ သူ၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန်သာ ကျွန်ုပ် အလို ရှိသည်၊ သို့သော်လည်း အချိန်တိုင်းလိုလို နာခံရန် ကျွန်ုပ် ပျက်ကွက်သည်" ဟု ဆိုကြသည်။ အခြားသော လူအချို့က "ဆုံးဖြတ်ချက်များကို ကျွန်ုပ် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကျွန်ုပ် မည်သည့်အခါမျှ မရွေးချယ်နိုင်ပါ။ ကျွန်ုပ်သည် ဇာတိပကတိကို အမြဲ ဖြည့်ဆည်းလိုသည်၊ ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်သော ကိုယ်ပိုင် လိုအင်ဆန္ဒများကို အမြဲ ဖြည့်ဆည်းလိုသည်" ဟု ဆိုကြသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ စမ်းသပ်မှု မရောက်လာမီ၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ အကြိမ်ကြိမ် စိန်ခေါ်ပြီး သင်တို့ကိုယ်သင်တို့ အကြိမ်ကြိမ် စမ်းသပ်ကာ စစ်ဆေးနှင့်ပြီလော။ သင်တို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်ခြင်း၊ ကျေနပ်စေနိုင်ခြင်း နှင့် ဘုရားသခင်ကို သစ္စာမဖောက်မည်မှာ သေချာခြင်း ရှိမရှိ ကြည့်လော။ သင်တို့ကိုယ်သင်တို့ ကျေနပ်စေနိုင်ခြင်း၊ သင်တို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်ခြင်း မရှိဘဲ သင်တို့၏ ကိုယ်ပိုင် ရွေးချယ်မှုများ ကင်းမဲ့ပြီး ဘုရားသခင်ကိုသာ ကျေနပ်စေနိုင်ခြင်း ရှိမရှိ ကြည့်လော့။ မည်သူမဆို ထိုကဲ့သို့ ဖြစ်သလော။ အကယ်စင်စစ် သင်တို့၏ မျက်လုံးများ ရှေ့၌ ထားပြီးသော အမှန်တရား တစ်ရပ်သာ ရှိသည်။ ၎င်းမှာ သင်တို့ အယောက်တိုင်း အလွန် စိတ်ဝင်စားသော အရာ၊ သင်တို့ သိရန် အလွန် အလိုရှိသော အရာ ဖြစ်ပြီး ယင်းသည် အယောက်တိုင်း၏ ရလဒ် နှင့် ခရီးပန်းတိုင် နှင့်သက်ဆိုင်သော အကြောင်းအရာ ဖြစ်သည်။ ၎င်းကို သင်တို့ သဘောပေါက်ကောင်း သဘောမပေါက်နိုင်သော်လည်း ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာ တစ်စုံတစ်ခု ဖြစ်သည်။ လူ၏ ရလဒ် နှင့်သက်ဆိုင်သည့် သမ္မာတရား၊ လူအား ဘုရားသခင် ပေးသော ကတိများ နှင့် လူကို ဘုရားသခင်သည် မည်ကဲ့သို့ ခရီးပန်းတိုင် အမျိုးအစားထဲသို့ ခေါ်ဆောင်လာရန် ရည်ရွယ်သည် နှင့်ပတ်သက်လာပါက လူအချို့သည် ဤ အကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်ပေါင်းများစွာ လေ့လာနှင့်ပြီး ဖြစ်ကြောင်း ငါ သိသည်။ ထိုသို့ဆိုသော် ၎င်းကို ထပ်တလဲလဲ ရှာဖွေလျက်နေပြီး ၎င်းတို့၏ ဦးနှောက်ထဲ၌ အချိန်ယူကာ စဉ်းစားနေသော သူများ ရှိကြသည်၊ ထို့အပြင် ၎င်းတို့သည် ရလဒ်ကို မရကြသေးပေ သို့မဟုတ် အတန်သင့် မရေရာသော ကောက်ချက်ချခြင်း ပြုကောင်းပြုနိုင်သည်။ အဆုံးတွင် မည်သည့် အဆုံးသတ်မျိုးသည် ၎င်းတို့အား စောင့်နေကြောင်း မသေချာကြသေးပေ။ သမ္မာတရားနှင့် ဆက်ဆံခြင်းကို လက်ခံသည့်အခါ၊ အသင်းတော် အသက်တာကို လက်ခံသည့်အခါ၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ လူ အများစုသည် ဆက်လက်ဖော်ပြပါ မေးခွန်းများအတွက် ခိုင်မာသော အဖြေ တစ်ခုကို အမြဲတစေ သိလိုကြသည်၊ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်နည်း။ ကျွန်ုပ်သည် လမ်းကြောင်း အဆုံးတိုင် လျှောက်နိုင်မည်လော။ လူအပေါ် ဘုရားသခင်၏ သဘာထားမှာ အဘယ်နည်း။ ကျွန်ုပ်သည် အတိတ်က အမှုအရာ အချို့ကို လုပ်ခဲ့ဖူးသည်၊ အချို့သော အကြောင်းရာများကို ပြောခဲ့မိသည်၊ ဘုရားသခင်ကို ကျွန်ုပ် နာခံခဲ့ခြင်း မရှိ၊ ဘုရားသခင်အပေါ် သစ္စာမဲ့သော အမှုအရာ အချို့ကို ကျွန်ုပ် လုပ်ခဲ့မိသည်၊ ဘုရားသခင်ကို မကျေနပ်စေသော၊ ဘုရားသခင်၏ စိတ်နှလုံးကို နာကျင်စေသော ကိစ္စ အချို့ကို ကျွန်ုပ် လုပ်ခဲ့မိသည်၊ ကျွန်ုပ်အပေါ် ဘုရားသခင် စိတ်ပျက်အောင် လုပ်ခဲ့မိသည်၊ ကျွန်ုပ်အပေါ် ဘုရားသခင် မုန်းတီးပြီး စက်ဆုပ်ရွံရှာအောင် လုပ်ခဲ့မိသည်၊ ထို့ကြောင့် ကျွန်ုပ်၏ အဆုံးသတ်မှာ မထင်မရှား ဖြစ်ကောင်းဖြစ်နိုင်သည်ဟူ၍ပင် လူအချို့က စိုးရိမ်တတ်ကြသည်။ လူ အများစုသည် ၎င်းတို့၏ အဆုံးသတ် နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်ဟု ဆိုရန်မှာ တရားမျှတပါသည်။ "ကျွန်ုပ်သည် အသက်ရှင်ကျန်ရစ်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု တစ်ရာ ရာခိုင်နှုန်း သေချာကြောင်း ခံစားရသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်မည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့ထိသောသူ တစ်ဦး ဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင် ချီးကျူးသောသူ တစ်ဦး ဖြစ်သည်ဟူ၍ တစ်ရာ ရာခိုင်နှုန်း သေချာသည်" ဟု ပြောဝံ့သောသူ တစ်ဦးမျှ မရှိပေ။ ဘုရားသခင်၏ နည်းလမ်းကို လိုက်နာရန် အထူးသဖြင့် ခက်ခဲပြီး သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းမှာ အရာခပ်သိမ်းထဲတွင် အခက်ခဲဆုံး ဖြစ်သည်ဟု လူအချို့က ထင်ကြသည်။ အကျိုးဆက်အနေဖြင့် ဤ လူများက ၎င်းတို့သည် ကူညီ၍ မရနိုင်လောက်အောင် ဖြစ်သည်ဟု ထင်ကြပြီး ကောင်းသော အဆုံးသတ် တစ်ခု နှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ချက်များကို မြင့်မြင့် မထားဝံ့ကြပေ။ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မဖြည့်ဆည်းနိုင်ဘဲ အသက်ရှင်ကျန်ရစ်သူ တစ်ဦး ဖြစ်နိုင်မည် မဟုတ်ဟူ၍ ယုံကြည်ကြပြီး ဤအကြောင်းကြောင့် ၎င်းတို့ထံ၌ အဆုံးသတ် တစ်ခု မရှိကြောင်း နှင့် ကောင်းသော ခရီးပန်းတိုင် တစ်ခုကို မရနိုင်ကြောင်း ဆိုကြလိမ့်မည်။ လူတို့သည် မည်သို့ပင် အတိအကျ စဉ်းစားစေကာမူ အယောက်တိုင်းသည် ၎င်းတို့၏ အဆုံးသတ် အကြောင်းကို အကြိမ်များစွာ တွေးကြသည်။ ၎င်းတို့၏ အနာဂတ် နှင့်ပတ်သက်သည့် မေးခွန်းများ၊ ဘုရားသခင်သည် သူ၏ အမှုကို အပြီးသတ်သည့်အခါ ၎င်းတို့သည် မည်သည်တို့ကို ရမည့် အကြောင်း နှင့်ပတ်သက်သည့် မေးခွန်းများအပေါ် ၎င်းတို့သည် တွက်ချက်ခြင်း၊ စီစဉ်ခြင်းကို အမြဲ ပြုလျက်ရှိသည်။ လူအချို့သည် အဖိုးအခ နှစ်ဆကို ပေးကြသည်၊ လူအချို့သည် ၎င်းတို့၏ မိသားစုများ နှင့် အလုပ်များကို စွန့်ကြသည်၊ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးကို လက်လွှတ်ကြသည်၊ လူအချို့သည် ဘုရားသခင်အတွက် အသုံးခံရန် နုတ်ထွက်ကြသည်၊ လူအချို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်ရန် ၎င်းတို့၏ အိမ်များကို စွန့်ခွာကြသည်၊ လူအချို့သည် ခက်ခဲခြင်းကို ရွေးချယ်ကြပြီး အခါးသီးဆုံး နှင့် အပင်ပန်းဆုံး အလုပ်ကို စတင် လုပ်ဆောင်ကြသည်၊ လူတို့သည် ကြွယ်ဝချမ်းသာခြင်း၊ ၎င်းတို့၌ ရှိသမျှကို လှူဒါန်းရန် ရွေးချယ်ကြသည်၊ လူအချို့သည် သမ္မာတရားကို လေ့လာလိုက်စားရန်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်းအား လေ့လာလိုက်စားရန် ရွေးချယ်ကြဆဲဖြစ်သည်။ သင်တို့ မည်သို့ပင် လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါစေ သင်တို့ လုပ်ဆောင်သည့် ပုံစံမှာ အလွန် အရေးကြီးသလော။ (အရေးမကြီးပါ။) ထိုသို့ဆိုသော် ၎င်းမှာ အရေးမကြီးကြောင်းကို ငါတို့ မည်ကဲ့သို့ ရှင်းပြမည်နည်း။ အကယ်၍ လုပ်ဆောင်သည့် ပုံစံမှာ အရေးမကြီးပါက အရေးကြီးသည့် အရာမှာ အဘယ်နည်း။ (အပြင်ပန်း ကောင်းမွန်သော အပြုအမူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုပေ။) (အယောက်တိုင်း တွေးသော အရာမှာ အရေးမကြီးပေ။ ဤ နေရာတွင် အဓိကကျသည်မှာ ငါတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိ မရှိ နှင့်ဘုရားသခင်ကို ချစ် မချစ် ဖြစ်သည်။) (အန္တီခရစ်များ နှင့် ခေါင်းဆောင် အတုအယောင်များ ကျဆင်းခြင်းက အပြင်ပန်း အပြုအမူမှာ အရေးအကြီးဆုံးအရာ မဟုတ်ကြောင်းကို ငါတို့ နားလည်စေရန် ကူညီပေးသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မြောက်မြားစွာကို စွန့်လွှတ်ခဲ့ပြီးသယောင် ထင်ရပြီး အဖိုးအခကို ပေးရန် အလိုရှိသယောင် ထင်ရသည်၊ သို့သော်လည်း ခွဲခြမ်းလေ့လာသည့်အခါ ၎င်းတို့ထံ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် မရှိကြောင်း၊ ၎င်းတို့သည် အရာမှန်သမျှတွင် ဘုရားသခင်ကို ဆန့်ကျင်ကြောင်းကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် အကျပ်အတည်းဆိုက်နေသော အချိန်များတွင် စာတန် နှင့်အတူ အမြဲ ရပ်ကာ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ကြသည်။ ထို့ကြောင့် ဤနေရာမှ အဓိက ဆင်ခြင်သုံးသပ်ရမည့် အချက်များမှာ ငါတို့၏ သဘောထားများ နှင့် ငါတို့သည် အချိန် ရောက်သည့်အခါ မည်သည့် ဘက်၌ ရပ်မည်ဟူသော အချက် ဖြစ်သည်။) သင်တို့ အားလုံးသည် ကောင်းစွာ ပြောဆိုကြပြီး သင်တို့၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့် လူထံမှ ဘုရားသခင် တောင်းဆိုသည့် အရာများအတွက် စံနှုန်း တစ်ခု နှင့် အခြေခံ အသိ တစ်ခု ရှိနှင့်ပြီး ဖြစ်သည်ဟု ထင်ရသည်။ ဤကဲ့သို့ သင်တို့ ပြောဆိုနိုင်ခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ ဟိုနေရာ သည်နေရာ၌ မဆီလျော်သော စကားလုံး အနည်းငယ် ရှိသော်လည်း သင်တို့၏ ထွက်ဆိုချက်များမှာ သမ္မာတရားနှင့် ထိုက်တန်သော ရှင်းပြချက် တစ်ခုနှင့် နီးစပ်လုပြီ ဖြစ်သည်။ သင်တို့သည် သင်တို့ ပတ်ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များ နှင့် အရာများ၊ ဘုရားသခင် စီစဉ်ပေးသော သင်တို့၏ ပတ်ဝန်းကျင် အားလုံး နှင့် သင်တို့ မြင်နိုင်သမျှ နှင့်ပတ်သက်၍ စစ်မှန်သော သင်တို့၏ အသိများကို တိုးတက်စေခဲ့ပြီး ဖြစ်ကြောင်း ဤအရာက သက်သေပြခြင်း ဖြစ်သည်။ ဤအသိများမှာ သမ္မာတရားနှင့် နီးစပ်လုပြီ ဖြစ်သည်။ သင်တို့ ပြောခဲ့သော အရာမှာ အကြွင်းမဲ့ ပြည့်စုံခြင်း မရှိဘဲ စကားလုံး အနည်းငယ်မှာ အလွန် ဆီလျော်မှု မရှိသော်လည်း သင်တို့၏ အသိများမှာ သမ္မာတရား၏ စစ်မှန်မှု နှင့် နီးစပ်နှင့်ပြီး ဖြစ်သည်။ သင်တို့ ဤ ပုံစံအတိုင်း ပြောခြင်းကို ကြားရသည်မှာ ငါ့ကို အားရကျေနပ်စေသည်။

လူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားနှင့် အစားထိုးနိုင်ခြင်း မရှိ

အခက်အခဲများကို သည်းခံနိုင်သောသူ၊ အဖိုးအခကို ပေးနိုင်သောသူ၊ အပြင်ပန်း အမူအရာမှာ အလွန် ကောင်းသောသူ၊ ကောင်းစွာ လေးစားခြင်းကို ခံရသောသူ နှင့် အခြားသူများ၏ အားကျခြင်းကို ခံရသောသူ အချို့ ရှိသည်။ သင်တို့ အဘယ်သို့ ထင်သနည်း၊ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆနိုင်သလော။ ဤသူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနေသည်ဟု သင်တို့ ဆိုနိုင်သလော။ လူတို့သည် အဘယ်ကြောင့် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို ကြိမ်ဖန်များစွာ မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည် ဟူ၍လည်းကောင်း၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည် ဟူ၍လည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်း၌ လျှောက်လှမ်းကြသည် ဟူ၍လည်းကောင်း အဘယ်ကြောင့် ထင်ကြသနည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့် ရှင်းပြချက် ဖြစ်သနည်း။ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ သမ္မာတရား၏ စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော ဤမေးခွန်းများမှာ အလွန် ရှင်းလင်းခြင်း မရှိပေ။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးရာ ရှိသယောင်၊ ခံ့ညားသယောင်၊ မြင့်မြတ်သော ပုံစံများ ရှိသောသူများ၏ လှည့်စားခြင်းကို မကြာခဏ ခံရသော လူအချို့ ရှိသည်။ အဟောအပြော နှင့် လုပ်ရပ်များမှာ အားကျထိုက်သည်ဟု ထင်ရပြီး စာလုံးများ နှင့် သြဝါဒများကို ပြောနိုင်သော သူများအတွက်မူကား၊ ၎င်းတို့ကို အားကျသောသူများသည် ၎င်းတို့၏ လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြည့်ခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် ထိုလူများမှာ ဘုရားသခင်ကို စစ်မှန်စွာ နာခံခြင်းရှိ မရှိ၊ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦးဟုတ် မဟုတ်ကို မည်သည့်အခါမျှ မကြည့်ခဲ့ဖူးပေ။ ၎င်းတို့သည် ဤ လူများ၏ လူ့သဘာဝ အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ သတိပြုမည့်အစား သိကျွမ်းလာသည့် ပထမ ခြေလှမ်းမှ စတင်ကာ တဖြည်းဖြည်းချင်း ၎င်းတို့သည် ဤလူများကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး အဆုံးတွင် ဤလူများသည် ၎င်းတို့၏ ရုပ်တုများ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ ဦးနှောက်ထဲတွင် ၎င်းတို့ ကိုးကွယ်ပြီး ယုံကြည်သော ရုပ်တုများမှာ ၎င်းတို့၏ မိသားစုများ နှင့် အလုပ်များကို စွန့်လွှတ်နိုင်ပြီး အပေါ်ယံတွင် အဖိုးအခ ပေးနိုင်ကြသည်၊ ဤ ရုပ်တုများသည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများ၊ ကောင်းသော အဆုံးသတ် နှင့် ကောင်းသော ခရီးပန်းတိုင်ကို အမှန်တကယ် လက်ခံရရှိနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ ဦးနှောက်ထဲတွင် ဤရုပ်တုများမှာ ဘုရားသခင် ချီးမွမ်းသော လူများ ဖြစ်ကြသည်။ မည်သည့် အရာသည် လူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။ ဤ အကြောင်းအရာ၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်း ဦးတည်နိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရအကြောင်းကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ အလေ့အထများ၊ လူတို့ လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သော နိယာမများ နှင့် အယောက်တိုင်း ပုံမှန်အားဖြင့် အလေးထားသော အရာများ နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များ အားလုံးမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ နှင့် အခြေခံအားဖြင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် မလေးနက်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ စာများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ လူတို့သည် ၎င်းတို့ အလွန် လိုက်နာစောင့်ထိန်းသင့်သော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အလွန် သိသင့်သိထိုက်သော အရာမှာ မည်သည့် အရာ ဖြစ်ကြောင်းကို မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ နိယာမများကို ရှာဖွေရန် နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန် နှင့် လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန် နှင့် ကောင်းသော အလေ့အထ နှင့် ကောင်းသော အပြုအမူ ဖြစ်စေရန် ၎င်းတို့ နားလည်သော၊ ၎င်းတို့ သိသော အရာတို့ကို ပေါင်းရုံးရန် ပို၍ နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လေ့လာလိုက်စားရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင် ဖြစ်လာပြီး လက်တွေ့လုပ်ဆောင်ရန် သမ္မာတရား ဖြစ်လာသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသော အပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းသည် ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာသည် လူတို့အား သမ္မာတရားနှင့် ယှဉ်ပြိုင်ရန် နှင့် ဘုရားသခင်နှင့် အကျိုးသင့်အကြောင်းသင့် ပြောပြီး ငြင်းခုံရန် အကြောင်း ဖြစ်စေသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေး၌ ဖယ်ထားပြီး ၎င်းတို့၏ စိတ်နှလုံးထဲမှ ရုပ်တုကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ ဤ ပညာမဲ့သော လုပ်ရပ်များ၊ ပညာမဲ့သော ရှုထောင့်အမြင် သို့မဟုတ် တစ်ဖက်သတ်ဆန်သော ရှုထောင့်အမြင်များ နှင့် အလေ့အထများကို ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုတည်း ရှိပြီး ထို အကြောင်းကို သင်တို့အား ငါ ယနေ့ ပြောမည်။ အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း အကယ်စင်စစ် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြပေ။ ဤသည်မှာ ပြဿနာ၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ ဘုရားသခင် နှစ်သက်သော အရာများ၊ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာများ၊ ဘုရားသခင် အလိုရှိသော အရာ၊ ဘုရားသခင် ငြင်းပယ်သော အရာ၊ မည်ကဲ့သို့ လူ အမျိုးအစားကို သူ ချစ်ကြောင်း၊ မည်ကဲ့သို့ လူ အမျိုးအစားကို သူ မနှစ်သက်ကြောင်း၊ လူအပေါ် သူ၏ တောင်းဆိုချက်များတွင် မည်သည့် စံနှုန်း အမျိုးအစားကို ဘုရားသခင် အသုံးပြုကြောင်း၊ လူကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် မည်သည့် နည်းလမ်း အမျိုးအစားကို သူ ကျင့်သုံးကြောင်း သိနားလည်ပါက ထိုလူထံ၌ ၎င်း၏ ကိုယ်ပိုင် အတွေးအခေါ်များ ရှိနိုင်ဦးမည်လော။ ၎င်းတို့ သွား၍ အခြားသူ တစ်ဦးကိုသာ ကိုးကွယ်နိုငသလော။ သာမန် လူ တစ်ဦးသည် ၎င်းတို့၏ ရုပ်တု ဖြစ်လာနိုင်သလော။ အကယ်၍ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ အလိုကို နားလည်ပါက ၎င်းတို့၏ အမြင်သည် ယင်းထက် အနည်းငယ် ပို၍ စဉ်းစားချင့်ချိန်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူ တစ်ဦးကို ထင်ရာမြင်ရာ ရုပ်တုအဖြစ် ကိုးကွယ်မည် မဟုတ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ၎င်းတို့သည် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းနှင့် သဘောသွားညီမျှသည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

လူ၏ အဆုံးသတ်ကို ဘုရားသခင်သတ်မှတ်ရာတွင် အသုံးပြုသည့် စံနှုန်းများနှင့် သက်ဆိုင်သော ထင်မြင်ချက်များစွာ ရှိပေသည်

ဤ ခေါင်းစဉ်ကို ပြန်ကြည့်ပြီး အဆုံးသတ် နှင့်သက်ဆိုင်သည့် အရေးကိစ္စကို ဆက်၍ ဆွေးနွေးကြပါစို့။

လူ အယောက်တိုင်းသည် ၎င်းတို့၏ အဆုံးသတ်အပေါ် စိုးရိမ်ကြသောကြောင့် ဘုရားသခင်သည် ယင်း အဆုံးသတ်ကို မည်ကဲ့သို့ အဆုံးအဖြတ်ပေးသည်ကို သင်တို့ သိသလော။ ဘုရားသခင်သည် လူ တစ်ဦး၏ အဆုံးသတ် တစ်ခုကို မည်သည့် ပုံစံဖြင့် သတ်မှတ်သနည်း။ ထို့အပြင် လူ တစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် မည်သည့် စံနှုန်း အမျိုးအစားကို သူ အသုံးပြုသနည်း။ ထို့အပြင် လူ၏ အဆုံးသတ်ကို မသတ်မှတ်ရသေးသည့် အချိန်တွင် ဘုရားသခင်သည် ဤ အဆုံးသတ်ကို ထုတ်ဖော်ရန်အတွက် မည်သည့် အရာကို ပြုသနည်း။ ဤအကြောင်းကို တစ်စုံတစ်ဦး သိသလော။ ငါ ပြောခဲ့သည်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အချိန်ကြာမြင့်စွာ သုတေသနပြုနှင့်ပြီးသော သူ အချို့ ရှိသည်။ ဤ လူများသည် လူသားမျိုးနွယ်၏ အဆုံးသတ် အကြောင်း၊ ဤ အဆုံးသတ်ကို ခွဲခြမ်းသော အတန်းအစားများ အကြောင်း နှင့် မတူညီသော လူ အမျိုးအစားကို စောင့်လျက်နေသော အဆုံးသတ် အမျိုးမျိုး အကြောင်း သဲလွန်စများကို ရှာဖွေကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်ကြောင်း၊ ဘုရားသခင် အသုံးပြုသော စံနှုန်း အမျိုးအစား နှင့် လူ၏ အဆုံးသတ်ကို သူ သတ်မှတ်သည့် ပုံစံတို့ကိုလည်း သိလိုကြသည်။ သို့သော်လည်း အဆုံးတွင် ဤ လူများသည် မည်သည့် အရာကိုမျှ တွေ့နိုင်မည် မဟုတ်ပေ။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ထို အကြောင်းအရာ နှင့်ပတ်သက်၍ အဖိုးထိုက်သော အနည်းငယ် ဖော်ပြချက် ရှိသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူ၏ အဆုံးသတ်ကို မထုတ်ဖော်သေးသရွေ့ အဆုံးတွင် အဘယ်သို့ ဖြစ်မည့် အကြောင်းကို ဘုရားသခင်သည် မည်သူ့ကိုမျှ မပြောလိုသည့်အပြင် သူသည် မည်သူ့ကိုမျှ ၎င်းတို့၏ ခရီးပန်းတိုင် အကြောင်း ကြိုတင်၍ အသိပေးလိုခြင်း မရှိပေ။ အကြောင်းမှာ ထိုသို့ ဘုရားသခင် ပြုခြင်းအားဖြင့် လူအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။ ယခုအခါ လူ၏ အဆုံးသတ်ကို ဘုရားသခင် သတ်မှတ်သော ပုံစံ၊ လူ၏ အဆုံးသတ်ကို သတ်မှတ်ရန် နှင့် အဆုံးသတ်ကို ထင်ရှားစေရန်အတွက် သူ၏ အမှုထဲ၌ သူ အသုံးပြုသော နိယာမများ အကြောင်းကို သာမက တစ်စုံတစ်ဦးသည် အသက်ရှင်ကျန်ရစ်နိုင်ခြင်း ရှိမရှိ သတ်မှတ်ရန်အတွက် သူ သုံးသော စံနှုန်းအကြောင်းကိုသာ ငါ သင်တို့အား ပြောလိုသည်။ ဤသည်မှာ သင်တို့ အလွန် စိုးရိမ်သော အရာ ဖြစ်သည် မဟုတ်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် လူ၏ အဆုံးသတ်ကို သတ်မှတ်သော နည်းလမ်းအပေါ် လူတို့ မည်ကဲ့သို့ တွေးကြသနည်း။ ဤ အကြောင်းအရာ နှင့်ပတ်သက်၍ ယခုလေးတင် သင်တို့ အနည်းငယ် ပြောခဲ့ကြပြီး ဖြစ်သည်။ သင်တို့ထဲမှ အချို့က ၎င်းသည် ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အတွက် အသုံးခံခြင်း နှင့်ဆိုင်သည့် မေးခွန်း တစ်ခု ဖြစ်သည်ဟု ဆိုကြသည်၊ လူအချို့က ဘုရားသခင်ကို နာခံခြင်း နှင့် ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်ဟု ပြောကြသည်၊ လူအချို့က ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံစားရခြင်း အကြောင်း ဖြစ်သည်ဟု ဆိုကြပြီး လူအချို့က ရိုးရိုးကုပ်ကုပ် အသက်တာကို ဦးတည်ခြင်း အကြောင်း ဖြစ်သည်ဟု ဆိုကြသည် … ဤ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ သင့် စိတ်ကူး၏ နိယာမများကို လက်တွေ့လုပ်ဆောင်သည့်အခါ ဘုရားသခင်သည် မည်သို့ သဘောရကြောင်းကို သင်တို့ သိသလော။ ဤကဲ့သို့ ဆက်သွားခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ သင်တို့ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းသည် ဘုရားသခင်၏ စံနှုန်းကို ဖြည့်တင်းပေးခြင်း ရှိသလော၊ မရှိသလော။ ၎င်းသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်း ရှိသလော၊ မရှိသလော။ လူ အများစုသည် ဤ အကြောင်းကို အမှန်တကယ် အချိန်ယူစဉ်းစားကြမည် မဟုတ်ဟု ငါ ယုံကြည်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစိတ်အပိုင်း တစ်ခု၊ သို့မဟုတ် တရားဟောချက်များ၏ အစိတ်အပိုင်း တစ်ခု၊ သို့မဟုတ် ၎င်းတို့ ကြည်ညိုသည့် ထိုထိုသော ဝိညာဉ်ရေးရာ လူတို့၏ စံနှုန်များကို စက်ရုပ်ကဲ့သို့သာ ကျင့်သုံးပြီး ၎င်းတို့ကိုယ်ကို ဟိုသည် လုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဤသည်မှာ မှန်သော နည်းလမ်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အဆုံး၌ မည်သို့ ဖြစ်စေကာမူ ၎င်းကို ဆက်၍ လိုက်နာစောင့်ထိန်းကြသည်၊ လုပ်ဆောင်ကြသည်။ လူအချို့က "ကျွန်ုပ်သည် နှစ်ပေါင်း အတော်ကြာ ယုံကြည်ခဲ့ပြီးပြီ၊ ဤ နည်းလမ်းကို ကျွန်ုပ် အမြဲ လက်တွေ့လုပ်ဆောင်လျက်နေခဲ့သည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသည်ဟု ခံစားရသည်၊ ၎င်းထဲမှ မြောက်မြားစွာကို ရခဲ့ပြီဟုလည်း ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤ ကာလအတွင်း ကျွန်ုပ်သည် မြောက်မြားစွာသော သမ္မာတရား နှင့် ယခင်က ကျွန်ုပ် နားမလည်ခဲ့သော အမှုအရာ များစွာကို နားလည်လာခဲ့ခြင်းကြောင့် ဖြစ်သည်၊ အထူးသဖြင့် ကျွန်ုပ်၏ အတွေးအခေါ် နှင့် အမြင် များစွာ ပြောင်းလဲခဲ့သည်၊ ကျွန်ုပ် အသက်တာ တန်ဖိုးများ အများအပြား ပြောင်းလဲခဲ့ပြီး ဤ လောကကြီး အကြောင်းကို အတော်အတန် ကောင်းစွာ သိသော အသိ ကျွန်ုပ်၌ ရှိသည်" ဟု ထင်တတ်ကြသည်။ ယင်းကဲ့သို့သော လူများက ဤသည်မှာ ရိတ်သိမ်းမှု တစ်ခု ဖြစ်ပြီး လူအတွက် ဘုရားသခင့် အမှု၏ နောက်ဆုံး ရလဒ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့၏ ထင်မြင်ချက်ထဲတွင် ဤစံနှုန်းများ နှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးကို ခြုံငုံ၍ ဆိုပါက သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနေသလော။ လူအချို့က "အလွန် ဟုတ်သည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ညီအစ်ကို ဟောပြောပြီး မိတ်ဿဟာယဖွဲ့ခဲ့သည့် အရာ နှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အမြဲ ထမ်းရွက်နေကြသည်၊ ဘုရားသခင်ကို အမြဲ လိုက်နာကြပြီး ဘုရားသခင်ကို မည်သည့်အခါမှ စွန့်ခွာခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေကြောင်း ယုံကြည်မှုအပြည့်အဝဖြင့် ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်မျှပင် နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှပင် နားလည်ပါစေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်စေရန် ကြိုးစားရှာဖွေနေသော လမ်းကြောင်းပေါ်၌ အမြဲ ရှိနေခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့သည် မှန်ကန်စွာ ပြုမူပါက၊ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ပါက ရလဒ် မှန်ကန်လိမ့်မည်" ဟု အကြွင်းမဲ့ သေချာမှုဖြင့် ဆိုကြမည် ဖြစ်သည်။ ဤရှုထောင့် နှင့်ပတ်သက်၍ သင်တို့ မည်ကဲ့သို့ ထင်သနည်း။ ၎င်းမှာ မှန်ကန်သလော။ "ဤအရာများ အကြောင်းကို ယခင်က ကျွန်ုပ် တစ်ခါမျှ မတွေးမိခဲ့ပါ။ အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ဆက်လက် လုပ်ဆောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် သတ်မှတ်ချက်များ နှင့်အညီ ဆက်၍ ပြုမူပါက ကျွန်ုပ်သည် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဟုသာ ကျွန်ုပ် ထင်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေခြင်း ရှိမရှိ ဟူသော မေးခွန်းကို ကျွန်ုပ် တစ်ခါမှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိပေ၊ ထို့အပြင် ကျွန်ုပ်သည် သူ သတ်မှတ်ထားသော စံနှုန်းနှင့် ပြည့်မီခြင်း ရှိမရှိကို ကျွန်ုပ် တစ်ခါမျှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်အား တစ်ခါမှ ပြောခဲ့ခြင်း မရှိသည့်အပြင် ကျွန်ုပ်အား ရှင်းလင်းသော လမ်းညွှန်ချက် တစ်စုံတစ်ရာကို မပေးခသည့်အတွက် ကျွန်ုပ်သည် ဆက်လျှောက်နေသ၍ ဘုရားသခင်သည် ကျေနပ်ပြီး ကျွန်ုပ်ကို နောက်ထပ် တောင်းဆိုခြင်းများ မပြုသင့် ဟု ကျွန်ုပ် ယုံကြည်သည်" ဟု ဆိုသော သူအချို့ ရှိကောင်းရှိနိုင်သည်။ ဤ ယုံကြည်မှုများမှာ မှန်သလော။ ငါ၏ ခံယူချက်မှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ တွေးခေါ်ခြင်း နှင့် ဤ ရှုထောင့်အမြင်များအားလုံးတွင် စိတ်ကူးယဉ်မှုများ နှင့် ကျိုးကြောင်းမမြင်မှု အနည်းငယ် ပါဝင်သည်။ ဤအရာကို ငါ ပြောသည့်အခါ၊ "ကျိုးကြောင်းမမြင်မှု ဟုတ်စ၊ အကယ်၍ ၎င်းမှာ 'ကျိုးကြောင်းမမြင်မှု' တစ်ခု ဆိုပါက ကျွန်ုပ်တို့၏ ကယ်တင်ခြင်း မျှော်လင့်ချက်၊ အသက်ရှင်ကျန်ရစ်ခြင်းအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ အလွန်ပင် နည်းပြီး မသေမချာ ဖြစ်သည် မဟုတ်လော။ ကိုယ်တော် ၎င်းကို ထိုကဲ့သို့ သုံးနှုန်းခြင်းမှာ ကျွန်ုပ်တို့ကို စိတ်ပျက်စေခြင်းနှင့် ဆင်တူသည် မဟုတ်လော" ဟူ၍ အနည်းငယ် စိတ်ပျက်အားလျော့သော သူ အချို့ သင်တို့ထဲမှ ရှိကောင်းရှိနိုင်သည်။ သင်တို့ မည်သည့် အရာကို ယုံကြည်ပါစေ၊ ငါ ပြောသော အရာများ နှင့် ပြုသော အရာများသည် သင်တို့ကို စိတ်ပျက်စေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့၏ သိနားလည်မှု တိုးတက်စေပြီး ဘုရားသခင် စဉ်းစားသော အရာ၊ ဖြစ်မြောက်စေလိုသော အရာ၊ ဘုရားသခင် သဘောကျသော လူ အမျိုးအစား၊ ဘုရားသခင် စက်ဆုပ်ရွံရှာသော၊ ရွံမုန်းသော အရာ၊ ဘုရားသခင် ရယူလိုသော လူ အမျိုးအစား နှင့် ဘုရားသခင် ပစ်ပယ်သော လူ အမျိုးအစား နှင့်ပတ်သက်သည့် သင်တို့၏ နားလည်သဘောပေါက်မှု တိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းမှာ သင်တို့၏ ဦးနှောက်ကို ကြည်လင်မှုပေးရန်၊ သင်တို့ တစ်ချင်းစီ နှင့် အယောက်တိုင်း၏ လုပ်ဆောင်မှုများ နှင့် အတွေးများသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမှ လမ်းလွဲနေခဲ့ပြီ ဖြစ်ကြောင်း သင်တို့အား ရှင်းလင်းစွာ သိစေဖို့ရန်အတွက် ကူညီပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤ အကြောင်းအရာများကို ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သလော။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး အလွန် များစွာသော တရားဟောချက်တို့ကို နားထောင်ခဲ့ပြီး ဖြစ်ကြောင်း ငါ သိသည်၊ သို့သော်လည်း ဤသည်တို့မှာ အချို့တဲ့ဆုံးသော အရာများပင် အတိအကျ ဖြစ်သည်။ သမ္မာတရား အားလုံးကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် သင်တို့ ရေးမှတ်ခဲ့ကြသည်၊ သင်တို့ ဦးနှောက် နှင့် သင်တို့၏ စိတ်နှလုံးထဲ၌ အရေးကြီသည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ ယုံကြည်သည်တို့ကိုလည်း ရေးမှတ်ခဲ့ကြသည်။ ထို့အပြင် သင်တို့ လက်တွေ့လုပ်ဆောင်သည့်အခါ ဘုရားသခင် ကျေနပ်စေရန် ရေးမှတ်ထားသော သမ္မာတရားကို အသုံးပြုရန်၊ သင်တို့ လိုအပ်သည့်အခါ အသုံးပြုရန် သင်တို့ ရည်ရွယ်ကြသည်၊ သို့မဟုတ် သင်တို့၏ မျက်စိရှေ့၌ ရှိသည့် ခက်ခဲသော အချိန်များကို ကျော်ဖြတ်ရာတွင် ၎င်းကို သင်တို့ အသုံးပြုရန်၊ သို့မဟုတ် ဤ သမ္မာများကို သင်တို့၏ ဘဝထဲ၌ အသက်ရှင်စဉ် သင်တို့ နှင့်အတူ ပါရှိစေရန်သာ ဖြစ်သည်။ သို့သော်လည်း ငါ၏ ခံယူချက်မှာ အကယ်၍ သင်တို့သည် လက်တွေ့လုပ်ဆောင်ခြင်းကိုသာ ပြုပါက သင်တို့ မည်သို့ တိတိကျကျ လက်တွေ့လုပ်ဆောင်ခြင်းမှာ အရေးမကြီးပေ။ ထိုသို့ဆိုသော် အလွန်အရေးကြီးသည့် အရာမှာ အဘယ်နည်း။ အရေးကြီးဆုံးမှာ သင် လက်တွေ့လုပ်ဆောင်စဉ်၊ သင် လုပ်နေသမျှ၊ လုပ်ဆောင်မှု အားလုံးသည် ဘုရားသခင် အလို ရှိသော အရာ ဟုတ် မဟုတ်၊ သင် ပြုသမျှ၊ တွေးသမျှ နှင့် သင်၏ စိတ်နှလုံးထဲမှ ရလဒ် နှင့် ရည်မှန်းချက်ပန်းတိုင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေခြင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်း ရှိ မရှိ၊ ထို့အပြင် ၎င်းတို့အား ဘုရားသခင် လက်ခံမခံ ဆိုသည်တို့ကို သင်၏ စိတ်နှလုံးက ကျိန်းသေ သိခြင်း ဖြစ်သည်။ ဤသည်တို့မှာ အရေးကြီးသော အရာများ ဖြစ်သည်။

ဘုရားသခင်၏ လမ်းထဲ၌ လျှောက်လော့၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့

သင်မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤ ဆိုရိုးစကားမှာ အလွန် အရေးကြီးသည်ဟု ငါ ယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏ အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါ မျက်နှာချင်းဆိုင်သည့် အကြိမ်တိုင်း၊ တစ်စုံတစ်ဦး၏ ဘဝဇာတ်ကြောင်းကို ငါ ကြားရသည့် အကြိမ်တိုင်း၊ တစ်စုံတစ်ဦး၏ အတွေ့အကြုံများ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ၎င်းတို့၏ သက်သေခံချက်ကို ငါ ကြားရသည့် အကြိမ်တိုင်း ဤ လူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူ အမျိုးအစား၊ ဘုရားသခင် သဘောကျသော လူ အမျိုးအစား ဟုတ် မဟုတ် ဤ ဆိုရိုးစကားကို ငါ အမြဲ အသုံးပြုကာ ချိန်ဆခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤ ဆိုရိုးစကားမှာ အဘယ်နည်း။ ယခု သင်တို့ အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ နှစ်ပေါင်းများစွာ နှုတ်ဖြင့်သာ အစေခံကြသော သူများ ရှိခြင်းကြောင့် ဆိုရိုးစကားကို ငါ ဖော်ထုတ်သည့်အခါ သင်တို့သည် စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ နှုတ်ဖြင့်သာ အစေခံခဲ့ဖူးခြင်း မရှိပေ။ ဤ ဆိုရိုးစကားသည် ငါ၏ စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤ ဆိုရိုးစကားမှာ အဘယ်နည်း။ ၎င်းမှာ "ဘုရားသခင်၏ လမ်းထဲ၌ လျှောက်လော့၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့" ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤဆိုရိုးစကားသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းကို စစ်မှန်စွာ နက်နက်နဲနဲ နားလည်သော သူ တစ်စုံတစ်ဦးသည် ၎င်းမှာ အလွန် ကြီးလေးသောအရာ် ဖြစ်ကြောင်း၊ ၎င်းမှာ လက်တွေ့လုပ်ဆောင်ရန် တန်ဖိုး မြောက်မြားစွာ ရှိကြောင်း၊ ၎င်းသည် သမ္မာတရား၏ စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကား ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ကြိုးပမ်းရန် ရာသက်ပန် ရည်မှန်းချက် ဖြစ်ကြောင်း နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသော သူ အယောက်တိုင်း လိုက်နာသင့်သော ရာသက်ပန် လမ်းခရီး တစ်ခု ဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း၊ ဤ ဆိုရိုးစကားမှာ သမ္မာတရား ဖြစ်သလော။ ၎င်း၌ ဤကဲ့သို့ အရေးပါမှု ရှိသလော။ ဤဆိုရိုးစကား အကြောင်းကို စဉ်းစားနေသော၊ ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားနေသော လူအချို့ ရှိကောင်းရှိနိုင်သော်လည်း ၎င်းကို သံသယဖြစ်သော လူအချို့လည်း ရှိသည်၊ ဤဆိုရိုးစကားမှာ အလွန် အရေးကြီးသလော။ ၎င်းမှာ အလွန် အရေးကြီးသလော။ ၎င်းသည် အလွန် လိုအပ်ပြီး အလေးထားရန် ထိုက်တန်သလော။ ဤဆိုရိုးစကားကို အလွန် သဘောမကျသော လူအချို့ ရှိကောင်းရှိနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ လမ်းခရီးကို ယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုအတွင်း အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းတစ်ခု ဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင် ပြောခဲ့သော အရာတို့ကို ယူကာ ဆိုရိုးစကား တစ်ခုအဖြစ် အကျဉ်းချုံးခြင်းဖြင့် ဘုရားသခင်မှာ မထင်မရှား ဖြစ်သည်ဟု ထင်မြင်လွန်းရာ မကျသလော။ ၎င်းမှာ ဤသို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့ထဲမှ အများစုသည် ဤ စကားလုံးများ၏ နောက်ကွယ်မှ လေးနက်သော အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့သည် ၎င်းကို မှတ်စု ရေးမှတ်ခဲ့သော်လည်း ဤ ဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ ထားရန် ရည်ရွယ်ခြင်း မရှိပေ၊ ၎င်းကို ရေးချရုံမျှသာ ရေးချခဲ့ပြီး သင်တို့၏ အားလပ်ချိန်တွင် ၎င်းကို တဖန် ပြန်ကြည့်ကာ အချိန်ယူပြီး စဉ်းစားကြခြင်း ဖြစ်သည်။ ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် စိတ်အရှုပ်မခံသော အခြားလူအချို့ ရှိပါသည်။ သို့သော် ငါသည် ဤ ဆိုရိုးစကားကို အဘယ်ကြောင့် ဆွေးနွေးသနည်း။ သင်တို့၌ မည်သည့် သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ ထင်ပါစေ၊ ဤ ဆိုရိုးစကားကို ငါ မဖြစ်မနေ ဆွေးနွေးရမည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဘုရားသခင်သည် လူ၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ခြင်းအကြောင်းနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤ ဆိုရိုးစကား နှင့်ပတ်သက်၍ သင်တို့၏ လက်ရှိ အသိမှာ အဘယ်သို့ပင် ဖြစ်စေကာမူ၊ သို့မဟုတ် သင်တို့ မည်ကဲ့သို့ သဘောထားစေကာမူ၊ သင်တို့အား ငါ ဆက်၍ ပြောဦးမည် ဖြစ်သည်၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤဆိုရိုးစကားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူ တစ်ဦး၊ ကောင်းသော အဆုံးသတ် တစ်ခုရှိသော သူ တစ်စုံတစ်ဦးဖြစ်သည်မှာ သေချာသည်။ အကယ်၍ သင်သည် ဤ ဆိုရိုးစကားအားဖြင့် ဖော်ပြထားသော စံနှုန်းကို ရရှိနိုင်ခြင်း မရှိပါက သင်၏ အဆုံးသတ်မှာ မထင်မရှား ဖြစ်မည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤ ဆိုရိုးစကားအကြောင်းကို ပြောခြင်းမှာ သင်တို့၏ စိတ်ပိုင်းဆိုင်ရာကို အသင့်ပြင်ဆင်ရန် ဖြစ်သည်၊ ထိုမှသာ ဘုရားသခင်သည် မည်သည့် စံနှုန်းကို အသုံးပြု၍ သင်တို့အား တိုင်းတာကြောင်းကို သင်တို့ သိကြမည် ဖြစ်သည်။ ခုလေးတင် ငါ ဆွေးနွေးခဲ့သည်နှင့်အညီ ဤ ဆိုရိုးစကားသည် လူအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် သူသည် လူ၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်ခြင်းနှင့် အလွန်အမင်း သက်ဆိုင်ပေသည်။ ဤ သက်ဆိုင်ခြင်းမှာ မည်သည့် နေရာ၌ ရှိသနည်း။ သင်တို့ အမှန်တကယ်ပင် သိလိုကြလိမ့်မည် ဖြစ်သောကြောင့် ထိုအကြောင်းကို ယနေ့ ငါတို့ ပြောကြမည်။

လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း ရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် ကမ္ဘာမြေကြီး၌ အလုပ်လုပ်သောအခါ လူတို့အပေါ် နှုတ်ကပတ်တော် အချို့ကို ပေးအပ်ကာ သမ္မာတရား အချို့တို့ကို လူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာစောင့်ထိန်းရန်အတွက် လမ်းခရီးအဖြစ် အသုံးတော်ခံသည်၊ ထို လမ်းခရီးမှာ လူတို့ လျှောက်လှမ်းရမည့် လမ်းခရီး ဖြစ်ပြီး လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့စေပြီး မကောင်းမှုကို ရှောင်စေသော လမ်းခရီး ဖြစ်သည် သာမက လူအများ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာထဲ နှင့် ၎င်းတို့၏ အသက်တာ ခရီးတစ်လျှောက်လုံး လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီး ဖြစ်သည်။ ဤ အကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူ့အပေါ် ဤနှုတ်ကပတ်တော်များကို ပေးအပ်ခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ လာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူရန်အကြောင်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်း မရှိပါက၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ ၎င်းတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိပါက ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ၎င်းတို့ ရှောင်ခြင်းရှိမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မကျေနပ်စေနိုင်ပါက ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့ ရရှိနိုင်မည် မဟုတ်ပေ၊ ဤကဲ့သို့သော လူမျိုး၌ အဆုံးသတ် မရှိ။ ထိုသို့ဆိုသော် ဘုရားသခင် အလုပ်လုပ်နေစဉ် တစ်လျှောက်တွင် သူသည် လူတစ်ဦး၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်သနည်း။ လူ၏ အဆုံးသတ်ကို သတ်မှတ်ရန် ဘုရားသခင်သည် မည်သည့် နည်းလမ်းကို အသုံးပြုသနည်း။ ယခုအချိန်တွင် သင်တို့သည် ဤအရာအပေါ် အလွန် ရှင်းကြမည် မဟုတ်သော်လည်း သင်တို့အား ဖြစ်စဉ်ကို ငါ ပြောပြသောအခါ ၎င်းမှာ အလွန် ရှင်းလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူများစွာသည် ၎င်းကို ကိုယ်တိုင် တွေ့ကြုံခံစားနှင့်ပြီး ဖြစ်ခြင်းကြောင့်ပေတည်း။

အစအဦးမှ ယခုတိုင်အောင် ဘုရားသခင့် အမှု၏ ဖြစ်စဉ်အတွင်း ဘုရားသခင်သည် လူ အယောက်တိုင်း၊ သို့မဟုတ် သူ၏ နောက်သို့ လိုက်သောသူ အယောက်တိုင်း—ဟူ၍ သင်တို့ ဆိုနိုင်ပါသည်—အတွက် စမ်းသပ်မှုများကို စီစဉ်ခဲ့ပြီး ဖြစ်၍ ဤ စမ်းသပ်မှုများမှာ ပမာဏ အမျိုးမျိုး ရှိကြသည်။ မိမိတို့၏ မိသားစု၏ ငြင်းပယ်ခြင်းကို ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးကျိုးပေးသော ပတ်ဝန်းကျင်အားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်း နှင့် နှိပ်စက်ခြင်းကို ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှု တစ်ခုကို ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ နှင့် ငွေကြေး နှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှု အမျိုးအစား အားလုံးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့် ရလဒ်မျိုးကို သူ မြင်လိုသနည်း။ ဤသည်မှာ သင်တို့အား ငါ ပြောလိုသော အရာ၏ အရေးကြီးသော အချက်ပင် ဖြစ်သည်၊ ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှု တစ်ခုကို ပေးသောအခါ၊ အခြေအနေ အချို့ကို သင့်အား ရင်ဆိုင်စေသောအခါ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို သူ စမ်းသပ်လိုခြင်းကို ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အလှူငွေကို ထိန်းသိမ်းရသည့် တာဝန်ကို ရင်ဆိုင်ရပြီး ၎င်းတို့သည် ဘုရားသခင်၏ အလှူငွေနှင့် ထိတွေ့လာပါက ဤသည်မှာ ဘုရားသခင် စီစဉ်ထားသော အရာ တစ်စုံတစ်ခု ဖြစ်သည်ဟု သင် ထင်သလော။ မေးရန်ပင် မလိုပေ။ သင် ရင်ဆိုင်ရသော အရာခပ်သိမ်းမှာ ဘုရားသခင် စီစဉ်ထားသော အရာ တစ်စုံတစ်ခု ဖြစ်သည်။ ဤအခြေအနေကို သင်ရင်ဆိုင်ရသည့်အခါ ဘုရားသခင်သည် သင့်အား တိတ်တဆိတ် လေ့လာ၍၊ သင် မည်ကဲ့သို့ ရွေးချယ်ပုံ၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ပုံ၊ သင် တွေးနေသော အရာတို့ကို စောင့်ကြည့်နေမည် ဖြစ်သည်။ နောက်ဆုံး ရလဒ်မှာ ဘုရားသခင် အလေးထားဆုံးသောအရာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဤ စမ်းသပ်မှု၌ ဘုရားသခင်၏ စံနှုန်းကို ရရှိခဲ့ခြင်း ရှိမရှိ ထိုရလဒ်က သူ့အား တိုင်းတာခွင့်ပေးမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် အခြေအနေ အချို့ကို ရင်ဆိုင်ရသည့်အခါ ယေဘုယျအားဖြင့် ၎င်းတို့သည် ထို အခြေအနေကို အဘယ်ကြောင့် ရင်ဆိုင်ရကြောင်း သို့မဟုတ် ဘုရားသခင် တောင်းဆိုထားသော စံနှုန်းတို့ကို ဆင်ခြင်ကြခြင်း မရှိပေ။ ဘုရားသခင်သည် ၎င်းတို့အား မည်သို့ မြင်လိုကြောင်း၊ ၎င်းတို့ထံမှ မည်သည့် အရာကို ရလိုကြောင်းကို မတွေးကြပေ။ ဤအခြေအနေကို ရင်ဆိုင်ရသည့်အခါ ဤကဲ့သို့ လူအမျိုးအစားက "ဤအရာသည် ကျွန်ုပ် ရင်ဆိုင်ရမည့် အရာ တစ်စုံတစ်ခု ဖြစ်သည်၊ ကျွန်ုပ် သတိရှိရမည်၊ ဂရုမစိုက်ဘဲ မနေရ။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ဘုရားသခင်၏ အလှူငွေ ဖြစ်ပြီး ၎င်းကို ကျွန်ုပ် မထိနိုင်" ဟူ၍သာ တွေးတတ်ကြသည်။ ဤလူက ယင်းကဲ့သို့ လွယ်သယောင်ရှိသော အတွေးတစ်ခုဖြင့် ၎င်းတို့၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်သည်ဟု ယုံကြညသည်။ ဘုရားသခင်သည် ဤစမ်းသပ်မှု၏ ရလဒ်ကို ကျေနပ်လိမ့်မည်လော။ သို့မဟုတ် သူသည် မကျေနပ်ဘဲ နေလိမ့်မည်လော။ သင်တို့ ဤအရာကို ဆွေးနွေးနိုင်ပါသည်။ (အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်၏ အလှူငွေကို ထိတွေ့ရသော တာဝန်ကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားရန်မှာ မည်မျှပင် လွယ်ကူကြောင်း ဆင်ခြင်သုံးသပ်ကြလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့သည် သတိဖြင့် ဆက်လက်ပြုမူကြမည်မှာ သေချာပါသည်။) သင်၏ တုံ့ပြန်မှုမှာ မှန်သော လမ်းပေါ်၌ ရှိသော်လည်း ၎င်းမှာ သိပ်မဟုတ်သေးပေ။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံ နည်းဥပဒေသများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက်၊ သင်သည် ကိစ္စရပ်တစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ၊ ၎င်းမှာ ဘုရားသခင် စီစဉ်ထားသော အခြေအနေ တစ်ခု၊ သင့်အား သူ ပေးအပ်ထားသော ဝတ္တရား တစ်ခု သို့မဟုတ် သင့်အား သူ ယုံမှတ်အပ်နှံထားသော အရာ တစ်စုံတစ်ခုအဖြစ် သင် မြင်ခြင်းကို ဆိုလိုသည့်အပြင် ဤကိစ္စရပ်ကို သင် ရင်ဆိုင်နေရပါက ၎င်းမှာ ဘုရားသခင်ထံမှ စမ်းသပ်မှု တစ်ခုအဖြစ်ပင်လျှင် မြင်သင့်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို သင် ရင်ဆိုင်နေရပါက သင်၌ စံနှုန်း တစ်ခု ရှိရမည်၊ ၎င်းသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်ကြောင်း သင် ဆင်ခြင်ရမည်။ သင်၏ ဝတ္တရား ကျေပွန်စေရန် နှင့် ဘုရားသခင်အပေါ် သစ္စာရှိရန်အလို့ငှာ ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့်အကြောင်း သင်ဆင်ခြင်ရမည်၊ ၎င်းကို မည်ကဲ့သို့ လုပ်ဆောင်မည့် အကြောင်း နှင့် ဘုရားသခင်ကို ဒေါသမထွက်စေမည့် အကြောင်း သို့မဟုတ် သူ၏ စိတ်သဘောထားကို မပြစ်မှားမိမည့် အကြောင်း ဆင်ခြင်ရမည်။ အလှူငွေများကို ထိန်းသိမ်းခြင်းအကြောင်းကို ငါတို့ ယခုလေးတင် ပြောခဲ့ပြီး ဖြစ်သည်။ ဤကိစ္စရပ်တွင် အလှူငွေများ ပါဝင်ပြီး သင်၏တာဝန်၊ သင်၏ဝတ္တရားလည်း ပါဝင်သည်။ ဤ ဝတ္တရား ကျေပွန်စေရန် သင်၌ တာဝန်ရှိသည်။ သို့သော်လည်း ဤကိစ္စရပ်ကို သင် ရင်ဆိုင်ရသည့်အခါ စုံစမ်းနှောင့်ယှက်ခြင်း တစ်စုံတစ်ရာ ရှိသလော။ ရှိပေသည်။ ဤ စုံစမ်းနှောင့်ယှက်ခြင်းသည် မည်သည့် နေရာမှ လာသနည်း။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် စာတန်ထံမှလာပြီး ၎င်းသည် လူတို့၏ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှလာခြင်း ဖြစ်သည်။ စုံစမ်းနှောင့်ယှက်ခြင်း ရှိသောကြောင့် ဤထဲတွင် ပုံသေသက်သေခံချက် ပါဝင်သည်၊ ပုံသေသက်သေခံချက်မှာ သင်၏ ဝတ္တရား နှင့် တာဝန်လည်း ဖြစ်သည်။ လူအချို့က "ဤအရာမှာ အသေးအမွှား ကိစ္စရပ် တစ်ခု ဖြစ်သည်၊ ၎င်းကို ပုံကြီးချဲ့ရန် အမှန်တကယ် လိုအပ်သလော" ဟု ဆိုကြသည်။ လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ နှင့်သက်ဆိုင်သမျှ သို့မဟုတ် ငါတို့ ပတ်ပတ်လည်၌ ဖြစ်ပျက်သမျှ၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့ လက်လွှတ်၍ မရနိုင်ပေ။ ငါတို့သည် ၎င်းကို အာရုံစိုက်ရန် သင့်သည် ဖြစ်စေ မသင့်သည် ဖြစ်စေ၊ အခြေအနေ တစ်စုံတစ်ခုသည် ငါတို့အား ကြုံဆုံနေပါက ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ အားလုံးမှာ ငါတို့အတွက် ဘုရားသခင်၏ စစ်ဆေးမှုအဖြစ် မြင်သင့်ပေသည်။ ဤသဘောထားမျိုးမှာ အဘယ်သို့ ရှိသနည်း။ အကယ်၍ သင်၌ ဤကဲ့သို့ သဘောထားမျိုး ရှိပါက ၎င်းမှာ အချက် တစ်ချက်ကို အတည်ပြုပါသည်၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အချက်ပင် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို ကျေနပ်စေရန် သင်၌ ဤအလိုဆန္ဒရှိပါက သင် လက်တွေ့လုပ်ဆောင်သော အရာသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ စံနှုန်းနှင့် အလှမ်းမဝေးပေ။

လူတို့ များစွာ အရေးမစိုက်သော ကိစ္စရပ်များ၊ အများအားဖြင့် ဖော်ပြခြင်း မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာ ဖြစ်ပြီး ၎င်းတို့မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိဟူ၍ ယေဘုယျအားဖြင့် ယုံကြည်ကြသော သူများ ရှိကြသည်။ ဤလူများသည် ယင်းကဲ့သို့ ကိစ္စရပ်အတိုင်းသာ ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းကို များများစားစား ဆင်ခြင်ခြင်း မရှိဘဲ ဂရုမစိုက်ဘဲ ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤ အခြေအနေသည် သင်တို့ သင်ယူသင့်သော သင်ခန်းစာ တစ်ခု ဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ရန်၊ မကောင်းမှုကို ရှောင်ရန် အကြောင်းနှင့် သက်ဆိုင်သော သင်ခန်းစာ တစ်ခု ဖြစ်သည်။ ထိုမျှမက သင် ပို၍ အလေးထားသင့်သည့် အရာမှာ သင့်ကို ကြုံဆုံရန် ဤအခြေအနေပေါ်ပေါက်သည့်အခါ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ နံဘေး၌ ရှိသည်၊ သင်၏ စကားလုံး တစ်လုံးချင်းစီ နှင့် လုပ်ဆောင်မှု တစ်ခုချင်းစီကို လေ့လာနေသည်၊ သင်၏ ပြုမူပုံများ၊ သင်၏ စိတ် အပြောင်းအလဲများကို လေ့လာနေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ် ဖြစ်သည်။ လူအချို့က "သို့ဆိုလျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားရသနည်း" ဟု ဆိုကြသည်။ သင် မခံစားရသည့် အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်နည်းမှာ သင့်အတွက် လိုက်နာစောင့်ထိန်းရန် အရေးကြီးဆုံးနည်း ဟုတ်မနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်၏ သိမ်မွေ့သော အမှုကို မခံစားရခြင်း ဖြစ်ပြီး ထိုအမှုသည် လူတို့၏ အတွေးအခေါ် အမျိုးမျိုး နှင့် ပြုမူပုံ အမျိုးမျိုး နှင့်အညီ သူ့အလိုလို ပေါ်လွင်ခြင်း ဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သောသူ တစ်ဦး ဖြစ်ပေတကား။ မည်သည့် ကိစ္စရပ်သည် ကြီးသော ကိစ္စရပ် တစ်ခု ဖြစ်သနည်း။ မည်သည့် ကိစ္စရပ်သည် သေးငယ်သော ကိစ္စရပ်တစ်ခု ဖြစ်သနည်း။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ပါဝင်သော ကိစ္စရပ် အားလုံးကို ကြီးသော သို့မဟုတ် သေးငယ်သော ကိစ္စရပ်များအဖြစ် ပိုင်းခြားထားသည်။ ထိုအရာကို သင် လက်ခံနိုင်သလော။ (၎င်းကို ငါတို့ လက်ခံနိုင်ပါသည်။) နေ့စဉ် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အလွန် ကြီးမားပြီး အရေးပါသည်ဟု လူတို့ သဘောထားကြသော ကိစ္စရပ်အချို့ ရှိပြီး အရေးမပါသော အသေးအမွှားများဟူ၍ သဘောထားခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤ ကြီးမားသော ကိစ္စရပ်များမှာ အလွန် အရေးကြီးသော အခြေအနေများ ဖြစ်ပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးသော ကိစ္စရပ်များ ဖြစ်သည်ဟု မကြာခဏ ယူဆတတ်ကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့် အချိန်တစ်လျှောက်တွင် လူတို့၏ မရင့်ကျက်သော ဝိညာဉ်အသက်တာ နှင့် လူတို့၏ ညံ့ဖျင်းသော အရည်အသွေးတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှု မရှိခြင်း၊ ထုတ်ဖော်ခြင်း တစ်စုံတစ်ရာကို မရနိုင်ခြင်း နှင့် တန်ဖိုးရှိသော စစ်မှန်သည့် အသိ တစ်စုံတစ်ရာကို မရရှိနိုင်ခြင်း ဖြစ်သည်။ သေးငယ်သော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူခြင်း၊ တဖြည်းဖြည်းချင်း ဆုံးရှုံးသွားစေရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် ရှေ့၌ ဆန်းစစ်ခြင်းကို ခံရရန်၊ သူ၏ စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေး များစွာကို ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ အကယ်၍ သင်သည် လူအများ၊ အမှုအရာများ၊ ကိစ္စရပ်များ နှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးသော အခြေအနေများကို အမြဲ လျစ်လျူရှုပါက ဤသည်မှာ အဘယ်သို့ အဓိပ္ပာယ်သက်ရောက်မည်နည်း။ ၎င်းမှာ ဘုရားသခင် သင့်အား စုံလင်အောင် ပြုလုပ်ပေးခြင်း နှင့် ဘုရားသခင်၏ ခေါင်းဆောင်မှုကို နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်းလိုလိုပင် အမြဲ စွန့်လွှတ်နေသည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေ တစ်ရပ်ကို စီစဉ်ပေးသည့် အကြိမ်တိုင်းတွင် သူသည် တိတ်တဆိတ် စောင့်ကြည့်နေသည်၊ သင်၏ စိတ်နှလုံး၊ သင်၏ အတွေးအခေါ်များ နှင့် သုံးသပ်ချက်များကို ကြည့်နေသည်၊ သင် မည်သို့ တွေးပုံ၊ မည်ကဲ့သို့ ပြုမူပုံတို့ကို ကြည့်လျက်နေသည်။ အကယ်၍ သင်သည် ဂရုမစိုက်သောသူ၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ လမ်းခရီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရား နှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်ပါက ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို စီစဉ်ပေးသောအခါ သင်သည် သတိရှိလိမ့်မည် မဟုတ်ပေ၊ မည်သည့် အရာကို ဘုရားသခင် ပြည့်စုံစေလိုကြောင်း၊ သင့်ထံမှ ဘုရားသခင် မည်သည့် အရာကို တောင်းဆိုကြောင်းကို အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ သင် ကြုံတွေ့သော လူများ၊ အမှုအရာများ နှင့် အကြောင်းအရာများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်ကဲ့သို့ သက်ဆိုင်ကြောင်းကိုလည်း သင် သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အဖန်တလဲလဲ ဖြစ်သော အခြေအနေများ နှင့် စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် ဖြစ်ထွန်းမှု တစ်စုံတစ်ရာ သင်ပိုင်ဆိုင်သည်ကို မမြင်ပါက ဘုရားသခင်သည် မည်သို့ ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုခြင်း နှင့် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်၏ စမ်းသပ်မှုများ သို့မဟုတ် ဘုရားသခင်၏ စစ်ဆေးမှုများအဖြစ် မှတ်ယူခြင်း ရှိမည် မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ သင့်အား တစ်ခုပြီး နောက်တစ်ခု ဘုရားသခင် ပေးအပ်သော အခွင့်အရေးများကို သင် ငြင်းပယ်ပြီး ၎င်းတို့အား အကြိမ်ကြိမ် လက်လွှတ်ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့၏ ကြီးသော မနာခံခြင်းပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် ဝမ်းနည်းကြေကွဲမည်လော။ (သူ ဝမ်းနည်းကြေကွဲပါလိမ့်မည်။) ဘုရားသခင်သည် ဝမ်းနည်းကြေကွဲမည် မဟုတ်။ ဤကဲ့သို့ ငါ ပြောသည်ကို ကြားခြင်းဖြင့် သင်တို့အား နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေခဲ့သည်။ အဆုံးတွင် ဘုရားသခင်သည် အမြဲ ဝမ်းနည်းကြေကွဲမည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ဘုရားသခင် ဝမ်းနည်းကြေကွဲခြင်း မရှိမည်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် မည်သည့် အချိန်တွင် ဝမ်းနည်းကြေကွဲမည်နည်း။ မည်သို့ပင် ဖြစ်ပါစေ ဘုရားသခင်သည် ဤ အခြေအနေကြောင့် ဝမ်းနည်းကြေကွဲမည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် လိုရင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများ၊ စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါ၊ ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ ဤလူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သော လူကို သူ၏ စိတ်နှလုံးအတွင်းဆုံးမှ ပစ်ပယ်မည် ဖြစ်သည်။ "ပစ်ပယ်မည်" ဟူသော စကားလုံးအတွက် အဓိပ္ပာယ် နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ အဘယ်သို့ ရှင်းပြရမည်နည်း။ အမှန်မှာ ဤစကားလုံးသည် စက်ဆုပ်ရွံရှာခြင်း၊ မုန်းတီးခြင်း၏ အနက်ကို ဆောင်သည်။ ဆက်လက်၍ ဒုတိယအလွှာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုကို စွန့်ခြင်းဟူ၍ ညွှန်းဆိုခြင်း ဖြစ်သည်။ "စွန့်ခြင်း" ဆိုသည်မှာ မည်သည့် အရာကို ဆိုလိုကြောင်း သင်တို့ အားလုံး သိကြသည်၊ မှန်သလော။ လိုရင်းတိုရှင်းပြောပါက ပစ်ပယ်ခြင်း ဆိုသည်မှာ ယင်းကဲ့သို့ ပုံစံဖြင့် ပြုမူနေကြသော ထို လူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှု နှင့် သဘောထားကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းမှာ ၎င်းတို့အား အလွန်အမင်း မုန်းတီးခြင်း၊ ရွံမုန်းခြင်းကြောင့် ၎င်းတို့အား စွန့်ပစ်ရန် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူ၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း မရှိခဲ့သောသူ တစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ငါပြောခဲ့သော ဤ ဆိုရိုးစကား၏ အရေးပါပုံကို ယခု သင်တို့ အားလုံး မြင်နိုင်ကြပြီလော။

လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းကို သင်တို့ နားလည်ကြပြီလော။ (နေ့စဉ်နေ့တိုင်း အခြေအနေ အမျိုးမျိုးကို စီစဉ်သည့် နည်းလမ်းပင် ဖြစ်သည်။) အခြေအနေ အမျိုးမျိုးကို စီစဉ်ခြင်းဟု ဆိုရာ၌ ဤအရာမှာ လူတို့ ခံစား၊ ထိတွေ့နိုင်သော အရာ ဖြစ်သည်။ ထိုသို့ဆိုသော် ဤအရာအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်း ရည်ရွယ်ချက်မှာ ဘုရားသခင်သည် စမ်းသပ်မှုများကို လူ တစ်ယောက်ချင်းစီ နှင့် အယောက်တိုင်းအား ပုံစံအမျိုးမျိုး၊ မတူညီသော အချိန်များ နှင့် မတူညီသော နေရာများ၌ ပေးလိုခြင်း ဖြစ်သည်။ စမ်းသပ်မှုတစ်ခု၌ လူ၏ မည်သည့် ကဏ္ဍမှာ စစ်ဆေးခြင်းကို ခံရသနည်း။ သင်သည် သင် ရင်ဆိုင်ရသော အခြေအနေတိုင်း၊ သင် ကြားရ၊ မြင်ရသော အရာတိုင်း နှင့် သင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသော အခြေအနေတိုင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လူ အမျိုးအစား ဟုတ် မဟုတ် အစစ်ဆေးခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးအပေါ် တရားမျှတသောကြောင့် အယောက်တိုင်းသည် ဤစမ်းသပ်မှု အမျိုးအစားကို ရင်ဆိုင်ကြရလိမ့်မည်။ လူအချို့က "ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပါပြီ၊ ကျွန်ုပ်သည် အဘယ်ကြောင့် စမ်းသပ်မှု တစ်ခုကို မရင်ဆိုင်ခဲ့ရဖူးသနည်း" ဟု ဆိုကြသည်။ စမ်းသပ်မှုကို မရင်ဆိုင်ဖူးကြောင်း သင် ခံစားခြင်းမှာ ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို စီစဉ်ပေးသောအခါ သင်သည် ၎င်းတို့ကို အလေးအနက် မထားခဲ့ဘဲ ဘုရားသခင်၏ လမ်းခရီး၌ လိုက်လျှောက်လိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများ နှင့်ပတ်သက်သည့် အသိ တစ်စုံတစ်ရာ မရှိခြင်းသာ ဖြစ်သည်။ လူအချို့က "ကျွန်ုပ်သည် စမ်းသပ်မှု အနည်းငယ်ကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သောနည်းကို မသိပါ။ ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ခဲ့သော်လည်း စမ်းသပ်မှုများအတွင်း မြဲမြံစွာ ရပ်တည်ခဲ့ခြင်း ရှိမရှိကို ကျွန်ုပ် မသိပေးပါ" ဟု ဆိုကြသည်။ ဤအခြေအနေမျိုးရှိသော လူများမှာ လူနည်းစု မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ဆိုသော် လူတို့အား ဘုရားသခင် တိုင်းတာသော စံနှုန်းမှာ အဘယ်နည်း။ ၎င်းမှာ စောနက ငါ ပြောခဲ့သည့်အတိုင်း၊ သင် လုပ်သမျှ၊ တွေးသမျှ နှင့် ဖော်ပြသမျှမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း ဖြစ်သလော။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဟုတ်မဟုတ်ကို အဆုံးအဖြတ်ပေးနည်း ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော အယူအဆ တစ်ခု ဖြစ်သလော။ ၎င်းမှာ ပြောရန် လွယ်ကူပေသည် သို့သော် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ (၎င်းမှာ အလွန် မလွယ်ကူပါ။) ၎င်းမှာ အဘယ်ကြောင့် အလွန် မလွယ်ကူသနည်း၊ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်ကို မသိကြခြင်း၊ လူကို ဘုရားသခင်သည် မည်ကဲ့သို့ စုံလင်အောင် ပြုလုပ်ပေးခြင်း၊ နှင့် ၎င်းတို့သည် ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မည်ကဲ့သို့ ရှာဖွေရမည်ကို မသိကြသောကြောင့် ဖြစ်သည်၊ လူတို့သည် ဘုရားသခင်ကို လက်တွေ့ ကြောက်ရွံ့ခြင်း မရှိမီ စမ်းသပ်မှု မျိုးစုံ၊ စစ်ဆေးခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများ နှင့် တရားစီရင်ခြင်းများကို ဖြတ်ကျော်ကြရမည် ဖြစ်သည်။) သင်တို့ ထိုကဲ့သို့ ဆိုသော်လည်း သင်တို့၏ ထင်မြင်ချက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းမှာ ယခုပင်လျှင် လုပ်ဆောင်ရန် လွယ်ကူသယောင် ထင်ရသည်။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် တရားဟောချက် မြောက်မြားစွာကို နားထောင်ခဲ့ကြပြီး ဖြစ်၍ သမ္မာတရား၏ စစ်မှန်မှု၏ ရေလောင်းခြင်းကို ပမာဏ အနည်းငယ် ခံပြီးခြင်းကြောင့် ဖြစ်သည်။ ဤအရာသည် သင်တို့အား အယူအဆ နှင့် အတွေးအခေါ် အရ ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရမည့်အကြောင်း နားလည်စေခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းတို့အား သင်တို့ လက်တွေ့လုပ်ဆောင်မှု နှင့်ပတ်သက်၍ ၊ ဤအရာသည် အထောက်အကူ ဖြစ်ခဲ့ပြီး ယင်းကဲ့သို့ အရာ တစ်ခုမှာ ရရှိရန် လွယ်ကူကြောင်း သင်တို့အား ခံစားစေခဲ့သည်။ ထိုသို့ဆိုသော် အမှန်တကယ်တွင် လူတို့သည် ၎င်းကို အဘယ်ကြောင့် မည်သည့်အခါမျှ မရရှိကြသနည်း။ ဤသည်မှာ လူတို့၏ သဘာဝ၏ အနှစ်သာရသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိဘဲ မကောင်းမှုကို နှစ်သက်ခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ စစ်မှန်သော အကြောင်းပြချက်ဖြစ်သည်။

ဘုရားသခင်ကို မကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်

"ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း" ဟူသော ဤ ဆိုရိုးစကား မည်သည့် နေရာမှ လာခဲ့ကြောင်းကို ကြည့်ခြင်းအားဖြင့် အစပြုကြပါစို့။ (ယောဘဝတ္ထု) ယခု သင်တို့သည် ယောဘကို ဖော်ပြခဲ့ကြပြီ ဖြစ်သည်၊ သူ၏ အကြောင်းကို ဆွေးနွေးကြပါစို့။ ယောဘ၏ ခေတ်တွင် ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်း နှင့် ကယ်တင်ခြင်းအတွက် အလုပ်လုပ်နေခဲ့သလော။ သူ မလုပ်နေခဲ့ပါ၊ လုပ်ခဲ့သလော။ ယောဘ နှင့်စပ်လျဉ်းပြီး ဆိုပါက ထိုအချိန်တွင် ဘုရားသခင်အကြောင်း သူ၌ မည်မျှ အသိ ရှိခဲ့သနည်း။ (များစွာ အသိ မရှိခဲ့ပေ။) ထို့အပြင် ဘုရားသခင် အကြောင်းကို သိသော ယင်း အသိ နှင့် သင်တို့ ယခု ရှိသော အသိကို အဘယ်သို့ နှိုင်းယှဉ်ခဲ့သနည်း။ သင်တို့သည် ဤအရာကို မဖြေဝံ့ကြသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ယောဘ၏ အသိသည် သင်တို့၌ ယခု ရှိသော အသိထက် များခဲ့သလော သို့မဟုတ် နည်းခဲ့သလော။ (နည်းခဲ့သည်။) ဤအရာမှာ အလွန် ဖြေရလွယ်ကူသော မေးခွန်းတစ်ခုပင် ဖြစ်သည်။ နည်းခဲ့သည်။ သေချာလိုက်လေ။ သင်တို့သည် ယခုအခါ ဘုရားသခင် နှင့် မျက်နှာချင်းဆိုင် ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် မျက်နှာချင်းဆိုင် ရှိကြသည်။ ဘုရားသခင်ကို သိသော သင်တို့၏ အသိသည် ယောဘထက် များစွာ ပိုသည်။ ဤအရာကို အဘယ်ကြောင့် ငါ တင်ပြရသနည်း။ ဤကဲ့သို့ အဘယ်ကြောင့် ငါ ပြောရသနည်း။ သင်တို့အား အဖြစ်မှန် တစ်ခုကို ငါ ရှင်းပြလိုသည်၊ သို့သော် ငါ မရှင်းပြမီ သင်တို့အား မေးခွန်း တစ်ခုကို မေးလိုသည်၊ ယောဘသည် ဘုရားသခင်အကြောင်း အလွန် အနည်းအကျဉ်းသာ သိခဲ့သော်လည်း သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ် လူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရန် ပျက်ကွက်ကြသနည်း။ (အလွန် ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်သည်။) အလွန် ဖောက်ပြန်ပျက်စီးခြင်း - ယင်းမှာ မေးခွန်း၏ အပေါ်ယံ ဖြစ်သည်၊ သို့သော်လည်း ၎င်းကို ထိုကဲ့သို့ ငါ ဘယ်သောအခါမှ ယူဆမည် မဟုတ်ပေ။ "အလွန် ဖောက်ပြန်ပျက်စီးခြင်း၊" "ဘုရားသခင်ကို ပုန်ကန်ခြင်း၊" "ဘုရားသခင်အပေါ် သစ္စာမဲ့ခြင်း၊" "နာခံမှုမရှိခြင်း၊" "သမ္မာတရားကို မနှစ်သက်ခြင်း၊" စသဖြင့် သင်တို့ ပြောနေကျ စာလုံးများ နှင့် သြဝါဒများကို မကြာခဏ မှတ်ယူကာ ဤ အသုံးအနှုန်းများကို အသုံးပြု၍ မေးခွန်း တစ်ခုချင်းစီ၏ အနှစ်သာရကို ရှင်းပြတတ်ကြသည်။ ဤသည်မှာ မှားယွင်းသော လက်တွေ့လုပ်ဆောင်မှု ပုံစံ တစ်မျိုး ဖြစ်သည်။ သဘောသဘာဝ ကွဲပြားသော မေးခွန်းများကို ရှင်းလင်းရန် တူညီသော အဖြေ တစ်ခုတည်းကို အသုံးပြုခြင်းမှာ သမ္မာတရား နှင့် ဘုရားသခင်ကို စော်ကားခြင်း ဖြစ်သည်ဟူသော သံသယများကို မလွဲမရှောင်သာ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့ အဖြေမျိုး ကြားရသည်ကို ငါ မကြိုက်ပေ။ ၎င်းကို ဆင်ခြင်လော့။ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤ အကြောင်းအရာကို ဆင်ခြင်ခဲ့ဖူးခြင်း မရှိ၊ သို့သော်လည်း ၎င်းကို နေ့စဉ် ငါ မြင်နိုင်ပြီး ခံစားနိုင်သည်။ ဤနည်းအတိုင်း၊သင်တို့သည် လုပ်ဆောင်နေကြကာ ငါသည် စောင့်ကြည့်နေ၏။သင်တို့သည် ၎င်းကို လုပ်နေသည့် အချိန်တွင် ဤအကြောင်းအရာ၏ အနှစ်သာရကို သင်တို့ ခံစားနိုင်ကြခြင်း မရှိပေ။ သို့သော်လည်း ၎င်းကို ငါ ကြည့်သည့်အခါ ၎င်း၏ အနှစ်သာရကို ငါ မြင်နိုင်ပြီး ၎င်း၏ အနှစ်သာရကိုလည်း ငါ ခံစားနိုင်သည်။ ထိုသို့ဆိုသော် ဤ အနှစ်သာရမှာ အဘယ်နည်း။ အဘယ်ကြောင့် ယနေ့ခေတ် လူများ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း မရှိနိုင်ကြသနည်း။ သင်တို့၏ အဖြေများမှာ ဤ မေးခွန်း၏ အနှစ်သာရကို ရှင်းလင်းနိုင်ရန် အလှမ်းဝေးနေပြီး ၎င်းတို့သည် ဤ မေးခွန်း၏ အနှစ်သာရကို ရှင်းပြနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သင်တို့ မသိကြသော အရင်းအမြစ်တစ်ခုရှိခြင်းကြောင့် ဖြစ်သည်။ ဤ အရင်းအမြစ်မှာ အဘယ်နည်း။ ထိုအကြောင်းကို သင်တို့ ကြားလိုကြောင်း ငါ သိသည်၊ ထို့ကြောင့် ဤမေးခွန်း၏ အရင်းအမြစ် အကြောင်းကို သင်တို့အား ငါ ပြောပြမည်။

ဘုရားသခင်၏ အမှု၏ အစအဦးတွင် သူသည် လူသားကို မည်သည့်အရာအဖြစ် သဘောထားခဲ့သနည်း။ ဘုရားသခင်သည် လူကို ကယ်ဆယ်ခဲ့သည်၊ လူကို သူ၏ မိသားစုထဲမှ မိသားစုဝင် တစ်ဦး၊ သူ၏ အမှု၏ ပစ်မှတ်၊ သူ သိမ်းပိုက်လိုခဲ့သော၊ ကယ်တင်လိုပြီး စုံလင်အောင် ပြုလုပ်ပေးလိုသောသူအဖြစ် သဘောထားခဲ့သည်။ ဤသည်မှာ သူ့ အမှု၏ အစ၌ လူအပေါ်ထားသော ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ဘုရားသခင်အပေါ် လူ၏ သဘောထားမှာ အဘယ်သို့ ရှိခဲ့သနည်း။ လူသည် ဘုရားသခင်နှင့် စိမ်းကားခဲ့ပြီး ဘုရားသခင်ကို သူစိမ်းတစ်ယောက်အဖြစ် သဘောထားခဲ့သည်။ ဘုရားသခင်အပေါ် လူ၏ သဘောထားမှာ မှားယွင်းခဲ့ပြီး လူသည် ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံရမည်ကို နားမလည်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် လူသည် ဘုရားသခင်ကို သူ အလိုရှိသကဲ့သို့ ဆက်ဆံခဲ့ပြီး သူ နှစ်သက်သည့် အရာမှန်သမျှကို လုပ်ခဲ့သည်။ လူ၌ ဘုရားသခင်အပေါ် အမြင်ရှုထောင့်တစ်ခု ရှိခဲ့သလော။ အစဦး၌ လူသည် ဘုရားသခင်အပေါ် အမြင်ရှုထောင့်တစ်စုံတစ်ခု မရှိခဲ့ပေ။ လူတို့၏ ရှုထောင့်အမြင်မှာ ဘုရားသခင် နှင့်သက်ဆိုင်သည့် အချို့သော အယူအဆများ နှင့် စိတ်ကူးများသာ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့၏ အယူအဆများ နှင့် ကိုက်ညီသည်တို့ကို လက်ခံခဲ့ကြပြီး၊ မကိုက်ညီပါက အပေါ်ယံတွင်သာ နာခံခဲ့ကြသော်လည်း လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းကို ပြင်းထန်စွာ ဆန့်ကျင်ပြီး သဘောထားချင်း တိုက်ဆိုင်မှု မရှိခဲ့ပေ။ ဤသည်မှာ အစအဦး၌ လူ နှင့် ဘုရားသခင်၏ ဆက်နွယ်မှု ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် လူကို မိသားစုဝင် တစ်ဦးအဖြစ် မှတ်ယူခဲ့သော်လည်း လူသည် ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် သဘောထားခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၏ အချိန်ကာလတစ်ခု လွန်ပြီးနောက် ဘုရားသခင်သည် မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူတို့ နားလည်လာခဲ့ကြသည်။ ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဖြစ်ကြောင်းကို လူတို့ သိလာခဲ့ကြပြီး လူသည် ဘုရားသခင်ထံမှ မည်သည့်အရာတို့ကို ရနိုင်ကြောင်းကို ၎င်းတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်သည့်အရာအဖြစ်သဘောထားခဲ့ကြသနည်း။ လူတို့သည် ဘုရားသခင်အား အသက်သွေးကြောတစ်ခုအဖြစ် သဘောထားခဲ့ကြပြီး ကျေးဇူးတော်ကို ခံစားရရန်၊ ကောင်းချီးမင်္ဂလာများကို ရရန်၊ ကတိများကိုရရန် မျှော်လင့်ခဲ့ကြသည်။ ဤ အဆင့်တွင် ဘုရားသခင်သည် လူတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ ဘုရားသခင်သည် လူတို့အား သူ၏ သိမ်းပိုက်ခြင်း၏ ပစ်မှတ်အဖြစ် သဘောထားခဲ့သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးပြုကာ လူတို့အား တရားစီရင်ရန်၊ စစ်ဆေးရန်၊ လူတို့အား စမ်းသပ်မှုများ ပေးရန် အလိုရှိခဲ့သည်။ သို့သော်လည်း ဤ အချိန်၌ လူသားမျိုးနွယ်ဘက်က ကြည့်ပါက ဘုရားသခင်မှာ သူ၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရန် သူ အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခု ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားများသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင်နိုင်ကြောင်း နှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့ အလိုရှိသော အရာတို့ကို ရရန်၊ ၎င်းတို့ အလိုရှိသော ခရီးပန်းတိုင်သို့ ရောက်ရန် ၎င်းတို့၌ အခွင့်အရေးတစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အနည်းငယ်သော ရိုးသားမှုဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့ လိုက်ရန် အလိုရှိခဲ့ကြ်သည်။ အချိန် အနည်းငယ် ကျော်လွန်ခဲ့ပြီး လူတို့၌ ဘုရားသခင်အကြောင်း အပေါ်ယံ နှင့် သြဝါဒဆိုင်ရာအသိ ရှိလာခဲ့သည်။ ၎င်းတို့သည် ဘုရားသခင် နှင့် ပို၍ ပို၍ "ရင်းနှီးကျွမ်းဝင်" လာသည်ဟု ဆိုနိုင်ပါသည်။ ဘုရားသခင် ပြောသော နှုတ်ကပတ်တော်၊ သူ၏ တရားဟောချက်၊ သူ ထုတ်ပြန်သော သမ္မာတရား နှင့် သူ၏ အမှုအားဖြင့် လူတို့သည် သာ၍ "ရင်းနှီးကျွမ်းဝင်မှု" ရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့က ဘုရားသခင်သည် မထူးဆန်းတော့ကြောင်း နှင့် ၎င်းတို့သည် ဘုရားသခင် နှင့် သဟဇာတဖြစ်သော လမ်းကြောင်း၌ လျှောက်လှမ်းနှင့်ပြီဖြစ်ကြောင်း မှားယွင်းစွာ တွေးခဲ့ကြသည်။ ယခုတိုင်အောင် လူတို့သည် သမ္မာတရား နှင့်စပ်လျဉ်း၍ တရားဟောချက် များစွာကို နားထောင်ခဲ့ကြပြီး ဘုရားသခင်၏ များစွာသော အမှုတို့ကို တွေ့ကြုံခဲ့ဖူးကြပြီ ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းရင်းများ နှင့် အခြေအနေများ၏ နှောင့်ယှက်မှုများ နှင့် တားဆီးပိတ်ဆို့မှုများကြောင့် လူအများစုသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုငကြသလို ဘုရားသခင်အား မကျေနပ်စေနိုင်ကြချေ။ လူတို့သည် ပို၍ပို၍ ပျင်းရိလာကြပြီး၊ ယုံကြည်မှု ကင်းမဲ့လာကြသည်။ ၎င်းတို့၏ အဆုံးသတ်ကိုပင် မသိသကဲ့သို့ ပို၍ပို၍ ခံစားလာကြရသည်။ ၎င်းတို့သည် လွန်ကဲသော အကြံအစည် တစ်စုံတစ်ရာ မရှိဝံ့ကြဘဲ တိုးတက်မှု တစ်စုံတစ်ရာအတွက် ကြိုးပမ်းခြင်း မရှိကြပေ၊ ၎င်းတို့သည် အင်တင်တင်ဖြင့်သာ လိုက်ပါကြပြီး ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း သွားနေကြသည်။ လူ၏ လက်ရှိ အခြေအနေ နှင့်ပတ်သက်၍ လူအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ တစ်ခုတည်းသော အလိုဆန္ဒမှာ လူတို့အား ဤ သမ္မာတရားများကို ပေးရန် နှင့် သူ၏ နည်းလမ်းကို လူတို့အထဲ၌ ပြည့်ဝစေကာ လူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန် ဖြစ်သည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤ နှုတ်ကပတ်တော်များ၊ သမ္မာတရားများ နှင့် သူ၏ အမှုတို့ကို ယူကာ လူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော အဆုံးသတ် တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါ မြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူကာ သြဝါဒများအဖြစ် သဘောထားကြသည်၊ စာများအဖြစ် သဘောထားကြသည်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ် သဘောထားကြသည်။ အမှုအရာများကို ကြုံရပြီး စကားပြောသည့်အခါ၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏လမ်းခရီးကို ၎င်းတို့ လိုက်နာသင့်သော လမ်းခရီးအဖြစ် သဘောထားခြင်း မရှိကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် လမ်းကြောင်း၌ လက်တွေ့လုပ်ဆောင်နေသော သူ တစ်စုံတစ်ဦးကိုမျှ ငါ မမြင်ဖူးပေ။ ဤအရာကြောင့် လူအပေါ် ဘုရားသခင်၏ သဘောထားသည် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်း နှင့် မနှစ်သက်ခြင်းဖြင့် ပြည့်လျက်ရှိသည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကို အကြိမ် ရာပေါင်းများစွာ အဖန်ဖန် ပေးခဲ့ပြီးနောက် ၎င်းတို့က ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော စိတ်ပိုင်းဖြတ်ချက်ကို လက်တွေ့ပြရန် ၎င်းတို့၌ ရှင်းလင်းသော သဘောထား တစ်စုံတစ်ခု မရှိကြသေးပေ။ လူတို့၌ ဤ စိတ်ပိုင်းဖြတ်ချက်မရှိကြဘဲ ၎င်းတို့သည် ဤကဲ့သို့ ပြသခြင်း မရှိကြသည့်အတွက် ၎င်းတို့အပေါ် ဘုရားသခင်၏ လက်ရှိသဘောထားသည် အတိတ်တွင် သူ၏ သနားခြင်းကရုဏာ၊ သည်းခံခြင်း၊ သဘောထားကြီးခြင်း နှင့် စိတ်ရှည်ခြင်းကို ပေးခဲ့သည့် အချိန်နှင့် မတူညီတော့ပေ။ ထိုသို့ ပေးမည့်အစား သူသည် လူအပေါ် အလွန်အမင်း စိတ်ပျက်လာသည်။ မည်သူသည် ဤစိတ်ပျက်ခြင်းကို ဖြစ်စေခဲ့သနည်း။ ဘုရားသခင်သည် လူအပေါ်၌ ဤသို့ သဘောထားမျိုး ရှိသည်၊ ဤသည်မှာ မည်သူ့အပေါ် မူတည်သနည်း။ ၎င်းမှာ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ အယောက်တိုင်းအပေါ် မူတည်သည်။ သူ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့် ကာလအတွင်း ဘုရားသခင်သည် လူအား တောင်းဆိုချက် များစွာကို တောင်းဆိုခဲ့ပြီး လူအတွက် အခြေအနေများစွာကို စီစဉ်ခဲ့သည်။ သို့သော်လည်း လူသည် မည်သို့ပင် လုပ်ဆောင်ပြီးပါစေ၊ ဘုရားသခင်အပေါ် လူ၏ သဘောထားမှာ မည်သို့ပင် ဖြစ်ပါစေ၊ လူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း၏ ရည်မှန်းချက်ပန်းတိုင် နှင့်အညီ အသေအချာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ငါသည် ၎င်းကို ဆိုရိုးစကားတစ်ခုထဲတွင် အကျဉ်းချုပ်ပြီး လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ မလျှောက်လှမ်းနိုင်ခြင်း နှင့်ပတ်သက်၍ ငါတို့ ယခုပင် ပြောခဲ့သည့် အရာမှန်သမျှကို ရှင်းပြရန် ဤ ဆိုရိုးစကားကို ငါ အသုံးပြုမည်။ ဤ ဆိုရိုးစကားမှာ အဘယ်နည်း။ ဤ ဆိုရိုးစကားမှာ၊ ဘုရားသခင်သည် လူကို သူ၏ ကယ်တင်ခြင်း၏ ဦးတည်ရည်မှန်းထားသောအရာ၊ သူ၏ အမှု၏ ဦးတည်ရည်မှန်းထားသောအရာဖြစ် သဘောထားပြီး၊ လူသည် ဘုရားသခင်ကို သူ၏ ရန်သူ၊ သူ၏ ပကတိဆန့်ကျင်ဘက်အဖြစ် သဘောထားသည်ဟူ၍ ဖြစ်သည်။ ဤအကြောင်းအရာအပေါ် သင် ယခု နားလည်ပြီလော။ လူ၏ သဘောထားမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောထားမှာ မည်သည့် အရာ ဖြစ်ကြောင်း၊ လူ နှင့် ဘုရားသခင် အကြားရှိ ဆက်နွယ်မှုမှာ မည်သို့ ဖြစ်ကြောင်း၊ ၎င်းတို့ အားလုံးမှာ အလွန်ပင် ရှင်းလင်းပေသည်။ သင်တို့သည် တရားဟောချက် မည်မျှကို နားထောင်ခဲ့စေကာမူ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ နာခံခြင်း၊ ဘုရားသခင် နှင့် သဟဇာတ ဖြစ်ရန် လမ်းကိုရှာခြင်း၊ ဘုရားသခင်အတွက် ရာသက်ပန် အသုံးတော်ခံလိုခြင်း၊ ဘုရားသခင်အတွက် အသက်ရှင်ခြင်းကဲ့သို့သော ထို အရာများကို သင်တို့ ကိုယ်တိုင်အတွက် မည်မျှပင် ပေါင်းရုံးခဲ့သော်ငြားလည်း ငါ့အတွက်မူကား ထိုအရာများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမူကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ သတိရှိစွာ လျှောက်လှမ်းခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့မှာ ထိုထိုသော ရည်မှန်းချက်ပန်းတိုင်များကို သင်တို့ ရနိုင်သော လမ်းကြောင်းများပင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်များကို ရယူရန် သင်တို့သည် အချို့သော စည်းမျဉ်းများကို အင်တင်တင်ဖြင့် လိုက်နာကြသည်။ ထို့အပြင် ဤ စည်းမျဉ်းများသည် လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း၏ လမ်းခရီးမှ ပို၍ပင် အဝေးသို့ ခေါ်ဆောင်သွားပြီး ဘုရားသခင်အား လူတို့နှင့် နောက်ထပ်တစ်ကြိမ် ဆန့်ကျင်လျက် ရှိစေ သည်မှာ ဧကန်အမှန် ဖြစ်သည်။

ယနေ့ ငါတို့ ဆွေးနေလျက်ရှိသော မေးခွန်းမှာ အနည်းငယ် ခက်ခဲပြင်းထန်သော မေးခွန်းတစ်ခု ဖြစ်သည်၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ရောက်လာမည့် အတွေ့အကြုံများ နှင့် ကျရောက်လာမည့် အချိန်များကို ကျော်ဖြတ်သည့်အခါ သင်တို့အား ငါ ယခုလေးတင် ပြောခဲ့သောအရာများကို သင်တို့လုပ်နိုင်ကြမည်ဟု ငါ ဆက်၍ မျှော်လင့်ပါသည်။ ဘုရားသခင်ကို လျစ်လျူမရှုကြနှင့်၊ သူ့အား ဗလာနတ္တိဖြစ်သော လေကဲ့သို့ သင့်အတွက် အသုံးဝင်သည့် အချိန်အခါများ၌ သူ တည်ရှိသော်လည်း အသုံးမဝင်သည့် အချိန်အခါများ၌ သူ မတည်ရှိသကဲ့သို့ သဘောမထားကြနှင့်။ သင်သည် ဤကဲ့သို့ အသိမျိုးကို ဝိုးတိုးဝါးတားနှင့် ဆုပ်ကိုင်သည့်အခါ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေနှင့်ပြီ ဖြစ်သည်။ "ကျွန်ုပ်သည် ဘုရားသခင်ကို ဗလာနတ္တိဖြစ်သော လေအဖြစ် သဘောမထားပါ၊ ဘုရားသခင်ထံ ကျွန်ုပ် အမြဲဆုတောင်းသည်၊ ဘုရားသခင်ကို ကျွန်ုပ် အမြဲကျေနပ်စေပြီး ကျွန်ုပ် ပြုသမျှသည် ဘုရားသခင် တောင်းဆိုထားသော စံနှုန်း၊ နိယာမများ နှင့် အတိုင်းအတာအတွင်း၌ ရှိသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်အကြံအစည်များဖြင့် ရှေ့ဆက်ခြင်း လုံးဝမပြုပါ" ဟု ဆိုသော လူများ ရှိကောင်းရှိနိုင်ပါသည်။ ဟုတ်ပါသည်၊ သင် လုပ်ဆောင်နေသော ပုံစံမှာ မှန်ကန်ပါသည်။ သို့သော်လည်း ကိစ္စရပ်တစ်ခုကို မျက်နှာချင်းဆိုင် သင် ရင်ဆိုင်ရသည့်အခါ သင် မည်ကဲ့သို့ ဆင်ခြင်သနည်း။ ကိစ္စရပ် တစ်ခုကို သင် ရင်ဆိုင်ရသည့်အခါ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ လူအချို့က ၎င်းတို့ဘုရားသခင်ထံ ဆုတောင်းသည့်အခါ နှင့် ဘုရားသခင်ထံ အသနားခံသည့်အခါ ဘုရားသခင် တည်ရှိကြောင်း ခံစားကြရသည်။ သို့သော်လည်း ကိစ္စရပ် တစ်ခုကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကြံအစည်များ ပေါ်လာပြီး ယင်းတို့ကို လိုက်နာလိုကြသည်။ ဤသည်မှာ ဘုရားသခင်အား ဗလာနတ္တိဖြစ်သောလေအဖြစ် သဘောထားခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးသည် ဘုရားသခင်ကိုမတည်ရှသောသူအဖြစ် သရုပ်ဖော်လျက်ရှိသည်။ လူတို့က ဘုရားသခင်သည် ၎င်းတို့ လိုအပ်သည့် အချိန်၌ တည်ရှိသင့်ပြီး ၎င်းတို့ မလိုအပ်သည့်အခါ သူ မတည်ရှိသင့်ဟူ၍ တွေးတတ်ကြသည်။ လူတို့က လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကြံအစည်များဖြင့် နှစ်ပါးသွားခြင်းမှာ လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့က ၎င်းတို့ကို မည်သည့် နည်းဖြင့်မဆို ကျေနပ်စေသည့်အလျောက် လုပ်နိုင်ကြသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို ရှာဖွေရန် မလိုအပ်ဟူ၍ အလွယ် တွေးတတ်ကြသည်။ ဤကဲ့သို့ အခြေအနေ၊ ဤကဲ့သို့ အခြေအနေမျိုး၌ လတ်တလော ရှိနေသော လူများမှာ အန္တရာယ်၏အစွန်း၌ ရှိနေကြသည် မဟုတ်လော။ လူအချို့က "ကျွန်ုပ်သည် အန္တရာယ်၏ အစွန်း၌ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပစ်ရက်မည် မဟုတ်သောကြောင့် ကျွန်ုပ်အား စွန့်ပစ်လိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ် ယုံကြည်သည်" ဟု ဆိုကြသည်။ အခြားလူတို့က "ကျွန်ုပ်သည် မိခင်၏ ဝမ်းထဲ၌ ရှိနေခဲ့သည် အချိန်ကပင် အစပြု၍ စုစုပေါင်း နှစ်ပေါင်း လေးဆယ် သို့မဟုတ် ငါးဆယ်လုံးလုံး၊ ယခုအချိန်အထိ သခင်ကို ကျွန်ုပ် ယုံကြည်ခဲ့သည်။ အချိန်နှင့်စပ်လျဉ်း၍ ဆိုပါက ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရန် အရည်အချင်း အပြည့်မီဆုံးသူ ဖြစ်သည်၊ ကျွန်ုပ်သည် အသက်ရှင်ကျန်ရစ်ရန် အရည်အချင်း အပြည့်မီဆုံးသူ ဖြစ်သည်။ ဤဆယ်စုနှစ် လေးစု သို့မဟုတ် ငါးစုကာလအတွင်း ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစု နှင့် အလုပ်ကို စွန့်ခွာခဲ့သည်။ ငွေကြေး၊ ရာထူးဂုဏ်ပုဒ်၊ ပျော်ရွှင်မှု နှင့် မိသားစု အချိန်စသဖြင့် ကျွန်ုပ်၌ ရှိသမျှကို စွန့်လွှတ်ခဲ့သည်၊ အရသာရှိသည့် အစားအစာများစွာ ကျွန်ုပ် မစားဖူးခဲ့၊ ပျော်စရာများစွာကို ကျွနုပ် မပျော်မွေ့ဖူးခဲ့ပါ။ ကျွန်ုပ်သည် စိတ်ဝင်စားဖွယ်ကောင်းသော နေရာ များစွာကို လည်ပတ်ခဲ့ဖူးခြင်း မရှိပေ၊ ကျွန်ုပ်သည် သာမန် လူတို့ သည်းမခံနိုင်သော ဒုက္ခဆင်းရဲကိုပင် ကြုံတွေ့ခံစားခဲ့ဖူးသည်။ အကယ်၍ ဘုရားသခင်သည် ဤအရာ အားလုံးကြောင့် ကျွန်ုပ်အား မကယ်တင်နိုင်ပါက ကျွန်ုပ်သည် မမျှမတ ဆက်ဆံခြင်းကို ခံရပြီး ဤကဲ့သို့ ဘုရားသခင်မျိုးကို ကျွန်ုပ် မယုံကြည်နိုင်ပါ" ဟု ဆိုကြသည်။ ဤကဲ့သို့သော အမြင် ရှိသည့် လူ များစွာရှိသလော။ (မြောက်မြားစွာ ရှိပါသည်။) ထိုသို့ဆိုသော် ယနေ့ သင်တို့အား အဖြစ်မှန် တစ်ခုကို နားလည်စေရန် ငါ ကူညီမည်၊ ဤကဲ့သို့သော အမြင်မျိုးကို စွဲကိုင်ထားသော သူ တစ်ဦးချင်းစီ နှင့် အယောက်တိုင်းသည် ၎င်းတို့ကိုယ်တိုင် အခက်တွေ့အောင် လုပ်နေခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးများကို ဖုံးကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများကို အသုံးပြုနေကြသောကြောင့် ဖြစ်သည်။ လူအပေါ် ဘုရားသခင် တောင်းဆိုသော အရာ၏ စံနှုန်းကိုအစားထိုးသည့် ၎င်းတို့၏ စိတ်ကူးများ နှင့် ၎င်းတို့၏ ကိုယ်ပိုင် ကောက်ချက်များမှာ ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်များကို လက်ခံစေရန် ၎င်းတို့အား ချုပ်တည်းထားခြင်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိခြင်းကို မခံစားရစေရန် ပြုလုပ်နေခြင်း နှင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို မခံရစေရန် နှင့် ဘုရားသခင်၏ ကတိထဲ၌ နေရာ သို့မဟုတ် ဝေစု မရှိစေရန် ၎င်းတို့၏ အခွင့်အရေးကို ဆုံးရှုံးအောင် လုပ်နေခြင်းပင် ဧကန် ဖြစ်ပေသည်။

လူ၏ အဆုံးသတ်ကို ဘုရားသခင် သတ်မှတ်ပုံ နှင့် လူ၏ အဆုံးသတ်ကို သတ်မှတ်သော သူ၏ စံနှုန်း

သင်၌ သင်၏ ကိုယ်ပိုင် အမြင် သို့မဟုတ် ကောက်ချက် တစ်စုံတစ်ရာ မရှိမီ သင်သည် သင့်အပေါ်၌ ရှိသော ဘုရားသခင်၏ သဘောထား၊ ဘုရားသခင်သည် အဘယ်အရာကို စဉ်းစားနေကြောင်းကို ဦးစွာ နားလည်သင့်ပြီး၊ ထို့နောက် သင်၏ ကိုယ်ပိုင် အတွေးအခေါ် မှန်သည် မမှန်သည်ကို ဆုံးဖြတ်သင့်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် အချိန် အတိုင်းအတာယူနစ်များကို မည်သည့်အခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးပေ၊ ထို့အပြင် သူသည် တစ်စုံတစ်ဦး ခံစားရသည့် ဒုက္ခဆင်းရဲ ပမာဏကို အသုံးပြုကာ ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ခဲ့ခြင်း တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပေ။ ထိုသို့ဆိုသော် လူ၏ အဆုံးသတ်ကို သတ်မှတ်ရန် စံနှုန်း တစ်ခုအဖြစ် ဘုရားသခင်သည် မည်သည့် အရာကို အသုံးပြုသနည်း။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် အချိန် အတိုင်းအတာယူနစ်များကို အသုံးပြုခြင်းမှာ လူတို့၏ အယူအဆများနှင့် အလွန် ကိုက်ညီသည်။ ထို့အပြင် သင်တို့ မကြာခဏ မြင်ရသော လူပုဂ္ဂိုလ်များလည်း ရှိပြီး ထိုသူများမှာ တစ်ချိန်တစ်ခါက များစွာ ဆက်ကပ်ခဲ့သော၊ အသုံးခံခဲ့သော၊ အဖိုးအခ ပေးခဲ့သော၊ ဒုက္ခဆင်းရဲ ခံခဲ့သောသူများ ဖြစ်ကြသည်။ သင်တို့၏ အမြင်တွင် ထိုသူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။ ဤလူများ ပြသသည့် အရာမှန်သမျှ၊ ၎င်းတို့ အသက်ရှင်နေထိုင်မှု မှန်သမျှသည် လူ၏ အဆုံးသတ်ကို သတ်မှတ်သော ဘုရားသခင်၏ စံနှုန်း နှင့်ပတ်သက်သည့် လူသားမျိုး၏ အယူအဆပင် ဧကန် ဖြစ်သည်။ သင်တို့ မည်သည့် အရာကို ယုံကြည်သည် ဖြစ်စေ၊ ငါသည် ဤဥပမာများကို တစ်ခုပြီး တစ်ခု စာရင်းမှတ်မည် မဟုတ်ပေ။ အချုပ်အားဖြင့် ၎င်းမှာ ဘုရားသခင်၏ ကိုယ်ပိုင် အတွေးအခေါ် စံနှုန်း မဟုတ်ခြင်းကြောင့် ၎င်းမှာ လူ၏ စိတ်ကူးမှ လာခြင်း ဖြစ်ပြီး လူ၏ အယူအဆ သက်သက် ဖြစ်သည်။ သင်၏ ကိုယ်ပိုင် အယူအဆ နှင့် စိတ်ကူးအပေါ် မမြင်မစမ်း မလျော့တမ်းပြောခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ အကျိုးဆက်မှာ ဘုရားသခင်သည် သင့်အား ပစ်ပယ်ခြင်း တစ်ခုတည်းသာ ဖြစ်နိုင်သည်မှာ သိသာပါသည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အရည်အချင်းများကို ဘုရားသခင် ရှေ့၌ အမြဲ ကြွားလုံးထုတကာ ဘုရားသခင်နှင့် ယှဉ်ပြိုငပြီး အငြင်းပွားသောကြောင့် ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ တွေးခေါ်ခြင်းကို စစ်မှန်စွာ နားလည်သဘောပေါက်ရန် ကြိုးစားခြင်း မရှိသည့်အပြင် လူသားတို့အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့် သဘောထားကို နားလည်သဘောပေါက်ရန် မကြိုးစားခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆက်သွားခြင်းမှာ သင့်ကိုယ်သင် အရာခပ်သိမ်းအထက် ချီးမြှောက်ခြင်းပင် ဖြစ်သည်၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ယုံကြည်သည်၊ ဘုရားသခင်ကို မယုံကြည်ပေ။ ဘုရားသခင်သည် ဤကဲ့သို့ လူ အမျိုးအစားကို အလို မရှိသည့်အပြင် ကယ်တင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤ အမြင်မျိုးကို လက်လွှတ်နိုင်ပါက အတိတ်က မှားယွင်းသော ဤ အမြင်များကို ပြုပြင်လော့၊ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များ နှင့်အညီ ရှေ့ဆက်နိုင်ပါက ဤ အဆင့်မှ အစပြုကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို စတင်၍ လက်တွေ့လုပ်ဆောင်လော့၊ အရာခပ်သိမ်းတွင် ဘုရားသခင်သည် ကြီးမြတ်သည်ဟူ၍ ချီးမြှောက်လော့၊ သင့်ကိုယ်သင် အဓိပ္ပာယ်ဖွင့်ရန်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန် သင်၏ ကိုယ်ပိုင်စိတ်ကူးများ၊ သဘောထားများ သို့မဟုတ် ယုံကြည်မှုများကို အသုံးမပြုနှင့်။ ထို့အပြင် ၎င်းအစား သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာမည်၊ လူသားတို့အပေါ် ဘုရားသခင်၏ သဘောထားကို သဘောပေါက်ခြင်း နှင့် အသိတစ်ခုကို သင် ရရှိပြီး သင်သည် ဘုရားသခင်၏ စံနှုန်းကို အသုံးပြု၍ ဘုရားသခင်ကို ကျေနပ်စေမည် ဆိုပါက ၎င်းမှာ အံ့သြလောက်အောင်ပင် ဖြစ်လေမည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးအပေါ်၌ စတင်လုနီးပါး ဖြစ်သည်ဟု ဤအရာက ဆိုလိုခြင်း ဖြစ်လိမ့်မည်။

ဘုရားသခင်သည် ဤနည်း သို့မဟုတ် ထိုနည်းဖြင့် လူတို့ တွေးပုံတွေးနည်း၊ ၎င်းတို့၏ အတွေးအခေါ်များ နှင့် သဘောထားများကို စံနှုန်း တစ်ခုအဖြစ် အသုံးပြု၍ လူတို့၏ အဆုံးသတ်ကို မသတ်မှတသည့်အတွက်၊ သူသည် မည်သည့် စံနှုန်းကို အသုံးပြုသနည်း။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုသည်။ လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုရာ၌ စံနှုန်း နှစ်ခု ရှိသည်၊ ပထမ စံနှုန်းမှာ လူတို့ ကြုံရသော စမ်းသပ်မှု အရေအတွက် ဖြစ်ပြီး ဒုတိယမှာ ဤ စမ်းသပ်မှုများထဲမှ လူတို့၏ ရလဒ်ပင် ဖြစ်သည်။ လူတို့၏ အဆုံးသတ်ကို သတ်မှတ်ပေးသော အရာမှာ ဤ အညွှန်း နှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းများ နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းကြမည်။

ပထမဦးစွာ သင်သည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရပါက (မှတ်သားရန်မှာ ဤစမ်းသပ်မှုသည် သင်၏ အမြင်တွင် သေးငယ်သော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး ဖော်ပြရန်ပင် မထိုက်တန်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်)၊ ဤသည်မှာ သင့်အပေါ် ဘုရားသခင် ပြုခြင်း ဖြစ်ကြောင်း နှင့် ဤအခြေအနေကို စီစဉ်ခဲ့သူမှာ ဘုရားသခင် ဖြစ်ကြောင်းကို ဘုရားသခင်သည် သင့်အား ထင်ရှားစွာ သိစေမည်။ သင်၏ ဝိညာဉ်အသက်တာ မရင့်ကျက်သည့်အခါ ဘုရားသခင်သည် သင့်ကို စစ်ဆေးရန်အလို့ငှာ စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်။ ဤစမ်းသပ်မှုများမှာ သင်၏ ဝိညာဉ်အသက်တာနှင့် ညီမျှပြီး သင်တို့ နားလည်နိုင်၍ သင်တို့ ကြံ့ကြံ့ခံနိုင်သော စမ်းသပ်မှုများ ဖြစ်လိမ့်မည်။ သင်၏ မည်သည့် အပိုင်းကို စစ်ဆေးခြင်း ဖြစ်သနည်း။ ဘုရားသခင်အပေါ် သင်၏ သဘောထားကို စစ်ဆေးခြင်း ဖြစ်သည်။ ဤ သဘောထားမှာ အလွန် အရေးကြီးသလော။ အမှန်ပင် အရေးကြီးသည်။ ထိုမျှမက ၎င်းမှာ အထူးသဖြင့် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဤသဘောထားမှာ ဘုရားသခင် အလိုရှိသော ရလဒ် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ပတ်သက်၍ကား ၎င်းမှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် ဤကဲ့သို့ အလုပ်များကို လုပ်ခြင်းအားဖြင့် သူ၏ ကြိုးပမ်းမှုများကို အသုံးပြုခဲ့လိမ့်မည် မဟုတ်ပေ။ ဤစမ်းသပ်မှုများအားဖြင့် ဘုရားသခင်သည် သူ့အပေါ် သင်၏ သဘောထားကို မြင်လိုသည်၊ သင်သည် မှန်သော လမ်းကြောင်းပေါ်၌ ရှိမရှိကို သူ မြင်လိုပြီး သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း ရှိမရှိ သူ မြင်လိုသည်။ ထို့ကြောင့် သင်သည် သီးသန့်ဖြစ်သော ထိုအချိန်က သမ္မာတရားကို များစွာ သို့မဟုတ် အနည်းငယ် နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ စမ်းသပ်မှုကို ရင်ဆိုင်ရဦးမည် ဖြစ်၍ သင် နားလည်သော သမ္မာတရား တစ်စုံတစ်ရာ တိုးပွားလာပြီးနောက်တွင် ဘုရားသခင်သည် သင့်အတွက် ကိုက်ညီသော စမ်းသပ်မှုများကို ဆက်လက် စီစဉ်လိမ့်မည် ဖြစ်သည်။ သင်သည် စမ်းသပ်မှု တစ်ခုကို နောက်တပ်တစ်ကြိမ် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်အပေါ် သင်၏ ရှုထောင့်၊ အတွေးအခေါ်များ နှင့် သဘောထားများသည် ထိုအချိန်အတောအတွင်း ကြီးပွားတိုးတက်မှု တစ်စုံတစ်ရာ ရှိမရှိကို ဘုရားသခင် မြင်လိုသည်။ လူအချို့က "ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ သဘောထားများကို အမြဲ မြင်လိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ကြောင်းကို ဘုရားသခင် မမြင်သေးသလော။ သူသည် လူတို့၏ သဘောထားများကို အဘယ်ကြောင့် မြင်လိုသေးသနည်း" ဟု ဆိုကြသည်။ ဤသည်မှာ ထင်ရာမြင်ရာပြောသော ပေါက်ကရစကား ဖြစ်လိုက်လေချင်း။ ဘုရားသခင်သည် ဤကဲ့သို့ ဆက်လက် လုပ်ဆောင် သည့်အတွက် ဘုရားသခင်၏ ရည်မှန်းချက်များ ရှိရမည် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ ဘေးမှ အမြဲ လေ့လာနေသည်၊ ၎င်းတို့၏ စကားလုံး တစ်လုံးချင်းစီ နှင့် လုပ်ဆောင်မှု တစ်ခုချင်းစီ၊ ၎င်းတို့၏ ပြုမူပုံ နှင့် လှုပ်ရှားပုံ တစ်ခုချင်းစီနှင့် ၎င်းတို့၏ အတွေး နှင့် စိတ်ကူးများကိုပင်လျှင် စောင့်ကြည့်နေသည်။ လူ၌ ဖြစ်သော အရာခပ်သိမ်း၊ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ အမှားများ၊ အပြစ်များ နှင့် ၎င်းတို့၏ ပုန်ကန်မှုများ နှင့် သစ္စာဖောက်မှုများပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ရာ၌ အထောက်အထားအဖြစ် မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် တစ်ဆင့်ပြီး တစ်ဆင့် အရှိန်မြင့်လာသောကြောင့် သင်သည် သမ္မာတရားကို ပို၍ ပို၍ ကြားရခြင်း၊ အပြုသဘောဆောင်သော အရာများ၊ အပြုသဘောဆောင်သော အချက်အလက် နှင့် သမ္မာတရား၏ စစ်မှန်မှုကို ပို၍ ပို၍ လက်ခံခြင်း ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာလည်း တိုးပွားလာမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် သင့်အတွက် ပို၍ ပြင်းထန်သော စမ်းသပ်မှုများကို စီစဉ်ပေးမည် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ထိုအချိန်အတောအတွင်း ရင့်ကျက်လာခြင်း ရှိမရှိ ဆန်းစစ်ရန် ဖြစ်သည်။ ဤအချိန်အတွင်း သင့်အား ဘုရားသခင် တောင်းဆိုသော သဘောထားမှာ သမ္မာတရား၏ စစ်မှန်မှုအကြောင်း သင်၏ နားလည်မှု နှင့် ကိုက်ညီမည်မှာ အမှန်ပင် ဖြစ်သည်။

သင်၏ ဝိညာဉ်အသက်တာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင့်အား ဘုရားသခင် တောင်းဆိုသော စံနှုန်းမှာလည်း တဖြည်းဖြည်း မြင့်လာမည် ဖြစ်သည်။ သင် မရင့်ကျက်သည့်အခါ ဘုရားသခင်သည် အလွန်နိမ့်သော စံနှုန်းတစ်ခုကို ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်အသက်တာ အနည်းငယ် ကြီးထွားသည့်အခါ ဘုရားသခင်သည် အနည်းငယ်ပိုမြင့်သော စံနှုန်းတစ်ခုကို ပေးမည် ဖြစ်သည်။ သို့သော်လည်း သင်သည် သမ္မာတရားအားလုံးကို နားလည်ပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ ဘုရားသခင်သည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများအကြားတွင် ဘုရားသခင် ရလိုသော အရာ၊ ဘုရားသခင် မြင်လိုသော အရာမှာ ဘုရားသခင်အပေါ် ပို၍ နက်ရှိုင်းသော အသိ နှင့် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပိုမြင့်လာပြီး သင်၏ ဝိညာဉ်အသက်တာ မရင့်ကျက်ခဲ့သည်ထက် "ပို၍ပြင်းထန်မည်" ဖြစ်သည် (မှတ်ချက်- လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း ဘုရားသခင်က ၎င်းမှာ အကျိုးသင့်အကြောင်းသင့် ဖြစ်သည်ဟု မြင်သည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကိုပေးသည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သော စစ်မှန်မှုကို ဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား ၎င်းတို့၏ စိတ်နှလုံးကို ပေးရန် အဆက်မပြတ် တောင်းလျက်ရှိသည်။ လူအချို့က "တစ်ယောက်သောသူသည် ၎င်းကို မည်ကဲ့သို့ ပေးသနည်း" ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည်၊ ကျွန်ုပ်၏ နေအိမ် နှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့သည်၊ ဘုရားသခင်အတွက် ကျွန်ုပ် အသုံးခံခဲ့သည်။ ဤအရာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၏ ဥပမာများ အားလုံးပင် ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား အခြား မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤ ဥပမာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးသော ဥပမာများ မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက် အတိအကျမှာ အဘယ်နည်း" ဟု ဆိုတတ်ကြသည်။ ဤ သတ်မှတ်ချက်မှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ လက်တွေ့တွင် လူအချို့တို့သည် ၎င်းတို့၏ စမ်းသပ်မှုများ၏ အမျိုးမျိုးသော အတိုင်းအတာ နှင့် အမျိုးမျိုးသော အဆင့်များ၌ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနှင့်ပြီးသောသူများ ဖြစ်သည်။ သို့သော်လည်း လူပေါင်း မြောက်မြားစွာတို့သည် ၎င်းတို့၏ စိတ်နှလုံးကို မည်သည့်အခါမျှ ပေးခြင်း မရှိပေ။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှု တစ်ခုကို ပေးသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိမရှိ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှု တစ်ခုကို ပေးသည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ရှိမရှိ သို့မဟုတ် သင်သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်နေခြင်း ရှိမရှိ ဘုရားသခင် ကြည့်ပြီး သင်၏ စိတ်နှလုံးသည် သူ ဘက်၌ တစ်ဖက်တည်း ရှိမရှိ သူ ကြည့်သည်။ သင်သည် ရင်ကျက်ခြင်း မရှိသည့်အပြင် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သင်၏ ယုံကြည်မှုသည် အလွန်နိမ့်ပြီး သင်၌ သမ္မာတရားအပေါ် ကန့်သတ်ထားသော အသိ တစ်ခုရှိခြင်းကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်မီစေရန်အလို့ငှာ သင် ပြုရန် လိုအပ်သည်တို့ကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ ဤအရာအားလုံး ဖြစ်ပေါ်စေကာမူ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာ နှင့် ရိုးသားစွာ ဆက်၍ ဆုတောင်းနိုင်ပြီး တန်ဖိုးရှိသည်ဟု သင် ယုံကြည်သော ထိုအရာများကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိဦးမည် ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးသော အကြောင်း ဖြစ်သည်။ သင်သည် တရားဒေသနာကို ပို၍ ပို၍ နားထောင်ပြီး သမ္မာတရားကို ပို၍ ပို၍ နားလည်လာသည်နှင့်အမျှ သင်၏ ဝိညာဉ်အသက်တာသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာမည် ဖြစ်သည်။ ဤအချိန်တွင် သင့်အား ဘုရားသခင် တောင်းဆိုသော စံနှုန်းမှာ သင် မရင့်ကျက်သည့် အချိန်ကနှင့် မတူပေ၊ သူသည် ထိုထက် မြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလေသည်။ လူ၏ စိတ်နှလုံးကို ဘုရားသခင်ထံ တဖြည်းဖြည်းချင်း ပေးပြီးသည့်အခါ ၎င်းသည် ဘုရားသခင် နှင့် သာ၍ သာ၍ နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်၏ အနီးသို့ စစ်မှန်စွာ ရောက်နိုင်သည့်အခါ ၎င်းတို့သည် သူ့ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု တိုး၍ ရှိလာကြသည်။ ဘုရားသခင်သည် ဤကဲ့သို့ စိတ်နှလုံးကို အလိုရှိသည်။

ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ရလိုသည့်အခါ သူသည် ၎င်းတို့အား စမ်းသပ်မှု အတော်များများကို ပေးမည် ဖြစ်သည်။ ဤစမ်းသပ်မှုများအတွင်း အကယ်၍ ဘုရားသခင်သည် ဤလူ၏ စိတ်ကို မရဘဲ ဤလူ၌ သဘောထား တစ်စုံတစ်ရာ ရှိကြောင်း သူ မမြင်သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့သော ပုံစံဖြင့် စတင် ကျင့်ဆောင်ကြောင်း သို့မဟုတ် ပြုမူကြောင်း သူ မမြင်သလို ဤလူထံမှ မကောင်းမှုကို ရှောင်ရှားသည့် သဘောထား နှင့် စိတ်ဆုံးဖြတ်ချက် တစ်ခုကို မမြင်သည်ကို ဆိုလိုသည်။ အကယ်၍ ဤသည်မှာ ယင်းကဲ့သို့ ဖြစ်၍ စမ်းသပ်မှု အတော်များများ ပြီးနောက် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ဤလူပုဂ္ဂိုလ်ထံမှ ရုပ်သိမ်းမည် ဖြစ်ပြီး ဤလူကို နောက်ထပ် သည်းခံမည် မဟုတ်ပေ။ သူသည် ၎င်းတို့အား စမ်းသပ်မှုများကို ပေးတော့မည်မဟုတ်သည့်အပြင် သူသည် ၎င်းတို့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ထိုအခါ ဤလူ၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်သည်ဟု ဆိုလိုသနည်း။ ၎င်းတို့ထံ၌ အဆုံးသတ် ရှိလိမ့်မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤလူသည် မကောင်းမှု မပြုဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ဖျက်လိုဖျက်ဆီးလုပ်ရန် သို့မဟုတ် အနှောင့်အယှက်ပြုရန် တစ်စုံတစ်ရာမှ မပြုခဲ့ဖူးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း အတိုက်အခံ မပြုဖူးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း ဤလူ၏ စိတ်နှလုံးမှာ ဘုရားသခင်ထံမှ ဖုံးကွယ်ထားလေသည်။ ၎င်းတို့ထံ၌ ဘုရားသခင်အပေါ် ရှင်းလင်းသော သဘောထား နှင့် အမြင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပေ၊ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးမှာ သူ့ထံသို့ ပေးပြီးခဲ့ကြောင်းကို ဘုရားသခင် ရှင်းလင်းစွာ မမြင်ရသည့်အပြင် ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန် ကြိုးပမ်းနေကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရပေ။ ဘုရားသခင်သည် ဤလူများအပေါ် စိတ်ရှည်ခြင်း၊ တစ်စုံတစ်ရာ အဖိုးအခ ပေးခြင်း၊ သနားခြင်းကရုဏာတို့ကို ပေးခြင်းရှိမည် မဟုတ်တော့သည့်အပြင် သူသည် ၎င်းတို့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် ဤလူ၏ ယုံကြည်ခြင်း အသက်တာမှာ ကုန်ဆုံးနှင့်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူအား ဘုရားသခင် ပေးပြီးသည့် များစွာသော စမ်းသပ်မှုအားလုံး၌ ဘုရားသခင်သည် သူ အလိုရှိသောရလဒ်ကို မရသေးခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့၎င်းတို့ အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ဉာဏ်အလင်း နှင့် အလင်းပေးခြင်းကို ငါ တစ်ခါမျှ မမြင်ခဲ့ဖူးသော လူတစ်စု ရှိ၏။ ဤအရာကို မြင်ရန်မှာ အဘယ်သို့ ဖြစ်နိုင်ခြေ ရှိမည်နည်း။ ဤလူအမျိုးအစားသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အပေါ်ယံတွင် ၎င်းတို့သည် အလွန် တက်ကြွခဲ့ကြသည်။ ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ရှုပြီးကြကာ၊ အရေးကိစ္စများစွာကို ကိုင်တွယ်ပြီးကြပြီး၊၊ မှတ်စုစာအုပ် ၁၀ အုပ်တွင် မှတ်စုများ အပြည့်ရေးမှတ်ပြီးသလို စာများ နှင့် သြဝါဒ မြောက်မြားစွာတို့ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ပြီးကြပေသည်။ သို့သော်လည်း မြင်သာသော ကြီးထွားမှု တစ်စုံတစ်ရာ တစ်ခါမျှ မရှိသည့်အပြင် ဤလူထံမှ ဘုရားသခင်အပေါ် မြင်သာသော ရှုထောင့် နှင့် ရှင်းလင်းသော သဘောထား တစ်စုံတစ်ရာ တစ်ခါမျှ မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် ဤလူ၏ စိတ်နှလုံးကို မမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးမှာ အမြဲ ထုပ်ပိုးထားသည်၊ ၎င်းတို့၏ စိတ်နှလုံးကို ချိတ်ပိတ်ထားကြသည်၊ ဤလူ၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင် မမြင်စေရန် ဘုရားသခင်ကို ပိတ်ပင်ထားသည်၊ ဘုရားသခင်အပေါ် ဤလူ၏ စစ်မှန်သော ကြောက်ရွံ့ခြင်းကို သူ မြင်ဖူးခြင်း မရှိပေ၊ ထိုမျှမက ဤလူသည် ဘုရားသခင်၏ လမ်းခရီး၌ မည်ကဲ့သို့ လျှောက်လှမ်းကြောင်းကို သူ မမြင်ဖူးပေ။ အကယ်၍ ယခုတိုင်အောင် ဘုရားသခင်သည် ဤလူ အမျိုးအစားကို မရသေးပါက သူသည် အနာဂတ်တွင် ၎င်းတို့ကို ရနိုင်မည်လော။ သူ ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် မရနိုင်သော အရာများအတွက် ဆက်၍ တွန်းအားပေးလိမ့်မည်လော။ တွန်းအားပေးလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဤလူများအပေါ် ဘုရားသခင်၏ လက်ရှိ သဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့အား ပစ်ပယ်ပြီး၊ ဂရုမစိုက်ပေ။) သူသည် ၎င်းတို့ကို ဂရုမစိုက်ပါ။ ဘုရားသခင်သည် ဤလူ အမျိုးအစားကို ဂရုမစိုက်ပေ၊ ၎င်းတို့ကို သူ ပစ်ပယ်သည်။ သင်တို့သည် ဤ နှုတ်ကပတ်တော်များကို အလွန် လျင်မြန်စွာ၊ အလွန် တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ကြပြီး ဖြစ်သည်။ သင်တို့သည် သင်တို့ ကြားခဲ့ပြီးသော အရာတို့ကို နားလည်ပြီဟု ထင်ရပါသည်။

ဘုရားသခင် နောက်သို့ စတင်လိုက်ကြသည့်အချိန်မှ ရင့်ကျက်ခြင်း မရှိဘဲ ပညာမဲ့ကြသော် လူအချို့ ရှိလေသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြပေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းကိုလည်း ၎င်းတို့ မသိကြဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်း နှင့်ပတ်သက်၍ လူလုပ်ပြီး မှားယွင်းသော နည်းလမ်းတစ်ခုကို သဘောတူလက်ခံလျက်ရှိကြသည်။ ဤကဲ့သို့သော လူအမျိုးအစားသည် စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းကို မသိကြဘဲ ဘုရားသခင်၏ လမ်းညွှန်မှု နှင့် ဉာဏ်အလင်းပေးခြင်းအပေါ် ထုံအကြသည်။၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခြင်း နှင့် စမ်းသပ်မှု တစ်ခုအတွင်း မြဲမြံစွာ ရပ်တည်ခြင်း ဆိုသည်မှာ မည်သည့် အရာ ဖြစ်ကြောင်းကို မသိကြပေ။ ဘုရားသခင်သည် ဤလူအား အချိန် အကန့်အသတ် တစ်ခုကို ပေးပြီး ဤအချိန် အတောအတွင်း သူသည် ၎င်းတို့အား ဘုရားသခင်၏ စမ်းသပ်မှု ဆိုသည်မှာ အဘယ်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ ဆိုသည်မှာ အဘယ်အရာ ဖြစ်ကြောင်းကို နားလည်စေမည် ဖြစ်သည်။ ထို့နောက်တွင် ဤလူသည် ၎င်းတို့၏ ရှုထောင့်အမြင်ကို ပြသရန် လိုအပ်သည်။ ဤအဆင့်၌ရှိသော ထိုလူများ နှင့်ပတ်သက်၍ ဘုရားသခင်သည် ဆက်၍ စောင့်ဆိုင်းလျက်ရှိသည်။ အမြင်အချို့ ရှိသော်လည်း ရှေ့နောက် ယိမ်းယိုင်နေဆဲ ဖြစ်၍ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုသော်လည်း ထိုသို့ ပေးရန် မပြေလည်ခြင်း၊ ၎င်းတို့သည် အခြေခံကျသော အချို့သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခဲ့သော်လည်း ကြီးမားသော စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရသည့်အခါ အချာင်ခိုပြီး လက်လျှော့လိုသောသူများ နှင့်ပတ်သက်၍ ဤလူများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၌ ဤလူများအပေါ် အနည်းငယ်သော မျှော်မှန်းချက် ရှိသေးသည်။ ရလဒ်မှာ ၎င်းတို့၏ သဘောထားများ နှင့် လုပ်ဆောင်မှုများအပေါ် မူတည်သည်။ အကယ်၍ လူများသည် တိုးတက်ရန် တက်ကြွခြင်း မရှိသည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့ တုံ့ပြန်သနည်း။ သူ လက်လျှော့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကို လက်မလျှော့မီ သင်သည် သင့်ကိုယ်သင် လက်လျှော့နှင့်ပြီ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ယင်း လက်လျှော့ခြင်းကြောင့် ဘုရားသခင်ကို အပြစ်တင်၍ မရနိုင်ပေ၊ သင် အပြစ်တင်နိုင်သလော။ ဤသည်မှာ တရားမျှတသလော။ (တရားမျှတပါသည်။)

လက်တွေ့ကျသော မေးခွန်းတစ်ခုက လူများအထဲ၌ ကသိကအောင့်ဖြစ်ခြင်း အားလုံးကို ဖြစ်ပေါ်စေ၏

အားလုံးထဲတွင် အလွန် ဝမ်းနည်းဖွယ် အကောင်းဆုံး အဆုံးသတ် ရှိသော အခြားလူ အမျိုးအစား ရှိသည်။ ၎င်းတို့မှာ ငါ အနည်းဆုံး ဖော်ပြလိုသော သူများပင် ဖြစ်သည်။ ဤလူသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံရရှိသည့်အတွက် သို့မဟုတ် ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပြင်းထန်ခြင်းကြောင့် ၎င်းတို့၌ ဝမ်းနည်းဖွယ် အဆုံးသတ် တစ်ခု ရှိခြင်းကြောင့် ဝမ်းနည်းစရာ ဖြစ်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့သည် ကိုယ့်သေတွင်းကို ကိုယ်တူးကြသည်ဟူ၍ မကြာခဏ အဆိုရှိသကဲ့သို့ ၎င်းတို့ကိုယ်တိုင် ပြုခြင်းကြောင့် ဝမ်းနည်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ဤလူ အမျိုးအစားမှာ အဘယ်နည်း။ ဤလူသည် မှတ်သော လမ်းကြောင်းကို မလျှောက်ပေ၊ ထို့်အပြင် ၎င်းတို့၏ အဆုံးသတ်မှာ ကြိုတင်၍ ထုတ်ဖော်ပြထားပြီး ဖြစ်သည်။ ဤလူအမျိုးအစားမှာ သူ၏ စက်ဆုပ်ရွံရှာခြင်း၏ အဆုံးစွန်သော ပစ်မှတ်အဖြစ် ဘုရားသခင် ရှုမြင်သည်။ လူတို့ ဆိုသကဲ့သို့ပင် ဤသူများမှာ အလွန် ဝမ်းနည်းဖွယ် အကောင်းဆုံးသူများ ဖြစ်ကြသည်။ ဤလူ အမျိုးအစားသည် ဘုရားသခင် နောက်သို့ စလိုက်သည့်အချိန်တွင် အလွန် စိတ်အားထက်သန်ကြသည်၊ ၎င်းတို့သည် အဖိုးအခ များစွာကို ပေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုအပေါ် ကောင်းသော အမြင် တစ်ခု ရှိကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် နှင့်ပတ်သက်၍ စိတ်ကူးစိတ်သန်း အပြည့် ရှိကြသည်၊ ၎င်းတို့သည် အထူးသဖြင့် ဘုရားသခင်အပေါ် ယုံကြည်ကြသည်၊ ဘုရားသခင်သည် လူကို စုံလင်စေနိုင်သည်ဟု ယုံကြည်ကြပြီး လူကို မွန်မြတ်သော ခရီးပန်းတိုင်တစ်ခုသို့ ခေါ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဤလူသည် ဘုရားသခင်၏ အလုပ်လုပ်နေဆဲအချိန်တွင် ထွက်ပြေးသည်။ ဤလူ ထွက်ပြေးသည် ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် နှုတ်မဆက်ဘဲ အသံ မပြုဘဲ ပျောက်ကွယ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဘာမျှ မပြောဘဲ ထွက်သွားကြသည်။ ဤလူ အမျိုးအစားသည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာ ဆိုသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့် လမ်းကြောင်းပေါ်၌ အမြစ် တစ်စုံတစ်ရာကို အမှန်တကယ် တစ်ကြိမ်တစ်ခါမျှ ချခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် မည်မျှ ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းနိုင်သေးသည်။ လူအချို့သည် စီးပွားရေးလုပ်ငန်းထဲ သွားရန် ထွက်ခွာကြသည်၊ လူအချို့က ၎င်းတို့၏ ဘဝကို စိတ်ကြိုက် အသက်ရှင်ရန် ထွက်ခွာကြသည်၊ လူအချို့က ကြွယ်ဝချမ်းသာရန်အတွက် ထွက်ခွာကြသည်၊ လူအချို့က အိမ်ထောင်ပြု၊ ကလေး ယူရန် ထွက်ခွာကြသည် … ထွက်ခွာကြသော သူများအကြားတွင် အချို့တို့သည် အသိစိတ်၏ ထိုးနှက်မှု တစ်ခု ရှိကာ ပြန်လာလိုကြသူ ရှိပြီး လောကထဲ၌ နှစ်ပေါင်းများစွာ အလွန် ဆင်းရဲစွာ လွင့်မျောနေသော အခြားသူများ ရှိကြသည်။ ဤလွင့်မျောသူများသည် မြောက်မြားစွာသော ဒုက္ခဆင်းရဲကို ကြုံတွေ့ခံစားခဲ့ပြီး ဖြစ်၍ လောကထဲ၌ ရှိခြင်းမှာ အလွန် နာကျင်ဖွယ်ဖြစ်ကြောင်း နှင့် ၎င်းတို့သည် ဘုရားသခင်နှင့် ခွဲ၍ နေနိုင်မည် မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် သက်တောင့်သက်သာဖြစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို လက်ခံရရှိရန် ဘုရားသခင်၏ အိမ်သို့ ပြန်လာလိုကြပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အလို့ငှာ သို့မဟုတ် ကယ်တင်ခြင်းခံရ၍ လှပသောခရီးပန်းတိုင်တစ်ခုကို ရရန်အလို့ငှာ ဘုရားသခင်ကို ဆက်လက် ယုံကြည်လိုကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အတိုင်းမသိ ဖြစ်ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်သည် မကုန်မခမ်းနိုင်ကြောင်း နှင့် သုံး၍ မကုန်နိုင်ကြောင်းကို ဤလူများက ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့် အရာကိုမဆို ပြုခဲ့စေကာမူ ဘုရားသခင်သည် ၎င်းတို့အား ခွင့်လွှတ်သင့်ပြီး ၎င်းတို့၏ အတိတ်ကို သည်းခံသင့်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤလူများက ၎င်းတို့သည် ပြန်လာ၍ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်လိုသည်ဟု ဆိုကြသည်။ အသင်းတော်အား မိမိတို့၏ ပိုင်ဆိုင်မှု အချို့တို့ကို လှူဒါန်းခြင်းဖြင့်ပင်လျှင် ဤသည်မှာ ဘုရားသခင်၏ အိမ်သို့ မိမိတို့၏ အပြန်လမ်း ဖြစ်သည်ဟု မျှော်လင့်ကြသူများ ရှိသည်။ ဤလူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်သင့်သနည်း။ ထုတ်ဖော်ပြောဆိုရန် ဝန်မလေးပါနှင့်။ (ဘုရားသခင်သည် ဤလူ အမျိုးအစားကို လက်ခံမည်ဟု ထင်ခဲ့သော်လည်း ထိုအရာကို ယခုလေးတင် ကြားပြီးနောက်တွင် ၎င်းတို့အား နောက်တစ်ဖန် လက်မခံတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။) သင်၏ အကြောင်းပြချက်မှာ အဘယ်နည်း။ (ဤလူ အမျိုးအစားသည် ဘုရားသခင် ရှေ့သို့ လာကြသဖြင့် ၎င်းတို့၏ သေခြင်း အဆုံးသတ် ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သော ရိုးသားမှုထဲမှ ထွက်လာကြခြင်း မရှိပေ။ ယင်းအစား ဘုရားသခင်၏ အမှုသည် မကြာမီ ပြီးဆုံးလိမ့်မည်ဟူသော အသိဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို ရရှိရန် လှည့်စားမှု အောက်သို့ ရောက်လာကြသည်။) ဤလူသည် ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ ယုံကြည်ခြင်းမရှိသောကြောင့် ဘုရားသခင်သည် ၎င်းတို့အား ဝင်ခွင့်မပြုနိုင်ဟု သင်ဆိုနေသည်လော။ ၎င်းမှာ ထိုကဲ့သို့ ဖြစ်သလော။ (ဟုတ်ပါသည်။) (ငါ၏ နားလည်မှုမှာ ဤလူ အမျိုးအစားသည် အခွင့်အရေးသမားတစ်ဦး ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ မယုံကြည်ကြပေ။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မရောက်လာကြပေ၊ ၎င်းတို့သည် အခွင့်အရေးသမားတစ်ဦး ဖြစ်သည်။ မှန်လိုက်လေ။ ဤ အခွင့်အရေးသမားများမှာ အယောက်တိုင်း မုန်းတီးသော လူအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် လေတိုက်ရာ ဘက်သို့သာ ရွက်လွှင့်ကြပြီး တစ်စုံတစ်ခုကို မရပါက မည်သည့်အရာကိုမျှ လုပ်ရန် စိတ်အနှောင့်အယှက် ခံနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့မှာ အမှန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်။ အခြား ညီအစ်ကိုများ သို့မဟုတ် မောင်နှမများထံ၌ တစ်ခု ရှိသလော။ (ဘုရားသခင်၏ အလုပ်သည် ပြီးစီးလုနီးပါး ဖြစ်၍ ယခုအချိန်သည် လူတို့၏ အဆုံးသတ်များကို သတ်မှတ်လျက်နေပြီ ဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား ဝင်ခွင့်ပြုမည် မဟုတ်ပေ။ ဤလူများသည် ဤ အချိန်တွင် ပြန်လာလိုကြမည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားလိုခြင်းကြောင့် မဟုတ်ပေ၊ ဘေးအန္တရာယ်များ ကျဆင်းသွားခြင်းကို ၎င်းတို့ မြင်ခြင်းကြောင့်၊ သို့မဟုတ် ၎င်းတို့သည် ပြင်ပမှ အကြောင်းအရာများ၏ လွှမ်းမိုးခြင်းကို ခံနေရခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းတို့ထံ၌ သမ္မာတရားကို လေ့လာလိုက်စားသော စိတ်နှလုံး တစ်ခု အမှန်တကယ် ရှိခဲ့ပါက ၎င်းတို့သည် အလုပ် တစ်ဝက်တစ်ပျက်ဖြင့် မည်သည့်အခါမျှ ထွက်ပြေးကြလိမ့်မည် မဟုတ်ပေ။) အခြား ထင်မြင်ချက် တစ်စုံတစ်ရာ ရှိသလော။ (၎င်းတို့ကို လက်ခံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ၎င်းတို့အား အမှန်တကယ် အခွင့်အရေးများ ပေးခဲ့သည်၊ သို့သော် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ သူ့အား အမြဲ ဂရုမစိုက်ရန် ဖြစ်သည်။ ဤလူ၏ ရည်ရွယ်ချက်များမှာ မည်သို့ပင် ဖြစ်စေကာမူ၊ ထို့အပြင် ၎င်းတို့သည် အမှန်တကယ် နောင်တရစေကာမူ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ၎င်းတို့အား အခွင့်အရေး များစွာကို ပေးခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ သဘောထားကို အထင်အရှားပြနှင့်ပြီး ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ထွက်ခွာလိုခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ ယခု ပြန်လာလျှင် ဘုရားသခင်သည် ၎င်းတို့အား လက်မခံတော့ပေ။) (ဘုရားသခင်သည် ဤလူ အမျိုးအစားကို လက်မခံခြင်းကို ငါလည်း အသိအမှတ်ပြုံသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ လူတစ်ဦးသည် မှန်သောလမ်းကို မြင်တွေ့ခဲ့ကာ၊ ဘုရားသခင်၏ အမှုကို အချိန်ကာလ ကြာမြင့်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊ လောကသို့ ပြန်သွားကာ၊ စာတန်၏ ပွေ့ဖက်မှုသို့ ပြန်သွားနိုင်ပါက ဤသည်မှာ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်း တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရမှာ သနားခြင်းကရုဏာ၊ ချစ်ခြင်းမေတ္တာ ဖြစ်သော်လည်း ၎င်းမှာ မည်သည့် လူ အမျိုးအစားကို ဦးတည်နေကြောင်းအပေါ် မူတည်သည်။ အကယ်၍ ဤလူသည် နှစ်သိမ့်မှုကို ရှာရန်၊ မျှော်လင့်ချက်ထားနိုင်မည့် တစ်စုံတစ်ရာအတွက် ရှာဖွေရန် ဘုရားသခင် ရှေ့သို့ လာပါက၊ ဤလူ အမျိုးအစားသည် ဘုရားသခင်ကို မှန်ကန်ရိုးသားစွာ ယုံကြည်သော သူ အမျိုးအစား မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့အပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာမှာ ဤမျှသာ ရောက်လေသည်။) ဘုရားသခင်၏ အနှစ်သာရမှာ သနားခြင်းကရုဏာ ဖြစ်သည်၊ ထိုသို့ဆိုသော် သူသည် ဤလူကို အဘယ်ကြောင့် သနားခြင်းကရုဏာ အနည်းငယ် ထပ်မပေးသနည်း။ သနားခြင်းကရုဏာ အနည်းငယ်ကို ပေးပါက ၎င်းတို့သည် အခွင့်အရေး တစ်ခုကို ရကြသည် မဟုတ်လော။ ယခင်က ဘုရားသခင်သည် လူအယောက်တိုင်း ကယ်တင်ရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းကို မခံစားစေလိုပေ။ အကယ်၍ သိုးတစ်ရာထဲမှ သိုးတစ်ကောင် ပျောက်ပါက ဘုရားသခင်သည် ပျောက်သော တစ်ကောင်ကို ရှာရန် ကိုးဆယ်ကိုးကောင်ကို ချန်ခဲ့မည် ဖြစ်သည်။ ယနေ့အချိန်အခါတွင် ဤလူ အမျိုးအစား နှင့်ပတ်သက်၍၊ အကယ်၍ ၎င်းမှာ ဘုရားသခင်အပေါ် ၎င်းတို့၏ စစ်မှန်သော ယုံကြည်မှုကြောင့် ဖြစ်ပါက ဘုရားသခင်သည် ၎င်းတို့ကို လက်ခံသင့်ပြီး ဒုတိယအကြိမ် အခွင့်အရေး ပေးသင့််သည် မဟုတ်လော။ အကယ်စင်စစ် ၎င်းမှာ ခက်ခဲသော မေးခွန်းတစ်ခု မဟုတ်ပေ။ ၎င်းမှာ အလွန် ရိုးရှင်းလွယ်ကူပေသည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် စစ်မှန်စွာ နားလည်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော အသိ တစ်ခု ရှိပါက များများစားစား ရှင်းပြရန် မလိုအပ်ပေ၊ ထင်မြင်ချက် မြောက်မြားစွာလည်း မလိုအပ်ပေ၊ မဟုတ်သလော။ သင်တို့၏ အဖြေများသည် မှန်သော လမ်းကြောင်းပေါ်၌ ရှိသော်လည်း ၎င်းတို့ နှင့် ဘုရားသခင်၏ သဘောထားအကြားတွင် အကွာအဝေး အချို့ ရှိလျက်နေသေးသည်။

ဘုရားသခင်သည် ဤလူ အမျိုးအစားကို လက်ခံနိုင်မည် မဟုတ်ကြောင်း အခုလေးတင် သင်တို့အထဲမှ အချို့မှာ သေချာခဲ့ကြသည်။ အချို့တို့မှာ အလွန် ရှင်းလင်းခဲ့ကြခြင်း မရှိဘဲ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံကောင်းလက်ခံလိမ့်မည် ဖြစ်ပြီး လက်ခံကောင်းလက်ခံလိမ့်မည်မဟုတ်ဟု ယုံကြည်လျက်ရှိကြသည်၊ ဤ သဘောထားမှာ ပို၍ အသင့်အတင့် ဖြစ်သော သဘောထား ဖြစ်ပြီး ဘုရားသခင်သည် ဤလူ အမျိုးအစားကို လက်ခံသည်ဟူ၍ မျှော်လင့်သည့် ရှုထောင့်ရှိသော သူများ ရှိခဲ့သည်၊ ဤ သဘောထားမှာ မရေရာသော သဘောထား ဖြစ်သည်။ သေချာသော သဘောထား ရှိသူများက ဘုရားသခင်သည် ယခုတိုင်အောင် အလုပ်လုပ်နေခဲ့ပြီး သူ၏ အမှုမှာ စုံလင်သောကြောင့် ဘုရားသခင်သည် ဤလူများကို သည်းခံရန် မလိုအပ်ဟူ၍ ယုံကြည်ကြပြီး သူသည် ၎င်းတို့အား နောက်ထပ် လက်ခံမည် မဟုတ်ဟု ယုံကြည်ကြသည်။ အသင့်အတင့် ဖြစ်သော လူများက ဤ အရေးကိစ္စများကို ၎င်းတို့၏ အခြေအနေများ နှင့်အညီ ကိုယ်တွယ်ဖြေရှင်းသင့်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤလူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ခွဲခွာ၍ မရနိုင်ပါက ၎င်းတို့မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော သူ၊ သမ္မာတရားကို လေ့လာလိုက်စားသောသူ ဖြစ်သေးသည်၊ ထိုသို့ဖြစ်လျှင် ဘုရားသခင်သည် ၎င်းတို့၏ ယခင်က အားနည်ချက်များ နှင့် အမှားများကို သတိမရသင့်ပေ၊ သူသည် ၎င်းတို့အား ခွင့်လွှတ်သင့်သည်၊ ၎င်းတို့အား နောက်ထပ် အခွင့်အရေး ပေးသင့်သည်၊ ၎င်းတို့အား ဘုရားသခင်၏ အိမ်သို့ ပြန်လာကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခွင့်ပေးသင့်သည်။ သို့သော်လည်း အကယ်၍ ဤလူသည် နောက်ထပ်တစ်ကြိမ် ထွက်ပြေးပါက၊ ယင်းမှာ ဘုရားသခင်က ဤလူကို အလိုမရှိနိုင်တော့သည့် အချိန်ဖြစ်ပြီး ၎င်းတို့အပေါ် မတရားမှု တစ်ခု ပြုခြင်း ဖြစ်သည်ဟု သတ်မှတ်၍ မရနိုင်ပေ။ ဘုရားသခင်သည် ဤလူကို လက်ခံနိုင်မည်ဟု မျှော်လင့်သော အခြားအုပ်စု ရှိသည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံသည် သို့မဟုတ် လက်မခံသည်ကို ဤ အုပ်စုက ရှင်းလင်းစွာ မသပေ။ အကယ်၍ ဘုရားသခင်သည် ၎င်းတို့အား လက်ခံသင့်သည်ဟု ယုံကြည်သော်လည်း ၎င်းတို့အား ဘုရားသခင် လက်မခံပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့် နှင့် အနည်းငယ် ကိုက်ညီခြင်း မရှိဟု ထင်ရသည်။ အကယ်၍ ၎င်းတို့က ဘုရားသခင်သည် ၎င်းတို့အား ဝင်ခွင့်မပြုသင့်ပေဟု ယုံကြည်ပြီး ဘုရားသခင်က လူအပေါ် သူ၏ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ် မရှိဘဲ ဤလူအား နောက်တစ်ကြိမ် အခွင့်အရေး ပေးရန် သူ အလိုရှိသည်ဟု ပြောသောအချိန်နှင့် ကြုံကြိုက်ပါက ဤသည်မှာ လူသား၏ ပညာမဲ့ခြင်းကို ဖော်ထုတ်ပြခြင်း၏ ဥပမာတစ်ခုပင် ဖြစ်သည် မဟုတ်လော။ မည်သည့် အခြေအနေ၌မဆို သင်တို့ အားလုံး၌ သင်တို့၏ ကိုယ်ပိုင် ရှုထောင့်များ ရှိကြသည်။ ဤ ရှုထောင့်များမှာ သင်တို့၏ ကိုယ်ပိုင် အတွေးများထဲမှ အသိ တစ်ခု ဖြစ်သည်၊ ၎င်းတို့မှာ သမ္မာတရားအပေါ် သင်တို့ နားလည်ခြင်း၏ အတိမ်အနက် နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့အား နားလည်ခြင်း၏ ထင်ဟပ်မှု တစ်ခုလည်း ဖြစ်ကြသည်။ ကောင်းစွာ ပြောဆိုချက်ပေတည်း၊ မဟုတ်လော။ သင်တို့၌ ဤ ကိစ္စ နှင့်ပတ်သက်၍ ထင်မြင်ချက်များ ရှိကြသည်မှာ အံ့ဖွယ် ဖြစ်လေတကား။ သို့သော်လည်း သင်တို့၏ ထင်မြင်ချက်များမှာ မှန်သည် သို့မဟုတ် မမှန်သည် နှင့်ပတ်သက်၍ ယုံမှားသံသယ ဖြစ်ခြင်း တစ်ခု ရှိနေသေးသည်။ သင်တို့ အားလုံး အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိကြသလော။ "ထိုသို့ဆိုသော် မည်သည့် အရာမှာ မှန်သနည်း။ ကျွန်ုပ်သည် ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဘုရားသခင်သည် မည်သည့်အရာကိုို စဉ်းစားနေကြောင်း အတိအကျ မသိပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို တစ်စုံတစ်ခုမျှ မပြောခဲ့ပေ။ ဘုရားသခင်သည် မည်သည့အရာကို စဉ်းစားနေကြောင်း ကျွန်ုပ် အဘယ်သို့ သိနိုင်မည်နည်း။ လူအပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဘုရားသခင်၏ အတိတ်က သဘောထားအရ သူသည် ဤလူကို လက်ခံသင့်သည်။ သို့သော်လည်း ကျွန်ုပ်သည် ဘုရားသခင်၏ လက်ရှိ သဘောထား နှင့်ပတ်သက်၍ သိပ်မရှင်းပါ၊ သူသည် ဤလူကို လက်ခံကောင်းလက်ခံနိုင်သည်၊ သူသည် လက်ခံကောင်းလက်ခံမည်မဟုတ်ဟုသာ ကျွန်ုပ် ပြောနိုင်သည်။" ဤအရာမှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤအရာသည် သင်တို့အား အမှန်တကယ်ပင် အခက်ကြုံစေခဲ့ပြီဖြစ်သည်။ အကယ်၍ သင်တို့၌ ဤကိစ္စနှင့်ပတ်သက်၍ မှန်ကန်သော အမြင်တစ်ခု မရှိပါက သင်တို့၏ အသင်းတော်သည် ဤလူအမျိုးအစားကို ရင်ဆိုင်ရသည့်အခါ သင်တို့ အဘယ်သို့ ပြုကြမည်နည်း။ အကယ်၍ သင်တို့သည် ၎င်းကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက သင်တို့သည် ဘုရားသခင်ကို ပြစ်မှားကောင်း ပြစ်မှားကြလိမ့်မည်။ ဤသည်မှာ အန္တရာယ်ရှိသော အချက် တစ်ခု ဖြစ်သည် မဟုတ်လော။

ငါ ယခုလေးတင် ဆွေးနွေးနေခဲ့သော အရာ နှင့်ပတ်သက်၍ သင်တို့၏ အမြင်များအကြောင်းကို အဘယ်ကြောင့် ငါ မေးလိုသနည်း။ သင်တို့၏ ရှုထောင့်များကို ငါ စမ်းသပ်လိုခြင်း၊ သင်တို့၌ ဘုရားသခင်အကြောင်း မည်မျှ အသိ ရှိကြောင်းကို စမ်းသပ်လိုခြင်း၊ သင်တို့၌ ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့် ဘုရားသခင်၏ သဘောထားအကြောင်း မည်မျှ နားလည်မှုရှိကြောင်း စမ်းသပ်လိုခြင်း ဖြစ်သည်။ အဖြေမှာ အဘယ်နည်း။ အဖြေက သင်တို့၏ ရှုထောင့်များအတွင်း ရှိသည်။ သင်တို့ထဲမှ အချို့သည် အလွန် ရှေးရိုးဆန်ကြပြီး သင်တို့ထဲမှ အချို့သည် မှန်းဆရန်အတွက် ၎င်းတို့၏ စိတ်ကူးများကို အသုံးပြုနေကြသည်။ "မှန်းဆခြင်း" ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ သင်တို့သည် ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်းကို မသိသဖြင့် ဘုရားသခင်သည် ဤနည်း သို့မဟုတ် ထိုနည်းဖြင့် စဉ်းစားသင့်ကြောင်း နှင့်ပတ်သက်သည့် အခြေအမြစ် မရှိသော အတွေးများ သင်တို့၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သင်တို့၏ မှန်းဆချက်မှာ မှန်သည် သို့မဟုတ် မှားသည်ကို အမှန်တကယ် မသိကြခြင်းကြောင့် သင်တို့သည် မရေရာသော ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်း ဖြစ်သည်။ ဤအဖြစ်မှန်ကို ရင်ဆိုင်ရသည့်အခါ သင်တို့ မည်သည့် အရာကို မြင်သနည်း။ ဘုရားသခင် နောက်သို့ လိုက်သည့်အခါ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အာရုံစိုက်ခဲကြပြီး ဘုရားသခင်၏ အတွေးများ နှင့် လူအပေါ် ဘုရားသခင်၏ သဘောထားတို့ကို ဂရုစိုက်ခဲကြသည်။ သင်တို့သည် ဘုရားသခင်၏ အတွေးများကို နားမလည်ကြသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ ပါဝင်သော၊ ဘုရားသခင်၏ စိတ်သဘောထား ပါဝင်သော မေးခွန်းများကို မေးသည့်အခါ သင်တို့သည် စိတ်ရှုပ်ထွေးတတ်ကြသည်၊ သင်တို့သည် လွန်စွာ မရေမရာ ဖြစ်ပြီး မှန်းဆခြင်း ဖြစ်စေ အလောင်းအစားပြုခြင်း ဖြစ်စေ သင်တို့ ပြုကြသည်။ ဤ သဘောထားမှာ အဘယ်ကြောင့်နည်း။ ၎င်းက ဤအချက်ကို သက်သေပြပါသည်၊ ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် ကိုယ်တော့်ကို ဗလာနတ္တိဖြစ်သော လေကဲ့သို့၊ ရှင်းလင်းမှု မရှိဟု မှတ်ယူကြသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မသိကြခြင်းကြောင့် ဖြစ်သည်။ သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာ သင်တို့ မသိကြခြင်း မဟုတ်ပေ။ ထို့ထက် သင်တို့သည် ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိကြောင်းကို အစမှအဆုံးတိုင် မသိကြခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သဘောထားကို မမြင်နိုင် မသိနိုင်သော ထိုအချိန်များ၌ သင်သည် ၎င်းကို ချင့်ချိန်တွေးဆဖူးသလော။ ၎င်းကို သင် ရှာဖွေဖူးသလော။ ၎င်းကို သင် ဆွေးနွေးခဲ့ဖူးသလော။ မရှိပေ။ ဤသည်မှာ အဖြစ်မှန် တစ်ခုကို အတည်ပြုပေသည်၊ သင်၏ ထင်မြင်ယုံကြည်သော ဘုရားသခင် နှင့် စစ်မှန်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပေ။ ဘုရားသခင်ကို ယုံကြည်သော သင်သည် သင်၏ ကိုယ်ပိုင် အလိုဆန္ဒကိုသာ ချင့်ချိန်တွေးဆသည်၊ သင့် ခေါင်းဆောင်များ၏ အလိုဆန္ဒကိုသာ ချင့်ချိန်တွေးဆပြီး အပေါ်ယံသဘောသြဝါဒဆိုင်ရာ ဘုရားသခင့် နှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကိုသာ ချင့်ချိန်တွေးဆသော်လည်း ဘုရားသခင်၏ အလိုကို သိရန် အမှန်တကယ် ကြိုးစားခြင်း နှင့် ရှာဖွေခြင်း လုံးဝမရှိပေ။ ၎င်းမှာ ထိုကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အလွန်အမင်း ဆိုးရွားလိုက်လေချင်း။ နှစ်ပေါင်းများစွာသော ကာလအတွင်း ငါသည် ဘုရားသခင်ကို ယုံကြည်သော လူ မြောက်မြားစွာကို မြင်ဖူးသည်။ ဤယုံကြည်မှုသည် မည်သည့် ပုံသဏ္ဌာန်ကို ဆောင်သနည်း။ လူအချို့က ဘုရားသခငကို ဗလာနတ္တိဖြစ်သော လေကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်း နှင့်သက်ဆိုင်သည့် မေးခွန်းများအတွက် အဖြေ မရှိကြပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ခံစားနိုင်ခြင်း သို့မဟုတ် မသိကြခြင်းကြောင့် ဖြစ်သည်၊ ၎င်းကို ပို၍ပင် ရှင်းလင်းစွာ မြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိကြမည် မဟုတ်ပေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင် မတည်ရှိဟု ထင်တတ်ကြသည်။ အချိုက ဘုရားသခင်ကို လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ဘုရားသခင်သည် ၎င်းတို့ မလုပ်နိုင်သော အရာအားလုံးကို လုပ်နိုင်မည် မဟုတ်ဟူ၍ လည်းကောင်း ဘုရားသခင်သည် ၎င်းတို့ တွေးသည့်အတိုင်း တွေးသင့်သည်ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် ဤလူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ "မမြင်ရသော၊ ကိုင်တွယ်၍ မရသော လူတစ်ဦး" ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်ဟု ယုံကြည်ကြသော လူတစ်စုလည်း ရှိသည်။ ဘုရားသခင်၌ ခံစားချက်များ မရှိ၊ ဘုရားသခင်သည် ကျောက်ဆစ်ရုပ် တစ်ရုပ် ဖြစ်သည်ဟု ဤလူများက ယုံကြည်ကြသည်။ ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၌ သဘောထား မရှိ၊ ရှုထောင့် မရှိ၊ အတွေးအခေါ်များ မရှိ၊ သူသည် လူ၏ ပြုသမျှနုရမည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်း ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက သူသည် ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက သူသည် သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာကို လိုအပ်သည့်အခါ၊ ဘုရားသခင်၏ သည်းခံခြင်းကို လိုအပ်သည့်အခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ ဘုရားသခင်သည် သူ၏ သနားခြင်းကရုဏာကို ပေးသင့်သည်။ ဤလူများသည် ၎င်းတို့၏ ဦးနှောက်များထဲ၌ ဘုရားသခင်တစ်ပါးကို အကြံထုတ်ပုံဖော်ကာ ဤဘုရားသခင်အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် နှင့် ၎င်းတို့၏ အလိုဆန္ဒ အားလုံး ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့် အချိန် သို့မဟုတ် မည်သည့် နေရာ၌ ရှိစေကာမူ၊ ဤလူသည် မည်သည့် အရာကို ပြုစေကာမူ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှု နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ မိမိတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသောသူများပင် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး လူတို့ကဘုရားသခင်ကို မည်မျှပင် ပြစ်မှားပါစေ ဘုရားသခင်သည် ၎င်း ပြစ်မှားမှု တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည် မဟုတ်ဟု ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ ဒုစရိုက်များ နှင့် နာခံမှုမရှိခြင်းမှာ ထိုလူ့ စိတ်သဘောထား၏ ခေတ္တ ဖော်ပြချက်များဖြစ်သောကြောင့် ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကို ပေးပြီး ၎င်းတို့အပေါ် သည်းခံပြီး စိတ်ရှည်လိမ့်မည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ဆက်၍ ချစ်ဦးမည်။ ထို့ကြောင့် ၎င်းတို့၏ ကယ်တင်ခြင်း၏ မျှော်လင့်ချက်မှာ ကြီးမားနေဆဲဖြစ်သည်။ အမှန်မှာ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မည်မျှပင် ယုံကြည်စေကာမူ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့အပေါ် အနုတ်လက္ခဏာဆန်သော သဘောထားတစ်ခုကို ထားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်လျက်နေစဉ် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်ကို တန်ဖိုးထားကောင်းထားနိုင်သည်၊ ၎င်းကို နေ့စဉ် လေ့လာကာ၊ နေ့စဉ် ဖတ်ရှုသော်လည်း သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်သည်၊ သင်သည် သူ့အား ဗလာနတ္တိဖြစ်သော လေအဖြစ် လည်းကောင်း၊ လူတစ်ဦးအဖြစ် လည်းကောင်း သဘောထားပြီး အချို့မှာ သူ့ကို ရုပ်သေးရုပ် တစ်ရုပ်အဖြစ်သာ သဘောထားခြင်းကြောင့် ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤသို့ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါ မြင်သည့်ပုံစံမှ ဆိုပါက သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရခြင်း သို့မဟုတ် အခြေအနေတစ်ခုကို ကြုံတွေ့ရခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ ရှိသော ထိုအရာများ၊ အတွင်း၌ ကြီးထွားလာသော ထိုအရာ တစ်ခုမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ချိတ်ဆက်မှု တစ်စုံတစ်ရာ မရှိ သို့မဟုတ် သမ္မာတရားနောက်လိုက်ခြင်း မရှိပေ။ သင်သည် သင်ကိုယ်တိုင် တွေးနေသော အရာ၊ သင်၏ ကိုယ်ပိုင် ရှုထောင့်များကိုသာ သိပြီး သင်၏ ကိုယ်ပိုင် အတွေးအခေါ်များ၊ သင်၏ ကိုယ်ပိုင် ရှုထောင့်များကို ဘုရားသခင်အပေါ် အတင်းသွတ်သွင်းသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာပြီး ၎င်းရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းရမည့် စံနှုန်းများအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းသည် သင့်အား ဘုရားသခင်ထံမှ သာ၍ သာ၍ ဝေးကွာသွားစေသည်။

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှု လွဲမှားခြင်းများ အားလုံးကို စွန့်ခြင်း

သင်တို့ လက်ရှိ ယုံကြည်ကြသော ဤ ဘုရားသခင်သည် မည်ကဲ့သို့ ဘုရားသခင် ဖြစ်ကြောင်းကို သင်တို့ တွေးဖူးသလော။ ဆိုးယုတ်သောသူတစ်ဦး မကောင်းမှုများကို ပြုနေသည်ကို သူ မြင်သည့်အခါ သူသည် ၎င်းကို ရွံမုန်းသလော။ (၎င်းကို သူ ရွံမုန်းပါသည်။) ပညာမဲ့သော လူများ၏ အမှားများကို သူ မြင်သည့်အခါ သူ၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ (ဝမ်းနည်းခြင်း။) သူ၏ အလှူငွေများကို လူတို့ ခိုးယူနေသည်ကို သူ မြင်သည့်အခါ သူ၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့ကို သူ ရွံမုန်းလေမည်။) ဤအရာ အားလုံးမှာ အလွန်ပင် ရှင်းသည်၊ ဟုတ်သလော။ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် အရေးမထားဘဲ သမ္မာတရားကို မည်သည့် နည်းဖြင့်မျှ လေ့လာလိုက်စားခြင်း မရှိကြောင်းကို သူ မြင်သည့်အခါ ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ ဤတစ်ခု နှင့်ပတ်သက်၍ သင်တို့ လုံးဝ နားလည်ကြမည် မဟုတ်ပေ၊ မှန်သလော။ အရေးမစိုက်ခြင်းမှာ အပြစ် တစ်ခု မဟုတ်သော သဘောထားတစ်ခုဖြစ်ပြီး ၎င်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်ပေ။ ၎င်းကို ဆိုးဝါးသော အမှားတစ်ခုအဖြစ် မသတ်မှတ်သင့်ကြောင်း လူတို့က ယုံကြည်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသည်ဟု သင်ထင်သနည်း။ (သူသည် ၎င်းကို တုံ့ပြန်ရန် အလိုရှိမည် မဟုတ်ပေ။) တုံ့ပြန်ရန် အလိုရှိမည်မဟုတ်၊ ဤသည်မှာ အဘယ်ကဲ့သို့သော သဘောထား ဖြစ်သနည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူများကို အထင်အမြင်သေး၍၊ ဤလူများကို အရေးမစိုက်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို အေးစက်စွာ ဆက်ဆံကာ ပြစ်တင်ဆုံးမမည် ဖြစ်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ ၎င်းတို့အား ဘေးဖယ်ခြင်း ဖြစ်သည်၊ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်း အပါအဝင် တစ်စုံတစ်ခုသော အလုပ်ကို ၎င်းတို့အပေါ် ပြုမည် မဟုတ်ပေ။ ဤလူစားမျိုးသည် ဘုရားသခင်၏ အမှုထဲ၌ ထည့်စဉ်းစားခြင်း မရှိပေ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြစ်မှားသော လူများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာလေစွ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်း နှင့်ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ "ဒေါသထွက်သည်" ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ ဖြစ်သည်၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုကို ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားသည် ဤလူအတွက် အဆုံးသတ် တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်၊ ၎င်းသည် ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေမည် ဖြစ်လေတကား။ ဤသို့ အလွန်အမင်း စက်ဆုပ်ရွံရှာမှု၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူကို ဘေးဖယ်ထားခြင်းဖြစ်ပြီး လောလောဆယ်အချိန်တွင် တုန့်ပြန်မှု မပြုခြင်း ဖြစ်သည်။ ပြစ်ဒဏ်ခတ်ချိန်အတွင်း ၎င်းတို့ ရှင်းထုတ်ခံရရန် သူ စောင့်ဆိုင်းမည် ဖြစ်သည်။ ဤသည်မှာ မည်သည့် အရာကို သွယ်ဝှိက်ညွှန်းဆိုသနည်း။ ဤလူ၌ အဆုံးသတ် တစ်ခု ရှိသေးသလော။ ဘုရားသခင်သည် ဤလူစားမျိုးကို အဆုံးသတ် တစ်ခု ပေးရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူစားမျိုးကို လတ်တလောတွင် မတုံ့ပြန်သည်မှာ ပုံမှန်ပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် ယခုအခါ မည်ကဲ့သို့ ပြင်ဆင်သင့်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူ နှင့် ၎င်းတို့ ပြုခဲ့ပြီးသော မကောင်းမှု၏ အပျက်သဘောဆောင်သော အကျိုးဆက်များကို လက်ခံရန် ပြင်ဆင်သင့်သည်။ ဤသည်မှာ ဤကဲ့သို့သော လူစားမျိုးအတွက် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူစားမျိုးကို ယခု ရှင်းရှင်းလင်းလင်း ငါ ပြောမည်၊ ထင်ယောင်ထင်မှား ဖြစ်ခြင်းများကို ဆက်၍ မဆုပ်ကိုင်ကြနှင့်၊ ထို့အပြင် ဖြစ်လိုသော အရာများကို ဆက်၍ မတွေးကြနှင့်။ ဘုရားသခင်သည် လူများအပေါ် အတိုင်းမသိ သည်းခံလိမ့်မည် မဟုတ်၊ သူသည် ၎င်းတို့၏ အပြစ်များ သို့မဟုတ် မနာခံခြင်းကို အတိုင်းမသိ သည်းခံလိမ့်မည် မဟုတ်ပေ။ လူအချို့က "ကျွန်ုပ်သည်လည်း ဤကဲ့သို့သော လူ အနည်းငယ်ကို မြင်ဖူးသည်။ ၎င်းတို့ ဆုတောင်းသောအခါ အထူးသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်းကို ခံကြရပြီး အသည်းအသန် ငိုကြွေးကြသည်။ အများအားဖြင့် ၎င်းတို့သည် အလွန် ပျော်ရွှင်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက် နှင့် ဘုရားသခင်၏ လမ်းပြမှုကို ခံစားရသည်ဟု ထင်ရသည်။" အဓိပ္ပာယ် မရှိသည်တို့ကို မပြောနှင့်။ အသည်းအသန် ငိုကြွေးခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ တို့ထိခြင်းကို ခံရခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်ကို ခံရခြင်း ကျိန်းသေပေါက်ဖြစ်သည် မဟုတ်၊ အကယ်၍ လူတို့သည် ဘုရားသခင်ကို ဒေါသထွက်စေပါက ဘုရားသခင်သည် ၎င်းတို့အား ဆက်၍ လမ်းပြဦးမည်လော။ အချုပ်အားဖြင့် ဘုရားသခင်သည် တစ်စုံတစ်ဦးကို သုတ်သင်ဖယ်ရှင်းရန်၊ ၎င်းတို့အား စွန့်ပစ်ရန် ဆုံးဖြတ်ပြီးသောအခါ ထိုလူ၌ အဆုံးသတ် ကင်းမဲ့နှင့်ပြီ ဖြစ်သည်။ ၎င်းတို့သည် ဆုတောင်းသည့်အခါ ၎င်းတို့ကိုယ်ကို မည်သို့ပင် အားရကျေနပ်မှု ခံစားရခြင်း နှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်မျှ ယုံကြည်မှု ရှိခြင်းမှာ အကြောင်းမဟုတ်ပါ၊ ဤသည်မှာ အရေးမကြီးနှင့်သော အရာ ဖြစ်သည်။ အရေးကြီးသည့် အရာမှာ ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်မှုကို မလိုအပ်ပေ၊ ဘုရားသခင်သည် ဤလူကို ပစ်ပယ်ခဲ့နှင့်ပြီး ဖြစ်သည်။ နောက်တွင် ၎င်းတို့အား မည်ကဲ့သို့ ရိုက်နှက်ဆုံးမမည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသည်မှာ ဤလူသည် ဘုရားသခင်ကို ဒေါသထွက်စေသည့် အခိုက်အတန့်တွင် ၎င်းတို့၏ အဆုံးသတ်မှာ သတ်မှတ်နှင့်ပြီး ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤလူစားမျိုးကို ကယ်တင်ရန် စိတ်ဆုံးဖြတ်ပြီးခြင်း မရှိပါက ၎င်းတို့သည် ပြစ်ဒဏ်ခတ်ခံရရန် နောက် ချန်ထားခြင်းကို ခံကြရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရ၏ တစ်စိတ်တစ်ဒေသမှာ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး သူသည် အယောက်တိုင်းအပေါ် သနားခြင်းကရုဏာကို ပေးသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာလည်း ဖြစ်သည်ဟူသော အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့တတ်ကြသည်။ သူ၌ ချစ်ခြင်းမေတ္တာရှိ၏ ဆိုသည်မှာ လူတို့သည် သူ့အား လွတ်လပ်စွာ ပြစ်မှားနိုင်ပြီး သူ၌ ခံစားမှု တစ်စုံတစ်ရာ သို့မဟုတ် တုံ့ပြန်ချက် တစ်စုံတစ်ရာ ရှိမည်မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ၌ သနားခြင်းကရုဏာ ရှိခြင်းမှာ သူသည် လူတို့ကို ဆက်ဆံရာ၌ အခြေခံစည်းမျဉ်း တစ်စုံတစ်ရာမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်သည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ် တစ်ရုပ် သို့မဟုတ် အခြားအရာ တစ်စုံတစ်ခု မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက် ငါတို့သည် သူ၏ စိတ်နှလုံးအသံကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်သည်၊ သူ၏ သဘောထားကို အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်သင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူတို့၏ စိတ်ကူးများကို အသုံးမပြုသင့်ပေ၊ ထို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဆက်ဆံရာ၌ လူတို့၏ ပုံစံ နှင့် အတွေးကို ဘုရားသခင် အသုံးပြုစေရန် ငါတို့သည် လူတို့၏ အတွေးအခေါ်များ နှင့် အလိုဆန္ဒများကို ဘုရားသခင်အပေါ် မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ထိုသို့ပြုပါက သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွဲဆောင်နေခြင်း နှင့် ဘုရားသခင်၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေခြင်းပင် ဖြစ်လေမည်။ ထို့ကြောင့် ဤကိစ္စ၏ ပြင်းထန်မှုကို သင်တို့ နားလည်ပြီးနောက် ဤနေရာရှိ သင်တို့ အယောက်စီတိုင်း သတိရှိကြရန် နှင့် သင်တို့၏ ပြုမူပုံများ၌ ချင့်ချိန်တတ်ရန် ငါ တိုက်တွန်းသည်။ သင်တို့၏ အပြော၌ သတိ နှင့် ချင့်ချိန်မှုရှိကြလော့။ ထို့အပြင် ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည် နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍ သတိရှိပြီး ချင့်ချိန်မှုရှိလေ ပို၍ ကောင်းလေ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သဘေတာထားမှာ မည်သည့် အရာ ဖြစ်သည်ကို နားမလည်ပါက မဆင်မခြင် မပြောနှင့်၊ သင်၏ ပြုမူပုံ၌ မဆင်မခြင် မဖြစ်စေနှင့်၊ ထို့အပြင် မဆင်မခြင် တံဆိပ်တပ်ခြင်း မပြုနှင့်။ ထိုမျှမက ထင်ရာမြင်ရာ ကောက်ချက်မချနှင့်။ ထိုသို့ပြုမည့်အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်၊ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း၏ သရုပ်သကန် တစ်ခုလည်း ဖြစ်သည်။ အကယ်၍ သင်သည် အရာခပ်သိမ်းထက် ဤအဆင့်ကို ရောက်နိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို ပိုင်ဆိုင်နိုင်ပါက ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ ပညာမဲ့ခြင်း နှင့် အကျိုးသင့်အကြောင်းသင့်မဖြစ်ခြင်းအတွက် သင့်အား အပြစ်တင်မည် မဟုတ်ပေ။ အပြစ်တင်မည့်အစား ဘုရားသခင်အား ပြစ်မှားမိမည်ကို သင် ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်၏ ရိုသေလေးစားခြင်း နှင့် သူ့အား နာခံရန် ဆန္ဒရှိသော သင်၏ သဘောထားကြောင့် ဘုရားသခင်က သင့်ကို အမှတ်ရမည်၊ လမ်းပြပြီး သင့်အား ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်း နှင့် ပညာမဲ့ခြင်းကို သည်းခံမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏ သဘောထားမှာ မထီမဲ့မြင်ပြုခြင်း၊ ဘုရားသခင်ကို ထင်ရာမြင်ရာ တရားစီရင်ခြင်း၊ ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်း နှင့် အဓိပ္ပာယ်ဖွင့်ခြင်း ဖြစ်သည် ဆိုပါက ဘုရားသခင်သည် သင့်အား ပြစ်မှုထင်ရှား စီရင်ခြင်း၊ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်ဒဏ်ခတ်ခြင်း တစ်ခုကိုပင်လျှင် ပေးလိမ့်မည်၊ သို့မဟုတ် သူသည် သင့်အား ထုတ်ပြန်ချက် တစ်ခုကို ပေးလိမ့်မည် ဖြစ်သည်။ ဤထုတ်ပြန်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကာင်း ပါဝင်နိုင်သည်။ ထို့ကြောင့် ငါသည် ဤအရာကို နောက်ထပ်တစ်ကြိမ် အလေးပေး၍ ပြောလိုပြီး ဘုရားသခင်ထံမှ လာသော အရာမှန်သမျှအပေါ် သတိရှိကြရန် နှင့် ဉာဏ်ရှိကြရန် လာရောက်သောသူ အယောက်တိုင်းကို အသိပေးလိုပါသည်။ စကားကို မဆင်မခြင် မပြောကြနှင့်၊ ထို့အပြင် သင်၏ ပြုမူပုံများ၌ သတိလက်လွတ်မဖြစ်စေနှင့်။ သင် တစ်စုံတစ်ခုကို မပြောမီ ဤသို့ ဆင်ခြင်သင့်သည်၊ ဤအရာကို လုပ်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေမည်လော၊ ဤအရာကို လုပ်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဖြစ်သလော။ ရိုးရှင်းသော ကိစ္စရပ်များအတွက်ပင်လျှင် သင်သည် ဤမေးခွန်းများကို ဆက်၍ နားလည်သဘောပေါက်စေရန် အမှန်တကယ် ကြိုးစားသင့်ပြီး ၎င်းတို့ကို အမှန်တကယ် ထည့်သွင်းစဉ်းစားသင့်သည်။ အကယ်၍ သင်သည် ဤ နိယာမများ နှင့်အညီ၊ အထူးသဖြင့် သင်နားမလည်သော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ နေရာတိုင်း၊ အရာခပ်သိမ်း၌ သာမက အချိန်တိုင်း စစ်မှန်စွာ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး သင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုကို အမြဲပေးမည် ဖြစ်သည်။ လူတို့သည် မည်သည့် အရာကို ထုတ်ဖော်ပြလျက်ရှိစေကာမူ ဘုရားသခင်သည် အားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်ပြီး သူသည် သင့်အား ဤ ထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော အကဲဖြတ်ချက် တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံး စမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက် ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန် ၎င်းကို ပြည့်စုံစွာ အကျဉ်းရုံးမည် ဖြစ်သည်။ ဤရလဒ်သည် အယောက်တိုင်းကို လက်ခံယုံကြည်စေမည်မှာ ကျိန်းသေသည်။ သင်တို့ကို ငါ ပြောလိုသော အရာမှာ သင်တို့၏ လုပ်ဆောင်ချက် တစ်ခုချင်းစီ၊ သင်တို့၏ ပြုမူပုံ တစ်ခုချင်းစီ နှင့် သင်တို့၏ အတွေးအခေါ် တစ်ချင်းစီသည် သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

လူတို့၏ အဆုံးသတ်ကို မည်သူ ဖန်တီးသနည်း

အခြားအရေးကြီးဆုံးသော ကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားပင် ဖြစ်သည်။ ဤသဘောထားမှာ အရေးပါသည်။ သင်တို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းရှိရာသို့ လျှောက်မည် မလျှောက်မည် သို့မဟုတ် သင်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော လှပသည့် ခရီးပန်းတိုင်တစ်ခုသို့ လျှောက်မည် မလျှောက်မည်ကို ၎င်းသဘောထားက အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် နှစ်ပေါင်း ၂၀ မက အလုပ်လုပ်နှင့်ခဲ့ပြီး ဖြစ်၍ ဤအနှစ် ၂၀ ကာလအတွင်း သင်တို့၏ စိတ်နှလုံးများသည် သင်တို့၏ ဆောင်ရွက်ချက် နှင့်ပတ်သက်ပြီး အနည်းငယ် မရေမရာဖြစ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သူသည် သင်တို့ တစ်ယောက်ချင်းစီ နှင့် အယောက်တိုင်းအတွက် အမှန်တကယ် ဖြစ်ပြီး ရိုးသားဖြောင့်မတ်သော မှတ်တမ်းကို မှတ်သားခဲ့ပြီး ဖြစ်သည်။ လူ တစ်ယောက်ချင်းစီသည် သူ့နောက်သို့ စတင်၍ လိုက်လျှောက်ပြီး သူ၏ တရားဒေသနာဟောပြောခြင်းကို နားထောင်သည့် အချိန်မှ အစပြု၍ သမ္မာတရားကို ပို၍ပို၍ နားလည်လာပြီး ၎င်းတို့၏တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်အထိ ဘုရားသခင်၌ ဤ ထုတ်ဖော်ပြချက်များ၏ တစ်ခုစီတိုင်း၏ မှတ်တမ်းတစ်ခု ရှိသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် အခြေအနေ အမျိုးမျိုး၊ စမ်းသပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ ထိုလူ၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်ကဲ့သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်ကဲ့သို့ ခံစားကြသနည်း။ … ဘုရားသခင်၌ ဤအရာ အားလုံး နှင့် သက်ဆိုင်သော စာရင်းတစ်ခု၊ မှတ်တမ်းတစ်ခု ရှိသည်။ သင်တို့၏ ရှုထောင့်မှ ကြည့်ပါက ဤကိစ္စများမှာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ဘက်မှ ကြည့်ပါက ၎င်းတို့မှာ ရှင်းလင်းပြတ်သားပြီး ဖြစ်ကတတ်ဆန်းဖြစ်သော အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ လူ တစ်ဦးချင်းစီ နှင့် အယောက်တိုင်း၏ အဆုံးသတ်သာမက ၎င်းတို့၏ကံကြမ္မာ နှင့် အနာဂတ် အလားအလာ နှင့်သက်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ထိုမျှမက ဤသည်မှာ ဘုရားသခင်သည် သူ၏ အပတ်တကုပ် ကြိုးပမ်းမှု အားလုံးကို သုံးစွဲခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် ၎င်းကို အနည်းငယ်မျှပင် လျစ်လျူရှုဝံ့မည် မဟုတ်သည့်အပြင် ဖြစ်ကတတ်ဆန်း ဖြစ်ခြင်း တစ်စုံတစ်ရာကို သည်းခံလိမ့်မည် မဟုတ်ပေ။ အစအဦးမှ အဆုံးတိုင်အောင် ဘုရားသခင်သည် လူသားမျိုးနွယ်အကြောင်း ဤစာရင်းကို မှတ်တမ်းတင်လျက်ရှိသည်၊ ဘုရားသခင် နောက်သို့လိုက်သော လူတို့၏ လမ်းကြောင်းတစ်ခုလုံးအကြောင်းကို မှတ်တမ်းတင်လျက်ရှိသည်။ ဤအချိန်တွင် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် သင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်။ ဤအရာမှာ မမှန်သလော။ ဘုရားသခင်ဖြောင့်မတ်ကြောင်းကို သင်တို့ ယခု ယုံကြည်သလော။ ဘုရားသခင်၏ ပြုမူပုံများမှာ သင့်လျော်သလော။ သင်တို့၏ ဦးခေါင်းထဲတွင် ဘုရားသခင်၏ အခြားသော ပုံလွှာ တစ်စုံတစ်ရာ ရှိနေဆဲဖြစ်သလော။ (မရှိပါ။) ထိုသို့ဆိုသော လူ၏ အဆုံးသတမှာ ဘုရားသခင် ဖန်တီးခြင်း ဖြစ်သည် သို့မဟုတ် လူက သူကိုယ်တိုင် ဖန်တီးခြင်း ဖြစ်သည်ဟု သင်တို့ ဆိုမည်လော။ (၎င်းမှာ ဘုရားသခင် ဖန်တီးခြင်း ဖြစ်သည်။) ၎င်းကို ဖန်တီးသောသူမှာ အဘယ်သူ ဖြစ်သနည်း။ (ဘုရားသခင်။) သင်တို့ မသေချာကြပေ၊ သေချာကြသလော။ ဟောင်ကောင် အသင်းတော်မှ ညီအစ်ကို မောင်နှမတို့ အသံကျယ်ကျယ် ပြောကြလော၊ ၎င်းကို အဘယ်သူ ဖန်တီးသနည်း။ (လူက ၎င်းကို သူကိုယ်တိုင် ဖန်တီးသည်။) ၎င်းကို လူကိုယ်တိုင် ဖန်တီးခြင်း ဖြစ်သလော။ ထိုသို့ဆိုသော် ၎င်းမှာ ဘုရားသခင် နှင့် သက်ဆိုင်ခြင်း မရှိဟု ဆိုလိုခြင်း ဖြစ်သလော။ ကိုးရီးယား အသင်းတော်များမှ အဘယ်သူ အသံကျယ်ကျယ် ပြောလိုသနည်း။ (ဘုရားသခင်သည် လူ၏ အဆုံးသတ်ကို ၎င်းတို့၏ ပြုမူပုံ နှင့် လုပ်ဆောင်ချက် အားလုံး နှင့် ၎င်းတို့ လျှောက်သော လမ်းကြောင်းအပေါ် အခြေခံ၍ သတ်မှတ်သည်။) ဤအရာမှာ အလွန် ဓမ္မဓိဌာန်ကျသော အဖြေတစ်ခုပင် ဖြစ်သည်။ သင်တို့ အားလုံးကို ငါ မဖြစ်မနေ ပြောရမည့် အချက် တစ်ခု ရှိသည်၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု လမ်းကြောင်းတွင် သူသည် လူအတွက် စံနှုန်းတစ်ခုကို ချမှတ်ထားသည်။ ဤစံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ လိုက်နာနိုင်ခြင်း နှင့် ဘုရားသခင်၏ လမ်းခရီး၌ လျှောက်နိုင်ခြင်းပင် ဖြစ်သည်။ ဤစံနှုန်းမှာ လူတို့၏ အဆုံးသတ်ကို ချိန်တွယ်ရန် အသုံးပြုခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဤစံနှုန်း နှင့်အညီ လက်တွေ့လုပ်ဆောင်ပါက သင်သည် ကောင်းသော အဆုံးသတ်တစ်ခုကို ရနိုင်သည်၊ အကယ်၍ သင် ထိုသို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သင်သည် ကောင်းသော အဆုံးသတ်တစ်ခုကို ရနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် ဤ အဆုံးသတ်ကို မည်သူ ဖန်တီးခြင်း ဖြစ်သည်ဟု သင် ဆိုမည်နည်း။ ၎င်းမှာ ဘုရားသခင် တစ်ပါးတည်း ဖန်တီးခြင်း မဟုတ်ဘဲ ဘုရားသခင် နှင့် လူ အတူတကွ ဖန်တီးခြင်းသာ ဖြစ်သည်။ ဤအရာမှာ မှန်သလော။ (မှန်ပါသည်။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုကို တက်ကြွစွာ ပါဝင်လုပ်ဆောင်လိုပြီး လူတို့အတွက် လှပသော ခရီးပန်းတိုင်တစ်ခုကို ပြင်ဆင်ပေးသူမှာ ဘုရားသခင်ပင်လျှင် ဖြစ်သည်၊ လူသည် ဘုရားသခင့် အမှု၏ ပစ်မှတ် ဖြစ်ပြီး ဤ အဆုံးသတ်၊ ဤ ခရီးပန်းတိုင်သည် လူတို့အတွက် ဘုရားသခင် ပြင်ဆင်ထားသော အရာ ဖြစ်သည်။ အကယ်၍ သူ၏ အမှုအတွက် ပစ်မှတ် မရှိခဲ့ပါက ဘုရားသခင်သည် ဤအမှုကို လုပ်ရန် လိုအပ်မည် မဟုတ်ပေ၊ ထိုအခါ လူတို့၌ ကယ်တင်ခြင်းအတွက် အခွင့်အရေးတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။ လူသည် ကယ်တင်ခြင်းအတွက် ပစ်မှတ် ဖြစ်ပြီး ဤလုပ်ငန်းစဉ်ထဲတွင် လူသည် မလှုပ်မယှက်နေသော ဘက်ခြမ်း၌ ရှိသော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ အလုပ်တွင် အောင်မြင်မည် မအောင်မြင်မည်ကို အဆုံးအဖြတ်ပေးသည်မှာ ဤဘက်ခြမ်း၏ သဘောထား ဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်ပေးသော လမ်းပြမှုကြောင့် မဟုတ်ပါက သင်သည် သူ၏ စံနှုန်းကို သိမည် မဟုတ်သည့်အပြင် သင်၌ ရည်မှန်းချက် ရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်၌ ဤစံနှုန်း၊ ဤရည်မှန်းချက် ရှိသော်လည်း သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ အဖိုးအခပေးခြင်း မရှိပါက သင်သည် ဤအဆုံးသတ်ကို ရဦးမည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဤအဆုံးသတ်ကို ဘုရားသခင်ထံမှ သီးသန့်ခွဲ၍ မရနိုင်ကြောင်း နှင့် ၎င်းကို လူတို့ထံမှ သီးသန့်ခွဲ၍ မရနိုင်ကြောင်း ငါတို့ ပြောရခြင်း ဖြစ်သည်။ လူ၏ အဆုံးသတ်ကို မည်သူ ဖန်တီးကြောင်းကို သင်တို့ သိကြလေပြီ။

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည်

ဘုရားသခင်ကို သိခြင်း ခေါင်းစဉ်နှင့်အတူ မိတ်သဟာယဖွဲ့သောအခါ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုမိသလော။ ဘုရားသခင်၏ လက်ရှိ သဘောထား၌ အပြောင်းအလဲတစ်ခု ရှိသည်ကို သင်တို့ သတိပြုမိသလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားမှာ ပြောင်းလဲနိုင်ခြင်း မရှိသလော။ ဘုရားသခင်သည် ဤကဲ့သို့ အမြဲ သည်းခံမည်လော၊ လူအပေါ် သူ၏ ချစ်ခြင်းမေတ္တာ နှင့် သနားခြင်းကရုဏာ အလုံးစုံကို အတိုင်းမသိ ပေးလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။ အပြင်တွင် သုံးဖြုန်းပျော်ပါး၍ ဝမှ အိမ်ပြန်လာသော သားအကြောင်း ယခင်က မေးခွန်းကို ပြန်သွားကြပါစို့။ ဤမေးခွန်းကို မေးခဲ့ပြီးနောက်တွင် သင်တို့၏ အဖြေများမှာ အလွန်ရှင်းလင်းခဲ့ခြင်း မရှိပေ။ အခြားတစ်နည်းဖြင့်ဆိုပါက သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကောင်းစွာ နားမလည်ကြသေးချေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်ကြောင်း လူတို့ သိသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အား ချစ်ခြင်းမေတ္တာ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်၊ လူတို့ မည်သည့် အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ နာခံမှု မရှိပါစေ၊ ထိုအရာ တစ်ခုမျှ ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိခြင်း နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့၍ တိုင်းတာ၍ မရခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိခြင်းကြောင့် သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိခြင်းကြောင့် သူသည် လူတို့အပေါ် သနားခြင်းကရုဏာ ရှိနိုင်ကာ၊ ၎င်းတို့၏ မရင့်ကျက်ခြင်း၊ ပညာမဲ့ခြင်း နှင့် နာခံမှုမရှိခြင်းအပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်း ဖြစ်သည်။ ဤအရာမှာ ထိုသို့ အမှန်တကယ်ပင် ဖြစ်သည် မဟုတ်သလော။ အချို့လူများအတွက်မူကား ၎င်းတို့သည် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို တစ်ကြိမ် သို့မဟုတ် အကြိမ် အနည်းငယ် ခံစားဖူးသောအခါ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိထဲတွင် ၎င်းကို အရင်းအဖြစ် သဘောထားကာ ဘုရားသခင်သည် ၎င်းတို့အပေါ် အစဉ် စိတ်ရှည်လိမ့်မည်၊ သနားခြင်းကရုဏာ ရှိလိမ့်မည်ဟု ယုံကြည်ကြပြီး ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ၎င်းတို့သည် ဘုရားသခင်၏ စိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့အပေါ် ဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ မိမိတို့သည် ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ် ခံစားဖူးသည့်အခါ ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ် အဓိပ္ပာယ်ဖွင့်ပြီး ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အခြေအနေအပေါ် မမူတည်ဘဲ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်း ရှိသည်။ ဤယုံကြည်မှုများမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့် အကြိမ်တိုင်း သင်တို့အား စိတ်ရှုပ်ထွေးစေသည်ဟု ထင်ရသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အနည်းငယ် ဒေါသထွက်စေသည်။ ဘုရားသခင်၏ အနှစ်သာရ နှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီး ဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထား နှင့်သက်ဆိုင်သော အကြောင်းအရာခေါင်းစဉ် များစွာတို့ကိုလည်း သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ ဦးနှောက်ထဲတွင် ဤကိစ္စများ နှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆ နှင့် ရေးထားသော စကားလုံးများအပေါ် မူတည်သော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ တကယ့် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်အရာ ဖြစ်ကြောင်းကို သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားဖူးခြင်း မရှိသည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်အရာ ဖြစ်ကြောင်းကို သင်တို့ မမြင်နိုင်ကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အလွန် ယောင်ချာချာ ဖြစ်ကာ ဘုရားသခင်အပေါ် မရိုသေသော သဘောထားတစ်ခု သင်တို့၌ ရှိသည့် အဆင့်တိုင်အောင် သင်တို့ အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသဖြင့် သူ့အား ဘေးသို့ ဖယ်ထားကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးသည် အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင် အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော အသိကို ရကြသည့်အခါ အလွန် ကျေနပ်အားရ ဖြစ်ကြသည်၊ ဘုရားသခင်၏ အလုံးစုံကို ရသကဲ့သို့ သင်တို့ ခံစားကြရသည်။ ထို့နောက်တွင် သင်တို့က ဘုရားသခင်မှာ ဤသို့ ဖြစ်ကြောင်း ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာ လှုပ်ရှားခွင့် မပြုပေ။ ထို့အပြင် ဘုရားသခင်သည် အမှုသစ် တစ်စုံတစ်ခုကို ပြုသောအခါ သင်တို့က သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က "ငါသည် လူတို့ကို မချစ်တော့ပေ၊ လူတို့ကို သနားခြင်းကရုဏာ နောက်ထပ် မပေးတော့ပေ၊ ငါသည် လူတို့အပေါ် နောက်ထပ် သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်း တစ်စုံတစ်ရာ မရှိတော့ပေ၊ ငါသည် လူအပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်း နှင့် ရွံမုန်းခြင်း နှင့် ပြည့်လျက်ရှိသည်" ဟု ပြောသောအခါ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းဆုံးမှ ဤကဲ့သို့ ပြောဆိုချက်နှင့် သဘောထားချင်း ပဋိပက္ခ ဖြစ်ကြလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က "ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင် မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော် ပြောခြင်း ဖြစ်ပါက ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်ရန် အရည်အချင်း မပြည့်မီတော့ပါ၊ ထို့အပြင် ကျွန်ုပ်သည် ကိုယ်တော့နောက်သို့ ဆက်လိုက်ရန် မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည့် ကျွန်ုပ်အား သနားခြင်းကရုဏာကို မပေးပါက၊ ကျွန်ုပ်အား ချစ်ခြင်းမေတ္တာကို မပေးပါနှင့်၊ ကျွန်ုပ်အား သည်းခံခြင်းကို မပေးပါနှင့်၊ ထိုအခါ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍ လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်း ရှိမည်၊ ကျွန်ုပ်အပေါ် အမြဲ စိတ်ရှည်မည်ဆိုမှသာ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း၊ စိတ်ရှည်ခြင်း ဖြစ်ကြောင်း၊ သည်းခံခြင်း ဖြစ်ကြောင်း ကျွန်ုပ် မြင်ပါရစေ၊ ထိုသို့ ဖြစ်မှသာ ကျွန်ုပ်သည် ကိုယ်တော့် နောက်သို့ လိုက်နိုင်မည် ဖြစ်၍ ထိုသို့ဖြစ်မှသာ အဆုံးတိုင်အောင် နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်မှု ရှိနိုင်ပါမည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်း နှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့် ကျွန်ုပ်၏ မနာခံခြင်း နှင့် ကျွန်ုပ်၏ အပြစ်များသည် အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းကို ခံရနိုင်မည်၊ အကန့်အသတ်မရှိ ချမ်းသာပေးခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး ချမ်းသာရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ် နှင့်ပတ်သက်၍ ကိုယ်တော်၌ ကိုယ်တော်၏ ကိုယ်ပိုင် အတွေးအခေါ် သို့မဟုတ် သုံးသပ်ချက် တစ်စုံတစ်ရာ မရှိသင့်ပေ" ဟူ၍ပင် ဆိုကြသည်။ သင်သည် ဤမေးခွန်းမျိုးကို ယင်းကဲ့သို့ ဓမ္မဓိဌာန်မကျဘဲ သတိပြုမိသော ပုံစံဖြင့် မတွေးကောင်း မတွေးနိုင်သော်လည်း သင်၏ အပြစ်များကို ခွင့်လွှတ်ရန်အတွက် ဘုရားသခင်အား တန်ဆာပလာတစ်ခု နှင့် လှပသော ခရီးပန်းတိုင်တစ်ခုသို့ ရောက်စေရန် အသုံးပြုသည့် အရာဝတ္ထုတစ်ခုအဖြစ် သဘောထားပါက သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင့်အား ဆန့်ကျင်ဘက်၌ မသိမသာ ထားကာ သင်၏ ရန်သူအဖြစ် သဘောထားခြင်းပင် ဖြစ်သည်။ ဤသည်မှာ ငါ မြင်သောအရာ ဖြစ်သည်။ "ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်"၊ "ကျွန်ုပ်သည် သမ္မာတရားကို လေ့လာလိုက်စားသည်"၊ "ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်"၊ "ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်"၊ "ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်"၊ "ကျွန်ုပ်သည် ဘုရားသခင်ကို နာခံလိုသည်"၊ "ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်"၊ အစရှိသဖြင့် သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင် ပြောသမျှသည် မည်မျှပင် ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင် သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ၊ ၎င်းမှာ မည်သို့ပင် ခံ့ညားပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ဘုရားသခင်အကြောင်း ကောက်ချက်များ ချရန်အတွက် သင်တို့ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော စည်းမျဉ်း၊ သြဝါဒ၊ အယူအဆတို့ကို မည်ကဲ့သို့ အသုံးပြုပုံ နှင့် ဘုရားသခင်အား သင်တို့ကိုယ်တိုင်နှင့် ဆန့်ကျင်ဘက်၌ လုံးလုံးလျားလျား သဘာဝကျသည့် နည်းလမ်းတစ်ခုဖြင့် ထားပုံတို့ကို ယခုအခါ သင်တို့ထဲမှ လေ့လာနှင့်ပြီးသောသူများစွာ ရှိနေခြင်း ဖြစ်သည်။ သင်သည် စာများ နှင့် သြဝါဒများကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီး ဖြစ်သော်လည်း သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် ဝင်ရောက်ဖူးခြင်း မရှိကြသေးသဖြင့် ဘုရားသခင် နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန် ခက်ခဲပေသည်။ ဤအရာမှာ သနားစဖွယ်ဖြစ်ပေတကား။

ဤမြင်ကွင်းကို ဗွီဒီယို တစ်ခုတွင် မြင်ခဲ့သည်၊ မြင်ကွင်းထဲတွင် ညီအစ်မ အချို့သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကိုင်ကာ ယင်းကို ခပ်မြင့်မြင့် ကိုင်ထားကြသည်။ ၎င်းတို့သည် ဤစာအုပ်ကို ၎င်းတို့၏ အလယ်၊ ၎င်းတို့၏ ဦးခေါင်းထက် ပို၍ မြင့်မြင့် ကိုင်ထားခဲ့ကြသည်။ ဤသည်မှာ ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ငါ၏ အတွင်း၌ လှုံ့ဆော်သောအရာမှာ ပုံရိပ်တစ်ခု မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ လူ အယောက်တိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲ မြင့်မြင့် ကိုင်ထားသော အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ဘဲ ဘုရားသခင့် နှုတ်ကပတ်တော်၏

စာအုပ်သာ ဖြစ်ကြောင်း ငါ့ကို ဆင်ခြင်မိစေသည်။ ဤသည်မှာ အလွန်စိတ်မချမ်းသာ ဖြစ်စေသော အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းမှာ ဘုရားသခင်အား အမြင့်တွင် ကိုင်ထားသည့် အကြောင်းသက်သက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို နားမလည်ကြခြင်းကြောင့် ယင်းကဲ့သို့ သိသာထင်ရှားသော မေးခွန်းတစ်ခု၊ အလွန် သေးငယ်သော မေးခွန်းတစ်ခုသည် သင်တို့၏ ကိုယ်ပိုင်အယူအဆများဖြင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သင်တို့ကို အမှုအရာများအကြောင်း ငါ မေးသည့်အခါ၊ သင်တို့အပေါ် ငါအတည် ပြောသည့်အခါ သင်တို့သည် မှန်းဆချက် နှင့် သင်တို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများဖြင့် တုံ့ပြန်ကြသည်၊ သင်တို့ထဲမှ အချို့တို့သည် သံသယလေသံတစ်ခုကိုပင်လျှင် ခံယူကာ ပြန်၍ပင် မေးကြသည်။ ဤအရာက သင်တို့ ယုံကြည်သော ဘုရားသခင်မှာ စစ်မှန်သော ဘုရားသခင် မဟုတ်ကြောင်း ငါ့ကို ပိုမို ရှင်းလင်းစွာ သက်သေပြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ ဖတ်ရှုပြီးနောက်၊ ဘုရားသခင် အကြောင်း နောက်ထပ်တစ်ကြိမ် ကောက်ချက်များချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ အမှု နှင့် နောက်ထပ် သြဝါဒများကို သင်တို့ အသုံးပြုကြသည်။ ထိုမျှမက သင်တို့သည် ဘုရားသခင်ကို နားလည်ရန် မည်သည့်အခါမျှ ကြိုးပမ်းခြင်း မရှိပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန် မည်သည့်အခါမျှ ကြိုးစားခြင်း မရှိပေ၊ လူ့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်ကဲ့သို့ တွေးကြောင်း၊ ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်းကြောင်း၊ အဘယ်ကြောင့် ဒေါသထွက်ကြောင်း၊ သူသည် လူတို့ကို အဘယ်ကြောင့် ပစ်ပယ်ကြောင်း နှင့် ယင်းကဲ့သို့ အခြား မေးခွန်းများကို နားလည်ရန် သင် ကြိုးပမ်းခြင်း မရှိပေ။ ထိုထက်မက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပြုမူပုံများကို အမြဲစောင့်ကြည့်နေခြင်းကြောင့်၊ ၎င်းတို့အပေါ် သူ၌ သဘောထား မရှိသည့်အပြင် သူ၌ သူ၏ ကိုယ်ပိုင် စိတ်ကူးများ မရှိခြင်းကြောင့် ဘုရားသခင်သည် အမြဲ တိတ်ဆိတ်နေခဲ့ကြောင်း မြောက်မြားစွာသော လူများကပင် ယုံကြည်ကြသည်။ အခြား အုပ်စုသည် ၎င်းကို ထိုထက်မကပင် ယုံကြည်ကြသည်။ ဘုရားသခင်သည် သဘောတူလိုက်လျောပြီး ဖြစ်ခြင်းကြောင့် သူသည် အသံ တစ်သံမျှ ပြုမည် မဟုတ်၊ ဘုရားသခင်သည် စောင့်ဆိုင်းနေခြင်းကြောင့် သူသည် အသံ တစ်သံမျှ မပြု၊ ဘုရားသခင်၌ သဘောထား မရှိခြင်းကြောင့် သူသည် အသံ တစ်သံမျှ မပြုခြင်းဖြစ်သည်၊ဘုရားသခင်၏ သဘောထားကို စာအုပ်ထဲ၌ အပြည့်အဝ အသေးစိတ်ဖော်ပြထားနှင့်ပြီ ဖြစ်သောကြောင့်၊ ယင်း သဘောထား အလုံးစုံကို လူသားမျိုးနွယ်အား ဖော်ပြထားနှင့်ပြီ ဖြစ်သောကြောင့် ၎င်းကို လူတို့အား ကြိမ်ဖန်များစွာ အထပ်ထပ်အခါခါ ပြောရန် မလိုအပ်ဟူ၍ ဤလူများက ယုံကြည်ကြသည်။ ဘုရားသခင်သည် နှုတ်ဆိတ်၍နေသော်လည်း သူ၌ သဘောထားတစ်ခု၊ ရှုထောင့်တစ်ခု ရှိပြီး လူတို့ကို သူ တောင်းဆိုသော စံနှုန်းတစ်ခု ရှိနေဆဲဖြစ်သည်။ လူတို့သည် သူ့ကို နားလည်ရန် မကြိုးစားသလို သူ့ကို ကြိုးစား၍ ရှာဖွေခြင်း မရှိကြသော်လည်း သူ၏ သဘောထားမှာ အလွန် ရှင်းလင်းပါသည်။ တစ်ချိန်က ဘုရားသခင် နောက်သို့ စိတ်အားထက်သန်စွာ လိုက်သော်လည်း အချိန်တစ်ခုရောက်သည့်အခါ သူ့ကို စွန့်ပစ်ပြီး ထွက်ခွာသွားခဲ့သော သူတစ်စုံတစ်ဦးကို ဆင်ခြင်လော့။ အကယ်၍ ဤလူသည် ယခုအခါ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ပြန်လာလိုသော်လည်း ဘုရားသခင်၏ ရှထောင့်မှာ အဘယ်သို့ ရှိကြောင်း နှင့် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိကြောင်းကို သင်တို့ သိကြမည် မဟုတ်ပေ။ ဤအရာမှာ သနားစဖွယ်ပင် ဖြစ်သည် မဟုတ်လော။ အမှန်အားဖြင့် ဤအရာမှာ အတော်အတန် အပေါ်ယံဖြစ်သော အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နှလုံးကို စစ်မှန်စွာ နားလည်ပါက ဤလူစားမျိုးအပေါ် သူ၏ သဘောထားကို သင်တို့ သိကြလိမ့်မည် ဖြစ်၍ မရေရာသော အဖြေတစ်ခုကို သင်တို့ ပေးကြလိမ့်မည် မဟုတ်ပေ။ သင်တို့ မသိကြသောကြောင့် သင်တို့ကို ပြည့်ပြည့်စုံစုံသတင်းပေးရန်ငါ့ကို အခွင့်ပေးလော့။

သူ၏အမှုတော်အတွင်းထွက်ပြေးသော သူများအပေါ် ဘုရားသခင်၏ သဘောထား

ဤကဲ့သို့ လူအမျိုးအစားကို နေရာတကာတွင် သင် မြင်ရပါလိမ့်မည်၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှ မပြောဘဲ ၎င်းတို့၏ စိတ်နှလုံး အလိုဆန္ဒများအတိုင်း ပြုရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ် အချိန်တွင် ဤလူသည် အဘယ်ကြောင့် ထွက်ခွာသွားကြောင်းကို ငါတို့ အသေးစိတ် ကြည့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူအမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ ကြည့်ကြမည်။ ၎င်းမှာ အလွန် ရှင်းပါသည်။ ဤလူ ထွက်ခွာသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှု သက်တမ်း ကုန်လွန်ပြီ ဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူ မဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်သည်။ ဤလူသည် ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်နှင့်ပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိနှင့်ပြီ ဖြစ်ကြောင်း ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံနှင့်ပြီ ဖြစ်ကြောင်း ဆိုလိုသည်။ ဤလူသည် ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်သည် ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤလူ၌ ဤသဘောထား၊ ဤအမြင်ရှိပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်ပြီးသောအခါ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပြုနှင့်ပြီး ဖြစ်သည်။ ၎င်းတို့သည် ပေါက်ကွဲပြီး ဘုရားသခင်ကို ကျိန်ဆဲခြင်း မရှိခဲ့ကြသော်လည်း၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော အပြုအမူတစ်စုံတစ်ရာကို မပြုခဲ့ကြဘဲ ဤလူသည် ဆင်ခြင်နေသော်လည်း၊ အကယ်၍ ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသောအခါသို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသော တစ်ရက် ရောက်သောအခါ ကျွန်ုပ် ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို မေတ္တာရပ်ခံပါက ကျွန်ုပ် ပြန်လာမည်။ သို့မဟုတ် ၎င်းတို့က ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ အပြင်လောကသည် အလွန် မှောင်မိုက်၍ အလွန် ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါ နှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ် ပြန်လာမည်။ ဤလူသည် ၎င်းတို့၏ ဦးနှောက်ထဲတွင် မည်သည့် အချိန်၌ ၎င်းတို့ ပြန်လာမည်ကို တွက်ချက်၍ ၎င်းတို့ ပြန်လာရန်အတွက် တံခါးကို ဖွင့်ထားသော်လည်း ၎င်းတို့ မည်သို့ပင် စည်းစားပြီး မည်သို့ပင် ကြံစည်စေကာမူ ဤအရာအားလုံးမှာ လိုချင်တောင့်တသော အတွေးသာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုကြသည့်အခါ ဘုရားသခင် မည်ကဲ့သို့ ခံစားရကြောင်းကို မသဲကွဲခြင်းပင် ဖြစ်သည်။ ဤလူသည် ဘုရားသခင်ကို စွန့်ခွာရန် စိတ်ဆုံးဖြတ်သည့် အချိန်အခိုက်အတန့်မှစတင်ကာ ဘုရားသခင်သည် ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်ခဲ့ပြီး ဖြစ်သည်၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်နှင့်ပြီး ဖြစ်သည်။ ထို အဆုံးသတ်မှာ အဘယ်နည်း။ ဤလူသည် မြီးတိုပါးတွဲကြွက်များထဲမှ တစ်ကောင်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း ပြစ်ဒဏ်ခတ်ခြင်း တစ်ခုကို မခံရသည့် ဤအခြေအနေကို လူတို့ မကြာခဏ မြင်ရခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲခြင်း ဖြစ်သည်။ လူတို့သည် အမှုအရာ အချို့တို့ကိုသာ မြင်နိုင်ပြီး အမှုအရာအချို့တို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ သုံးသပ်ထားခြင်း ဖြစ်သောကြောင့် လူတို့သည် ရလဒ်ကို မမြင်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့ မြင်သော အရာများမှာ အမှုအရာများ၏ စစ်မှန်သော ရှုထောင့် သေချာပေါက် မဟုတ်ပေ။ သို့သော်လည်း သင် မမြင်သော အခြား ရှုထောင့်တွင် ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးထဲမှ စစ်မှန်သော အတွေးများ နှင့် သုံးသပ်ချက်များပင် ဖြစ်သည်။

ဘုရားသခင်၏ အမှုတော်အတွင်း ထွက်ပြေးသော လူများမှာ မှန်သောလမ်းကို စွန့်ပစ်သော သူများပင် ဖြစ်သည်

ထို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးကို အဘယ်ကြောင့် ယင်းကဲ့သို့ ပြင်းထန်သော အပြစ်ဒဏ်တစ်ခု ပေးနိုင်သနည်း။ ဘုရားသခင်သည် ၎င်းတို့အပေါ် အဘယ်ကြောင့် အလွန် ဒေါသထွက်ရသနည်း။ ပထမဦးစွာ ဘုရားသခင်၏ စိတ်သဘောထားသည် ဘုန်းအာနုဘော် ဖြစ်သည်၊ အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့ သိကြသည်။ သူသည် တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံမည့် သိုးတစ်ကောင် မဟုတ်ပေ၊ ထိုမျှမက သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်နိုင်သည့် ရုပ်သေးရုပ်တစ်ခု မဟုတ်ပေ။ သူသည် လူတို့၏ ဆရာကြီးလုပ်ခြင်းကို ခံသည့် ဗလာနတ္တိဖြစ်သော လေလည်း မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင် တည်ရှိကြောင်းကို အမှန်တကယ် ယုံကြည်ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာ မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသသည် စကားလုံးတစ်လုံးအားဖြင့်၊ အတွေးတစ်ခုအားဖြင့်၊ ဆိုးညစ်သော အပြုအမူ တစ်မျိုးမျိုးအားဖြင့်၊လူတို့၏အမြင် နှင့် လူတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့် ဖြစ်သော မပြင်းထန်သည့် အပြုအမူအားဖြင့်၊ သို့မဟုတ် သြဝါဒတစ်ခု၊ အယူအဆတစ်ခုအားဖြင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသထွက်သည်နှင့် တပြိုင်နက်သင်၏ အခွင့်အရေး ဆုံးရှုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီ ဖြစ်သည်။ ဤအရာမှာ ဆိုးဝါးသော အရာတစ်ခုပင် ဖြစ်လေစွ။ အကယ်၍ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားမှု ခံ၍မရသည်ကို သင် နားမလည်ပါက သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်း ပြစ်မှားနေနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်ခြင်း မရှိပေ၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းကြောင်းပေါ်၌ သင့်ကိုယ်သင် အဘယ်သို့ ရောက်စေရမည်ကို သိမည် မဟုတ်ပေ။ သင် သိလာသည်နှင့် တပြိုင်နက် ဘုရားသခင်သည် ပြစ်မှားခြင်းကိုမခံကြောင်း သင် သတိပြုနိုင်မည် ဖြစ်ခြင်းကြောင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကောင်းကို သင် သိလိမ့်မည် ဖြစ်သည်။

ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း၏လမ်းကြောင်းတွင် လျှောက်ခြင်းမှာ သမ္မာတရားကို သင်မည်မျှသိခြင်း၊ စမ်းသပ်မှု မည်မျှကို သင် ကြုံတွေ့ခဲ့ဖူးခြင်းသို့မဟုတ် သင် မည်မျှ ဆုံးမပဲ့ပြင်ခြင်းကို ခံခဲ့ဖူးခြင်း အကြောင်း သေချာပေါက် မဟုတ်ပေ။ ယင်းထက်၊ ၎င်းမှာ ဘုရားသခင် နှင့်စပ်လျဉ်း၍ သင့်စိတ်နှလုံး၏ အနှစ်သာရမှာ အဘယ်အရာဖြစ်ကြောင်း နှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်ကြောင်းအပေါ် မူတည်သည်။ လူ၏အနှစ်သာရ နှင့် ၎င်းတို့၏ ဓမ္မဓိဌာန်မကျသော သဘောထားများမှာ အလွန် အရေးကြီးပြီး အလွန်အဓိကကျသည်။ ဘုရားသခင်ကို ကျောခိုင်းပြီး စွန့်ခွာသွားခဲ့သော ထိုလူများ နှင့်စပ်လျဉ်း၍ ၎င်းတို့၏ ဘုရားသခင်အပေါ် အထင်သေးဖွယ်ဖြစ်သော သဘောထား နှင့် သမ္မာတရားကို အထင်အမြင်သေးသော ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် ဘုရားသခင် နှင့်ပတ်သက်သရွေ့ ၎င်းတို့သည် မည်သည့်အခါမျှ ခွင့်လွှတ်ခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သိခဲ့ကြသည်၊ ဘုရားသခင် ရောက်ရှိနှင့်ပြီ ဖြစ်ကြောင်း သတင်းကို ရရှိခဲ့ပြီး ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အသစ်သော အမှုကို ကြုံတွေ့ခဲ့ကြဖူးပြီဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ထင်ယောင်ထင်မှား ဖြစ်စေခြင်း အကြောင်း တစ်ခုကြောင့် မဟုတ်သကဲ့သို့ ၎င်းတို့သည် ၎င်းနှင့်ပတ်သက်၍ ဝိုးတိုးဝါးတား ဖြစ်ခြင်းကြောင့် မဟုတ်ပေ။ ၎င်းတို့အား ထိုကဲ့သို့ ဖြစ်စေရန် အတင်းအကျပ် ဖိအားပေးခံရခြင်း အကြောင်းတစ်ခုကြောင့် ဆိုပါက ပို၍ပင် မဟုတ်ချေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့သည် သတိရှိစွာ နှင့် ရှင်းလင်းသော စိတ်တစ်ခုဖြင့် ဘုရားသခင်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမျာ ၎င်းတို့၏ လမ်းပျောက်ခြင်းအကြောင်း မဟုတ်ပေ၊ ၎င်းမှာ ၎င်းတို့ နှင်ထုတ်ခံရခြင်း အကြောင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့မှာ အပြင်တွင် သုံးဖြုန်းပျော်ပါး၍ ဝမှ လမ်းပျောက်ပြီး အိမ်ပြန်လာသော သားတစ်ဦး ဖြစ်ဖို့နေနေသာသာ အုပ်စုမှ လမ်းလွဲသွားသော သိုးတစ်ကောင်ပင် မဟုတ်ပေ၊ ၎င်းတို့သည် ဒဏ်ခတ်မခံရခြင်းဖြင့် ထွက်ခွာခဲ့ကြပြီး ယင်းအနေအထားတစ်ခု၊ ယင်းအခြေအနေတစ်ခုက ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ဖြစ်စေကာ ဤအနှောင့်အယှက် ဖြစ်စေခြင်းကြောင့် သူသည် ၎င်းတို့အား မျှော်လင့်ချက်မဲ့သော အဆုံးသတ်တစ်ခုကို ပေးခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဆုံးသတ်မျိုးမှာ ကြောက်မက်ဖွယ် မကောင်းသလော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို မသိပါက ဘုရားသခင်ကို ပြစ်မှားမိနိုင်သည်။ ဤအရာမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ သဘောထားကို အလေးအနက်မထားဘဲ မိမိတို့သည် ဘုရားသခင်၏ ပျောက်ဆုံးနေသော သိုးများဖြစ်ပြီး ပြောင်းလဲသော စိတ်နှလုံးသားတစ်ခုရှိရန် ဘုရားသခင်သည် ဆက်၍ စောင့်ဆိုင်းနေခြင်းကြောင့် ၎င်းတို့၏ ပြန်လာခြင်းကို ဘုရားသခင်က မျှော်နေသည်ဟု ယုံကြည်နေသေးပါက ဤလူသည် ၎င်းတို့အား ပြစ်ဒဏ်ခတ်မည့်နေ့ရက် နှင့် အလွန် မဝေးတော့ချေ။ ဘုရားသခင်သည် ၎င်းတို့အား လက်ခံရန်သာ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သူ၏ စိတ်သဘောထားကို ဒုတိယအကြိမ် ၎င်းတို့ အနှောင့်အယှက် ပေးခြင်း ဖြစ်သည်၊ ၎င်းမှာ ပို၍ပင် ဆိုးဝါးသော အကြောင်းအရာတစ်ခုပင် ဖြစ်လေစွ။ ဤလူ၏ မရိုသေသော သဘောထားသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေး အမိန့်ကို ပြစ်မှားနှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံဦးမည်လော။ ဤအကြောင်းအရာ နှင့်ပတ်သက်၍ ဘုရားသခင်၏ နိယာမများမှာ၊ အကယ်၍ တစ်စုံတစ်ဦးသည် မှန်သော လမ်းအကြောင်းကို သေချာသိပြီးသော်လည်း ဘုရားသခင်ကို သတိရှိစွာ နှင့် ရှင်းလင်းသော စိတ်တစ်ခုဖြင့် ဆက်၍ ငြင်းပယ်ပြီး ဘုရားသခင်ထံမှ ၎င်းတို့ကိုယ်ကို ကင်းကွာအောင်နေပါက ဘုရားသခင်သည် ၎င်းတို့၏ ကယ်တင်ခြင်းလမ်းကို ပိတ်ဆို့ပြီး နိုင်ငံတော်၏ ဂိတ်ဝသည် ဤအချိန်မှစ၍နောင်တွင် ၎င်းတို့အတွက် ပိတ်ထားမည် ဖြစ်သည်။ ဤလူသည် နောက်ထပ်တစ်ကြိမ် လာ၍ တံခါးခေါက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့အတွက် တံခါးကို ထပ်မံဖွင့်ပေးမည် မဟုတ်ပေ။ ဤလူကို ထာဝရ အဝင်ခံလိမ့်မည် မဟုတ်ပေ။ သင်တို့ထဲမှ အချို့တို့သည် သမ္မာကျမ်းစာထဲမှ မောရှေ ၏ ဇာတ်ကြောင်းကို ဖတ်ဖူးကောင်း ဖတ်ဖူးကြမည် ဖြစ်သည်။ မောရှေသည် ဘုရားသခင်၏ ဘိသိက်ကို ခံခဲ့ရပြီးနောက် ခေါင်းဆောင် အယောက် ၂၅၀ တို့သည် သူ၏ အပြုအမူများ နှင့် အခြား အမျိုးမျိုးသော အကြောင်းရင်းများကြောင့် မောရှေကို မကျေနပ်ခဲ့ကြပေ။ ၎င်းတို့သည် မည်သူ့ကို နာခံရန် ငြင်းခဲ့ကြသနည်း။ ၎င်းမှာ မောရှေ မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များကို နာခံရန် ငြင်းခဲ့ကြသည်၊ ၎င်းတို့သည် ဤအရေး နှင့်ပတ်သက်၍ ဘုရားသခင်၏ အမှုကို နာခံရန် ငြင်းခဲ့ကြသည်။ ၎င်းတို့က "သင်တို့သည် ပရိသတ်အပေါ် အလွန်အကျွံ တာဝန်ယူကြ၏။ ပရိသတ်အပေါင်း၊ အယောက်တိုင်းတို့သည် သန့်ရှင်းကြသည်ကို မြင်ရပြီး ယေဟောဝါသည် သူတို့အလယ်တွင် ရှိတော်မူ၏ …" ဟု ဤသို့ ဆိုခဲ့ကြသည်။ လူတို့၏ အမြင်တွင် ဤစကားများမှာ အလွန် ပြင်းထန်သလော။ ထို စကားများမှာ ပြင်းထန်မည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ဤစကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်မှာ မပြင်းထန်ပေ။ တရားဥပဒေသဘောအရ ၎င်းတို့မှာ ဥပဒေ တစ်စုံတစ်ခုကို ချိုးဖောက်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အပေါ်ယံ၌ ၎င်းမှာ ရန်လိုသော အသုံးအနှုန်း သို့မဟုတ် ဝေါဟာရ မဟုတ်ခြင်းကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ နာမကို ကျိန်ဆဲသော အဓိပ္ပာယ် ဆိုပါက ပို၍ပင် မဟုတ်ချေ။ သာမန် ဝါကျ တစ်ကြောင်းပင် ဖြစ်သည်၊ ထိုထက် မပိုပေ။ သို့သော်လည်း ဤစကားများသည် ဘုရားသခင်ထံမှ အမျက်ကို အဘယ်ကြောင့် နှိုးဆော် သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုစကားများမှာ လူကို ပြောဆိုခြင်း မဟုတ်ဘဲ ဘုရားသခင်ကို ပြောဆိုနေခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြသော သဘောထား နှင့် စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ဖြစ်စေသော အရာပင် ဖြစ်ပြီး အထူးသဖြင့် ပုန်ကန်ပြစ်မှား၍ မရသည့် ဘုရားသခင်၏ စိတ်သဘောထားကို နှောင့်ယှက်ခြင်းပင် ဖြစ်သည်။ အဆုံး၌ ၎င်းတို့၏ အဆုံးသတ်မှာ အဘယ်သို့ ဖြစ်ကြောင်းကို ငါတို့ အားလုံး သိကြသည်။ ဘုရားသခင်ကို စွန့်လွှတ်သော သူများ နှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်မှာ အဘယ်နည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ထို့အပြင် ၎င်းတို့၏ ရှုထောင့် နှင့် သဘောထားသည် ဘုရားသခင်အား ၎င်တို့ကို အဘယ်ကြောင့် ယင်းကဲ့သို့ ပုံစံတစ်ခုဖြင့် ရိုက်နှက်ဆုံးမစေခြင်း ဖြစ်သနည်း။ အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိသော်လည်း သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခြင်းကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ၎င်းတို့၏ အခွင့်အရေးကို လုံးလုံးလျားလျား ချွတ်ယူခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်နှင့်အညီ "အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊" ဟူ၍ ဖြစ်သည်။ ယခု သင်တို့ ဤအကြောင်းအရာ နှင့်ပတ်သက်၍ နားလည်ကြပြီလော။

လူ၏ ကံကြမ္မာသည် ဘုရားသခင်အပေါ်၌ရှိသော သူ၏ သဘောထားအားဖြင့် ဆုံးဖြတ်ခံရခြင်း ဖြစ်သည်

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်တစ်ဆူ ဖြစ်ပြီး လူတို့သည် မတူညီသော အခြေအနေများတွင် မတူညီစွာ လုပ်ဆောင်ကြသကဲ့သို့ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ် မဟုတ်သလို ဗလာနတ္တိဖြစ်သော လေ မဟုတ်ခြင်းကြောင့် ဤလုပ်ဆောင်ချက်များအပေါ် ဘုရားသခင်၏ သဘောထားမှာ ကွဲပြားပေသည်။ ဘုရားသခင်၏ သဘောထားကို သိရခြင်းမှာ လူသားမျိုးနွယ်အတွက် အဖိုးထိုက်သော လေ့လာလိုက်စားမှုတစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မည်ကဲ့သို့သိနိုင်မည့်အကြောင်း နှင့် သူ၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်ရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်လာသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ရန် ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင် ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ သင်သည် သူ နှင့်ပတ်သက်၍ ကောက်ချက်များကို ချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင် အကြောင်း သင် ကောက်ချက်များချခြင်းကို ရပ်သည့်အခါ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာရှိမည် မဟုတ်ဘဲ ဘုရားသခင်သည် သင့်အား သူ၏အကြောင်း အသိတစ်ခုရှိစေရန် အမှတ်တမဲ့ ဦးဆောင်သွားမည်ဖြစ်သဖြင့် သင်သည် သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့လိမ့်မည် ဖြစ်သည်။ သင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော သြဝါဒများ၊ စာများ နှင့် အယူအဆများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင် ရပ်တံ့လိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမြဲ ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏ အမှုကို လူသားမျိုးနွယ်တို့ မြင်နိုင်ခြင်း ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ သူ့အပေါ် လူ တစ်ယောက်ချင်းစီ နှင့် အယောက်တိုင်း၏ သဘောထား နှင့်အတူ ပြုမူပုံများမှာ ဘုရားသခင်အတွက် သိသာထင်ရှားသည်သာမက မြင်လည်း မြင်နိုင်ပေသည်။ ဤအရာမှာ အယောက်တိုင်း သဘောပေါက်သင့်ပြီး ရှင်းရှင်းလင်းလင်း သိသင့်သော တစ်စုံတစ်ရာဖြစ်သည်။ သင်သည် သင့်ကိုယ်သင် "ဤနေရာတွင် ကျွန်ုပ် လုပ်နေသော အရာကို ဘုရားသခင် သိသလော။ ယခု ကျွန်ုပ်တွေးနေသော အရာကို ဘုရားသခင် သိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်" ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့သော ရှုထောင့်ကို ခံယူလျက် ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်သော်လည်း သူ၏ အမှု နှင့် သူ၏ တည်ရှိခြင်းကို သံသယရှိပါက သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါး တစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေနှင့်ပြီ ဖြစ်သောကြောင့် သင်သည် သူ့ကို ဒေါသထွက်စေသောနေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသောလူများကို ကျွန်ုပ် မြင်ဖူးသော်လည်း ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို မရသေးပေ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကိုပင် နားမလည်ကြချေ။ ၎င်းတို့၏ ဘဝ ဝိညာဉ်အသက်တာသည် တိုးတက်မှု တစ်စုံတစ်ရာ မရှိဘဲ အပေါ့တန်ဆုံးသော သြဝါဒကိုသာ လိုက်နာစောင့်ထိန်းလျက်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင်အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်းမရှိသောကြောင့် ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်း နှင့် လက်ခံခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့ လူများကို ကြည့်ကာ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်ပါသလား။ ၎င်းတို့သည် သူ့ကို နှစ်သိမ့်ကြသလော။ ထိုအခြေအနေတွင် ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုနည်းလမ်းသည် ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မည်ကဲ့သို့ ရှာဖွေသည် သို့မဟုတ် ဘုရားသခင်ကို သင်မည်ကဲ့သို့ ဆက်ဆံသည်ဟူသော မေးခွန်းဖြစ်ပါစေ အရေးအကြီးဆုံး အရာမှာ သင်၏ သဘောထားပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်မှ ဗလာနတ္တိဖြစ်သောလေကဲ့သို့ သူ့အား လျစ်လျူမရှုနှင့်။ သင်၏ ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင် တစ်ဆူ၊ စစ်မှန်သော ဘုရားသခင် တစ်ဆူ ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် အဘယ်အမှုအရာမျှ လုပ်ဆောင်စရာမရှိသော တတိယကောင်းကင်ဘုံ၌ မရှိပါ။ ထိုသို့မဟုတ်ဘဲ သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးအတွင်း အစဉ်မပြတ် ကြည့်လျက်ရှိသည်၊ သင် လုပ်ဆောင်သောအရာကို ကြည့်လျက်ရှိသည်၊ အသေးငယ်ဆုံးသော စကားလုံး တစ်လုံးချင်းစီ နှင့် အသေးဆုံး လုပ်ဆောင်မှု တစ်ခုချင်းစီကို ကြည့်လျက်ရှိသည်၊ သင် မည်ကဲ့သို့ ပြုမူပုံ နှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ ရှိကြောင်းကို ကြည့်လျက်ရှိသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူ နှင့် သင်၏ အတွင်းဆုံးမှ အတွေးများနှင့် စိတ်ကူးများ အားလုံးသည် ဘုရားသခင်ရှေ့၌ ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံကြရသည်။ သင်၏ အပြုအမူ၊ သင်၏ လုပ်ဆောင်ချက်များ နှင့် ဘုရားသခင်အပေါ် သင်၏ သဘောထား နှင့်အညီ သင့်အပေါ် သူ၏ ခံယူချက် နှင့် သင့်အပေါ် သူ၏ သဘောထားသည် အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ် အလွန် ချစ်သင့်သကဲ့သို့၊ သင့်ကို သူသည် ဘယ်သောအခါမျှ စွန့်ခွာနိုင်မည် မဟုတ်ဘိသကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ တစ်သတ်မတ်တည်းဖြစ်၍ ဘယ်သောအခါမျှ ပြောင်းလဲနိုင်မည် မဟုတ်ဘိသကဲ့သို့၊ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ မိမိတို့ ကိုယ်ကို ထားကြမည့် သူများကို အကြံဉာဏ်အချို့ ငါ ပေးလိုသည်၊ အိပ်မက်မက်နေခြင်းကို ရပ်ကြလော့။ ဘုရားသခင်သည် လူ အယောက်စီတိုင်းအပေါ် သူ၏ ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်။ လူသားမျိုးနွယ်အပေါ် သိမ်းပိုက်ခြင်း နှင့် ကယ်တင်ခြင်းအမှုတို့ကို သူသည် အလွန်လေးနက်စွာ ကိုင်တွယ်ဖြေရှင်းသည်။ ၎င်းမှာ သူ၏ စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူ တစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ အလေးအနက်ထား၍ ဆက်ဆံသည်။ လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပေ၊ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းမှာ အလိုမလိုက်ခြင်း သို့မဟုတ် ဂရုမပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်း နှင့် ဘဝကို အလေးထားခြင်း ဖြစ်သည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူအပေါ် သူ၏ မျှော်မှန်းချက်များကို သိရှိစေသည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သော အရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားမှာ စည်းစနစ်ကျပြီး တစ်ယူသန် အုပ်စိုးမှု လုံးဝ မဟုတ်ဘဲ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ အလိုသည် အချိန်အလိုက်၊ အခြေအနေအလိုက် နှင့် လူ အယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက်နေ၏။ ထို့ကြောင့် သင်တို့သည် ဤအရာအပေါ် ရှင်းလင်းပြတ်သားသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်း မရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များ နှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာမည် ဖြစ်သည်ကို နားလည်ထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခု ဖြစ်သည်ဟု သင် ထင်ကောင်းထင်နိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ ကိုယ်ပိုင် အယူအဆများကို သင် အသုံးပြုသည်။ သို့သော်လည်း သင်၏ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော ရှုထောင့်မှာ မှန်သောအချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေနှင့်ပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ ပြုသည်ဟု သင် ထင်သည့်အတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင် ဤ အကြောင်းအရာကို သူပြုမည်ဟု သင် ပြောသည့်အတိုင်း သဘောမထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန် နှင့် မြော်မြင်ချင့်ချိန်ရန် သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမကို မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါ သတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလို နှင့် ဘုရားသခင်၏ သဘောထား နှင့်သက်ဆိုင်သော အကြောင်းအရာများအပေါ် ခိုင်ခံ့သော အသိတစ်ခု တိုးပွားလာရန် လိုအပ်သည်၊ ၎င်းကို မိတ်သဟာယဖွဲ့ပေးရန် နှင့် အလွန် လေးလေးနက်နက်ရှာရန် ဉာဏ်အလင်းဖွင့်ပြခြင်း ခံရသောလူများကို ရှာလော့။ သင့် ယုံကြည်မှု၏ ဘုရားသခင်ကို စိတ်ထင်ရာ တရားစီရင်ခြင်း၊ စိတ်ထင်ရာ ကောက်ချက်ချခြင်းများ၊ ဘုရားသခင် နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းဖြစ်သည့် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် မမြင်နှင့်။ ဘုရားသခင်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ထဲတွင် သူသည် သင်၏ အဆုံးသတ်ကို သတ်မှတ်သောအခါ၊ အကယ်၍ သူသည် သင့်အား သနားခြင်းကရုဏာ သို့မဟုတ် သည်းခံခြင်းကို ပေးသည် ဖြစ်စေ၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးသည်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏ သဘောထား နှင့် ဘုရားသခင်အပေါ် သင်၏ သိခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏ အသိဉာဏ် သို့မဟုတ် နားလည်မှု ရှုထောင့် တစ်ခုဖြင့် သူ့အား ရာသက်ပန် အဓိပ္ပာယ်ဖွင့်ခြင်း မဖြစ်စေနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင် ကို ယုံကြည်ကြလော့။ ဤအရာကို မှတ်သားကြလော့။ ဤနေရာတွင် သင်တို့ကြားရန် လိုအပ်သောသမ္မာတရားအချို့ကို ငါ ဆွေးနွေးပြီးသော်လည်း သင်တို့၏ လက်ရှိ အခြေအနေ နှင့် လက်ရှိ ဝိညာဉ်အသက်တာအရ သင်တို့၏ စိတ်အားထက်သန်မှု မကုန်ခန်းစေရန်အတွက် ငါသည် ပို၍ကြီးသော မည်သည့် တောင်းဆိုချက်များကိုမျှ တောင်းမည် မဟုတ်ပေ။ ထိုသို့ လုပ်ခြင်းသည် သင်တို့၏ စိတ်နှလုံးများထဲတွင် စိတ်ဓာတ်ကျစရာ မြောက်များစွာနှင့် ပြည့်နှက်စေ၍ သင့်အား ဘုရားသခင်အပေါ် အလွန် စိတ်ပျက်မှုကို ခံစားရစေမည် ဖြစ်သည်။ ယင်းအစား သင်တို့သည် သင်တို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုနိုင်လိမ့်မည်ဟု ငါ မျှော်လင့်ပြီး ရှေ့မှလမ်းကြောင်း၌ လျှောက်လှမ်းသည့်အခါ ဘုရားသခင်ကို ရိုသေလေးစားသော သဘောထားတစ်ခုကို အသုံးပြုနိုင်မည်ဟု ငါ မျှော်လင့်ပါသည်။ ဘုရားသခင်အပေါ် ယုံကြည်မှုကို မည်ကဲ့သို့ မှတ်ယူရမည့် အကြောင်းအရာအားဖြင့် စိတ်မရှုတ်နှင့်။ ၎င်းကို အကြီးမားဆုံးသော မေးခွန်းများထဲမှ တစ်ခုအဖြစ် သဘောထားလော့။ ၎င်းကို သင်၏ စိတ်နှလုံးထဲ၌ ထားလော့၊ ၎င်းကို လက်တွေ့လုပ်ဆောင်ကြလော၊ လက်တွေ့ဘဝ နှင့် ဆက်သွယ်လော့၊ အပြောဖြင့်သာ မပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သေရေး ရှင်ရေး ကိစ္စတစ်ခု ဖြစ်ပြီး ၎င်းမှာ သင်၏ ကံတရားကို ဆုံးဖြတ်သော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းကို ရယ်စရာတစ်ခု အဖြစ်၊ ကလေးကစားနည်းတစ်ခုကဲ့သို့ သဘောမထားကြနှင့်။ ဤနှုတ်ကပတ်တော်များကို သင်တို့အား ယနေ့ ငါ ဝေငှပြီးနောက်တွင် သင်တို့၏ ဦးနှောက်ထဲ၌ နားလည်ခြင်း၏အကျိုးမှာ အဘယ်သို့ ဖြစ်ကြောင်း ငါ သိလိုသည်။ ဤနေရာတွင် ယနေ့ ငါ ပြောခဲ့ပြီးသော အရာများအကြောင်း သင်တို့ မေးလိုသော မေးခွန်း တစ်စုံတစ်ရာ ရှိသလော။

ဤ အကြောင်းအရာ များမှာ အနည်းငယ် သစ်လွင်ပြီး သင်တို့၏ အမြင်များ ၊ ့် သင်တို့ အများအားဖြင့် လေ့လာလိုက်စားပြီး အာရုံစိုက်သော အရာများနှင့် အနည်းငယ် ခြားနားသော်လည်း ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ မိတ်သဟာယပြုပြီးသည့်အခါ ဤနေရာတွင် ငါ ပြောခဲ့ပြီးသော အရာအားလုံးအပေါ် သင်တို့၌ သာမန် အသိတစ်ခု တိုးပွားလာမည်ဟု ငါ ထင်ပါသည်။ ဤအရာများမှာ ယခင်က သင်တို့ ဆင်ခြင်သုံးသပ်ခဲ့ခြင်းမရှိသော အကြောင်းအရာအသစ်များ ဖြစ်သောကြောင့် ၎င်းတို့က သင်တို့၏ ဝန်ကို တိုးစေလိမ့်မည် မဟုတ်ဟု ငါ မျှော်လင့်ပါသည်။ ယနေ့ ငါ ပြောသော ဤ နှုတ်ကပတ်တော်များမှာ သင်တို့ကို ခြောက်လှန့်ရန် မဟုတ်သည့်အပြင် သင်တို့ကို အရေးယူရန် ကြိုးစားခြင်း မဟုတ်ပေ၊ ထိုသို့မဟုတ်ဘဲ ငါ၏ ရည်မှန်းချက်မှာ အမှန်တရား၏ အဖြစ်မှန်ကို သင်တို့ နားလည်စေဖို့ အကူအညီပေးရန်ပင် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် နှင့် ဘုရားသခင်အကြားတွင် အကွာအဝေးတစ်ခု ရှိသည်၊ လူသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ နားလည်ခဲ့ခြင်း မရှိပေ၊ သူသည် ဘုရားသခင်၏ သဘောထားကို မည်သည့်အခါမျှ သိခဲ့ခြင်း မရှိပေ။ လူသည် ဘုရားသခင်၏ သဘောထားအတွက် သူ၏ အလေးထားမှုတွင် မည်သည့်အခါမျှ စိတ်အားထက်သန်ခဲ့ဖူးခြင်းလည်း မရှိပေ။ ယင်းသို့မဟုတ်ဘဲ သူသည် မမြင်မကန်း ယုံကြည်ခဲ့သည်၊ မမြင်မကန်း ရှေ့ဆက်ခဲ့ပြီး ဘုရားသခင်အပေါ် သူ၏ အသိ နှင့် နားလည်မှုတွင် အရေးထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ငါသည် သင်တို့အတွက် ဤ အကြောင်းအရာများကို ရှင်းလင်းရန် နှင့် သင်တို့ ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့ ဘုရားသခင် အမျိုးအစား ဖြစ်ကြောင်း၊ သူသည် မည်သည့်အရာကို စဉ်းစားနေကြောင်း၊ မတူညီသော လူ အမျိုးမျိုးအပေါ် သူ၏ဆက်ဆံမှု၌ သူ၏ သဘောထားမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ သူ၏ သတ်မှတ်ချက်များ ပြည့်မီရန်အတွက် သင်တို့သည် မည်မျှ ဝေးကွာနေကြောင်း နှင့် သင်တို့၏ ပြုမူပုံများ နှင့် သူတောင်းဆိုသော စံနှုန်းအကြား ကွာဟချက်မှာ မည်မျှ ဝေးကွာနေကြောင်း သင်တို့ နားလည်စေဖို့ ကူညီပေးရန် မဖြစ်မနေ လုပ်ရမည်ဟု ငါ ခံစားရသည်။ ဤအရာကို သင်သိခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ သင်တို့၏ စိတ်နှလုံးထဲတွင် စံတစ်ခုကိုပေးရန် ဖြစ်ပြီး ၎င်းဖြင့် သင်တို့ ရှိနေသော လမ်းသည် မည်ကဲ့သို့ အကျိုးဆက်မျိုး ရှိရာဆီ ဦးတည်နေကြောင်း၊ ဤလမ်းပေါ်တွင် သင်တို့ မရသေးသော အရာများ နှင့် သင်တို့ ပါဝင်ခြင်း မရှိသော ကဏ္ဍများမှာ မည်သည့် ကဏ္ဍများ ဖြစ်ကြောင်း တိုင်းတာရန် နှင့် သိစေရန် ဖြစ်သည်။ သင်တို့သည် သင်တို့အကြားတွင် မိတ်သဟာယပြုသောအခါ ဆွေးနွေးနေကျ အကြောင်းအရာ အနည်းငယ်ကို အများအားဖြင့် ပြောဆိုလေ့ရှိကြသည်၊ အတိုင်းအတာ ကျဉ်းမြောင်းပြီး ဆွေးနွေးသည့် အချက်မှာ အလွန် မလေးနက်ပေ။ သင်တို့ ဆွေးနွေးသောအရာ နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြား၊ သင်တို့၏ ဆွေးနွေးချက်များ နှင့် ဘုရားသခင်၏ တောင်းဆိုချက်များ၏ အတိုင်းအတာ နှင့် စံနှုန်းအကြားတွင် အကွာအဝေးတစ်ခု၊ ကွာဟချက်တစ်ခု ရှိသည်။ ဤကဲ့သို့ ရှေ့ဆက်ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ သင်တို့အား ဘုရားသခင်၏ လမ်းမှ ပို၍ ပို၍ လမ်းလွဲသွားစေလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ထံမှ တည်ရှိပြီးသော နှုတ်ကပတ်တော်များကိုသာ ယူ၍ ၎င်းတို့ကို ကိုးကွယ်ရာပစ္စည်းများ၊ ထုံးတမ်းဓလေ့ နှင့် စည်းမျဉ်းဖြင့် ပြောင်းလဲကြသည်။ ၎င်းမှာ ဤကဲ့သို့ပင် ဖြစ်သည်။ အမှန်အားဖြင့် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးထဲ၌ နေရာလုံးလုံး မရှိသည့်အပြင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို မည်သည့်အခါမျှ ရခဲ့ခြင်း မရှိပေ။ လူအချို့က ဘုရားသခင်ကို သိရန်မှာ အလွန် ခက်ခဲသည်ဟု ထင်ကြသည်၊ ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ၎င်းမှာ ခက်ခဲပေသည်။ အကယ်၍ လူတို့ကို အပြင်ပန်းမှ ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် နှင့် အမှုအရာများကို လုပ်ဆောင်ပြီးစီးစေမည် ဆိုပါက၊ အကယ်၍ ၎င်းတို့ကို အလုပ်ကြိုးစားစေမည် ဆိုပါက လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန် လွယ်ကူသည်ဟု ထင်ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ဤအရာ အားလုံးမှာ လူ၏ တတ်နိုင်စွမ်းများ၏ အတိုင်းအတာအတွင်း၌ ရှိခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့် လူအပေါ် ဘုရားသခင်၏ သဘောထားကဏ္ဍများဘက်သို့ အကြောင်းအရာက ပြောင်းသွားသည့်အခါ အယောက်တိုင်းအတွက် ပို၍များစွာ ခက်ခဲလာခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာတွင် သမ္မာတရားအပေါ် လူတို့၏ နားလည်မှု နှင့် စစ်မှန်မှုထဲ ဝင်ရောက်ခြင်း ပါဝင်ခြင်းကြောင့် ဖြစ်သည်၊ ခက်ခဲမှု အတိုင်းအတာ တစ်ခု အမှန်ပင် ရှိမည် ဖြစ်သည်။ သို့သော်လည်း သင်သည် ပထမ တံခါးကို ဖြတ်ကျော်ပြီးနောက်၊ ဆက်၍ ဝင်ရောက်ပြီးနောက်တွင် ၎င်းသည် ပို၍ ပို၍ တဖြည်းဖြည်း လွယ်ကူလာမည် ဖြစ်သည်။

ဘုရားသခင်ကို ကြောက်ရွံခြင်း၏ စမှတ်မှာ သူ့အား ဘုရားသခင်အဖြစ် သဘောထားခြင်း ဖြစ်သည်

တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို မကြောက်ရွံ့နိုင်သေးဘဲ ယောဘထက် ဘုရားသခင်ကို ပို၍ သိခြင်းမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်းဟူသော မေးခွန်းတစ်ခုကို ခုလေးတင် မေးခဲ့၏။ ဤ အကြောင်း နှင့်ပတ်သက်၍ စောနက ငါတို့ အနည်းငယ် ဆွေးနွေးခဲ့သည် မဟုတ်လော။ အမှန်အားဖြင့် ဤမေးခွန်း၏ အနှစ်သာရကိုလည်း ယခင်က ဆွေးနွေးခဲ့ပြီး ဖြစ်သည်၊ ယောဘသည် ထိုစဉ်အချိန်က ဘုရားသခင်ကို မသိခဲ့သော်လည်း သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားခဲ့ပြီး သူ့အား ကောင်းကင်အောက် နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်း၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့သည်။ ယောဘသည် ဘုရားသခင်အား ရန်သူတစ်ဦးအဖြစ် သဘောထားခဲ့ခြင်းမရှိပေ။ ယင်းထက်၊ သူသည် ဘုရားသခင်အား အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်ခဲ့သည်။ ယနေ့ခေတ် လူများသည် ဘုရားသခင်ကို အဘယ်ကြောင့် အလွန် အတိုက်အခံ လုပ်ကြသနည်း။ ဘုရားသခင်ကို အဘယ်ကြောင့် မကြောက်ရွံ့နိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့၏ အလွန်အမင်း အရိုးစွဲနေသည့် ဆိုးယုတ်သော သဘာဝရှိသော လူတို့သည် ဘုရားသခင်၏ ရန်သူ ဖြစ်လာသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး လက်ခံကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုပြီး ၎င်းတို့ကိုယ်ကို ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအနေတွင် ရောက်စကြသည်။ ဤအရာသည် လူသား သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ဘုရားသခင်အဖြစ် ရိုးရှင်းစွာ သဘောမထားကြပေ။ ယင်းအစား၊ ဘုရားသခင်ကို လူ၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ သူ့ကို လူ၏ ရန်သူအဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ဘုရားသခင် နှင့် မကျေအေးနိုင်ကြပေ။ ၎င်းမှာ ရိုးရှင်းပါသည်။ ဤအကြောင်းအရာသည် ယခင် အစည်းအဝေးအတွင်း အစပျိုးပေးခဲ့သည် မဟုတ်သလော။ ၎င်းကို ဆင်ခြင်ပါ၊ ယင်းမှာ အကြောင်းရင်း ဖြစ်သလော။ သင်၌ ဘုရားသခင် အကြောင်း အနည်းငယ်သော အသိရှိသော်လည်း ဤအသိမှာ မည်သည့် အသိ ဖြစ်သနည်း။ ဤအရာမှာ အယောက်တိုင်း ပြောနေသော အရာပင် ဖြစ်သည် မဟုတ်သလော။ ၎င်းမှာ ဘုရားသခင် သင့်အား ပြောခဲ့သောအရာဖြစ်သည် မဟုတ်သလော။ သင်သည် အယူအဆဆိုင်ရာ နှင့် သြဝါဒဆိုင်ရာ ရှထောင့်များကိုသာ သိသည်၊ သင်သည် ဘုရားသခင်၏ စစ်မှန်သော ရှုထောင့်ကို တွေ့ကြုံခံစားဖူးသလော။ သင်၌ ဓမ္မဓိဌာန်မကျသော အသိရှိသလော။ သင်၌ လက်တွေ့ကျသော အသိ နှင့် အတွေ့အကြုံ ရှိသလော။ အကယ်၍ ဘုရားသခင်သည် သင့်အား မပြောခဲ့ပါက ဤအရာကို သင် သိနိုင်ခဲ့မည်လော။ သင်၏ အယူအဆဆိုင်ရာ အသိသည် စစ်မှန်သော အသိကို ကိုယ်စားပြုခြင်း မရှိပေ။ အချုပ်အားဖြင့် သင် မည်မျှပင် သိပြီး သင် မည်သို့ပင် သိလာခဲ့သည် ဖြစ်စေ၊ ဘုရားသခင် အကြောင်း စစ်မှန်သော အသိတစ်ခုကို သင် မရမီ၊ ဘုရားသခင်သည် သင်၏ ရန်သူ ဖြစ်ပြီး ဘုရားသခင်ကို ယင်းကဲ့သို့ သင် အမှန်တကယ် သဘောမထားမီ သူသည် သင်နှင့် ဆန့်ကျင်ဘက်တွင် ရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်သောကြောင့်ပေတည်း။

သင်သည် ခရစ်တော် နှင့်အတူတကွ ရှိသည့် အချိန်တွင် သင်သည် သူ့အား တစ်နေ့ သုံးကြိမ် ထမင်း ကျွေးခြင်း၊ သူ့အား လက်ဘက်ရည် တည်ခင်းပေးခြင်း၊ သူ၏ ဘဝလိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးခြင်း ရှိကောင်းရှိနိုင်ပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောထားသည့် ပုံရသည်။ တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်း လူတို့၏ ရှုထောင့်များမှာ ဘုရားသခင်၏ ရှုထောင့်များနှင့် အမြဲ ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်ကို နားလည်ရန် အမြဲ ပျက်ကွက်ကြသည်၊ ၎င်းကို လက်ခံရန် ပျက်ကွက်ကြသည်။ လူတို့သည် ဘုရားသခင် နှင့် အပေါ်ယံအားဖြင့် အဆင်ပြေကောင်းပြေနိုင်သော်လည်း ဤအရာမှာ ၎င်းတို့သည် သူနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ တစ်စုံတစ်ခု ဖြစ်လျှင်ဖြစ်ချင်း လူ၏ မနာခံခြင်း၏ အမှန်တရားသည် ထွက်ပေါ်လာပြီး လူ နှင့် ဘုရားသခင်အကြား တည်ရှိသော ရန်လိုမှုကို အတည်ပြုလျက်ရှိသည်။ ဤရန်လိုမှုမှာ ဘုရားသခင်သည် လူကို ဆန့်ကျင်နေခြင်း မဟုတ်ပေ၊ ဘုရားသခင်သည် လူအပေါ် ရန်လိုရန် ဆန္ဒရှိနေခြင်း မဟုတ်သည့်အပြင် လူကို ဆန့်ကျင်ဘက်၌ ဘုရားသခင် ထားနေခြင်းမဟုတ်သလိုလူကို ယင်းကဲ့သို့ သဘောထားခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းမှာ ဘုရားသခင်အပေါ် ဤဆန့်ကျင်တတ်သော အနှစ်သာရသည် လူ၏ ဓမ္မဓိဌာန်မကျသော အလိုဆန္ဒ နှင့် လူ၏ မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အခြေအနေတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင်ထံမှ လာသည့် အရာမှန်သမျှကို သူ့သုတေသန၏ ရည်မှန်းချက်အဖြစ် မှတ်ယူခြင်းကြောင့် ဘုရားသခင်ထံမှ လာပြီး ဘုရားသခင် ပါဝင်ပတ်သက်သော အရာအပေါ် သူ၏ တုံ့ပြန်မှုမှာ အရာအားလုံးအထက်တွင် မှန်းဆရန်၊ သံသယဖြစ်ရန် ဖြစ်ပြီးနောက်၊ ဘုရားသခင် နှင့် ကွဲပြားဆန့်ကျင်ပြီး ဘုရားသခင်ကို ပုန်ကန်သော သဘောထားတစ်ခုကို အလျင်အမြန်ခံယူရန် ဖြစ်သည်။ ထို့နောက်တွင် လူသည် ဤ အပျက်သဘောဆောင်သော စိတ်နေစိတ်ထားများကိုယူကာ ဤကဲ့သို့သော ဘုရားသခင် အမျိုးအစား နောက်သို့လိုက်ရန် သူ့အတွက် တန် မတန် သံသယဖြစ်သည့် အဆင့်အထိ ဘုရားသခင်နှင့် ငြင်းခုံခြင်း သို့မဟုတ် ခုခံပြောဆိုခြင်း ပြုကြသည်။ လူ၏ ဆင်ခြင်တုံတရားက သူသည် ဤကဲ့သို့ ရှေ့ဆက်ရန် မသင့်ကြောင်း ပြောသော်လည်း သူသည် အလိုလိုထိုသို့ လုပ်ရန် ရွေးချယ်လိမ့်မည် ဖြစ်၍ အဆုံးတိုင်အောင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလဟာလ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဤကောလဟာလ မှန်မမှန််၊ တည်ရှိခြင်း ရှိမရှိကို ကျွန်ုပ် မသိပါ၊ ထို့ကြောင့် ကျွန်ုပ် စောင့်၍ ကြည့်မည် ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် လုံးဝ မဖြစ်နိုင်၊ ၎င်းမှာ တည်ရှိသလော။ ဤ ကောလဟာလ မှန်သလော သို့မဟုတ် မမှန်သလော ဟူ၍ ၎င်းတို့ စတင် အချိန်ယူကာ ဆင်ခြင်ကြသည်။ ဤလူသည် အပေါ်ယံတွင် မဖော်ပြသော်လည်း ၎င်းတို့၏ စိတ်နှလုံးကစတင်သံသယ ဖြစ်နှင့်ပြီး ဖြစ်သည်၊ ဘုရားသခင်ကို စတင်ကာ ငြင်းပယ်နှင့်ပြီး ဖြစ်သည်။ ဤကဲ့သို့ သဘောထား၊ ဤကဲ့သို့ ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်မီ ဤလူ၏ ရှုထောင့်မှာ အဘယ်အရာ ဖြစ်ကြောင်းကို သင် မမြင်နိုင်ပေ၊ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိဟုထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ၎င်းကို ရင်ဆိုင်ရလျှင်ရချင်း စာတန် ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤသည်မှာ မည်သည့် အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြနေခြင်းပေတည်း။ ဘုရားသခင်သည် လူကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မဟုတ်သော်လည်း လူ၏အနှစ်သာရ ကိုယ်တိုင်သည် ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ပါစေ၊ ၎င်းတို့ မည်မျှ ပေးဆပ်ပါစေ၊ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံ မပြုမိရန် ၎င်းတို့ကိုယ်ကို ရှောင်ပါစေ၊ ဘုရားသခင်ကို ချစ်ရန် ၎င်းတို့ကိုယ်ကို တိုက်တွန်းပါစေ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောထားနိုင်ခြင်း မရှိပေ။ ဤအရာမှာ လူ၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားပါက သူ့ကို ဘုရားသခင် ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်မည် ဖြစ်သည်၊ သင်သည် သူ့အပေါ် သံသယ တစ်စုံတစ်ရာ ရှိနိုင်သေးသလော။ သင်၏ စိတ်နှလုံးထဲတွင် သူ နှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ခြင်း တစ်စုံတစ်ရာ ရှိနိုင်ဦးမည်လော။ မရှိနိုင်ပေ။ ဤလောက၏ ဦးတည်ရာများမှာ အလွန် ဆိုးယုတ်သည်၊ ဤလူအမျိုးသည် အလွန် ဆိုးယုတ်သည်၊ သင်၌ ၎င်းတို့နှင့်ပတ်သက်၍ အယူအဆ တစ်စုံတစ်ရာ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင် ကိုယ်တိုင်ပင်လျှင် အလွန် ကောက်ကျစ်သည်၊ သင်၌ ၎င်း နှင့်ပတ်သက်၍ အယူအဆ တစ်စုံတစ်ရာ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သို့သော်လည်း ကောလဟာလ အနည်းငယ်၊ မဟုတ်မမှန် ပြောသောစကား အချို့သည် ဘုရားသခင် နှင့်ပတ်သက်၍ ကြီးမားသော အယူအဆများကို ဖြစ်ပေါ်စေနိုင်သည်၊ များစွာသော အတွေးတို့ကို ဖြစ်ပေါ်စေနိုင်သည်၊ ၎င်းမှာ သင်၏ ဝိညာဉ်အသက်တာသည် မည်မျှပင် ရင့်ကျက်မှု မရှိကြောင်းကို ပြသခြင်းပင် ဖြစ်လေတကား။ ခြင် အနည်းငယ်၊ ရွံစရာကောင်းသော ယင်ကောင် အနည်းငယ် "တဝီဝီ" မြည်သံအလား သင့်ကို လှည့်စားရန် ဤမျှသာ လိုအပ်သလော။ ဤလူအမျိုးအစားသည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ဤကဲ့သို့သော လူအမျိုးအစားကို ဘုရားသခင်သည် မည်ကဲ့သို့ ယူဆကြောင်းကို သင်သိသလော။ ဘုရားသခင်သည် ဤလူများကို ဆက်ဆံပုံတွင် သူ၏ သဘောထားမှာ အမှန်အားဖြင့် အလွန် ရှင်းလင်းပါသည်။ ဤလူများအပေါ် ဘုရားသခင်၏ ဆက်ဆံပုံမှာ ၎င်းတို့အား ဥပေက္ခာပြုခြင်းသာ ဖြစ်သည်၊ သူ၏ သဘောထားမှာ ၎င်းတို့အား တစ်စုံတစ်ရာ အာရုံစိုက်ခြင်း မပြုရန် နှင့် ပညာမဲ့သော ဤလူများအပေါ် အလေးမထားရန် ဖြစ်သည်။ အဘယ်ကြောင့် ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် သူ့အပေါ် အဆုံးအထိ ရန်လိုဖို့အတွက် ကတိပြုခဲ့ပြီး သူ နှင့် သဟဇာတဖြစ်သည့် လမ်းကို ရှာဖွေရန် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိသော ထိုလူများကို ရရန် သူသည် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်း မရှိခြင်းကြောင့် ဖြစ်သည်။ ငါ ပြောခဲ့ပြီးသော ဤ နှုတ်ကပတ်တော်များက လူအချို့ကို နာကျင်ကောင်း နာကျင်စေနိုင်သည်။ ကောင်းပြီ၊ သင်တို့အား ငါ ဤကဲ့သို့ အမြဲ နာကျင်စေရန် သင်တို့ အလိုရှိသလော။ သင်တို့ အလိုရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ငါ ပြောသမျှမှာ သမ္မာတရား ဖြစ်သည်။ အကယ်၍ ငါသည် သင့်တို့အား ဤကဲ့သို့ အမြဲ နာကျင်စေပါက၊ သင်၏ အမာရွတ်များကို အမြဲ ဖော်ထုတ်ပါက သင်တို့၏ စိတ်နှလုံးထဲမှ အလွန်မြင့်မြတ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ထိခိုက်စေမည်လော။ (မထိခိုက်စေပါ။) ထိခိုက်စေမည် မဟုတ်ကြောင်း ငါ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိခြင်းကြောင့်ပင်လျှင် ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲ၌ နေထိုင်သော အလွန်မြင့်မြတ်သည့် ဘုရားသခင်၊ သင်တို့ အပြင်းအထန် ခုခံပြီး ကာကွယ်သော ဘုရားသခင်မှာ ဘုရားသခင် မဟုတ်ပေ။ ၎င်းမှာ လူ့ စိတ်အာရုံ၏ စိတ်ကူးသက်သက်မျှသာဖြစ်သည်၊ ၎င်းမှာ တည်ရှိခြင်း မရှိပေ။ ထို့ကြောင့် ငါသည် ဤပဟေဠိ၏ အဖြေကို ဖော်ထုတ်ခြင်းမှာ ပို၍ပင် ကောင်းပေသည်။ ဤသည်မှာ သမ္မာတရား အလုံးစုံဖြစ်သည် မဟုတ်လော။ စစ်မှန်သော ဘုရားသခင်မှာ လူ၏ စိတ်ကူးများ မဟုတ်ပေ။ ဤအမှန်တရားကို သင်တို့ အားလုံး ရင်ဆိုင်နိုင်မည်ဟု ငါ မျှော်လင့်ပြီး ၎င်းသည် ဘုရားသခင်အပေါ် သင်တို့၏ အသိအတွက် အထောက်အကူပြုလိမ့်မည်။

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသောလူများ

လူအချို့တို့၏ ယုံကြည်မှုမှာ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ အသိအမှတ်ပြုခံရခြင်း မရှိပေ။ တစ်နည်းအားဖြင့်ဆိုပါက ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို ချီးကျူးခြင်း မရှိသောကြောင့် ထိုလူများကို သူ၏ နောက်လိုက်များအဖြစ် ဘုရားသခင် လက်မခံခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင် နောက်သို့ နှစ်ပေါင်း မည်မျှ လိုက်ခဲ့ပြီးသည် ဖြစ်စေ၊ ၎င်းတို့၏ အတွေးများ နှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်၍ မယုံကြည်သူများ၏ နိယာမများ နှင့် လုပ်ပုံလုပ်နည်းတို့ကို လိုက်နာစောင့်ထိန်းကြသည်၊ ၎င်းတို့၏ အသက်ဆက်ရေး ပညတ်ချက်များ နှင့် ယုံကြည်မှုတို့ကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ သမ္မာတရား ဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်း မရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသဖြင့် ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို ကြိုးစား၍ နားလည်ရန်မှာ ထိုက်တန်ခြင်း မရှိဟု ထင်ကြသည်။ စစ်မှန်သော ဘုရားသခင် နှင့်ကိုက်ညီသော အရာမှန်သမျှမှာ ဤလူများ နှင့် မသက်ဆိုင်ကြောင်း သင် ဆိုနိုင်ပါသည်။ ၎င်းတို့သည် တုံ့ပြန်ရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက် မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးအတွင်း အလွန်ကြီးမားသော အသံတစ်သံက ဘုရားသခင်ကို မြင်နိုင်ခြင်း ကိုင်တွယ်နိုင်ခြင်း မရှိ၊ ဘုရားသခင် မတည်ရှိဟူ၍ ၎င်းတို့အား အမြဲ ပြောနေခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ ကြိုးပမ်းရကျိုးမနပ်၊ ၎င်းတို့ကိုယ်ကိုသာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုကြပြီး အမှန်တကယ် ရပ်တည်မှု တစ်စုံတစ်ရာ မပြုကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လက်တွေ့ လုပ်ဆောင်ခြင်းလည်းမရှိဘဲ ၎င်းတို့သည် အတော်အတန် တော်သည်ဟု ထင်နေကြသည်။ ဘုရားသခင်သည် ဤလူများအပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က "မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နိုင်သလော" ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော၊ ၎င်းတို့က ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်ဟူသော ဤစကားလုံးများကို ဆိုနိုင်သလော" ဟု မေးကြသည်။ လူတို့ ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့၏ အပေါ်ယံ ပြသချက်များပင် ဖြစ်သည်၊ ၎င်းတို့၏ အနှစ်သာရ မဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ၊ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများအပေါ် ဤကဲ့သို့ သဘောထားမျိုး၊ ဤကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးရှိခြင်း ဖြစ်သည်။ ဤလူတို့က "ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုအရာကို ပြုသနည်း"၊ ကျွန်ုပ်သည် ဤအရာကို နားမလည်ပါ၊ ကျွန်ုပ်သည် ထိုအရာကို နားမလည်ပါ၊ ဤအရာသည် လူ၏အယူအဆများ နှင့် မကိုက်ညီပါ၊ ၎င်းကို ကိုယ်တော်သည် ကျွန်ုပ်အား ရှင်းပြရမည်၊ …" ဟု မည်သို့ပင် ပြောစေကာမူ ငါ၏ အဖြေမှာ၊ ဤအကြောင်းအရာကို သင့်အား ရှင်းပြရန် မဖြစ်မနေ လိုအပ်သလော။ ဤအကြောင်းအရာသည် သင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု သင် ထင်သနည်း။ သင်သည် မည်သည့်နေရာမှ လာခဲ့သနည်း။ သင်သည် ဘုရားသခင်ကို အကြံဉာဏ်များပေးရန် အရည်အချင်း ပြည့်မီသလော။ သူ့ကို သင် ယုံကြည်သလော။ သူသည် သင်၏ယုံကြည်မှုကို အသိအမှတ်ပြုသလော။ သင်၏ယုံကြည်မှုသည် ဘုရားသခင် နှင့်မသက်ဆိုင်ခြင်းကြောင့် သူ၏ လုပ်ဆောင်မှုများမှာ သင် နှင့် အဘယ်သို့ ဆိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ မည်သည့် နေရာ၌ ရှိကြောင်းကို မသိသော်လည်း သင်သည် ဘုရားသခင် နှင့် အပြန်အလှန် ဆွေးနွေးရန် အရည်အချင်း ပြည့်မီသလော။

သတိပေးသော နှုတ်ကပတ်တော်များ

ဤမှတ်ချက်များကို ကြားပြီးနောက်တွင် နေမထိထိုင်မသာ မဖြစ်သလော။ သင်တို့သည် ဤ နှုတ်ကပတ်တော်များကို နားထောင်ရန် အလိုမရှိခြင်း သို့မဟုတ် ၎င်းတို့ကို လက်ခံရန် အလိုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့အားလုံးမှာ အမှန်တရားများပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ ဘုရားသခင် လုပ်ဆောင်ရမည် ဖြစ်သောကြောင့်၊ အကယ်၍ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့်မသက်ဆိုင်ပါက၊ ဘုရားသခင်၏ သဘောထား နှင့် မသက်ဆိုင်ပါက၊ ဘုရားသခင်၏ အနှစ်သာရ နှင့် စိတ်သဘောထားကို နားမလည်ပါက အဆုံးတွင် ဆုံးရှုံးမည့် သူမှာ သင် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များမှာ နားထောင်ရန်ခက်ခဲသည့်အတွက် အပြစ်မတင်နှင့်၊ ထို့အပြင် သင်တို့၏ စိတ်အားထက်သန်မှုကို လျှော့ချသည့်အတွက် ၎င်းတို့ကို အပြစ်မတင်ကြနှင့်။ ငါသည် သမ္မာတရားကို ပြောခြင်း ဖြစ်သည်၊ သင်တို့ စိတ်ဓာတ်ကျစေရန် ငါ မရည်ရွယ်။ သင်တို့ကို ငါ မည်သည့် အရာကို စေခိုင်းသည်ဖြစ်စေ၊ ၎င်းကိုလုပ်ရန် သင်တို့အား မည်ကဲ့သို့ သတ်မှတ်ထားသည် ဖြစ်စေ သင်တို့သည် မှန်သောလမ်းကြောင်းတွင် လျှောက်ကာ ဘုရားသခင်၏လမ်းသို့ လိုက်လျှောက်ပြီး ဤလမ်းကြောင်းမှ လမ်းလွဲမသွားမည့်အကြောင်း ငါ မျှော်လင့်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့်အညီ ရှေ့ဆက်ခြင်းမရှိဘဲ သူ၏ လမ်းခရီးနောက်သို့ မလိုက်လျှောက်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်နေခြင်းပင် ဖြစ်၍ မှန်သော လမ်းကြောင်းမှ ချော်သွားပြီ ဖြစ်သည်မှာ သံသယ ဖြစ်နိုင်စရာ မရှိပေ။ ထို့ကြောင့် သင်တို့အတွက် ငါ ရှင်းရမည့် အကြောင်းအရာ အချို့ ရှိပြီး မသေချာမှု အနည်းငယ်မျှ မရှိဘဲ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း သင်တို့ ယုံကြည်စေရန် နှင့် ဘုရားသခင်၏ သဘောထား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်သည် လူကို မည်ကဲ့သို့ စုံလင်အောင် ပြုလုပ်ပေးပုံ နှင့် သူသည် လူ၏ အဆုံးသတ်များကို မည်သည့် ပုံစံဖြင့် သတ်မှတ်ကြောင်း ပြည့်စုံရှင်းလင်းစွာ သိစေရန် အကူအညီပေးရမည် ဖြစ်ကြောင်း ငါ ခံစားရသည်။ သင်သည် ဤလမ်းကြောင်းအပေါ်သို့ မတက်နိုင်သော နေ့ရက်တစ်ရက် ရောက်ခဲ့သည်ရှိသော် ငါ၌ တာဝန်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို သင့်အား အလွန်ရှင်းလင်းစွာ ပြောခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်၏ အဆုံးသတ်ကို သင် မည်သို့သဘောထားသည် နှင့်စပ်လျဉ်းပါက၊ ဤကိစ္စသည် သင့်အပေါ်၌ လုံးလုံးလျားလျား မူတည်သည်။ ဘုရားသခင်၌ မတူညီသော လူအမျိုးအစားများ၏ အဆုံးသတ်များ နှင့်ပတ်သက်ပြီး သဘောထား အမျိုးမျိုး ရှိသည်။ သူ၌ လူကိုတိုင်းတာရန် ကိုယ်ပိုင် နည်းလမ်းများရှိပြီး သူ၏ သတ်မှတ်ချက်များ၏ ကိုယ်ပိုင်စံနှုန်း ရှိသည်။ လူတို့ကို တိုင်းတာသော သူ၏ စံနှုန်းမှာ အယောက်တိုင်းအတွက် မျှတသောစံနှုန်းတစ်ခု ဖြစ်သည်၊ ထိုအရာကို သံသယ ဖြစ်စရာအကြောင်း မရှိပေ။ ထို့ကြောင့် လူအချို့တို့၏ စိုးရိမ်ကြောက်ရွံ့မှုများမှာ မလိုအပ်ပေ။ သင်တို့ ယခု စိတ်သက်သာရာရကြပြီလော။ ယနေ့အတွက် ဤမျှလောက်ပင် ဖြစ်သည်။ နှုတ်ဆက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇

ယခင်က:ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ