အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၉၀ စာတန်ကို အနိုင်ယူရန် ဘုရားကို အချိန်ပြည့် မှီခိုလော့ကျူး

၁ အသင်းတော်သည် တည်ဆောက်ခြင်း ခံရပြီး၊ ထိုအရာကို ဖြိုချရန် စာတန်သည် ၎င်း၏ အစွမ်းရှိသမျှ ကြိုးစားလျက်ရှိသည်။ ၎င်းသည် ငါ၏ အဆောက်အအုံအား ဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံဖြင့် ဖြိုချလိုသောကြောင့်၊ အသင်းတော်အား လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ အသုံးမကျသောအရာ သို့မဟုတ် ဆိုးညစ်မှုများ မည်သို့မျှ မကျန်စေရ။ အသင်းတော်ကို သန့်စင်ရလိမ့်မည်၊ သို့ဖြစ်၍ ထိုအရာသည် အပြစ်အနာအဆာ ကင်းမဲ့လာကာ၊ ယခင်အတိုင်း သန့်စင်၍ ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ သင်တို့သည် နိုးထရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားကာ၊ သင်သည် ငါ့၏ရှေ့မှောက်တွင် ပို၍ဆုတောင်းရမည်။ သင်သည် စာတန်၏ အမျိုးမျိုးသော ဇာတ်ကွက်များနှင့် ကောက်ကျစ်သော အကြံအစည်များကို သိမှတ်ရမည်၊ ဝိညာဉ်ကို သိလျက်၊ လူသားများကို သိမှတ်ပြီး၊ အမျိုးမျိုးသော လူသားများ၊ အခြေအနေများနှင့် အကြောင်းအရာများကို သတိပြုနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်ကို သင်သည် ပိုမိုစားသောက်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်သည် သင်ကိုယ်တိုင် ထိုအရာများကို စားသောက်နိုင်ရမည်။ သမ္မာတရားအားလုံးကို တပ်ဆင်ကာ၊ ငါ၏ ရှေ့မှောက်သို့ လာရောက်သောကြောင့် ငါသည် သင်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ပေးပြီး၊ ဝိညာဉ်တော် အထဲတွင် ရှိသည့်၊ နက်နဲသောအရာများကိုမြင်ရန် သင်တို့ကို အခွင့်ပေးမည်။

၂ အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ဆင့်ကို အကောင်အထည် ဖော်သည့်အချိန်တွင်၊ စာတန်ကို တွန်းလှန်သော[က] သန့်ရှင်းသူများ၏ တိုက်ပွဲဖြစ်ပေါ်လာသည်။ သင်တို့ ရှေ့တွင် စာတန်၏ အမျိုးမျိုးသော အကျည်းတန်သော အင်္ဂါရပ်တို့ကို ချထားသည်၊ သင်တို့သည်ရပ်လျက်၊ နောက်သို့ ပြန်လျောကျသွားမည်လော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အမှီပြုပြီး မတ်တပ်ရပ်လျက်၊ ရှေ့သို့ တိုး၍ လှမ်းလျှောက်သွားမည်လော။ စာတန်၏ ဖောက်ပြန်ခြင်းနှင့် အကျည်းတန်သော အင်္ဂါရပ်များကို စေ့စပ်သေချာစွာ ဖော်ထုတ်ကာ၊ ချမ်းသာပေးသည့် သဘောထားကိုမပေး၊ သနားကြင်နာမှုကို မပြသနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားကလေးငယ်၏ ဝိညာဉ်ရှိရမည်။ စာတန်သည် ၎င်း၏နောက်ဆုံးသော သေခြင်းဖြင့် မချိတင်ကဲ တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း နင်းလျှောက် သွားခံရသည်။ ထိုအရာသည် မှန်ပေ၏။ ဘာသာရေးကိုင်းရှိုင်းသော နှောင့်ယှက်သူများ အားလုံးနှင့် အသင်းတော်၏ အဆောက်အဦးကို ဖြိုချသူတို့သည် အနည်းငယ်မျှပင် ခွင့်လွှတ်ခြင်းမခံရဘဲ၊ ငါသည် သူတို့ကို ချက်ချင်းတရားစီရင်မည်။ စာတန်ကို ဖော်ထုတ်၊ ၎င်းအား နင်းခြေ၊ ၎င်းအား အကြွင်းမဲ့ ဖျက်စီးပြီး၊ ၎င်းပုန်းကွယ်စရာ မည်သည့်အရပ်မှာမျှ မရှိအောင် ထားရမည်။ နတ်ဆိုးများနှင့် တစ္ဆေများတို့၏ ဟန်အမှုအရာ အားလုံးတို့ကို ငါ၏ရှေ့တော်မှောက်တွင် သူတို့ ပုံသဏ္ဌာန်အမှန် သေချာစွာ ထုတ်ဖော်ပြီး၊ ငါသည် သူတို့ကို ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်သည့် အောက်ခြေမဲ့ တွင်းထဲသို့ ပစ်ချကာ၊ သူတို့အားလုံးသည် ငါတို့ ခြေအောက်၌ ရှိကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သင့်အပြုအမူ၏ အခြေခံအဖြစ် ဘုရား၏နှုတ်ကပတ်တော်များကို သဘောထားလော့ကျူး

နောက်တစ်ခုသို့:သမ္မာတရားအတွက် ကောင်းသည့်တိုက်ပွဲကို ဝင်လော့ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ