အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၆၄ နိုင်ငံတော်ထဲရှိ အသက်တာသည် သာ၍လှပပေ၏ကျူး

၁ ဤနည်းဖြင့် လူတို့သည် ကုန်လွန်ခဲ့ပြီးသော အချိန်များကို မရည်ရွယ်ဘဲ တဖန်ပြန်ကြည့်ရန် ဆန္ဒရှိလာကြသည်၊ အတိတ်တွင် လူတို့သည် နှစ်ပေါင်းများစွာ မရေရာသော ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ လွတ်မြောက်ခြင်းကို မရခဲ့ကြပေ၊ ၎င်းတို့သည် ကြီးစွာသော ပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားနိုင်စွမ်း နှစ်ပေါင်းများစွာ မရှိခဲ့ကြသည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့၏ ဘဝများတွင် စီစဉ်တကျ မရှိခဲ့ကြပေ။ ၎င်းမှာ ၎င်းတို့ ယုံကြည်သူများ မဖြစ်မီအချိန်နှင့် ကွဲပြားခြားနားမှု မရှိသကဲ့သို့၊ ၎င်းတို့၏ ဘဝများမှာ အဓိပ္ပာယ် မရှိဘဲ မျှော်လင့်ချက် ကင်းမဲ့ကြောင်း ဆက်၍ ခံစားခဲ့ရသည်၊ ယင်းအချိန်က ၎င်းတို့၏ ယုံကြည်မှုမှာ ရှုပ်ထွေးမှု အမျိုးအစား တစ်ခုကဲ့သို့ဖြစ်၍ ၎င်းတို့သည် မယုံကြည်ပါက ပို၍ပင် ကောင်းသကဲ့သို့ ဖြစ်ခဲ့သည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ယနေ့ ရှုမြင်ခဲ့ကြသောကြောင့် ကောင်းကင်နှင့် မြေကြီးတို့သည် အသစ်တဖန်ပြုပြင်ခြင်း ခံရသကဲ့သို့ ဖြစ်သည်၊ ၎င်းတို့၏ ဘဝများသည် ဝင်းပလာခဲ့ပြီး၊ ၎င်းတို့သည် မျှော်လင့်ချက်မဲ့သောသူများ မဟုတ်တော့သည့်အပြင် လက်တွေ့ကျသော ဘုရားသခင် ရောက်လာခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တည်ကြည်ခိုင်မာမှုနှင့် ၎င်းတို့၏ ဝိညာဉ်များအတွင်း၌ ငြိမ်သက်ခြင်းကို ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် လေကိုလိုက်ခြင်းနှင့် အရိပ်များကို ဖမ်းဆုပ်ခြင်း မပြုကြတော့ပေ၊ ၎င်းတို့၏ လိုက်စားမှုသည် မရေမရာ ဆက်မဖြစ်တော့သည့်အပြင် ၎င်းတို့သည် ဆက်၍ ခြေလက် ယက်ကန်ယက်ကန် မဖြစ်ကြတော့ပေ။

၂ ယနေ့ ဘဝသည် ပို၍ပင် လှပသည်၊ လူတို့သည် မမျှော်လင့်ထားဘဲ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဘုရားသခင်၏ လူများထဲမှ တစ်စု ဖြစ်ခဲ့ကြသည် သာမက နောက်ပိုင်းတွင် …။ လူတို့သည် စိတ်နှလုံးများထဲတွင်၊ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ပို၍ ချိုမြိန်လေ ဖြစ်သည်၊ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ၎င်းတို့ ပို၍ ပျော်ရွှင်လေ ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးရန် စိတ်ဖြစ်ပေါ်လာလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယင်းကို သဘောမပေါက်ဘဲ ဘုရားသခင်နှင့် လူအကြားရှိ ခင်မင်ရင်းနှီးမှု တိုးမြှင့်ခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ပို၍ ချစ်ခင်ကြပြီး ဘုရားသခင်ကို သာ၍ သိကြသည် သာမက လူထဲ၌ ဘုရားသခင်၏ အလုပ်သည် တိုး၍ လွယ်ကူလာပြီး ၎င်းသည် လူတို့အား ဖိအားပေးခြင်း သို့မဟုတ် အတင်းအကျပ်လုပ်ခိုင်းခြင်း မရှိတော့ဘဲ သဘာဝ ဖြစ်စဉ်ကို လိုက်ကာ လူသည် သူ၏ တစ်မူထူးခြားသော အလုပ်တာဝန်ကို လုပ်ဆောင်လေမည်၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်အား တဖြည်းဖြည်းချင်း သိလာနိုင်မည် ဖြစ်သည်။ ဤအရာသည်သာလျှင် ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်၊ ၎င်းသည် အနည်းငယ်မျှသော ကြိုးပမ်းမှုကို မလိုအပ်သည့်အပြင် လူ၏ သဘောသဘာဝနှင့် သင့်လျော်သလို ၎င်းအား အကျိုးသက်ရောက်စေခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၃” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သင့်ကို စုံလင်အောင်ပြုရန် ဘုရားဆုံးဖြတ်ပြီးပြီကျူး

နောက်တစ်ခုသို့:ဘုရားသခင်သည် လူတို့အား မှန်သောအသက်လမ်းကြောင်းပေါ်သို့ ဦးဆောင်လမ်းပြမူနေ၏

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ