အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မိစ္ဆာကောင်များ၏ မှောင်မိုက်သော သားရဲတွင်းထဲက အသက်၏ ခပ်ရေးရေး အလင်းရောင်

လင်းယင်၊ ရှန်ဒုံပြည်နယ်

ကျွန်မနာမည် လင်းယင်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ စတင်မယုံကြည်မီတွင်၊ ကျွန်မဘဝကို နည်းနည်းပိုအဆင်ပြေစေရန်အလို့ငှာ ကျွန်မ၏ ကိုယ်ပိုင် အစွမ်းအစများနှင့် အလုပ်ကြိုးစားမှုတို့အပေါ် ကျွန်မ အမြဲ မှီခိုချင်ခဲ့သည်၊ သို့သော် အမှုအရာများက ကျွန်မ ဖြစ်ချင်သည့်အတိုင်း ဖြစ်မလာခဲ့ဘဲ၊ ယင်းအစား၊ အခက်အခဲ တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရပြီး အနှောင့်အယှက် တစ်ခုပြီးတစ်ခု ခံစားခဲ့ရသည်။ ဘဝ၏ ခါးသီးသော အခက်အခဲများကို ကျွန်မ အပြည့်အဝ ကြုံရရင်းဖြင့်၊ ကျွန်မ ခန္ဓာနှင့် စိတ်နှစ်ခုလုံး ခြေကုန်လက်ပန်းကျခဲ့ပြီး ပြောရက်စရာမရှိအောင် ဆင်းရဲဒုက္ခခံခဲ့ရလေသည်။ ကျွန်မ၏ နာကျင်မှုနှင့် စိတ်ပျက်ခြင်းအလယ်တွင်၊ ညီအစ်မတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မအား ဟောပြောခဲ့သည်။ “သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း”) ဟု ပြောသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုသည့်အခါ၊ ကျွန်မ၏ မျက်ရည်များက မရပ်နိုင်အောင် ကျဆင်းခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိခင်ကဲ့သို့သော နှုတ်ကပတ်တော်များက ကျွန်မကို ကြီးမားစွာ ဖြေသိမ့်ခဲ့ပြီး၊ ကျွန်မမှာ နှစ်များစွာ လှည့်လည်သွားလာခဲ့ပြီး နောက်ဆုံးတွင် သူမ မိခင်၏ရင်ခွင်ဆီသို့ အပြန်လမ်းကို ရှာတွေ့သွားခဲ့သည့် မိဘမဲ့တစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။အထီးကျန်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကို ကျွန်မ မခံစားရတော့ပါ။ ထိုနေ့မှစ၍၊ ကျွန်မ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့သည်။ ဝတ်ပြုအစည်းအဝေးများကို တက်ခြင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုခြင်းတို့မှတဆင့်၊ သမ္မာတရားများစွာကို ကျွန်မ နားလည်လာခဲ့ပြီး ဤလူများအားလုံးက အလွန်ကောင်းကြပြီး အလွန် ရိုးသားကြသည်ကို ကျွန်မ မြင်ခဲ့သည်။ သူတို့ကြားတွင် မနာလိုသော အငြင်းပွားမှုများ မရှိသကဲ့သို့၊ အချင်းချင်း ကျိတ်ပြီး ကြံစည်မှုများမရှိကြပါ၊ ပြီးလျှင် တစ်ယောက်ယောက်က ပြဿနာတစ်ခု ရှိသည့်အချိန်တိုင်း၊ သူတို့ကို ကူညီ ဖြေရှင်းပေးဖို့ ညီအစ်ကို မောင်နှမများအားလုံးက သမ္မာတရားနှင့်ပတ်သက်ပြီး အလေးအနက် မိတ်သဟာယပြုကြလေသည်။ အကူအညီကို အကြွင်းမဲ့ ပေးအပ်ကြပြီး မည်သူကမျှ အပြန်အလှန်အနေဖြင့် တောင်းဆိုခြင်း မရှိခဲ့ဖူးပါ။ ပြီးလျှင် သူတို့ကြားတွင် ကျွန်မ တစ်ခါမှ မခံစားခဲ့ဖူးသည့် လွတ်လပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းခံစားချက်ကို ခံစားရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဖြူစင်သည့် နေရာတစ်ခုဖြစ်သည်ဟု ကျွန်မ နက်ရှိုင်းသည့် အသိတစ်ခု ရှိခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဒုက္ခပင်လယ်မှ ကယ်တင်နိုင်သည့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်သည်ဟု ကျွန်မ သေချာလာခဲ့သည်။ သို့သော်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ နှစ်သက်ခံစားနေသည့်အချိန်တွင်ပင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်မကို ဥပဒေနှင့်ဆန့်ကျင်စွာ ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းကာ ကျွန်မ၏ ပျော်ရွှင်၊ ဝမ်းမြောက်သည့် ဘဝကို ဖျက်ဆီးခဲ့လေသည်။

၂၀၀၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ညသန်းခေါင်အချိန်တွင်၊ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန် တံခါးကို ဗိုင်းခနဲ့ရိုက်ချလိုက်သည့် အသံကျယ်ကြီးတစ်ခုက ကျွန်မကို ရုတ်တရက်လန့်နိုးသွားစေခဲ့ပြီး၊ “ဖွင့်စမ်း၊ ဖွင့်” ဟု တစ်စုံတစ်ယောက် အော်နေသည်ကို ကျွန်မ ကြားခဲ့ရသည်။ ကျွန်မ အဝတ်ပင်မဝတ်နိုင်မီ၊ ကျယ်လောင်သည့် ဧရာမအသံကြီးတစ်ခုကို ကျွန်မကြားလိုက်ရသည်၊ ကျွန်မ၏ တိုက်ခန်းတံခါးက ကျိုးပေါက်ပွင့်သွားခဲ့ပြီး၊ ကြမ်းတမ်းပြီး အရိုင်းအစိုင်းကဲ့သို့သော ရဲခြောက်ဦး ပြေးဝင်လာကြသည်။ ကျွန်မက တုန်လှုပ်လျက်၊ “ဒါတွေအားလုံးက ဘာလဲ”ဟု မေးလိုက်သည်။ ဦးဆောင်သည့် ရဲက ကျွန်မကို၊ “မသိချင်ယောင် မဆောင်စမ်းနဲ့”ဟု ပြောရင်း ကြိမ်းမောင်းလိုက်လေသည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလျက်၊ သူက၊ “ဒီနေရာကို မြေလှန်ပစ်လိုက်ကြစမ်း” ဟု အော်ဟစ်လိုက်သည်။ ထို့နောက် ရဲအချို့က ကျွန်မ၏ ဗီရိုများ နှင့် ကြောင်အိမ်များကို သူခိုးဓါးပြများကဲ့သို့ စတင် လှန်လှောမွှေနှောက်ရှာဖွေကြလေသည်။ တစ်ခဏချင်းတွင်၊ ကျွန်မ၏ အိုးများနှင့် ဒယ်အိုးများ၊ ကျွန်မ၏ အဝတ်အစားများ၊ ကျွန်မ၏ အိပ်ရာခင်းများ၊ ကျွန်မ၏ အစားအသောက်များ... အားလုံးက ကြမ်းပြင်အနှံ့ လွင့်စဉ်ကုန်ပြီး ကျွန်မ၏ တိုက်ခန်းက လုံးဝ ရှုပ်ပွသွားခဲ့လေသည်။ ကျွန်မ၏ အိမ်ကို သူတို့ ရှာဖွေပြီးသည့်နောက်၊ သူတို့က ကျွန်မကို ရဲကားတစ်စီးထဲ ဒရွတ်တိုက်ဆွဲကာ ထိုးထည့်ခဲ့ကြသည်။ ခုလေးတင် ကျွန်မဝယ်ခဲ့သည့် ယွမ် ၂၄၀ တန် စီဒီစက်တစ်ခုကို သူတို့ ယူသွားပြီး ငွေသားအဖြစ် ယွမ် ၈၀ နှင့် ဘုရားနှုတ်ကပတ်တော်များ စာအုပ်တစ်ပုံတစ်ပင်ကို ယူသွားခဲ့ကြသည်။ ထိုသို့သော အဖြစ်အပျက်တစ်ခုကို ကျွန်မ အိပ်မက်ထဲတွင်ပင် စိတ်မကူးနိုင်ပါ။ ဤသည်မှာ ရုပ်မြင်သံကြား အစီအစဉ်များတွင်သာ ဖြစ်ပျက်သည့် အရာတစ်ခုဖြစ်သည့်တိုင်၊ ယခု ကျွန်မဆီတွင် ဖြစ်နေပြီဖြစ်သည်။ ကျွန်မ အလွန့်အလွန် အထိတ်တလန့်ဖြစ်ကာ ကြောက်မိခဲ့ပြီး ကျွန်မ၏ နှလုံးက အပြင်းအထန် ခုန်နေခဲ့သည်။ ကျွန်မ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ဖို့နှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများကို တစ်ချိန်ချိန် သစ္စာဖောက်ပြီး ယုဒတစ်ဦး ဖြစ်မလာခင် ကျွန်မ သေနိုင်ဖို့အလို့ငှာတောင်းဆိုရင်း ဘုရားသခင်ထံ ကျွန်မ စဉ်ဆက်မပြတ် ဆုတောင်းခဲ့သည်။ ထို့နောက်တွင်ပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်- “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်းမရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ ကြုံတွေ့စေကာမူ သင်သည် ငါ၏ရှေ့၌ မြဲမြံလျက်နေလော့။ ငါ၏အလိုတော်ကို လိုက်နာဆောင်ရွက်စိမ့်သောငှာ မည်သည့်အရာ၏ နှောက်ယှက်ခြင်းကိုမျှ မခံကြနှင့်။…ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းအားဖြင့် အဘယ်သူသည် သင်၏လမ်းကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ ဤသည်ကို အောက်မေ့ကြလော့။ သတိရကြလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို များစွာ နှစ်သိမ့်ခဲ့ပြီး ကျွန်မ၏ နှလုံး တဖြည်းဖြည်း တည်ငြိမ်သွားစေဖို့ ကူညီခဲ့သည်။ ၎င်းတို့က ကျွန်မ ယုံကြည်သောသူသည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည့် အုပ်စိုးရှင်ဖြစ်ကြောင်း၊ အရာခပ်သိမ်းက သူ၏ လက်တော်ထဲတွင်ရှိကြောင်း၊ စာတန်နှင့် မကောင်းဆိုးဝါးတို့သည် သူ၏ ခြေအောက်တွင် ရှိကြပြီး ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် ကျွန်မကို စာတန်လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိကြောင်းတို့ကို ကျွန်မကို နားလည်စေခဲ့သည်။ စာတန်နှင့် ဘုရားသခင်၏ တိုက်ပွဲထဲက အရေးပါလှသော အခိုက်အတန့်တွင် ယခု ကျွန်မရှိသည်ကို ကျွန်မကိုယ်ကျွန်မ တွေ့ရှိခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို သက်သေရပ်တည်ဖို့ လိုအပ်သည့်အချိန်ဖြစ်ပြီး၊ ကျွန်မအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံကာ သမ္မာတရားကို ရရှိဖို့ အချိန်ဖြစ်သည်။ ကျွန်မအနေဖြင့် ရပ်တည်ချက်တစ်ခု ပြုလုပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကာ စာတန်ကို ကျွန်မ လုံးဝ အကြိုက်လိုက်ရမည်မဟုတ်သလို၊ အလျှော့ပေးရမည် မဟုတ်သည်ကို ကျွန်မ သိခဲ့သည်။

ရဲစခန်းအနောက်ဝင်းထဲသို့ ရဲကားက အော်မြည်ကာ စီစီညံသွားခဲ့သည်။ ကျွန်မတို့ ရပ်လျှင်ရပ်ချင်း ရဲများက ကျွန်မကို ကားထဲမှ ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်ကြသည်။ လက်များ ဆန့်တန်းထားလျက် ရှေ့သို့ ကျွန်မ ယိမ်းထိုးသွားခဲ့ပြီး နံရံကို ဆောင့်မိသည့်အခါတွင်မှ ကျွန်မ ရပ်သွားခဲ့သည်။ ကျွန်မ၏ နောက်တွင် သူတို့ ခွက်ထိုးခွက်လန် ရယ်မောနေကြသည်ကို ကျွန်မ ကြားရသည်။ ထို့နောက် သူတို့က ကျွန်မကို အခန်းငယ်တစ်ခုထဲ ထိုးထည့်ခဲ့ကြပြီး၊ ကျွန်မ ပုံမှန်အသက်ရှူဖို့ အချိန်မရမီ၊ ရဲများထဲမှ တစ်ဦးက နာမည်စာရင်းတစ်ခုကို ဖတ်ပြကာ သူတို့ထဲမှ တစ်ယောက်ယောက်ကို ကျွန်မ သိ၊ မသိ မေးခဲ့သည်။ ကျွန်မ ပြန်မဖြေသည်ကို မြင်သည့်အခါ၊ ကျွန်မကို သူတို့ ဆက်လက်ဝန်းရံလိုက်ကြကာ၊ ထိုးနှက်ကန်ကြောက်ရင်း၊ ထိုသို့ လုပ်စဉ် ကျွန်မကို လှောင်ပြောင်စော်ကားနေခဲ့သည်။ ထို့နောက် ကောက်ကျစ်သော ရဲတစ်ဦးက ကျွန်မ၏ ဆံပင်ကို ဖမ်းဆုပ်လိုက်ကာ ကျွန်မကို ဆွဲမပြီးနောက်၊ မျက်နှာကို နှစ်ကြိမ် ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။ ကျွန်မ၏ ခေါင်းချာချာလည်သွားပြီး မျက်လုံးများက မှုန်ဝါးလာခဲ့ကာ ပါးစပ်ထောင့်မှ သွေးနီရဲရဲ စီးကျလာခဲ့သည်။

ထို့နောက် ရဲများထဲမှ တစ်ယောက်က အမည်စာရင်းတစ်ခုပါသည့် စာတစ်စောင်ကို ထုတ်လိုက်ပြီး၊ “ဒီလူတွေရဲ့ နာမည်တွေကို မင်းသိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ မင်း နာမည်ဘာလဲ” ဟု ခက်ထန်စွာ ပြောရင်း ကျွန်မရှေ့ ပစ်ပေါက်လိုက်သည်။ ထိုအချိန်တွင် ကျွန်မ အင်မတန် နာကျင်နေသည်မှာ စကားပင် မပြောနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မ ပြန်ဖြေမည်မဟုတ်သည်ကို မြင်သည့်အခါ၊ ယုတ်မာသော ရဲသုံးဦးက ကျွန်မပေါ် ခုန်အုပ်ပြီး ကျွန်မ သတိလစ်သွားသည်အထိ တစ်ဖန် ရိုက်နှက်ကန်ကျောက်ခဲ့ကြသည်။

နောက်နေ့ မနက်စောစောတွင်၊ ယုတ်မာသော ရဲများက ပြည်သူ့ လုံခြုံရေး ဌာန၏ ရာဇဝတ် စစ်ဆေးရေး ဌာနစိတ်ရှိ စစ်ဆေးမေးမြန်းသည့် အခန်းတစ်ခုဆီသို့ ကျွန်မကို ခေါ်သွားခဲ့ကြသည်။ အခန်းထဲသို့ ကျွန်မ ခေါ်သွားခံရသည့်အချိန်တွင်၊ တုတ်ခိုင်သန်မာသော ယောက်ျားအချို့က ကျွန်မကို သတ်ချင်ကြသည့်အလား အားလုံးက ကျွန်မကို စိုက်ကြည့်နေကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ အခန်းက ညှဉ်းပန်းသည့် ကိရိယာမျိုးစုံဖြင့် ပြည့်ခဲ့ပြီး ကျွန်မ ရင်ဆိုင်လိုက်ရသည့် မြင်ကွင်းက ချက်ချင်း ကျွန်မကို စိုးရိမ်ကြောင့်ကြစေခဲ့သည်။ မကောင်းဆိုးဝါးများ၏ တွင်းတစ်ခုထဲသို့ ကျွန်မ ကျသွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ လုံးဝ ကြောက်လန့်သွားခဲ့ပြီး ကြောက်ရွံ့ခြင်းနှင့် မလုံခြုံခြင်း ခံစားချက်များက ကျွန်မကို တစ်ဖန်ထိုးနှက်လေသည်။ မိမိဘာသာ ကျွန်မ တွေးမိခဲ့သည်- “မနေ့က၊ ငါ့ကို သူတို့ အဲဒီလို ညှင်းဆဲခဲ့ကြပြီး၊ အဲဒါက တရားဝင် စစ်ဆေးမေးမြန်းတာတောင် မဟုတ်ခဲ့ဘူးပဲ။ ကြည့်ရတာ ဒီနေ့ ဖြစ်မယ့်အရာကို လွတ်ဖို့နည်းလမ်း မရှိတဲ့ပုံပဲ။ ငါ့ကို သူတို့ ရက်ရက်စက်စက် ညှင်းပန်းရင် ငါ ခံနိုင်ပါ့မလား။” ဘုရားသခင်ထံ စိတ်ရင်းအတိုင်း ဆုတောင်းချက်တစ်ခု ကျွန်မ ဆိုခဲ့သည်- “အို ဘုရားသခင်။ ခုချိန်မှာ ကျွန်မ အရမ်းထိတ်လန့်မိပါတယ်၊ ပြီးတော့ ဒီမကောင်းဆိုးဝါးတွေက ကျွန်မကိုခံစေမယ့် ညှင်းပန်းမှုကို ကျွန်မ မခံနိုင်ဘဲ ကျွန်မရဲ့ သက်သေခံချက် ဆုံးရှုံးသွားမှာကို စိုးကြောက်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာတော်မူပါ။ ကိုယ်တော့်ကို သစ္စာဖောက်တာထက် ကျွန်မ သေတဲ့အထိ အရိုက်ခံလိုက်မှာပါ။” ထို့နောက် ဘုရားနှုတ်ကပတ်တော်များ စာကြောင်းတစ်ကြောင်းက ကျွန်မ၏ စိတ်ထဲ ပေါ်လာခဲ့သည်- “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု နည်းလွန်းခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားလာသည့်ကာလပတ်လုံး၊ မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးတို့ကို သယ်ဆောင်ပါသည်။ ၎င်းတို့က ကျွန်မကို အတွင်းပိုင်း ခွန်အားနှင့် ချက်ချင်း ပြည့်စေခဲ့ပြီး၊ ကျွန်မက၊ “ငါ့ဘေးမှာရှိတဲ့ ဘုရားသခင်နဲ့အတူ၊ ငါ ဘာမှ မကြောက်ရဘူး။ သူတို့ ဘယ်လိုပဲ အရှိန်အဝါသုံးကြပါစေ၊ သူတို့က အပြင်ပန်းမှာသာ ခက်ထန်ပုံရတဲ့ အဆိပ်မရှိတဲ့မြွေတွေသာ ဖြစ်တယ်။ ဘုရားသခင်က သူတို့ကို အနိုင်ယူနှင့်ပြီးပြီဖြစ်တဲ့အတွက် သူတို့က ဘာမှကြောက်စရာမရှိဘူး” ဟု တွေးမိခဲ့သည်။ ထို့နောက်တွင်ပင်၊ ယုတ်မာသော ရဲများထဲမှ တစ်ဦးက၊ “အသင်းတော်ထဲမှာ မင်းရဲ့ ရာထူးက ဘာလဲဆိုတာ ငါတို့ကို ပြောစမ်း။ ဘယ်သူ့ကို မင်း သတင်းပို့တာလဲ” ဟု အော်ဟစ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ၏ အထောက်အပံ့အဖြစ် ရှိထားသောကြောင့်၊ ကျွန်မ လုံးဝ ကြောက်ရွံ့မှု မခံစားခဲ့ရပါ၊ ထို့ကြောင့် သူ၏ မေးခွန်းများကို ကျွန်မ မဖြေခဲ့ပါ။ ကျွန်မ ဖြေဖို့ ငြင်းသည့်ပုံကို မြင်သောအခါ၊ ဒေါသထွက်သည့် သားရဲတစ်ကောင်ကဲ့သို့ သူက ကျွန်မကို ဟိန်းဟောက်ခဲ့သည်- “ဒီနံစော်နေတဲ့ ခွေးမကို မတ်တပ်ရပ်ခိုင်းကြစမ်း။ ငါတို့ ဘယ်လောက် ဆိုးတယ်ဆိုတဲ့ သိသာတဲ့ အရသာလေးတစ်ခုကို သူရသွားဖို့ သူ့ကို ခြေဖျားထောက်ခိုင်းလိုက်။” ထို့နောက် ယုတ်မာသော ရဲနှစ်ဦးက ကျွန်မဆီ လာပြီး ကျွန်မ၏ လက်များကို ကျွန်မ နောက်ကျောသို့ ကြမ်းတမ်းစွာ ဆွဲလိမ်ပြီး မတင်လိုက်လေသည်။ ဆွဲဖြဲနေသည့် နာကျင်မှုတစ်ခုကို ကျွန်မ ချက်ချင်း ခံစားခဲ့ရပြီး၊ ငယ်သံပါအောင်အော်ပြီးနောက် ကျွန်မ သတိမေ့သွားခဲ့သည်....။ ကျွန်မ နိုးသည့်အချိန်တွင်၊ ကြမ်းပြင်ပေါ် ကျွန်မ လဲလျောင်းနေပြီး ကျွန်မ၏ နာခေါင်းမှ သွေးထွက်နေသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မ သတိလစ်သွားပြီးသည့်နောက်၊ ယုတ်မာသောရဲများက ကျွန်မကို ကြမ်းပြင်ပေါ် ဒီအတိုင်း ပစ်လှဲခဲ့သည်မှာ သိသာပေသည်။ ကျွန်မ နိုးလာပြီဖြစ်သည်ကို မြင်သည့်အခါ၊ ထို့နောက် ကျွန်မ၏ မျက်နှာရှေ့တွင် ကျွန်မလက်ကိုပင် မမြင်နိုင်အောင် အလွန်မှောင်မဲသော အခန်းတစ်ခုထဲသို့ သူတို့က ကျွန်မကို ဒရွတ်တိုက် ဆွဲသွားကြသည်။ အခန်းက ပိန်းပိတ်အောင် မှောင်ကာ၊ အေးပြီး စိုထိုင်းလေသည်။ ကျင်ငယ်ရည်နံ့ နံဟောင်နေပြီး ကျွန်မ အသက်မရှူနိုင်ခဲ့ပါ။ ယုတ်မာသော ရဲများထဲမှ တစ်ဦးက တံခါးကို ပိတ်ရင်း၊ “သေချာစဉ်းစား။ မင်း ဝန်မခံရင်၊ မင်းကို သေတဲ့အထိ အငတ်ထားမယ်” ဟု ငေါ့တော့တော့ ပြောလေသည်။ အေးစိမ့်နေသည့် ကြမ်းပြင်ဆီကို ကျွန်မ ပစ်လှဲသွားသည်။ ကျွန်မ၏ ခန္ဓာကိုယ်က နေရာအနှံ့ နာကျင်ပြီး၊ စိတ်နှလုံးတွင် အားနည်းကာ စိတ်မပျက်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ တွေးမိသည်။ “ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်ဖို့က အဖန်ဆင်းခံ သတ္တဝါတစ်ဦးအတွက် ပြောင်းလဲလို့မရတဲ့ နိယာမတစ်ခုပဲ၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ဘာမှားနိုင်လို့လဲ။ ဘုရားသခင်ကို ယုံကြည်တာက ကျွန်မတို့ကို မှန်ကန်တဲ့လမ်းကြောင်း လျှောက်ခွင့်ပေးတယ်၊ ပြီးတော့ ဒါက ဥပဒေနဲ့မဆန့်ကျင်သလို၊ ပြစ်မှုတစ်ခုလည်း မဟုတ်ပါဘူး။ ဒါတောင် သေဒဏ်နဲ့ထိုက်တန်တဲ့ ပြစ်မှုတစ်ခုကို ငါ ကျုးလွန်မိခဲ့သလိုလို ဒီနတ်ဆိုးအဖွဲ့က ငါ့ကို ဆက်ဆံနေကြတယ်။ ဒါက သက်သက်ကို သည်းမခံနိုင်စရာပဲ။” ကျွန်မ နာကျင်မှုကို ခံစားရလျက် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ တွေးမိခဲ့သည်- “သင်တို့အထဲ၌ ပြုခဲ့ပြီးသောအလုပ်နှင့် သင်တို့၏အတွင်း၌ ပေးအပ်ထားသော ကောင်းချီးမင်္ဂလာများကို မည်သူမျှ မနုတ်ယူနိုင်ပါ၊ ထို့အပြင် သင်တို့အား ပေးထားပြီးသော အရာအားလုံးကို မည်သူမျှ မနုတ်ယူနိုင်ပါ။...ဤအချက်ကြောင့် သင်တို့သည် ဘုရားသခင်ကို ပို၍ဆက်ကပ်ပြီး ဘုရားသခင်အပေါ် ပို၍ပင် သစ္စာရှိကြရမည်။ ဘုရားသခင်သည် သင့်အား ချီးမြှောက်သောကြောင့် သင်၏ကြိုးပမ်းမှုများကို သင်တိုးမြှင့်ရပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်အသက်တာကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားသောနေရာ၌ သင်မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာစေရန် လေ့လာလိုက်စားရမည်၊ နိုင်ငံတော်၏သင်တန်းကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး အကြွင်းမဲ့ဖြစ်ရမည်။ အကယ်၍ သင်သည် ထိုဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ခံရမည်မှာ သေချာပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာမည်။ အဓိကကျသော တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာခြင်းဖြစ်ကြောင်း သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရား၏အလိုတော်ကို သင်မပျက်ပြားစေနိုင်ကျူး”) ကျွန်မခေါင်းထဲတွင် ထိုသီချင်းကို ကျွန်မ ဆက်ဆိုနေခဲ့ပြီး နွေးထွေးမှုက ကျွန်မ၏ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဘုရားသခင်က ကျွန်မကို နှစ်သိမ့်ရင်းနှင့် ချစ်ခင်သော မိခင်တစ်ဦးကဲ့သို့ ခွန်အားပေးရင်း၊ ကျွန်မ အားနည်းလာပြီး၊ လဲကျကာ ကျွန်မ၏ ယုံကြည်ခြင်း ပျောက်ဆုံးမည်ကို စိုးရိမ်ပြီး၊ ကျွန်မကို နူးညံ့စွာ တိုက်တွန်းရင်းနှင့် လမ်းညွှန်မှုပေးရင်း ကျွန်မ နံဘေးတွင် ရပ်နေသည့်အလား ကျွန်မ ခံစားခဲ့ရသည်။ ယင်းက ကျွန်မ ရှိနေသည့် ဤနာကျင်စရာကောင်းသည့် အခြေအနေသည် နိုင်ငံတော်အတွက် လေ့ကျင်ပေးခြင်းဖြစ်သည်၊ ဘုရားသခင်၏ ထာဝရ ကောင်းချီးမင်္ဂလာကို ရရှိဖို့အလို့ငှာ စာတန်အပေါ် အောင်နိုင်ခြင်း သက်သေတစ်ခု ဖြစ်သည်၊ အသက်တာတွင် ဘုရားသခင် ပေးနိုင်သည့် အဖိုးအတန်ဆုံး ကြွယ်ဝမှုတစ်ခုဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် သက်သေခံရသည့် လှပသော သက်သေခံချက်တစ်ခုဖြစ်သည်ဟု ကျွန်မကို သူက ပြောနေသကဲ့သို့ ဖြစ်သည်။ ကျွန်မ အလွန်တို့ထိခံရသည်မှာ မျက်ရည်များက ကျွန်မမျက်လုံးများမှ စီးကျလာခဲ့ပြီး ကျွန်မ တွေးမိခဲ့သည်-“ အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ လုပ်ဆောင်ဖို့ ကျွန်မကို ကိုယ်တော် အပ်နှံထားတဲ့အရာကို ကျွန်မ ကောင်းကောင်း သတိရမှာပါ၊ ပြီးတော့ ဒီလေ့ကျင့်မှုကို ဆောင်ရွက်ဖို့ ကျွန်မ လက်ခံပါတယ်။ ကိုယ်တော်နဲ့ ကျွန်မ လေးလေးနက်နက် ပူးပေါင်းလုပ်ကိုင်ပြီး ကိုယ်တော့်အတွက် မြင့်မြတ်တဲ့ သက်သေကို ကျွန်မ ခံပါမယ်၊ ပြီးတော့ ကျွန်မ သတ္တကြောင်မှာ မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုယ် စာတန်ရဲ့ ပြက်ရယ်ပြုစရာ ဖြစ်လာခွင့်ပေးမှာ မဟုတ်ပါဘူး။”

တတိယနေ့ မနက်တွင်၊ ရဲအချို့က ကျွန်မကို စစ်ဆေးမေးမြန်းသည့် အခန်းထဲသို့ နောက်တစ်ဖန် ခေါ်သွားခဲ့ကြသည်။ ယုတ်မာသော ရဲအရာရှိတစ်ဦးက သူ၏ လက်ကိုင်တုတ်ဖြင့် ကျွန်မ ခေါင်းကို ခေါက်လိုက်ပြီး၊ “မင်း သေချာစဉ်းစားပြီးပြီလား” ဟု ဟန်ဆောင်အပြုံးတစ်ခုဖြင့် ဆိုလေသည်။ ထို့နောက် သူက အသင်းသားများ၏ နာမည်စာရင်းတစ်ခုကို ပြပြီး သူတို့ကို ခွဲခြားပြခိုင်းလေသည်။ ဘုရားသခင်ဆီ ကျွန်မတိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ စာတန်က ကျွန်မကို စုံစမ်းနှောင့်ယှက်ဖို့ တစ်ခါပြန်လာပါပြီ၊ ပြီးတော့ ကိုယ်တော့်ကို သစ္စာဖောက်ဖို့နဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ သစ္စာဖောက်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ ယုဒတစ်ယောက်လို ယုတ်ညံ့တဲ့ ဘဝတစ်ခုကို အချိန်ဆွဲဖို့ ကျွန်မ လုံးဝ လက်မခံပါဘူး။ ကျွန်မ နှလုံးသားကို ကိုယ်တော် ကွယ်ကာဖို့ကိုပဲ ကျွန်မ တောင်းလျှောက်ပြီး၊ ကိုယ်တော့်ကို သစ္စာဖောက်တဲ့ အရာတစ်ခုခုကို ကျွန်မ လုပ်မိရင် ကျွန်မကို ကိုယ်တော် ကျိန်ဆဲပါစေ။” ကျွန်မအတွင်းတွင် ခွန်အား တိုးလာသည်ကို ကျွန်မ ချက်ချင်း ခံစားခဲ့ရပြီး၊ “သူတို့ထဲက တစ်ယောက်မှ ကျွန်မ မသိဘူး” ဟု စွဲမြဲခိုင်မာစွာ ကျွန်မ ပြောလိုက်သည်။ကျွန်မ ဤအရာကို ပြောလျှင်ပြောချင်း ယုတ်မာသော ရဲနှစ်ဦးက ကျွန်မအပေါ် ခုန်အုပ်လေသည်။ သူတို့ထဲမှ တစ်ဦးက ကျွန်မ၏ ခြေထောက်တစ်ဖက်ကို ဆွဲပြီး အခြားတစ်ဦးက ကျွန်မ ဒူးပေါ် မာကျောသည့် သားရေရှူးဖိနပ်ဖြင့် ဆောင့်နင်းလေသည်။ ဆောင့်နင်းစဉ် သူက၊ “တစ်ယောက်မှ မသိဘူးပေါ့၊ ဟလား။ တကယ်ဘဲ တစ်ယောက်မှ မသိတာလားကွ” ဟု ခက်ထန်စွာ ပြောလေသည်။ အသည်းခိုက်အောင် နာကျင်မှုက ကျွန်မကို တစ်ဖန် သတိမေ့သွားစေခဲ့သည်။ အချိန်မည်မျှကြာ ကျွန်မ သတိမေ့ခဲ့သည်ကို မသိဘဲ ထို့နောက်တွင် သူတို့က ကျွန်မပေါ် အေးစိမ့်နေသော ရေများကို ပစ်လောင်းပြီး ကျွန်မကို နှိုးသည်။ ကျွန်မ နိုးသည်နှင့်တပြိုင်နက်၊ ယုတ်မာသော ရဲတစ်ဦးက သူ၏ လက်သီးကို ပင့်ကာ ကျွန်မ၏ ရင်ဘတ်ကို ထုနှက်လိုက်ပြီး၊ သူ ကျွန်မကို အလွန်ပြင်းစွာ ထိုးနှက်ခဲ့သည်မှာ အချိန်များစွာကြာပြီးမှ ကျွန်မ အသက်ပြန်ရှူနိုင်ခဲ့လေသည်။ ထို့နောက် နောက်ထပ် ယုတ်မာသော ရဲတစ်ဦးက ကျွန်မကို ဆံပင်မှ ဖမ်းကိုင်လိုက်သည်၊ သတ္တုကုလားထိုင်ဆီ ကျွန်မကို ဒရွတ်တိုက် ဆွဲခေါ်သွားပြီး ကျွန်မ လှုပ်ရှားမရအောင် ထိုကုလားထိုင်တွင် ကျွန်မကို လက်ထိပ်ခတ်လိုက်လေသည်။ ထို့နောက် သူက ညစ်ညမ်းသည့် အဝတ်စုတ်တစ်ခုဖြင့် မျက်စိကို ပိတ်စည်းလိုက်သည်။ ကျွန်မ၏ နားရွက်များကို သူတို့ခွန်အား ရှိသမျှဖြင့် အလှည့်ကျ ဆွဲမလိုက်၊ ကျွန်မ၏ ခြေထောက်များကို သူတို့ ပြင်းနိုင်သမျှ ပြင်းပြင်း ဆောင့်နင်းလိုက်လုပ်ကြလေသည်။ ယင်း၏ ဆုတ်ဖြဲနေသည့် နာကျင်မှုအားလုံးက ကျွန်မကို တစ်ချက် တစ်ချက် အော်ဟစ်စေခဲ့သည်။ နာကျင်မှုနှင့် ပူဆွေးမှုတို့ဖြင့် ကျွန်မ စိတ်ထိခိုက်ခံစားရသည်ကို မြင်ရလျက်၊ ယုတ်မာသော ရဲအဖွဲ့က ခွက်ထိုးခွက်လန် ရယ်မောကြလေသည်။ သူတို့၏ ရယ်သံက ငရဲ၏ အတွင်းအကျဆုံးအပိုင်းမှ ထွက်ပေါ်လာသကဲ့သို့ ထင်ရလေသည်။ကြားရသည်မှာ ဆိုးဝါးပြီး ကျွန်မ၏ နှလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုသို့သော ရက်စက်မှုဖြင့် ရင်ဆိုင်ရလျက်၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရအားဖြင့် ကြေညာခံထားရသည့် ဤ “ပြည်သူ့ရဲများ” အားလုံးသည် ရက်စက်၊ ဆိုးယုတ်သည့် သားရဲများသာ ဖြစ်သည်ကို ကျွန်မ အမှန်တကယ် ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။ ၎င်းတို့သည် လူတို့ကို ထိခိုက်စေဖို့သာ အပြင်ထွက်ကြသည့် ဖုတ်ကောင်များသာ ဖြစ်ကြလေသည်။ ရဲများကို တရားမျှတမှုအား ကာကွယ်ပေးသူများ၊ လူဆိုးတို့ကို ထိန်းသိမ်းပြီး လူကောင်းတို့ကို ဘေးကင်းလုံခြုံစေသူများဖြစ်ကာ၊ အန္တရာယ်ကြုံရသည့်အချိန်တိုင်း သို့မဟုတ် အခက်အခဲကြုံရသည့်အချိန်တိုင်းတွင် ၎င်းတို့ကို လူတို့က အားကိုး၍ရနိုင်သည်ဟု ကျွန်မ အမြဲထင်မှတ်လေ့ရှိခဲ့သည်။ ဘုရားသခင်ကို ကျွန်မ စတင် ယုံကြည်ခဲ့ကတည်းက၊ ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းတို့ကို ကျွန်မ ခံခဲ့ရသော်လည်း၊ ၎င်းတို့ကို စာတန်နတ်ဆိုးအဖြစ် တကယ်ကို ကျွန်မ လုံးဝမတွေးမိခဲ့ပါ။ ယခုတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က အဖြစ်မှန် အမှန်တရားကို ကျွန်မအား ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြခဲ့ပြီဖြစ်ပြီး၊ ထိုအချိန်တွင်မှ ၎င်းတို့က ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၏ ကြမ်းကြုတ်ပြီး ယုတ်မာသော မျက်နှာများ ဆင်မြန်းထားကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ ကျွန်မ၏ ဝိညာဉ်ရေးရာ အမြင်များကို နောက်ဆုံးတွင် ဖွင့်ပေးခြင်းနှင့် အမှန်နှင့် အမှားတို့ကြား ခြားနားချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေခြင်းတို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ တိတ်တဆိတ် ကျေးဇူးတင်မိခဲ့သည်။ ဤအရာကို သိရှိဖို့ရန် ဤနာကျင်မှုအားလုံးကို ဒုက္ခခံရခြင်းက ထိုက်တန်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဤအရာကို ဘုရားသခင် မလုပ်ဆောင်ခဲ့လျှင်၊ စာတန်၏ မုသားများနှင့် လှည့်ဖြားခြင်းတို့မှ ကျွန်မ ဘယ်သောအခါမျှ နိုးထလိမ့်မည်မဟုတ်သလို၊ စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုကို လွတ်မြောက်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းရရှိဖို့ ကျွန်မအတွက် မဖြစ်နိုင်သလောက်နီးပါး ရှိခဲ့ပေလိမ့်မည်။

တစ်ခဏကြာပြီးနောက်၊ ယုတ်မာသော ရဲအရာရှိက၊ “စကားမပြောသေးဘူးပေါ့။ မင်း စကားပြောမလား၊ မပြောဘူးလား” ဟု မေးလေသည်။ ကျွန်မ ဘာမျှမပြောသည်ကို မြင်သည့်အခါ၊ ယုတ်မာသော ရဲနှစ်ဦးက ကျွန်မဆီ လာပြီး၊ ကျွန်မ ခေါင်းကိုကိုင်ကာ ကျွန်မ၏ မျက်ခုံးမွှေးများကို စတင်ဆွဲနုတ်ကြလေတော့သည်။ ကျွန်မကို ကိုင်ထားသည့် တစ်ယောက်က အကြိမ်အတော်များများ ကျွန်မကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့ပြီး၊ အလွန်ပြင်းစွာ ထိပြီး ကျွန်မ မူးဝေလာခဲ့လေသည်။ အရှက်ရခြင်းနှင့် နာကျင်မှုတို့က ကျွန်မကို ဝမ်းနည်းခြင်းနှင့် မုန်းတီးခြင်း နှစ်ခုလုံး ခံစားစေခဲ့ပြီး၊ ထိုအရာအားလုံးအပေါ် အရှက်ရခြင်းဖြင့် ကျွန်မ ငိုကြွေးမိခဲ့သည်။ အို၊ ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် ဤအသိစိတ်မဲ့သော ဘီလူးများကို ကျွန်မ အဘယ်မျှ မုန်းလိုက်ပါဘိ။ ကျွန်မသည် နာကျင်လျက်ဖြင့် သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ စစ်သားများက ပေးသည့် အရှက်ကွဲခြင်း၊ အထင်သေးခြင်းများနှင့် ရိုက်နှက်ခြင်းများကို ကြံ့ကြံ့ခံခဲ့ပုံနှင့် ကားတိုင်ထက်တွင် သူ ကားစင်တင်ခံခဲ့ရပုံတို့ကို ကျွန်မ တွေးမိခဲ့ပြီး ဘုရားသခင်၏ ထပ်တလဲလဲသတိပေးချက်များနှင့် တိုက်တွန်းချက်များအကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ “‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏’ ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ နှလုံးသားဆီ ကြီးမားသည့် နှစ်သိမ့်မှု ဆောင်ကြဉ်းပေးခဲ့ပြီး၊ ကျွန်မ ယခု ဒုက္ခခံနေရသည့် အရှက်ရခြင်းနှင့် နာကျင်မှုတို့ကို ဘုရားသခင်က အမှတ်ရလိမ့်မည်ဆိုသည်ကို နားလည်ခဲ့သည်။ သမ္မာတရားကို ရရှိဖို့ ဤနာကျင်ခြင်းကို ဒုက္ခခံရခြင်း ဖြစ်သည်၊ ယင်းသည် ဂုဏ်ဝင့်ဖွယ်ရာ သက်သေခံချက်တစ်ခုဖြစ်ပြီး ကျွန်မ အသက်တာထဲတွင် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်လေသည်။ “ဘုရားသခင်ကို ငါ ယုံကြည်မှတော့၊ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကို လက်ခံဖို့ ယုံကြည်ခြင်းနဲ့ သတ္တိ ငါရှိရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အောင်ပွဲအတွက် သက်သေခံချက်တစ်ခုဖြစ်ဖို့ ငါ အားမာန်ရှိရမယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ ထို့နောက်တွင်ပင်၊ ရဲအရာရှိ၏ မျက်နှာထား ပြောင်းသွားပြီး၊ သူက၊ “ငါတို့ သိချင်တာကို ငါတို့ကို ပြော၊ ပြီးရင် မင်းကို ခုချက်ချင်း ငါတို့ ထွက်သွားခွင့်ပေးမယ်” ဟု ပြောလေသည်။ အထင်သေးခြင်းဖြင့် သူ့ကို ကျွန်မ ကြည့်ပြီး၊ “ကျွန်မ သေမှဘဲ ရမယ်” ဟု ပြောလိုက်သည်။ ဒေါသဟုန်းဟုန်းတောက်လျက်၊ သူက ကျွန်မကို မှောင်မိုက်သော အကျဉ်းခန်းဆီ ပြန်ဆွဲခေါ်သွားဖို့ ယုတ်မာသော ရဲနှစ်ဦးကို ညွှန်ကြားလိုက်လေသည်။

ရက်စက်စွာ ညှဉ်းပန်းမှု အကြိမ်ကြိမ်ပြုလုပ်ခံရပြီးနောက်၊ ကျွန်မ ချုံးချုံးကျပြီး ပွန်းပဲ့ဒဏ်ရာရကာ၊ ခွန်အားမရှိတော့ပါ။ အထူးသဖြင့် ကျွန်မ၏ လက်မောင်းများနှင့် ခြေထောက်များက အလွန်ဆိုးရွားစွာ ရောင်ကိုင်းနေသောကြောင့် ၎င်းတို့ကို ကျွန်မ လုံးဝ မလှုပ်ဝံ့ခဲ့ပါ။ မည်သည့်ခွန်အားမျှမရှိဘဲ၊ ထိုနေရာတွင် အသတ်ခံရဖို့ စောင့်ဆိုင်းနေသည့် သိုးကလေးတစ်ကောင်ကဲ့သို့ ကျွန်မ ပုံလျက်သားရှိနေခဲ့သည်။ ယုတ်မာသော ရဲများက ထိုညှဉ်းပန်းသည့် ကိရိယာများကို ကိုင်ဆောင်သည့်အချိန် သူတို့၏ အရိုင်းအစိုင်းကဲ့သို့သော မျက်နှာများနှင့် အကျည်းတန်သော ပြုံးဖြဲဖြဲလုပ်ခြင်းများကို ကျွန်မ တွေးမိသည့်အခါတိုင်း၊ ကျွန်မ၏ စိတ်က စိုးရိမ်သောကဖြင့် မလွဲသာမရှောင်သာ ဖုံးလွှမ်းသွားခဲ့သည်။ အထူးသဖြင့် ခြေသံများက ကျွန်မ၏ အကျဉ်းခန်းဆီ ချဉ်းကပ်လာသည်ကို ကြားရသည့်အချိန်တွင်၊ ကျွန်မ၏ နှလုံးက ပိုပိုပြီး တဒုတ်ဒုတ်ခုန်လာခဲ့သည်။ ထိုအချိန်တွင် ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သာ ကျွန်မဖြစ်ခဲ့ပြီး၊ အကူအညီမဲ့ကာ ခိုကိုးရာမဲ့ ခံစားခဲ့ရသည်။ ကျွန်မ ငိုကြွေးမိခဲ့သည်၊ အို ကျွန်မ အဘယ်မျှငိုကြွေးမိပါဘိ။ ပြီးလျှင် ဘုရားသခင်ကို ကျွန်မ ရင်ဖွင့်ခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ခုချိန်မှာ ကျွန်မ အရမ်းကို ကြောက်လန့်နေပြီး၊ အရမ်း အားနည်းပါတယ်။ ဘယ်လမ်းကို လှည််သွားရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်တော်မူပါ။ ဒီငရဲဆန်တဲ့ နေရာမှာ ကျွန်မ တကယ်ကို မနေချင်တော့ပါဘူး။” ကျွန်မ အားနည်းမှုကို ခံစားရပြီး စိတ်အားငယ်နေစဉ်တွင်ပင်၊ ကျွန်မကို ခွန်အားပေးကာ နှစ်သိမ့်ရင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအတွင်းတွင် ထွက်ပေါ်လာခဲ့သည်။ “ကျယ်ပြန့်သောဤလောကတွင်၊ မည်သူသည် ငါကိုယ်တိုင်၏ စစ်ဆေးခြင်းကို ခံခဲ့ဖူးသနည်း။...ငါသည် မည်သည့်အတွက်ကြောင့် ယောဘအကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သနည်း။ ထို့အပြင် ငါသည် ပေတရုကို ကြိမ်ဖန်များစွာ ရည်ညွှန်းခဲ့သနည်း။ သင်တို့အတွက် ငါ၏မျှော်လင့်ချက်များကို သင်တို့ သတိမူဖူးသလော။ သင်တို့သည် ထိုကဲ့သို့သောအရာများအပေါ် အချိန်ပိုပေး၍ စဉ်းစားသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အား ဆောင်ကြဉ်းလာခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “ကောင်းကင်နဲ့ မြေကြီးအားလုံးထဲ၊ လူသားမျိုးနွယ်ကြားမှာ ဘယ်သူက ငါတို့ လုပ်သလို လုပ်နိုင်ပြီး နတ်ဆိုး စာတန်ရဲ့ ဒီသားရဲတွင်းထဲမှာ ဘုရားသခင်ရဲ့ စမ်းသပ်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်သလဲ။ အဖက်အဖက်မှာ နတ်ဆိုး တပ်ဖွဲ့တွေရဲ့ အဝိုင်းခံရရင်းနဲ့၊ ဘယ်သူက ဘုရားသခင်ရဲ့ ချီမတာကို ခံရပြီး ဒီမီးနဲ့ စမ်းသပ်မှုကို ကြုံဖို့ အခွင့်အလမ်းရှိသလဲ။ ငါ အရမ်းအားနည်းပြီး မစွမ်းဆောင်နိုင်ပေမယ့်၊ ဒီနေ့ ဘုရားသခင်က ငါ့ကို ဒီလိုချစ်ခြင်းမေတ္တာ ပေးနေတယ်။ ဘုရားသခင်ရဲ့ အရွေးခံရဖို့က ငါ့ဘဝရဲ့ ကောင်းချီးမင်္ဂလာဖြစ်ပြီး ငါ့ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်။ ဒီစမ်းသပ်မှုကို ငါ မရှောင်လွဲနိုင်သလိုဲဒီကနေ ထွက်သွားဖို့ မကြိုးစားသင့်ဘူး။ အဲဒီအစား၊ ငါ ဂုဏ်သိက္ခာရှိရမယ်၊ ယောဘနဲ့ ပေတရုတို့လို စာတန်ရှေ့မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်၊ ဘုရားသခင်အတွက် သက်သေခံဖို့ နဲ့ ဘုရားသခင်ရဲ့ နာမကို ထိန်းသိမ်းဖို့ ငါ့အသက်တာကို အသုံးပြုရမှာဖြစ်ပြီး ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေတာ၊ စိတ်ပျက်စေတာ မဖြစ်စေရဘူး။” ထိုအခိုက်အတန့်တွင်၊ ကျွန်မ၏ စိတ်နှလုံးက ကျေးဇူးတင်ခြင်းနှင့် ဂုဏ်ယူခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ဤဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုမျိုးကို ကြုံရလောက်အောင် ဤဘဝတွင် ကျွန်မ၏ အခွင့်အလမ်းရခြင်းက အလွန် မယုံနိုင်လောက်အောင် ထူးခြားပြီး ထိုက်တန်သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။

စတုတ္ထနေ့ ရောက်လာခဲ့ပြီး နောက်ထပ်တစ်ကြိမ် အသင်းတော်အဖွဲ့ဝင် အမည်စာရင်းကို ဆုပ်ကိုင်ရင်း၊ ယုတ်မာသော ရဲအရာရှိက “မင်းသိတဲ့သူတွေအားလုံးကို ငါ့ကို ပြောစမ်း၊ ပြီးတော့ မင်းတို့ ခေါင်းဆောင် ဘယ်သူလဲဆိုတာကို ငါ့ကို ပြော။ ပြောရင် မင်းကို ငါ လွတ်ပေးမယ်။ မဟုတ်ရင်၊ မင်း ဒီမှာသေမှာပဲ” ဟုကျွန်မကို လက်ညှိုးဖြင့်ထိုးလျက် ပြောလေသည်။ ကျွန်မ သူ့ကို ဘာတစ်ခုမျှ ပြောမည်မဟုတ်သေးသည်ကို သူ မြင်သောကြောင့်၊ “လာကြစမ်း၊ သူ့လက်တွေ နောက်ကျောမှာထားပြီး သူ့ကို ဆွဲချိတ်လိုက်ကြ။ သတ်သာသတ်ပစ်လိုက်ပါတော့” ဟု ဟိန်းဟောက်လေသည်။ လက်ပါးစေနှစ်ဦးက ချက်ချင်း ကျွန်မလက်များကို ကျွန်မ၏ နောက်ကျောဘက်တွင် ချည်နှောင်လိုက်ပြီး ကြိုးတစ်ချောင်းဖြင့် ကျွန်မကို ခြေဖျားထောက် ရပ်နိုင်ရုံသာ ချိတ်ဆွဲထားလိုက်ကြသည်။ ထို့နောက် ရဲအရာရှိက၊ “ဘာလို့ ဒီလိုတင်းခံပြီး ဒုက္ခခံတာလဲ။ မင်းရောက်နေတဲ့ အခြေအနေရဲ့ လက်တွေ့အရှိတရားကို မင်း နားလည်ဖို့လိုတယ်။ တရုတ်နိုင်ငံကို ကွန်မြူနစ်ပါတီက ပိုင်တယ်၊ ပြီးတော့ ငါတို့ ပြောတဲ့အတိုင်း ဖြစ်တယ်ကွ။ မင်း ငါတိုသိချင်တာကို ပြောမယ်ဆိုရင်၊ မင်းကို ငါ ချက်ချင်း သွားခွင့်ပေးလိုက်မယ်၊ ပြီးတော့ မင်းကို အလုပ်တောင် ငါ စီစဉ်ပေးလို့ရတယ်။ မဟုတ်ရင်တော့၊ မင်ရဲ့သား တက်တဲ့ကျောင်းကို မင်းအကြောင်း ငါပြောပြီး သူ့ကို ကျောင်းထုတ်ခိုင်းလိုက်မှာ...။” သူ၏ အရှက်မဲ့သော စကားများကို ကျွန်မ နားထောင်လျက် ဝမ်းနည်းကြေကွဲမှုနှင့် မခံမရပ်နိုင်ဖြစ်ခြင်း နှစ်ခုလုံး ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကာ ဖျက်ဆီးဖို့ရန်နှင့် ကယ်တင်ခြင်းရရှိဖို့ ကျွန်မတို့၏ အခွင့်အရေးများကို ဖျက်ဆီးဖို့ရန်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘာမဆိုလုပ်လိမ့်မည်ဖြစ်သလို မည်သည့် မကောင်းမှုမဆို ကျုးလွန်လိမ့်မည်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်းပင် ဖြစ်ပါသည်။ “မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်စိတစ်မှိတ်အတွင်း လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင် သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့် စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဥ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဥ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး ကြင်နာခြင်း အစအနမျှပင် မရှိဘဲ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။...ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ထို့နောက်တွင်ပင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်သည့် မျက်နှာထားကို ရှင်းလင်းပြတ်သားသော အမြင်တစ်ခု ကျွန်မ ရရှိခဲ့ပြီး၊ ကောင်းကင်ဘုံကို ဆန့်ကျင်သည့် ၎င်း၏ မလျော်ကန်သော၊ အလွန်ယုတ်မာသည့် ပြစ်မှုများကို တွေ့မြင်ခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို မုန်းတီးသည့် ရန်သူဖြစ်ပြီး၊ ဘုရားသခင်ကို မရပ်မနား ဆန့်ကျင်ကာ၊ ၎င်းသည် ကျွန်မ၏ လုံးဝ မကျေအေးနိုင်သော အဓိက ရန်သူဖြစ်သည်။၎င်းကို ကျွန်မ လုံးဝ အရှုံးမပေးနိုင်ပါ။ ကျွန်မ နုတ်ဆိတ်မြဲဆိတ်နေသည်ကို မြင်သည့်အခါ၊ သူတို့သည် ထိုနေရာတွင် ကျွန်မကို ချိတ်ဆွဲလျက်သား ချန်ထားခဲ့ပြီး၊ ကျွန်မ တဖြည်းဖြည်း သတိမေ့သွားခဲ့သည်။ သူတို့က ကျွန်မကို တစ်နေ့လုံးနှင့် တစ်ညလုံး ထိုနေရာတွင် ချိတ်ဆွဲလျက်သား ထားရစ်ခဲ့ကြသည်။ ကျွန်မကို သူတို့ အောက်ချကြသည့်အချိန်တွင်၊ ကျွန်မ၏ နာခေါင်းကို တစ်ယောက်ယောက်က ထိသည်ကိုသာ ကျွန်မ ခံစားနိုင်ခဲ့သည်။ မည်သူမှန်းမသိ၊ ထိုသူက ကျွန်မ အသက်ရှူနေသေးသည်ကို သိသည့်အခါ၊ ကျွန်မကို ကြမ်းပြင်ပေါ်တွင် ဒီအတိုင်း ထားရစ်ခဲ့လေသည်။ ဝိုးတိုးဝါးတားဖြစ်နေသော စိတ်ဖြင့်၊ သူတို့က၊ “ငါတော့ အကြံကုန်ပြီ။ ဒီခွေးမက အရမ်းမာတာတော့ ငါ အံ့သြ တယ်ကွာ။ ကွန်မြူနစ်ပါတီထက်တောင် မာတယ်။ ဒီအနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ” ဟု သူတို့ ပြောနေကြသည်ကို ကျွန်မ ကြားခဲ့ရသည်။ ဤအရာ သူတို့ ပြောသည်ကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မအတွင်း၌ ပြောမပြတတ်အောင်ဖြစ်သော ခံစားချက်တစ်ခုက နိုးကြွနေသည်ကို ကျွန်မ ခံစားခဲ့ရပြီး စာတန်ကို အောင်နိုင်ဖို့ ကျွန်မကို ဦးဆောင်ခဲ့သူမှာ ဘုရားသခင်ဖြစ်သည့်အတွက်၊ ကျွန်မ၏ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ဘုရားသခင်ထံ ကျွန်မ မဖော်ပြဘဲ မနေနိုင်ခဲ့ပါ။

ပြည်သူ့ လုံခြုံရေး ဌာနရှိ မှောင်မည်းသောအကျဉ်းခန်းထဲတွင် ကျွန်မ ရှစ်ရက်ကြာ အချုပ်ချထားခံခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အကြံရှိသမျှ ထုတ်ခဲ့ကြပြီး စာအုပ်ထဲက လှည့်ကွက်ရှိသမျှကို သုံးခဲ့ကြသည်၊ သို့တိုင် ကျွန်မထံမှ သူတို့ လိုချင်ခဲ့သည့် သတင်းအချက်အလက်တစ်ခုတစ်လေကိုမျှ မရရှိခဲ့ကြချေ။ နောက်ဆုံးတွင်၊ ယုတ်မာသော ရဲများက ကျွန်မကို ထိန်းသိမ်းရေး စခန်းသို့ ပို့ရုံသာ တတ်နိုင်ခဲ့ကြသည်။ ဤအတောအတွင်းတွင်၊ ကျွန်မ ယောက်ျားထံမှ ယွမ် ၃၀၀၀ ခြိမ်းခြောက်ညှစ်ယူဖို့ရန် ကျွန်မဆီ အလည်လာသည့် ကျွန်မ၏ မိသားစုထံမှ ရရှိသည့် အခွင့်အရေးများကို သူတို့ ယူခဲ့ကြသည်။ ထိန်းသိမ်းရေး စခန်းက နည်းနည်း ပိုသက်သာလိမ့်မည်ဟု ကျွန်မ တွေးခဲ့သော်လည်း၊ ကျွန်မ မှားသွားခဲ့ပါသည်။ ဘုရားသခင်ကို မုန်းတီးသည့် ဤတရုတ်နိုင်ငံတွင်၊ နေရာတိုင်းက ပိန်းပိတ်အောင် မှောင်ပြီး အကြမ်းဖက်မှုများ၊ ရက်စက်မှုများနှင့် လူသတ်မှုတို့ဖြင့် ပြည့်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအတွက် ခြေချစရာ တစ်နေရာရာ ရဖို့မပြောနှင့်၊ ဤသို့သော နေရာမျိုးက သမ္မာတရား တည်ရှိဖို့ပင် အခွင့်မပေးပါ။ ထိန်းသိမ်းရေး စခန်းတွင် ရှိခြင်းအဖြစ်က မီးထဲသို့ ကျဖို့ရန်သာ ဒယ်အိုးကင်းမှ လွတ်ခြင်းကဲ့သို့ ဖြစ်လေသည်။ ယုတ်မာသော ရဲများက ရှုံးနှိမ့်မှုကို ဝန်ခံရန် မလိုလားခဲ့ကြသေးပါ၊ ထို့ကြောင့် ထိုနေရာသို့ ကျွန်မ ရောက်ရှိပြီးသည့်နောက်တွင် ကျွန်မကို ဆက်လက် စစ်မေးခဲ့ကြသည်။ ကျွန်မထံမှ သူတို့ လိုချင်ခဲ့ကြသည့် သတင်းအချက်အလက် တစ်ခုတစ်လေကိုမျှ မရရှိကြသောကြောင့်၊ ရဲသုံးဦးက ချက်ချင်း ကျွန်မအပေါ် ဒေါသူပုန်ထပြီး ကျွန်မကို ကောင်းကောင်း ရိုက်နှက်ကြလေသည်။ မကျက်သေးသည့် အနာဟောင်းများပေါ်တွင် အသစ်သော ပြတ်ရှရာများနှင့် ပွန်းပဲ့ရာများဖြင့် ကျွန်မ ကျန်ရစ်ခဲ့ပြီး၊ ကြမ်းပြင်ပေါ် မှောက်လျက်ဖြစ်ကာ မလှုပ်ရှားနိုင်သည်အထိ ကျွန်မ ဆိုးရွားစွာ အရိုက်နှက်ခံခဲ့ရသည်။ ရဲမှူးက ဆောင့်ကြောင့်ထိုင်ကာ ကျွန်မ၏ ခေါင်းကို လက်ညှိုးထိုးပြီး “မင်း ဝန်မခံရင်၊ ဒီနေရာမှာ အသက်ရှင်မယ်လို့ မမျှော်လင့်နဲ့” ဟု ဆိုရင်း ကျွန်မကို ခြိမ်းခြောက်လေသည်။ ယုတ်မာသော ရဲတစ်ဦးက ကျွန်မဆီ လာပြီး နောက်ထပ် အကြိမ်အနည်းငယ် ကျွန်မကို ကန်ကျောက်ခဲ့သည်၊ ထို့နောက် လက်ပါးစေနှစ်ဦးက ဝင်းထဲသို့ ကျွန်မကို တရွတ်တိုက် ဆွဲသွားပြီး တယ်လီဖုန်းတိုင်တစ်ခုတွင် ကျွန်မကို ချည်ထားလိုက်ကြသည်။ ရေတစ်ပေါက်မျှပင် မသောက်ရဘဲ ထိုနေရာတွင် ကျွန်မ တစ်နေ့လုံး အချည်ခံထားခဲ့ရပြီး၊ ကျွန်မ၏ တစ်ကိုယ်လုံးက ပြတ်ရှရာများ၊ ပွန်းပဲ့ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထိုနေရာတွင် ကျွန်မ သေမည်စိုး၍၊ သူတို့က ကျွန်မကို အကျဉ်းခန်းတစ်ခုထဲသို့ ပစ်ထည့်ခဲ့ကြသည်။ သေမင်းတံခါးဝ၌ ကျွန်မ ရှိနေပြီး ကျွန်မ အားအနည်းဆုံး ခံစားနေရသည့်အချိန်တွင်ပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး သူတို့သည်လည်း ထိန်းသိမ်းရေး စခန်းတွင် အကျဉ်းချခံထားရသည့် ညီအစ်မနှစ်ဦးက ကျွန်မဆီ အပြေးအလွှားလာကြလေသည်။ သူတို့၏ အဝတ်အစားများကို ဇစ်ဖြုတ်လိုက်ကြကာ ဖွင့်ထားရင်းနှင့် ကျွန်မကို နီးနီးကပ်ကပ် ကိုင်ထားရင်း၊ ကျွန်မကို နွေးစေဖို့ သူတို့၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့ကြသည်။ ကျွန်မတို့ အချင်းချင်းက လုံးဝ သူစိမ်းများ ဖြစ်ကြသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်မတို့၏ နှလုံးသားများကို အတူတကွ နီးကပ်သွားစေခဲ့သည်။ ကျွန်မ ညီအစ်မများ၏ တိုးတိုးတိတ်တိတ် ငိုသံများကို ကျွန်မ ကြားခဲ့ရပြီး၊ အခြားသော အကျဉ်းသူများက၊ “ဒီရဲတွေက အရမ်းကို ရက်စက်ကြတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့လူတွေက အရမ်း မေတ္တာကရုဏာတရား ကြီးမားကြတယ်။ ရှင်တို့အားလုံးက မိသားစု တစ်စုတည်းကနေပဲလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါပေမယ့်တကယ်တမ်း ရှင်တို့က အချင်းချင်း လုံးဝကို မသိကြဘူးကိုး” ဟု ပြောရင်း ကျွန်မတို့ကို ဆွေးနွေးပေးနေကြလေသည်။ အစ်မ နှစ်ယောက်က "လူကို ဘုရားသခင် ဖန်ဆင်းခဲ့ပြီး ငါတို့အားလုံးက မိသားစုတစ်စုထဲပါပဲ" ဟု ပြောသည်ကိုလည်း ကျွန်မ ကြားခဲ့ရသည်။ နောက်ဆုံးတွင် ကျွန်မ အပြင်းအထန် ဖျားနာလာခဲ့သည်။ ကျွန်မ အလွန်မကျန်းမမာဖြစ်လာခဲ့ပြီး သေဖို့နီးလာသကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ ယုတ်မာသော ရဲများက မည်သို့မျှ အရေးမထားခဲ့ကြဘဲ၊ ညီအစ်မများက သူတို့ထံမှ အဝတ်အစားများနှင့် ဆေးဝါးအချို့ကို ဝယ်ဖို့ရန် မတန်တဆစျေး ပေးခဲ့ကြရသည်။ ဂရုတစိုက်ဖြင့်၊ ကျွန်မ၏ ဒဏ်ရာများကို သူတို့ ပြုစုပေးခဲ့ကြပြီး နေ့တိုင်း ကျွန်မကို ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။ သူတို့၏ အာရုံတစိုက် ဂရုစိုက်မှုအောက်တွင်၊ ကျွန်မ တဖြည်းဖြည်း စတင်သက်သာလာခဲ့သည်။ ဤအရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မထံ အတိဒုက္ခ ကျရောက်ဖို့ ဘုရားသခင်က ခွင့်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အားနည်းချက်နှင့် နာကျင်မှုတို့ကို သူ အမြဲသတိရှိခဲ့ပြီး၊ အရာရာကို ကျွန်မအတွက် တိတ်တဆိတ် သူ စီစဉ်ခဲ့ကာ၊ ကျွန်မကို ကြည့်ရှုစောင့်ရှောက်ဖို့နှင့် နှစ်သိမ့်ဖို့ ဤညီအစ်မနှစ်ဦးကို သူ စီစဉ်ညွှန်းကြားခဲ့ပေသည်။ ကျွန်မတို့ အချင်းချင်း နှစ်သိမ့်ကြကာ ခွန်အားပေးခဲ့ကြပြီး စိတ်ထဲတွင် တူညီသော ဆန္ဒများနှင့် ရည်မှန်းချက်များဖြင့်၊ ဤမကောင်းဆိုးဝါးများ၏ သားရဲတွင်းထဲတွင် ဘုရားသခင်၏ အောင်နိုင်ခြင်းအတွက် ကျွန်မတို့ သက်သေခံချက်များ ဖြစ်လာနိုင်ဖို့ရန်အလို့ငှာ၊ ကျွန်မတို့ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်း၊ အသီးသီး အချင်းချင်းအတွက် ကျွန်မတို့ တိတ်တဆိတ် ဆုတောင်းခဲ့ကြသည်။

ထိန်းသိမ်းရေး စခန်းထဲသို့ သွားခြင်းက ကမ္ဘာမြေပေါ်ရှိ ငရဲထဲသို့ ဝင်ရောက်ခြင်းနှင့် တူလေသည်။ ထိုတံတိုင်းများအတွင်းတွင်၊ လူမဆန်သော ဘဝတစ်ခုကို ကျွန်မတို့ ရှင်သန်ခဲ့ရသည်။ ကျွန်မတို့ လုံးဝ လောက်ငအောင် မစားရသလို၊ ကျွန်မတို့၏ အကျဉ်းခန်းများဆီ ပြန်မသွားနိုင်မီ မနက် ခုနှစ်နာရီမှ ည ဆယ်နာရီအထိ၊ ပန်းလျနွမ်းနယ်သည်အထိ ကျွန်မတို့ အလုပ်လုပ်ခဲ့ရသည်- နေ့တိုင်း ကျွန်မတို့ လုံးဝ ခြေကုန်လက်ပန်းကျခဲ့ကြပြီး ကျွန်မတို့၏ ခွန်အားရှိသမျှ ကုန်ခမ်းသွားလေသည်။ သို့သော် ညီအစ်မနှစ်ဦးနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ကျွန်မ မကြာခဏ မိတ်သဟာယပြုနိုင်ခဲ့သောကြောင့်၊ ကျွန်မ၏ ခန္ဓာက အလွန်ဒုက္ခခံရကာ အမြဲ ခြေကုန်လက်ပန်းကျသော်လည်း၊ ကျွန်မ၏ စိတ်နှလုံးက အေးချမ်းကာ သိမြင်မှုဖြင့် ပြည့်ခဲ့သည်။ မကြာခဏ ထိုအချိန်အတောအတွင်းတွင်၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဤဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ တွေးမိခဲ့သည်- “ထို့ကြောင့် နောက်ဆုံးသော ကာလအတွင်း သင်တို့သည် သက်သေခံရမည်။ သက်သေခံရမည်။ ဘယ်လောက်များ သင်ဝေဒနာခံစားရပါစေ၊ သင်အသက်ရှင်နေသရွေ ဘုရားအပေါ် ဆက်လက်သစ္စာရှိလျက် ခစားပါ။ ဒါဟာ ဘုရားကိုအမှန်ချစ်ခြင်း၊ ခိုင်မာ သောသက်သေဖြစ်တယ် ဒါဟာ ဘုရားကိုအမှန်ချစ်ခြင်း၊ ခိုင်မာ သောသက်သေဖြစ်တယ်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ဤဓမ္မသီချင်းကို ကျွန်မ သီဆိုသည့်အခါတိုင်းတွင်၊ မယုံနိုင်လောက်အောင်ဖြစ်သော တန်ခိုးစွမ်းအားတစ်ခုက ကျွန်မကို ထောက်ပံ့နေသည်ဟု ခံစားခဲ့ရပြီး၊ သတိမထားမိလိုက်ဘဲနှင့် ကျွန်မစိတ်ထဲတွင် ခံစားခဲ့ရသည့် ခြေကုန်လက်ပန်းကျခြင်း၊ စိတ်အားငယ်ခြင်း နှင့် နာကျင်မှုအားလုံး ပျောက်ကွယ်သွားကြလေသည်။ တစ်ချိန်တည်းတွင်၊ ဤနာကျင်မှုကို ကျွန်မ ဒုက္ခခံနိုင်ခြင်းအဖြစ်က ကျွန်မအပေါ် ဘုရားသခင် နှင်းအပ်နိုင်သည့် အကြီးမားဆုံးသော ကြင်နာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်သည်ကိုလည်း ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မ၏ ဆင်းရဲဒုက္ခက မည်မျှ ကြီးမားလာပါစေ၊ အဆုံးထိ ဘုရားသခင်နောက်လိုက်ရန် ကျွန်မ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ထွက်သက်တစ်ခုသာ ကျွန်မ ကျန်ရှိလျှင်ပင်၊ ဘုရားသခင်ကို ချစ်ဖို့နှင့် စိတ်ကျေနပ်စေဖို့ ကျွန်မ ကြိုးစားပါမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ခွန်အားပေးခြင်းခံရလျက်၊ ထိန်းသိမ်းရေး စခန်းထဲတွင် သည်းမခံနိုင်လုနီးနီးဖြစ်ခဲ့သည့် ရက် ၂၀ ကို ကျွန်မ ခံခဲ့သည်။ မိစ္ဆာကောင်များ၏ ထိုသားရဲတွင်းထဲတွင်၊ အမှောင်ကို လွင့်ပြယ်စေခဲ့ပြီး ဘုရားသခင်ကို ဆက်လက်ချီးမွမ်းနိုင်စေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ အသက်၏ အထောက်အပံ့ကို ဆက်လက်နှစ်သက်ခံစားစေနိုင်ခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ အသက်၏ အလင်းဖြစ်လေသည်- ဤသည်မှာ ကျွန်မကို ဘုရားသခင် ပေးနိုင်သည့် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်။ နောက်ဆုံး ကျွန်မ လွတ်လာချိန်တွင်၊ ယုတ်မာသော ရဲများက ကျွန်မကို၊ “မင်း အိမ်ရောက်တဲ့အခါ ဒီမှာ ဖြစ်ခဲ့တာကို တစ်ယောက်ယောက်ကို ပြောပြဖို့ စိတ်တောင်မကူးနဲ့နော်” ဟု အရှက်မဲ့စွာ ခြိမ်းခြောက်ခဲ့သေးသည်။ သူတို့၏ လူ့မျက်နှာများနှင့် လူမဆန်သော စိတ်နှလုံးများဖြင့် ယုတ်မာသောရဲများကို ကြည့်ရင်း၊ ဆိုးယုတ်သော အရာများကို လုပ်ဆောင်ဖို့ လိုလားသော်လည်း ယင်းတို့အတွက် တာဝန်ယူလိုစိတ်မရှိကြသည့် သူတို့၏ အကျည်းတန်မှုက ကျွန်မ၏ ယုံကြည်ခြင်းနှင့် စာတန်ကို စွန့်ပစ်ပြီး ဘုရားသခင်နောက်လိုက်ကာ ဘုရားသခင်အတွက် သက်သေခံဖို့ဖြစ်သော ကျွန်မ၏ သန္နိဋ္ဌာန်ကို ပို၍ အားကောင်းစေခဲ့လေသည်။ ဘုရားသခင်နှင့်အတူ ပူပေါင်းကာ ဧဝံဂေလိ ဖြန့်ဝေဖို့၊ သူတို့သည်လည်း ဖန်ဆင်းရှင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ၊ နတ်ဆိုး စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြသည့် ရောင်းရင်း ဝိညာဉ်များကို အလင်းထဲသို့ ပိုမိုခေါ်ဆောင်ရန် သန္နိဋ္ဌာန်တစ်ခု ကျွန်မ ပြုလုပ်ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဤအတွေ့အကြုံ တစ်လျှောက်လုံးတွင်၊ မကောင်းဆိုးဝါးများ၏ ဝိုင်းရံခြင်းကို အနိုင်ယူဖို့ တစ်လှမ်းချင်း ကျွန်မကို ဦးဆောင်ပြီး စာတန်၏ မိစ္ဆာကောင်များ သားရဲတွင်းမှ ကျွန်မကို ခေါ်ထုတ်သွားခဲ့သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ခဲ့လေသည်။ ဤအရာက ကျွန်မကို လေးနက်သော သိနားလည်မှုတစ်ခု ရစေခဲ့သည်။စာတန်သည် မည်မျှ ကြမ်းကြုတ်၊ ရက်စက်ပြီး သောင်းကျန်းပါစေ၊ ၎င်းသည် ဘုရားသခင်၏ နှိမ်နင်းခြင်းခံရသည့် ရန်သူတော် ထာဝရဖြစ်လိမ့်မည်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည်သာ ကျွန်မတို့၏ စွဲမြဲစွာ အားကိုးထိုက်သော အထောက်အပံ့ဖြစ်နိုင်သူ၊ စာတန်နှင့် သေခြင်းအပေါ် အောင်နိုင်ဖို့ ကျွန်မတို့ကို ဦးဆောင်နိုင်သူနှင့် ဘုရားသခင်၏ အလင်းထဲတွင် ကျွန်မတို့ကို ဇွဲဖြင့် ရှင်သန်စေနိုင်သူဖြစ်သည့် အမြင့်ဆုံးသော သြဇာအာဏာရှိသူ ဖြစ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသကဲ့သို့ပင် ဖြစ်သည်- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသောပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပါပေ။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဤနေ့မှစ၍၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် တည်ကြည်ခိုင်မာစွာ လိုက်ရန်၊ သမ္မာတရားကို လိုက်စားဖို့နှင့် လူသားအပေါ် ဘုရားသခင် နှင်းအပ်သည့် ထာဝရအသက်ကို ရရှိဖို့ အစွမ်းကုန်လုပ်ဆောင်ရန် ကျွန်မ ဆန္ဒရှိပါသည်။

ယခင်က:ဘုရားသခင်သည် ဘဝတွင် ကျွန်မ၏ ခွန်အားဖြစ်သည်

နောက်တစ်ခုသို့:ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ