အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၈၈ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဂရုတစိုက် နားထောင်လော့

ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုပြုကြလော့၊ ကိုယ်တော်၏အသံကို တိတ်ဆိတ်စွာဖြင့် နားထောင်ကြလော့၊

ထိုအခါ သူသည် သင့်ကို ထုတ်ဖေါ်လေမည်။

သူ့အထဲ၌ ဆိတ်ငြိမ်စွာနေိလော့၊ သူသည် သင်၏ဘုရားသခင်၊ သင်၏ရွေးနုတ်ကယ်တင်ရှင် ဖြစ်၏။

သင်၏စိတ်နှလုံးကို အချိန်တိုင်း ဆိတ်ငြိမ်စေလော့၊ သူ့အထဲ၌ အသက်ရှင်လော့။

သူသည် သင်၏ကျောက်၊ သူသည် သင်၏ကျောထောက်နောက်ခံ၊

သင် လိုက်နေသော အထောက်အပံ့ပေတည်း။

အခြားသောစိတ်မရှိနှင့်၊ သို့သော်လည်း သူ့အပေါ် စိတ်ပါလက်ပါ အမှီပြုလော့။

ထိုအခါ သူသည် သင့်ထံ ပေါ်လာမည်မှာ အလွန်သေချာပေသည်၊ သူသည် သင်၏ဘုရားသခင် ဖြစ်ခြင်းကြောင့်ပေတည်း။

အာ၊ သနားစရာကောင်းသော သံသယရှိသူတို့၊ ၎င်းတို့သည် ခိုင်ခံ့စွာ မရပ်တည်နိုင်သည်မှာ သေချာ၏။

ထို့ကြောင့် ၎င်းတို့သည် ယုံကြည်ခြင်း ကင်းမဲ့ခြင်းကြောင့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။

ယခုအချိန်သည် အလွန်အရေးကြီးသောအချိန်တစ်ခု ဖြစ်ကြောင်းကို သင် သိရမည်။

ဤသည်မှာ အဓိကအချက်တစ်ခုပင် ဖြစ်၏။

အသုံးမဝင်သောအမှုအရာများကို လုပ်ခြင်းဖြင့် ပျာယာခတ်ခြင်း မရှိစေနှင့်။

ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြင့် သူ့ထံ ချဉ်းကပ်လော့၊

လျှို့ဝှက်နက်နဲမှုအပေါင်း ထုတ်ဖော်ခြင်းကို ခံရမည်။

သန့်ရှင်းသောဝိညာဉ်တော် စကားပြောနေသည်ကို နားထောင်လော့၊

သူ၏သွန်သင်ချက် တစ်လုံးချင်းစီကို လိုက်လျှောက်လော့။

၎င်းတို့ကို မသိကျိုးကျွန် မပြုလေနှင့် တစ်ခုကိုမျှ ယူမထားလေနှင့်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင် ကြားသော်လည်း ၎င်းတို့ကို ကျောခိုင်းစွန့်ခွာခဲ့ကြသည်။

အို၊ သင်သည် ထောက်ထားစာနာမှုမရှိဘဲ မျက်စိကွယ်သူပင် ဖြစ်၏။

သင်သည် ကောင်းချီးမင်္ဂလာ အမြောက်အမြားကို လက် လွှတ်ဆုံးရှုံးခဲ့ရ၏။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဂရုတစိုက် နားထောင်ရမည်၊

သူနှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ့ထံ ပို၍ ချဉ်းကပ်ရမည်။

သင် နားမလည်သောအရာမှန်သမျှကို သူ သွန်သင်လေမည်။

သူသည် ရှေ့ဆက်လမ်းခရီးတွင် သင့်အား ဦးဆောင်လမ်းပြလေမည်။

အခြားသူများနှင့် မိတ်သဟာယဖွဲ့ခြင်းကို အနည်းငယ်သာ အရေးစိုက်လော့။

ယခုအခါ သြဝါဒနှင့် သမ္မာတရား စာလုံးကို ဟောပြောသောသူ

များစွာရှိသော်လည်း

၎င်း၏လက်တွေ့ကျမှုမှုကို အနည်းစုသာ ရကြသည်။

၎င်းတို့ကို နားထောင်ခြင်းဖြင့် သင့်ကို စိတ်ရှုပ်ထွေးစေပြီး ထုံထိုင်းစေမည်၊

အဘယ်သို့ တိုးတက်ရမည်ကို မသိတော့ပေ။

အကြောင်းမှာ ၎င်းတို့ကို သင် နားထောင်သော်လည်း၊

သင်သည် စာလုံးများနှင့် သြဝါဒများကိုသာ သိလာရမည်။

သင်၏ခြေလှမ်းကို စောင့်လော့၊ သင်၏စိတ်နှလုံးကို ကာကွယ်လော့၊

ထို့ပြင် ဘုရားသခင်နှင့် မဝေးကွာစေနှင့်။

သူနှင့် အနီးကပ် မိတ်သဟာယဖွဲ့လော့၊ ထိုအခါ သူသည်

သင် နားမလည်သောအရာကို အလွန်ရှင်းလင်းစွာ မြင်စေမည်။

သင်၏စကားလုံးများကို စောင့်ပြီး သင်၏စိတ်နှလုံးကို စောင့်လော့၊

ဘုရားသခင် လျှောက်လှမ်းသောလမ်းကို လျှောက်လော့။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုပြုကြလော့၊ ကိုယ်တော်၏အသံကို တိတ်ဆိတ်စွာဖြင့် နားထောင်ကြလော့၊

ထိုအခါ သူသည် သင့်ကို ထုတ်ဖေါ်လေမည်။

သူ့အထဲ၌ ဆိတ်ငြိမ်ခြင်းရှိလော့၊ သူသည် သင်၏ဘုရားသခင်၊ သင်၏ရွေးနုတ်ကယ်တင်ရှင် ဖြစ်၏။

သင်၏စိတ်နှလုံးကို အချိန်တိုင်း ဆိတ်ငြိမ်စေလော့၊ သူ့အထဲ၌ အသက်ရှင်လော့။

သူသည် သင်၏ကျောက်၊ သူသည် သင်၏ကျောထောက်နောက်ခံ၊

သင် လိုက်နေသော အထောက်အပံ့ပေတည်း။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုပြုကြလော့၊ ကိုယ်တော်၏အသံကို တိတ်ဆိတ်စွာဖြင့် နားထောင်ကြလော့၊

ထိုအခါ သူသည် သင့်ကို ထုတ်ဖေါ်လေမည်။

သူ့အထဲ၌ ဆိတ်ငြိမ်ခြင်းရှိလော့၊ သူသည် သင်၏ဘုရားသခင်၊ သင်၏ရွေးနုတ်ကယ်တင်ရှင် ဖြစ်၏။

သင်၏စိတ်နှလုံးကို အချိန်တိုင်း ဆိတ်ငြိမ်စေလော့၊ သူ့အထဲ၌ အသက်ရှင်လော့။

သူသည် သင်၏ကျောက်၊ သူသည် သင်၏ကျောထောက်နောက်ခံ၊

သင် လိုက်နေသော အထောက်အပံ့ပေတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ပုံမှန်ဝိညာဉ်ရေးရာအသက်တာကို အမြဲထိန်းသိမ်းထားရမည်ကျူး

နောက်တစ်ခုသို့:သင့်အပြုအမူ၏ အခြေခံအဖြစ် ဘုရား၏နှုတ်ကပတ်တော်များကို သဘောထားလော့ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ