အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၂၉ ဘုရား၏စုံလင်စေခြင်းခံရရန်အခွင့်အရေးကို သင်ဆုံးရှုံးပါက ထာဝရနောင်တရလိမ့်မည်ကျူး

၁ ယနေ့အထိ ဤလမ်းကို ငါတို့လျှောက်နိုင်ခြင်းအကြောင်းမှာ ဘုရားသခင် ဘိသိတ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ထူးခြားသောပုဂ္ဂိုလ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ကံဆိုးသောသူဖြစ်သည်ဟူ၍လည်းကောင်း မထင်မိစေနှင့်။ သင်သည် တစ်စစီဖြစ်အောင် ရိုက်ခွဲခြင်း ခံရမည်စိုးသောကြောင့် ဘုရားသခင်၏ လက်ရှိအလုပ်နှင့် ပတ်သက်၍ မည်သူမျှ အခိုင်အမာပြောဆိုခြင်း မပြုနှင့်။ အလင်းသည် ငါ့ထံသို့ ဘုရားသခင်၏အလုပ်အားဖြင့် ရောက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်သည် ဤလူအုပ်စုကို စုံလင်စေမည်ဖြစ်ပြီး သူ၏အလုပ်သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ သူသည် ဤလူစုကို လမ်းဆုံးထိ ခေါ်ဆောင်သွားမည်ဖြစ်ပြီး လောကတွင် သူ၏အလုပ်ကို စုံလင်စေမည် ဖြစ်သည်။ ဤအရာသည် ငါတို့အားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။

၂ လူအများစုသည် အဆက်မပြတ် “တိုးတက်ရန်” လုပ်ဆောင်ကြပြီး ရောင့်ရဲသည်ဟု မရှိကြပါ။ ဘုရားသခင်၏ လက်ရှိလိုလားသောရွည်ရွယ်ချက်ကို သူတို့အားလုံး နားမလည်ကြသောကြောင့် လွတ်မြောက်ရန်သာ ကြံစည်ကြသည်။ သူတို့သည် ဇက်ကြိုးမှလွတ်လာသော မြင်းရိုင်းကဲ့သို့ သဲကန္တာရတွင် လှည့်လည်သွားလာချင်ကြသည်။ သို့သော် လူ့ဘဝလမ်းကို ရှာဖွေရန် ကောင်းသောပြည်၊ ခါနာန်ပြည်တွင် လူအနည်းငယ်ကသာ အခြေချနေထိုင်လို ကြသည်။နို့နှင့်ပျားရည်စီးသောပြည်သို့ သူတို့ဝင်ရောက်ကြလျက်နှင့် လူတို့ မပျော်မွေ့ကြလျင် မည်သည့်အရာကို သူတို့ ပိုမို လိုချင်ကြပါသနည်း။ ရှင်းရှင်းပြောရလျှင်၊ ကောင်းသောခါနာနန်ပြည်မှလွဲ၍ နေရာအားလုံးတို့သည် သဲကန္တာရဖြစ်သည်။ လူတို့သည် နားခိုရာနေရာကို ဝင်ရောက်ပြီးကြသည့်အခါတွင်လည်း မိမိတို့၏တာဝန်ကို မထိန်းသိမ်းနိုင်ကြပေ။ သူတို့သည် ပြည့်တန်ဆာများသာ ဖြစ်ကြသည်မဟုတ်လော။

၃ ထိုပတ်ဝန်းကျင်တွင် သင့်အား ဘုရားသခင် စုံလင်စေမည့် အခွင့်အရေးကို သင်ဆုံးရှုံးပါက သင်၏နေ့ရက်ကာလတစ်လျှောက်လုံး နောင်တရမည်ဖြစ်သည်။ သင်သည် အတိုင်းမသိ နောင်တရမည်ဖြစ်သည်။ သင်သည် ခါနာန်ပြည်ကို မြင်ရုံသာမြင်ရပြီး မပျော်မွေ့ရဘဲ လက်သီးဆုပ်ကာ နောင်တအပြည့်နှင့် သေဆုံးခဲ့သော မောရှေကဲ့သို့ နိဂုံးချုပ်သွားလိမ့်မည်။ ၎င်းသည် ရှက်ဖွယ်ကောင်းသည်ဟု သင်မထင်သလော။ သူတပါး၏ လှောင်ပြောင်သရော်ခြင်းကို ခံရခြင်းသည် ရှက်ဖွယ်ကောင်းသည်ဟု သင်မထင်သလော။ သူတပါး၏ အရှက်ခွဲခြင်းကို ခံရန် သင်ဆန္ဒရှိသလော။ သင့်ကောင်းစားခြင်းအတွက် ကြိုးစားလုပ်ဆောင်လိုသော နှလုံးသား သင့်တွင် မရှိသလော။ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရပြီး ဂုဏ်သိက္ခာရှိပြီး တော်ဖြောင့်သောပုဂ္ဂိုလ် မဖြစ်ချင်သလော။ သင်သည် ဆုံးဖြတ်ချက် လုံးဝမရှိသောပုဂ္ဂိုလ် ဖြစ်နေသလော။ သင်သည် အခြားသောလမ်းများကိုလည်း မလျှောက်လို၊ သင့်အတွက် ဘုရားသခင် ဘိသိတ်ပေးခဲ့သည့်လမ်းကိုလည်း မလျှောက်လို။ ကောင်းကင်၏အလိုတော်ကို သင်ဆန့်ကျင်ရဲသလော။ သင်၏ကျွမ်းကျင်မှုသည် မည်မျှပင် ကြီးမားပါစေ၊ ကောင်းကင်ကို သင်ပုန်ကုန်ပြစ်မှားနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း … (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:အားလုံးအထဲမှ ဘုရားကို ဝမ်းအနည်းစေဆုံးသောအရာကျူး

နောက်တစ်ခုသို့:သေအံ့မူးမူးအချိန်မှ သမ္မာတရားကို သတိပြုမိခြင်းသည် နောက်ကျလွန်းပေပြီကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ