အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြှင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေတာဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီးဖြစ်နေသည်နှင့်အမျှ သင်က ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်းလိုက်လျောပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံး ရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နှစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို အတွင်းတွင် တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား သင့်အနေဖြင့် သင့်အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ သင်၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် အရင်းခံအကြောင်းများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

လူတွေ၏ အပေါ်ယံစိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင်။ ဥပမာ လူတွေ၏ ပြင်ပ၊ ပုံမှန်မဟုတ်သည့် လူသားသဘာဝ၊ သို့မဟုတ် သူတို့၏ ဘဝနေမှုပုံစံနှင့် အကျင့်၊ သူတို့၏ နည်းလမ်းများ၊ ဓလေ့များ၊ အပေါ်ယံ အလေ့အထများ၊ သူတို့၏ စိတ်အားထက်သန်မှုများ။ သို့သော်လည်း လူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ စိတ်သဘောထားကို ပြောင်းဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်သည့်အရာများမှာ သူတို့အတွင်း၌ရှိသည့် စိတ်တက်ကြွမှုနှင့် အယူအဆများပင် ဖြစ်သည်။ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသလိုပင်။ လွယ်ပါသည်။ သင့်အတွင်းမှာရှိသည့် လှုံ့ဆော်မှုများနှင့် အယူအဆများအပေါ် သက်ရောက်သည့်အရာပင်။ သို့သော်လည်း လက်လွတ်ဖို့တော့ မလွယ်ပေ။ ဤအရာက သင့်ကို ဇာတိပကတိအား ဆန့်ကျင်တွန်းလှန်စေဖို့၊ ပေးဆပ်ဖို့၊ ဘုရားသခင်ရှေ့မှာ ဒုက္ခခံဖို့စသည်တို့ လိုအပ်သည်။ ဤအရာက လူများ၏ စိတ်တက်ကြွမှုနှင့် ဤပုံစံအတိုင်းပင်။ သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည် မမှန်ကန်သော အကြောင်းပြချက်များအပေါ် စွဲလမ်းကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏အကြောင်းပြချက် အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် အကြောင်းပြချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ အကြောင်းပြချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် အကြောင်းပြချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော အရင်းခံအကြောင်း အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်စဉ်၌ ဒုက္ခခံစားရခြင်းကို ရှောင်လွှဲ၍မရနိုင်ချေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင်၊ သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေပြီး ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ပေးဆပ်ခြင်း တစ်မျိုးပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ သင်က မည်မျှပင် ပြေးလွှားနေရပါစေ၊ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်အကြောင်းပြချက်နှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် အကြောင်းပြချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမှျ သင်မသိခဲ့ဖူးလျှင်၊ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကိုသာ ရှာဖွေလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။ အခြေအနေတစ်ခုထဲ သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသည်။ သို့သော်လည်း အတွင်းထဲ၌ကား ဤသည်မှာ မှန်သည်ဟု သင်မခံစားရဘဲ၊ သင့်ညီအစ်ကို မောင်နှမတို့အတွက် အကျိုးမရှိဘဲ သူတို့ကို ထိခိုက်နာကျင် စေမည်ဆိုလျှင် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ထားလိုက်ပြီး ဤအရာကို မပြောပါနှင့်။ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မတတ်နိုင်သည့်အတွက်ပင်။ ဤအချိန်မှာ သင့်ကိုယ်တွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်။ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာများကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေမည်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ ဆန္ဒရှိနေမည်၊ သင်သည် အတွင်းမှာ နာကျင်မှုကို ခံနေရသော်လည်း သင်သည် ဇာတိပကတိကို မစွဲလမ်း၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပြီး သင်သည်လည်း အတွင်းမှာ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင် နှစ်သက်သည့် ပေးဆပ်ခြင်းပင်။ ဤကဲ့သို့ပုံစံနှင့် သင်ကျင့်ကြံသည့်အခါ ဘုရားသခင်သည် သင့်ကို သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ သင်က ဤအရာကို မလုပ်နိုင်ဘူးဆိုလျှင် သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် စကားကောင်းကောင်း ပြောနိုင်ပါစေ၊ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ - သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးမှာ တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းမှာ တိုက်ပွဲတစ်ခုရှိနေလျှင် သင့်အတွင်းမှာ ဘုရားသခင် လုပ်ဆောင်သည့် အမှန်တကယ် လက်တွဲလုပ်ဆောင်မှုနှင့် အမှန်တကယ် ဒုက္ခခံစားခြင်းတို့ကို ကျေးဇူးတင်လိုက်ပါ။ အဆုံး၌ သင့်အတွင်းမှာ ပြဿနာကို ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ အနိမ့်ကျဆုံး အရည်အချင်းရှိသူတို့မှာ သူလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သော လုပ်ဆောင်မှုကို လူများက မြင်မည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိလာပြီး၊ စာတန်ကို အောင်နိုင်သူများဖြစ်လာကာ၊ ဘုရားသခင်ကို အတိုင်းအတာ တစ်ခုအထိ သစ္စာရှိလာကြသည်။ ဤကဲ့သို့ လူအုပ်စုများထက် အဘယ်အရာမျှ ပိုမိုကောင်းမွန်သည့် ကျောထောက်နောက်ခံ မဖြစ်တော့ပေ။ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ ဖြစ်ပျက်သည့်အရာနှင့် မသက်ဆိုင်တော့ဘဲ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ အကြောင်းပြချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ အကြောင်းပြချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

ဤစမ်းသပ်မှုများသည် လူတို့၏ မည်သည့်အတွင်းပိုင်းအခြေအနေကို ရည်ရွယ်ထားသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်အောင်ပြုရန် မတတ်စွမ်းနိုင်သည့် လူတို့အထဲရှိ ပုန်ကန်တတ်သော စိတ်သဘောထားကို ရည်ရွယ်ထားသည်။ လူတို့၏အတွင်း၌ မစင်ကြယ်သည့်အရာများ များစွာရှိသည်၊ အပေါ်ယံ ဟန်ဆောင်သည့်အရာများ များစွာရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ရန်အတွက် သူတို့အား စမ်းသပ်မှုများကို ခံစားစေသည်။ သို့သော်လည်း ယနေ့ သင်သည် သူ့ကို ကျေနပ်စေလျှင် အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်အတွက် ပြည့်စုံခြင်းများ ဖြစ်ပါလိမ့်မည်။ ယနေ့ သင်သည် သူ့ကို မကျေနပ်စေနိုင်ဘူးဆိုလျှင် အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်ကို လှုံ့ဆော်ပါလိမ့်မည်။ သင်သည် မသိလိုက်ဘဲ ကျရှုံးပါလိမ့်မည်။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ အလုပ်ကို မလိုက်မီနိုင်သည့်အတွက်၊ စစ်မှန်သည့် အသုံးဝင်မှုကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်တော့။ ထို့ကြောင့် သင်သည် အနာဂတ်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိသည်ဆိုလျှင် ဘုရားသခင်ကို ဖြည့်ဆည်းပြီး အဆုံးအထိ သူ့နောက်လိုက်သင့်သည်။ ယနေ့ သင်သည် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့အလိုကို သတိပြုခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်။ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ စိတ်ထိခိုက်မှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်ပေါ် သင်၏အချစ်သည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ နာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် မကျင့်ကြံဘူးဆိုလျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျှက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ပါ။ အပေါ်ယံမှာတော့ အားလုံးက အဆင်ပြေ နေပါလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ ယနေ့ သင်သည် ရှေ့ကို ဆက်မတိုးဘူးဆိုလျှင်၊ တစ်နေရာတည်း၌သာ နေနေလျှင်၊ ကြီးမားသည့် လေတိုက်ခတ်မှု လာသည့်အခါ သင်သည် ကြွေကျပါလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ အလိုမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။

အကယ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိလျှင် သင်သည် စမ်းသပ်မှုများအတွင်း၌ မလွဲဧကန်ပင် ကျဆုံးလိမ့်မည်။ ဘုရားသခင်က လူတို့ကို စုံလင်အောင် မည်သို့ပြုပေးသည်နှင့် သူတို့ကို မည်သည့်နည်းလမ်းနှင့် စုံလင်အောင် ပြုပေးသည်တို့ကို သင်မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏စိတ်နေသဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားတစ်ခုလုံး သင့်ကိုပြသသည့်အခါ ဤအရာက သင်၏ဇာတိပကတိကို အဘယ်အရာယူလာပေးသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားကို သင့်အား ပြသသည့်အခါ သင်၏ဇာတိပကတိသည် ဝေဒနာများစွာကို မလွဲဧကန် ခံစားရပါလိမ့်မည်။ သင်သည် ဤဝေဒနာကို မခံစားရလျှင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်မခံယူနိုင်သကဲ့သို့၊ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ သင်အပ်နှံနိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်လျှင် သူ၏စိတ်နေသဘောထား တစ်ခုလုံးအား သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှ ယနေ့အထိ ဘုရားသခင်သည် သူ၏စိတ်နေသဘောထား တစ်ခုလုံးကို တစ်ခါမျှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသောကာလအတောအတွင်း သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ ထို့ပြင် လူများကို စုံလင်အောင်ပြုလုပ်ပေးခြင်းအားဖြင့် သူ၏စိတ်နေသဘောထားများကို ရှင်းလင်းစွာ ဖော်ထုတ်ပြသပြီး ထိုအရာမှတစ်ဆင့် လူတစ်စုကို စုံလင်အောင် သူပြုလုပ်သည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ လူတို့အပေါ်ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို တွေ့ကြုံဖို့ရန်အတွက် လူတို့အနေဖြင့် ပြင်းထန်လှသည့် ဝေဒနာကို သည်းညည်းခံရရန် လိုအပ်ပြီး မြင့်မားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ဖို့ လိုအပ်သည်။ ဤအရာပြီးနောက်မှသာ ဘုရားသခင်၏ရယူခြင်းကို သူတို့ခံရမည်ဖြစ်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်ပါလိမ့်မည်။ အကယ်၍ လူများက ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရန်ဆန္ဒရှိသည်ဆိုလျှင်၊ သူ၏အလိုတော်ကို ထမ်းရွက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် ဝေဒနာကို ခံစားဖို့ရန်အတွက် အခြေအနေများအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလော၊ မချစ်သလောဆိုသည်ကို အခက်အခဲနှင့် စစ်ဆေးခြင်းကာလ၌ ထုတ်ဖော်ခြင်းခံရသည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးသည်၊ ထို့ပြင် ဤအရာကိုလည်း အခက်အခဲနှင့် စစ်ဆေးခြင်းအလယ်၌သာ ရရှိသည်။

ယခင်က:အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်တစ်ခုသို့:“နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ