အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၂၆ ဘုရားနှုတ်ကပတ်တော်များအားဖြင့် အရာအားလုံးသည် အသစ်ပြုပြင်ခြင်း ခံကြရ၏ကျူး

၁ ငါ၏နှုတ်ကပတ်တော်များအလယ်၌ တောင်များပြိုလဲခြင်း၊ မြစ်ရေများ နောက်ပြန်စီးဆင်းခြင်း၊ လူသားသည် ကျိုးနွံနှိမ့်ချသူ ဖြစ်လာခြင်းနှင့် ကန်ရေများသည် ရပ်တန့်ခြင်းမရှိပဲ စတင်စီးဆင်းလာသည်။ လှိုင်းလေပြင်းထန်နေသော ပင်လယ်များသည် ဒေါသတကြီးဖြင့် မိုးကောင်းကင်ဆီသို့ တလိပ်လိပ် တစ်ရှိန်ထိုး စီးဆင်းနေသော်လည်း ငါ၏နှုတ်ကပတ်တော်များအကြား ထိုပင်လယ်များသည် ရေကန်၏ မျက်နှာပြင်ကဲ့သို့ ငြိမ်သက်သွားကြသည်။ ငါ့လက်ကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သည့် လေပြင်းမုန်တိုင်းသည် ချက်ခြင်း ကွယ်ပျောက်သွားပြီး ငါ့ထံမှ ထွက်ခွာသွားကြသည်။ လူ့လောကသည်လည်း ချက်ခြင်းပင် ပြန်လည်၍ တည်ငြိမ်အေးချမ်းသွားခဲ့သည်။ သို့သော် ငါသည် ငါ၏အမျက်ကို ထုတ်လွှတ်သောအခါ တောင်တို့သည် ချက်ခြင်း အစိတ်စိတ် အမြွာမြွာကွဲခြင်း၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှားခြင်း၊ ရေတို့သည် ချက်ခြင်း ခမ်းခြောက်ခြင်းနှင့် လူသားသည် သဘာဝ ဘေးဒဏ်၏ ဒုက္ခကိုချက်ခြင်း ခံစားကြရသည်။ ငါ၏ဒေါသအမျက်ကြောင့် လူသား၏ ဟစ်ကြွေးသံကို ဂရုစိုက်ခြင်း၊ လူသား၏ ဟစ်ကြွေးနေမှုကိုကြား၍ အကူအညီပေးခြင်းမျိုးမရှိဘဲ ငါ၏ဒေါသအမျက်သည် ပေါ်ထွက် လာခဲ့ပြီ။

၂ နွေဦးရာသီ မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လာသည့်အခါ ငါသည်ကမ္ဘာကြီးထဲသို့ အလင်းကို လျှို့ဝှက်စွာနှင့် တိုးညှင်းစွာ စေလွှတ်ခဲ့သည်။ ထိုသို့အားဖြင့် မြေကြီးပေါ်တွင် လူသားသည် လေထဲ၌ လန်းဆန်းသော ရုတ်ခြည်းခံစားမှုကို ရသည်။ လူသားတို့၏ စိတ်ပျက်ခြင်း အလယ်၌ မြူမှိုင်းသည် ချက်ခြင်းလွင့်ပြယ်သွားသော်လည်း မှုန်ဝါးဝါးအလင်းကို လူသားတို့ စူးစမ်းမိကြသောအခါ၌ လူသားတို့အပေါ်သို့ ငါသည် မိုးများဒလဟော ကျဆင်းလာစေပြီး လူသားတို့ အိပ်ပျော်နေစဉ်တွင် သူတို့၏ နားစည်များသည် မိုးသက်မုန်တိုင်းကြောင့် ကွဲပျက်သွားကြသည်။ တုန်လှုပ်ချောက်ချားခြင်းတွင် ဖမ်းစားသွားမိခြင်းကြောင့် လူသားတို့သည် ခိုနားစရာနေရာ ရှာဖွေဖို့ရန် အချိန်မရကြတော့ဘဲ ရုတ်တရက် သည်းထန်စွာရွာသော မိုး၏ ဝါးမျိုခြင်း ခံရကြတော့သည်။ တစ်ခဏအတွင်း ကောင်းကင်အောက်တွင်ရှိသော အရာအားလုံးသည် ငါ၏ အမျက်ဒေါသများ အလယ်၌ ဆေးကြောခြင်း ခံရကြသည်။ လူတို့သည် မိုးသည်းထန်စွာရွာသော ဘေးဒုက္ခနှင့် ပတ်သက်၍ ညည်းညူခြင်း မရှိတော့ဘဲ လူသားတို့အထဲ၌ ရိုသေလေးမြတ်ခြင်းများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် ပြင်းထန်စွာ ရွာသွန်းသော မိုးကြောင့် ကြီးမားသော လူအများစုသည် ကောင်းကင်မှ ကျဆင်းလာသော မိုးရေအားဖြင့် ရေနစ်သေဆုံးကြကာ ရေထဲတွင် လူသေအလောင်းများ ဖြစ်ပေါ်လာသည်။

၃ မြေကြီးတစ်ပြင်လုံးကို ငါကြည့်၍ လူများစွာသည် နိုးထခြင်း၊ နောင်တရခြင်း၊ လှေငယ်များထဲ၌ ရေ၏ အရင်းအမြစ်များကို ရှာဖွေခြင်း၊ ငါ၏ခွင့်လွတ်မှုကို ငါ့ထံမှရရှိရန် ပျပ်ဝပ်နေကြခြင်း၊ အလင်းကို မြင်တွေ့ရခြင်း၊ ငါ၏ မျက်နှာကို မြင်တွေ့ရခြင်း၊ အသက်ရှင်ဖို့ရန် ခွန်အားများရရှိကြခြင်း စသောအရာများ ဖြစ်ပျက်လျက်ရှိပြီး ကမ္ဘာကြီးတစ်ခုလုံး အသွင်သဏ္ဌာန်ပြောင်းလဲသည်ကို ငါတွေ့ရ၏။ ဤပြင်းထန်သော မိုးရွာခြင်း၏ နောက်၌ အရာအားလုံးသည် ငါ့စိတ်ထဲ၌ ၎င်းတို့ဖြစ်ခဲ့သည့်အတိုင်း ပြန်ဖြစ်လာခဲ့ပြီး မနာခံခြင်း မရှိကြတော့ပေ။ များမကြာမီတွင် မြေကြီးတစ်ပြင်လုံးသည် ရယ်မောပျော်ရွှင်သော အသံများနှင့် ပြည့်နေပြီး မြေကြီး၏ နေရာအရပ်ရပ်တို့၌ ချီးမွမ်းခြင်း၏ ဝန်းကျင်အခြေအနေတစ်ခု တည်ရှိနေပြီး ငါ၏ ဘုန်းတော်မရှိသော နေရာတစ်ခုမျှမရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသခင်ကိုယ်တော်တိုင် လောကသို့ ကြွလာသောခါကျူး

နောက်တစ်ခုသို့:ဇိအုန်သို့ ဘုရားသခင်ပြန်သွားသောခါကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ