အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၆၈ ဘုရား၏အမှုကို လူမသိကျွမ်းသေးကျူး

၁ ငါသည် မြေကြီးပေါ်မှာ အလုပ်များစွာကို ထမ်းရွက်ခဲ့ပြီး နှစ်ပေါင်းများစွာ လူသားမျိုးနွယ်တို့ အလယ်တွင် လျှောက်လှမ်းခဲ့ပြီ။ သို့သော်လည်း လူတို့သည် ငါ၏သဏ္ဌာန်၊ ငါ၏ စိတ်သဘောထားနှင့် ပတ်သက်သည့် အသိပညာ သိပ်မရှိကြချေ။ လူအနည်းငယ်ကသာ ငါလုပ်ဆောင်သော အမှုကို စေ့စပ်သေချာစွာ ရှင်းပြနိုင်ကြသည်။ လူတို့သည် အလွန်အမင်း ချို့တဲ့နေကြသည်။ သူတို့သည် ငါလုပ်ဆောင်သော အရာများကို အစဉ်အမြဲ နားလည်ခြင်းမရှိကြဘဲ သူတို့ကို ငါသည် အခြားသောအခြေအနေထဲသို့ ပို့ဆောင်ပြီး ဂရုမစိုက်မည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်လန့်ကြသည့်အလား သူတို့နှလုံးသားများသည် အစဉ်အမြဲ နိုးကြားနေကြသည်။ ထို့ကြောင့် ငါ့အပေါ် လူတို့၏သဘောထားသည် အထူးသတိရှိခြင်းနှင့် ယှဉ်တွဲနေပြီး အစဉ်သဖြင့် နွေးရုံမျှသာနွေးနေသည်။ ဤသို့ဖြစ်ရခြင်းမှာ လူတို့သည် ငါလုပ်ဆောင်သော အမှုကို နားလည်ခြင်းမရှိဘဲ ယခုမျက်မှောက်ကာလသို့ ရောက်လာခဲ့ကြခြင်းနှင့် သူတို့ကိုငါပြောသော နှုတ်ကပတ်တော်များအားဖြင့် သူတို့သည် အထူးသဖြင့် စိတ်ရှုပ်ထွေးနေကြသောကြောင့်ပင် ဖြစ်သည်။

၂ ယုံကြည်ရာတွင် ခိုင်မာသော ဆုံးဖြတ်ချက်ချသင့်သလော သို့မဟုတ် သူတို့သည် စိတ်ပိုင်းမဖြတ်ဘဲလျက် ၎င်းတို့ကို မေ့လျော့သင့်သလော ဆိုသည်ကို မသိကြဘဲ သူတို့သည် ငါ့နှုတ်ကပတ်တော်များကို သူတို့လက်ဖြင့် သယ်ဆောင်ကြသည်။ သူတို့သည် ၎င်းတို့ကို လက်တွေ့ကျင့်သုံးသင့်သလော သို့မဟုတ် စောင့်ကြည့်သင့်သလောဆိုသည်ကို မသိရှိကြ။ အရာအားလုံးကို ပစ်ပယ်ထားပြီး ရဲရဲရင့်ရင့် လိုက်လျှောက်သင့်သလော သို့မဟုတ် ရှေ့ဆက်ပြီး လောကနှင့် ယခင်အတိုင်း ရင်းနှီးသင့်သလော ဆိုသည်ကို သူတို့မသိကြ။ လူတို့၏ အတွင်းပိုင်းကမ္ဘာများသည် အလွန်ရှုပ်ထွေးပြီး အလွန်တရာ စဉ်းလဲကြသည်။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မမြင်နိုင်ကြသောကြောင့်လည်းကောင်း၊ ထိုနှုတ်ကပတ်တော်များကို အပြည့်အဝ မမြင်နိုင်ကြခြင်းကြောင့်လည်းကောင်း သူတို့အထဲက မြောက်များစွာသော သူတို့သည် ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရာ၌ အခက်အခဲရှိကြပြီး ငါ့ရှေ့တွင် သူတို့၏ နှလုံးသားကို ချထားခြင်း၌လည်း အခက်အခဲတွေ့ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူငယ်နှင့် လူကြီးတို့အတွက် နှုတ်ကပတ်တော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သမ္မာတရားကို ပိုလက်တွေ့ကျင့်သုံးလေ၊ ဘုရား၏ ကောင်းချီးပေးခြင်းကို ပိုခံရလေကျူး

နောက်တစ်ခုသို့:ဇာတိခန္ဓာထဲရှိ ဘုရားကို မည်သူသိကျွမ်းသနည်းကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ