အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃။ ဘုရားသခင်၏မိခင်ကဲ့သို့သောနှလုံးသားကို မည်သူသိနိုင်မည်နည်း

ချင်ရှင်း ဂျန်ဂျိုးမြို့၊ ဟဲနန်းမြို့နယ်

ယခင်က ကျွန်မသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို နားမလည်ခဲ့ပါ။ တစ်စုံတစ်ယောက်က သူ့၏အလုပ်၌ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် အသင်းတော်လုပ်ငန်းကို ထိခိုက်စေသည့် အပြစ်ကို ကျူးလွန်သည်ဖြစ်စေ၊ သူသည် တန်ပြန်ခံရခြင်း (သို့) တာဝန်မှရပ်ဆိုင်းခံရခြင်း (သို့) အပြစ်ဒဏ်ပေးခံရခြင်းများကို ရင်ဆိုင်ရမည်ဟု ကျွန်မ ထင်မြင်ခဲ့ပါသည်။ ယင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ထိုသို့ မမှန်ကန်သော နားလည်မှုမျိုးအပြင်၊ ကျွန်မ၏ အလုပ်တွင် အမှားကျူးလွန်မိပြီး အလုပ်ပြုတ်မည်ကိုကြောက်ရွံ့မိခြင်းများကြောင့် “ပါးနပ်သောနည်းလမ်း” တစ်ခုကို စဉ်းစားခဲ့မိပါသည်။ ကျွန်မသည် အမှားတစ်ခုခုကျူးလွန်မိသည့်အခါတိုင်း၊ ပထမဦးစွာ ခေါင်းဆောင်များ မသိစေဖို့ မိမိအတတ်နိုင်ဆုံး ကြိုးစားထားပြီး၊ မိမိဘာသာ ဖြေရှင်းရန် လျင်မြန်စွာ ကြိုးစားကာ၊ အမှန်အတိုင်း ဖြစ်စေရန် ကျွန်မ၏ အစွမ်းရှိသမျှ ဆောင်ရွက်ပါသည်။ ထို့နောက် ယင်းမှာ ကျွန်မအလုပ်မြဲနေစေဖို့ ကျွန်မကို အထောက်အကူ မဖြစ်စေပါသလား။ ထို့ကြောင့် အလုပ်အတွက် အစီရင်ခံစာပေးရသည့်အချိန်တိုင်း ကြီးသည့်အမှုကို ငယ်စေကာ၊ ငယ်သည့်အမှုကို ပပျောက်စေခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မ မတုန်မလှုပ်ဖြစ်နေခဲ့ပါက၊ ခေါင်းဆောင်များက ကျွန်မအား မစွမ်းဆောင်နိုင်သူဟု တွေးထင်ပြီး၊ ကျွန်မကို အသုံးမပြုတော့မည်ကို ကြောက်လန့်ရင်း၊ ခေါင်းဆောင်များ ရှေ့တွင် အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ပြီး၊ ကျွန်မသည် အလွန်တက်ကြွကာ၊ အပြုသဘောဆောင်သူ အဖြစ် ဟန်ဆောင်ခဲ့ပါသည်။ ထိုသို့နှင့်ပင် ကျွန်မ လုပ်သမျှ အရာတိုင်းတွင် ဘုရားသခင်နှင့် ခေါင်းဆောင်များ မသိရစေရန် အလွန်ဂရုတစိုက်နှင့် သတိထားနေရပါသည်။

သို့သော်လည်း၊ ဘုရားသခင်က လူများ၏နှလုံးသားများ ကိုစစ်ဆေးပါသည်၊ ပြီးလျှင် ကျွန်မ၏ ”အလွန်ကောင်းမွန်သည့်လှည့်ကွက်” များက ဘုရားသခင်၏မျက်လုံးများမှနေ မည်သည့်အခါမျှ ရှောင်ပုန်းနိုင်မည် မဟုတ်ပါ။ ကျွန်မသည် အရေးကိစ္စများကို ဖုံးကွယ်ရန် ကြိုးစားလေလေ၊ ဘုရားသခင်က ကျွန်မကို အလင်းထဲတွင် ဖော်ထုတ်လေလေ ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ကျွန်မ၏အစွမ်းအစများကို ခေါင်းဆောင်များ ရှေ့တွင် ထုတ်ကြွားဖို့ ကြိုးစားသည့်အခါတိုင်း၊ အမြဲတမ်း အမှားပြုမိကာ၊ မိမိကိုယ်ကို အရူးလုပ်မိပါသည်၊ ကျွန်မ၏ မတုန်မလှုပ်သော အခြေအနေကို ဖုံးကွယ်ဖို့ ကြိုးစားတိုင်း၊ အမှောင်တိမ်တိုက်များသည် ကျွန်မ မျက်နှာပေါ်တွင် အမှုမဲ့အမှတ်မဲ့ အမြဲတမ်း ပေါ်ပေါက်လာပြီး ကျွန်မ၏ညီအစ်ကိုမောင်နှမတွေ သတိထားမိသွားတတ်ပါသည်။ မိမိအလုပ်တွင် အမှားများ သို့မဟုတ် ချန်လှပ်မှုများကို ဖုံးကွယ်ရန် ကြိုးစားသည့် အခါတိုင်း၊ ရလဒ်သည် အရာအားလုံးကို ထုတ်ဖော်ပြခဲ့သည့် မှန်တစ်ချပ်ကဲ့သို့သာ ဖြစ်သည်။...မရိုးသားခြင်းမှ လာသော မိမိအသိစိတ်၏ စိတ်မလုံခြင်းနှင့် ညှဉ်းပန်းမှုဒဏ်တို့၏ အချိန် ကြာလာသည်နှင့်အမျှ ကျွန်မကို ကျရှုံးစေသည်၊ သို့သော်လည်း ကျွန်မသည် ဤအချက်မှနေပြီး ဘုရားသခင်သည် ဤနည်းအားဖြင့် အမှုပြုရသည့် အကြောင်းအရင်း နောက်ကွယ်မှ ကြံရွယ်မှုများနှင့် ရည်ရွယ်ချက်များကို နားမလည်ခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူများကို မည်သို့ ကယ်တင်ကြောင်းကိုလည်း ကျွန်မ နားမလည်ခဲ့ပါ။ ကျွန်မသည် အသင်းတော်၏ ရိုက်နှက်ဆုံးမခြင်းကို ခံရရန် “ဘုရားသခင်၏ ဖြောင့်မတ်စွာ တရားစီရင်ခြင်း” ၏ ရောက်ရှိမှုအတွက် မတုန်မလှုပ်သာ စောင့်ဆိုင်းနေခဲ့ပါသည်။

သို့သော်လည်း လက်တွေ့တွင် မျှော်မှန်းထားသကဲ့သို့ မတိုးတက်ခဲ့ပါ။ ကျွန်မ၏အလုပ်ထဲတွင် အလုပ်တာဝန်ကို ကောင်းစွာ မထမ်းဆောင် သည့်အတွက် ပြုပြင်ခံရပြီး ရိုက်နှက်ဆုံးမခံရသော်လည်း၊ မည်သည့် အရာသည် ဝတ်ကျေတမ်းကျေမျှ လုပ်ဆောင်ခြင်း ဖြစ်ပြီး၊ မည်သည့်အရာသည် ကျွန်မတာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း ဖြစ်ကြောင်း အသိပေးသည့် ညီအစ်ကိုမောင်နှမများ၏ တစိုက်မတ်မတ် လမ်းပြမှုကို လက်ခံရရှိနိုင်ခဲ့ပါသည်။ လူတစ်ယောက်သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်မှသာလျှင် အလုပ်တာဝန်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း နားလည်သဘောပေါက် ခဲ့ပါသည်။ အသက်တာဝင်ရောက်ခြင်းနှင့် ပတ်သက်ပါကလည်း၊ ကျွန်မ မဖယ်ရှားနိုင်သည့် ဆိုးယုတ်သည့် အတွေးများဖြင့် ပိတ်မိနေခဲ့ကာ ကျွန်မ၏နှလုံးသား ကို နာကျင်ခံစားစေခဲ့သည်။ ကျွန်မ နှလုံးသားကို ဖွင့်ပြီး၊ ပြောပြရန် ကြိုးစားသော်လည်း စကားပြောဖို့ အလွန်ရှက်ရွံ့နေမိပါတယ်။ နောက်ဆုံးတွင် ၊ အမှောင်ထဲကျရောက်သွားပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့ရပါသည်။ သို့သော်လည်း စိတ်နှလုံးကို ဖွင့်ပြီး ပြောသည့်နောက်ပိုင်းတွင်၊ ညီအစ်ကို မောင်နှမများက ယင်းကြောင့် ကျွန်မကို အထင်သေး၊ လှောင်ရီခြင်းများမရှိရုံမျှမကဘဲ၊ ထိုအစားကျွန်မကို အကူအညီနှင့် တိုက်တွန်းအားပေးခြင်းများ ပြုလုပ်ပေးခဲ့သည့်အပြင် အလင်းထဲတွင် အသက်ရှင်နေထိုင်စေပြီး၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု နှင့် အပြစ်ကိုအောင်နိုင်ဖို့ တန်ခိုးကို ပေးခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မအနီးအနားရှိ ညီအစ်ကို မောင်နှမများ အမှားတစ်ခုခုလုပ်မိခြင်း (သို့) ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်သည့်အခါတွင် ၊ အသင်းတော်က သူတို့ကို ယင်းကြောင့် အိမ်ပြန်မပို့ကြောင်းကို တွေ့ခဲ့ရပါသည်။ ထိုအစား အသင်းတော်က အတတ်နိုင်ဆုံး သူတို့နှင့် ဆက်သွယ်ပြောဆိုပြီး ပံ့ပိုးပေးခဲ့သည်၊ သူတို့ကို အခွင့်အရေးတစ်ကြိမ်ပြီး တစ်ကြိမ်ပေးပါသည်။ အကယ်၍ အချို့သော သူများသည် နောက်ဆုံးတွင် နေအိမ်သို့ ပြန်လည်စေလွှတ်ခံရသည့်တိုင်၊ ယင်းမှာ သူတို့သည် ကောင်းမွန်သည့် လူ့သဘာဝ ချို့တဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ပြိုကွဲစေပြီး၊ နှောင့်ယှက်ခဲ့သည့်အပြင်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မပါဝင်သောကြောင့် ဖြစ်ပါသည်။ သူတို့သည် ၎င်းတို့၏ တာဝန်၌ အမြဲတမ်း အိုးနင်းခွက်နင်းပြီးမြောက်အောင် လုပ်ဆောင်ပြီး၊ လက်တွေကျသည့် အကျိုးရလဒ်တစ်ခုမှလည်း မရရှိခဲ့ပါ၊ ပြီးလျှင် မကြာခဏ ပြုပြင်ခံရ၊ ရိုက်နှက်ဆုံးမခံရပြီး၊ ပြောပြခံရသည့်တိုင် နောင်တရဖို့ ငြင်းဆန်ကြသည်။ သို့သော်လည်း ထိုသို့သော လူများအတွက်ပင်လျှင် အသင်းတော်သည် ၎င်းတို့အား နောင်တရရန်နှင့် နိုးထလာရန် စောင့်ဆိုင်းနေဆဲ ဖြစ်ပါသည်။ သူတို့က အမှန်တကယ်ပင် ပြန်လည်သုံးသပ်ပြီး၊ အချိန်ကာလတစ်ခုပြီးနောက်တွင် ပြောင်းလဲသွားခဲ့ပါက၊ အသင်းတော်က သူတို့ကို လက်တွေ့လုပ်ဆောင်ဖို့နှင့် အမှုကောင်းများကို ပြင်ဆင်ဖို့အတွက် အခွင့်အလမ်း ပေးမြဲပေးနေမည်သာ ဖြစ်သည်။ ဤအချက်များက ဘုရားသခင်၏ စိတ်နေသဘောထားသည် မိဘများက သူတို့၏ ပျောက်သောသား ပြန်လာချိန်တွင် နှိုင်းယှဉ်မရသည့် ချစ်ခြင်းမေတ္တာ နှင့် ခင်တွယ်မှု တို့ဖြင့် မည်သို့ ဆက်ဆံပုံကို ကျွန်မကို တွေ့မြင်စေသည်။ ထိုအချိန်ကျမှသာလျှင် ဘုရားသခင်သည် လူများကို သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် လူများကို ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော် နှင့် အမျက်ဒေါသတို့ဖြင့် ဆက်ဆံသည်ဖြစ်စေ၊ ဤအရာများအားလုံးသည် လူသားမျိုးနွယ်ကို အတတ်နိုင်ဆုံး အကြီးမားဆုံးသော အတိုင်းအတာအထိ ကယ်တင်ရန် ဖြစ်ကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ဤအရာများ အားလုံးထဲတွင် ဘုရားသခင်၏ လူသားမျိုးနွယ်အတွက် အတိုင်းအဆမဲ့သော ချစ်ခြင်းမေတ္တာ နှင့် ကယ်တင်ခြင်းတို့ ရှိပြီး၊ ယင်းတို့အားလုံးသည် သူ၏ အနှစ်သာရအားဖြင့် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ဆင်ခြင်သုံးသပ်ရင်း ဖော်ထုတ်ခံရသူများ၊ အစားထိုးခံရသူများ သို့မဟုတ် နေအိမ်သို့ ပြန်ပို့ခံရသူများ အကြောင်းကို ကျွန်မတွေးမိခဲ့သည်၊ ယင်းမှာ ထိုကဲ့သို့ ဖော်ထုတ်ခံရပြီး၊ သုတ်သင်ဖယ်ရှင်းခံရသည့် ပတ်ဝန်းကျင်မျိုး ၌သာလျှင်၊ သူတို့သည် သူတို့ကိုယ်သူတို့ စတင်ပြန်လည်သုံးပြီး၊ စာတန်အားဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားကို ရှင်းလင်းစွာ တွေ့မြင်ကာ၊ ဘုရားသခင် ရှေ့တော်မှောက်တွင် ပျပ်ဝပ်လျက်၊ အမှန်တကယ် နောင်တရခဲ့ကြပါသည်။ ထိုသို့သော ရှုံးနိမ့်ခြင်းမျိုး မရှိပါက၊ သူတို့သည် မျက်ကန်းဆန်အိုးတိုးကာ ထိုလမ်းကြောင်းတွင် ဆက်လျှောက်နေနိုင်ပါသည်။ ဘုရားသခင်၏ အမှုတော်သည် အမှန်တကယ်ပင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ဖြစ်ကြောင်း နှင့် ယင်းတွင် လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ ပါဝင်လေသည်။ ယခင်က ကျွန်မသည် သူ၏ ကယ်တင်ခြင်းဆိုင်ရာ အမှုတော်ကို အမှန်တကယ် နားမလည်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကျွန်မ၏ နားလည်သဘောပေါက်ခြင်းသည် တစ်ဖက်စောင်းနင်း ဖြစ်ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်တစ်ခုကို တွေးမိပါသည်၊ “ခရစ်တော်၏ အနှစ်သာရမှာ အဘယ်နည်း။ လူတို့အနေဖြင့် ခရစ်တော်၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ သူ့နောက်လိုက်သောသူများအတွက်မူ ၎င်းမှာ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ အကယ်၍ သူ၌ ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားခြင်းကရုဏာ မရှိခဲ့ပါက လူတို့သည် သူ့နောက်သို့ လိုက်လျှောက် လိမ့်မည် မဟုတ်ပေ။ လူအချို့ကထိုသို့ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သလောဟု ဆိုကြသည်။ သူသည် ဖြောင့်မတ်နေဆဲ ဖြစ်သည်မှာ မှန်ကန်သော်လည်း သူ၏ စိတ်သဘောထား ရှုထောင့်မှ ကြည့်ပါက သူ၏ ဖြောင့်မတ်ခြင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း နှင့် ကောက်ကျစ်စဉ်းလဲခြင်းအပေါ် မုန်းတီးခြင်း ဖြစ်သည်။ အကယ်၍ သူ၌ ချစ်ခြင်းမေတ္တာ မရှိဘဲ ဖြောင့်မတ်ခြင်းသက်သက် ရှိခဲ့မည် ဆိုပါက အဘယ်သို့ ဖြစ်မည်နည်း။ အကယ်၍ ချစ်ခြင်းမေတ္တာသည် ဖြောင့်မတ်ခြင်းကို မကျော်လွှားနိုင်ခဲ့ပါက အဘယ်သို့ ဖြစ်မည်နည်း။ ထိုအခါ လူသားမျိုးနွယ် အကျပ်ရိုက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်သည်- သူ၏ လူ့ဇာတိခံယူသည့် အချိန်အတောအတွင်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသောအမှုထဲတွင် သူ၏ အသိသာဆုံးနှင့် အရေးပါဆုံးသော အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ ၎င်းမှာ အနန္တသည်းခံခြင်း ဖြစ်သည်။အကယ်၍ ဘုရားသခင်သည် လူတစ်ဦးကို ဆုံးပါးစေရန် ရည်ရွယ်ပါက သူသည် ထိုသို့ပြုလိမ့်မည်၊ ထို့အပြင် အကယ်၍ သူသည် လူတစ်ဦးကို မုန်းပါက သူသည် ထိုလူကို အပြစ်ဒဏ်ပေးခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ပြုလိမ့်မည်၊ သူသည် တင်းကျပ်လွန်းလှပါသည်တကား။သူသည် လူတို့ကို ဒေါသထွက်ပါက လူတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ကြမည်ဖြစ်ပြီး သူ၏မျက်မှောက်တွင် မတ်တတ်ရပ်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။ဟူ၍ သင်တို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ သို့သော် ထိုအရာမှ မှန်ကန်မှုမရှိပါ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းပင် ဖြစ်သေးသည်။ သူ၏ ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထား ထုတ်ဖော်ခြင်းများအားလုံး၌ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ ဤအရာကို ဆင်ခြင်လော့၊ လူ့ဇာတိ၌ အမှုပြုနေစဥ်အတွင်း လူတို့အတွက် ဘုရားသခင် အများဆုံးထုတ်ဖော်သောအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ စိတ်ရှည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စိတ်ရှည်ခြင်း ဆိုသည်မှာ အတွင်းရှိ ချစ်ခြင်းမေတ္တာကြောင့် သနားကရုဏာရှိခြင်း ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန်ပင် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် လူတို့အပေါ် သူ သနားခြင်းကရုဏာ ရှိနိုင်သည်။ ခင်ပွန်းနှင့်ဇနီးအကြား စစ်မှန်သော ချစ်ခြင်းမေတ္တာရှိလျှင် ၎င်းတို့သည် တစ်ဦး၏အားနည်ချက်များနှင့် အမှားများကို မကြည့်သကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ဒေါသထွက်စေရန် ၎င်းတို့ကိုဆွပေးပါက ၎င်းတို့သည် စိတ်ရှည်နိုင်ဦးမည် ဖြစ်သည်။ အရာခပ်သိမ်းသည် ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်၌ တည်ထားခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အမုန်းတရားနှင့်ပြည့်နှက်ပါက ၎င်းတို့၏သဘောထားသည် ရှိနေသည့်အတိုင်း ရှိကြမည် မဟုတ်ပေ၊ ၎င်းတို့၏ မျက်နှာအမူအရာသည် ရှိနေသည့်အတိုင်း ရှိကြမည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်၌ အမုန်းတရားနှင့် အမျက်ဒေါသသာ ရှိခဲ့ပါက၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ ချမှတ်ပြီး ယင်းတို့အထဲတွင် မည်သည့်ချစ်ခြင်းမေတ္တာမျှ မရှိခဲ့ပါက အခြေအနေသည် သင်တို့ ယခုမြင်ရသောအရာ ဖြစ်လိမ့်မည်မဟုတ်ဘဲ ကပ်ဘေးဒုက္ခသည် သင်တို့လူတွေအပေါ် ကျရောက်လေမည်။ သူသည် သင်တို့အား သမ္မာတရားကို ပေးမည်လော။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ”) ယခင်က ဤကျမ်းပိုဒ်ကို တွေ့သည့်အချိန်တွင်၊ ကျွန်မသည် ယင်းကို ဝန်ခံသည်ဟု ပြောခဲ့သည့်တိုင်၊ ကျွန်မ လုံးဝ အမှန်တကယ် နားမလည်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် သတိထားခြင်းများ ပြည့်နှက်နေခဲ့ဆဲ ဖြစ်သည်။ ယခုမှသာလျှင် ကျွန်မသည် ဤနှုတ်ကပတ်တော်များကို အမှန်တကယ် အနည်းငယ် နားလည်လာခဲ့ပြီး၊ ၎င်းတို့တွင် အနှစ်သာရ များစွာ ရှိကြောင်းကို လက်ခံနိုင်လေသည်။ စာကြောင်းများကြားမှ နေရာများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နက်ရှိုင်းသည့် ချစ်ခင်မှု၊ ၎င်းတို့ကို ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပံ့ပိုးမှု၊ ထောက်ပံ့မှု နှင့် သွန်သင်ချက်များဖြင့် ပြည့်နှက်နေပါသည်။

ယခုအခါတွင် ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် အပြစ်ရှိသည်ဟူသော နက်ရှိုင်းသည့်ခံစားချက်များ မပေါ်ပဲမနေနိုင် အောင်ဖြစ်ပေါ်လာရပါသည်၊ အိုဘုရားသခင်၊ ကျွန်မဟာ ကိုယ်တော့်နောက်ကို တစ်ချိန်လုံးလိုက်နေခဲ့ပြီး၊ ကျွန်မက သခင့်ကို ယုံကြည်ခဲ့သည့်တိုင် ကျွန်မ ကိုယ်တော့်ကို မသိကျွမ်းခဲ့ပါဘူး။ ကိုယ်တော့်ရဲ့မိခင်ကဲ့သို့သောနှလုံးသားကို မမြင်နိုင်ရုံမျှမက၊ မှားယွင်းစွာနားလည်မှုလွဲနေခဲ့ပါတယ်၊ ကိုယ်တော့်ကိုလည်း များစွာနာကျင်စေခဲ့ပါတယ်။ ကျွန်မက တကယ်ကို ကိုယ်တော့် ရှေ့တော်မှောက်ကို လာဖို့မထိုက်တန်ပါဘူး၊ ပြီးတော့ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ဆိုရင် ပိုလို့တောင် မထိုက်တန်ပါဘူး။ ကျွန်မက ကိုယ်တော်ရဲ့ ကျိန်ခြင်းအမင်္ဂလာ နဲ့သာ ထိုက်တန်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တော် ကျွန်မကို ဆက်ဆံတဲ့ ပုံစံက ကျွန်မရဲ့ မနာခံခြင်းမှာ အခြေမခံခဲ့ပါဘူး။ အဲဒီအစား ကိုယ်တော်က ကျွန်မကို ပြင်းပြင်းထန်ထန် တိုက်တွန်းအားပေးပြီး၊ သနားကာ၊ သည်းခံခဲ့ပါတယ်၊ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတော်တို့ အားလုံးကိုလည်း ကျွန်မကို နှစ်သက်ခံစားစေတယ်၊ ကိုယ်တော်ရဲ့ အလှတရားနဲ့ ကြင်နာမှုတို့ကို ကျွန်မကို မြင်စေခဲ့တယ်၊ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ လက်တွေ့ကျမှုကို တွေ့ကြုံခံစားစေတယ်၊ ဘုရားသခင်က ဖြောင့်မတ်တဲ့ အပြင် ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ အခုအချိန်ကစပြီး ကျွန်မက ကိုယ်တော်ရဲ့ နှုတ်ကပတ်တော် နှင့် တကယ့်အသက်တာတို့ကတစ်ဆင့် ကိုယ်တော်ရဲ့ ချစ်ခင်ဖွယ်ကောင်းမှုကို ပိုပြီး သိကျွမ်းလိုပါတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ရိုးသားတဲ့သူ၊ ကိုယ်တော့်ကို ချစ်တဲ့သူ၊ ကိုယ့်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်တဲ့လူ ဖြစ်ဖို့ ကျွန်မ ကြိုးစားပါမယ်။

ယခင်က:ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

နောက်တစ်ခုသို့:ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ