အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၁၂ ဘုရား၏အမျက်ဒေါသနေ့ကို မည်သူမျှ မလွတ်မြောက်နိုင်ကျူး

၁ သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံအသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်ခွင်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာနှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ သူတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသားပြုလုပ်သော ဣသရေလလူမျိုးများကို ချန်ရစ်လျက် အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ခဲ့ သကဲ့သို့ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်၊ ဤလူဟောင်းများကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။

၂ ငါသိမ်းပိုက်ထားပြီးသည့် ငါ့မိသားစုဝင်များဖြစ်ကြသော လူများသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါရွေးနုတ်ပြီးသောသူများ၊ ငါ့ကိုကိုးကွယ်သောသူများ မဟုတ်ကြသလော။ ထိုလူတို့သည် ငါ့ဘုန်းတန်ခိုးနှင့်အတူ အစဉ်အမြဲရှိသောသူ မဟုတ်ကြသလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသား မပါသော ထိုသူများသည် ပင်လယ်နက်ထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားပြီးသောသူများ မဟုတ်ကြသလော။ ယနေ့တွင် သင်သည် ငါ့ကိုပုန်ကန်ပြီ၊ ယနေ့ ငါ့စကားများသည် ဣသရေလသားများ၊ မြေးများထံပြောခဲ့သည့် ယေဟောဝါ စကားကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သင်တို့ နှလုံးသားများ၏ အနက်ဆုံးအစိတ်အပိုင်းအတွင်းရှိ မာကျောမှုက ငါ့အမျက်ဒေါသကို စုပုံလာနေစေပြီး သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဘေးဒုက္ခကို ပိုမိုယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအတွက် တရားစီရင်မှု ပိုမို ယူဆောင်လာကာ သင်တို့၏ မဖြောင့်မတ်ခြင်းကြောင့် အမျက်ဒေါသ ပိုမိုတိုးပွားစေသည်။

၃ ယနေ့တွင် ငါ့ကို ထိုကဲ့သို့ ဆက်ဆံလျှင် အမျက်ဒေါသနေ့တွင် အဘယ်သူသည် လွတ်မြောက်နိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိအောက်မှ အဘယ်သို့သော ဖြောင့်မတ်သူသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ့လက်တော်မှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်သနည်း။ အနန္တတန်ခိုးရှင် ငါ့တရားစီရင်ခြင်းမှ အဘယ်သူ၏ အာဏာ ဖီဆန်ခြင်းသည် လွတ်မြောက်နိုင်မည်နည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစုမှ ဆင်းသက်လာသော သင်တို့ကို ပြောနေသည်။ ငါသင်တို့ကို မိန့်ဆိုသည့်စကားမှာ ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့ကို ကျော်လွန်သော်လည်း သင်တို့သည် အဲဂုတ္တုလူမျိုးများထက် မာကျောကြသည်။ ငါသည် ငါ၏အလုပ်ကို ငြိမ်းချမ်းစွာ လုပ်နေစဉ် ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားကြသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ့နေ့ရက်မှ အနာတရမဖြစ်ဘဲ သင်တို့သည် အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ အဘယ်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပါ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူ့စိတ်သဘောထားသည် လွန်လွန်ကဲကဲ ဆိုးလာ၏ကျူး

နောက်တစ်ခုသို့:လူတို့၌ ရှိသင့်သော ဆင်ခြင်တုံတရားကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ