အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၇။ ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို ဆင်ခြေတစ်ခုအဖြစ် ကျွန်မ မသုံးတော့ပါ

လင်းရန်၊ ဟေနန် ပြည်နယ်

ယခင်က ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို ဆိုးရွားစွာ လုပ်မိသည့်အခါတိုင်းတွင် ယင်းမှာ ကျွန်မ၏ အရည်အချင်း အလွန် ညံ့ဖျင်းလွန်းသောကြောင့် ဖြစ်သည်ဟု ကျွန်မ တွေးခဲ့သည်။ အကျိုးဆက်အဖြစ် အပျက်သဘောဆောင်ပြီး မတုန်မလှုပ်သော အခြေအနေတစ်ခုတွင် ကျွန်မ မကြာခဏ အသက်ရှင်ခဲ့သည်။ ခက်ခဲသည်ဟု ကျွန်မ ခံစားရသည့် တာဝန်များကို အခြားသူများအပေါ် ပုံပေးဖို့ရန် ဆင်ခြေတစ်ခုအဖြစ် ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို မကြာခဏ အသုံးပြုခဲ့ပြီး ဤအရာနှင့် ပတ်သက်၍ ဘာမျှမမှားဟု ကျွန်မ ခံစားခဲ့ကာ၊ ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းပြီး ကျွန်မ ကောင်းကောင်း မလုပ်နိုင်သောကြောင့် အခြားသူများကို တစ်စုံတစ်ခု လုပ်ဆောင်ဖို့ ခိုင်းသည့်အခါတွင် အသင်းတော်၏ အလုပ်အတွက် ကျွန်မ တွေးပေးခြင်းဖြစ်သည်ဟု ခံစားမိခဲ့သည်။ အမှုအရာများကို ကျွန်မ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများမှတဆင့် ကျွန်မ ကြည့်နေခဲ့သည်ကို နားလည်လျက် ဤမှားယွင်းသော အမြင်ကို ကျွန်မ ပြောင်းလဲနိုင်ခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ကျေးဇူးကြောင့်သာ ဖြစ်သည်။ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားအကြောင်း တစ်စုံတစ်ရာကိုလည်း ကျွန်မ လေ့လာသိရှိခဲ့ရသည်။

တစ်နေ့တွင် အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်သည့် စာတမ်းတစ်ခုကို ခေါင်းဆောင်တစ်ဦးက ပို့ခဲ့ပါသည်။ ကျွန်မနှင့် အဖွဲ့ကျသည့် ညီအစ်မမှာ အခြားတစ်ခုခုနှင့် အလုပ်များနေခဲ့သည်။ ထို့ကြောင့် သူက ထိုစာတမ်းကို ကိုင်တွယ်ဖို့ ကျွန်မကို တောင်းဆိုခဲ့သည်။ ကျွန်မသည် ဆင်ခြေတစ်ခုကို အလျင်အမြန် စတင်ဖန်တီးခဲ့၏။ “ကျွန်မရဲ့ အရည်အချင်းက အရမ်းညံ့တယ်။ စာရေးတာနဲ့ စာတည်းဖြတ်တာတွေမှာ ကျွန်မ မတော်ဘူးလေ။ ရှင် ကိုင်တွယ်ရင် ပိုကောင်းလိမ့်မယ်။” ထိုသို့ဖြင့် ကျွန်မ၏ အဖော်အပေါ် ခက်ခဲသည့် မည်သည့်အရာကိုမဆို အလိုအလျောက် ကျွန်မ တွန်းပို့ခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွန်မကို၊ “ကျွန်မတို့ စတွေ့တဲ့အချိန်ကတည်းက ရှင့်ရဲ့ အရည်အချင်း ညံ့တယ်လို့ ရှင်ပြောနေခဲ့တယ်။ ဒါပေမယ့် ရှင်နဲ့ ရက်နည်းနည်း ရှိပြီးတဲ့နောက်မှာ ရှင်က အလုပ်မှာ ပြဿနာတချို့ကို ရှာဖွေနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ ရှင့်ရဲ့အရည်အချင်း အဲ့လောက် ညံ့တယ်လို့ ကျွန်မ မထင်ပါဘူး။ ဒါပေမယ့် ရှင့်ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ အခက်အခဲတစ်ခုခုနဲ့ ရှင် တွေ့ရတဲ့အချိန်တိုင်းမှာ၊ ရှင်က ရှင့်ရဲ့ အရည်အချင်း ညံ့တယ်လို့ အမြဲပြောတယ်။ ပြီးတော့ တစ်ခါတလေ ရှင့်ရဲ့တာဝန်ကို တခြားတစ်ယောက်ယောက်အပေါ်ကိုတောင် တွန်းပို့တယ်။ ရှင့်ရဲ့ အရည်အချင်း ညံ့တဲ့ပုံစံ အကြောင်းကို အမြဲတမ်းပြောနေတာနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ အရင်းခံအကြောင်းက ဘယ်လိုလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မအတွက်တော့ ရှင်က တကယ် ဟန်ဆောင်နေတဲ့ပုံပဲ” ဟု ဆိုလေသည်။ ဤအရာ သူပြောသည်ကို ကြားသည့်အခါ၊ ကျွန်မ မှင်တက်မိသွားခဲ့သည်။ သို့သော် ကျွန်မ၏ စိတ်နှလုံးက ရွံ့မုန်းမှုနှင့် ပြည့်နေခဲ့၏။ “ကျွန်မရဲ့ အရည်အချင်း ညံ့တယ်လို့ ကျွန်မ ပြောတဲ့အခါ အမှန်ကို ကျွန်မ ပြောနေတာရှင့်။ ရှင်က အမှန်တွေကို မသိဘဲ ကျွန်မကို နားလည်မှုလွဲတာပဲ။” နောက်တွင်၊ ယင်းကို ညီအစ်မက အဘယ်ကြောင့် ပြောခဲ့သည်ကို ကျွန်မ အချိန်ယူ စဉ်းစားခဲ့သည်။ ကျွန်မသည် ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းသည်ဟု ပြောသည့်အချိန်တွင် လိမ်ညာနေခဲ့သည်မဟုတ်ပါ။ ကျွန်မတွင် အရင်းခံအကြောင်းများ ရှိသည်ဟု သူ အဘယ်ကြောင့် ပြောနိုင်ခဲ့ရပါသနည်း။ ကျွန်မ၏ စိတ်နှလုံးထဲတွင် အဖြေရှာလို့ကို မရနိုင်ခဲ့ပါ။

တစ်ကြိမ်တွင်၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးအတွင်းတွင် ညီအစ်ကို မောင်နှမများထံ ကျွန်မ၏ စိတ်ရှုတ်ထွေးမှုအကြောင်းကို ဖွင့်ပြောခဲ့သည်။ ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းသည်ဟု ကျွန်မ ထင်ရသည့် အကြောင်းရင်းများကို တစ်ခုပြီးတစ်ခု ကျွန်မ ရှင်းခဲ့သည်။ ဥပမာအားဖြင့် ကျွန်မ အလွန်နှေးကွေးစွာ စာရိုက်သည်၊ ကျွန်မ၏ စာရေးသားပုံမှာ သိပ်မကောင်းပါ။ စာများနှင့်ပတ်သက်၍ ကျွန်မ၏ အဖော်နှင့် ကျွန်မ အလုပ်လုပ်သည့်အခါ သူသည် စာရိုက်ခြင်းနှင့် စာတည်းဖြတ်ခြင်းတို့ကို အများဆုံးလုပ်ခဲ့သည်။ သူက စာတမ်းတစ်စောင် ဖတ်သည့်အခါ၊ ပြဿနာကို မြန်မြန်ဆန်ဆန် ရှာတွေ့ပြီး၊ ကျွန်မမှာတော့ ပိုနှေးကွေးသည်၊ စသဖြင့် ဖြစ်သည်။ ကျွန်မ၏ မိတ်သဟာယကို ကြားပြီးနောက်တွင်၊ ကျွန်မတို့၏ ခေါင်းဆောင် အစ်ကို လျူက၊ “ညီမ၊ လူတစ်ယောက်ရဲ့ အရည်အချင်းက ကောင်းတယ် ဒါမှမဟုတ် ဆိုးတယ်လို့ အစ်ကိုတို့ တိုင်းတာတာက ဒီအရာတွေအပေါ်မှာလား။ဒါက သမ္မာတရားနဲ့ ကိုက်ညီလား။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီလား။ လောကထဲက လူတွေက ဆုကျေးဇူးနဲ့ ဦးနှောက်ဉာဏ်တွေကို အရမ်း တန်ဖိုးထားကြတယ်ဆိုတာ အစ်ကိုတို့အားလုံး သိကြပါတယ်။ အပြင်လောကရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ဉာဏ်ထက်တယ်၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ပြီး ကျွမ်းကျင်လိမ္မာတဲ့ ဘယ်သူမဆိုဟာ တော်တဲ့အရည်အချင်းရှိတဲ့ လူတွေဖြစ်ပေမယ့်၊ စကားပြောမတတ်သလို၊ မသိနားမလည်ဖြစ်ပြီး ပညာရေးမကောင်းတဲ့သူတွေဟာ အရည်အချင်း မရှိသူတွေအဖြစ် အမြင်ခံရကြတယ်။ အဲဒါက မယုံကြည်သူတွေ မြင်တဲ့ပုံစံပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အစ်ကိုတို့က အမှုအရာတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး ကြည့်သင့်တယ်။ ဒီကိစ္စမှာ ဘုရားသခင်ရဲ့ အလိုတော်ကို အစ်ကိုတို့ ရှာပြီးပြီလား။ လူတွေရဲ့ အရည်အချင်း ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို ဘုရားသခင်က ဘယ်အရာအပေါ် အခြေခံပြီး တိုင်းတာလဲ။ ပြီးတော့ ကောင်းတဲ့ အရည်အချင်းနဲ့ ဆိုးတဲ့အရည်အချင်းဆိုတာကပဲ ဘာများလဲ” ဟု ပြောလေသည်။ ကျွန်မသည် ကျွန်မ၏ ခေါင်းကို ခါနေခဲ့ပြီး အစ်ကိုလျူက မိတ်သဟာယကို ဆက်ခဲ့သည်။ “တရားဒေသနာရဲ့ စာတစ်ပိုဒ်ကို ဖတ်ရအောင်။ ‘တစ်စုံတစ်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ ဆိုးတယ်ဆိုတာက ဘုရားနှုတ်ကပတ်တော်တွေကို သူ ဘယ်လောက်ကောင်းကောင်း နားလည်နိုင်တယ်ဆိုတာကို အဓိက ရည်ညွှန်းပါတယ်။ သူတို့ရဲ့ နားလည်မှုစွမ်းအားတွေက ကောင်းရင်၊ ဒါက ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ ဖတ်တဲ့အခါ၊ တိုက်ရိုက်အဓိပ္ပါယ်ကို ထွင်းဖောက်ပြီး ဘုရားသခင်ရဲ့အလိုတော်ကို သူတို့ သဘောပေါက်နိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကနေတဆင့် သမ္မာတရားကို သူတို့ ရနိုင်တယ်၊ ပြီးတော့ သူတို့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ညီတယ်ဆိုတာ သေချာစေဖို့ ဘယ်လို ပြုမူရမယ်ဆိုတာ သိတယ်လို့ ဆိုလိုပါတယ်။ အဲဒီလို နားလည်မှုစွမ်းအားတွေကို ပိုင်ဆိုင်တယ်ဆိုတာ သူတို့က အရည်အချင်းကောင်း ပိုင်ဆိုင်တယ်လို့ ဆိုလိုတာပဲ။ အရည်အချင်းဆိုတာက ဆုကျေးဇူးရှိတာနဲ့ မတူဘူး။ ဉာဏ်ထက်မြက်ပြီး လုပ်နိုင်ကိုင်နိုင်တာနဲ့ မတူဘူး။ တစ်ချို့လူတွေက အပြင်ပန်းမှာ သိပ်တော်ကြပုံပေါ်ပေမယ့် ဘုရားနှုတ်ကပတ်တော်တွေကို သိနားလည်ခြင်းနဲ့ ပတ်သက်လာတဲ့အခါ လုံးဝ အသုံးမကျကြဘူး။ အဲဒါက ကောင်းမွန်တဲ့ အရည်အချင်းအကြောင်း မယုံကြည်သူတွေ ပြောကြတဲ့အခါ သူတို့ ဆိုလိုတဲ့အရာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို စကားတွေက ဘုရားသခင်ရဲ့ အိမ်တော်မှာ အသုံးမခံပါဘူး။ လူတချို့က တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတယ် ဒါမှမဟုတ် အရမ်းတော်ကြတယ်။ ဒါပေမယ့် ဘုရားအိမ်တော်မှာ သူတို့က အခက်တွေ့ကြရပြီး သမ္မာတရားထဲ ဝင်ရောက်ဖို့ လုံးဝ မတတ်စွမ်းနိုင်ကြဘူး။ သူတို့က အရည်အချင်းကောင်း ပိုင်ဆိုင်တယ်လို့ ညီမ ပြောလို့ရလား။ အခြေခံပညာကျောင်းပဲ ပြီးတဲ့ ပညာရေးနိမ့်ကျပြီး အပြင်လောကမှာ အရေးပါတဲ့ အလုပ်အကိုင် မရှိကြတဲ့ လူတချို့ရှိကြတယ်။ ဒါပေမယ့် သူတို့ဟာ သမ္မာတရားကို ရှာဖွေလိုက်စားရာမှာ အောင်မြင်ကြပြီး ဘုရားသခင်ရဲ့ ချီးမွမ်းတာ ခံရတဲ့လူတွေ ဖြစ်လာကြတယ်။ ဒီလူတွေကသာ အမှန်တကယ် အရည်အချင်းကောင်း ပိုင်ဆိုင်ကြတာပါ။ ပညာရေးအဆင့်က အဓိက မဟုတ်ဘူး။ အဓိကဖြစ်တဲ့အရာက စိတ်ဝိညာဉ်ကို လူတွေ နားလည်သလား၊ နားမလည်ဘူးလားဆိုတာပဲ။’ (ဘုရားသခင် အသုံးပြုသော လူထံမှ မိတ်သဟာယဖွဲ့ခြင်းနှင့် ဒေသနာများ) ဒီမိတ်သဟာယကနေ တစ်ယောက်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ ဆိုးတယ်ဆိုတာ သူတို့ရဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်နိုင်တဲ့ အရည်အသွေးပေါ် မူတည်တယ်ဆိုတာ အစ်ကိုတို့ မြင်ရတယ်။ ဒါက တစ်ယောက်ယောက်ဟာ အရည်အချင်းရှိတယ် ဒါမှမဟုတ် အထုံပါရမီရှိပြီး တော်တယ်လို့ မယုံကြည်သူတွေ ဆိုလိုတဲ့အရာ မဟုတ်ဘူး။ အရည်အချင်းကောင်း ရှိတဲ့ လူတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အချိန်မှာ သူ့ရဲ့အလိုတော်ကို နားလည်နိုင်ကြတယ်။ လက်တွေ့လုပ်ဆောင်ဖို့နဲ့ သမ္မာတရားထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကို သူတို့ ရှာတွေ့နိုင်ပြီး ဘုရားသခင် တောင်းဆိုတဲ့အရာအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ တခြားတစ်ဖက်မှာတော့အရမ်းတော်ပြီး အပြင်လောကရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ထူးချွန်တဲ့ပုံပေါ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ သမ္မာတရားနဲ့ သူတို့ ရင်ဆိုင်လိုက်ရတာနဲ့တပြိုင်နက် ဝေခွဲမရဖြစ်သွားကြတယ်။ အဲဒီလိုလူတွေကို အရည်အချင်းကောင်းရှိတဲ့သူတွေလို့ ပြောလို့မရဘူး။ အဲဒါက နှံ့စပ်ပြီး၊ ပညာတတ်တဲ့လူတွေဟာ အပြင်ပန်းမှာ အထုံပါရမီရှိပြီး ဉာဏ်ထက်တယ်လို့ထင်ရပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ သမ္မာတရားတွေကို နားလည်နိုင်စွမ်းမရှိကြတဲ့ပုံစံ ဖြစ်တယ်။ သူတို့ထဲက တစ်ချို့က အမှုအရာတွေပေါ် အဓိပ္ပါယ်မဲ့တဲ့ အမြင်တောင် ရှိကြတယ်။ ဒါကြောင့် အရမ်းပညာတတ်တာ၊ ဉာဏ်ထက်တာနဲ့ လုပ်နိုင်ကိုင်နိုင်တာက အရည်အချင်းကောင်းရှိတာကို ကိုယ်စားမပြုသလိုဒါတွေက လူတစ်ယောက်ရဲ့ အရည်အချင်းကိုတိုင်းတာတဲ့ စံသတ်မှတ်ချက်တွေလည်း မဟုတ်ပါဘူး။ အဓိကအချက်က စိတ်ဝိညာဉ်ကို လူတွေ နားလည်တယ် နားမလည်ဘူးဆိုတာနဲ့ သမ္မာတရားကို သူတို့ နားလည်နိုင်စွမ်းရှိတာ မရှိတာပါပဲ။ တစ်ယောက်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို တိုင်းတာဖို့ အစ်ကိုတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုလို့ မရနိုင်ပါဘူး။” ဤအရာကို ကျွန်မ ကြားသည့်အခါ၊ အလင်းကို ကျွန်မ ရုတ်တရက် မြင်ခဲ့ရသည်။ လက်စသတ်တော့ ကျွန်မ၏ ယုံကြည်မှုများမှာ ကျွန်မ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများမှလွဲ၍ ဘာမျှမဟုတ်ပါ။ ၎င်းတို့က သမ္မာတရားနှင့် မကိုက်ညီခဲ့ပါ။

နောက်ထပ်၊ ဘုရားနှုတ်ကပတ်တော်များ ကျမ်းနှစ်ပိုဒ်ကို ညီအစ်မတစ်ဦးက ရှာတွေ့ခဲ့ပြီး ကျွန်မကို ဖတ်ခိုင်းခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များက ပြောပါသည်။ “တစ်ဦးတစ်ယောက်သည် တည်ကြည်၍၊ တာဝန်သိပြီး၊ ဆက်ကပ်အပ်နှံမှုရှိကာ အလုပ်ကြိုးစားသည့်အခါ၊ အလုပ်သည် ကောင်းကောင်းမွန်မွန် ပြီးစီးလိမ့်မည်ဖြစ်သည်။...လူတို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးပြီး၊ ၎င်းတို့၏စိတ်နှလုံးများသည် အလွန်အရေးကြီးကာ၊ ၎င်းတို့၏အတွေးများနှင့် စိတ်ကူးများကို ၎င်းတို့ ဦးတည်သည့် နေရာမှာ အလွန်အရေးကြီး၏။ ၎င်းတို့၏ ရည်ရွယ်ချက်များ မည်သည့်အရာဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် အားထုတ်ကြိုးပမ်းမှု မည်မျှ ၎င်းတို့ထားကြသည်ကိုမူ၊ ဘုရားသခင် စေ့စေ့စပ်စပ်ကြည့်ရှုပြီး မြင်နိုင်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သည်အရာထဲသို့ မိမိတို့၏ စိတ်နှလုံးနှင့် စွမ်းအားအလုံးစုံ ထားရှိသည်မှာ အရေးပါလှ၏။ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှာလည်း အရေးပါ၏။ ပြီးစီးခဲ့သည့် တာဝန်များနှင့် အတိတ်မှ လုပ်ရပ်များအပေါ် နောင်တများ မရှိဖို့နှင့် ဘုရားသခင်ကို မည်သည့်အရာမျှ အကြွေးမတင်ရှိသည့်နေရာထိ ရောက်ရှိဖို့ ကြိုးပမ်းခြင်းမှာ စိတ်နှလုံးနှင့် စွမ်းအားအလုံးစုံ ပေးခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) “သင်သည် သမ္မာတရားကို ရင်ဆိုင်ရာတွင် မှန်ကန်သော သဘောထားရှိလျှင်၊ သမ္မာတရားကို လက်ခံခြင်း သဘောထားရှိပြီး၊ နှိမ့်ချသော သဘောထားတစ်ခု ခံယူလျှင်၊ သင်သည် အရည်အချင်း ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်ဦးမည်ဖြစ်ပြီး တစ်စုံတစ်ရာကို ရရှိဖို့ သင့်ကို ခွင့်ပြုလိမ့်မည်ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း သင်မှန်ကန်သည်ဟု အမြဲ ထင်လျက်နှင့် အခြားသူများပြောသည့်အရာကို လက်ခံဖို့ အစဉ်အမြဲ လိုလားခြင်းမရှိဖြစ်လျက်၊ အမြဲ မာနထောင်လွှားကာ အမြဲ ဆန့်ကျင်နေလျှင်၊ ဘုရားသခင်သည် သင့်အထဲ၌ အလုပ်လုပ်လိမ့်မည်မဟုတ်။ သင်၏ စိတ်သဘောထားသည် ဆိုးရွားပြီး သင်သည် တစ်စုံတစ်ခုကို ရရှိဖို့ မထိုက်တန်ဟု ဘုရားသခင် ပြောလိမ့်မည်ဖြစ်ပြီး၊ တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ဖော်ထုတ်ခံရခြင်းဟု သိကြသည့် အရာဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှသာ သာမန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ညီအစ်မက၊ “ကျွန်မတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်တဲ့အခါ ကျွန်မတို့ရဲ့ သဘောထားက အရမ်းအရေးကြီးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြပါတယ်။ အဲဒါ အရေးပါတယ်။ ကျွန်မတို့မှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိရင်၊ ကျွန်မတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ ကျွန်မတို့ရဲ့ စိတ်နှလုံးနဲ့ အင်အားတွေအားလုံး ပေးနိုင်ရင်၊ ဘုရားသခင်က မြင်မှာဖြစ်ပြီး ကျွန်မတို့ရဲ့ တာဝန်အပေါ်ထားတဲ့ ကျွန်မတို့ရဲ့ သဘောထားအရ ကျွန်မတို့ကို ဆက်ဆံလိမ့်မယ်။ ကျွန်မတို့က အရည်အချင်း ညံ့တယ်ဆိုရင်တောင်၊ ဘုရားသခင်က ကျွန်မတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြနေဦးမှာပါ။ ကျွန်မတို့မှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားမရှိရင် အဖိုးအခတစ်ခုပေးဆပ်ဖို့နဲ့ ဘုရားသခင်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့မလိုလားရင်၊ ကျွန်မတို့ရဲ့ တာဝန်ကို ကျွန်မတို့ ကောင်းကောင်း ဆောင်ရွက်မှာမဟုတ်ရုံသာမက၊ ဘုရားသခင်ရဲ့ ငြင်းပယ်တာကိုလည်း ခံရမှာဖြစ်တယ်။ ကျွန်မတို့ အနီးအနားက ညီအစ်ကို မောင်နှမတွေကို ဘုရားနှုတ်ကပတ်တော်တွေကနေတဆင့် ကျွန်မတို့ကြည့်ရင်၊ တစ်ချို့က သာမန်အရည်အချင်းရှိကြပေမယ့် သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ မှန်ကန်တဲ့ အရင်းခံအကြောင်းရှိကြတယ်ဆိုတာ မြင်ရတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အဲဒါကို သမ္မာတရားကို ရှာဖွေဖို့ သူတို့ကိုယ်တိုင် တာဝန်ယူပြီး စည်းမျဉ်းတွေထဲ ဝင်ရောက်မှုကို အာရုံစိုက်ကြသလို၊ သူတို့ တာဝန်ကို ဆောင်ရွက်ရာမှာ ပိုပိုပြီး ထိရောက်မှုရှိလာကြတယ်။ အမှန်တော့ ကျွန်မတို့အဖို့ အထူးအရည်အချင်းကောင်းရှိပြီး ဘုရားနှုတ်ကပတ်တော်တွေကို သိနားလည်မှုစစ်စစ်ရှိတယ်လို့ ထင်ရတဲ့ ညီအစ်ကို မောင်နှမအချို့ရှိပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလို အခြားလူတွေရဲ့ အကြံကို နားမထောင်ဘဲ သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ သေးငယ်တဲ့အောင်မြင်မှုအချို့ ရှိတဲ့အခါတိုင်း ဘုရားသခင်ရဲ့ ဘုန်းကို သူတို့ကိုယ်တိုင်အတွက် ယူကြတာကြောင့် နောက်ဆုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို သူတို့ဆုံးရှုံးလိုက်ရတယ်။ တစ်ချို့ဆိုရင် အသင်းတော်ရဲ့ အလုပ်ကိုတောင် နှောင့်ယှက်ကြပြီး သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ဖို့ သူတို့ရဲ့ အရည်အချင်းပြည့်မီမှုကို ဖြုတ်ပစ်ကြတယ်။ ဆိုးရွားတဲ့ ကိစ္စတွေမှာ၊ သူတို့ဟာ အသင်းတော်ကနေတောင် ထုတ်ပယ်ခံရတယ်။ ဒီအချက်တွေက လူတစ်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ မကောင်းဘူးဆိုတာက သူတို့ ဘုရားသခင်ရဲ့ ချီးမွမ်းတာ ခံရတယ်၊ မခံရဘူးဆိုတာကို မဆုံးဖြတ်မှန်း ကျွန်မတို့ကို ပြပါတယ်။ အဓိကအရာက သမ္မာတရားကို သူတို့ ရှာဖွေလိုက်စားမှု ရှိ၊ မရှိဆိုတာပါပဲ” ဟု ဆိုလေသည်။ နောက်ထပ်၊ ညီအစ်ကို မောင်နှများက မိမိတို့ကိုယ်ကိုယ် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း သတ်မှတ်ခြင်း၏ အန္တရာယ်များနှင့် အကျိုးဆက်များအကြောင်း ဆွေးနွေးဖို့ သူတို့၏ ကိုယ်ပိုင်အတွေအကြုံများကို ထုတ်သုံးခဲ့ကြသည်။ ထို့နောက်တွင်မှ သမ္မာတရားကို နားမလည်ခြင်းက အဘယ်မျှ မိုက်မဲသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ပါ။ ယင်းအစား ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများတွင် အသက်ရှင်ခြင်းအားဖြင့် ကိုယ်ကိုယ်ကိုယ် အရည်အချင်း ညံ့ဖျင်းသည်ဟု သတ်မှတ်ခဲ့သည်မှာ၊ အခြားလူများအပေါ် ခက်ခဲသော တာဝန်များကို မကြာခဏ ကျွန်မ တွန်းပို့သည်အထိ ဖြစ်ခဲ့သည်။ တိုးတက်ဖို့ ကျွန်မ မကြိုးစားခဲ့သလို၊ ဘုရားသခင်အပေါ် ကျွန်မ မမှီခိုခဲ့ သို့မဟုတ် ကျွန်မ တတ်စွမ်းနိုင်သည့် တာဝန်များကို ဆောင်ရွက်နိုင်စွမ်းမရှိအောင်ပင် ဖြစ်စေသည့် ဤအတားအဆီးများကို ထိုးဖောက်ကျော်လွှားဖို့ အဖိုးအခတစ်ခုကို အမှန်တကယ်ပေးဆပ်ခြင်းမရှိခဲ့ပါ။ တကယ့်လေ့ကျင့်မှု သို့မဟုတ် သမ္မာတရားနှင့် အသက်တာထဲတွင် ကြီးထွားခြင်းကို ကျွန်မ မတတ်စွမ်းနိုင်ရုံသာမက၊ ဤအရာက ကျွန်မ၏ တာဝန်များကို ဆောင်ရွက်ရာတွင် ကျွန်မ၏ ထိရောက်မှုကို တိုက်ရိုက်လွှမ်းမိုးခဲ့သည်။ ကျွန်မနှင့် အလုပ်လုပ်ခဲ့သည့် ညီအစ်မက ပြဿနာများကို မည်မျှ မြန်မြန် ရှာတွေ့နိုင်ခဲ့ပုံအကြောင်း ကျွန်မ တွေးမိခဲ့သည်။ ဤအရာက သူမ၏ ပင်ကို အရည်အချင်းနှင့် ဆက်စပ်သော်လည်း၊ ပိုအရေးကြီးသည်မှာ၊ သူမ၏ တာဝန်အပေါ် သူမ၏ ကျေပွန်ပြီး တာဝန်သိသော သဘောထားကြောင့်၊ ဘုရားသခင်အပေါ် သူမ မှီခိုနိုင်ခဲ့ပြီး အခက်အခဲများနှင့် အမှတ်မထင်တွေ့သည့်အခါ ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။ ထို့နောက်တွင်မှ သူမသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံခဲ့ရပြီး အလင်းပြခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ကျွန်မမှာမူ ပြဿနာများကို ကြုံရသည့်အခါ ရှောင်လွဲဖို့ ကြိုးစားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အသက်ရှူပေါက်ရစေဖို့ ကျွန်မ၏ ညံ့ဖျင်းသော အရည်အသွေးကို ဆင်ခြေတစ်ခုအဖြစ် သုံးခဲ့သည်။ ဘုရားသခင်အပေါ် ကျွန်မ မမှီခိုခဲ့သလို ဆီလျော်သော သမ္မာတရားကို ရှာဖွေခြင်းဖြင့် ပြဿနာကို ကြိုးစားပြီး ဖြေရှင်းဖို့ မိမိကိုယ်ကိုယ် တာဝန်မယူခဲ့ပါ။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျွန်မ မရနိုင်ခဲ့သည်ကို ဆိုလိုပါသည်။ ဤအရာမှ၊ ဘုရားသခင်သည် အားလုံးအပေါ် မျှတပြီး ဖြောင့်မတ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ မိတ်သဟာယမှတဆင့်၊ ဘုရားသခင်သည် ကျွန်မတို့ တတ်စွမ်းနိုင်သည့်အရာအပေါ် အခြေခံပြီး ကျွန်မတို့ကို စေခိုင်းသည်ကိုလည်း ကျွန်မ နားလည်ခဲ့သည်။ယင်းမှာ သူက “ဘဲများကို နားရာနေရာတွင် ကျောင်းခြင်း” ကိစ္စရပ်တစ်ခု မဟုတ်ပါ။ ကျွန်မ၏ အရည်အချင်းကို အာရုံစိုက်နေမည့်အစား ကိုယ်ကိုယ်ကိုယ် မှန်အောင် ကျွန်မ လုပ်သင့်ပါသည်။ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရာတွင် ကျွန်မ၏ အားအင်အားလုံးကိုအသုံးချခြင်းအပေါ်သာ ကျွန်မ အာရုံစိုက်သင့်ပါသည်။ သမ္မာတရား၏ စည်းမျဉ်းများကို ကျွန်မ ရှာဖွေပြီး ချင့်ချိန်စဉ်းစားသင့်ပါသည်။ အခြားသူများ၏ အားသာချက်များမှ သင်ယူပြီး၊ အခြားလူများ၏ အကြံကို နားထောင်ကာ ကျွန်မ တကယ်လက်တွေ့လုပ်ဆောင်သည့် အရာထဲသို့ ပေါင်းစပ်သင့်ပါသည်။ ပြီးလျှင်အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ အကျိုးခံစားရပြီး ကြီးထွားတိုးတက်မည်မှာ သေချာလိမ့်မည်ဖြစ်သည်။

နောက်ပိုင်းတွင်၊ ညီအစ်မ၏ ကျွန်မအပေါ် ဝေဖန်မှုက ကျွန်မ၏ နားထဲတွင် ပဲ့တင်ထပ်ခဲ့သည်။ “ရှင့်ရဲ့ အရည်အချင်း ညံ့တဲ့ပုံစံ အကြောင်းကို အမြဲတမ်းပြောနေတာနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ အရင်းခံအကြောင်းက ဘယ်လိုလဲဆိုတာ ကျွန်မ မသိဘူး။” သူမ မှန်ပါသည်။ ကျွန်မ၏ အရည်အချင်း မကောင်းသည်ကို ပြောဆိုဖို့ ကျွန်မ အမြဲ မြန်ဆန်ခဲ့သည်။ မည်သည့် အရင်းခံအကြောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျွန်မကို တိတ်တဆိတ် ထိန်းချုပ်နေခဲ့ပါသနည်း။

တစ်နေ့တွင်၊ မိတ်သဟာယတစ်ခုမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ရပါသည်။ “သူတို့ ဖောက်ပြန်ပျက်စီးတယ်၊ မသိနားမလည်သလို မိုက်မဲကြတယ်၊ အကြင်နာမဲ့ပြီး ဉာဏ်တုံးတယ်၊၊ ညံ့ဖျင်းတဲ့ အရည်အချင်းရှိတယ်လို့ ဆိုတဲ့သူတွေဟာ သူတို့ စိတ်နှလုံးအတွင်းက တကယ့် အရင်းခံအကြောင်းတွေနဲ့ လှည့်ဖြားမှုတွေကို မပြောကြပါဘူး။ သူတို့ရဲ့ ဒီဆိုးညစ်တဲ့ အရင်းခံအကြောင်းတွေကို သူတို့ ဖုံးကွယ်ကြပြီး သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ မိုက်မဲမှုနဲ့ မသိနားမလည်မှုတွေကို ကြားခံတစ်ခု၊ ဒိုင်းလွှားတစ်ခုအဖြစ် အသုံးပြုကြတယ်။ အဲဒီလို လူတွေထက် ပိုကောက်ကျစ်တဲ့သူ ဘယ်သူမှမရှိပါဘူး။ ဟန်ဆောင်ရာမှာ ပိုတော်တဲ့သူ မရှိဘူး။ သူတို့ တော်တယ်၊ ကိုယ်ကိုယ်ကိုယ် သိကြတယ်၊ နှိမ့်ချကြတယ်၊ မာယာကင်းပြီး ပွင့်လင်းကြတယ်လို့ လူတွေ ထင်စေဖို့ အပြုအမူတစ်ခု လုပ်ဆောင်ရာမှာ ပိုတော်တဲ့သူ မရှိဘူး။ ဒါက အခြားသူတွေအတွက် ပြပွဲတစ်ခု ဖြစ်တယ်။ အမှန်မှာတော့၊ အဲဒီလိုလူတွေက ဖောက်ပြန်ပြီး ကောက်ကျစ်တဲ့ သူတော်ကောင်းအယောင်ဆောင်တွေပဲ ဖြစ်တယ်...” (ဘုရားသခင် အသုံးပြုသော လူထံမှ မိတ်သဟာယဖွဲ့ခြင်းနှင့် ဒေသနာများ)။ ဤမိတ်သဟာယကို ကျွန်မ ဖတ်လိုက်သည့်အချိန်မှသာ အမြဲပြောဆိုနေသည့် ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းအကြောင်းကို ကျွန်မ၏ လှည့်ဖြားတတ်သော သဘာဝက အမှန်တကယ် ညွှန်ကြားနေခဲ့ပြီး မကောင်းသည့် အရင်းခံအကြောင်းများက ကျွန်မအတွင်းတွင် ကွယ်ဝှက်ထားသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ဥပမာအားဖြင့်၊ ယခင်က ကျွန်မ လုံးဝမလုပ်ဖူးသည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ လုပ်သည့် ပထမဆုံးအရာမှာ ကျွန်မ၏ အရည်အချင်း ညံ့သည်ဟု အခြားညီအစ်ကို မောင်နှများကို ပြောဖို့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တာဝန်ကို ကျွန်မ ဆိုးရွားစွာ လုပ်ဆောင်မိခဲ့လျှင် သူတို့က ကျွန်မကို အထင်သေးမည်ကို ကျွန်မ စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မ၏ ကိုယ်ပိုင် မာနနှင့် အဆင့်အတန်းအဖို့အလို့ငှာ ဤအရာကို ကျွန်မ လုပ်ခဲ့ပါသည်။ ဆိုလိုသည့်အရာမှာ၊ ကျွန်မ ဆိုးရွားစွာ လုပ်ခဲ့မိလျှင် ကျွန်မ၏ အပြစ်မဟုတ်။ ကျွန်မ၏ အားအင်အားလုံးကို ထိုတာဝန်ထဲသို့ ကျွန်မ မထည့်ခဲ့ခြင်း မဟုတ်ဘဲ ယင်းက ကျွန်မ၏ အရည်အချင်းကို ကျော်လွန်ခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရာတွင် အခက်အခဲတစ်ခုခု ကျွန်မ ကြုံခဲ့ရသည့်အခါတိုင်းတွင်၊ ယင်းကို ထိပ်တိုက်တွေ့ဖို့ရန် ဒုက္ခခံဖို့နှင့် အဖိုးအခတစ်ခုပေးဆပ်ဖို့ ကျွန်မ မလိုလားခဲ့ပါ။ တာဝန်ခံယူမှုကိုလည်း ကျွန်မ ကြောက်ရွံ့မိခဲ့သည်။ ထို့ကြောင့် ကျွန်မကို စဉ်းစားချင့်ချိန်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိနိုင်သည်ဟု သူတို့ကို ထင်မှတ်စေဖို့ ကျွန်မ၏ တာဝန်များကို အခြားတစ်ယောက်ယောက်အပေါ် တွန်းပို့ရန် ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို ဆင်ခြေတစ်ခုအဖြစ်သာ ကျွန်မ အသုံးပြုခဲ့သည်။ ကျွန်မ ဆင်းရဲဒုက္ခ ခံစားရပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ သို့မဟုတ် တာဝန်အချို့ကို ထမ်းဖို့ ရှိသည့်အချိန်တိုင်းနီးပါးတွင် ကျွန်မ နောက်ဆုတ်တတ်သည်။ အမှန်တကယ်တွင် ကျွန်မသည် “မိမိကိုယ်ကိုယ် ကာကွယ်ဖို့ တိတ်တိတ်နေပြီး အပြစ်တင်မှုကို လွတ်ဖို့သာ ကြိုးစားပါ”ဆိုသည့် ဆိုးယုတ်သော လူလူချင်း ဆက်ဆံမှုဆိုင်ရာ အတွေးအခေါ်ဖြင့် အသက်ရှင်နေခဲ့ပါသည်။တာဝန်ကို ရှောင်ရှားဖို့ ကျွန်မ၏ ကိုယ်ပိုင် မရိုးသားသော နည်းလမ်းများကို အသုံးပြုခြင်းသည် သိပ်တော်သည့်ပုံပေါ်သော်လည်း အမှန်တွင် သမ္မာတရားကို ရှာဖွေဖို့နှင့် နားလည်ဖို့ အခွင့်အရေးများစွာကို ကျွန်မ လွဲချော်ခဲ့ရပေသည်။ အမှန်တွင်၊ ကျွန်မတို့ တစ်ဦးစီကို ဘုရားသခင် ပေးသည့် အရည်အချင်းသည် ရည်ရွယ်ချက်အတွက် သင့်တော်ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိဖို့ နှင့် ကျွန်မ၏ အရည်အချင်းကို တိုးတက်စေဖို့ရန်အလို့ငှာ ကျွန်မ ရယူစွမ်းဆောင်နိုင်သည့်အရာအပေါ် အခြေခံပြီး ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းအပေါ်သို့ ကျွန်မ၏ စိတ်နှလုံးနှင့် အားအင်အားလုံးကို ကျွန်မ မထည့်ထားခဲ့ပါ။ ယင်းအစား၊ ဘုရားသခင်ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့၊ ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်းအတွက် ဆင်ခြေတစ်ခုအဖြစ် ကျွန်မ အမြဲ အသုံးပြုခဲ့သည်။ ဤသည်မှာ အလွန်ကောက်ကျစ်သည်၊ အလွန် ဆိုးညစ်သည် မဟုတ်ပါလား။ ထိုသို့လျှင် ကျွန်မသည် ဘုရားသခင်၏ လမ်းပြမှုကို မည်သို့ခံရနိုင်မည်နည်း။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ရင်ထဲတွင် အခြားသူများအပေါ် သံသယမထားသည့် သူများကို ငါအလွန်သဘောကျသည်။ သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါအလွန်သဘောကျသည်။ ထိုသို့သောလူနှစ်မျိုးအပေါ် ငါအလွန်ဂရုစိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ”) “နောက်တစ်ကြောင်းကို ကြည့်ကြပါစို့၊ “ကျွန်ုပ်၏ အရည်အချင်းက နိမ့်ကျသော်လည်း၊ ကျွန်ုပ်တွင် ရိုးသားသော စိတ်နှလုံးတစ်ခုရှိသည်။” လူအများစုက ဤစာကြောင်းကို ကြားသည့်အခါ၊ ၎င်းတို့ ခံစားရကောင်းသည် မဟုတ်လော။ ဤကိစ္စရပ်တွင် လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ပါဝင်၏။ မည်သည့် သတ်မှတ်ချက်များနည်း။ လူတို့သည် အရည်အချင်း၌ ချို့တဲ့လျှင်၊ ယင်းမှာ ကမ္ဘာကြီးဆုံးပြီ မဟုတ်ပါ။ သို့သော် ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။ သင်၏ အခြေအနေ မည်သို့ပင်ဖြစ်စေ၊ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ ရိုးသားစွာ ပြုမူရမည်၊ သင်၏ တာဝန်ကို သင်၏ နှလုံးသားနှင့် စိတ်အားလုံးဖြင့် ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး၊ သစ္စာရှိရမည်၊ သင်၏ အလုပ်ကို ခေါင်းမရှောင်ရ်၊ ခြေပုန်းမခုတ်ရ် သို့မဟုတ် လှည့်ဖြားခြင်း မပြုရ၊ ကလိမ်ဉာဏ် မဆင်ရ၊ အခြားသူများကို တစ်ပတ်မရိုက်ရ၊ သို့မဟုတ် လှည့်ပတ်ပြောဆိုခြင်းမပြုရ၊ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်ကိုင်ပြုသော လူတစ်ဦးဖြစ်ရမည်။...သင်က၊ “ငါ့ရဲ့ အရည်အချင်းက နိမ့်ကျတယ်၊ ဒါပေမယ့် ငါ့မှာ ရိုးသားတဲ့ စိတ်နှလုံးတစ်ခု ရှိတယ်” ဟု ပြော၏။ သို့သော်၊ တာဝန်တစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ ထိုအရာက သင့်ကို ခြေကုန်လက်ပန်းကျစေနိုင်မည် သို့မဟုတ် ယင်းကို ကောင်းကောင်းမွန်မွန် မဖြည့်ဆည်းနိုင်မည်ကို သင် စိုးရိမ်၏၊ ထို့ကြောင့် ထိုအရာကို ရှောင်တိမ်းဖို့ ဆင်ခြေများ သင် ဖန်တီး၏။ ဤသည်မှာ ရိုးသားသော လူတစ်ဦး၏ အမူအရာတစ်ခုလော။ မဟုတ်သည်မှာ ရှင်း၏။ ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီး နာခံသင့်ကြ၏၊ ထို့နောက် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရင်း၊ ၎င်းတို့၏ တာဝန်ကို ၎င်းတို့ အစွမ်းကုန်လုပ်ဆောင်ခြင်းတွင် လုံးဝ ဆက်ကပ်သင့်ကြ၏။ အဘယ်ကြောင့် ထိုသို့ပြုသနည်း။ ဤနေရာတွင် အမူအရာ၏ ရှုထောင့်အချို့ရှိ၏။ ရှုထောင့်တစ်ခုမှာ သင်သည် သင်၏ တာဝန်ကို အခြားမည်သည့်အရာမျှ မစဉ်းစားဘဲ၊ စိတ်နှခွမရှိဘဲ၊ သင်ကိုယ်တိုင်အဖို့အလို့ငှာ မကြံမစည်ဘဲလျက် ရိုးသား၊ စစ်မှန်သော နှလုံးသားဖြင့် လက်ခံသင့်၏၊ ဤသည်မှာ ရိုးသားမှု၏ အမူအရာတစ်ခု ဖြစ်သည်။ နောက်ထပ်ရှုထောင့်မှာ သင်၏ အစွမ်းအားလုံးနှင့် စိတ်နှလုံးအားလုံးကို အသုံးပြုပြီး၊ “ငါ့ရဲ့ အရာအားလုံးကို ဘုရားသခင်ဆီ ငါ ထုတ်ဖော်ပြမယ်။ ဒါက ငါ လုပ်နိုင်သမျှ အားလုံးပဲ၊ အားလုံးကို ငါ အသုံးချပြီး ဘုရားသခင်ဆီ လုံးဝ ဆက်ကပ်အပ်နှံမယ်” ဟု ပြောသင့်သည်။ သင်၏ ရှိသမျှနှင့် လုပ်နိုင်သမျှကို သင် ဆက်ကပ်၏၊ ဤသည်မှာ ရိုးသားမှု၏ အမူအရာတစ်ခု ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ကျွန်မကို ပေးပါသည်။ လူတို့၏ အရည်အချင်း ကောင်းသည်၊ ဆိုးသည်တို့ကို ဘုရားသခင် ဂရုမစိုက်ပါ။ အဓိကအရာမှာ လူတို့က ရိုးသားသော စိတ်နှလုံးတစ်ခု ရှိ မရှိ၊ သမ္မာတရားကို သူတို့ လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင် မလုပ်ဆောင်နိုင်ဆိုသည့်အရာ ဖြစ်သည်။ ကျွန်မ၏ အရည်အချင်းသည် ညံ့ဖျင်းပြီး သမ္မာတရားကို နားလည်ရာတွင် ကျွန်မ အနည်းငယ် နှေးကွေးကာ တစ်ခါတစ်ရံ အယူဝါဒနောက်လိုက်သော်လည်း ကျွန်မ၏ စိတ်နှလုံး ရိုးသားပြီး ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အခါတွင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို စဉ်ဆက်မပြတ် ကျွန်မ ရှာဖွေလျှင်၊ဘုရားသခင် စေခိုင်းသည့်အရာကို ဆောင်ရွက်ဖို့ ကျွန်မ လုပ်နိုင်သမျှ လုပ်ဆောင်လျှင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာတို့ကို ကျွန်မ ရရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်သည်။ သမ္မာတရားထဲသို့ ကျွန်မ ဝင်ရောက်သည့်အချိန်တွင်၊ ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းနှင့်စပ်လျဉ်း၍ ကျွန်မ၏ အားနည်းချက်များအတွက် ကျွန်မ ပြုပြင်နိုင်လိမ့်မည်ဖြစ်ပြီး အမှုအရာများကို နားလည်ခြင်းနှင့် သိမြင်ခြင်းတို့တွင် ကျွန်မ ပိုကောင်းသထက် ကောင်းလာပါလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီးသည့်နောက်တွင်၊ ကျွန်မသည် ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အခါ ပိုကောင်းမွန်လာရန် ဘုရားသခင်အပေါ် ကျွန်မ စတင်မှီခိုခဲ့သည်။ ကျွန်မအဖို့ သိသာထင်ရှားမှုမရှိသည့်အရာများ၊ ကျွန်မ နားမလည်သည့်အရာများကို အခြားသူများအပေါ် ကျွန်မ မပုံပေးတော့ဘဲ၊ ထိုအရာများကို ကျွန်မကိုယ်တိုင်အတွက် ရှာဖွေပြီး နားလည်သဘောပေါက်ဖို့ ကြိုးစားခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပါသည်။ ဘုရားသခင် စေခိုင်းသကဲ့သို့ ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့သည့်အခါ၊ ကျွန်မသည်လည်း စာထဲက ပြဿနာများကို တွေ့မြင်နိုင်ခဲ့သည်။ ကျွန်မအဖို့ မရှင်းသည့် တော်တော်လေး ရှုတ်ထွေးသည့် ပြဿနာများ ကျန်ရှိသည့် အချိန်များရှိခဲ့သော်လည်း၊ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရား၏ စည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့်၊ ထိုပြဿနာများသည် တဖြည်းဖြည်း ကျွန်မအဖို့ ထင်ရှားလာခဲ့ပြီး ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အခါ ကျွန်မ ပိုမိုပေါ့ပါးပြီး ပိုမိုလွတ်လပ်သလို ခံစားခဲ့ရသည်။

ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် အခြေအနေကို တွေ့ကြုံရခြင်း ကျေးဇူးကြောင့်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း၊ အားနည်းချက်တို့နှင့်ဆိုင်သော အသိပညာအချို့ကို ကျွန်မ ရရှိခဲ့ပြီး လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ကျွန်မ၏ အရည်အချင်းနှင့်အတူ မည်သို့ရင်ဆိုင်ရမည်ကို သတိပြုမိလာခဲ့သည်။ ယခင်က ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ် ကျွန်မ အာရုံမစိုက်ခဲ့သလို၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်း ရင်ဆိုင်ဖို့ မကြိုးစားခဲ့ပါ။ အမှုအရာများကို ကျွန်မ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများမှတဆင့် ကျွန်မ အမြဲ မြင်ခဲ့ပြီး၊ ယင်းက ကျွန်မကို မိမိကိုယ်ကိုယ် မကြာခဏ အသေးစိတ်ချပြဖို့နှင့် ကျွန်မ၏ အရည်အချင်း ညံ့သည်ဟု ဆိုခြင်းအားဖြင့် ကိစ္စများမှ ရုန်းထွက်ဖို့ရန် ကြိုးစားဖို့ဖြစ်စေခဲ့သည်။ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ခြင်းတွင် ဝတ်ကျေတမ်းကျေလုပ်ဆောင်မှုများနှင့် ပြည့်နေခဲ့သည်။ အသင်းတော်၏ အလုပ်ကို ကျွန်မ ကြန့်ကြာစေခဲ့ပြီး ကျွန်မ ကိုယ်တိုင်၏ အသက်တာတွင် ဆုံးရှုံးမှု ခံစားခဲ့ရသည်။ ယခုတွင် အယောက်တိုင်း၏ အရည်အချင်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခဲ့ပြီး ဘုရားသခင်၏ မွန်မြတ်သော ရည်ရွယ်ချက်များ၏ အစိတ်အပိုင်းဖြစ်သည်ကို ကျွန်မ နားလည်ပါသည်။ ကျွန်မ၏ အရည်အချင်း ကောင်းသည်၊ ဆိုးသည်အားဖြင့် ကျွန်မ ဘောင်ခတ်မခံသင့်ပါ။ အနာဂတ်တွင်၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေဖို့၊ စည်းမျဉ်းဖြင့် ပြုမူဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ရိုးသားသော သူတစ်ဦးဖြစ်ဖို့ရန် ကျွန်မ ကြိုးစားပါမည်။

ယခင်က:သမ္မာတရားအတွင်းသို့ ကိုယ်တိုင် ဝင်ရောက် ခြင်းဖြင့်သာလျှင် အခြားသူများအား ကျွန်တော် စစ်မှန်စွာ ကူညီနိုင်မည် ဖြစ်သည်

နောက်တစ်ခုသို့:မျက်နှာဖုံးကို ဆွဲဖြုတ်ပြီး ဘဝသစ် စတင်လိုက်ပါ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ