အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၈။ ကောင်းမွန်သည့်ရည်ရွယ်ချက်များနှင့် ကျွန်တော် စုံလုံးကန်း မဖြစ်လိုတော့ပါ

မန်ယု၊ ဟယ်နန်ပြည်နယ်

ကျွန်တော် တာဝန်ထမ်းဆောင်နေစဉ်အချိန်တစ်ခါက အစ်ကိုတစ်ယောက်သည် အစ်မတချို့ကို အလွန်အမင်း အာရုံစိုက်နေသည်ကို ကျွန်တော် သတိထားမိသည့်အခါ သူသည် မကောင်းသည့် စိတ်နေစိတ်ထားကို ဖော်ပြနေခြင်းဖြစ်သည်ဟု တွေးမိပြီး ဤကိစ္စနှင့် ပတ်သက်၍ အခွင့်အရေးရတာနှင့် သူ့ကို သတိပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ နောက်တော့ သူ့၏ ဝတ္တရားတွေ မကျေပွန်တာကို တွေ့ရှိပြီး ကျွန်တော် ထင်တာ အမှန်ပဲဆိုတာ သေချာသွားသည်။ ထို့ကြောင့် သူ့ကို စကားပြောဖို့ အခွင့်အလမ်းရှာဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးမိသည့်အခါတွင် သူသည် ကျွန်တော်၏ မှတ်ချက်အားလုံးကို မျက်နှာထားတင်းတင်းနှင့် ငြင်းဆိုပြီး ကျွန်တော်ကို အပြစ်တင်ဝေဖန်လွန်းသည်ဟု ပြန်ပြောပါသည်။ “ဒီနှစ်တွေ တလျှောက်လုံး၊” သူက ပြောသည်၊ “ကျုပ်ကို ခင်ဗျား မိတ်သဟာယဖွဲ့တဲ့အခါတိုင်း ဆရာကြီးလေသံနှင့် ကျုပ်ကို ဆုံးမတယ်။ အခုလည်း ခင်းဗျားက ဆရာကြီးလေသံနဲ့ပဲ။” ကျွန်တော်တို့၏ မိတ်သဟာယဖွဲ့ခြင်းဟာ အရည်မရ၊ အဖတ်မရ ဆိုတာထက် ဆိုးဝါးသွားပြီး ကျွန်တော်တို့ လုံးဝ သဘောထားကွဲလွဲသွားခဲ့သည်။ သူ ဤသို့ တုန့်ပြန်သည့်အတွက် ကျွန်တော်တွေးမိသည်မှာ “ကျွန်တော်က ခင်ဗျားကို ကူညီဖို့ မိတ်သဟာယဖွဲ့တာပါ၊ ခင်ဗျားရဲ့ အပြစ်အနာအဆာတွေကို ဖော်ပြပြီး ခင်ဗျားကို အရှက်ရစေချင်လို့မဟုတ်ပါဘူး။ အဲဒါကို လက်မခံဘဲ ခင်ဗျားက ကျွန်တော့်ကို အပြစ်ပြန်တင်ပြီးတော့ ဆရာကြီးလုပ်တယ်လို့ စွပ်စွဲတယ်။ ကောင်းပြီလေ၊ ခင်ဗျားကို မနှောက်ယှက်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပါတယ်။ ခင်ဗျား သမ္မာတရားကို ရှာဖွေနေတာ မဟုတ်ဘူးဆိုတာ ခင်ဗျားရဲ့ ငြင်းဆန်မှုက ပြနေတာပဲ။” ဤကိစ္စတွင် ကျွန်တော်ကိုယ်ကျွန်တော်တော့ အမှန်ပဲဟု အမြဲသတ်မှတ်ခဲ့ပြီး ဒီအစ်ကိုကတော့ မှားနေသည်ဟု ထင်ခဲ့သည်။ သို့သော် ဘုရားသခင်ကျွန်တော့အတွက်ပြင်ဆင်ပေးသည့် လူတွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကို ဖြတ်သန်းရင်း မကြာသေးခင်ကမှ ကျွန်တော်ကိုယ်ကျွန်တော် နားလည်လာသည်။

လွန်ခဲ့သည့် ရက်ပိုင်းကာလအတွင်းတုန်းက အသင်းတော်သည် ကျွန်တော်၏ ညီငယ်တစ်ယောက်ကို တာဝန်အသစ်တစ်ခု ချပေးခဲ့သည်။ သူသည် မကောင်းမွန်သော အခြေအနေတစ်ခုတွင် ရှိခဲ့ဖူးသည်။ သို့သော် ဤအစီအစဉ်စတင်ကတည်းက သူသည် လူသစ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပိုမိုစိတ်အားတက်ကြွကာ စကားပြောရာတွင် ပိုမိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာခဲ့သည်။ တစ်နေ့တွင် သူသည် ကျွန်တော်နှင့် မိတ်သဟာယဖွဲ့စဉ်တွင် သူ့၏ လေသံ၊ ပြောပုံဆိုပုံနှင့် အမူအရာတွေက ကျွန်တော်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူက ဘုရားသခင်၏ အလိုတော်ကို ကျွန်တော်နှင့် မိတ်သဟာယဖွဲ့ဆွေးနွေးတာ ကျွန်တော်သိသည်၊ ကျွန်တော် ပြဿနာတွေကိုလည်း အမှန်အတိုင်း ပြောသည်။ သို့သော် သူပြောတာလက်ခံဖို့ နေနေသာသာ သူ ပြောသမျှ ကျွန်တော်နားထဲမဝင်ပါ။ ကျွန်တော် ပေါက်ကွဲပြီး သူ့ကို ခံငြင်းဖို့ လက်တစ်ကမ်းအလို ကျွန်တော်ကိုယ်ကျွန်တော် သူ့နေရာတွင် မြင်မိသည်။ လွန်ခဲ့သည့် လပေါင်းများစွာက တခြား အစ်ကိုတစ်ယောက်နှင့် မိတ်သဟာယဖွဲ့တုန်းက ကျွန်တော်၏ လေသံနှင့် အမူအရာတွေကို ပြန်သတိရလာသည်။ ထိုစဉ်အခါတုန်းက ဆရာလုပ်သည်ဟု ကျွန်တော် အပြောခံခဲ့ရတာ မဆန်းပါ။ ထိုအစ်ကို ခံစားရသည်ဆိုတာ အမှန်ဘဲဖြစ်မည်။၊ ပြီးတော့ ကျွန်တော်က သူ့ကို ဆရာလုပ်တုန်းက ကျွန်တော်ကို သူ အော့နှလုံးနာပုံကို ကျွန်တော် နားလည်လာသည်။ ယင်ကောင်အသေကို စားမိပြီး ရွံ့ရှာပုံမျိုးဖြစ်သည်။ မပြောင်းလဲသည့် စိတ်နေစိတ်ထားနှင့်လူတွေ၏ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိဘူးဆိုတာ ထိုအချိန်ကျမှ နားလည်လာသည်။ သူ ထုတ်ဖော်တာက သူ့၏ သဘာဝနှင့် စာတန်၏ စိတ်နေစိတ်ထားပဲ ဖြစ်သည်။ ထိုအချိန်ကျမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သတိရမိသည်။ “သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်း နှင့် သိခြင်း နှင့်ပတ်သက်၍ အရေးကြီးဆုံးသော အရာမှာ၊ တိကျသော ကဏ္ဍတစ်ခုတွင် သင် ကောင်းစွာ ပြုခဲ့ပြီးသည် သို့မဟုတ် မှန်သော အရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင် ပို၍ ခံစားရလေ၊ သင်သည် ဘုရားသခင်၏ အလိုကို ပို၍ ကျေနပ်စေနိုင်လေ သို့မဟုတ် တိကျသော ကဏ္ဍတစ်ခုတွင် ကြွားဝါရန် ပို၍ လုပ်ရကျိုးနပ်လေ ဖြစ်သည်၊ ဤကဏ္ဍများ၌ သင့်ကိုယ်သင် သိရန် ပို၍ ထိုက်တန်ပြီး မည်သည့် မစင်ကြယ်မှုများ ရှိကြောင်းကို သိရန် ၎င်းတို့ကို တူးဖော်ပြီး ကြည့်ရန် နှင့် မည်သည့် အရာများသည် ဘုရားသခင်၏ အလိုကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ လုပ်ရကျိုးနပ်လေ ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့်ပေါ်ပေါက်သည့်အမြင်များကို သိခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ကျွန်တော်လုပ်သမျှ မှန်သည်ဟု ကျွန်တော်ထင်လေလေ၊ ကျွန်တော့်ကိုယ်ကျွန်တော် ပိုစစ်ဆေးဖို့ လိုလေလေ၊ ကျွန်တော် ဘာလုပ်နေတာလဲ ဆိုတာ ပိုသိဖို့လိုလေလေ ဆိုတာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ကျွန်တော် နားလည်လာသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ကျွန်တော်တို့ ခံရပြီးနောက်မှာ ကျွန်တော်တို့၏ နှလုံးသားသည် စာတန်၏ အဆိပ်များနှင့် အပြည့်ဖြစ်လာသည်၊ ကျွန်တော်တို့၏ သဘောသဘာဝတို့သည် ဘုရားသခင်ကို အလုံးစုံ ပုန်ကန်လာပြီး အာခံလာကြသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အပြုအမူတွေကို ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် အပြစ်ပေးမှုနှင့် ပြန်လည် မထိန်းချုပ်လျှင် ဘုရားသခင်ကို အံတုသလိုဖြစ်မည်။ ကျွန်တော်တို့ လုပ်သမျှဟာ သမ္မာတရားနှင့် ညီညွတ်သည်၊ ဘာမှ အမှားအယွင်း မရှိဟု ကျွန်တော်တို့ကိုယ်တိုင် ယုံကြည်နေရင်တောင်မှ ကျွန်တော်တို့၏ စိတ်နေစိတ်ထားမပြောင်းလဲသည့်အတွက်ကြောင့် ကျွန်တော်တို့၏ သဘာဝနှင့် အနှစ်သာရဟာ ဘုရားသခင်ကို ရန်လိုသလို ဖြစ်နေပြီး ကျွန်တော်တို့ ထုတ်ဖော်သမျှဟာလည်း စာတန်၏ အကျင့်ပျက်သည့် စိတ်နေစိတ်ထားတွေပဲ ဖြစ်နေလိမ့်မည်။ ဒီတော့ ကျွန်တော်တို့မှာရှိသည့် အညစ်အကြေးမှန်သမျှကို ခွဲခြမ်းစိတ်ဖြာ၊ သိရှိအောင်ပြုလုပ်ပြီး ပြုပြင်ဖို့ လိုလိမ့်မည်။ ထိုအစ်ကိုနှင့် မိတ်သဟာယဖွဲ့တုန်းက ကျွန်တော်၏ အပြုအမူကို ကျွန်တော်ပြန်သုံးသပ်ကြည့်သည့်အခါ ကျွန်တော်၏ ရည်ရွယ်ချက်တွေက ကောင်းမွန်သည်ဆိုတာ မှန်ပေမယ့် ကျွန်တော်၏ ချဉ်းကပ်ပုံ မှားနေသည်ဆိုတာ သတိမပြုမိခဲ့ပါ။ ကျွန်တော်ကိုယ်ကျွန်တော် သမ္မာတရား၏ သခင်ဟု သတ်မှတ်ပြီး သူ့၏ အခြေအနေကို ကျွန်တော်က ပြောနိုင်သည်ဟု ယုံကြည်နေသည်။ ကျွန်တော်ပြောသည့် သူ့၏ ပြဿနာတွေ၊ အခြေအနေတွေကလည်း မှန်ကန်သည်ဆိုပြီး ကျွန်တော်ပြောတာကိုလည်း သူ့ကို အတင်းလက်ခံခိုင်းသလို ဖြစ်နေသည်။ သူက ကျွန်တော်ကို ခံငြင်းတာနှင့် ကျွန်တော်က သူ့ကို သမ္မာတရားမလိုက်စားသည့်လူဟု သမုတ်မိသည်။ ကျွန်တော်သည် ခက်ထန်မောက်မာသည်၊ သူများကို ထိန်းချုပ်ပြီး ပညာပေးချင်စိတ်တွေရှိသည် ဆိုတာ ကျွန်တော်၏ အပြုအမူတွေကနေ သိလာသည်။ ဒါတွေဟာ စာတန်၏ စက်ဆုပ်ရွံ့ရှာစရာကောင်းသည့် စိတ်နေစိတ်ထားတွေဖြစ်သည်။ ကျွန်တော်၏ ဖော်ပြမှုနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဝေဖန်ချက်တို့သည် မည်သို့ကွာခြားနေပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီဟာ ပါတီ၏ ရည်ရွယ်ချက်အတိုင်း လူတွေကို စွပ်စွဲသည့်အခါ၊ ပါတီ၏ ဝေဖန်ချက်တွေကို နားထောင်ခိုင်းသည့်အခါ လူတိုင်းကို ဝါးလုံးနှင့်သိမ်းကျုံးရမ်းသလို လုပ်တတ်သည်။ ကျွန်တော် ထိုအစ်ကိုကို မိတ်သဟာယမဖွဲ့ခင်မှာ ဘုရားသခင်ကို ဆုတောင်းတာ၊ ကိုယ်တော်၏ အဆုံးအမခံယူတာ မလုပ်ခဲ့၊ သူ ဖော်ပြနေတာတွေက ကျွန်တော်ထင်မြင်သည့်အတိုင်း သေချာမှုရှိအောင် မပြုလုပ်ခဲ့ပါ။ သူဟာ ယုတ်မာသည့်စိတ်အခြေအနေရှိမှာပဲ ဟု ယုံကြည်ပြီး ကိုယ့်စိတ်ကူးနှင့်ကိုယ် သူ့ကို ကျွန်တော် ရှုံ့ချမိသည်။ ရလဒ်ကတော့ သူ့၏ ဝတ္တရားတွေလည်း ဘာမှမကျေပွန်တော့ဘဲ ကျွန်တော်ကပဲ သူ့ကို ကျွန်တော်အမှန်ဆိုပြီး ဖိပြောမိခြင်းဖြစ်သည်။ ကျွန်တော်လုပ်သမျှ၊ ပြောသမျှတွေနှင့် ကျွန်တော်ပုံစံကပါ စေတန်၏ မောက်မာသည့် စိတ်နေစိတ်ထားအသွင်ဆောင်နေသည်ဟု သိလာသည်။ ဤသို့ အကျင့်ပျက်သည့် စိတ်နေစိတ်ထားနှင့် မိတ်သဟာယဖွဲ့ လျှင် မည်သူ့ကို အကျိုးပြုနိုင်မည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်အပေါ်တွင် မည်သို့အလုပ်လုပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ အလုပ်မပါဘဲနှင့် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး မိတ်သဟာယဖွဲ့နေ်လျှင် အကျိုးရလဒ်များရဖို့အတွက် မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ ထိုအခါကျ မှသာ ကျွန်တော်၏ မိတ်သဟာယဖွဲ့မှုက ဘာအကျိုးမှ မရှခြင်းသည် သမ္မာတရားကို ထိုအစ်ကို လက်မခံတာကြောင့် မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်က ဘုရားသခင်ကို ကြောက်ရွံ့သည့်နှလုံးသားမရှိ၍၊ ကျွန်တော်၏ ချဉ်းကပ်ပုံမှား၍ဆိုတာ ကျွန်တော် သိလာသည်၊ ပြီးလျှင်ကျွန်တော်သည် ဘုရားသခင်က မုန်းအောင်လုပ်မိသည့်အပြင် တခြားသူတွေကိုလည်း ရွံရှာအောင် လုပ်မိသည်။

ကျွန်တော်ကိုယ်ကျွန်တော် ပိုပြီးနားလည်လာစေရန်၊ ပြီးလျှင်လူတို့သည် ကောင်းမွန်သည့်ရည်ရွယ်ချက်တွေရှိသည်၊ သူ့တို့လုပ်သမျှ မှန်သည်ဟု သူတို့ကိုယ်သူတို့ ထင်နေရင်တောင်မှ သူတို့၏ စိတ်နေစိတ်ထား မပြောင်းလဲလျှင် သူတို့သည် စာတန်ကဲ့သို့ အကျင့်ပျက်သည့် စိတ်နေစိတ်ထားတွေ ဖော်ပြမိမည် ဖြစ်သည် ဆိုသည်ကို နားလည်လာစေရန် ဤအခြေအနေမှန်တစ်ခုကို စီစဉ်ပေးခဲ့သည့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်သည်။ လူတို့သည် ပြန်လည်ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်နားလည်ရန် ကြိုးစားရမည့်အချိန်မှာ ဤအချိန်မျိုးဖြစ်သည်။ ကျွန်တော်၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရကို ကျွန်တော်ကိုယ်တိုင် ပိုသိလာအောင်၊ ပြဿနာတွေကို အပေါ်ယံအကြည့်နှင့် မကြည့်မိစေရန်၊ ကျွန်တော်၏ ရည်ရွယ်ချက်ကောင်းမွန်သည်ဆိုပြီး ကျွန်တော်၏ အကျင့်ပျက်သည့် သဘာဝကို မျက်စိမလျှမ်းမိအောင် ဒီအချိန်ကစပြီး ကျွန်တော်ဘဝ၏ စိတ်နေစိတ်ထားပြောင်းလဲဖို့ အာရုံစိုက်ချင်သည်။ ကျွန်တော်၏ စိတ်နေစိတ်ထား မကြာခင်မှာ ပြောင်းလဲလာပြီး ဘုရားသခင်၏ နှလုံးသားကို ငြိမ်းအေးစေဖို့ ကျွန်တော်ကိုယ်ကျွန်တော် အလုံးစုံ သိလာအောင် ကြိုးစားပါတော့မည်။

ယခင်က:မကျရှုံးမီ မာနထောင်လွှားသောဝိညာဉ်လေး

နောက်တစ်ခုသို့:ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှန်တစ်ချပ်သဖွယ် ကျင့်သုံးခြင်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ