အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၀၃ ဘုရား၏တည်ရှိမှုကို လူတို့သည် အရေးမစိုက်ကြကျူး

၁ နေ့စဉ် ငါသည် စကြဝဠာ၏ မျက်နှာကိုကြည့်၍ နေ့စဉ် ငါသည် လူသားအကြား ငါ၏အမှုအသစ်ကို လုပ်ဆောင်၏။ သို့ရာတွင် လူတို့အားလုံးသည် “ကိုယ်ကျိုးမငဲ့ဘဲ လုပ်ကိုင်နေကြ၍” မည်သူမျှ ငါ့အမှု၏လှုပ်ရှားမှုနှင့် အင်အားများကို အလေးဂရုပြုခြင်း သို့မဟုတ် ၎င်းတို့ထက်ကျော်လွန်၍ အခြေအနေများကို ဂရုပြုခြင်းတို့မရှိပေ။ ဤသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသော ကောင်းကင်အသစ်နှင့် မြေကြီးအသစ်တို့တွင် နေထိုင်၍ အခြားမည်သူကမျှ အနှောင့်အယှက်ပေးသည်ကို မလိုလားသည့်အလား ဖြစ်၏။ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်တိုင် ပျော်ပါးနေခြင်းအလုပ်ကိုသာ လုပ်ကိုင်ကြလျက် “ကာယလေ့ကျင့်ခန်းများ” လုပ်ရင်း ၎င်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းနေကြ၏။ လူသား၏နှလုံးသား၌ အကယ်ပင် ငါ့နေရာတစ်ခုမျှ မရှိသလော။ ငါသည် လူသား၏နှလုံးသားကို အုပ်စိုးသူဖြစ်နိုင်စွမ်း အကယ်ပင်မရှိသလော။ လူသား၏ဝိညာဉ်သည် သူ့အား အကယ်ပင် ထားရစ်ခဲ့ပြီလော။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို မည်သူသည် သေချာစွာ တွေးဆခဲ့ဖူးသနည်း။ ငါ့နှလုံးသား၏ဆန္ဒကို မည်သူသည် သိမြင်ခဲ့ဖူးသနည်း။ အခြားအရာတစ်ခုသည် လူသား၏နှလုံးသားကို အကယ်ပင် သိမ်းပိုက်ခဲ့ပြီလော။ ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း ကရုဏာရှိသူ တစ်စုံတစ်ဦး ရှိခဲ့ဖူးသလော။

၂ ကြိမ်ဖန်များစွာ ငါသည် လူသားအပေါ် စိတ်ပျက်ခဲ့ရ၏၊ ကြိမ်ဖန်များစွာ ငါသည် သူ၏ညံ့ဖျင်းသောဆောင်ရွက်မှုကြောင့် ဒေါသအမျက်ထွက်သွားခဲ့ရ၏၊ ထို့အပြင် ကြိမ်ဖန်များစွာ ငါသည် သူ၏အားနည်းမှုကြောင့် စိတ်ထိခိုက်ခဲ့ရ၏။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာခံစားချက်ကို နှိုးဆော်ခြင်းမပြုသနည်း။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာကို မလှုံ့ဆော်သနည်း။ လူသားသည် ငါ့အား အဘယ်ကြောင့် သူ၏လည်ဆွဲဒါလီအဖြစ် ဆက်ဆံရန် လိုလိုလားလားမရှိသနည်း။ လူသား၏နှလုံးသားသည် သူ၏ကိုယ်ပိုင်နှလုံးသား မဟုတ်သလော။ သူ၏ဝိညာဉ်တွင် အခြားအရာတစ်ခုသည် ဝင်ရောက်နေထိုင်ခဲ့ပြီလော။ လူသားသည် အဘယ်ကြောင့် မရပ်တမ်းငိုကြွေးသနည်း။ သူသည် အဘယ်ကြောင့် စိတ်မချမ်းမြေ့နေသနည်း။ သူဝမ်းနည်းသည့်အခါ သူသည် ငါ၏တည်ရှိမှုကို အဘယ်ကြောင့် လျစ်လျူရှုသနည်း။ ငါသည် သူ့အား ဓားနှင့်ထိုးသလော။ ငါသည် သူ့အား တမင်စွန့်ခွာထားရစ်ခဲ့ပြီလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သင်၏သဘာဝသည် အလွန်ဖောက်ပြန်၏ကျူး

နောက်တစ်ခုသို့:အမြော်အမြင်ရှိလျက် ဘုရားစီမံပေးမှုအားလုံးကို နာခံလော့ကျူး

သင်နှစ်သက်နိုင်သည့် အရာများ

  • ဘုရားမေတ္တာဟာ စစ်မှန်လှပါတယ်

    ၁ ဘုရားရဲ့လူသားတို့ကို သိမ်းပိုက်ခြင်း ဟာ ကြီးမားလှတဲ့ ကယ်တင်မှုပါ လူသည် အပြစ်နဲ့လိင်ဖောက်ပြန်မှုတွေ များပြားလှ၏ ယခု သင်သည် ဘုရားကို မျက်နှာချင်းဆိုင်…

  • အရာအားလုံး ဘုရား၏လက်ထဲမှာ

    I တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ် ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ ဘယ်သူမှ ပြောင်းလဲလို့မရပါ။ ပြောခဲ့တဲ့စကားဖြစ်ဖြစ် နောင်ပြောမ…

  • ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

    I လူတွေများစွာယုံကြည်သော်လည်း တချို့သာ ယုံကြည်ခြင်းအစစ်အမှန်ကို သဘောပေါက် ဘုရားရဲ့ဆန္ဒအတိုင်း လိုက်မလုပ်တတ်ကြ “ဘုရား” “ဘုရားအမှုတော်” ဆိုတဲ့စကားလုံးတ…

  • သခင် ယေရှုကို အတုယူကြစေ

    ၁ ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊ လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊ ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊ တစ်ကိုယ်ခေါင်းဆ…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ