၄၅၉ ဤလမ်းကို ငါတို့လိုက်ရန် ဘုရားခွဲခန့်မှတ်သားထားခဲ့၏ကျူး

၁ ပိုခိုင်မာကာ ပိုစစ်မှန်သောလမ်းကို ငါတို့နင်းလျှောက်နိုင်ခြင်းငှာ ဘုရားသခင်သည် ငါတို့အတွက် လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးခဲ့သည့် အချိန်ပေါင်းများစွာရှိကြောင်းကို ငါတို့၏လက်တွေ့ အတွေ့အကြုံများတွင် ငါတို့တွေ့နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အချိန်၏အစအဦးကတည်းက ဘုရားသခင်သည် ထိုလမ်းကို ငါတို့အတွက် ဖွင့်ပေးခဲ့ပြီး နှစ်သောင်းပေါင်းများစွာ ကုန်လွန်ပြီးသည်အထိ ငါတို့၏ မျိုးဆက်ထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ထို့ကြောင့် ငါတို့သည် ထိုလမ်းကြောင်းကို အဆုံးတိုင် မလျှောက်ခဲ့ကြသော ငါတို့၏ရှေ့လူများအား ဆက်ခံနေကြခြင်းဖြစ်သည်။ ငါတို့သည် ထိုလမ်း၏နောက်ဆုံးအပိုင်းကို လျှောက်ရန် ဘုရားသခင် ရွေးကောက်ထားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

၂ ထို့ကြောင့် ထိုအပိုင်းကို အထူးသဖြင့် ငါတို့အတွက် ပြင်ဆင်ထားသည်။ ထို့ပြင် ငါတို့သည် ကောင်းချီးခံစားသည်ဖြစ်စေ၊ ကံဆိုးခြင်းနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ဤလမ်းကြောင်းကို ငါတို့မှအပ မည်သူမျှ မလျှောက်နိုင်ပါ။ ဤအရာအတွက် ငါ၏ကိုယ်ပိုင်အမြင်ကို ထပ်ထည့်မည်။ အခြားသောနေရာသို့ လွတ်ရန် အစီအစဉ်မဆွဲနှင့်။ သို့မဟုတ် အခြားသောလမ်းကို မရှာနှင့်။ ရာထူးဂုဏ်သိမ်ကို တောင်တခြင်းမရှိနှင့်၊ သို့တည်းမဟုတ် မိမိကိုယ်ပိုင်နိုင်ငံကို မတည်ထောင်နှင့်။ ဤအရာအားလုံးသည် လှည့်စားမှုများသာ ဖြစ်သည်။ ဤစကားလုံးများဘက်သို့ သင်ဘက်လိုက်နေလျှင် သင်ရှုပ်ထွေးမှုမရှိလာစေရန် ငါအကြံပြုလိုသည်။ သင်ပြန်စဉ်းစားကြည့်လျှင် အကောင်းဆုံး ဖြစ်သည်။ အလွန်ကျွမ်းကျင်ရန် မကြိုးစားနှင့်၊ သို့မဟုတ် အမှန်နှင့်အမှားကို မခွဲခြားနိုင်ဘဲ မဖြစ်နှင့်။ ဘုရားသခင်၏အကြံအစည်တော် ပြည့်စုံသည့်အခါ ထိုအရာကို သင်နောင်တရလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာသည့်အခါ လောကရှိ တိုင်းနိုင်ငံအားလုံးတို့ကို တစ်စစီဖြစ်အောင် ရိုက်ခွဲမည် ဖြစ်သည်။ ထိုအချိန်တွင် သင်၏ကိုယ်ပိုင်အကြံအစည်များသည် ပျက်သုန်းသွားကြသည်ကို သင်တွေ့မြင်ပြီး ပြစ်တင်ဆုံးမခြင်းကို ခံရသောသူများသည် ရိုက်ခွဲခြင်းခံသောသူများ ဖြစ်သည်ကို သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်သည် သူ၏စိတ်နေသဘောထားကို စုံလင်စွာ ဖွင့်ပြမည်ဖြစ်သည်။

၃ ဤအရာကို ကောင်းမွန်စွာ ငါသိသောကြောင့် အနာဂတ်တွင် သင်တို့သည် ငါ့ကို ပြစ်တင်ဝေဖန်မှုမပြုအောင် ဤအရာကို သင်တို့အား ငါပြောသင့်ကြောင်း ငါသိ၏။ ယနေ့အထိ ဤလမ်းကို ငါတို့လျှောက်နိုင်ခြင်းအကြောင်းမှာ ဘုရားသခင် ဘိသိတ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ထူးခြားသောပုဂ္ဂိုလ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ကံဆိုးသောသူဖြစ်သည်ဟူ၍လည်းကောင်း မထင်မိစေနှင့်။ သင်သည် တစ်စစီဖြစ်အောင် ရိုက်ခွဲခြင်း ခံရမည်စိုးသောကြောင့် ဘုရားသခင်၏ လက်ရှိအလုပ်နှင့် ပတ်သက်၍ မည်သူမျှ အခိုင်အမာပြောဆိုခြင်း မပြုနှင့်။ အလင်းသည် ငါ့ထံသို့ ဘုရားသခင်၏အလုပ်အားဖြင့် ရောက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်သည် ဤလူအုပ်စုကို စုံလင်စေမည်ဖြစ်ပြီး သူ၏အလုပ်သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ သူသည် ဤလူစုကို လမ်းဆုံးထိ ခေါ်ဆောင်သွားမည်ဖြစ်ပြီး လောကတွင် သူ၏အလုပ်ကို စုံလင်စေမည် ဖြစ်သည်။ ဤအရာသည် ငါတို့အားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း … (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

အရှေ့သို့- သန့်စင်ခြင်းခံရရန် နောက်ဆုံးသောကာလ ခရစ်တော်၏ တရားစီရင်ခြင်းကို လက်ခံလော့ကျူး

နောက်တစ်ခုသို့- လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျော်လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန်သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့လူတို့အတွက် ပူပန်မှုကို တန်ဖိုးထားတတ်လာမယ်သံသယစိတ်တွေ၊...

ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှန်ကျူး

၁ လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်...

ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်