သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကျမ်းဦးစကား

၁၉၉၁ ခုနှစ်တွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်၌ ပေါ်ထွန်းခဲ့ပြီး စတင်၍ အမှုပြုခဲ့သည်။ ကိုယ်တော်သည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏အိမ်တော်မှ စတင်သည့် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေခဲ့သည်။ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ခဲ့ကာ၊ ကောင်းကင်နိုင်ငံတော် ရောက်ရှိလာခြင်းနှင့်ဆိုင်သည့် ဧဝံဂေလိတရားကို ယူဆောင်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်ပေးရန်နှင့် ကယ်တင်ရန်အလို့ငှာ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး၊ သမ္မာကျမ်းစာထဲရှိ ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသည့် တံဆိပ်ခတ်ထားသော စာစောင်ကို စေ့စေ့စပ်စပ် ဖွင့်ခဲ့လေသည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ဘုရားသခင်စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်ပုံ၊ လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်း၌ အဘယ်ကြောင့် အဆင့်သုံးဆင့်ရှိနေပုံ၊ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပုံ၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက်၊ သမ္မာကျမ်းစာ၏ အတွင်းကျကျဇာတ်လမ်း၊ ဘုရားသခင်၏ အတုမရှိသော သြဇာအာဏာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏ သန့်ရှင်းမှု၊ လူသားမျိုးနွယ်ကို စာတန်က မည်သို့ဖျက်ဆီးပုံ၊ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်ပုံ၊ ဘေးဒဏ်များမတိုင်မီတွင် ချီဆောင်ခံရခြင်း၏ နက်နဲရာအချက်၊ အောင်မြင်သောသူများကို မည်သို့ပြုလုပ်ပုံ၊ ကွဲပြားခြားနားသော လူအမျိုးမျိုးတို့၏ နောက်ဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ထို့ပြင် ခရစ်တော်၏ နိုင်ငံတော်သည် မည်သို့တည်လာမည့်ပုံ စသည်တို့ကဲ့သော လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ပုံ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် နက်နဲရာအချက်များကို လုံးလုံးပင် ကိုယ်တော်ထုတ်ဖော်ခဲ့၏။ ကိုယ်တော်သည် အသစ်သော သိမှုနယ်ပယ်များကို အကယ်ပင် လမ်းဖွင့်ပေးခဲ့ပြီး မျက်စိအရသာခံစရာကို ထောက်ပံ့ပေးခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါသည် နောက်ဆုံးသောကာလတွင် ငါ၏ စာစောင်ကို ဖွင့်သည့်အခါ၊ ဤအရာကို သင်တို့အား ပြောကြားမည်။ (စာစောင်သည် ငါ ပြောဆိုထားသော နှုတ်ကပတ်တော်များဖြစ်သည့်၊ နောက်ဆုံးသောကာလ ငါ၏ နှုတ်ကပတ်တော်များအားလုံးကို ရည်ညွှန်းသည်၊ ဤအရာအားလုံးသည် ယင်းစာစောင်ထဲ၌ရှိ၏)။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏အလုပ်၊ ထို့ပြင် လူသားနားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော်ပြသပြီး ယင်းသည် ခရီးဆုံးပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်၊ ထို့ပြင် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် ဖြစ်သည်။ နောက်ဆုံးသောကာလရှိ ဤအလုပ်အဆင့်သည် အရာအားလုံးကို အဆုံးသတ်ခြင်း ဖြစ်သည်။ လူသားနားမလည်သည့် နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူသားအား ထိုအရာများကို အသေးစိတ် နားလည်ခွင့်ပေးကာ သူ၏ စိတ်နှလုံးတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထို့နောက်တွင်မှသာ လူသားမျိုးနွယ်သည် သူတို့၏အမျိုးအစားများအလိုက် ခွဲခြားခံရနိုင်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”) နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြခဲ့သော နှုတ်ကပတ်တော်များသည် ကြွယ်ဝပြီး၊ အသီးအပွင့်များ ဖြစ်ထွန်းကာ၊ ကျယ်ပြန့်ပြည့်စုံ၍ ခရစ်တော်သည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ ဧကန်အမှန်ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်တော်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်သည့် နိစ္စထာဝရတည်သော အသက်ကို လူသားမျိုးနွယ်ထံ ယူဆောင်လာပေးကြောင်းတို့ကို လူတို့အား မြင်တွေ့ခွင့် ပေးလေသည်။

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ၏ လူများသည် ငါ၏ အသံကို နားထောင်ကြလိမ့်မည်၊ ငါ့ကို အမှန်တကယ် ချစ်ခင်သော ထိုသူတို့ တစ်ယောက်ချင်းစီသည် ငါ၏ ပလ္လင်ရှေ့မှောက်သို့ အရောက်ပြန်လာကြလတ္တံ့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုသည် တရုတ်ပြည်မကြီးတွင် စတင်ခဲ့ကတည်းက၊ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများမှ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသည့်လူများ၊ သမ္မာတရားကို ချစ်မြတ်နိုးကြသည့်လူများ၊ ထို့ပြင် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တကြသည့်လူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောဆိုထားသော နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အသံတော်ကို မှတ်မိခဲ့ကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များကို မိန့်တော်မူသောအရာ ဧကန်အမှန်ဖြစ်ကြောင်းနှင့် နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်သည် သူ၏အမှုကိုပြုရန် ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်းတို့ကို ၎င်းတို့က မြင်တွေ့ခဲ့ကြသည်။ ဤလူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်တွင် စုရုံးနေခဲ့ကြသည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ ပို၍ပို၍များပြားသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို စုံစမ်းစစ်ဆေးရန် ကြိုးစားနေကြ၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တဖြည်းဖြည်းနှင့် ပြန်လည်ရှင်သန်လာခဲ့ပြီး သမ္မာတရားကို စတင်လက်ခံလာကြပြီဖြစ်ကာ သမ္မာတရားကို စတင်သိကျွမ်းလာကြပြီဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို နိုင်ငံတော်ခေတ်ဖြစ်သည့် ခေတ်သစ်တစ်ခုထဲသို့ ခေါ်ဆောင်သွားပေလိမ့်မည်။ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဆာငတ်ပြီး ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရှာဖွေကြသော လူအားလုံးသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာကြလိမ့်မည်။ ဤသည်မှာ ကြီးမားသည့် လားရာကြီးဖြစ်သည်၊ ဘုရားသခင်က ဧကန်မုချ ပြည့်စုံစေမည့် လက်တွေ့အရှိတရားဖြစ်သည်။

လက်ရှိအချိန်တွင် ဘာသာရေးလောကတစ်ခုလုံးမှ လူများစွာတို့သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ဆာငတ်ကြပြီး ရှာဖွေနေကြသည်၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များကို မိန့်တော်မူသောအရာမှာ အဘယ်အရာဖြစ်သည်ကို ရှာဖွန်ရန်အလို့ငှာ ၎င်းတို့ အာရုံမစူးစိုက်ကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏အသံတော်ကို မကြားကြပေ၊ ထို့ကြောင့် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို ၎င်းတို့ မကြိုဆိုနိုင်ကြချေ။ နိုင်ငံအားလုံးနှင့် နေရာဒေသအားလုံးမှ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ဆာငတ်သောလူတို့အနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို အလွယ်တကူ လေ့လာကာ စုံစမ်းစစ်ဆေးနိုင်ပြီး ဘုရားသခင်၏အသံတော်ကို ကြားနိုင်ကြကာ ကိုယ်တော်၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်ခြင်းကို ခံရနိုင်ကြစေရန်အလို့ငှာ ကျွန်ုပ်တို့အနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုထဲတွင် ဖော်ပြထားသော ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရားများကိုယူကာ ၎င်းတို့အား ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့၏ သမ္မာတရားနှစ်ဆယ်ခုအဖြစ်သို့ စုဆောင်းပြုစုပြီး တည်းဖြတ်ထားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ့ အမှုကို ရှာဖွေပြီး စုံစမ်းစစ်ဆေးကြသော သူတို့အနေဖြင့် ဘာသာရေးအယူအဆများ၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိယုတ္တာမရှိမှုတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားများအရ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် အကူအညီပေးရန်အလို့ငှာ၊ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားဒေသနာများနှင့် မိတ်သဟာယပြုချက်တို့ကို ထိုသူတို့၏ တူညီသော ဘာသာရေးအယူအဆများနှင့်အညီ စုဆောင်းပြုစုထားပါသည်။ ထိုသို့အားဖြင့် လူတို့သည် ၎င်းတို့ကို ချည်နှောင်ကာ ချုပ်ထိန်းထားခဲ့သော ဘာသာရေးအယူအဆများကို ဖယ်ရှားနိုင်ကြလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြကာ ဘုရားသခင်၏ပလ္လင်တော်ရှေ့ေမှာက်သို့ ဆောင်ယူခြင်းကို ခံနိုင်ကြလိမ့်မည်ဖြစ်သည့်အပြင်၊ သိုးသငယ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်နိုင်ကြပေလိမ့်မည်။

နောက်တစ်ခုသို့:ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ