၉၀) အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ ရွေးချယ်ခံ လူများသည် အခြေခံသဘောတရားများအတိုင်း ပြုမူလာလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုရန်နှင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူကြသည်နှင့်အမျှ ၎င်းတို့ကို ဦးဆောင်ဖို့ လိုအပ်သည်။

(၂) ဘုရားသခင်၏ အမှုကို ကာကွယ်ဖို့ လိုအပ်သည်။ ဘုရားသခင်၏ ရွေးချယ်ခံ လူများကို အန္တိခရစ်များ၊ ဆိုးယုတ်သော လူများ၊ နတ်ဆိုးများနှင့် စာတန်ဆိုင်ရာ အင်အားစုမျိုးစုံတို့၏ လှည့်ဖြားမှုနှင့် နှောင့်ယှက်မှုတို့မှ ကာကွယ်လော့။

(၃) မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် စိတ်သဘောထားညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်သည်။ အချိန်တိုင်းတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သစ္စာရှိလော့၊ ဇာတိအကျိုးစီးပွားများကို ဘေးဖယ်ထားနိုင်ခြင်း ရှိလော့၊ သင်၏ ကိုယ်ပိုင် အရေးကိစ္စကို ဦးစီးဦးရွက် မပြုနှင့်။

(၄) ခေါင်းဆောင်မှုနှင့်ဆိုင်သည့် ပဓာနကျသော အလုပ်ကို နားလည်ရန် လိုအပ်သည်။ အကြင်သူသည် ဘုရားရွေးချယ်ခံ လူတို့၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် မဆက်နွှယ်သည့် အရာများကို မည်သည့်အခါတွင်မျှ မလုပ်ရ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ သင်အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် သင်၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ သင်၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ၊ သင်သည် အမှား အလွန် လုပ်တတ်လေ့ရှိမည် မဟုတ်ပေ။ ဤနယ်ပယ်၌ မိမိ၏ အတွေ့အကြုံ နည်းပါးနေသေးသည့် သင်တို့အတွက်၊ သင်တို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များက သင်တို့၏ အလုပ်ကို အနည်းငယ် သာ၍ အရည်အသွေးညံ့ဖျင်းစေ၏။ တစ်ခါတစ်ရံ၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည့် သင်တို့အတွင်းရှိ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်။ အခြားအချိန်များတွင်၊ သင်တို့သည် ယင်းကို နားလည်ပုံရကြသော်လည်း၊ ယင်းကို သင်တို့ လျစ်လျူရှုနိုင်ဖွယ်ရှိသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ၊ လျော်ကန်သည်ဟု သင် ထင်သည့်အတိုင်း ပြုမူရင်း၊ လူသားပုံစံဖြင့် အမြဲ စိတ်ကူးသည်၊ သို့မဟုတ် ကောက်ချက်ချသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမဆို ဘေးဖယ်ထားရင်း၊ သင်ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များအတိုင်း လုံးဝဥဿုံ သင်၏ အလုပ်ကို လုပ်သည်။ ထိုသို့သော အခြေအနေများက မကြာခဏ ဖြစ်ပွား၏။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် လောကသဘာဝနှင့် သာမန်လူတို့ မမီနိုင်သောအရာ လုံးဝ မဟုတ်ပေ။ အမှန်တွင်၊ ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင်၊ ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ကို သင် သိသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် သင်၏တွေးဆမှုမှ မလာခဲ့ဘဲ၊ စိတ်ထဲမှ သင် ဖြစ်ပေါ်စေသည့် ခံစားချက်မျိုးတစ်ခု ဖြစ်ခဲ့ကာ၊ တစ်ခါတစ်ရံ သင့်ကို မည်သည့်အရာက ဤသို့ပြုမူစေသည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းကလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဤသည်မှာ လူအများစု၌ အများဆုံးအနေဖြင့် ဖြစ်ပွားသည့်ပုံ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး၊ အားလုံးသည် မိမိလိုအင်ဆန္ဒ၊ မိမိအကျိုးကို ရှာတွေ့နိုင်သည့် နယ်ပယ်များနှင့် တစ်စုံတစ်ရာက မိမိအတွက် မည်သည့်အကျိုးအမြတ်များ ရရှိနိုင်သည်ဟူသည့် ထင်မြင်ယူဆချက်များဖြင့် ရောနှောနေပေသည်။ လူသား စိတ်ဆုံးဖြတ်ချက်တိုင်း၏အထဲတွင် ဤအရာများ ရှိပေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။ ပြည့်စုံသောခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို အာရုံစိုက်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံသောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြပြီး သမ္မာတရားကို မမောနိုင်မပန်းနိုင် လိုက်စားကြသည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ့အတွက် ကောင်းမွန်စွာသက်သေခံဖို့၊ လူတစ်ဦးသည် မိမိ၏အလုပ်ကို မသန့်ရှင်းသောအရာများဖြင့် ရောနှောခြင်းနှင့် ရည်ရွယ်ချက်များနှင့်ဆိုင်သည့် အရိပ်လက္ခဏာများအတွက် စုံစမ်းစစ်ဆေးသင့်သည်၊ ထို့နောက် အလုပ်၏မည်မျှက လူသား ထင်မြင်ယူဆချက်များအားဖြင့် လှုံ့ဆော်ခံရသည်၊ မည်မျှက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ပေါက်ဖွားပြီး မည်မျှက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်ဆိုသည်တို့ကို မြင်ဖို့ရန် ကြိုးစားသင့်ပေသည်။ သင်သည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ်၊ အခြေအနေအားလုံးတွင် ဆန်းစစ်ရမည်။ ဤပုံစံဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်အား အစေခံခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် ဘုရားသခင်ကိုအစေခံမှု စွမ်းဆောင်ရရှိဖို့ သမ္မာတရားများစွာပိုင်ဆိုင်ရန် လိုအပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင်သာ သိမြင်နိုင်စွမ်းရှိကြပြီး ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများမှ မည်သည့်အရာ ထွက်ပေါ်သည်ဆိုသည်နှင့် ၎င်းတို့ကို လှုံ့ဆော်သည့် အရာကိုညွှန်ပြသည့် အရာများကို သတိပြုနိုင်ကြလေသည်။ လူသား၏ မစင်ကြယ်မှုများအပြင် သမ္မာတရားအတိုင်း ပြုမူဖို့ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို သတိပြုမိနိုင်ကြလေသည်။ ထိုအခါမှသာ ၎င်းတို့သည် သာ၍ ဖြူစင်စွာ မည်သို့ ကျိုးနွံနာခံရမည်ကို သိကြသည်။ သမ္မာတရားမရှိဘဲနှင့်၊ ချင့်ချိန်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ဖို့ လူတို့အတွက် မဖြစ်နိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် သမ္မာတရားကို နားမလည်သောကြောင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရဖို့က မည်သည့်အရာဆိုလိုသည် သို့မဟုတ် ဘုရားသခင်ကို ခုခံဖို့က မည်သည့်အရာဆိုလိုသည်ကို သိရှိခြင်းမရှိဘဲ သူ၏တစ်သက်တာလုံး ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်မိပေမည်။ ထိုအတွေးက သူ၏စိတ်ထဲတွင် ရှိပင်မရှိပေ။ အရည်အချင်း အလွန်နိမ့်ကျသော လူတို့အတွက် သမ္မာတရားသည် လက်လှမ်း၍မမီနိုင်ပေ။ ထိုသမ္မာတရားနှင့်ပတ်သက်၍ သင် ၎င်းတို့နှင့် မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် နားဝေတိမ်တောင်ဖြစ်ကြပေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ နားဝေတိမ်တောင်ဖြစ်သော လူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ၎င်းတို့သည် အစေခံမှု အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ကြသည်။ ဘုရားသခင် အပ်နှင်းသည့် အလုပ်ကို ဖြည့်ဆည်းဖို့အလို့ငှာ၊ ဤအခြေခံသဘောတရားနှစ်ခုကို နားလည်ဖို့ လိုအပ်၏။ လူတစ်ဦးသည် အထက်မှ အလုပ်စီမံခန့်ခွဲမှုများကို တင်းတင်းကြပ်ကြပ် လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် လမ်းပြမှုကိုမဆို လိုက်နာခြင်းအား အာရုံစိုက်ရမည်။ ဤအခြေခံသဘောတရားနှစ်ခုကို သဘောပေါက်သည့်အခါမှသာ လူတစ်ဦး၏ အလုပ်သည် ထိရောက်နိုင်ပြီး ဘုရားသခင်၏အလို ပြည့်စုံပေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ” မှ

ဘုရားသခင်ကို လူတို့အစေခံရာတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ သိကြသလော။ ခေါင်းဆောင်များအဖြစ် အစေခံကြသောလူအချို့သည် အမြဲတစေ ကွဲပြားခြားနားဖို့ ကြိုးစားလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်အချို့ကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ အချို့က “ဤအရာကို ကျွန်ုပ် ပြုလုပ်ပါက၊ ဘုရားသခင်သည် အလွန်ဝမ်းမြောက်စေမည်မှာ ကျွန်ုပ် သေချာသည်၊ သူသည် ၎င်းကို အမှန်တကယ်ပင် နှစ်သက်လိမ့်မည်။ ဤအကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ် မြင်စေမည်ဖြစ်၍ သူ့ကို ကောင်းသော အံ့ဖွယ်တစ်ခုကို ပေးမည်” ဟူ၍ပင် ဆိုကြသည်။ ဤ “အံ့ဖွယ်”၏ ရလဒ်ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ဆုံးရှုံးကြပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပေသည်။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင် ပြစ်မှားမိပြီး သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီးနောက် ပယ်ရှင်းခံရသည့်အခါ၊ သင် ပြောစရာ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည်မဟုတ်။ သင်၏ အကြံမည်သည့်အရာဖြစ်စေ၊ ပြီးလျှင် ယင်းကို သင် တမင်သက်သက် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ စိတ်သဘောထားကို သို့မဟုတ် သူ၏ အလိုတော်ကို သင် နားမလည်လျှင်၊ သူ့ကို သင် သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိလိမ့်မည်၊ ဤသည်မှာ လူတိုင်း သတိထားသင့်သည့်အရာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို အပြင်းအထန် ချိုးဖောက်မိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် တမင်တကာ လုပ်ဆောင်သည် မလုပ်ဆောင်သည် သို့မဟုတ် မတော်တဆ လုပ်မိသည် မလုပ်မိသည်ကို သူ ထည့်တွက်စဉ်းစားလိမ့်မည်မဟုတ်၊ ဤသည်မှာ သင် ရှင်းရှင်းလင်းလင်း မြင်ဖို့လိုအပ်သည့် ကိစ္စတစ်ခု ဖြစ်၏။ ဤကိစ္စရပ်ကို သင် နားမလည်နိုင်လျှင်၊ သင်၌ ပြဿနာတစ်ခု ဖြစ်စေဖို့ရန် သေချာ၏။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းဖို့ ဆန္ဒရှိကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်မိပေလိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူတို့သည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် မလိမ္မာ၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိဘဲ၊ ဘုရားသခင်ကို သင်၏အစေခံခြင်း၌ ဖြောင့်မတ်ခြင်း၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်းမရှိပါက သင်သည် သူ၏စိတ်သဘောထားကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို ညီအစ်ကို မောင်နှမများက လိုအပ်သည်၊ ဘုရားသခင်၏ နောက်ကို လိုက်နေသည့် ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။ ၎င်းတို့၏ ဂုဏ်ဒြပ်နှင့် ပင်ကိုလက္ခဏာ မည်သို့ပင် ရှိပါစေ၊ ၎င်းတို့ဆောင်ရွက်သည့် အခန်းကဏ္ဍက မည်သို့ပင် ရှိပါစေ၊ ဤကဏ္ဍမှ လူများနှင့် လူများ အားလုံးတွင် ရှိသည့် တူညီသောအရာတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ဂုဏ်ဒြပ်တို့သည် အခြားသူများနှင့် တူညီပေသည်။ ၎င်းတို့သည် လူများကြားတွင် “ခေါင်းဆောင်များ” နှင့် “အမှုတော်ဆောင်များ” ဆိုသည့် ရာထူးများကို ကိုင်စွဲထားသော်လည်း၊ ပြီးလျှင် ၎င်းတို့၏ တာဝန်သည် အခြား ညီအစ်ကိုမောင်နှမများ၏ တာဝန်နှင့် မတူညီကွဲပြားသော်လည်း၊ မည်သို့ပင် ဖြစ်စေကာမူ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဖန်ဆင်းခံများဟု အခေါ်ခံရဆဲ ဖြစ်ပေသည်၊ ပြီးလျှင် ဤပင်ကိုလက္ခဏာသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ တာဝန်နှင့် အခြားလူများ၏ တာဝန်တို့ အကြား ကွာခြားချက်မှာ ၎င်းတို့၏တာဝန်များနှင့် သက်ဆိုင်သည့် သီးသန့် ထူးခြားသောလက္ခဏာ တစ်ခု၏ အရေးကိစ္စ ဖြစ်သည်။ ယင်းမှာ မည်သည့် သီးသန့် ထူးခြားသောလက္ခဏာ ဖြစ်သနည်း။ ယင်း၏ အထင်ရှားဆုံး ရှုထောင့်မှာ “ခေါင်းဆောင်မှု” ဖြစ်သည်။ ဥပမာအနေဖြင့် ဦးဆောင်နေသည့် လူတစ်ယောက်ဖြင့် လူတစ်ဖွဲ့ ရှိသည်ဟု ဆိုကြပါစို့။ ဤလူကို “ခေါင်းဆောင်” တစ်ယောက် သို့မဟုတ် “အမှုတော်ဆောင်” တစ်ယောက် အဖြစ် ရည်ညွှန်းပါက၊ အဖွဲ့ထဲတွင် ၎င်းတို့၏ တာဝန်မှာ အဘယ်နည်း။ (ခေါင်းဆောင်မှု တာဝန် ဖြစ်ပါသည်။) ဤလူတစ်ယောက်၏ ခေါင်းဆောင်မှုသည် ၎င်းတို့ ဦးဆောင်သည့် လူများနှင့် အဖွဲ့တစ်ခုလုံးအပေါ်တွင် မည်သည့် အကျိုးတရား ရှိသနည်း။ ယင်းက အဖွဲ့၏ ဦးတည်ချက်နှင့် ၎င်း၏ လမ်းကြောင်းကို အကျိုးသက်ရောက်မှုရှိသည်။ ဤအရာက သွယ်ဝိုက်ရည်ညွှန်းသည်မှာ ခေါင်းဆောင်မှု ရာထူးတစ်ခု၌ ဤလူပုဂ္ဂိုလ်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိပါက၊ အနည်းဆုံးအနေဖြင့် သူ၏ လက်အောက်မှ လူများနှင့် အဖွဲ့တစ်ဖွဲ့လုံးကို မှန်ကန်သော လမ်းကြောင်းမှ လမ်းလွဲသွားစေလိမ့်မည် ဟုဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် ၎င်းတို့ ရှေ့ဆက်သည်နှင့်အညီ အဖွဲ့တစ်ဖွဲ့လုံး၏ ဦးတည်ချက်အပြင်၊ ၎င်းတို့၏ အရှိန်နှင့် ခြေလှမ်းတို့ကိုလည်း နှောင့်ယှက်နိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဤလူတစ်အုပ်နှင့် ပတ်သက်ပါက၊ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်း၏ ဦးတည်ချက်၊ သမ္မာတရားကို ၎င်းတို့ နားလည်သဘောပေါက်သည့် အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတို့သည် မိမိတို့ကိုယ်ကိုယ်သာမက၊ ၎င်းတို့၏ ခေါင်းဆောင်မှု နယ်ပယ်အတွင်းရှိ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း သက်ရောက်မှုရှိနိုင်သည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင် ကိုယ်တိုင်၏ တိုးတက်မှုသည် အခြားသူများအတွက် အစဉ် ထင်ရှားသိသာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းက မိမိကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ခြင်း၊ မိမိကိုယ်ကိုယ် သက်သေခံခြင်း၊ ဂုဏ်ဒြပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်း အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းတို့ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လက်အောက်မှ လူများအပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိစေသနည်း။ (ယင်းက ထိုလူများကို ၎င်းတို့ ရှေ့သို့ ခေါ်ဆောင်သည်။) လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့် လူများသည် ထိုခေါင်းဆောင်၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည် ဖြစ်သည်မှာ မသိသာပါလော။ ပြီးလျှင် ဤအရာက ၎င်းတို့ကို ဘုရားသခင်ထံမှ ဝေးရာသို့ ခေါ်သွားသည်မှာ မှန်ပေ၏။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ဤသည်တို့မှာ ဤလူမျိုးနှစ်မျိုးက- မှန်ကန်သောလမ်းကြောင်းကို လျှောက်သည့်သူများနှင့် မမှန်ကန်သော လမ်းကြောင်းကို လျှောက်သည့်သူများ- ၎င်းတို့ ဦးဆောင်သည့် လူများအပေါ် ဖြစ်ပေါ်စေသည့် အကျိုးတရားများဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်” မှ

သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ သင် လုပ်ဆောင်သင့်သည်- ဥပမာအနေဖြင့် သင်သည် အသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးဖြစ်ပါက၊ အသင်းတော်၏ ဦးဆောင်မှုသည် သင်၏တာဝန်ဖြစ်သည်- သင်သည် ယင်းကို သင်၏တာဝန်အဖြစ် မြင်ပါက၊ ယင်းကို သင်မည်သို့ လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်ပါသည်။) ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ အလုပ်လုပ်ခြင်းဟူသည်မှာ ယင်းအကြောင်းကို ယေဘုယျအနေဖြင့် ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တိကျသည့် အသေးစိတ် အချက်အလက်များမှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ရာထူးအာဏာတစ်ခု မဟုတ်ဘဲ၊ တာဝန်တစ်ခုဖြစ်သည်ကို သင်သိရမည်။ သင်သည် ရာထူးအာဏာတစ်ခုကို တာဝန် ယူထားသည်ဟု တွေးထင်ပါက၊ ယင်းက ပြဿနာများ ဖြစ်စေလိမ့်မည်။ သို့ရာတွင် သင်က “ကျွန်ုပ်သည် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး ဖြစ်သောကြောင့်၊ အခြားသူများထက် ကျွန်ုပ် အဆင့်တစ်ခုနိမ့်ဖို့ လိုအပ်သည်။ သင်တို့အားလုံးသည် ကျွန်ုပ်ထက် မြင့်မားပြီး ကျွန်ုပ်ထက် ကြီးမြတ်ကြသည်။” ဟု ပြောပါက၊ ဤသည်မှာလည်း မမှန်ကန်သည့် သဘောထားတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်ပါက၊ အစွမ်းကုန် ဟန်ဆောင်မှုသည် သင့်ကို မည်သည့်ကောင်းကျိုးမျှ မဖြစ်စေပေ။ ထို့ထက် သင်သည် ယင်းနှင့်သက်ဆိုင်သည့် သင့်တင့်လျောက်ပတ်သည့် နားလည်မှုတစ်ခု ရှိရမည်။ ဦးစွာ သင်သည် ဤတာဝန်က အလွန်အရေးကြီးသည်ကို သိရမည်။ အသင်းတော်တစ်ခုတွင် အသင်းသားဒါဇင်နှင့်ချီရှိကြပြီး ဤလူများကို ဘုရားသခင် ရှေ့မှောက်သို့ မည်သို့ ဆောင်ကြဉ်းဖို့နှင့် ၎င်းတို့အများစုကို သမ္မာတရားကို နားလည်စေပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်စေဖို့ တွေးရမည်။ ထို့အပြင် အားနည်းပြီး မတုန်မလှုပ်သောလူများဖြင့်မူ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို တက်ကြွစွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ ၎င်းတို့ကို အားနည်းခြင်းနှင့် မတုန်မလှုပ်ဖြစ်ခြင်းမှ ရပ်စေဖို့ သင်ကြိုးစား ရမည်ဖြစ်ပြီး၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြသည့်သူများ အားလုံးအတွက်မူ၊ သင်က ၎င်းတို့အား ထိုသို့လုပ်ဆောင်စေပြီး အစွမ်းကုန် ထမ်းဆောင်စေရမည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင် မပေါ့ဆဖို့၊ ယင်းတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့နှင့် ၎င်းတို့သည် ဘုရားသခင်နှင့်သာမန်ဆက်ဆံရေး ရှိနိုင်ဖို့အလို့ငှာ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းနှင့်ဆက်နွှယ်သည့် သမ္မာတရားများကို ၎င်းတို့အား နားလည်စေရမည်။ ပျက်စီးခြင်းနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့်သူများ သို့မဟုတ် ဘုရားသခင်၌ နှစ်ပေါင်းများစွာ ယုံကြည်ပြီး ဖြစ်သော်လည်း၊ ဆိုးယုတ်သော လူ့သဘာဝတစ်ခု ရှိကြသည့်သူများလည်း ရှိပေသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ၎င်းတို့၏အမျိုးအစားအတိုင်း သင့်တင့်လျောက်ပတ်သည့် စီစဉ်မှုများ ပြုလုပ်ပေးလျက်၊ ထိုလူများထဲမှ ကိုင်တွယ်ဖြေရှင်း သင့်သည့်သူများကို သင် ကိုင်တွယ်ဖြေရှင်းသင့်ပြီး၊ သန့်စင်သင့်သည့်သူများကို သင် သန့်စင်သင့်သည်။ အသင်းတော်၌ အတော်အတန် လူ့သဘာဝကောင်းဖြင့်သူအနည်းငယ်၊ အစွမ်းအစ အနည်းငယ်ဖြင့်သူများ၊ အလုပ်၏ရှုထောင့် တစ်ခုအတွက် တာဝန်ယူနိုင်သည့်သူများ အားလုံးတို့ကို ပျိုးထောင်ထားရမည်မှာလည်း အရေးကြီးပေသည်။ ဤသည်တို့မှာ ဦးဆောင်မှု၏ တာဝန်များကို ဖြည့်ဆည်းရာတွင် လုပ်ဆောင်ရမည့် အရာများဖြစ်ပေသည် မဟုတ်လော။ သင်သည် ဤတာဝန်ကို လက်ခံပြီးဖြစ်သည့်အခါ၊ သင်သည် ဤအရာများ သင့်စိတ်နှလုံးထဲမရှိဘဲ ယင်းကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) သင်သည် ဤတာဝန်ကို လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤအရေးကိစ္စများကို တစ်ခုချင်း ဖြေရှင်းရမည်။ ပထမဦးစွာ ပင်ကိုစွမ်းရည်ကို ပြုစုပျိုးထောင်ခြင်း။ ဒုတိယအနေဖြင့် ညီအစ်ကိုမောင်နှမများအားလုံး၏ အသက်ဝင်ရောက်မှုကို နဂိုအခြေအနေသို့ ရောက်ရှိစေခြင်းနှင့်၊ သင်နားထောင်ပြီးဖြစ်သည့် သမ္မာတရားနှင့် ဒေသနာများနှင့်သက်ဆိုင်သည့် သင်၏နားလည်မှုတွင် အခြေခံကာ ၎င်းတို့အားလုံးကို ဤသမ္မာတရားစစ်မှန်မှုများသို့ ဝင်ရောက်စေခြင်း— ဤသည်မှာ အသက်ဝင်ရောက်မှု၏ သွင်ပြင်လက္ခဏာဖြစ်သည်။ တတိယအနေဖြင့် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းနိုင်စွမ်း ရှိသည့်သူအများစုကို အမှန်တကယ် ထိုသို့လုပ်ဆောင်စေခြင်းနှင့် ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ဖြည့်ဆည်းခြင်းကို ပေါ့ပေါ့ဆဆ နည်းလမ်း တစ်ခုဖြင့် မလုပ်ဆောင်စေဘဲ၊ အကျိုး ဖြစ်ထွန်းစေရမည်။ စတုတ္ထအနေဖြင့် ပျက်စီးခြင်းနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့်သူများကို အချိန်မီ ကိုင်တွယ်ခြင်းနှင့် ကန့်သတ်ခြင်း။ ပြီးလျှင် ပဉ္စမအနေဖြင့် လူအမျိုးအစားအားလုံးကို ထိုးထွင်းသိမြင်နိုင်ခြင်းဖြစ်ကာ၊ ယင်းက လိုအပ်မြဲ လိုအပ်နေသည်။ ဥပမာအနေဖြင့် လူအချို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သည် ခဏတာဖြစ်သည်။ သင်သည် ရေရှည်စွဲနေသော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့ကို သင်ဆက်ဆံပြီး ကိုင်တွယ်မည့်အတိုင်း ၎င်းတို့၏ အခြေအနေများကို ဆက်ဆံပြီး ကိုင်တွယ်ရင်း၊ လူတိုင်းကို တစ်ပုံစံတည်း ဆက်ဆံ၍မရနိုင်ပေ။ သင်သည် ၎င်းတို့၏သီးခြား စွမ်းဆောင်ရည်များကို မလွတ်တမ်းအသုံးချပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည့်အတိုင်း၊ ၎င်းတို့၏ အစွမ်းအစ အရည်အသွေးအတိုင်း၊ ၎င်းတို့ အသက်အရွယ် မည်မျှရှိသည်နှင့် ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးဖြစ်သည်တို့အတိုင်း ၎င်းတို့အတွက် သင့်တော်သည့် တာဝန်များကို စီစဉ်ပေးလျက်၊ လူတိုင်းကို အကောင်းဆုံး အသုံးချရမည်။ လူအမျိုးအစား တစ်ခုချင်းစီနှင့် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားချက်များအတွက် ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်တာဝန်များကို အကြီးမားဆုံး အတိုင်းအတာအထိ အားထုတ်ကြိုးပမ်းနိုင်ဖို့အလို့ငှာ၊ လိုအပ်ချက်နှင့် အံဝင်ခွင်ကျစီမံထားသော အစီအစဉ်တစ်ခုကို သင် ချမှတ်ရမည်။ ဤအရာများ သင်၏စိတ်နှလုံးထဲ၌ ရှိပါက၊ သင်၏ဝန်ထုပ် ပေါ်ပေါက်လာသောကြောင့်၊ သင်သည် အမြဲ အာရုံစိုက်ပြီး သတိပြုမိတတ်ရမည်။ မည်သည့်အရာကို သတိပြုမိတတ်ရမည်နည်း။ ဤသည်မှာ မည်သူက ချောသည်ကို ကြည့်ပြီးနောက်၊ ထိုလူနှင့် အပြန်အလှန် ဆက်ဆံဖို့ အချိန်ပိုယူခြင်းကို မဆိုလိုသကဲ့သို့၊ မည်သူက အကျည်းတန်သည်ကို ကြည့်ပြီး ထိုလူကို ငြင်းပယ်ဖို့လည်း မဟုတ်ပေ၊ ပြီးလျှင် သင့်ကို မည်သူက အာခံသည်ကို ကြည့်ပြီး ၎င်းတို့အား အပြစ်ဒဏ်ပေးခြင်းကို သာ၍ မဆိုလိုပေ။ ထိုထက် ယင်းက ထိုလူတစ်ဦးချင်းစီနှင့်သက်ဆိုင်သည့် ဘုရားသခင်၏သတ်မှတ်ချက်များသည် မည်သည့် အရာများ ဖြစ်သည်ကို ကြည့်ပြီး၊ ထို့နောက်တွင် ၎င်းတို့ တစ်ဦးချင်းစီကို ၎င်းတို့နှင့်သင့်တင့်လျောက်ပတ်သည့် နေရာတွင် နေစေခြင်းကို ဆိုလိုပေသည်။ ပထမဦးစွာ အသင်းတော်၌ ဤလူများကို သင်၏ခေါင်းထဲတွင် စီစဉ်နေရာချပေးဖို့ ခဏမျှ အချိန်ယူလော့။ ထိုအစွမ်းအစကောင်း ရှိသူများကို တစ်မျိုးတစ်စားအဖြစ် ဖွဲ့စည်းပြီး၊ ညံ့ဖျင်းသော အစွမ်းအစရှိသူများကို နောက်တစ်မျိုးတစ်စားအဖြစ် ဖွဲ့စည်းလော့။ မိမိတို့၏တာဝန်များ၌ အချိန်ပြည့်၊ အချိန်ပိုင်း မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံနိုင်သည့် လူများ သို့မဟုတ် လုံးဝ မဆက်ကပ်နိုင်သူများအတွက် သီးသန့်ကဏ္ဍ ဖန်တီးလော့၊ ပြီးလျှင် အစဉ် အနှောင့်အယှက်ဖြစ်စေသည့်၊ အမြဲ အပျက်သဘောဆောင်ပြီး၊ ကောလာဟလများကို ဖြန့်ဝေသည့်သူများကို ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လော့။ ထို့နောက်တွင် သင်သည် မကြာခဏ ချင့်ချိန်စဉ်းစားပြီး ဆုတောင်းရမည်၊ ပြီးနောက်တွင် ဤလူများနှင့်အပြန်အလှန် ဆက်ဆံရမည်။ အချိန်အတော်ကြာပြီးသည့်နောက် သင်သည် လူအမျိုးအစား တစ်ဦးချင်းစီ၏ အခြေအနေမျိုးစုံနှင့် ဝိညာဉ်ရင့်ကျက်မှုအတိုင်းအတာမျိုးစုံတို့ထဲသို့ ထိုးထွင်းသိမြင်မှု ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဝန်ထုပ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ မဟုတ်လော။ ဤသည်က သင်၏တာဝန်အပေါ် မှန်ကန်သည့် သဘောထား မဟုတ်သလော။ သင်၌ ထိုသို့သင့်တင့်လျောက်ပတ်သော သဘောထား ရှိပြီး သင်၏ဝန်ထုပ် ပေါ်ပေါက်လာပြီး ဖြစ်သည်နှင့် တစ်ပြိုင်နက်၊ သင်သည် ကောင်းစွာ အလုပ် လုပ်ဆောင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ-

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ၎င်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ၌ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။

၂။ လူအမျိုးအစား တစ်ခုစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့။

၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည် သမ္မာတရား အခြေခံသဘောတရားများကို မိတ်သဟာယဖွဲ့ပြလော့။

၄။ လူတို့ကို မသင့်မလျော် အသုံးပြုခြင်းကြောင့် ဆုံးရှုံးမှုများကို တားဆီးရန်၊ သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ခရီးရောက်မှုနှင့် ချောချောမွေ့မွေ့ တိုးတက်မှုကို သေချာစေရန် မတူညီသောအလုပ်ကို ကြီးကြပ်သူများနှင့် အရေးကြီးသော လုပ်ငန်းအမျိုးမျိုးအတွက် တာဝန်ယူထားရသော အမှုထမ်းများ၏ အခြေအနေများကို ရင်ပေါင်တန်းလိုက်ပြီး သူတို့ကို လိုအပ်သလို ပြန်လည်ခန့်ခွဲထားခြင်း၊ သို့မဟုတ် အစားထိုးခြင်းတို့ကို မဆိုင်းမတွ ပြုလုပ်လော့။

၅။ အလုပ်စီမံကိန်းတစ်ခုစီ၏ အခြေအနေနှင့် တိုးတက်မှုအပေါ် အပြည့်အစုံ နားလည်သဘောပေါက်နေအောင် လုပ်ထားပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်စွမ်းရှိလော့။

၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်မှုကို ခံယူပြီး သမ္မာတရားစစ်မှန်မှုထဲ တတ်နိုင်သမျှ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အားပေး၍ ပြုစုပျိုးထောင်လော့။

၇။ အယောက်စီတိုင်းကို အထိရောက်ဆုံး အသုံးပြုနိုင်သည့် အတိုင်းအတာအထိ မတူညီသော လူအမျိုးမျိုးတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ သူတို့ကို ချင့်ချင့်ချိန်ချိန် ခွဲခန့်ကာ အသုံးချလော့။

၈။ အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေး၊ အခက်အခဲများနှင့် ပတ်သက်၍ ချက်ချင်းသတင်းပို့ပြီး လမ်းညွှန်မှုကိုရှာလော့။

၉။ ဘုရားသခင့်အိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအမံများကို ယင်း၏ပြဋ္ဌာန်းချက်များနှင့်အညီ အတိအကျ ဆွေးနွေး၊ ထုတ်ပြန်ပြီး အကောင်အထည်ဖော်ကာ လမ်းညွှန်မှု၊ ကွပ်ကဲမှုနှင့် ကြီးကြပ်မှုတို့ကို ဖြည့်ဆည်းပေးသည့်အပြင် သူတို့၏ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက် အရေးယူဆောင်ရွက်လော့။

၁၀။ ဘုရားသခင့်အိမ်တော်၏ ပိုင်ဆိုင်မှုအမျိုးမျိုး (စာအုပ်များ၊ တန်ဆာပလာအမျိုးမျိုး၊ စားသောက်ကုန် အစရှိသည်ဖြင့်) တို့ကို ကောင်းမွန်စွာ သိုထားပြီး ချင့်ချင့်ချိန်ချိန် ဖြန့်ဝေလော့၊ ထို့ပြင် အချိန်မှန် စစ်ဆေးမှုများနှင့် ထိန်းသိမ်းမှုကို လုပ်ဆောင်ပြီး အပျက်အစီးနှင့် အလေအလွင့်ကို လျှော့ချရန်အတွက် ပြုပြင်ကာ ထိုအရာတို့အား ဆိုးယုတ်သောလူတို့၏ အလွဲသုံးစားပြုခြင်းကိုလည်း တားဆီးလော့။

၁၁။ အထူးသဖြင့် ပူဇော်သက္ကာများကို စနစ်တကျ ရေးသွင်းခြင်း၊ စာရင်းမှတ်ခြင်းနှင့် သိမ်းဆည်းခြင်းအလုပ်အတွက် လုံလောက်သော လူ့သဘာဝရှိသည့် အားထားလောက်သော လူတို့ကို ရွေးချယ်လော့။ စည်းမဲ့ကမ်းမဲ့သုံးခြင်း၊ သို့မဟုတ် သုံးဖြုန်းခြင်း အခြေအနေများသာမက ယုတ္တိမတန်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန်အတွက် အဝင်အထွက်ကို အချိန်မှန်မှန် စစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုလော့― ထိုကဲ့သို့သော အရာများကို ရပ်ဆိုင်းပြီး ထိုက်သင့်သော လျော်ကြေးကို တောင်းခံလော့။ ထိုမျှမက ပူဇော်သက္ကာများ ဆိုးယုတ်သောလူတို့၏ လက်ထဲရောက်သွားခြင်းနှင့် ၎င်းတို့၏ အလွဲသုံးစားပြုခံရခြင်းမှ မည်သို့နည်းနှင့်မဆို တားဆီးလော့။

၁၂။ ဘုရားသခင်၏အမှုတော်နှင့် အသင်းတော်များ၏ ပုံမှန်စနစ်ကျခြင်းကို နှောင့်ယှက်ဖျက်ဆီးသည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို မဆိုင်းမတွ တိတိကျကျ ဖော်ထုတ်လော့။ ယင်းတို့ကို ထိန်းချုပ်ပြီး ကန့်သတ်ကာ အမှုအရာများကို မှန်ကန်အောင် ပြောင်းလဲစေလော့။ ထိုမျှမက ဘုရားသခင်ရွေးကောက်ထားသူများက ထိုကဲ့သို့သောအရာများကို ပို၍ထိုးထွင်းသိမြင်လာပြီး ယင်းတို့မှတစ်ဆင့် သင်ယူရန်အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြလော့။

၁၃။ ဘုရားသခင်ရွေးကောက်ထားသူများအား အန္တိခရစ်များ၏ နှောင့်ယှက်မှု၊ လှည့်ဖြားမှု၊ ထိန်းချုပ်မှုနှင့် ထိခိုက်မှုမှ ကာကွယ်ပြီး အန္တိခရစ်များကို ဖော်ထုတ်တတ်ရန်နှင့် ၎င်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲမှ ကျောခိုင်းတတ်ရန် သွန်သင်လော့။

၁၄။ ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်အမျိုးမျိုးတို့ကို ချက်ချင်းပင် ဖော်ထုတ်၊ သန့်စင်ပြီး နှင်ထုတ်လော့။

၁၅။ အရေးကြီးသော လုပ်ငန်းအမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်က စနစ်ကျသောပုံစံဖြင့် ရှေ့ဆက်စေနိုင်ဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သိရှိဖို့အလို့ငှာ အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအားလုံးကို လမ်းပြနိုင်သင့်ပေသည်။ ဤသည်မှာ အသင်းတော် ခေါင်းဆောင် တစ်ဦးချင်းစီတိုင်း၏ တာဝန် ဖြစ်သည်။ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကို ကြီးမားသည့် အရေးပါမှု တစ်ခုအဖြစ် မှတ်ယူသင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသင့်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းဟု ဆိုလိုသည်။ ယနေ့တွင်၊ လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲ ၎င်းတို့ အသက်မရှင်နိုင်ကြဟု ခံစားရပြီး သူ၏ နှုတ်ကပတ်တော်များသည် အချိန်ကာလကို ပဓာနမထားဘဲ လတ်ဆတ်သည်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့သည် လမ်းကြောင်းမှန်ပေါ်သို့ စတင် ရောက်ရှိနေကြသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် သူ၏ အမှုကို ပြုရန်နှင့် လူသားကို ထောက်ပံ့ပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတကြပြီး ဆာငတ်ကြသည့်အခါ၊ လူသားမျိုးနွယ်သည် သူ၏ နှုတ်ကပတ်တော်များ၏ ကမ္ဘာလောကထဲသို့ ဝင်ရောက် ကြလိမ့်မည်။

ဘုရားသခင်သည် များစွာ ပြောဆိုပြီးဖြစ်သည်။ သင်မည်မျှ သိရှိလာပြီးဖြစ်သနည်း။ သင် မည်မျှ ဝင်ရောက်ပြီး ဖြစ်သနည်း။ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ဘုရားသခင် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ လမ်းပြခြင်း မရှိသေးပါက၊ ၎င်းတို့သည် ၎င်းတို့တာဝန်ကို တမင် ပျက်ကွက်ကြပြီးဖြစ်လိမ့်မည် ဖြစ်ကာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို မလုပ်ဆောင်နိုင်ကြပြီး ဖြစ်ပေလိမ့်မည်။ သင်၏ သိနားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ အပေါ်ယံ ဖြစ်ပါစေ၊ သင်၏ သိနားလည်မှု အတိုင်းအတာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရမည်၊ သူ၏ နှုတ်ကပတ်တော်များကို သင် အလွန်အာရုံစိုက်ရမည် ဖြစ်ပြီး၊ ယင်းတို့ကို စားသောက်ခြင်း၏ အရေးပါမှုနှင့် လိုအပ်မှုတို့ကို သိနားလည်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

အသင်းတော်များ၏ အသက်တာထဲ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပထမဦးဆုံး ပြုလုပ်ရမည့်အရာက အမျိုးမျိုးသော လူစားများ၏ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ထို့နောက် အန္တိခရစ်၏လမ်းကြောင်းကို လျှောက်သောသူ၊ အန္တိခရစ်၏ အဖြစ်အနေရှိသောသူတို့ကို မဆိုင်းမတွ အတိအကျ ဖော်ထုတ်ခြင်း၊ ရှာတွေ့ခြင်းနှင့် တန်းတန်းမတ်မတ် ထောက်ပြခြင်းတို့ ဖြစ်သည်။ ထို့နောက် သူတို့သည် ထိုကဲ့သို့သော လူတို့ကို အနီးကပ်အာရုံစိုက်ပြီး သူတို့ဖြန့်နေသော ခံယူချက်များနှင့် သူတို့ပြုလုပ်မည့် လှုပ်ရှားမှုများကို အချိန်မီ သဘောပေါက်ခြင်းနှင့် အကျွမ်းဝင်ခြင်း ရှိရမည်ဖြစ်သည်။ ဤလူတို့က အခြားသူများကို ကန့်သတ်ရန်၊ အမိဖမ်းရန်နှင့် ထိန်းချုပ်ရန် ကြိုးစားသောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မလှုပ်မယှက်စောင့်နေခြင်း၊ ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သူတို့ခံရရန် စောင့်နေခြင်း၊ ညီအစ်ကိုမောင်နှမများက သူတို့၏လှည့်ဖြားသမျှကို ခံရရန်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို မလှုပ်မယှက်ခံရပြီး ထိုသူတို့ကို မလှုပ်မယှက် သတိပြုမိရန်နှင့် ဖော်ထုတ်နိုင်ရန်အတွက် စောင့်နေမည့်အစား မဆိုင်းမတွပင် ရှေ့ထွက်လာပြီး သူတို့ကို ချုပ်တည်းလိုက်သင့်ပေသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအတွက် ကြိုတင်၍ ပြင်ဆင်သင့်သည်― အဖွဲ့တစ်ခု၌ ထိုသူတို့သည် လူတို့နှင့် ထိတွေ့ဆက်ဆံသောအခါ သူတို့အနေဖြင့် အသင်းတော်အသက်တာထဲ၌ ပါဝင်သော အသင်းဝင်တိုင်းတွင် မည်သူက အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သည်၊ မည်သူက အာဏာသိမ်းရန် အမြဲတမ်းကြိုးစားနေသည်၊ မည်သူ၌ အန္တိခရစ်၏ အဖြစ်အနေရှိပြီး မည်သူက အန္တိခရစ်၊ ဆိုးညစ်သောလူဟူသည့် လူစားမျိုးဖြစ်သည်ကို ကြည့်ရှုစစ်ဆေးလျက် အသင်းဝင်တိုင်း၏ စိတ်သဘောထား၊ အဖြစ်အနေနှင့် လျှောက်လှမ်းသော လမ်းကြောင်းတို့ကို အနီးကပ် လေ့လာအကဲခတ်ခြင်း၊ အနီးကပ် အာရုံစိုက်ခြင်း၊ နှံ့နှံ့စပ်စပ် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် ပို၍ရှာဖွေတွေ့ရှိရန် ကြိုးစားခြင်းတို့ ပြုလုပ်သင့်သည်။ ဤသည်မှာ အသင်းတော်၏ အသက်တာကို ဦးဆောင်သောသူတို့အလယ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြုလုပ်သင့်သည့် ပထမဆုံးသောအရာ ဖြစ်သည်။ ဤအရာက အဘယ်ကြောင့် သူတို့ပထမဆုံးပြုလုပ်သင့်သောအရာ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာကို ပြုလုပ်ပြီးမှသာ အသင်းတော်များ၏ အခြေခံဖြစ်သော သာမန်စနစ်ကျခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုးညစ်သောသူ၊ အန္တိခရစ်များ ဖြစ်သောသူ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သောသူတို့ ရှိသောအခါ အသင်းတော်အသက်တာက မကျန်းမာနိုင်ဘဲ မှန်ကန်သောလမ်းကြောင်းပေါ်သို့ အလျင်အမြန် မဝင်ရောက်နိုင်သည့်အပြင် လူအများစုက မကြာခဏ အနှောင့်အယှက်ခံရပြီး ထိခိုက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်အသက်တာ၏ ပိုင်နက်အတွင်း ရှိကြသော သူတို့အကြား၌ ခေါင်းဆောင်းများနှင့် အမှုဆောင်များ ပထမဆုံး ပြုလုပ်သင့်သော အရေးကြီးဆုံးအရာမှာ ကောက်ကျစ်စဉ်းလဲသော လူများ၊ အန္တိခရစ်များနှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသောသူတို့ အကြောင်းကို ဖော်ထုတ်ရန်၊ ပို၍တွေ့ရှိဖို့ ကြိုးစားရန်၊ သူတို့ကို နောကျေနေရန်နှင့် တန်းတန်းမတ်မတ် ထောက်ပြရန်ပင် ဖြစ်သည်။ ဤလူတို့ကို ချုပ်တည်းထားမှသာလျှင် အသင်းတော်များ၏ အခြေခံဖြစ်သော သာမန်စနစ်ကျခြင်းကို ထိန်းသိမ်းနိုင်လေသည်။ အကယ်၍ ညီအစ်ကို မောင်နှမများကြားတွင် ဤလူတို့ကို မချုပ်တည်းထားပါက၊ သူတို့ကို ဇက်ကုန်လွှတ်ပေးထားပြီး လူအများစုက သူတို့၏သရုပ်မှန်ကို မပြောနိုင်ဘဲ သူတို့၏အဖြစ်အနေကို မမြင်တွေ့နိုင်သည့်အပြင် သူတို့၏ အမျိုးမျိုးသော ထင်မြင်ချက်များနှင့် ရှုထောင့်များ၏ နှောင့်ယှက်ခြင်းနှင့် လှည့်ဖြားခြင်းကို ခံရပါက လူတို့အနေဖြင့် မှန်ကန်သောလမ်းကြောင်းပေါ်၌ ခြေချရန်နှင့် အသင်းတော်အသက်တာအတွင်း သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန် လွန်စွာခက်ခဲပေလိမ့်မည်။ အကယ်၍ ဤကာလအတောအတွင်း အသင်းတော်အသက်တာက အလွန်ပင် သာမန်ဆန်လျက် လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်အတိုင်း စားသောက်ပြီး မိမိတို့၏တာဝန်ကို သာမန်အတိုင်း ထမ်းဆောင်ကာ အပေါ်ယံဆန်သော သမ္မာတရားစစ်မှန်မှု အနည်းငယ်၊ သို့မဟုတ် အခြေခံသဘောတရားများ အနည်းငယ်ကို ခက်ခက်ခဲခဲ နားလည်သဘောပေါက်ထားလျှင် အန္တိခရစ်တစ်ဦးက ၎င်းတို့ကို လှည့်စားရန် နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောလျှင်ပြောချင်း လူတို့သည် သူတို့၌ရှိသည့် အနည်းငယ်မျှသောအရာကို ဆုံးရှုံးရမည်သာမက စာတန်က သွတ်သွင်းပေးထားသည့် များစွာသော မိစ္ဆာဒိဋ္ဌိများနှင့် အထင်အမြင်မှားများကိုလည်း လက်ခံကြမည်ဖြစ်ပြီး အလျင်အမြန် ယိုင်လဲသွားကြမည် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသောအရာ ဖြစ်သည်။ လူတို့အတွက် သူတို့၏ အသက်ဝင်ရောက်မှု၌ တိုးတက်ရန် မလွယ်ကူပေ။ အနည်းငယ်သော တိုးတက်မှုကို မြင်ရဖို့ နှစ်ချီ၍ ကြာတတ်ကာ တိုးတက်မှုမှာ လွန်စွာ နှေးကွေး၏။ အနည်းငယ်မျှသော ထိုဝိညာဉ်ရင့်သန်မှုကို ရရှိရန်မှာ လူတို့အတွက် မည်သို့မျှ မလွယ်ကူချေ၊ ယင်းကို ရရှိရန် အလွန်ခက်ခဲကာ အန္တိခရစ်များ၏ လှည့်ဖြားခြင်းနှင့် အနှောင့်အယှက်တို့ကြောင့် သူတို့မှာရှိသည့် အနည်းငယ်ကိုပင် ဆုံးရှုံးရသည်။ ထို့ပြင် ယင်းက အဆုံးမသတ်သေးချေ။ စာတန်နှင့် အန္တိခရစ်များ၏ နှောင့်ယှက်မှုကို ခံရပြီးနောက် လူတို့သည် ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆိုးယုတ်သော ပူးပေါင်းကြံစည်ချက်များနှင့် လူ့အထဲတွင် စာတန်စိုက်ပျိုးထားသော အဆိပ်တို့ကို လက်ခံရယူ၏၊ ယင်းတို့က လူတို့ကို ဘုရားသခင်နှင့် ပိုမိုနီးကပ်ခြင်းနှင့် ဘုရားသခင်အား ပိုမိုနာခံတတ်ခြင်းမှ ဟန့်တားရုံမျှမက စင်စစ်အားဖြင့် လူတို့ကို ဘုရားသခင်ထံမှ အဝေးသို့ ခေါ်ဆောင်သွားပြီး သူတို့၏ စိတ်သဘောထားများကို ပို၍ပင် ဖောက်ပြန်ပျက်စီးစေကာ ဘုရားသခင်အား ပို၍ပင် ကျောခိုင်းတတ်စေသည်။ အကျိုးဆက်များမှာ ပြင်းထန်လေသည်။ ဤအကျိုးဆက်များ၏ ပြင်းထန်မှုကို ထောက်ရှု၍ အသင်းတော်အသက်တာအတောအတွင်း လူတို့ကို လှည့်ဖြားရန်နှင့် သူတို့ကို အထင်ကြီးစေရန် လူတို့ကို နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောတတ်သော ထိုလူစားမျိုးအား ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်း― ဤသည်မှာ အရေးကြီးသောအလုပ် ဖြစ်သည်ဟု သင်တို့ဆိုမည်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကျကျနနပြုလုပ်ရမည့် အရေးကြီးသော အလုပ်ပင်ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၃)” မှ

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

သင့်အနေဖြင့် အဓိကပြဿနာများကို သဘောပေါက်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ သီးခြားအတွေ့အကြုံများအပေါ် တည်မှီသည်။ သင်တွေ့ကြုံရသည့် ပုံစံသည် အခြားသူများအား သင်ဦးဆောင်သည့် ပုံစံလည်းဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ပါက၊ အခြားသူများအား ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ဖို့ ဦးဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို သင် တွေ့ကြုံသည့် နည်းလမ်းသည် ဘုရားမိန့်မြွက်ချက်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့ အခြားသူများကို သင်ဦးဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ များစွာသောအမှုအရာတို့ကို ထိုးထွင်းသိမြင်မှု ရှင်းလင်းစွာရရှိနိုင်ပါက၊ သင်သည် အခြားသူများကိုလည်း သမ္မာတရားများစွာကို နားလည်ရန် လမ်းပြနိုင်စွမ်းရှိပြီး၊ သင်လမ်းပြသည့်လူများသည် ရူပါရုံများနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု ရရှိလိမ့်မည်။ သင်သည် သဘာဝလွန် ခံစားချက်များအား သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ပါက၊ သင်လမ်းပြသည့် သူများသည်လည်း အလားတူ လုပ်ဆောင်ကြလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်းကို လျစ်လျူရှုပြီး ယင်းအစား ဆွေးနွေး ပြောဆိုခြင်းကိုသာ အလေးထားပါက၊ သင်လမ်းပြသည့် သူများသည်လည်း လက်တွေ့လုပ်ဆောင်မှု မရှိဘဲ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုတလေ ရရှိခြင်းမရှိဘဲ၊ ဆွေးနွေးပြောဆိုမှုအပေါ် အာရုံစိုက်လိမ့်မည်။ လူအားလုံးသည် မိမိတို့ကိုယ်တိုင် ပိုင်ဆိုင်သောအရာဖြင့် အခြားသူများကို ထောက်ပံ့ကြခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမျိုးအစားက အခြားသူများကို ၎င်းတို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းအပြင် ၎င်းတို့ ဦးဆောင်သည့် လူတို့၏ အမျိုးအစားကို ဆုံးဖြတ်ပေးသည်။ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် အမှန်တကယ် သင့်တော်ဖို့ရန်၊ သင့်အနေဖြင့် ပြင်းပြသည့်ဆန္ဒရှိရမည်သာမက၊ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးမှု၊ ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ လမ်းပြမှု၊ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံခြင်းနှင့် သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း များစွာတို့ကိုလည်း လိုအပ်သည်။ ဤအခြေခံအုတ်မြစ်ဖြင့်၊ သာမန်အချိန်များ၌၊ သင်၏ ထင်မြင်ချက်များ၊ အတွေးများ၊ တွေးဆခြင်းများ၊ သုံးသပ်ချက်များကို အာရုံစိုက်သင့်ပြီး၊ နစ်မွန်းနေခြင်း သို့မဟုတ် ပယ်ရှားခြင်းများတို့တွင် လျော်ညီစွာ ပါဝင်သင့်ပေသည်။ ဤအရာများအားလုံးသည် စစ်မှန်မှုထဲသို့ သင်၏ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းများဖြစ်ပြီး တစ်ခုစီသည် မရှိမဖြစ်အရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံဖြစ်သည်။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းထဲသို့ သင်ဝင်ရောက်ပါက၊ သင်သည် သူ၏ စုံလင်စေခြင်းကို ခံရဖို့ အခွင့်အရေးများ နေ့စဉ် ရရှိနိုင်ပေသည်။ ပြီးလျှင် မည်သည့်အချိန်မျိုးတွင်မဆို၊ သင်၏ ပတ်ဝန်းကျင်က ကြမ်းတမ်းသည်ဖြစ်စေ နှစ်သက်ဖွယ်ဖြစ်သည်ဖြစ်စေ၊ သင်သည် အစမ်းသပ်ခံရသည်ဖြစ်စေ စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်ဖြစ်စေ၊ သင်သည်အလုပ်လုပ်နေသည်ဖြစ်စေ မလုပ်နေသည်ဖြစ်စေ၊ သင်သည် ဘဝကို တစ်ဦးတည်း အသက်ရှင်နေသည်ဖြစ်စေ စုပေါင်းနေထိုင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ စုံလင်စေသည့် အခွင့်အရေးများကို တစ်ခုမျှ လက်လွတ်သွားခြင်း မရှိဘဲ အမြဲတွေ့ရှိလိမ့်မည်။ သင်သည် ၎င်းတို့အားလုံးကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး- ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအတွက် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက အစေခံမှုပြုခြင်းကိုသာ ရပ်လိုက်လော့။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတလေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” မှ

အရှေ့သို့- ၈၉) အစေခံမှုတွင် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၁) အသင်းတော် သင်းထောက်တစ်ပါး ဖြစ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၉ နှုတ်ကပတ်တော်၏ အရေးပါမှု

၁ဘုရားကိုယုံရင် အနည်းဆုံးတော့ လိမ္မာရမယ်နှုတ်ကပတ်တော်ကို ရဖို့ အဓိကပါဘာပဲဖြစ်ဖြစ် နှုတ်ကပတ်တော်ကို လျစ်လျူမရှုနဲ့နှုတ်ကပတ်တော်မှ ဘုရားကို...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၁၈၄ စာတန်ကိုအနိုင်ယူပြီး လူသားအားလုံးကယ်တင်ယူရန်ဘုရားလူ့ဇာတိခံ

၁ဒီကမ္ဘာမှာ ဘုရား လူ့ဇာတိခံနေချိန်လူတို့ကြားတွင် အလုပ် လုပ်သည်စာတန်ကိုအနိုင်ယူဖို့ တစ်ခုတည်းပဲ ရည်ရွယ်သည်လူသားတို့ကို သိမ်းပိုက်ပြီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်