၇၂) အသင်းတော် နုတ်ပယ်ခြင်းများနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အများစုက သက်သေပြုထားသည်နှင့်အမျှ ဆိုးယုတ်သော လူများ၊ အဓိပ္ပာယ်မရှိသော လူများ၊ မိုက်မဲသူများနှင့် ကောင်းကျိုးမပြုသောသူမျိုးစုံတို့ကို နုတ်ပယ်ရမည်။

(၂) ယုတ်စွအဆုံး သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ အသင်းတော်ထဲတွင် အမှားတစ်စုံတစ်ရာ ပြုလုပ်သည့် အဆင့်မမီသော အလွန်ညံ့ဖျင်းသည့် အရည်အချင်းရှိသော မရေရာသော လူတို့ကို နုတ်ပယ်ရမည်။

(၃) မရိုးဖြောင့်ခြင်း နှင့် လှည့်ဖြားမှုတို့တွင် ပါဝင်ပတ်သက်သည့် လူများ၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သူများ၊ အုပ်စုများ ဖွဲ့သူများ သို့မဟုတ် အသင်းတော် အသက်တာကို နှောင့်ယှက်ဖို့ ပူးပေါင်းလုပ်ကြံကာ ကြံစည်သည့်လူများကို နုတ်ပယ်ရမည်။

(၄) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို မကြာခဏ ဝေဖန်ပြီး စွပ်စွဲချက်များ စွဲချက်တင်သည့်၊ ၎င်းတို့၏ အချည်းနှီးသော စွဲချက်များက လှုံ့ဆော်ရန်နှင့် ရန်စရန် သက်သက် ရည်ရွယ်ထားသည့် မည်သည့်လူမဆိုအား နုတ်ပယ်ရမည်။

(၅) တစ်စုံတစ်ဦးကို နုတ်ပယ်ရမည်ဆိုပါက၊ အသင်းတော်သည် ယင်းအတွက် လုံလောက်သည့် အကြောင်းပြချက် ရှိရမည်၊ ယင်းသည် အလုပ် အစီအစဉ်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး အသင်းသား အများစု သဘောတိုက်ဆိုင်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ ရောက်လာနိုင်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန် လိုလားလျက်ရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် အသက်ရှင်ခြင်းတို့ ရောက်လာနိုင်ပြီး၊ လူအချို့သည် အသက်ရှင်ခြင်းသို့ ရောက်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်ဆိုသည့်အပေါ် မူတည်သည်။ လူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များစွာကို ကြားဖူးခဲ့သော်လည်း ဘုရားသခင်၏အလိုကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိကြသေးပေ။ ထိုသို့သော လူတို့သည် မည်သည့် သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်ခြင်းငှာ မတတ်စွမ်းနိုင်ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍လည်း တမင်သက်သက် နှောင့်ယှက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သူ့ထံ မည်သည့်အရာကိုမျှ ဆက်ကပ်နိုင်စွမ်း မရှိကြသကဲ့သို့ အသင်းတော်၏ငွေကိုလည်း လျှို့ဝှက်စွာ သုံးကြပြီး၊ ဘုရားသခင်၏အိမ်တော်တွင် အခမဲ့ စားကြလေသည်။ ဤလူတို့သည် သေဆုံးကြပြီး၊ ကယ်တင်ခံရမည် မဟုတ်။ ဘုရားသခင်သည် သူ၏အမှုအလယ် ရှိသူများကို ကယ်တင်သော်လည်း၊ သူ၏ကယ်တင်ခြင်းကို မရရှိနိုင်သော လူတစ်ချို့ရှိလေသည်။ အရေအတွက် အနည်းငယ်ကသာ သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံကြရပြီးဖြစ်ကာ လူသေများ ဖြစ်လာကြပြီး ဖြစ်သကဲ့သို့၊ ၎င်းတို့ ကယ်တင် မခံရနိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ လုံးဝ အသုံးချခြင်း ခံကြရပြီး၊ ၎င်းတို့၏ သဘာဝ၌ အလွန် မလိုမုန်းထားဖြစ်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော” မှ

လူသားသည် ယနေ့ ၎င်းတို့ ရှိကြပြီးဖြစ်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်ချိန်တွင်၊ လူတို့၏ ခွန်အားသည် တိကျသော အဆင့်တစ်ခုသို့ ရောက်ရှိ၏၊ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သတိပေးသည့် နှုတ်ကပတ်တော်များကို ပို၍ မိန့်မြွက်လေသည်— ဘုရားသခင်၏ လူများထံ အခြေခံဥပဒေကို သူထုတ်ပြန်သည်- “ကမ္ဘာမြေတွင် မှီတင်းနေထိုင်ကြသော လူသားများသည် ကြယ်များလောက် များပြားကြသော်လည်း၊ ငါသည် ၎င်းတို့အားလုံးကို ရှင်းရှင်းလင်းလင်း ကောင်းစွာ သိ၏။ ပြီးလျှင် ငါ့ကို ‘ချစ်သော’ လူသားများသည် ပင်လယ် သဲပွင့်များလောက် မရေမတွက်နိုင်လောက်အောင် များပြားကြသော်လည်း၊ အနည်းငယ်သာလျှင် ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်- ငါ့ကို ‘ချစ်သော’ သူများမှအပ တောက်ပသော အလင်းကို လိုက်စားအားထုတ်သော သူများသာ ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်။” စင်စစ် ဘုရားသခင်ကို ချစ်သည်ဟု ပြောသောသူများစွာ ရှိကြသော်လည်း၊ မိမိတို့၏ စိတ်နှလုံးများထဲတွင် သူ့ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ ဤအရာကို မျက်လုံးများ ပိတ်လျက်ဖြင့်ပင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်ဟု ထင်ရပေမည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်သောသူတို့၏ လောကတစ်ခုလုံး အမှန်တကယ် ဖြစ်သည့်ပုံ ဖြစ်သည်။ ဤတွင် ယခုအခါ ဘုရားသခင်သည် “လူတို့အား ရွေးထုတ်ခြင်း” အမှုဖက်သို့ လှည့်သွားပြီ ဖြစ်သည်ကို ကျွန်ုပ်တို့မြင်ရပြီး၊ ယင်းက ဘုရားသခင် လိုချင်သောအရာကို ပြသပြီး ဘုရားသခင်အား ကျေနပ်စေသည်မှာ ယနေ့၏ အသင်းတော် မဟုတ်ဘဲ၊ ရွေးထုတ်ခြင်းပြီးနောက် နိုင်ငံတော် ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် သူသည် “အန္တရာယ်ရှိသော ကုန်ပစ္စည်းများ” အားလုံးကို နောက်ထပ် သတိပေးချက်တစ်ခု ပေးလေသည်။ ဘုရားသခင် မဆောင်ရွက်ပါက၊ ဘုရားသခင် စတင် ဆောင်ရွက်သည်နှင့်တစ်ပြိုင်နက်၊ ဤလူတို့သည် နိုင်ငံတော်မှ ပယ်ဖျက်ခံရကြပေမည်။ ဘုရားသခင်သည် အမှုအရာများကို မည်သည့်အခါမျှ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း မရှိပေ။ သူသည် “တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။” ဟူသော အခြေခံသဘောတရားနှင့်အညီ အမြဲ လုပ်ဆောင်ပြီး၊ သူ မကြည့်ရှုလိုသော သူများ ရှိပါက၊ အနာဂတ်တွင် ၎င်းတို့ ပြဿနာ ဖြစ်စေသည်ကို ရပ်တန့်ရန် ၎င်းတို့အား ဖယ်ရှားပစ်ဖို့ ဖြစ်နိုင်သမျှအရာရာကို သူ လုပ်ဆောင်လေသည်။ ဤအရာကို “အမှိုက်သရိုက် ထုတ်ခြင်းနှင့် စေ့စေ့စပ်စပ် သန့်စင်ခြင်း” ဟု ခေါ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ယနေ့တွင်၊ ငါသည် ပေါ်ထွက်ပြီး ငါ့အား ဖီဆန်သည့် ဆိုးယုတ်သော ဝိညာဉ်မျိုးစုံကို ပြစ်တင်ဆုံးမသည်။ ၎င်းတို့ မည်မျှ အချိန်ကြာမြင့်စွာ ငါ့နောက်လိုက်ကြပြီးဖြစ်သည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ငါ၏ထံပါးကို စွန့်ခွာကြရမည်။ ငါ့အား ဆန့်ကျင်သောသူ တစ်ဦးတစ်လေကိုမျှ ငါအလိုမရှိ (၎င်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သူများ၊ ဆိုးယုတ်သော ဝိညာဉ်များ၏ ယာယီ ဝင်ပူခြင်းခံရပြီးသူများနှင့် ငါ့အား မသိသောသူများဖြစ်သည်)။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ။ အားလုံးသည် ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး ပျက်ဆီးခြင်း၏ သားများ ဖြစ်လာကြလိမ့်မည်။ ယနေ့ ငါ့အတွက် အစေခံမှု လုပ်ဆောင်ပြီးနောက်တွင်၊ ၎င်းတို့အားလုံး စွန့်ခွာကြရမည်။ ငါ၏ အိမ်တော်၌ ယောင်ပေပေမလုပ်ကြနှင့်။ သင်တို့၏ အတောမသတ်သော အရှက်မဲ့သည့် ကပ်ပါးရပ်ပါးလုပ်ခြင်းကို ရပ်လော့။ စာတန်နှင့်သက်ဆိုင်သော သူများအားလုံးသည် နတ်ဆိုး၏ သားများ ဖြစ်ကြပြီး၊ ထာဝရ ပျက်စီးကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်— အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်— ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ဘုရားသခင်က လူတို့ကို ကယ်တင်သောအခါ— သူတို့၏ ပုန်ကန်မှုအတိုင်းအတာ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ နက်ရှိုင်းမှုတို့က မည်သို့ပင်ဖြစ်စေ— သူတို့ကို ဘုရားသခင်ပေးသော အခြေခံမျဉ်းက အဘယ်နည်း။ ဆိုလိုသည်မှာ မည်သည့်အခြေအနေများတွင် ဘုရားသခင်က သင့်ကို စွန့်ပစ်ကာ နောက်ထပ် အလိုရှိတော့မည် မဟုတ်သနည်း။ ဘုရားသခင်အနေဖြင့် သင့်ကို အလိုရှိဖို့၊ သင့်ကို ဆက်နေစေဖို့ သင်ရရှိရမည့် အနိမ့်ဆုံးအဆင့်က အဘယ်နည်း။ နံပါတ်တစ်မှာ ဘုရားသခင်ကို မငြင်းပယ်ဖို့ဖြစ်သည်။ ဤသည်မှာ အခြေခံဖြစ်သည်။ ဘုရားသခင်ကို မငြင်းပယ်ခြင်း၌ တကယ်ပါဝင်သည့် အကြောင်းအရာရှိသည်။ ယင်းမှာ ကောင်းကင်ဘုံက အဘိုးအိုကိုသာ အသိအမှတ်ပြုရုံသက်သက် မဟုတ်ဘဲ ဘုရားသခင်သည် လူဇာတိခံယူလာခဲ့ပြီဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်ကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ လူသားအတွက် ဘုရားသခင်၏ အခြေခံမျဉ်းဖြစ်သည်— နံပါတ်တစ်မှာ၊ ဘုရားသခင်၏နာမကို မငြင်းပယ်ဖို့၊ ဘုရားသခင်ကို အသိအမှတ်ပြုဖို့၊ ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ဘုရားသခင်နောက်လိုက်ဖို့ ဖြစ်သည်။ နံပါတ်နှစ်မှာ အနည်းဆုံး လူ့တာဝန်ကို မစွန့်လွှတ်ဖို့ဖြစ်သည်။ လူတချို့သည် သူတို့၏တာဝန်ကို စွန့်လွှတ်လိုက်ပြီဟု မထင်ရသည့်တိုင် သူတို့၏ လုပ်ဆောင်ချက်များက အနှောင့်အယှက်များနှင့် ဆူပူလှုပ်ရှားမှုများကို ဖြစ်ပွားစေပြီး ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို ပျက်စီးစေကာ အခြားလူတို့ကို ထိခိုက်စေပြီဖြစ်သည်။ ထိုသူတို့သည် ဆက်၍ ရှိနေနိုင်သေးသလော။ သူတို့သည် ဘုရားသခင်၏ အခြေခံမျဉ်းကို ချိုးဖောက်ထားကြပြီဖြစ်သည်။ ထို့အတွက်ကြောင့် မိမိ၏တာဝန်ကို ထမ်းဆောင်ရန်အတွက် အခြေခံမျဉ်းမှာ မနှောင့်ယှက်ဖို့၊ သို့မဟုတ် မဆူပူစေဖို့ဖြစ်သည်။ အန္တိခရစ်များကလည်း သူတို့၏တာဝန်ကို လုပ်ဆောင်ကြသည်— သို့သော် သူတို့၏လုပ်ဆောင်ချက်များမှာ စွက်ဖက်တတ်သည်၊ ဖျက်လိုဖျက်ဆီးလုပ်တတ်သည်၊ ထိခိုက်နစ်နာစေပြီး ကောက်ကျစ်စဉ်းလဲသည်။ ထိုသို့သောလူတို့ကို ဘုရားသခင် အလိုရှိနိုင်သလော။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဟုတ်သလော။ ဘုရားသခင်အတွက်မှာမူ သူတို့သည် အခြေခံမျဉ်းကို ချိုးဖောက်ထားကြပြီးဖြစ်သည်၊ သူတို့သည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြ၊ သူတို့၏ တာဝန်ထမ်းဆောင်ခြင်းက အကျိုးရှိသည်ထက် ပို၍ ပြဿနာဖြစ်နေပြီး ထိုသူတို့ကို အသင်းတော်မှ ဖယ်ရှားရပေမည်။ ဤသည်မှာ ဘုရားသခင်၏အိမ်တော်က လူတို့ကို ဆက်ဆံပုံ၏ အခြေခံသဘောတရား ဟုတ်သလော။ လူတစ်ဦးဦးက “ကျွန်ုပ်သည် မှားယွင်းသော အခြေအနေ၌ရှိပြီး အမြဲတမ်း အပျက်သဘောဆောင်သောကြောင့် နုတ်ပယ်ခံလိုက်ရပြီလော”၊ သို့မဟုတ် “ကျွန်ုပ်ပြုခဲ့သမျှမှာ ရံဖန်ရံခါ မိမိ၏တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ခြင်းသာဖြစ်သည်၊ ကျွန်ုပ်သည် အနည်းငယ် သတိမဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်ခဲ့မိရုံသာ ဖြစ်သည်— ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခြင်းမှ အဘယ်သို့ ဆိုင်းငံ့ထားရသနည်း”၊ သို့မဟုတ် “ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သောကြောင့် နုတ်ပယ်ခံခဲ့ရသည်”၊ သို့မဟုတ် “တစ်ခါတစ်ရံ ကျွန်ုပ်၌ မကောင်းသော အတွေးများ၊ ဆိုးညစ်သော အတွေးများရှိခဲ့သည့်အတွက် ကျွန်ုပ်သည်လည်း နုတ်ပယ်ခြင်း ခံခဲ့ရသည်” ဟု ပြောသလော။ ထိုသို့သောလူများ ရှိသလော။ (မရှိပါ။) လူအချို့၌ မယုံကြည်ခြင်းနှင့်ဆိုင်သော အယူအဆများ ရံဖန်ရံခါ ပေါ်လာတတ်သည်- “ဘုရားသခင်တစ်ပါး အမှန်တကယ် ရှိသလော။ လေ၊ မိုး၊ မိုးကြိုး၊ ဆီးနှင်း၊ ဤအရာများအားလုံးကို ကောင်းကင်ဘုံမှ အဘိုးအိုက ပြုလုပ်ထားသလော။ ဘုရားသခင်က လူဇာတိခံယူပြီးပြီလော။ ဤကဲ့သို့စဉ်းစားသည်မှာ မလျော်ကန်ပေ၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်။” ဤသည်ကို တွေ့ရှိပြီးနောက် လူတချို့က “ဤသူသည် ဘုရားသခင်ကို အမြဲ သံသယဝင်နေသည်။ သူ့ကို နုတ်ပယ်လော့၊ သူ့ကို တာဝန်ထမ်းဆောင်ခွင့်မပြုနှင့်” ဟု ပြောကြသည်။ ဤနည်းအားဖြင့် နုတ်ပယ်ခံရသောသူများ ရှိသလော။ (မရှိပါ။) ထို့ကြောင့် ဘုရားသခင်၏အိမ်တော်က လူတို့ကို မည်သည့်အခြေခံသဘောတရားအရ နုတ်ပယ်သနည်း။ မည်သည့်လူတို့က နုတ်ပယ်ခြင်းနှင့် မိမိတို့၏တာဝန်မှ ဆိုင်းငံ့ခြင်းကို ခံရသနည်း။ (သူတို့၏ အစေခံခြင်းက အကျိုးရှိသည်ထက် ပို၍ ပြဿနာဖြစ်နေကာ အနှောင့်အယှက်များနှင့် ဆူပူလှုပ်ရှားမှုများကို ဖြစ်ပွားစေသောသူများ ဖြစ်ပါသည်။) ထိုသို့သောလူတို့သည် တာဝန်မထမ်းဆောင်သင့်ပေ။ ဤသည်မှာ ထိုသူတို့နှင့်ပတ်သက်သော လူတစ်ဦးဦး၏ ထင်မြင်ချက်ကြောင့် မဟုတ်သကဲ့သို့ ယင်းက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် ထိုသူတို့ကို ချုပ်ထိန်းရန်ကြိုးစားခြင်းမှလည်း အရင်းမခံပေ။ ယင်းမှာ သူတို့၏တာဝန်ထမ်းဆောင်ခြင်းက စံချိန်မမီဘဲ အလွန်ချို့တဲ့သောကြောင့် ဖြစ်သည်။ ထိုသူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း တကယ်မရှိကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

လူအချို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ပျင်းရိပြီး တာဝန်မဲ့ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဆိုးသောအရာများကို တိတ်တဆိတ်ပင် လုပ်ဆောင်ကြသည်။ ၎င်းတို့၏တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်သည့်အခါ ထိုတာဝန်သည် ၎င်းတို့အတွက် မသင့်တော်ကြောင်း၊ ယင်းသည် ၎င်းတို့၏ အားသန်ရာကိစ္စမဟုတ်ကြောင်း၊ ၎င်းတို့၌ ကျွမ်းကျင်မှု ကင်းမဲ့ကြောင်း ပြောလျက် ၎င်းတို့က ဆင်ခြေများကို ရှာကြသည်။ အမှန်တွင် ဤသည်မှာ တာဝန်ကို ၎င်းတို့ဆိုးရွားစွာ ထမ်းဆောင်ရသည့် အကြောင်းအရင်းမဟုတ်သည်ကို လူတိုင်းက တွေ့မြင်နိုင်ကြသည်။ ထို့ကြောင့် ထိုသို့သော လူများကို မည်သို့ကိုင်တွယ်သင့်သနည်း။ ၎င်းတို့၏တာဝန်ကို အခြားတစ်နေရာတွင် ထမ်းဆောင်ဖို့ ၎င်းတို့ တောင်းဆိုပါက ခွင့်ပြု၍ရမည်လော။ (မရပါ။) ထိုသို့သော လူများကို ထုတ်ပယ်ပစ်မှရမည်၊ အခြားမရှိပေ။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပေ၊ ၎င်းတို့၌ မှန်ကန်သည့် သဘောထား မရှိပေ။ တာဝန်ထမ်းဆောင်ဖို့ စေခိုင်းခြင်းခံရသည့်အခါတွင် လူအချို့က ခေါင်းကုတ်ကြပြီး ခုခံလိုစိတ်ကို ခံစားကြရသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့သည် လုံးလုံး မလိုလားကြပေ၊ ပြီးလျှင် ၎င်းတို့က အရှက်ရခြင်းကို ငုံ့ခံနေရသည့်အလား ယင်းကို ကတ်ကတ်သတ်သတ် လုပ်ဆောင်ကြလေသည်။ ၎င်းတို့က “ဤနေရာတွင် ဦးစွာ ငါအသာဇာတ်မြှုပ်နေလိုက်မည်၊ နှစ်အနည်းငယ်ကြာ အိုးနင်းခွက်နင်း ငါလုပ်လိုက်မည်၊ ပြီးလျှင် ငါအဘယ်အရပ် ရောက်သွားမည်ကို မည်သူသိနိုင်သနည်း” ဟု တွေးကြသည်။ ထိုသို့သော အစီအစဉ်များကို ပြုလုပ်ကြသည့် လူများကို သင်နားလည်သွားသည်နှင့် ၎င်းတို့ကို တာဝန်ထမ်းဆောင်ဖို့ ခွင့်မပြုနှင့်။ ၎င်းတို့က အခြားတစ်နေရာတွင် ထိုသို့လုပ်ဆောင်လိုပါက ၎င်းတို့ကို ခွင့်မပြုနှင့်။ ထိုသို့သော အခြေအနေများတွင် သင်သည် ၎င်းတို့ကို အတင်းအဓမ္မ ကိုင်တွယ်ရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ၎င်းတို့၏အဖြစ်အနေကို ရိပ်စားမိပြီးဖြစ်သောကြောင့်ပင်တည်း။ ဤလူသည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်သည်ကို လူတိုင်း သဘောတူပြီးဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူဖြစ်သောကြောင့် ၎င်းတို့ကို ရှင်းထုတ်ရမည်။ ၎င်းတို့ကို မရှင်းထုတ်ပါက ဤနေရာတွင် ဆက်နေခွင့်၊ နှောင့်ယှက်ခွင့်နှင့် အစားအစာများကို တောင်းရမ်းယူခွင့် ပေးရမည်လော။ လုံးဝ မပေးရချေ။ ထိုသို့သော အခြေအနေများကို အသင်းတော်၌ တာဝန်ထမ်းဆောင်သူများကို ဆက်ဆံပုံ ဆက်ဆံနည်းဆိုင်ရာ အခြေခံသဘောတရားများအတိုင်း ကိုင်တွယ်ရမည်။ ထိုလူက မသွားချင်လျှင်ပင် သွားကိုသွားရပေမည်။ ဤသည်မှာ လူများကို အတင်းအကျပ်စေခိုင်းခြင်း ဟုတ်သလော။ မဟုတ်ပေ။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် အလုပ်ကို ကာကွယ်ခြင်းဖြစ်သည်၊ ယင်းမှာ ညာစားတတ်သူများကို ရှင်းထုတ်ခြင်း ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏” မှ

လူတိုင်း ချစ်ခြင်းမေတ္တာ၊ အကူအညီပေးတတ်ခြင်း၊ သည်းခံခြင်းတို့နှင့် ဆက်ဆံနိုင်သော လူအမျိုးအစားရှိစေကာမူ၊ သူတို့သည် ဘုရားသခင်တစ်ပါးတည်းနှင့်သာ စေ့စပ်၍မရသည့်အပြင် သူတို့မှာ ဘုရားသခင်၏ မပြေနိုင်သောရန်ဘက်ပင် ဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကို ထိပါးလာသည့်၊ ဘုရားသခင် မိန့်ဆိုသတ်မှတ်သည့်အရာကို ထိပါးလာသည့် အရာတစ်ခုကို ကြုံတွေ့သောအခါ၊ သူတို့သည် ယင်းကို လက်ခံနိုင်စွမ်း မရှိရုံမျှဖြစ်ကာ၊ အခက်အခဲများကို ဖန်တီးပြီး အချိန်တိုင်းနေရာတိုင်း၌ ယင်းအပေါ် သံသယထားရှိလျက် အယူအဆများကို ဖြန့်ဝေတတ်သည်၊ သို့သော် တစ်စုံတစ်ခုက သူတို့၏ကိုယ်ပိုင် အကျိုးအမြတ်များကို ထိပါးလာသည့်အခါ သူတို့သည် ထကြွပြီး ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်မှုပင် ပြုနိုင်စွမ်းရှိခြင်းကဲ့သို့သော ဘုရားသခင့် အိမ်တော်၏အလုပ်ကို ထိခိုက်နစ်နာစေသည့် အရာများစွာကိုလည်း သူတို့ပြုလုပ်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော လူစားမျိုးနည်း။ (ဘုရားသခင်ကိုမုန်းသောသူမျိုး ဖြစ်သည်။) ဘုရားသခင်အား မုန်းတီးခြင်းဟူသည် ခပ်သိမ်းသောလူတို့၏ သဘာဝလက္ခဏာတစ်ခု ဖြစ်ပြီး၊ အားလုံးတွင် ဤအနှစ်သာရရှိသည်။ သို့သော်လည်း အချို့သော လူတို့တွင် ယင်းက သိပ်မပြင်းထန်ပေ။ သို့ဆိုလျှင် ဤလူစားမျိုးက ဘုရားသခင်ကို အဘယ့်ကြောင့် အလွန်မုန်းတီးရသနည်း။ သူတို့က ဘုရားသခင်၏ရန်ဘက် ဖြစ်ကြသည်။ သူတို့သည် မာရ်နတ်များ ဖြစ်ကြပြီး၊ ရှင်းရှင်းပြောရလျှင် သူတို့မှာ အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်တကား။ ဘုရားသခင်ကယ်တင်သော လူတို့ကြားတွင် ထိုကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးများ ရှိသလော။ (မရှိပါ။) ထို့အတွက်ကြောင့် အကယ်၍ သင်တို့သည် အသင်းတော်ထဲတွင် ဤကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးမျိုးများ ကဲ့သို့သောသူ အချို့ကို အတိအကျ ဖော်ထုတ်မိပါက ထိုသူတို့ကို နေရာမှ ချက်ချင်း နုတ်ပယ်ရမည်။ အကယ်၍ လူတစ်ဦးသည် အများအားဖြင့် အတော်ပင် ကောင်းစွာပြုမူသော်လည်း သူတို့၏ အခြေအနေတွင် တဒင်္ဂလစ်ဟင်းမှုသာရှိလျှင်၊ သို့မဟုတ် သူတို့၏ ဝိညာဥ်ရင့်သန်မှုက သမ္မာတရားကို နားလည်ရန်အတွက် အလွန်သေးငယ်ကာ၊ သူတို့သည် မဆိုစလောက်သော တုံ့ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက်ကို ဖြစ်စေသော်လည်း ဤအပြုအမူက တစ်သမတ်တည်းမဟုတ်ဘဲ သူတို့သည်လည်း သဘာဝအားဖြင့် ထိုကဲ့သို့သော လူစားမျိုးမဟုတ်ပါလျှင် သူတို့ကို ပြန်လည်၍ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ အတော်ပင် ညံ့ဖျင်းသော လူ့သဘာဝရှိလင့်ကစား ကဏ္ဍတစ်ရပ်တွင် အားသာသောသူအချို့ ရှိလေသည်- သူတို့က အစေခံရန် ဆန္ဒရှိပြီး ဒုက္ခခံရန်ပင် အသင့်ဖြစ်ကြသည်။ ယင်းမှာ သူတို့က ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံဘဲ သူတို့အား ပုန်ကန်ပြစ်မှားသူ မည်သူ့ကိုမဆို ဖက်ပြိုင်အံတုလိမ့်မည် ဖြစ်သော်လည်း သူတို့သည် ပုန်ကန်ပြစ်မှား မခံရသောအခါ အတော်အတန် ပုံမှန်ဖြစ်ကြခြင်းပင် ဖြစ်သည်။ သူတို့သည် အခြားလူတစ်ဦးဦး အထိခိုက်ခံလျက် အမြတ်ထုတ်ခြင်းလည်း မပြုခဲ့ပါပေ။ ထိုကဲ့သို့သော သူတို့ကိုလည်း ပြန်လည်ထိန်းသိမ်းထားမည် ဖြစ်ပြီး၊ သူတို့က သေချာပေါက် ကယ်တင်ခြင်းခံရလိမ့်မည်ဟု ပြောမည်မဟုတ်သော်လည်း အနည်းဆုံး သူတို့က အစေခံကြမည်ဖြစ်ကာ အဆုံးသတ်ထိ သူတို့အစေခံနိုင် မခံနိုင်မှာ သူတို့ကိုယ်တိုင်ကိုယ်ကျ အားထုတ်မှုအပေါ် မူတည်သည်။ သို့သော်လည်း အကယ်၍ ထိုကဲ့သို့သောလူတစ်ဦးက အသက်ရှင်နေသော နတ်ဆိုးဖြစ်ပြီး ဘုရားသခင်၏ ရန်ဘက်တစ်ဦး ဖြစ်ပါက သူတို့ကို လုံးဝ ကယ်တင်၍မရနိုင်ပါချေ။ ဤသည်မှာ ကျိန်းသေမှုတစ်ခုဖြစ်ပြီး သူတို့ကို အသင်းတော်မှ နှုတ်ပယ်ရမည် ဖြစ်သည်။ အချို့ကို နောင်တရဖို့၊ သူတို့အား သင်ခန်းစာသင်ပေးဖို့ အခွင့်အရေးပေးရန်အတွက် နှုတ်ပယ်ခြင်းဖြစ်သည်။ အခြားသူများအား သူတို့ တကယ်ဖြစ်သည့်အတိုင်း သူတို့၏သဘာဝကို တွေ့မြင်ရသဖြင့် နှုတ်ပယ်ခြင်းဖြစ်ပြီး ထိုသူတို့ကို ကယ်တင်၍ မရနိုင်ပါပေ။ လူတိုင်းက ခြားနားလေသည်။ အချို့တွင် ဝမ်းနည်းညှိုးငယ်ပြီး စိတ်ဓာတ်ကျဖွယ် အခြေအနေရှိလင့်ကစား နှုတ်ပယ်ခြင်းခံထားရသူ အချို့က သူတို့၏တာဝန်ကို အဆုံးရှုံးမခံဘဲ ဆက်လက်၍ ထမ်းဆောင်ကြသည်၊ ထိုသူတို့မှာ မိမိတို့၏တာဝန်ကို လုံးဝမထမ်းဆောင်သော လူတို့၏ အခြေအနေ၌ မရှိသည့်အပြင် သူတို့လျှောက်သော လမ်းကြောင်းများမှာလည်း မတူညီချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

ဘုရားသခင်၏အိမ်တော်က လူအမျိုးအစား အမျိုးမျိုးကို ကိုယ်တွယ်သည့်နည်းလမ်း— အချို့သည် တာဝန်ထမ်းဆောင်ခြင်း ရာထူးမှ ထုတ်ပယ်ခံကြရသည်။ အချို့သည် အချိန်ပြည့် အသင်းတော်အဖြစ်မှ အချိန်ပိုင်းအသင်းတော်အဖြစ်သို့ အဆင့် လျှော့ချခံရသည်။ အချို့သည် အချိန်ပိုင်းအသင်းတော်အဖြစ်မှ သာမန် အသင်းတော်အဖြစ်သို့ အဆင့်လျှော့ချခံကြရသည်။ အချို့သည် ဤအသင်းတော်အမျိုးအစား အမျိုးမျိုးမှ အုပ်စု (ခ) အဆင့်သို့ လျှော့ချခံရသည်။ အချို့ကမူ ယတိပြတ် နှင်ထုတ်ခြင်းကို ခံကြရသည်။ မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏အိမ်တော်သည် အသင်းတော်ကို သန့်စင်ခြင်း အလုပ်အတွက် သေချာ ကြိုတင်စီစဉ်လေသည်။ ဖယ်ရှင်းခြင်းခံရဖို့ စံနှုန်းပြည့်မီသည့် လူအမျိုးအစား အမျိုးမျိုးအတွက် အထူးအလုပ်အစီအစဉ်များလည်း ရှိ၏။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထားရှိသည့် လူများ၏ သဘောထားနှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ် ၎င်းတို့၏ ပြစ်မှားခြင်းများအပြင် ဤလူအမျိုးအစား အမျိုးမျိုးက ပြသသည့် လူ့သဘာဝနှင့် စိတ်သဘောထားတို့အရ ဘုရားသခင်၏အိမ်တော်သည် ၎င်းတို့ကို ကိုင်တွယ်ဖို့အတွက် အမှုတစ်ခုချင်းစီအလိုက် မူဝါဒများ ဖန်တီးရလေသည်။ ဘုရားသခင်၏အိမ်တော်၌ ဤအရာများ အားလုံးအတွက် အလုပ်အစီအစဉ်များ ရှိသည်။ အလုပ်အစီအစဉ်များကို စာအရလည်းကောင်း၊ မိတ်သဟာယမှတစ်ဆင့်လည်းကောင်း ဆက်သွယ် အသိပေးသည်။ အနှစ်ချုပ်ဆိုရလျှင် ဤအလုပ်သည် မပြတ်တမ်း ရှေ့ဆက်နေပြီး ပြတ်တောင်းပြတ်တောင်း မဟုတ်ပေ။ အထက်က အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်သဖြင့် အသင်းတော်သည် ရှင်းလင်းဖယ်ရှားခြင်း အလုပ်ကို ခဏတာမျှ လုပ်ဆောင်ပြီးနောက် ထိုအလုပ် ပြီးဆုံးသွားသည်နှင့်— အထက်အရပ်က ဤအမှုကိစ္စအဖို့ မည်သည့်အမိန့်မျှ နောက်ထပ်မပေးပါက— ရှင်းထုတ်ဖို့ လိုအပ်သည့် သူတစ်ယောက်ကို အသင်းတော်က နောက်တစ်ကြိမ်တွင် ဖောက်ထုတ်ရသည့်အခါ မည်သည့်အရာကိုမျှ မလုပ်ခြင်းမျိုး မဟုတ်ချေ။ ထိုသို့မဟုတ်ပေ။ အသင်းတော်၏ ရှင်းလင်းဖယ်ရှားခြင်း အလုပ်သည် မပြတ်တမ်း ရှေ့ဆက်နေရမည်ဖြစ်ပြီး စနစ်တကျရှိနေရမည်။ ထုတ်ပယ်ခြင်းသည် လိုအပ်ပြီး သင့်တင့်လျောက်ပတ်လျှင် ယင်းကို အလုပ်အစီအစဉ်များအတိုင်း ဆောင်ရွက်ရမည်။ အထက်မှ လမ်းညွှန်ချက်များ၊ သို့မဟုတ် ခေါင်းဆောင်လူကြီးများထံမှ အမိန့်များကို မလှုပ်မယှက် ထိုင်စောင့်မနေနှင့်၊ နောက်ထပ် ညီအစ်ကိုမောင်နှမများက တိုင်ကြားလာသည်ကို မလှုပ်မယှက် စောင့်မနေနှင့်။ ညီအစ်ကို မောင်နှမတစ်စုထံမှ တိုင်စာရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ခေါင်းဆောင်များကိုယ်တိုင်က ရှာဖွေတွေ့ရှိနှင့်ပြီးဖြစ်ပါက၊ သို့တည်းမဟုတ် အသင်းတော်၏ ကြီးကြပ်သူများက အချင်းချင်း မိတ်သဟာယပြုပြီး အများသဘောတူညီမှု ရယူပြီးကာ ထိုသူကို ရှင်းထုတ်သင့်ကြောင်းပြောထားသည့် အကဲဖြတ်ချက်တစ်စောင်ကို ညီအစ်ကိုမောင်နှမအများစုက ရေးလာပါက ၎င်းတို့ကို ချက်ချင်း ထုတ်ပယ်သင့်သည်။ ဤသည်မှာ ထိုကဲ့သို့သော အလုပ်အတွက် အလုပ်အစီအစဉ်များ၏ အထူးပြဋ္ဌာန်းချက် ဖြစ်သည်။ ရှင်းလင်းဖယ်ရှားသည့် အလုပ်ကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားအိမ်တော်ရှိ တာဝန်ထမ်းဆောင်သည့်သူများ၏ အလုပ်ပတ်ဝန်းကျင်သည် ငြိမ်းချမ်းဖို့နှင့် ကောက်ကျစ်သူများ၏ နှောင့်ယှက်မှုမှ လွတ်ကင်းဖို့ရာ အသင်းတော်ကို သန့်ရှင်းစေဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူပင် ဘုရားအိမ်တော်သည် လူလေလူလွင့်များနှင့် ပျင်းရိသည့် လက်ကြောမတင်းသူများကို မထောက်ပံ့သောကြောင့်လည်း ဖြစ်သည်။ ဘုရားအိမ်တော်၌ မိမိတို့၏တာဝန်ကို ပုံမှန်အားဖြင့် ထမ်းဆောင်နိုင်စွမ်းမရှိသည့်သူစားမျိုး၊ တစ်စုံတစ်ဦးက စောင့်ကြည့်ပြီး စည်းကမ်းဖြင့်ထိန်းဖို့ အစဉ် လိုအပ်သည့်သူစားမျိုး၊ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်သည့်သူစားမျိုး— ၎င်းတို့ကိုလည်း ရှင်းထုတ်သင့်သည်။ ထိုသို့သော အလုပ်သည် ရိုးရှင်းသည့် သီးခြားအလုပ်ဖြစ်သင့်ကာ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ တာဝန်ယူသင့်သည့်အလုပ် ဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက အကောင်အထည်ဖော်ပြီး အဆုံးသတ်သင့်သည့် အလုပ်တစ်ခု ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

အရှေ့သို့- ၇၁) အသင်းတော်ထဲတွင် လူတို့ကို သီးခြားထားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၃) အသင်းတော်မှ နှင်ထုတ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅၇၇ ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

၁လူသားမျိုးနွယ်ဝင်အနေဖြင့်ခရစ်တော်ရဲ့နောက်လိုက်အနေဖြင့်ကိုယ်တော် ရဲ့ မဟာစေခိုင်းချက်ကို ပြည့်စုံဘို့ရန်ကျွန်ုပ်တို့ စိတ်ခန္ဓာကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်