၁၆၈) ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားကို သိနားလည်ခြင်းနှင့် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်လော့။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိကာ စစ်မှန်သော လူသား ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်လော့။

(၂) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန်၊ လူတစ်ဦးသည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ ဘုရားသခင်၏ အမှုတော်ကို အစွမ်းကုန် ကာကွယ်ရမည်ဖြစ်ပြီး မိမိတို့၏ ဆည်းကပ်မှုကို ထိန်းသိမ်းရမည်။

(၃) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အလယ်တွင်၊ သင်၏ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေပြီး စိတ်ကျေနပ်စေဖို့ အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သိနားလည်နိုင်ဖို့နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့သာ ကြိုးစားလော့။

(၄) သမ္မာတရားကို လိုက်စားပြီး ရိုးသားသော လူတစ်ဦး ဖြစ်လော့၊ မိမိကိုယ်ကို ဘုရားသခင်အတွက် စစ်မှန်ရိုးသားမှုဖြင့် အသုံးတော်ခံလော့၊ သင်၏ အသက်တာကို သူ့နောက်လိုက်ခြင်းနှင့် သူ့အတွက် သက်သေခံခြင်းတို့အဖို့ ဆက်ကပ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူတစ်ဦး ဖြစ်လာလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အဖို့ ကြီးမားသော အထောက်အကူတစ်ခု ဖြစ်၏။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး ရည်ရွယ်ချက်မြင့်မားသော နှလုံးသားတစ်ခု ဖြစ်သော်လည်း၊ ယခုထိ ငါသည် လက်ချည်းဗလာ ဖြစ်နေဆဲဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစားကြလော့- တစ်နေ့တွင် ငါသည် ပြောဖို့ စကားလုံးများ၏ အတိုင်းအတာ ကျော်လွန်သည်အထိ၊ အလွန်စိတ်ထိခိုက်ရဆဲဖြစ်ပါက၊ သင်တို့အပေါ် ငါ၏ သဘောထားသည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ထိုအခါ ငါသည် ယခုကဲ့သို့ သင်တို့ကို ဖော်ရွေမည်လော။ ထိုအခါတွင် ငါ၏စိတ်နှလုံးသည် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမည်လော။ ဒုက္ခသုခခံ၍ စိုက်ကွင်းကို ထွန်ယက်လျက်၊ ဂျုံစပါးတစ်စေ့ကိုမျှ မရိတ်သိမ်းရသေးသည့် လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ အလွန် ထိုးကြိတ်ခံရပြီးသည့်အခါတွင်၊ လူတစ်ဦး၏ နှလုံးသားသည် မည်မျှကြီးမားစွာ အနာတရဖြစ်သည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန်ပြည့်ခဲ့လျက်၊ မသင့်မြတ်၍ ခွဲခွာခဲ့ရပြီးသည့် လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံခဲ့ရသော လူတစ်ဦးထံမှ ထွက်သည့် အမျက်ဒေါသကို သင်တို့ မြင်ဖူးသလော။ မလိုမုန်းထားစိတ်နှင့် လှည့်ဖြားမှုတို့ဖြင့် ဆက်ဆံခံရပြီးသော လူတစ်ဦး၏ လက်စားချေဖို့အတွက် စိတ်ထက်သန်မှုကို သင်တို့ သိနိုင်သလော။ ဤလူတို့၏ စိတ်နေသဘောထားကို သင်တို့ နားလည်ပါက၊ သူ၏ ဒဏ်ခတ်ခြင်း အချိန်ကာလတွင် ဘုရားသခင် ထားရှိမည့် သဘောထားကို တွေးကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အားလုံး ခြုံကြည့်သော်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

ဘုရားသခင်သည် လူတစ်ဦးစီတိုင်းအတွက် အပင်ပန်းခံသော အဖိုးအခကို ပေးသည်။ သူသည် အားလုံးအတွက် မျှော်မှန်းချက်များ၊ မျှော်လင့်ချက်တို့နှင့်အတူ သူ၏အလိုတော်ကို လူတစ်ဦးချင်းစီအပေါ် တာဝန်ချထားသည်။ သူက ဤလူတို့အတွက် ဤသို့အပင်ပန်းခံသော အဖိုးအခကို ရက်ရက်ရောရောပေးပြီး ထိုသို့ပြုရခြင်းကို ပျော်ရွှင်သည်ထက်ပင် ပိုသည်။ သူသည် လူတစ်ဦးစီတိုင်းကို သူ၏အသက်နှင့် သမ္မာတရားဖြင့် လိုလိုလားလား ဖြည့်ဆည်းပေးသည်။ သို့ဖြစ်၍ လူတိုင်းက သူ၏ ဤရည်မှန်းချက်ပန်းတိုင်ကို နားလည်နိုင်လျှင် ဘုရားသခင် ကျေနပ်နှစ်သက်၏။ သင့်အတွက် မည်သည့်ပတ်ဝန်းကျင်များကို သူဖန်တီးထားသည်ဖြစ်စေ သင်သည် သူပြုသောအရာများကို လက်ခံပြီး ကျိုးနွံနာခံနိုင်ကာ သူ့ထံမှ အရာရာကို လက်ခံရယူနိုင်လျှင် ဤအပင်ပန်းခံသော အဖိုးအခကို အချည်းနှီးပေးထားခြင်း မဟုတ်ကြောင်း သူခံစားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သင်သည် သင့်အထဲ၌ ဘုရားသခင်ရင်းနှီးမြှုပ်နှံထားသည် ဂရုစိုက်မှုနှင့် အကြံအစည်အတိုင်း လျော်ညီအောင် အသက်ရှင်ရန် ပျက်ကွက်ပြီးဖြစ်လိမ့်မည် မဟုတ်ချေ။ သင်သည် ပတ်ဝန်းကျင်အခြေအနေတိုင်း၌ ဆုလာဘ်များကို အကျိုးခံစားရပြီး ဖြစ်မည်ဖြစ်ကာ သင့်အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များကို ပျက်ပြားစေပြီး ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင့်အပေါ် ဘုရားသခင်ပြုခဲ့ပြီးသောအရာက မျှော်လင့်ထားသည့် အကျိုးသက်ရောက်မှု ရှိပြီးဖြစ်ကာ မျှော်လင့်ထားသည့် ရည်မှန်းချက်ကို ရရှိပြီးပါက သူသည် ကျေနပ်မည်ဖြစ်သည်။ ဘုရားသခင်က သင့်ကိုလုပ်ဆောင်သည့်အရာကို သင်မည်သည့်အခါမျှ လက်မခံဘဲ၊ ထိုအစား ယင်းကို အမြဲ ငြင်းပယ်ပြီး ခုခံနေပါက၊ သူသည် စိုးရိမ်မကြောင့်ကျဘဲ နေမည်လော၊ မနေသလော။ သူသည် စိတ်ပူကာ စိုးရိမ်ကြောင့်ကျလိမ့်မည်၊ ပြီးလျှင် သူက “ငါသည် ဤပတ်ဝန်းကျင်များကို သင့်အတွက် စီစဉ်ပေးပြီးဖြစ်ကာ၊ အလွန် အပင်ပန်းခံကြိုးစားသည့် အဖိုးအခကို ပေးပြီးဖြစ်သောကြောင့်၊ အဘယ့်ကြောင့် မည်သည့် ရလဒ်မျှ မရှိရသေးသနည်း။ ဤသည်တို့ထဲမှ မည်သည့်အရာမျှ သင့်ကို အဘယ့်ကြောင့် မတို့ထိရသနည်း။” ဟု ပြောလိမ့်မည်။ ဘုရားသခင်က သူလုပ်ဆောင်ပြီးသည့်အမှုသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မမြင်တွေ့နိုင်ပါက၊ သူသည် ဝမ်းနည်ရလိမ့်မည်။ သူအဘယ့်ကြောင့် ဝမ်းနည်ရသနည်း။ ယင်းမှာ သင်သည် ခံစားချက်မရှိဘဲ၊ မသိနားမလည်ဖြစ်ကာ၊ တုံးပြီး ခေါင်းမာသောကြောင့် ဖြစ်သည်။ သင်သည် သူ၏အလိုတော်ကို နားမလည်သကဲ့သို့၊ သမ္မာတရားကိုလည်း လက်မခံပေ။ ဘုရားသခင်က သင့်အသက်အတွက် တာဝန်ယူထားပြီး၊ ယင်းအတွက် သူသည် စိတ်ပူကာ စိုးရိမ်ကြောင့်ကျလျက် ရှိသည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် ဝမ်းနည်းရခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

ဘုရားသခင်သည် သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့် တန်ဖိုးထားပြီး သူ့ကို လူသား၏ နားလည်ခြင်းနှင့် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်ခြင်းကို မြတ်နိုးလေသည်။ ဘုရားသခင်သည် ဤရိုးသားစစ်မှန်မှုကို မည်မျှ မြတ်နိုးသနည်း။ ယင်းကို သူမည်မျှမြတ်နိုးသည်ကို သင်တို့ နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်သကဲ့သို့၊ ယင်းကို သဘောပေါက်သောသူ မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦး ပေးခဲ့ပြီး၊ ထိုသား အရွယ်ရောက်ခဲ့ပြီးချိန်တွင် ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့ စေခိုင်းခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ အမိန့်ကို အသေးစိတ် အတိအကျ လိုက်နာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့ပြီး၊ သူ၏ စစ်မှန်ရိုးသားမှုက ဘုရားသခင်ကို တို့ထိခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်မျှ တန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ သဘောမပေါက်ခဲ့ချိန်တွင် သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်ခဲ့ချိန်တွင်၊ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာတစ်ခုကို လုပ်ခဲ့ဆောင်ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်ခြင်း အသိစိတ်တစ်ခု ခံစားစေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူ တစ်စုံတစ်ဦးကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူဆောင်ပေးခဲ့သည်။ ဤစိတ်ကျေနပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းထားသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးထံမှ လာခဲ့ခြင်းဖြစ်ကာ၊ လူသားကို ဖန်ဆင်းခဲ့ကတည်းက လူသားက ဘုရားသခင်ကို ပထမဦးဆုံး ပူဇော်ဖူးခဲ့သည့် “ယဇ်ပူဇော်ခြင်း” ဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ဤယဇ်ပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော် နေခဲ့ရပြီး၊ ယင်းကို သူဖန်ဆင်းထားခဲ့သည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းက လူ၏ အားထုတ်မှုများနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခ၏ အဦးသီးသော အသီးအနှံကို ဘုရားသခင်အား ပြသခဲ့ပြီး၊ လူသားမျိုးနွယ်ထဲရှိ မျှော်လင့်ချက်ကို သူ့အား တွေ့မြင်ခွင့်ပေးခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သူ့ကို အဖော်ပြုမြဲပြုဖို့၊ စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဆက်ဆံဖို့၊ ပြီးလျှင် စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဂရုစိုက်ဖို့ ထိုသို့သော လူတစ်စုကို သာ၍ပင် ကြီးစွာသော တမ်းတမှု ရှိခဲ့လေသည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ အာဗြဟံ၏ စိတ်နှလုံးကဲ့သို့ စိတ်နှလုံးက သူ့ကို အဖော်ပြုကာ သူနှင့်အတူရှိဖို့ ဘုရားသခင် ဆန္ဒရှိခဲ့သည့်အတွက်၊ အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ပင် ဘုရားသခင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို အလိုရှိခဲ့သည်ဖြစ်စေ- အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှု သို့မဟုတ် အသိပညာ စိုးစဉ်းမျှ မရှိသည့်အတွက်- ယင်းမှာ စိတ်ဆန္ဒတစ်ခုမျှသာ၊ စိတ်ကူး တစ်ခုသာ ဖြစ်ခဲ့သည်။ အာဗြဟံသည် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်၊ ထိုစံနှုန်းများမှာ- ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်အဖို့ သက်သေခံနိုင်ခြင်း၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် အာဗြဟံသည် ဘုရားသခင်နှင့်အတူ မလျှောက်လှမ်း နိုင်ခဲ့ချေ။ အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းတွင်၊ ဘုရားသခင်သည် အာဗြဟံ၏ စစ်မှန်ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး သူနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ စစ်ဆေးခြင်းကို ခံရပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ဘုရားသခင်က သူ၏ စစ်မှန်ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း၊ ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိကျွမ်းခဲ့ပြီး သိနားလည်ခဲ့သူ တစ်ဦး၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ နှံ့စပ်သောသူတစ်ဦး ဖြစ်လာခြင်းငှာ ထိုက်တန်ခြင်း မရှိခဲ့သေးပေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းနှင့် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ခြင်းမှ ဝေးကွာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်ပူပန်ဆဲရှိခဲ့သည်။ ဘုရားသခင်သည် သာ၍ အထီးကျန်ပြီး စိုးရိမ်ပူပန်လာလေလေ၊ သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ သာ၍ လိုအပ်လေလေ ဖြစ်ခဲ့ပြီး၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်ဖို့နှင့် သူ၏အလိုကို ဖြစ်နိုင်သမျှမြန်မြန် စွမ်းဆောင်ရရှိနိုင်ဖို့ လူတစ်စုကို ရွေးချယ်ပြီး ရယူရန် လိုအပ်လေလေဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ထက်သန်သော ဆန္ဒဖြစ်ခဲ့ပြီး၊ ယင်းသည် တကယ့် အစအဦးကတည်းက ယနေ့ထိ မပြောင်းမလဲ ရှိနေပေသည်။ အစအဦးတွင် ဘုရားသခင်သည် လူသားကို သူဖန်ဆင်းခဲ့ကတည်းက၊ သူနှင့်အတူ လျှောက်ပြီး သူ၏စိတ်သဘောထားကို နားလည်နိုင်သည့်၊ သိရှိနိုင်ပြီး သဘောပေါက်နိုင်သူတစ်စုဖြစ်သည့် အောင်မြင်သောသူများ အုပ်စုတစ်စုကို တမ်းတပြီးဖြစ်သည်။ ဘုရားသခင်၏ ဤဆန္ဒသည် မည်သည့်အခါမျှ မပြောင်းလဲလေပြီ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှကြမ်းတမ်းသည် ဖြစ်စေ၊ ပြီးလျှင် သူတောင့်တသော ရည်မှန်းချက်များက မည်မျှ အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို မရပ်မနား ထပ်တလဲလဲ ပြောဆိုကာ ငါ၏ အမှုသစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လေပြီ။ ဟုတ်ပေ၏၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အမှု အပိုင်းအစ အသီးသီး၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါဘဲနှင့်၊ သင်တို့အားလုံး လမ်းလွဲသွားမည် ဖြစ်သည့်အပြင် လုံးဝ ဘာလုပ်ရ၊ ဘာပြောရမှန်းမသိပင် ဖြစ်နေကြကြောင်း သင်တို့ကိုယ်သင်တို့ တွေ့လိမ့်မည်။ ငါ၏အမှုသည် ယခု ပြီးစီးတော့မည်ဖြစ်ပြီး ယင်း၏ နောက်ဆုံးအဆင့်တွင် ရှိ၏။ အကြံဉာဏ် ပေးခြင်းအမှုကို ငါ လုပ်ဆောင်ဖို့ ဆန္ဒရှိသေး၏၊ ဆိုလိုသည်မှာ သင်တို့ ကြားဖို့ အကြံပြုစကားများ ပေးရန်ဖြစ်သည်။ ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌ သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို အဖန်တလဲလဲ- အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်နှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။

သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ယောဘသည် တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးသည် အဘယ်မှာ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ လူသားအဖို့ မည်သည့်အရာသည် သူ၏တန်ဖိုးမှာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက၊ စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို လူတို့အား မြင်ခွင့်ပေးရင်း၊ ဘုရားသခင် ကယ်တင်လိုသော သော သူအားလုံးအတွက် စံတစ်ခု ချမှတ်ကာ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့သည်။ ဘုရားသခင်အဖို့ သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်အား ကိုယ်စိတ်ချမ်းသာမှုနှင့် မွေ့လျော်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်းတို့၌ တည်ရှိလေသည်။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ လူသားမျိုးနွယ်အလယ်၌ ဘုန်းအသရေကို ဘုရားသခင်ရရှိစေရန်အလို့ငှာ သူ၏စိတ်နှလုံးကို နှစ်သိမ့်စေကာ သူ၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေပြီး မျှော်လင့်ချက်ကို မြင်စေရင်း၊ ယောဘသည် သူမသေဆုံးမီတွင် စမ်းသပ်မှုများကို မည်သို့ တွေ့ကြုံခံစားခဲ့ပြီး စာတန်အပေါ် အောင်နိုင်ခဲ့ကာ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို မည်သို့ သက်သေခံခဲ့သည် ဆိုသည့်အရာ၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အဖို့ တစ်ဦးတစ်ယောက်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ခြင်း အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုး ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ယူဆောင်ပေးခဲ့သည်၊ သူသည် ဘုရားသခင်အား ဘုန်းအသရေကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်ခြင်း အမြည်းတစ်ခုကို ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစပြုခြင်းတစ်ခုကို ပေးခဲ့သည်။ ဤအချိန်မှစ၍ ရှေ့လျှောက်၊ ယောဘ၏အမည်သည် ဘုန်းအသရေကို ဘုရားသခင်ရရှိခြင်း၏ သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ ဘဝတစ်လျှောက်လုံး ယောဘ အသက်ရှင်နေထိုင်ခဲ့သည့် အရာအပြင် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုတို့သည် အစဉ်ထာဝရ ဘုရားသခင်၏ မြတ်နိုးခြင်းခံရမည်ဖြစ်ပြီး၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် နောင်လာမည့် မျိုးဆက်များအားဖြင့် အမွန်အမြတ်ထားခံရကာ အတုယူခံရလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်းပြီး တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ထာဝရ ခံရမည်ဖြစ်ပြီး၊ သူသည် လူ၏ တန်ဖိုးထားခံရခြင်းငှာလည်း ထိုက်တန်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အစအဦးမှသည် ယနေ့ထိတိုင်၊ လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိဖူးလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သက်ရှိအရာများနှင့် အဖန်ဆင်းခံသတ္တဝါ အားလုံးအလယ်တွင် လူသားကလွဲ၍ မည်သူမျှ ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း မရှိဖူးပေ။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်ခွင့်ပေးသော မျက်လုံးများ ရှိသည်။ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင် စကားပြောသည်ကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် လိုအပ်သမျှအားလုံးကို ပိုင်ဆိုင်သည်၊ ထို့ကြောင့် လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့်အတူ လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုလျက်၊ ဘုရားသခင်သည် သူ၏အလိုဆန္ဒအားလုံးကို လူသားအပေါ် ပေးအပ်လေသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ကတည်းက၊ လူသားအနေဖြင့် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးဖို့၊ ယင်းကို ဘုရားသခင်အား သန့်စင်ခွင့်ပေးပြီး ပြင်ဆင်ခွင့်ပေးဖို့၊ ဘုရားသခင်ကို ကျေနပ်စေပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရစေဖို့၊ ဘုရားသခင်အား ကြည်ညိုပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီးဖြစ်သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ၁၆၇) ဘုရားသခင်၏ အလိုတော်ကို အာရုံစိုက်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၉) ဘုရားသခင်ကို စစ်မှန်စွာ ချစ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၉ ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ

၁ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေးအကောင်းဆုံးအရာများ သူလေ ပေးအပ် မိမိဒုက္ခဝေဒနာကို ဘယ်တော့မှ ဖွင့်မပြော တိတ်ဆိတ်စွာ သူလေ စောင်မျှော်ကာ...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်