၁၂) သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို အတည်ပြုခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြင့် အသေအချာပင် ကိုက်ညီမှုရှိသည်။ ယင်းသည် မည်သည့်အခါတွင်မျှ ကွဲလွဲဆန့်ကျင်ခြင်းမရှိသကဲ့သို့ သိသာထင်ရှားစွာ လူသား၏ အယူအဆများနှင့် စိတ်ကူးများ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပေ။

(၂) သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည့်အရာသည် လူတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်စေရန် ဦးဆောင်သည်။ ယင်းသည် ၎င်းတို့၏ စိတ်နှလုံးများကို လင်းလက်သွားစေနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးနိုင်သည်။

(၃) သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည့်အရာသည် လူတို့ထံ အလင်းကို ဆောင်ကြဉ်းနိုင်ပြီး၊ ၎င်းတို့ကို အမှောင်မှ ကယ်လွှတ်နိုင်ကာ ၎င်းတို့ကို ဘုရားသခင်နှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အသိပညာနှင့် အသက်ထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းသော ရှုထောင့်တစ်ခုကို ပေးသည်။

(၄) သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည့်အရာသည် လူတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြုနိုင်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချဖို့ ၎င်းတို့ကို ဦးဆောင်နိုင်ကာ။ ၎င်းတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာ၀သည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

သင်တို့သည် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို အမှန်တကယ်ပင် မသိသော အခြေအနေများစွာ ရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော် မည်ကဲ့သို့ အမှုပြုသည်နှင့်ပတ်သက်၍ ပို၍ပင် မသိကြပေ။ တစ်ခါတစ်ရံ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို သိသာထင်ရှားစွာ နာခံခြင်းမရှိသော အရာတစ်စုံတစ်ခုကို ပြုတတ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင်၏ စားသောက်ခြင်းအားဖြင့် အကြောင်းအရာ၏ အခြေခံသဘောတရားကို သင် နားလည်သဘောပေါက်ပြီးပြီ ဖြစ်သောကြောင့် သင်သည် အတွင်း၌ အပြစ်တင်ခြင်းနှင့် ပူပန်သောက ခံစားချက်တစ်ခု ရလေသည်။ ဟုတ်ပါသည်၊ ဤသည်မှာ သမ္မာတရားအနည်းငယ်ကို သိခြင်းအကြောင်းကြောင့်သာလျှင် လူတစ်ဦး ခံစားရမည့် ခံစားချက်တစ်ခုပင်ဖြစ်သည်။ အကယ်၍ လူတို့သည် မျက်မှောက်ခေတ် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု မရှိပါက ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို နှောင့်ယှက်ဟန့်တားနေကြပြီး အတွင်း၌ ပူပန်သောကကို ဧကန်မုချ ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်သည်။ သင်သည် သွင်ပြင်လက္ခဏာတစ်ခုခု၏ အခြေခံသဘောတရားကို နားလည်သည်ဆိုပါစို့၊ သို့သော်လည်း သင်သည် လျော်ညီစွာ လက်တွေ့မကျင့်သုံးသောကြောင့် သင်သည် အတွင်း၌ အပြစ်တင်ခြင်းခံစားချက်တစ်ခုကို ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤအခြေခံသဘောတရားကို နားမလည်သည့်အပြင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လုံးလုံးလျားလျား မသိပါက သင်သည် ဤကိစ္စနှင့်ပတ်သက်၍ အပြစ်တင်ခြင်းအသိတစ်ခုကို သေချာပေါက် ခံစားရမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်တင်ခြင်းမှာ အခြေအနေအပေါ် အမြဲမူတည်သည်။ သင်သည် ဆုမတောင်းရသေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသေးခြင်းကြောင့် အမှုကို သင်ကြန့်ကြာစေခဲ့ပြီဟု သင်ထင်သည်။ အမှန်အားဖြင့် ၎င်းကို ကြန့်ကြာစေ၍ မရနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားတစ်စုံတစ်ဦးကို လှုံ့ဆော်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော်၏အမှုသည် တစ်စုံတစ်ဦး၏ ကန့်သတ်ထိန်းချုပ်ခြင်းကို မခံပေ။ သင်သည် ဘုရားသခင်ကို စိတ်ပျက်စေပြီဟု ခံစားရပြီး ဤသည်မှာ သင်၏ သြတ္တပ္ပစိတ်ထဲတွင် သင်ထားရှိသင့်သော ခံစားချက်တစ်ခုပင် ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိသည် မရရှိသည်မှာ သင်၏ အရေးကိစ္စဖြစ်ပြီး ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ တစ်ခါတစ်ရံ စွပ်စွဲခံရသကဲ့သို့ ခံစားတတ်သည်မှာ သင်၏ကိုယ်ပိုင်သြတ္တပ္ပစိတ် ဖြစ်သော်လည်း ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် အလင်းပေးခြင်း မဟုတ်သည့်အပြင် ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်တင်ခြင်းလည်း မဟုတ်ပါပေ။ ထို့အစား ၎င်းမှာ လူသားတို့၏ သြတ္တပ္ပစိတ်ထဲမှ ခံစားချက်တစ်ခုပင်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားသခင်၏အမှုတို့ ပါဝင်သည့် အကြောင်းအရာများတွင် လက်လွတ်စပယ် ပြုမူပါက ဘုရားသခင်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ၎င်း၌ အကန့်အသတ်တစ်ခုရှိပြီး၊ သာမန်ဖြစ်ပြီး သေးငယ်သော ကိစ္စများတွင် ဘုရားသခင်သည် သင့်အတွက်နှင့် ဒုက္ခခံလိမ့်မည်မဟုတ်။ သူသည် သင့်ကို လျစ်လျူရှုလိုက်မည်ဖြစ်သည်။ အကယ်၍ သင်သည် အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်၏အမှုကို နှောင့်ယှက်မွှေနှောက်လျှင်မူ သူသည် သင့်အပေါ် သူ့အမျက်ဒေါသကို ထုတ်လွှတ်မည်ဖြစ်ပြီး သင့်ကို လုံးဝသက်ညှာလိမ့်မည် မဟုတ်ပေ။ သင်ပြုမိသော အချို့အမှားများမှာ လူ့ဘဝဖြစ်စဉ်တွင် မလွှဲမရှောင်သာပေ။ ဥပမာအားဖြင့်၊ သင်သည် သင်၏ဘန်းမုန့်ကို မှန်ကန်စွာ မပေါင်းဘဲ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်သည်ဟု ဆိုသည်၊ ဤသည်မှာ ပြောဖို့ လုံးလုံးလျားလျား မလျော်ကန်သောအရာ ဖြစ်သည်။ ဘုရားသခင်ကို သင် မယုံကြည်ခဲ့မီအချိန်က ဤအရာမျိုး မကြာခဏ ဖြစ်ခဲ့သည်မဟုတ်လော။ ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်ပုံရသည်ဟု သင် ထင်သော်လည်း (ခြွင်းချက်အခြေအနေအချို့မှအပ) အမှန်တကယ်မှာ မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ဤအမှုသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ လုံးလုံးလျားလျား လာခြင်းမဟုတ်ဘဲ လူသားတို့၏ ခံစားချက်များမှ လာခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤအတိုင်းတွေးခြင်းမှာ ယုံကြည်ခြင်း ရှိသောသူများအတွက် သာမန်ဖြစ်ပါသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက ဤကဲ့သို့ သင် တွေးနိုင်ခဲ့မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည့်အခါ သင်သည် ဤအရာများကို ဆင်ခြင်တွေးတောရင်း အချိန်ကို ပို၍ စတင်သုံးစွဲခဲ့သောကြောင့် သင်သည် သဘာဝအလျောက် ဤအတိုင်း စဉ်းစားလာခဲ့ခြင်းဖြစ်သည်။ ဤအရာမှာ သာမန်လူတို့၏ တွေးခေါ်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်၍ ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် သက်ဆိုင်သည်။ သို့သော်လည်း သင့်ကို ငါပြောပါရစေ၊ ဤသို့တွေးခေါ်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နယ်ပယ်ထဲ၌ မရှိပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ၎င်းတို့၏ အတွေးစိတ်ကူးများမှတစ်ဆင့် ပေးနေသော သာမန်တုံ့ပြန်မှု၏ သာဓကတစ်ခုဖြစ်သည်၊ သို့သော်လည်း ဤတုံ့ပြန်မှုမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမဟုတ်ကြောင်းကို သင်နားလည်ရမည်။ ဤကဲ့သို့သော “အသိပညာ” မျိုးရှိခြင်းသည် သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု ရှိကြောင်းကို သက်သေပြခြင်း မဟုတ်ပေ။ သင်၏အသိသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်ဖို့မဆိုထားဘိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ၎င်းမှာ လူတို့၏ သာမန်အတွေးစိတ်ကူး ထုတ်ကုန်တစ်ခုမျှသာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် အလင်းပေးခြင်းနှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိပေ၊ ဤသည်တို့မှာ လုံးလုံးလျားလျား ကွဲပြားခြားနားသော ဖြစ်စဉ်များပင် ဖြစ်သည်။ ထိုသို့သော သာမန်လူ့အတွေးစိတ်ကူးမှာ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အပြည့်အဝ ရရှိခြင်းမဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် အမှုပြုသောအခါ သူသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှုနှင့် စစ်မှန်သောအခြေအနေအကြောင်း သိနားလည်ခြင်းကို အများအားဖြင့် ပေးသည်။ သူသည် ၎င်းတို့အား ယနေ့ လူတို့အတွက် ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်များနှင့် သူ၏တောင်းဆိုချက်များကို နားလည်စေရန်လည်း အခွင့်ပေးသည်၊ ဤသို့ဖြင့် သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို တွေ့ကြုံရလျှင်ပင် ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကိုချစ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်လည်းကောင်း၊ သူတို့၏ သွေးထွက်သံယိုမှုနှင့် သူတို့၏ အသက်ပေးမှုကို တောင်းဆိုလာလျှင်ပင် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်လည်းကောင်း၊ နောင်တရခြင်းမရှိဘဲ ဤသို့ပြုရန်လည်းကောင်း သူတို့၌ စိတ်ပိုင်းဖြတ်ချက်ရှိဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်၌ ဤစိတ်ပိုင်းဖြတ်ချက်မျိုးရှိလျှင် ယင်းက သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုများနှင့်အလုပ်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်၊ သို့သော်လည်း တဒင်္ဂအခိုက်အတန့်တိုင်းတွင် သင်၌ ထိုကဲ့သို့သော လှုံ့ဆော်မှုများ မရှိသည်ကို သိမှတ်လော့။ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးများ၌ သင်ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံစားရနိုင်သည်။ အခြားသူများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်ခြင်းတို့ကို အနည်းငယ် မိတ်သဟာယပြုသည့်အခါ အလွန်ပင် သစ်လွင်လန်းဆန်းစွာ ခံစားရကာ၊ သင်၏စိတ်နှလုံးသည် ပကတိရှင်းလင်းပြီး ကြည်လင်နေတတ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုချည်းသာဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်ဝင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး၊ အသင်းတော်အတွင်း၌ရှိနေသော ပြဿနာများအတွက် သင့်ကို ထိုးထွင်းဉာဏ်များပေးကာ၊ ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားအကြောင်း မည်သို့ မိဿဟာယပြုရမည်ကို သိခွင့်ပေးလျက်၊ သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်ခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

လူတို့၏ အခြေအနေများ ပုံမှန်ဖြစ်သည့်အခါတွင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် ဇာတိပကတိထဲက ၎င်းတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြသကဲ့သို့၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်ပြီး အစီစဉ်တကျရှိလေသည်။ ၎င်းတို့ ဤအခြေအနေတွင် ရှိကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ်အတွင်း၌ ၎င်းတို့ တွေ့ကြုံခံစားပြီး၊ သိလာကြသည့် အရာသည် ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တို့ထိခံရခြင်းမှ လာသည်ဟု ဆိုနိုင်ပေသည်။ (ဘုရားသခင်၏ နှုတ်ကပတ်များကို ၎င်းတို့စားသောက်သောအခါ ထိုးထွင်း သိမြင်မှု ရှိခြင်း သို့မဟုတ် ရိုးရှင်းသော အသိပညာအချို့ကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် သစ္စာရှိခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း— ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပေသည်။) လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က အကူညီဆုံးသော နည်းလမ်းသည် ၎င်းတို့အား ဘုရားသခင်၏ အလိုကို ဆန့်ကျင်ပြုမူခြင်းမှ တားဆီးရင်းနှင့် မှန်ကန်သော လမ်းကြောင်းဖြင့် ၎င်းတို့အား အလုပ်လုပ်နိုင်စေရင်း၊ သမ္မာတရားများစွာကို နားလည်ရန်နှင့် ဘုရားသခင်၏ အလိုအချို့ကို နားလည်ကာ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်မသွားဖို့ရန် အခွင့်ပေးခြင်းအားဖြင့် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း အမှု၏ ရည်မှန်းချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ၊ ယင်းသည် လူတို့ကို လမ်းပြခြင်း အခန်းကဏ္ဍမှ ပါဝင်လေသည်။ တစ်ခါတစ်ရံ၊ ယင်းသည် သင့်ကို အသိပေးဖို့ အသုံးတော်ခံသည်။ သင် လမ်းလွဲသွားတော့မည်အချိန်တွင်၊ သူသည် သင့်ကို မှန်သော လမ်းကြောင်းပေါ် ဦးဆောင်ရင်းနှင့် သင့်ကို လမ်းပြရင်း တုတ်ကောက်တစ်ခုကဲ့သို့ သင့်ကို ကူညီသည်။ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော် အသိဉာဏ်ပွင့်လင်းစေသည့် အလင်းနှင့် သိနားလည်ခြင်းတို့ကို ပဓာနမထားဘဲ၊ သို့မဟုတ် ယင်းသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး နောက်ခံသမိုင်းကြောင့် ကွဲပြားသည်ဖြစ်စေ မကွဲပြားသည်ဖြစ်စေ၊ သမ္မာတရားကို ချိုးဖောက်မှုတစ်စုံတစ်ရာ သို့မဟုတ် သမ္မာတရားနှင့် သဘောကွဲလွဲခြင်း တစ်စုံတစ်ရာ မည်သည့်အခါတွင်မျှ မရှိပေ။ လူအသီးသီးသည် စစ်မှန်စွာ ရှာဖွေရင်းနှင့် ဆုတောင်းရင်း၊ အမှန်တကယ် နာခံရင်း၊ ထိုသို့ တွေ့ကြုံရပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့ အဆက်မပြတ် အလုပ်လုပ်ပါက၊ လူတို့သည် စူးရှထက်မြက်ကာ ပါးနပ်သော အသိဉာဏ်ရှိပါက၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းသည် ၎င်းတို့အပေါ် မပျောက်ဆုံးပါက၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်လျင်မြန်စွာ ကြီးထွားလိမ့်မည်။ ၎င်းတို့သည် အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချခဲ့ပြီးဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်သက်ဆိုင်သော ထူးခြားသည့် လက္ခဏာတစ်ခုမှာ ယင်းသည် အလွန်မြန်ဆန်ခြင်း ဖြစ်သည်၊ ယင်းသည် လျက်တစ်ပြက်အတွင်း ပြီးသွား၏။ ယင်းသည် သင်အမြဲ တွန်းအားပေးခံနေရပြီး အခြားနည်းလမ်း တစ်စုံတစ်ရာဖြင့် ပြုမူ၍မရနိုင်သည့် နတ်ဆိုးများ၏ အလုပ်ကဲ့သို့ မဟုတ်ပေ။ တစ်ခါတစ်ရံ၊ သန်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စိတ်မအေးဖြစ်စေကာ အတွင်း၌ ပူပန်စေရင်း၊ သင် အန္တရာယ်ရောက်လုလု ဖြစ်နေချိန်တွင် ခံစားချက်တစ်ခု သင့်ကို ပေးခြင်းအားဖြင့် အလုပ်လုပ်လေသည်။ ဤအရာသည် အထူးအခြေအနေများတွင် ဖြစ်လေသည်။ အချိန်အများစုတွင်၊ လူတို့၏ သာမန် အတွေ့အကြုံဖြစ်စဉ်အတွင်းတွင်၊ ၎င်းတို့သည် ခံစားချက် အနည်းငယ် သို့မဟုတ် သိမ်မွေ့သော အတွေး သို့မဟုတ် စိတ်ကူးတစ်ခု ရရှိကြ၏။ သင်သည် ဤအဓိပ္ပာယ်ကို နားလည်ကာ ဤအဓိပ္ပာယ်သည် လူသား၏ စိတ်မှတစ်ဆင့် လူသား၏ စကားများထဲတွင် ဖြစ်ပေါ်လေသည်။ အမှန်တွင်၊ လူတို့သည် ဤနည်းဖြင့် အမြဲ တွေ့ကြုံပါက၊ ဤသမ္မာတရားများကို ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ၎င်းတို့ ရှိကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိပြီး ယင်းကို အမြဲ မလွတ်တမ်း အသုံးချနိုင်ပါက၊ မှန်ကန်သော လမ်းခရီးမှ သွေဖည်ခြင်းငှာ ၎င်းတို့ ဖြစ်နိုင်ခြေ မရှိပေ။ တစ်လျှောက်လုံး မည်သူမျှက သင်နှင့် မိတ်သဟာယမပြု၊ မည်သူမျှ သင့်ကို လမ်းမပြသကဲ့သို့ သင်သည် အလုပ်အစီအစဉ်များ တစ်ခုတစ်လေမျှ ပေးထားခြင်းမခံရလျှင်ပင်၊ ဤလမ်းကြောင်းတွင် သင် ဆက်သွားပါက၊ မှားယွင်းသော လမ်းကြောင်းအား သင် လျှောက်လိမ့်မည် မဟုတ်သည်မှာ ဧကန်ပင်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

လူသား၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းသည် လူသားတို့က ပုံမှန်အခြေအနေ၌ ရှိကြသည့်အခါ ဖြစ်ပေါ်ပေသည်။ ထိုသို့သောအချိန်များ၌ လူတို့သည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအစစ်အမှန်အဖြစ် လွဲမှားစွာ ထင်မြင်ယူဆလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော် ဉာဏ်အလင်းပေးသည့်နည်းသည် ထူးကဲစွာသာမန်အဖြစ်ဆုံးဖြစ်ပြီး လူသား၏အထဲ၌ မွေးကတည်းက ရှိသည့်အရာကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ အချို့သော အခက်အခဲများနှင့် စမ်းသပ်မှုများကို လူသားက ရင်ဆိုင်ကြုံရသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။ ထိုသို့သောအခါ၌သာ မိမိ၏ ဝိညာဉ် အသက်တာသည် သိပ်မကြီးကြောင်း လူသားသည် တွေ့ရှိလာပြီး တစ်ကိုယ်ကောင်းဆန်မှု၊ မိမိအပေါ် သက်ရောက်သည့် အရာများနှင့် လူသား၏ လောဘတို့အားလုံး ပေါ်လာသည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက်မည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အမှုအရာများ မည်သို့ ပေါ်ပေါက်လာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ သွားနေသည်ကို မရှင်းပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသား၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ ပေါင်းစပ်မည့်အစား၊ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ လူသားသည် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်၌ အခက်အခဲများနှင့် ကြုံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်ပါက ယင်းသည် လူသား၏ တကယ့်အတွေ့အကြုံ ဖြစ်သွားသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်၏။ စာတန်၏အလုပ်မှာမူ ဆုတ်ခွာခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ခုခံခြင်း၊ ဘုရားသခင်၌ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ဓမ္မသီချင်းများ ဆိုရန်ကိုပင် လိုလားမှုမရှိခြင်းနှင့် မိမိ၏ တာဝန်ကို ဆောင်ရွက်ရန် အားနည်းလွန်းခြင်းတို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ အရင်းခံသည့် အရာရာတိုင်းသည် အတော်ပင် သဘာဝကျ၏။ ယင်းသည် သင့်အပေါ် ဖိအားပေးခြင်း မဟုတ်ပေ။ သင်လိုက်လျှောက်ပါက၊ ငြိမ်သက်ခြင်း ရှိလိမ့်မည်။ မလိုက်လျှောက်ပါက၊ နောက်ပိုင်းတွင် ပြစ်တင်မောင်းမဲခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ နှောင့်ယှက်ခံရခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သင်သည် လွတ်မြောက်လိမ့်မည်၊ သင်၏ လုပ်ဆောင်ချက်များတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့်ကန့်သတ်ချက်မျှ သင် ခံရမည်မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ စာတန်၏အလုပ်သည် အမှုအရာများစွာတွင် သင့်ကို အနှောင့်အယှက် ဖြစ်စေ၏။ ယင်းက သင့်ကို ဆုတောင်းဖို့ လိုလားခြင်းမရှိ ဖြစ်စေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အလွန်ပျင်းရိစေပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်ဖို့ လိုအင်ဆန္ဒမရှိအောင် ဖြစ်စေကာ၊ သင့်ကို ဝိညာဉ်ရေးရာ အသက်တာမှ ခပ်ခွာခွာနေစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင်၏နေ့စဉ်ဘဝကို ဝင်ရောက်မနှောင့်ယှက်သကဲ့သို့၊ သင်၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်းမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် လောကသဘာဝနှင့် သာမန်လူတို့ မမီနိုင်သောအရာ လုံးဝ မဟုတ်ပေ။ အမှန်တွင်၊ ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင်၊ ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ကို သင် သိသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် သင်၏တွေးဆမှုမှ မလာခဲ့ဘဲ၊ စိတ်ထဲမှ သင် ဖြစ်ပေါ်စေသည့် ခံစားချက်မျိုးတစ်ခု ဖြစ်ခဲ့ကာ၊ တစ်ခါတစ်ရံ သင့်ကို မည်သည့်အရာက ဤသို့ပြုမူစေသည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းကလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဤသည်မှာ လူအများစု၌ အများဆုံးအနေဖြင့် ဖြစ်ပွားသည့်ပုံ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး၊ အားလုံးသည် မိမိလိုအင်ဆန္ဒ၊ မိမိအကျိုးကို ရှာတွေ့နိုင်သည့် နယ်ပယ်များနှင့် တစ်စုံတစ်ရာက မိမိအတွက် မည်သည့်အကျိုးအမြတ်များ ရရှိနိုင်သည်ဟူသည့် ထင်မြင်ယူဆချက်များဖြင့် ရောနှောနေပေသည်။ လူသား စိတ်ဆုံးဖြတ်ချက်တိုင်း၏အထဲတွင် ဤအရာများ ရှိပေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ” မှ

မည်ကဲ့သို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသနည်း။ ၎င်းတို့၏ အတွေးအခေါ်များတွင် ထက်မြက်ပြီး စေ့စပ်သူများ ဖြစ်သည်။ ခံစားချက်နှင့် ဉာဏ်အလင်းပေးမှုတစ်ခု ၎င်းတို့ ရရှိသည့်အခါတွင်၊ ဤအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ဤနည်းဖြင့် အမှုပြုဖို့ ဘုရားသခင် ဆန္ဒရှိကြောင်းကို ထိုသို့သော လူတို့က နားလည်နိုင်ကြသည်။ ၎င်းတို့ အပြစ်ဖော်ဆုံးမခံရသည့် အချိန်များလည်း ရှိကောင်းရှိနိုင်သည်၊ ဤအရာကို ခံစားရသည်နှင့်တစ်ပြိုင်နက်၊ သူတို့ ချုပ်တည်းကြလေသည်- ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် လူပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သတိမမူသောသူများနှင့် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သူတို့မှာ၊ ခံစားချက်တစ်ခု ရရှိသော်လည်း နားလည်နိုင်စွမ်း မရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သူတို့ အာရုံမစိုက်ကြပေ၊ ထို့ကြောင့် ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က နောက်ထပ် ဉာဏ်အလင်းမပေးတော့ချေ။ ၎င်းတို့က ဉာဏ်အလင်းပေးခြင်းကို တစ်ဆက်တည်း သုံးကြိမ်၊ လေးကြိမ် လက်မခံကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်က နောက်ထပ် အလုပ်မလုပ်တော့ပေ။ လူအချို့သည် ဆက်သွားလေလေ အဘယ်ကြောင့် မျှော်လင့်ချက်ကင်းလေလေ၊ ဝမ်းနည်းညိုးငယ်လေလေ၊ စိတ်ဓာတ်ကျလေလေ၊ မိမိတို့ကိုယ်ကိုယ်အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း ကင်းမဲ့လေလေ ဖြစ်ရသနည်း။ ၎င်းတို့အတွင်းတွင် အသက်မဲ့သော အရာများ၊ အသက်မဲ့သော အယူဝါဒများသာ ရှိ၏၊ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ လှုံ့ဆော်ခံရဖို့ ဖြစ်နိုင်မည်နည်း။ လူတို့သည် ၎င်းတို့၏ စိတ်အားထက်သန်မှုအပေါ် မှီခိုခြင်းအားဖြင့်သာ ကြာရှည်မခံပေ။ ခွန်အားရှိဖို့ရန် သမ္မာတရားကို နားလည်ရမည်။ ထို့ကြောင့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင်၊ သင်သည် သိမ်မွေ့သော အသိဉာဏ်ရှိရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် သဘောထားရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သိရှိခြင်းအပေါ် အာရုံစိုက်ရမည်။ သင်သည် သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့်၊ သိရှိခြင်းနှင့် တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ အလိုကို နားလည်ရမည်။ ထိုအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က အထူးသဖြင့် စစ်မှန်လေသည်။ အချို့မှာ သမ္မာတရားကိုသာ နားလည်နိုင်စွမ်းရှိကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍၊ သူတို့တွင် အတွေ့အကြုံမရှိချေ။ အနာဂတ်တွင်၊ အသိမ်မွေ့ဆုံးသော ခံစားချက်များ၊ အသိမ်မွေ့ဆုံးသော အလင်းကို သင်တို့ အာရုံစိုက်ရမည်။ သင့်အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ထိုအရာကို သင် လေ့လာရမည်ဖြစ်ပြီး သမ္မာတရား၏ ရှုထောင့်မှ ချဉ်းကပ်ရမည်၊ ထိုသို့ပြုလျှင် မှန်ကန်သည့် လမ်းကြောင်းပေါ် သင် တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

အရှေ့သို့- ၁၁) ဘုရားသခင်၏ ရှေ့မှောက် အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိခြင်းနှင့်ဆိုင်သော အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်