၈၇) ခေါင်းဆောင်များ၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များသည် အထက်မှ အလုပ်အစီအစဉ်များအတိုင်း အလုပ်လုပ်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သရွေ့ ၎င်းတို့ကို လက်ခံကာ နာခံသင့်သည်။

(၂) ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များက အလုပ်လုပ်နေစဉ်တစ်လျှောက်တွင် အခက်အခဲများ ကြုံရသောအခါ ဘုရားသခင်၏ ရွေးချယ်ခံ လူတို့သည် ၎င်းတို့ကို အကူအညီနှင့် အားပေးမှုတို့ ပေးသင့်ပြီး စိတ်နှင့် ဝိညာဉ် တစ်လုံးတစ်ဝတည်းဖြင့် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကာကွယ်သင့်သည်။

(၃) ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးက အလုပ်အစီအစဉ်များကို ချိုးဖောက်နေပြီး ထိုအစား ၎င်းတို့ဆန္ဒရှိသည်အတိုင်း အလုပ်လုပ်နေသည့်အခါ အကြင်သူသည် ခွဲခြားဖော်ထုတ်နိုင်သင့်၏။ ၎င်းတို့ကို ကျိုးကြောင်းမမြင်ဘဲ မနာခံနှင့်၊ ထိုအစား ချစ်ခင်သော မိတ်သဟာယဖြင့် ၎င်းတို့ကို ပြောင်းလဲစေလော့။

(၄) ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးသည် ဆိုးယုတ်သော လူတို့၏ မှားယွင်းစွာ စွပ်စွဲခြင်းနှင့် တိုက်ခိုက်ခြင်းကို ခံရပါက အကြင်သူသည် ထရပ်ကာ ထိုသူတို့ကို ဖော်ထုတ်သင့်သည်၊ ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကာကွယ်ပြီး ခေါင်းဆောင်၊ သို့မဟုတ် အမှုတော်ဆောင်ကို ကာကွယ်သင့်သည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ အိမ်တော်ထဲရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးကို အသင်းတော်အတွင်းမှ ရွေးကောက်ပြီးဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို ဦးဆောင်ခြင်းနှင့် ရေလောင်းခြင်းတို့အပြင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားပြီးဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်မှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားပြီးဖြစ်သည့်အရာကို ပြီးမြောက်ရန်လည်း ဖြစ်သည်။ အယောက်တိုင်းသည် ၎င်းတို့၏ အလုပ်အတွက် အားပေးမှုနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကို ပေးသင့်သည်။ ၎င်းတို့တွင် အားနည်းချက်အချို့ ရှိသည် သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့ သွေဖည်ပြီးဖြစ်သည်ကို ရှာတွေ့ရပါက၊ တစ်ဦးတစ်ယောက်သည် ၎င်းတို့နှင့်အတူ မိတ်သဟာယပြုကာ ၎င်းတို့ကို ကူညီနိုင်သည် သို့မဟုတ်ပါက ၎င်းတို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ တစ်ဦးတစ်ယောက်သည် ၎င်းတို့အပေါ် ရန်လိုသော သဘောထားတစ်ခု လုံးဝ မခံယူသင့်ပေ။ သို့သော် ခေါင်းဆောင်များနှင့် အလုပ်သမားများကို သင့်လျော်စွာ မဆက်ဆံနိုင်သော လူအချို့ရှိသည်။ ထိုသူတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အပြစ်ရှာကြပြီး ၎င်းတို့ကို သေးသိမ်အောင်ပင် ပြုလုပ်ကြသည်၊ ထိခိုက်နာကြည်းဖွယ်ရာ စကားပြောသည်၊ ၎င်းတို့ကို ဖယ်ကြဉ်ကာ တိုက်ခိုက်လေသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့၏ ချဉ်းကပ်နည်းတွင် ငြင်းပယ်ခြင်းနှင့် ရန်လိုမှုတို့ကိုပင် အသုံးပြုသည့် လူအချို့ရှိသည်။ ဤနည်းလမ်းများက ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဤသည်တို့မှာ ဘုရားသခင်ကို ခုခံခြင်းနှင့် သစ္စာဖောက်ခြင်း အပြုအမူများ ဖြစ်သည်။ ဤသည်မှာ မကောင်းမှု လုပ်ဆောင်ခြင်း စစ်စစ် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် ထိုလူစားမျိုး၏ လက်တွေ့လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ချင့်ချိန်နိုင်စွမ်း ရှိသင့်သည်။ ၎င်းတို့သည် အင်မတန် မာနထောင်လွှားကြလေသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ခေါင်းဆောင်များနှင့် အလုပ်သမားများက အချို့သော ဖောက်ပြန်မှု သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို ထုတ်ဖော်ပြလိမ့်မည်မှာ မလွဲဧကန် ဖြစ်သည်။ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်သော အရာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အလုပ်က အသင်းတော်၏ အလုပ်အတွက် အကျိုးကျေးဇူး ရှိသရွေ့၊ ယင်းသည် အခြားသော ညီအစ်ကို မောင်နှမများအတွက် အကျိုးရှိကာ တည်ဆောက်ခြင်း ရှိသရွေ့၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသူ မည်သူမဆို ၎င်းတို့ကို အားပေးကာ ပူးပေါင်းဆောင်ရွက်သင့်ပေသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို အကျိုးမပြုသည့်အရာများ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသော အရာများကို လုပ်ဆောင်ပါက၊ ထိုလက်တွေ့လုပ်ဆောင်မှုကို ၎င်းတို့ လက်လွှတ်နိုင်ဖို့အလို့ငှာ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း ကျွန်ုပ်တို့ မိတ်သဟာယပြုရမည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းတို့ကို ချစ်ခင်ခြင်းနှင့် ကူညီဖော်ရခြင်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အလုပ်သမားများအပေါ် ရှိသင့်သည့် သဘောထား ဖြစ်သည်။ တစ်ဖက်တွင် ကျွန်ုပ်တို့သည် အားပေးမှုနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ပေးပြီး၊ အခြားတစ်ဖက်တွင် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို ကျွန်ုပ်တို့ ဖြေရှင်းနိုင်သည်။ ဤသည်မှာ အဘက်ဘက်တွင် အကျိုးရှိပြီး ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည်သာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ လူအားလုံးသည် ခေါင်းဆောင်များနှင့် အလုပ်သမားများအပေါ် တည်ကြည်သော သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို အရေးထားခြင်းနှင့် သူ၏ အမှုတော်ကို ထိန်းသိမ်းခြင်းတို့အပေါ် အာရုံစိုက်ရမည်ဖြစ်သည်။ ယခင် မမှန်ကန်သော သဘောထားများ သို့မဟုတ် ရှုထောင့်အမြင်တိုင်းကို ချက်ချင်း ကုစားကာ ပြုပြင်သင့်သည်။ ဘုရားသခင်၏ အမှုတော်သည် နှောင့်ယှက်ခံရမည်မဟုတ်သကဲ့သို့ သူ၏ ခံစားချက်ကို မထိခိုက်ရပေ။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသောလူအားလုံး လက်တွေ့လုပ်ဆောင်သင့်သော အခြေခံသဘောတရားတစ်ခု ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို မည်သို့သာ ပိုင်းခြားသိမြင်ကာ ကိုင်တွယ်သင့်သနည်း။ ဤမေးခွန်းသည် အမှန်တကယ်တွင် နားလည်ရန် လွယ်ကူပေသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာက ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို အမှန်တကယ် ထောက်ပံ့ပေးနိုင်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ပြီး၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ဦးဆောင်နိုင်ပါက၊ ဤခေါင်းဆောင် သို့မဟုတ် အလုပ်သမားသည် ဘုရားသခင်ကို အမှန်တကယ် အစေခံသည့်သူတစ်ဦးအဖြစ် ဘုရားသခင်က အသိအမှတ်ပြုကာ ထောက်ခံပေသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သေချာပေါက် ရှိကြပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ထိန်းသိမ်းသင့်သည်၊ အားပေးပြီး ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်လေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသက်တာတွက် မထောက်ပံ့သူများ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား သမ္မာတရားကို နားလည်ဖို့ သို့မဟုတ် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ ဦးမဆောင်နိုင်သူများ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ၎င်းတို့နောက်လိုက်ကာ နာခံဖို့အလို့ငှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ သမ္မာတရား လိုက်စားမှုကို နှောင့်ယှက်မြဲနှောင့်ယှက်နေပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား လှည့်ဖြားနေသည့်သူများ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများကို ဖိနှိပ်မြဲ ဖိနှိပ်ကာ ထိခိုက်နစ်နာနေစေသူများနှင့် ဘုရားသခင်၏ ရွေးချယ်ထားသူများ ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဂရုမစိုက်သောသူများအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အလုပ်သမားများ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်သည် ဤလူများကို စက်ဆုပ်ကာ မုန်းတီးသည်၊ ယင်းမှာ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိသည့် အကြောင်းရင်း ဖြစ်သည်။ ဤအရာက ဘုရားသခင်သည် ၎င်းတို့အား ဘုရားသခင်ကို အစေခံသည့် လူများအဖြစ် အသိအမှတ်မပြုသည်မှာ လုံးဝ မှန်ကန်ကြောင်း အတည်ပြုပေသည်။ ဘုရားသခင်သည် ဤမကောင်းမှုပြုသူများကို အသိအမှတ်မပြုပေ၊ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့အား စက်ဆုပ်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ၎င်းတို့ကို ၎င်းတို့၏ ရာထူးများမှ ထုတ်ပယ်ကာ ငြင်းပယ်သင့်ပေသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည်။ အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အလုပ်သမားများနှင့် အန္တိခရစ်များကို ဤနည်းဖြင့် သိမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းသည် သမ္မာတရားနှင့် လုံးဝ ကိုက်ညီကာ လုံးဝ မှန်ကန်ပေသည်။

အလုပ်အစီအစဉ်များ မှ

အသင်းတော်ထဲက အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ကို ဦးဆောင်ခြင်းအတွက် တာဝန်ရှိသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ လုပ်ရပ်များက သမ္မာတရား အခြေခံသဘောတရားနှင့် ကိုက်ညီပြီး ဘုရားသခင့် အိမ်တော်၏ အလုပ်အဖို့ အကျိုးရှိပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ထိန်းသိမ်းရမည်၊ အားပေးရမည်ဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်း လုပ်ဆောင်ရမည်။ ဤအရာသည်သာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ တစ်စုံတစ်ဦးက သီးသန့် မလိုမုန်းထားခြင်းရှိသောကြောင့် ၎င်းသည် အခြားသူကို အပြစ်တစ်ခုတည်းသောကြောင့် သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြချက်တစ်ခုတည်းကြောင့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦးအဖြစ် ခေါင်းမာစွာ အမည်တပ်ကြပါက၊ သို့မဟုတ် အချက်အလက်များနှင့် သဘောကွဲလွဲ၍ ပြောဆိုပါက၊ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ပြုလုပ်ပါက၊ အခြားလူကို အမှုဆင်ဖို့နှင့် ၎င်းတို့ကို မိမိစိတ်ထင်သလို ဆင်းရဲဒုက္ခခံစားစေပါက၊ ထိုသူသည် စာတန်နှင့် နတ်ဆိုးများနှင့် သက်ဆိုင်သည့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို နားလည်သောသူတို့သည် အချက်အလက်များနှင့်အညီ စကားပြောဆိုသင့်ပြီး၊ ထို့ထက်ပို၍ပင် ၎င်းတို့၏ သဘောထားကို သမ္မာတရားအပေါ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံသင့်သည်။ ကိုယ်ရေးကိုယ်တာ မလိုမုန်းထားမှုတစ်ခုကြောင့်၊ သမ္မာတရား အခြေခံသဘောတရားနှင့်အညီ မရမက ဆောင်ရွက်ပြီး၊ တရားမျှတမှု အသိစိတ်ပိုင်ဆိုင်သော ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို တစ်စုံတစ်ဦးသည် တိုက်ခိုက်ပါက၊ ထိုသို့သော လူတစ်ဦးသည် ဘုရာသခင့် အိမ်တော်၏ အလုပ်ကို နှောင့်ယှက်သည့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် ၎င်းတို့ကို တားဆီးဖို့ ထုတ်ဖော်ပြောဆိုသင့်ကာ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားကို ကာကွယ်သင့်ပေသည်။ ဤအရာသည်သာ ဘုရားသခင်၏ ဘက်တွင် ရပ်တည်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ပိတ်ပင်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ကောင်းစွာ ကာကွယ်ခြင်းနှင့် ၎င်းတို့အား ဆိုးယုတ်သော အင်အားစုများ၏ ထောင်ချောက်များအတွင်းကျရောက်ခြင်းမှ ကာကွယ်တားဆီးခြင်းသည် သာ၍ပင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ပိတ်ပင်နေစဉ်တွင်၊ လူကောင်းတစ်ဦးအပေါ် မည်သည့်အမှားမျှ မလုပ်ဆောင်သင့်သကဲ့သို့ ဆိုးယုတ်သော လူတစ်ဦးကို မလွှတ်လိုက်သင့်ပေ။ ဤသည်မှာ အမှုအရာများကို သမ္မာတရား အခြေခံသဘောတရားအတိုင်း မှန်ကန်တိကျစွာ ဆောင်ရွက်ဖို့ နည်းလမ်း ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် ထိန်းသိမ်းခြင်းဖြစ်ပြီး ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် အကျိုးရှိပေသည်။ ခေါင်းဆောင်ကောင်းတစ်ဦး၊ အလုပ်သမားကောင်းတစ်ဦးသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ချစ်ကာ ကာကွယ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည်လည်း ခေါင်းဆောင်ကောင်းများနှင့် အလုပ်သမားကောင်းများကို ချစ်ကာ ကာကွယ်ပေးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ ဝန်ထုပ်တာဝန် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

သမ္မာတရားကို လိုက်စားသည့် ညီအစ်ကို မောင်နှမများသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော သာ၍ များသည့် လူတို့သည် သူ၏ ရှေ့မှောက်သို့လာပြီး သူ၏ အမှုတော်ကို လက်ခံနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို တိုးချဲ့ခြင်းတွင် ခေါင်းဆောင်များ၊ အလုပ်သမားများနှင့် တစ်သဘောတည်း ဖြစ်သင့်ပေသည်။ တစ်စုံတစ်ဦးသည် ဤအရာကို မလုပ်ဆောင်နိုင်ပါက၊ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နည်းပါးလွန်းကာ ၎င်းတို့သည် အလုပ် လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုလိုပေသည်။ လူတစ်ဦး ပြည့်စုံသည် မပြည့်စုံသည်၊ ၎င်းသည် မည်သည့်အားနည်းချက်များ ရှိသည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုး ထုတ်ဖော်ပြသည်ကို မကြည့်နှင့်။ ၎င်းသည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းသောသူတစ်ဦး ဖြစ်သရွေ့၊ ၎င်းသည် ဘုရားသခင်၏ ဘက်တွင် ရပ်တည်သောသူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်ကို ဆည်းကပ်မှုဖြင့် အစေခံသောသူတစ်ဦးဖြစ်သည်။ ၎င်းနှင့်အတူ အလုပ်လုပ်ကာ အစေခံလျက်၊ ထိုသို့သော လူနှင့် သင် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သင့်သည်။ လူတို့သည် အချင်းချင်း၏ အားနည်းချက်များအတွက် ပြုပြင်ဖာထေးသင့်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း စွန့်ပစ်ရန် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းမှတစ်ဆင့် အချင်းချင်း ကူညီသင့်သည်။ သဘောညီညွှတ်ခြင်းသည် အဓိကဖြစ်သည်။ စည်းလုံးသော ရည်မှန်းချက်နှင့် ဦးတည်ချက်တစ်ခုဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြည့်စုံစေဖို့အလို့ငှာ အတူတကွ သဘောတူညီချက်ကို စွမ်းဆောင်ရရှိခြင်းအားဖြင့်၊ အသင်းတော်၏ သက်သေခံချက်သည် ပေါ်လွင်လာလိမ့်မည်။ ဆိုးယုတ်သော မည်သည့် ရန်သူအင်အားစု အမျိုးအစား ရှိနိုင်သည်ဖြစ်စေ၊ အသင်းတော်ထဲတွင် ဤနည်းဖြင့် သဘောညီညွှတ်သောသူများ၊ ဘုရားသခင်ကို ဆက်ကပ်ပြီး သက်သေရပ်တည်နေသည့် လူ လက်တစ်ဆုပ်စာကို ၎င်းတို့ မြင်သည့်အခါ၊ ၎င်းတို့သည် လုံးလုံးလျားလျား အရှက်ရကြလိမ့်မည်။ တစ်စုံတစ်ဦးသည် အသင်းတော်ထဲတွင် တစ်စိတ်တစ်ဝမ်းတည်းရှိသည့် လူများကို မြင်ပြီး၊ ၎င်းတို့ကို ထိုသူတို့က အမြဲ နှောင့်ယှက်ချင်ကာ ပြိုကွဲစေချင်ပြီး မိမိတို့ကိုယ်တိုင် အဓိကလူ ဖြစ်လာချင်ပါက၊ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် စာတန်၏ လက်ပါးစေတစ်ဦး၊ အဆင်းနီသော နဂါးကြီး၏ နောက်လိုက်ပါမွှားတစ်ဦး၊ စာတန်၏ ကြံရာပါတစ်ဦး ဖြစ်သည်။ အမှန်တကယ် စဉ်းစားတတ်သော လူတစ်ဦးသည် သမ္မာတရားကို လိုက်စားသော သူများနှင့် အတူတကွ ရပ်တည်လိမ့်မည်၊ တစ်ဖွဲ့ထဲအဖြစ် ပူးပေါင်းကာ မိမိတို့၏ အားထုတ်မှုများကို ပေါင်းစည်းလိမ့်မည်။ အတိတ်တွင် ထိုသို့သော စဉ်းစားတတ်သည့် လူတစ်ဦးကို မည်သူမဆိုက မည်သို့ ဆက်ဆံခဲ့သည်ဖြစ်စေ၊ မည်သည့် ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များ ၎င်းတို့ ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် နားလည်မှုလွဲခြင်းများ ၎င်းတို့ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ မလိုမုန်းထားမှုများကို လက်လွှတ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သူ့ကို လုံးဝ ဆက်ကပ်ကြလိမ့်မည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားသောသူ တစ်ဦးဖြစ်ပြီး သူ၏ အမှုတော်ကို နာခံသောသူတစ်ဦး ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဤစိတ်ဆုံးဖြတ်ချက်မျိုး ရှိပြီး၊ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ၎င်းသည် အသိတရား၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည်ကို ပြသသည်။ ထို့ကြောင့်၊ အကယ်၍ အသင်းတော်ထဲတွင် တစ်စိတ်တစ်ဝမ်းတည်းရှိသည့်၊ တစ်လုံးတစ်ဝတည်းအဖြစ် ပေါင်းစည်းကြသည့် ညီအစ်ကို မောင်နှမများ၊ ခေါင်းဆောင်များနှင့် အလုပ်သမားများ အချို့ ရှိပါက၊ ယင်းက ထိုညီအစ်ကို မောင်နှမများသည် သမ္မာတရားကို ပိုင်ဆိုင်ကြသည်၊ ဝိညာဉ်ရင့်ကျက်မှု ရှိပြီး၊ ၎င်းတို့သည် လက်တွေ့အရှိတရားထဲသို့ စတင်ဝင်ရောက်ပြီးဖြစ်သည်ကို ပြသပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဆူပူမှုများ စတင်ဖြစ်စေပါက၊ လူတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ၊ စာတန်၏ ကောက်ကျစ်သော အကြံများကို ကျွန်ုပ်တို့ ရိပ်စားမိရမည်ဖြစ်ပြီး၊ ထို့နောက် ဆိုးယုတ်သော လူကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းရမည်၊ ၎င်းတို့ကို ဖော်ထုတ်ကာ ပြစ်တင်မောင်းမဲရမည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် နောင်တရရန် စိတ်ဆန္ဒတစ်ခုတစ်လေ ရှိသည် မရှိသည်ကို ကြည့်ရမည်။ တစ်ဦးတစ်ယောက်က သမ္မာတရားနှင့် ပတ်သက်၍ ၎င်းတို့အား မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် နောင်တမရသကဲ့သို့ နာခံခြင်း အရိပ်လက္ခဏာတစ်ခုမျှ မပြပါက၊ ၎င်းတို့ကို ဖယ်ရှင်းကာ ငြင်းပယ်သင့်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၈၆) ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ဆက်ဆံပုံဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၈) ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၂၃၉ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်

၁ လူ့ဇာတိခံကာ လူသားဖြစ်လာရင်း၊ လေနှင့်မိုးများစွာကို ဖြတ်သန်ရင်းဖြင့်၊ လူတို့ကြား ကိုယ်တော် နှိမ့်ချကာ ကွယ်ဝှက်သည် - မည်သူမျှ ကိုယ်တော်ကို...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်