၄၉) မိမိကိုယ်ကို ငြင်းပယ်ပြီး ဇာတိပကတိကို စွန့်လွှတ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော အဖြစ်အနေကို သိရန်နှင့် ဇာတိပကတိကို စာတန်ဆိုင်ရာ သဘာဝက ထိန်းချုပ်ထား၏ဟူသော သမ္မာတရားကို ထိုးဖောက်မြင်ရန် လိုအပ်သည်။ ဤနည်းအားဖြင့် အကြင်သူသည် ဇာတိပကတိကို အမှန်တကယ် စက်ဆုပ်ရွံရှာနိုင်သည်။

(၂) လူသားသည် ကိစ္စတစ်ခုကို မဖြစ်နိုင်ဟု ယူဆလေလေ၊ ယင်းသည် သူ၏အယူအဆများ၊ စိတ်ကူးအထင်များနှင့် ကိုက်ညီမှု နည်းပါးလေလေဖြစ်ကာ သူသည် သမ္မာတရားကို ပိုမိုရှာဖွေထိုက်ပြီး သူ့ကိုယ်သူငြင်းပယ်ထိုက်ကာ ဘုရားသခင်ထံ ကျိုးနွံနာခံထိုက်လေလေ ဖြစ်၏။

(၃) လူသားအယူအဆများ၊ စိတ်ကူးအထင်များနှင့် ခံစားချက်များသည် မည်သို့ပင် မှန်နေစေကာမူ ယင်းတို့သည် သမ္မာတရားမဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားအယူအဆများနှင့် ကိုက်ညီမှု မည်မျှပင် နည်းပါးစေကာမူ သူ၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။

(၄) သမ္မာတရား အခြေခံသဘောတရားကို ကိစ္စအားလုံးတွင် ရှာဖွေရန်၊ မိမိ၏ကိုယ်ပိုင်ခံယူချက်များနှင့် အမြင်တို့ကို ပယ်ခွာရန်နှင့် ဇာတိပကတိကို စွန့်လွှတ်ရန် လိုအပ်သည်။ သို့မှသာလျှင် အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အကယ်၍ လူတို့သည် လူ့ဘဝ၏ မှန်ကန်သောလမ်းကြောင်းအပြင်၊ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှု ရည်ရွယ်ချက်အား အမှန်တကယ် ရှင်းလင်းစွာ မြင်နိုင်ပါက၊ သူတို့သည် သူတို့တစ်ဦးချင်းစီ၏ အနာဂတ်နှင့် ကံတရားကို သူတို့၏ စိတ်နှလုံးထဲတွင် ရတနာတစ်ပါးသဖွယ် ထိန်းသိမ်းထားမည် မဟုတ်ပေ။ ထိုသို့ဖြစ်လျှင် သူတို့သည် ဝက်များနှင့် ခွေးများထက်ဆိုးသော သူတို့၏မိဘများကို‌ အစေခံရာတွင် စိတ်ဝင်စားကြတော့မည်မဟုတ်ပေ။ လူသား၏ အနာဂတ်နှင့် ကံတရားတို့သည် ပေတရု၏ မျက်မှောက်ခေတ် “မိဘများ” ဟုဆိုသော အရာများ အတိအကျ မဟုတ်ကြသလော။ ၎င်းတို့သည် လူ့အသွေးအသားကဲ့သို့ပင် ဖြစ်ကြသည်။ ခန္ဓာ၏ခရီးပန်းတိုင်နှင့် အနာဂတ်တို့သည် မည်သည့်အရာပင် ဖြစ်လိမ့်မည်နည်း။ ယင်းသည် အသက်ရှင်နေဆဲအခိုက် ဘုရားသခင်ကို မြင်ရန် ဖြစ်လိမ့်မည်လော၊ သို့မဟုတ် သေလွန်ပြီးနောက် ဝိညာဉ်အနေဖြင့် ဘုရားသခင်နှင့် တွေ့ဆုံရန် ဖြစ်လိမ့်မည်လော။ မနက်ဖြန်၌ ခန္ဓာသည် ကြီးမားသော အတိဒုက္ခ မီးပြင်းဖို တစ်ခုထဲတွင် သို့မဟုတ် ပြင်းစွာလောင်သောမီးထဲတွင် အဆုံးသတ် လိမ့်မည်လော။ ဤသို့သော မေးခွန်းများမှာ လူ့ခန္ဓာသည် ကံဆိုးမိုးမှောင်ကျမှုကို ကြံ့ကြံ့ခံလိမ့်မည် သို့မဟုတ် ဤမျက်မှောက်ရေစီးကြောင်းထဲရှိ ဦးနှောက်ရှိပြီး စဉ်းစားချင့်ချိန်တတ်သူ မည်သူမဆို စိတ်အပူပန်ဆုံးသော အကြီးမားဆုံး သတင်းကို ခံစားရလိမ့်မည်ဆိုသည်နှင့် သက်ဆိုင်သည် မဟုတ်လော။ (ဤနေရာတွင် ခံစားရခြင်းဟူသည်မှာ ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို ရည်ညွှန်းသည်။ ယင်းမှာ အနာဂတ်စမ်းသပ်မှုများသည် လူသား၏ ပန်းတိုင်အတွက် အကျိုးပြုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျမှု ဟူသည်မှာ ခိုင်မာစွာမရပ်တည်နိုင်ခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားခံရခြင်းကို ရည်ညွှန်းသည်၊ သို့မဟုတ် လူတစ်ဦးသည် ကံမကောင်းအကြောင်းမလှသော အခြေအနေများနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ပြီး ဘေးဒုက္ခအလယ်တွင် မိမိ၏ အသက်ကို ဆုံးရှုံးရလိမ့်မည်၊ ပြီးလျှင် လူတစ်ဦး၏ ဝိညာဉ်အတွက် သင့်လျော်သော ပန်းတိုင်မရှိဟု ဆိုလိုခြင်းဖြစ်သည်)။ လူသားတို့တွင် ကြောင်းကျိုးခိုင်လုံသော အကြောင်းပြချက်ရှိသော်လည်း၊ သူတို့တွေးတောသော အရာသည် သူတို့၏ အကြောင်းပြချက်က ကုံလုံပြည့်စုံသင့်သည့်အရာနှင့် လုံးဝ ကိုက်ညီကောင်း ကိုက်ညီမည်မဟုတ်ပေ။ ဤသည်မှာ သူတို့အားလုံးသည် အတော်စိတ်ရှုပ်ထွေးကြပြီး အမှုအရာတို့ကို ကျိုးကြောင်းမမြင်ဘဲ လိုက်လျှောက် ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ၎င်းတို့ဝင်ရောက်သင့်သော အရာမည်သည့်အရာဖြစ်သည်ကို စေ့စပ်သေချာသည့် နားလည်သဘောပေါက်မှု တစ်ခု ရှိသင့်ပြီး အထူးသဖြင့် ၎င်းတို့သည် အတိဒုက္ခရောက်စဉ်တွင် (ဆိုလိုသည်မှာ မီးပြင်းဖိုထဲတွင် စစ်ဆေးခြင်း အချိန်အတွင်း) ဝင်ရောက်သင့်သည့် အရာအပြင် မီး၏စမ်းသပ်မှုများအတွင်းတွင် ၎င်းတို့ ကုံလုံပြည့်စုံနေသင့်သည့် အရာတို့ကို အဖြေရှာသင့်ပေသည်။ ဝက်များ၊ ခွေးများနှင့် အလားတူကြပြီး ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက်ပင် သာ၍ဆိုးရွားကြသော သင့်မိဘများကို (ဇာတိပကတိကို ဆိုလိုခြင်း) အစဉ်အမြဲ အစေမခံကြနှင့်။ ၎င်းအပေါ် မချိတင်ကဲ ခံစားခြင်း၊ အလွန်ပြင်းထန်စွာ တွေးတောခြင်းနှင့် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းတို့၏ အကျိုးမှာ အဘယ်နည်း။ ဇာတိပကတိသည် သင်နှင့် မသက်ဆိုင်ပေ၊ သို့သော် ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်အပေါ်လည်း ဩဇာအာဏာရှိသော ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ (ဤသည်မှာ ဇာတိပကတိသည် မူလက စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုလို၏။ စာတန်သည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့်၊ ၎င်းကို ဤသို့သာ စကားလုံး ရွေးချယ်သုံးနှုန်း၍ ရပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ထိုနည်းလမ်းအတိုင်းပြောဆိုခြင်းသည် ပို၍ယုံကြည်လောက်သောကြောင့် ဖြစ်သည်။ လူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် လုံးလုံးလျားလျားရှိမနေကြဘဲ၊ ဘုရားသခင်၏ လက်များတွင် ရှိကြသည်ဟု ယင်းက ဖော်ပြပေသည်။) သင်သည် ဇာတိပကတိ၏ ညှဉ်းပန်းမှုဒဏ်အောက်တွင် အသက်ရှင်နေရသည်- သို့သော် ဇာတိပကတိကို သင်ပိုင်သလော။ ယင်းသည် သင်၏ထိန်းချုပ်မှုအောက်တွင် ရှိသလော။ ယင်းအပေါ်တွင် အဘယ်ကြောင့် ဦးနှောက်ခြောက်ခံသနည်း။ စီရင်ချက်ချခံရကာ၊ ကျိန်ခြင်းခံရပြီးဖြစ်သကဲ့သို့ ညစ်ညူးသောဝိညာဉ်များက ညစ်ညမ်းစေသည်မှာ ရှည်ကြာလှပြီဖြစ်သော အော်ဂလီဆန်စရာကောင်းသည့် သင်၏ဇာတိပကတိ အတွက် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံပြီး ဘုရားသခင်ထံ သဲသဲမဲမဲ အသနားခံသနည်း။ စာတန်၏ အပေါင်းအပါများကို သင့်စိတ်နှလုံးနှင့် အစဉ်အမြဲ အလွန်နီးကပ်စွာ ထိန်းသိမ်းထားဖို့ မည်သည့်လိုအပ်မှု ရှိသနည်း။ ဇာတိပကတိသည် သင်၏ တကယ့်အနာဂတ်၊ သင်၏ နှစ်သက်ပျော်ရွှင်ဖွယ်ရာ မျှော်လင့်ချက်များနှင့် သင့်အသက်တာ၏ စစ်မှန်သော ပန်းတိုင်ကို ပျက်စီးစေနိုင်သည်ကို သင်မစိုးရိမ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်” မှ

အကယ်၍ သင်သည် နောက်ဆုံး‌သောကာလအမှု၏ သုံးဆယ်ရာခိုင်နှုန်းကို သဘောပေါက် နားလည်နိုင်လျှင်၊ (ဤသုံးဆယ် ရာခိုင်နှုန်းမျှသည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပြင် ဘုရားသခင်၏ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်၏ အမှုကို သဘောပေါက်နားလည်ခြင်းကို ဆိုလိုသည်)၊ သင်သည် နှစ်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော သင်၏ဇာတိပကတိကို- ယနေ့ကဲ့သို့- ဆက်လက် “အစေခံ” မည်မဟုတ်ပေ သို့မဟုတ် “သားသမီးဝတ်” ကို ဆက်လက် လုပ်ဆောင်မည်မဟုတ်ပေ။ လူသားတို့သည် မကြုံစဖူးသော အခြေအနေတစ်ခုသို့ ယခုအခါ တက်လှမ်းခဲ့ကြပြီးဖြစ်ကာ၊ သမိုင်းဘီးများပမာ ရှေ့သို့ဆက်လက်၍ လိမ့်တော့မည် မဟုတ်သည်ကို သင်ရှင်းလင်းစွာ မြင်သင့်သည်။ သင်၏ ဟောင်းနွမ်းဆွေးမြေ့သော ခန္ဓာသည် အချိန်ကြာမြင့်စွာ ယင်ကောင်များဖြင့် ဖုံးလွှမ်းခံရပြီးဖြစ်သည်၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်က ဤနေ့အထိ ဆက်လက်သွားနိုင်စေသည့် သမိုင်းဘီးများကို ပြောင်းပြန်လည်စေရန် တန်ခိုးအာဏာ မည်သို့ရှိနိုင်သနည်း။ နောက်ဆုံးသောကာလ၏ အသံတိတ်ဆိတ်စွာ လည်ပတ်နေသော နာရီကို နာရီသံတချက်ချက် တဖန်ပြန်မြည်စေရန်နှင့် ၎င်း၏လက်တံများကို လက်ယာရစ် ဆက်လက် ရွေ့လျားနေစေရန် ယင်းက မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ထူထပ်သော မြူထဲတွင် အုပ်ဆိုင်းပိတ်ဆို့နေခဲ့ဟန် ရှိသော ကမ္ဘာလောကကို ယင်းက မည်သို့ အသွင်ပြန်လဲစေနိုင်မည်နည်း။ သင်၏ ခန္ဓာသည် တောင်များနှင့် မြစ်များကို ပြန်လည်ရှင်သန်စေနိုင်သလော။ အနည်းငယ် အသုံးဝင်မှုသာရှိသော သင်၏ ခန္ဓာသည် သင်တမ်းတဖူးသည့် လူ့လောကအမျိုးအစားကို အမှန်တကယ် နဂိုအတိုင်းပြန်ဖြစ်စေနိုင်သလော။ သင်၏ သားစဉ်မြေးဆက်တို့ကို “လူသားများ” ဖြစ်လာရန် သင်အမှန်တကယ် သင်ကြားပေးနိုင်သလော။ သင် ယခု နားလည်သလော။ သင်၏ ခန္ဓာသည် မည်သည့်အရာနှင့် အတိအကျ သက်ဆိုင်သနည်း။ လူသားကို ကယ်တင်ခြင်း အတွက်၊ လူသားကို စုံလင်စေခြင်းအတွက်နှင့် လူသားကို ပြောင်းလဲစေခြင်း အတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သင့်ကို လှပသော ဇာတိမြေ တစ်ခုပေးရန် သို့မဟုတ် လူသား၏ ခန္ဓာကို ငြိမ်းချမ်းသော ငြိမ်သက်ခြင်းချမ်းသာကို ယူဆောင်လာရန် မဟုတ်ခဲ့ပေ။ ယင်းသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သူ၏ သက်သေခံချက်တို့အတွက်၊ အနာဂတ်တွင် လူသားမျိုးနွယ်၏ သာ၍ ကောင်းမွန်သော ပျော်ရွှင်မှုအတွက် ဖြစ်ခဲ့သည်၊ သို့မှသာ ၎င်းတို့သည် မကြာမီ အနားယူနိုင်ကြပေမည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ အရင်းအနှီးဖြစ်ပြီး လူသား၏ ခန္ဓာသည် အဖြည့်တစ်ခုမျှသာ ဖြစ်သည့်အတွက် ယင်းသည် သင်၏ ခန္ဓာအတွက် မဟုတ်ခဲ့သေးပေ။ (လူတစ်ဦးသည် ဝိညာဉ်ရောခန္ဓာကိုယ်ပါ ရှိသည့် အရာဝတ္ထု တစ်ခုဖြစ်ပြီး ဇာတိခန္ဓာမှာမူ ယိုယွင်းပျက်စီးသော အရာတစ်ခုမျှသာ ဖြစ်သည်။ ဤအရာက ခန္ဓာသည် စီမံခန့်ခွဲမှု အစီအစဉ်တွင် အသုံးပြုဖို့အတွက် တန်ဆာပလာတစ်ခုဖြစ်သည်ဟု ဆိုလိုပေသည်)။ ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလအလိုကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား၊ လူသားက မနှစ်သက်သည့် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏သဘောကျခြင်း မခံရသော လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော သူ၏ စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်” မှ

သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အာသာဆန္ဒပြေစေပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား အစဉ်အမြဲ စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

လူတွေ၏ အပေါ်ယံစိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင်။ ဥပမာ လူတွေ၏ ပြင်ပ၊ ပုံမှန်မဟုတ်သည့် လူသားသဘာဝ၊ သို့မဟုတ် သူတို့၏ ဘဝနေမှုပုံစံနှင့် အကျင့်၊ သူတို့၏ နည်းလမ်းများ၊ ဓလေ့များ၊ အပေါ်ယံ အလေ့အထများ၊ သူတို့၏ စိတ်အားထက်သန်မှုများ။ သို့သော်လည်း လူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ စိတ်သဘောထားကို ပြောင်းဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်သည့်အရာများမှာ သူတို့အတွင်း၌ရှိသည့် စိတ်တက်ကြွမှုနှင့် အယူအဆများပင် ဖြစ်သည်။ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသလိုပင်။ လွယ်ပါသည်။ သင့်အတွင်းမှာရှိသည့် ကြံရွယ်ချက်များနှင့် အယူအဆများအပေါ် သက်ရောက်သည့်အရာပင်။ သို့သော်လည်း လက်လွတ်ဖို့တော့ မလွယ်ပေ။ ဤအရာက လူတို့ကို ဇာတိပကတိအား ဆန့်ကျင်တွန်းလှန်စေဖို့၊ ပေးဆပ်ဖို့၊ ဘုရားသခင်ရှေ့မှာ ဒုက္ခခံဖို့စသည်တို့ တောင်းဆိုသည်။ လူတို့၏ ရည်ရွယ်ချက်များသည် အထူးသဖြင့် ဤသို့ဖြစ်ပေသည်။ ဘုရားသခင်ကို စတင်၍ ယုံကြည်လာခဲ့ကြသည့် အချိန်ကတည်းက လူတို့သည် မမှန်ကန်သော ရည်ရွယ်ချက်များကို သိုထားခဲ့ကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

သမ္မာတရားကို ရရှိအောင်အားထုတ်ခြင်းသည် ဇွဲလုံ့လနှင့် စိတ်ဆုံးဖြတ်ခြင်းတို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ အလိုကို ဤတစ်ကြိမ် ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက၊ သင့်ကိုယ်သင် စက်ဆုပ်နိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ကြိမ်တွင် အောင်မြင်ရန် တိတ်ဆိတ်စွာ စိတ်ထဲက ဆုံးဖြတ်ထားရမည်။ ဤအကြိမ်တွင် သင်သည် ဘုရားသခင်၏ဝန်ထုပ်အပေါ် သတိမရှိပါက၊ အနာဂတ်တွင် အလားတူ အတားအဆီးကို ရင်ဆိုင်ရသည့်အခါ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင် ခိုင်ခိုင်မာမာဆုံးဖြတ်သင့်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ စိတ်ဆုံးဖြတ်သင့်ပေသည်။ ဤသည်မှာ သင် ချီးကျူးထိုက်သူ ဖြစ်လာမည့်ပုံ ဖြစ်သည်။ လူအချို့သည် မိမိတို့၏ကိုယ်ပိုင်အတွေးများ သို့မဟုတ် စိတ်ကူးများ မှန်သည်၊ မမှန်သည်ကို သိပင်မသိကြချေ။ ထိုသို့သောလူများသည် မိုက်မဲသောသူများ ဖြစ်ကြ၏။ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ပြီး ဇာတိပကတိကို တွန်းလှန်ရန် ဆန္ဒရှိပါက၊ သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်ကို ဦးစွာပထမ သင် သိရှိရမည်၊ ထိုအခါမှသာ သင်၏စိတ်နှလုံးကို သင် ချိုးနှိမ်နိုင်ပေသည်။ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင်မသိပါက၊ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ကာ ဇာတိပကတိကို တွန်းလှန်နိုင်သလော။ သင်တွန်းလှန်လျှင်ပင်၊ ဇဝေဇဝါဖြစ်လျက် ထိုသို့ လုပ်ဆောင်လိမ့်မည်။ သင်၏ ဆုံးဖြတ်ချက်လွဲမှားသော ရည်ရွယ်ချက်များကို မည်သို့ တွန်းလှန်ရမည်ကို သင် သိသင့်၏။ ဤသည်မှာ ဇာတိပကတိကို တွန်းလှန်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ မှားယွင်းသည်ကို သင် သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး မှန်ကန်သော လမ်းကြောင်းကို သင် လျှောက်သင့်၏။ သင်သည် မှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်၊ မရှိသည်ကို သင် အကောင်းဆုံးသိသောကြောင့်၊ ဤပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ပြီးလျှင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်မှုကို ရရှိဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များသည် ပြုပြင်ခံရပြီး ယခုတွင် ဘုရားသခင်အတွက် ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်း ရည်မှန်းချက်ကို သင် ရရှိပြီးဖြစ်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

သင်၏ အယူအဆများနှင့် ဆက်စပ်မှုမရှိသည့် တစ်စုံတစ်ရာ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်စားသောက်နေနိုင်ပြီး သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နေနိုင်သည်။ သို့သော် သင်၏အယူအဆများနှင့် ကွဲလွဲပြီး ယင်းတို့ကို ကျော်လွန်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ကာ၊ ယင်းက ဝိရောဓိများ ဖြစ်ပေါ်စေပါက၊ ယင်းတို့ကို သင်မည်သို့ဖြေရှင်းသနည်း။ သင်သည် သင်၏အယူအဆများကို ဇက်ကုန်လွှတ်ပေးပြီး ယင်းတို့ကို သူ့ဘာသာသူ ဖြစ်ခွင့်ပေးသလော၊ သို့မဟုတ် ယင်းတို့ကို သင်ကိုင်တွယ်ဖြေရှင်းသလော၊ ယင်းတို့ကို ချုပ်တည်းပြီး စွန့်လွှတ်ဖို့ သင်ကြိုးစားသလော။ ပြဿနာတစ်ခုကို ကြုံရသည့်အခါ အယူအဆများ ရှိသည့် လူအချို့၊ ယင်းတို့ကို ဘေးဖယ်မထားသည်သာမက၊ ဖြန့်ဝေဖို့ အခြားသူများကို ရှာဖွေသည့် လူအချို့ရှိ၏။ အခြားသူများ၌လည်း ဤအယူအဆများ ရှိနိုင်ကြဖို့အလို့ငှာ၊ ဤအယူအဆများကို ဖွင့်ချပြောဖို့ အခွင့်အရေးတစ်ခုကို ၎င်းတို့ရှာဖွေကြလေသည်။ အချို့တို့က၊ “ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အဓိပ္ပာယ်ရှိသည်ဟု သင်ပြောသည်၊ သို့သော် ကျွန်ုပ်ပြောနိုင်သရွေ့၊ ဖြစ်ပျက်သွားသည့်အရာတွင် အဓိပ္ပာယ်မရှိပါ။ ဤအရာသည် သမ္မာတရားနှင့် သဘောကွဲလွဲပြီး သမ္မာတရားနှင့် သဘောကွဲလွဲသည့်အရာများကို ကျွန်ုပ်ကြုံရသည့်အခါ၊ ကျွန်ုပ်တစ်ခုခုပြောရမည်၊ ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်ရပ်တည်ရမည်” ဟု ရှင်းချက်ထုတ်ဖို့ ကြိုးစားကြသည်။ ထိုသို့သော အပြုအမူသည် သင့်တော်သလော။ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ဖို့ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အမှုအရာများကို အချိန်ယူစဉ်းစားပြီး ၎င်းတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးက ပုံမှန်မဟုတ်ကြောင်း၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် နားမလည်မှုလွဲခြင်းများ ပေါ်ပေါက်ပြီးဖြစ်ကြောင်းကို နားလည်သည့် အယူအဆများရှိသော လူအချို့ရှိပြီး၊ ၎င်းတို့၌ ထိုသို့သော အယူအဆများ ရှိခြင်းသည် ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်၏။ ၎င်းတို့၏ အယူအဆများကို မဖြေရှင်းပါက၊ ၎င်းတို့သည် အန္တရာယ်များစွာ ရှိနိုင်ပြီး၊ ဘုရားသခင်ကို ခုခံတတ်ဖို့၊ သံသယထားတတ်ပြီး ကျောပင်ကျောခိုင်းတတ်ဖို့ ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံ ၎င်းတို့ဆုတောင်းပြီး ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားကြသည်။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် မှားယွင်းသော ရှုထောင့်အမြင်များကို ငြင်းဆိုကြ၏၊ ထို့နောက် သမ္မာတရားကို ရှာဖွေကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏အယူအဆများကို အပြည့်အဝစိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိနိုင်ကြသေးသော်လည်း၊ သို့မဟုတ် ယင်းတို့ကို လုံးဝဘေးဖယ်ထားပြီး မဖြေရှင်းနိုင်ကြသေးသော်လည်း၊ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သမ္မာတရားက ၎င်းတို့၏အတွေးများနှင့် အပြုအမူကို အတွင်းမှ လမ်းညွှန်ပေးပြီး၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်း ၎င်းတို့ကို လမ်းပြလေသည်၊ ထို့ကြောင့် ၎င်းတို့၏တာဝန် မထိခိုက်ပေ။ ယင်းမှာ ၎င်းတို့ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး ၎င်းတို့၏အယူအဆများ ဖြေရှင်းခံရသည့် နေ့တစ်နေ့ ရောက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ မှန်ကန်သော နည်းလမ်းဖြစ်သည် မဟုတ်လော။ လူအချို့သည် ဘုရားသခင်က ၎င်းတို့အတွက် ပြုလုပ်ပေးထားသည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ထားသည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍ အတော်အတန် မကျေမချမ်းဖြစ်ကောင်းဖြစ်နိုင်ကာ၊ ယင်းက ၎င်းတို့အထဲ၌ အယူအဆများကို ပေါက်ဖွားစေပြီး၊ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်မပါဖြစ်လာကြ၍ ယင်းကို ကောင်းမွန်စွာ မထမ်းဆောင်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ခုခံမှု၊ မကျေနပ်မှုနှင့် မကျေမချမ်းမှုတို့ဖြင့် အပျက်သဘောဆောင်သည့် အခြေအနေမျိုးတစ်ခုတွင် စဉ်ဆက်မပြတ် ရှိကြသည်။ ထိုသို့သော အပြုအမူသည် မှန်ကန်သလော။ ထိုသို့သော အရာများသည် ဖြေရှင်းဖို့ လွယ်ကူသလော။ ဥပမာအားဖြင့် သင်က သင့်ကိုယ်သင် အလွန်တော်သည်ဟု ထင်၏၊ ထို့နောက် ငါက သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ပြောသည် ဆိုပါစို့။ ဤအရာကို ကြားရခြင်းက သင့်ကို ဒေါသထွက်စေပြီး ရန်မူလိုစေသည်- “ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ဟု မည်သူမျှမပြောဝံ့။ ယင်းကို ယနေ့ငါပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။ ဤစကားများကို ငါလက်မခံနိုင်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ပါက အသင်းတော်ကို ငါဦးဆောင်နိုင်မည်လော။ ထိုသို့သော ကြီးမားသည့်အလုပ်ကို ငါလုပ်ဆောင်နိုင်မည်လော။” ဝိရောဓိတစ်ခု ဖြစ်ပေါ်လာ၏၊ ဟုတ်သလော။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ဖို့မှာ လူတို့အတွက် လွယ်ကူပေသည်။ မည်သည့်လူစားမျိုးများက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်သနည်း။ သမ္မာတရားကို လက်ခံပြီး ရှာဖွေသောလူများ ဖြစ်သည်။ ပထမဦးစွာ၊ သင်သည် မိမိကိုယ်ကို ငြင်းရမည်။ သင်သည် မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သောအသိ မရှိသကဲ့သို့၊ သင်မှားသည်၊ မှန်သည်ကို သတိမပြုမိနိုင်လျှင်ပင်၊ သို့မဟုတ် မသိနားမလည်မှု အတိုင်းအတာတစ်ခု သင်၌ ရှိလျှင်ပင်၊ သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ဘုရားသခင်ပြောသည်ကို သင်ကြားသည်နှင့်တစ်ပြိုင်နက်၊ သင့်ကိုယ်သင် မသိသော်လည်း၊ ဤသည်မှာ သင်၏သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်- သင့်အနေဖြင့် မတူကွဲပြားစွာ တွေးလျှင်ပင်၊ ဤစကားများကို သမ္မာတရားအဖြစ် လက်ခံယုံကြည်ရမည်ဖြစ်ပြီး ယင်းတို့ကို ကျင့်သုံးရမည်ဖြစ်သည်။ နောက်ပိုင်းတွင်၊ အခြားသူများနှင့် အလုပ်လုပ်ပြီး အပြန်အလှန်ဆက်ဆံနေစဉ်တွင်၊ သင့်ကိုယ်သင် ၎င်းတို့နှင့် နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည်သာမက၊ ပညာလည်း အလွန်အမင်းမဲ့သည်ကို သင်တွေ့မြင်ရလေသည်။ သင်၌ ဆိုးရွားသည့် ပြဿနာတစ်ခု ရှိသည်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ ဘုရားသခင်ပြောခဲ့သည့်အရာကို သင်အပြည့်အဝ လက်ခံနိုင်ခြင်း မရှိသလော။ ဤစကားများကို သင်လက်ခံရမည်။ ပထမဦးစွာ ယင်းတို့ကို စည်းမျဉ်းတစ်ခု၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု၊ သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် လက်ခံလော့၊ ထို့နောက် သင်၏တကယ့်အသက်တာတွင် ယင်းကို ကျင့်သုံးရန် နည်းလမ်းတစ်ခုကို စဉ်းစားလော့၊ ယင်းကို သိရှိဖို့နှင့် တွေ့ကြုံဖို့ နည်းလမ်းတစ်ခုကို စဉ်းစားလော့။ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သင်၌ မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သော ဆန်းစစ်တွက်ချက်ခြင်းတစ်ခု ရှိလာလိမ့်မည်။ ထိုအခါ သင်၌ ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ ရှိလိမ့်ဦးမည်လော။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှု မရှိသည့်အခါ၊ သင့်အပေါ် ဘုရားသခင်၏အကဲဖြတ်ခြင်းကို သင်သည် ကန့်ကွက်နိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်သည် ယင်းကို လက်ခံလိမ့်မည်ဖြစ်ပြီး မနာခံဘဲ နေမည်မဟုတ်တော့ပေ။ သင့်အနေဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး ဤကိစ္စရပ်ကို အပြည့်အဝ နားလည်ပါက၊ ရှေ့သို့ ခြေလှမ်းတစ်လှမ်း သင်လှမ်းလိမ့်မည်။ သင်လက်မခံပါက၊ သင်ရှိသည့်နေရာတွင် အစဉ်ထာဝရ ပိတ်မိမြဲပိတ်မိနေလိမ့်မည်ဖြစ်ပြီး မည်သည့်တိုးတက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်ခံရန်အရေးကြီးသလော။ (အရေးကြီးသည်။) လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်တို့အပေါ် ရန်လိုမှု၊ သို့မဟုတ် ဆန့်ကျင်မှုတစ်ခုတစ်လေမျှ မရှိရပေ။ ဤအရာသည်သာ သမ္မာတရားအပေါ် လက်ခံခြင်း သဘောထားတစ်ခုဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်းများနှင့် အယူအဆများ ဖြစ်ပေါ်စေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်မှာ သမ္မာတရားဖြစ်ပြီး လူတို့၌ သမ္မာတရားမရှိကြသကဲ့သို့၊ တလွဲထင်ကြသည်မှာ ၎င်းတို့သာလျှင် ဖြစ်သည်မှာ သေချာသည်ဟု ပထမဆုံး အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်မျိုးလော။ သင်သည် အပေါ်ယံအားဖြင့် ဤလက်တွေ့လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ခံယူပါက၊ သင်ကိုယ်တိုင်၏ အမှားများကို သင် သိလာနိုင်သလော။ မည်သည့်အခါတွင်မျှ မသိနိုင်ပေ။ ယင်းသည် အဆင့်အချို့လိုသည်။ ပထမဦးဆုံး၊ သင်၏ လုပ်ရပ်များသည် အခြေခံသဘောတရားများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို သင် ဆုံးဖြတ်ရမည်။ ပထမဦးစွာ သင်၏ ရည်ရွယ်ချက်များကို မကြည့်နှင့်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်သည့် အချိန်များရှိသော်လည်း သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းပေသည်။ သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းသည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင့်အနေဖြင့် ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကို သင် လုံးဝ သိနားလည်မှု ရှိကောင်းရှိမည်မဟုတ်။ သင်သည် လုံးဝ မရှာဖွေသေးသကဲ့သို့ သင်၏ လုပ်ရပ်များကို သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် စိတ်အားထက်သန်မှုတို့အပေါ်နှင့် သင်၏ စိတ်ကူးစိတ်သန်းနှင့် အတွေ့အကြုံတို့အပေါ် လုံးဝဥဿုံ အခြေခံပြီး ထို့ကြောင့် သင်သည် အမှားတစ်ခု ပြုလုပ်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကို သင် စိတ်ကူးနိုင်ပါသလော။ သင်သည် တစ်စုံတစ်ရာကို ကြိုတင်မမျှော်လင့်နိုင်သည့်အခါ၊ အမှားတစ်ခု ပြုမိ၏၊ ထိုအခါ သင်သည် ဖော်ထုတ်ခံရခဲ့သည် မဟုတ်လော။ သင် ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်မြဲယှဉ်ပြိုင်နေပါက၊ သင် မည်သို့ အမှားလုပ်မိသနည်း။ သင်၏ အကြီးမားဆုံးသော အမှားမှာ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ပြီး အခြေခံသဘောတရားများကို ချိုးဖောက်မိခဲ့ကာ၊ ထိုသို့ဖြင့် ဆုံးရှုံးမှုတစ်ခု သို့မဟုတ် အခြား အကျိုးဆက်များကို ဖြစ်စေခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ရာကို အမှားပြုမိပြီးသည့်နောက်၊ သင်သည် ဇွတ်လုပ်ကာ သင်၏ အမှားကို အသိအမှတ်မပြုနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှု မှန်ကန်သည်ကို ငြင်းပယ်လျက်၊ ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ခုခံဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ အကြီးမားဆုံးနှင့် အကြီးလေးဆုံး အမှား ဖြစ်ခဲ့သည်။ လူတစ်ဦးထဲက ထိုသို့သော အခြေအနေတစ်ခုသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု အဘယ်ကြောင့် ဖြစ်မည်နည်း။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူ၏ အချုပ်အခြာအာဏာတို့ မှန်ကန်ပြီး၊ ယင်းတို့၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သတိမပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မှားယွင်းသည်ကို ပထမဆုံး သတိမပြုမိနိုင်ပါက၊ ၎င်းတို့၏ အခြေအနေသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ပြုပြင်ဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဖော်ပြပြီးဖြစ်သည့်အတိုင်း၊ ဘုရားသခင်၏ အလိုကို ရှာဖွေခြင်းသည် လူတို့အတွက် လက်တွေ့ကျလှသည် မဟုတ်ပေ။ အချို့က “ရှာဖွေခြင်းသည် လက်တွေ့ကျလှသည် မဟုတ်ပါက၊ ယင်းမှာ ထိုအရာသည် မလိုအပ်သကဲ့သို့ ရှာဖွေကာ နားလည်၍ရနိုင်သည့်အရာကို ရှာ‌ဖွေဖို့ မလိုအပ်ဟု ဆိုလိုသလော။ ထိုအဆင့်ကို ကျွန်ုပ် ကျော်သာကျော်သွား၍ရနိုင်သည်” ဟု ပြောကြ၏။ ဤသည်မှာ သင့်တော်မည်လော။ ဤပုံစံဖြင့် ပြုမူသူတစ်ဦးသည် မကယ်တင်နိုင်လောက်အောင် ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အမှန်တကယ် ၎င်းတို့၏ အနက်ပြန်မှုများတွင် တိမ်းချော်ပြီး မှားယွင်းနေကြ၏။ ဘုရားသခင်၏ အလိုကို ရှာခြင်းသည် လူတို့အတွက် အတော်အတန် ဝေ့ဝိုက်သော အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာ၍လက်တွေ့ကျသော ဖြတ်လမ်းတစ်ခုကို လိုက်ရန် ဆန္ဒရှိပါက၊ မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်း၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ လုပ်ရပ်များ မှားယွင်းပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ကို သိရှိခြင်းနှင့် ထို့နောက် သမ္မာတရား အခြေခံသဘောတရားကို ရှာဖွေခြင်းအားဖြင့် ၎င်းတို့ စတင်သင့်၏။ ဤသည်တို့ စတင်ရမည့်အဆင့်များဖြစ်၏။ ယင်းတို့သည် ရိုးရှင်ပုံရကောင်းရနိုင်သော်လည်း၊ လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ စိတ်ကူးစိတ်သန်းမျိုးစုံ၊ တောင်းဆိုမှုမျိုးစုံ ရှိကြပြီး၊ ၎င်းတို့သည် စိတ်ဆန္ဒများအပြင် လူတို့အား မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်းတို့ကို နှောင့်ယှက်သည့် အရာအားလုံး ရှိကြသည့်အတွက်၊ ထိုအဆင့်တို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲများစွာ ပါရှိနေသည်။ ဤသည်တို့မှာ လုပ်ဆောင်ဖို့ လွယ်ကူသော အရာများ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

ပြဿနာတစ်ခု သို့မဟုတ် အခြေအနေ တစ်ခုသည် မည်သို့သော ပြဿနာမျိုး သို့မဟုတ် အခြေအနေမျိုးဖြစ်ပါစေ သမ္မာတရားဖြင့် အစဉ် ဖြေရှင်း၍ ရနိုင်သည်။ သင်၌ မည်သည့်ပြဿနာမျိုး ရှိပါစေ၊ သင်သည် သမ္မာတရားကို လက်ခံပြီး သဘောတရားအဖြစ်မှနေ သင်၏စစ်မှန်မှုအဖြစ် ပြောင်းလဲပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သမျှ ကာလပတ်လုံး၊ သင်သည် မည်သည့် လူမျိုးဖြစ်ပါစေ၊ ပြောင်းလဲခြင်းနှင့် ကြီးထွားတိုးတက်ခြင်းတို့ကို ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ယင်းက လုံးဝ မှန်ကန်ပေသည်။ အလေးထားမှုက လူများ၏ စိတ်နှလုံးများနှင့် ၎င်းတို့၏ရွေးချယ်မှုတို့တွင် တည်ရှိပြီး၊ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ကို ကျောခိုင်းစွန့်ခွာခြင်းရှိမရှိ သို့မဟုတ် သူ့ကို နာခံပြီး သူ့နှုတ်ကပတ်တော်များကို ကျိုးနွံခြင်းရှိမရှိတို့ပေါ်တွင် တည်လေသည်။ ယင်းက လူများသည် တစ်စုံတစ်ခုကို ရင်ဆိုင်သည့်အခါ၊ ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းခြင်း ရှိမရှိ သို့မဟုတ် ထိုအစား ၎င်းတို့သည် ၎င်းတို့၏ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူခြင်းရှိမရှိနှင့်လည်း သက်ဆိုင်သည်။ အဓိကအာရုံစိုက်မှုမှာ ဤအရာများအပေါ်တွင် ဖြစ်သည်။ မိမိတို့၏ ဇာတိပကတိကို စိတ်ကျေနပ်စေဖို့၊ မိမိတို့၏ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းဖို့နှင့် ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အကြိုက်များနှင့် လိုအင်ဆန္ဒများ နောက်ကိုလိုက်ဖို့ အစဉ်သဖြင့် ရွေးချယ်သည့် သူများအတွက်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို မည်သည့်အခါမျှ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဇာတိပကတိကို စွန့်ပယ်နိုင်ကာ၊ ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်နိုင်သည့်လူများ၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့် သူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို ဖြည်းဖြည်းချင်း တွေ့ကြုံနိုင်ကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ကို နားလည်သဘောပေါက်လာနိုင်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏အရေးပါမှုနှင့် လူသားများ ဤနည်းဖြင့် ပြုမူဖို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ရှိ အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အရာများဖြစ်သည်တို့နှင့် သက်ဆိုင်သည့် အသိစိတ်တစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိပေသည်။ လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် အရာများကို သာ၍သာ၍ ပျော်မွေ့ပြီး အပျက်သဘောဆောင်သည့်အရာများကို ခွဲခြားသိမြင်ဖို့ ယခင်ကထက် သာ၍အားကောင်းသော စွမ်းရည်တစ်ခုကို ရရှိသည်၊ ယင်းနှင့်ပတ်သက်၍လည်း ၎င်းတို့သည် အမုန်းတရား၊ ရွံရှာမှုနှင့် အထင်သေးခြင်းတို့ကို သာ၍ သာ၍ ခံစားရပေသည်။ လူများ၌ ဤအခြေအနေနှင့် ဖော်ပြချက်များရှိသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုသည် တိုး၍ ကြီးထွားလာလိမ့်မည်။ ၎င်းတို့သည် ဤကဲ့သို့ မကြာခဏ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်မှုနှင့် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ခုခံခြင်းတို့ကို ရွံရှာလိမ့်မည်ဖြစ်ပြီး၊ အမုန်းတရား၊ ရွံရှာခြင်းနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအတွက် ရွံမုန်းမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအတောအတွင်းတွင် ၎င်းတို့သည် ထိတွေ့ဆက်ဆံ လာရသည့် ၎င်းတို့အနီးရှိ အပျက်သဘောဆောင်သည့် မည်သည့်အရာမဆိုအတွက် မနှစ်သက်ခြင်းကိုလည်း ခံစားရလိမ့်မည်။ ၎င်းတို့သည် ဤအခြေအနေများကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းသည် တစ်ဖက်တွင် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်းအားဖြင့် ရရှိသောအကျိုးဖြစ်သည်။ သို့သော်လည်း ဤအမုန်းတရားနှင့် ရွံရှာမှုတို့ ဖြစ်ပေါ်နေစဉ် လူများသည် သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားများ၌ မည်သည့်ပြောင်းလဲမှု ရှိလာသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဝိညာဉ်ရင့်ကျက်မှု ရှိနိုင်ရန်နှင့် လုံလောက်သော စိတ်ဆန္ဒတို့ရှိနိုင်ရန် စတင်တမ်းတကြသည်၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့နှင့် အသိစိတ်ဖြင့်၊ ဆင်ခြင်တုံတရားဖြင့်၊ သမ္မာတရား စစ်မှန်မှုဖြင့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ဖို့ ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ဖို့၊ ဘုရားသခင် စီစဉ်ပေးသော ပတ်ဝန်းကျင်များအားလုံးကို ကျိုးနွံနာခံနိုင်ဖို့နှင့် သူ့ကို ဆန့်ကျင် ပုန်ကန်ခြင်းမှ ရှောင်ကြဉ်နိုင်ဖို့တို့ကိုလည်း ဆာငတ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ဖို့ ဆန္ဒရှိကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်” မှ

လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

အရှေ့သို့- ၄၈) စစ်မှန်သော နောင်တဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၀) မိမိကိုယ်မိမိ စွန့်လွှတ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်