၁၀၄) အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများအကြား ထိုးထွင်းသိမြင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်စုံတစ်ခုသည် ဘုရားသခင်၏အလုပ် ထုတ်လုပ်မှုတစ်ခုဖြစ်ပြီး သူ၏ လက်ခံမှုကို ရမရကို ပိုင်းဖြတ်လော့၊ သို့မဟုတ် ယင်းသည် စာတန်နှင့် နတ်ဆိုးများထံမှ လာခြင်းရှိမရှိ၊ သို့မဟုတ် ယင်းတို့အားဖြင့် စီမံပြုပြင်ခြင်းခံထားရပြီး ဖုံးကွယ်ထားခြင်း ရှိမရှိကို ပိုင်းဖြတ်လော့။

(၂) ယင်းသည် ဘုရားသခင်က လူများအား လိုက်လံရှာဖွေဖို့နှင့် ပိုင်ဆိုင်ဖို့ တောင်းဆိုသည့် အရာတစ်ခု ဟုတ်မဟုတ်- ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ- သို့မဟုတ် ယင်းသည် လောကီ ရေပန်းစားမှုများအလယ်တွင် သက်ဆိုင်ပြီး လောကီလူများ၏ လိုက်စားခြင်းကို ခံရသည့် အရာတစ်ခု ဟုတ်မဟုတ်ကို ပိုင်းဖြတ်လော့။

(၃) ယင်းသည် လူသား၏ အသက်အဖို့ တည်ဆောက်ပေးပြီး အကျိုးဖြစ်ထွန်းစေသည့် အရာတစ်ခု၊ လူတစ်ဦးကို အပြုသဘောဆောင်စေပြီး ချီမြှောက်သည့်အရာတစ်ခု၊ သို့မဟုတ် ယင်းက လူသားကို အပျက်သဘောဆောင်စေပြီး သူ့အား ဖျက်ဆီးလျက်၊ ဖောက်ပြန်ပျက်စီးစေပြီး အတိဒုက္ခရောက်စေသည့် အရာတစ်ခု ဟုတ်မဟုတ်ကို ပိုင်းဖြတ်လော့။

(၄) ယင်းသည် လူသားကို သာမန်လူ့သဘာဝ ပြန်လည်ရရှိစေပြီး၊ ၎င်းအား ဘုရားသခင်ကို နာခံပြီး ကိုးကွယ်စေသည့် အရာတစ်ခု ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းသည် လူသားကို အကျင့်ပျက်စေပြီး၊ ဆုတ်ယုတ်စေကာ၊ သေခြင်းတရားဆီသို့ ဆိုက်ရောက်စေသည့် အရာတစ်ခု ဟုတ်မဟုတ်ကို ပိုင်းဖြတ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင်၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်၏ အပြုသဘောဆောင်သည့် အရာမျိုးစုံနှင့်သက်ဆိုင်သည့် အနှစ်ချုပ်များနှင့် လူသားမျိုးနွယ် အသိအမှတ်ပြုသည့် ထွက်ဆိုချက်များအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် ရပ်တည်သင့်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသတို့ဖြစ်ပြီး၊ လူသားမျိုးနွယ်မှ အစပြုဖြစ်ပေါ်လာသည့် သက်ဝင်ယုံကြည်မှု ဆိုသောအရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရရှိသည့်အတွက်၊ ဘုရားသခင်၏ ဖော်ပြချက်အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ထိုနှုတ်ကပတ်တော်များကို မည်သည့် နေရာထားပါစေ၊ သို့မဟုတ် မည်သို့ သတ်မှတ်ပါစေ၊ သို့မဟုတ် မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် မည်သို့ နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသည့်အချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ၊ ဤဖောက်ပြန်ပျက်စီးပြီး အပြစ်ရှိသော လူသားမျိုးနွယ်သည် ယင်းတို့ကို မည်မျှ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ၊ ယင်းမှာ ပြောင်းလဲ၍မရနိုင်ဟူသည် အမှန်တရားက ဆက်လက်တည်ရှိနေသည်။ ဤအခြေအနေများ၌ပင်၊ လူသားမျိုးနွယ်တို့ တန်ဖိုးထားသည့် ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ ဆိုသည့်အရာများသည် အပြုသဘောဆောင်သည့် အရာများ ဖြစ်မလာနိုင်ဘဲ၊ သမ္မာတရားလည်း ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မပြောင်းလဲနိုင်ပေ။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် ယင်းတို့၏မူလဇစ်မြစ်ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ လူသားမျိုးနွယ်တည်ရှိဖို့ အသုံးပြုသည့် ဥပဒေများသည် တစ်ဖက်တွင် အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည်ဆိုသည့် အချက်ကို ချိုးဖောက်ခြင်းမှ ဆင်းသက်လာပြီး၊ အခြားတစ်ဖက်တွင် အရာခပ်သိမ်း၏ ဥပဒေသများအပေါ် ဘုရားသခင်၏ အချုပ်အခြာစိုးမိုးသည်ဆိုသည့် အချက်ကို ချိုးဖောက်ခြင်းတစ်ခုမှ ဆင်းသက်လာသည်။ ယင်းတို့သည် လူသား၏စိတ်ကူးများနှင့် အယူအဆများမှလာပြီး စာတန်ထံမှလည်း လာသည်။ စာတန်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ပထမဦးစွာ စာတန်သည် သမ္မာတရားကို တူအောင်တုသည်။ ဒုတိယအနေဖြင့် ၎င်းက ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများနှင့် ဥပဒေသများအားလုံးကို ဖျက်ဆီးကာ၊ နှောင့်ယှက်ပြီး နင်းခြေသည်။ ထို့ကြောင့် စာတန်ထံမှ လာသည့်အရာများသည် ၎င်း၏အနှစ်သာရနှင့် အတိအကျ ကိုက်ညီပြီး စာတန်၏ ဆိုးညစ်သော ရည်ရွယ်ချက်များ၊ စုံစမ်းသွေးဆောင်ခြင်းများနှင့် အယောင်ဆောင်မှုများအပြင်၊ စာတန်၏ မည်သည့်အခါမျှ မပြောင်းလဲသည့် ရည်ရွယ်ချက်တို့ဖြင့် ပြည့်နှက်နေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတို့ကို ထိုးထွင်းသိမြင်နိုင်သည်ဖြစ်စေ မသိမြင်နိုင်သည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတို့ကို လက်ခံသည့် အတိုင်းအတာမည်မျှ ရှိပါစေ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် ယင်းတို့ကို ကြည်ညိုကာ၊ ယင်းတို့ကို ကိုးကွယ်ပြီး ယင်းတို့ကို ဟောကြားသည့် ခေတ်ကာလအတွင်း တည်တံ့မှု မည်မျှရှိသည်ဖြစ်စေ၊ ပြီးလျှင် လူမည်မျှကလည်း ယင်းတို့ကို ကြည်ညိုကာ၊ ကိုးကွယ်ပြီး၊ ဟောကြားသည်ဖြစ်စေ၊ ဤအရာများသည် မည်သည့်အခါမျှ သမ္မာတရားဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့၏ အနှစ်သာရ၊ ဇာစ်မြစ်နှင့် အရင်းအမြစ်တို့သည် စာတန်ဖြစ်ကာ၊ ဘုရားသခင်၏ ရန်သူတော်ဖြစ်ပြီး သမ္မာတရားကို ရန်လိုသည့် စာတန် ဖြစ်သည့်အတွက်၊ ယင်းတို့သည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် အပျက်သဘောဆောင်သည့် အရာများအဖြစ် ဆက်လက်တည်ရှိလိမ့်မည်။ ယင်းတို့ကို ယှဉ်ကြည့်ရန် သမ္မာတရားမရှိသည့်အခါတွင်၊ ယင်းတို့က ကောင်းမြတ်ပြီး၊ အပြုသဘောဆောင်သည်ဟု ဟန်ဆောင်ကောင်း ဟန်ဆောင်နိုင်သည်၊ သို့ရာတွင် ယင်းတို့ကို စိစစ်ပြီး ဖော်ထုတ်ဖို့ သမ္မာတရားကို အသုံးပြုသည့်အခါတွင်၊ ယင်းတို့သည် ပျော့ကွက် ကင်းမဲ့ခြင်း မရှိပေ။ ယင်းတို့သည် ခိုင်မာစွာ မရပ်တည်နိုင်ပေ၊ ပြီးလျှင် ယင်းတို့သည် လျင်မြန်စွာ ပြစ်တင်ရှုတ်ချခံရကာ၊ ဖော်ထုတ်ခံရပြီး ဘေးဖယ်ခံရသည့် အရာများဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဘုရားသခင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်၏ သာမန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အတိအကျ ကိုက်ညီသည်၊ သို့သော်လည်း စာတန်က လူသားကို ပေးသည့်အရာသည် ထိုလိုအပ်ချက်များကို အတိအကျ ချိုးဖောက်လျက်ရှိသည်။ ယင်းက ပုံမှန်လူတစ်ယောက်ကို မူမမှန် ဖြစ်စေသည်၊ လွန်ကြူးစေသည်၊ သဘောထားကျဉ်းမြောင်းစေသည်၊ မာနထောင်လွှားစေသည်၊ မိုက်မဲစေသည်၊ ဆိုးယုတ်စေသည်၊ မာကြောစေသည်၊ ရက်စက်စေသည်၊ ပြီးလျှင် အားလုံးထက်ပို၍ မခံမရပ်နိုင်လောက်အောင် မာနထောင်လွှားစေသည်။ တစ်ချိန်ချိန်တွင် ထိုသူသည် ၎င်းတို့မည်သူမှန်းပင် မသိတော့ဘဲ၊ စိတ်ရူးသွပ်လာသည်။ ၎င်းတို့သည် ပုံမှန်လူများဖြစ်ဖို့ ငြင်းဆန်ကြလင့်ကစား၊ ပုံမှန်မဟုတ်သည့် လူသားများအဖြစ်လည်း ပြုမူရပေမည်။ ၎င်းတို့သည် သာမန် လူတစ်ယောက်ဖြစ်ဖို့ ငြင်းဆန်သော်လည်း၊ ထိုအစား သာလွန်သော လူသားတစ်ယောက် ဖြစ်လာဖို့ကို မရမကတောင်းဆိုသည်၊ ထိုသို့ဖြင့် လူများ၏ လူ့သဘာဝသည် မူမမှန်တော့ဘဲ၊ ထိုသို့ဖြင့် ၎င်းတို့၏ ပင်ကိုစရိုက်သည် မူမမှန်တော့ပေ။ သမ္မာတရားသည် လူများကို သာမန်လူ့သဘာဝ၏ အခြေခံသဘောတရားများနှင့် ဥပဒေသများနှင့် ဘုရားသခင် ပြဌာန်းပေးပြီးဖြစ်သည့် အခြေခံသဘောတရားများ အားလုံးတို့နှင့်အညီ ပင်ကိုစရိုက်အားဖြင့် သာ၍ အသက်ရှင်စေနိုင်သည်၊ သို့သော် စာတန်၏ ဆိုရိုးများနှင့် ဥပဒေသများဟုဆိုသော ဤအရာများသည် လူများကို ၎င်းတို့၏ ပင်ကိုစရိုက်များအား ချိုးဖောက်စေကာ၊ ဘုရားသခင် ထုတ်ပြန်ကြေညာပြီး ပြဌာန်းထားသည့် ဥပဒေသများမှ ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားစေသည့်အရာများ၊ ပြီးလျှင် သာမန်လူ့သဘာဝဖြင့် လူများ မလုပ်ဆောင်သင့်သည့်၊ ပြီးလျှင် ၎င်းတို့ မတွေးသင့်သည့် လွန်ကြူးသော အမှုအရာများ လုပ်ဆောင်လျက်၊ သာမန်လူ့သဘာဝ၏ လမ်းကြောင်းကိုပင် စွန့်ပစ်စေနိုင်သည့်အရာ အတိအကျ ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၁)” မှ

အပြုသဘောဆောင်သည့် အရာများကား အဘယ်နည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် အပြုသဘောဆောင်၏။ သို့ရာတွင် လူသား၏ စိတ်သဘောထားသည် စာတန်၏ ပြုပြင်ခြင်းကို ခံခဲ့ရပြီးဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံလိုစိတ်၊ ဖြောင့်မတ်ခြင်း၊ ကျိုးနွံနာခံခြင်း၊ နှိမ့်ချခြင်းနှင့် ပုန်းကွယ်မှုတို့သာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ ကိုယ်တော်ကြွလာခဲ့ချိန်တွင် ကိုယ်တော်သည် အပြစ်ရှိသော သဘာဝမရှိဘဲ ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာခဲ့ကာ စာတန်၏ ပြုပြင်ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် ကိုယ်တော်၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (ကိုယ်တော့်ကို ကားစင်တင်သည့်အခိုက်အတန့် အပါအဝင်) ကိုယ်တော်၏ ပြုမူဆောင်ရွက်ချက်များနှင့် နှုတ်ကပတ်တော်များ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” မှ

လူတို့က သမ္မာတရားကို နားမလည်သောအချိန်သည် အခြားသူများကို အပြင်ပန်းသဏ္ဌာန်တို့အားဖြင့် ၎င်းတို့အဓိပ္ပာယ်ဖွင့်ဆိုဖို့ အလားအလာ အရှိဆုံးအချိန်ပင်ဖြစ်သည်။ ဤအရာ၏ အခြေခံ အကြောင်းရင်းက အဘယ်နည်း။ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယင်းမှာ ရိုးရာထုံးတမ်းဓလေ့နှင့် လူမှုပညာရေးဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းမှာ မိသားစုပညာရေး ဖြစ်သည့်အပြင် အမှန်နှင့်အမှား၊ အဖြူနှင့်အမည်းဟူသော အယူအဆများနှင့် အမြင်သဘောထားများလည်း ဖြစ်ပြီး တစ်စိတ်တစ်ဒေသမှာ ကျောင်းပညာရေးဖြစ်လေသည်။ တစ်ခုလုံးအနေဖြင့်မူ ယင်းမှာ ထိုကဲ့သို့သော အမြင်သဘောထားများကို လူတို့အထဲသို့ သွတ်သွင်းပေးပြီး သူတို့အား အချို့သောအရာများကို ကောင်းသည်ဆိုးသည်၊ မှန်သည်မှားသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုစေသည့် စာတန်ဆန်သောစနစ်၏ ပညာရေးဖြစ်သည်။ သို့သော် ဤသတ်မှတ်ဆုံးဖြတ်ချက်များ၏ အခြေခံကား အဘယ်နည်း။ စာတန်၏ အယူအဆ သဘောတရားများဖြစ်၏၊ အခြေခံမှာ သမ္မာတရားထံမှ မလာပေ။ ထို့ကြောင့် တစ်စုံတစ်ခုကို သင်အဓိပ္ပာယ်ဖွင့်ဆိုပုံ၏ မူလအစပင်ဖြစ်စေ၊ အဆုံးသတ်ရလဒ်ပင်ဖြစ်စေ နှစ်ခုလုံးက သမ္မာတရားနှင့် မည်သည့်အဆက်အစပ်မျှ မရှိချေ။ ယင်းမှာ လုံးလုံးမှားယွင်းကာ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲပြီးလျှင် ဘုရားသခင်နှင့် အပြုသဘောရှိသော အရာများနှင့် တခြားစီဖြစ်လေသည်။ ဘုရားသခင်က လူတစ်ဦး၊ အရေးကိစ္စ သို့မဟုတ် အရာဝတ္ထုကို စီရင်ဆုံးဖြတ်သည့်အခါ၊ သူက သူ၏ စိတ်သဘောထားနှင့် သူ၏အနှစ်သာရအတိုင်း ထိုသို့ လုပ်ဆောင်လေသည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့မှာ အဘယ်နည်း။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ ဖော်ပြချက် ဖြစ်သည်။ ယင်းမှာ အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှုဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးနှင့် လူသားကြုံတွေ့သည့် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများကို မည်သည့် အခြေခံအကြောင်းအရင်းပေါ်တွင် စီရင်ဆုံးဖြတ်သနည်း။ သမ္မာတရား၏ အခြေခံအကြောင်းအရင်းအရဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီရင်ဆုံးဖြတ်သည့်အခါ၊ သူက ၎င်းတို့၏ သဘာဝအနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်သည့် အရာများ၏ နောက်ကွယ်မှ ၎င်းတို့၏ကြံရွယ်ချက်များ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းအပြင်၊ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားတို့အပေါ် ၎င်းတို့၏ သဘောထားတို့ဖြင့် စတင်သည်။ ဤသည်မှာ သူ၏စီရင်ဆုံးဖြတ်ခြင်း အခြေပြုသည့်အရာဖြစ်သည်။ အဖြစ်အပျက်အားလုံးနှင့် အမှုအရာများအပေါ် ဘုရားသခင်၏စီရင်ဆုံးဖြတ်ခြင်း၏ ရလဒ်သည် သမ္မာတရားအပေါ် အခြေပြုသော်လည်း၊ အဖြစ်အပျက်များအားလုံးနှင့် အမှုအရာများအားလုံးအပေါ် စာတန်၏စိစစ်သတ်မှတ်ခြင်းသည် စာတန်၏ ဒဿနနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့အပေါ်တွင် အခြေပြုသည်— သမ္မာတရား၏ ဆန့်ကျင်ဘက် အတိအကျဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရပြီးဖြစ်သည်။ လူများ၌ သမ္မာတရား လုံးဝ မရှိဘဲ၊ ၎င်းတို့သည် စာတန်ကို ကိုယ်စားပြုသည်၊ ၎င်းတို့သည် စာတန်၏ပြယုဒ်ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အရာအားလုံးကို စာတန်နှင့် သက်ဆိုင်သည့်အရာများအတိုင်း သတ်မှတ်သည်။ ပြီးလျှင် လူများသည် အရာအားလုံးကို ဤနည်းဖြင့် သတ်မှတ်ခြင်း၏ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားကို ဆန့်ကျင်သည်။ ယင်းသည် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်း တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင် ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ ‌အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ကျဆုံးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

စာတန်သည် လူကို လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖောက်ပြန်ပျက်စီးစေသည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ ပါဝင်၏။ လူအချို့က၊ “လူမှုရေး ရေပန်းစားမှုများဆိုသည်မှာ နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်း အသောက်ကောင်းများကို ဆိုလိုသလော” ဟူ၍ ပြောကြသည်။ ဤအရာတို့ကို လူမှုရေး ရေပန်းစားမှုများဟု မှတ်ယူပါသလော။ ၎င်းတို့သည် လူမှုရေး ရေပန်းစားမှုများ၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးသော်လည်း၊ ငါတို့သည် ၎င်းတို့အကြောင်းကို ဤနေရာတွင် ပြောမည်မဟုတ်။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင််များနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ် ခံရသည်အထိတိုင်၊ ဤရေစားမှုမျိုးဖြင့် အဆက်မပြတ် ကူးစက်ခံရ၏၊ လက်သင့်ခံရကာ ဆွဲဆောင်ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက် သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့ကို စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကို တစ်ခုပြီး နောက်တစ်ခု ပျော်ရွှင်စွာ လက်ခံစေလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။...

...လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန်နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့်၊ စရိုက်သုံးခု ဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့အား ဤရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ မိမိတို့၏ ခြေများကို ကူညီ ဆွဲထုတ်ပေးနိုင်သလော။ (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

လူလေ့လာသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ် ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ စာတန်၏ ဖောက်ပြန်ပျက်စီးစေသည့် တန်ဆာပလာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ ထို့ကြောင့် လူသားသည် စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိနိုင်ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်ပေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏အလုပ်ကို ပုံမှန် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာများကို အသက်ရှင်နေကြသည်။ ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ၎င်းတို့ ဖတ်ရှုပြီး ပုံမှန် လေ့လာသင်ယူကာ စကားပြောကြသည်။ လူအချို့သည် လူ့ကျင့်ဝတ် အနည်းငယ်ကို သင်ယူကြပြီး အပြောကောင်းကြသည်၊ နားလည်မှုရှိပြီး ဖော်ရွေကြသည်၊ ကူညီတတ်ပြီး ရက်ရောတတ်ကြသကဲ့သို့၊ အရေးမပါသော ရန်စမှုများ သို့မဟုတ် လူတို့ကို အခွင့်အရေးယူခြင်းများ မလုပ်ဆောင်ကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအပေါ် မှီခိုခြင်းဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်သကဲ့သို့၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ ဖွင့်ပြပါသော်လည်း၊ လူက ထိုအရာကို အလေးအနက်မထားပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် အတွေးများကို နည်းလမ်း အမျိုးမျိုးဖြင့် လုံးဝပိုင်ဆိုင်လာနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤပိုင်ဆိုင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ဘဲ၊ နေရာတကာနှင့် အချိန်တိုင်းတွင် ရှိလေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင်- ယုံကြည်ခဲ့ကြသည့် ကြီးမြတ်သော လူများစွာတို့သည်၊ ၎င်းတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် ဤဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ ဆင်ခြင်တွေးခေါ်မှုနှင့် အတွေးအခေါ်များကို ရတနာများအဖြစ် သဘောထားကြပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ကြချေ။ လူသည် ဆိုးယုတ်မှု၊ စာတန်၏ သဘာဝမှလာသည့် မာနထောင်လွှားပြီး မလိုမုန်းထားသော အရာများကို လက်ခံပြီးဖြစ်သောကြောင့်၊ လူ၏ အချင်းချင်း ဆက်ဆံမှုများတွင် စာတန်၏ မာနထောင်လွှားသော သဘာဝ၏ အကျိုးဆက်အဖြစ် လာသည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတမဖြစ်ခြင်းများသည် မလွှဲမရှောင်သာ မကြာခဏ ရှိပေသည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများ ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံထားသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့သည် ကောင်းသောအရာများ ဖြစ်ပါက၊ အလားတူသည့် လူများသည် ထိုအရာများကို လက်ခံ ပြီးသည့်နောက်တွင် အချင်းချင်း အဆင်ပြေနိုင်သင့် ပေသည်။ ထို့ကြောင့်၊ တူညီသည့်အရာများကို လက်ခံထားသည့် လူများကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်းတစ်ခု ရှိပါသနည်း။ ယင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းမူကား ဤအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ကွဲပြားခြင်းကို ဖန်တီးသည်။ စာတန်ထံမှ လာသည့်အရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မာနထောင်လွှားခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မာနထောင်လွှားခြင်းကိုသာ ပေါ်ထွက် လာစေကာ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၏ လှည့်ဖြားမှုထက် ဘာမျှမပိုပေ။ ၎င်းမှာ ထိုသို့မဟုတ်လော။ မိမိကိုယ်ကိုယ် ရုပ်ဖျက်နိုင်သည့် တစ်စုံတစ်ယောက်၊ ကြွယ်ဝသည့် အသိပညာ ပိုင်ဆိုင်ထားသည့်သူ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲသည့်အချိန် ရှိနိုင်သေး၏။ ဆိုလိုသည်မှာ၊ ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ ၎င်းတို့ကို သူတော်စင်တစ်ဦးအဖြစ် သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ သို့မဟုတ်‌ ၎င်းတို့ စုံလင်မှုရှိသည်ဟု သင်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ကောင်းကင်တမန်ဟု သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဖြူစင်သည်ဟု သင် တွေးထင်ပါစေ၊ မြင်ကွင်းများ နောက်ကွယ်တွင် ၎င်းတို့၏ ဘဝသည် မည်သည့်အရာနှင့်တူ သနည်း။ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ လူကောင်း တစ်ယောက်ဟု သင်ထင်ထားသည့် သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ သင်မြတ်နိုး ကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ ၎င်းတို့ကို သင် မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူစားသည် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ ရိုးသားခြင်း ရှိမရှိ၊ လူတို့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၎င်းတို့ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများ အတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (အကူအညီမဖြစ်ပါ) လူတို့ ထုတ်ဖော်ပြသည့် ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်း ဆိုသည်များက မည်သည့် အရာနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များ ဖြစ်ပြီး၊ အားလုံးက အပေါ်ယံမျက်နှာစာဖြစ်သည်။ ဤအပေါ်ယံ မျက်နှာစာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တစ်ခု ရှိသည်- ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညို စေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများက မည်သည့်အရာကို လူသားမျိုးနွယ်ထံ ယူဆောင်ပါသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် တစ်ခုတစ်လေ ယူဆောင်ပေးပါသလော။ ပထမဦးစွာ၊ လူသည် အကောင်းနှင့် အဆိုးကြား ခွဲခြားနိုင်သလော။ ဤလောကထဲတွင် တစ်စုံတစ်ခု ကောင်းမြတ်သည်၊ ဆိုးယုတ်သည်၊ မှန်သည် မှားသည် အကဲဖြတ်ဖို့ ကျော်ကြားသော သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ် တစ်ချို့တို့ကိုဖြစ်စေ၊ မဂ္ဂဇင်းတစ်ချို့ သို့မဟုတ် အခြား ပုံနှိပ်ထုတ်ဝေမှုတို့ကိုဖြစ်စေ ၎င်းတို့ အသုံးပြုသည်ဟု သင် ပြောမည်၊ မှန်ပါသလော။ ဖြစ်ရပ်များနှင့် လူတို့နှင့် သက်ဆိုင်သော ၎င်းတို့၏ အကဲဖြတ်ခြင်းများက တရားမျှတ ပါသလော။ ၎င်းတို့အနေဖြင့် သမ္မာတရား ပါရှိသလော။ ဤလောက၊ ဤလူသားမျိုးနွယ်သည် သမ္မာတရား၏ စံနှုန်းကို အခြေခံပြီး အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများကို အကဲဖြတ်သလော။ (အကဲမဖြတ်ပါ။) လူတို့သည် အဘယ်ကြောင့် ထိုအစွမ်းအစ မရှိကြသနည်း။ လူတို့သည် အသိပညာများစွာကို သင်ယူခဲ့ကြပြီး၊ သိပ္ပံပညာအကြောင်း များစွာသိရှိကြသောကြောင့် ၎င်းတို့သည် ကြီးမြတ်သည့် အစွမ်းအစများ ပိုင်ဆိုင်ကြသည် မဟုတ်လော။ ထို့ဆိုလျှင် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောဆောင်သည့် အရာများအကြား အဘယ်ကြောင့် ခွဲခြားနိုင်စွမ်းမရှိကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ (လူတို့တွင် သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပါသည်၊ သိပ္ပံပညာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်ပါ။) လူသားမျိုးနွယ်ထံသို့ စာတန် ယူဆောင်သမျှတိုင်းသည် ဆိုးယုတ်သည်၊ ဖောက်ပြန်ပျက်စီး စေပြီး သမ္မာတရား၊ အသက်နှင့် လမ်းခရီး ကင်းမဲ့နေသည်။ လူသားထံ စာတန် ယူဆောင်လာသည့် ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်အတူ၊ စာတန်တွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူသားတွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူအချို့က၊ “ကိုယ်တော် မှားသည်၊ ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲသား သို့မဟုတ် အိမ်ယာမဲ့များကို ကူညီနေသည့် လူများစွာရှိသည်။ ထိုသူတို့သည် လူကောင်းများ မဟုတ်သလော။ ကောင်းသည့်အလုပ်များကို လုပ်သည့် အများအကျိုးဆောင်သည့် အဖွဲ့အစည်းများစွာလည်း ရှိသည်၊ သူတို့ လုပ်သည့် အလုပ်သည် ကောင်းသည့် အလုပ် မဟုတ်လော” ဟု ပြောကောင်း ပြောလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ ပြောမည်နည်း။ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေရန် မတူညီသည့် နည်းလမ်းများနှင့် သဘောတရားများကို အသုံးပြုသည်- လူ၏ ဤဖောက်ပြန်ပျက်စီးခြင်းသည် မရေရာသော အယူအဆ တစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် မရေမရာ မဖြစ်ပေ။ စာတန်သည် အချို့သော လက်တွေ့ကျသည့် အရာများကိုလည်း လုပ်ဆောင်ပြီး၊ ၎င်းသည် ဤလောက သို့မဟုတ် လူမှုအဖွဲ့အစည်းထဲတွင် ရှုထောင့်အမြင်တစ်ခု သို့မဟုတ် သဘောတရားတစ်ခုကိုလည်း အားပေးလေသည်။ မင်းဆက်တိုင်း နှင့် ခေတ်တိုင်းတွင် ၎င်းသည် သဘောတရားတစ်ခုကို ထောက်ခံအားပေးပြီး လူ၏ စိတ်ထဲသို့ အတွေးအခေါ်များကို သွတ်သွင်းပေးသည်။ ဤအတွေးအခေါ်များနှင့် သဘောတရားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နှင့် အမြစ်စွဲလာ ပြီးနောက်၊ လူတို့သည် ၎င်းတို့ဖြင့် စတင် အသက်ရှင်လာကြသည်။ ဤအရာများဖြင့် ၎င်းတို့ စတင် အသက်ရှင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အမှတ်တမဲ့ဖြင့် စာတန် ဖြစ်လာကြသည် မဟုတ်လော။ ထိုအခါ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာကြသည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာသည့်အခါ၊ အဆုံးတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် စာတန် ထားရှိသည့် သဘောထားနှင့် တူသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် အမှန်တရားကို သတိပြုမိသွားသောအခါ သူဒေါသထွက်သောကြောင့်ဖြစ်၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အငြိုးဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။

အကြောင်းအရာတိုင်း၌ စာတန်၏အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို ဖော်ပြသည်။ သူ့နောက်လိုက်အောင် လူသားကို လှည့်ဖြားခြင်းငှာ သူ၏အစောပိုင်းအားထုတ်မှုမှစ၍ သူ၏ဒုစရိုက်အမှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို သူအသုံးချခြင်းအထိ၊ သူ၏အင်္ဂါရပ်အမှန်များ ဖော်ထုတ်ခံရသဖြင့် လူသားက သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည့်နောက် လူသားအပေါ် သူအငြိုးထားခြင်းအထိ- လူသားအပေါ် စာတန်လုပ်ဆောင်ခဲ့သော ဆိုးယုတ်သည့် လုပ်ရပ်အားလုံးထဲ၌ စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိသကဲ့သို့၊ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် စာတန်သည် ဆိုးယုတ်သည့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိပေ။ သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးပြီး သူ၏ဆိုးယုတ်သည့်လုပ်ရပ်များ ဆက်တည်ရှိနေရန်အတွက် ထိန်းသိမ်းပေးကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုဆိုင်ရာ နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးလေသည်။ စာတန်၏ ဤလုပ်ရပ်တို့သည် ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင့်အမျက်ဒေါသ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ စာတန်၌ ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘာဝကို ဖွင့်ချသည့်နည်းပင်ဖြစ်သည်။ စာတန်အနေဖြင့် စိတ်တိုပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်သည့် အကြောင်းရင်းက ဤသို့ဖြစ်သည်- ပြောပြ၍မရနိုင်သည့် သူ၏လျှို့ဝှက်အကြံအစည်များက ပေါ်လွင်သွားသည်၊ သူ၏အကွက်ချစီစဉ်မှုများသည် လွယ်လွယ်နှင့် မလွတ်နိုင်၊ ဘုရားသခင်ကို အစားထိုးရန်နှင့် ဘုရားသခင်ကဲ့သို့ ပြုမူရန်ဟူသည့် သူ၏အထိန်းအကွပ်မဲ့ ရည်မှန်းချက်နှင့် အလိုရမ္မက်တို့သည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်၊ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမျှအရာမထင်ဘဲ ဘယ်တော့မျှ စွမ်းဆောင်ရရှိနိုင်မည်မဟုတ်။ စာတန်၏ အကွက်ချစီစဉ်မှုများ အကောင်အထည်မပေါ်လာအောင် ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှု ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့ကို ဖြတ်တောက်ပစ်လိုက်သည့်အရာမှာ တစ်ကြိမ်ပြီးတစ်ကြိမ် မိမိ၏အမျက်ဒေါသကို ဘုရားသခင်၏ ထပ်တလဲလဲ ဆင့်ခေါ်မှုပင်ဖြစ်သည်။ ဤအကြောင်းကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်၏။ ဘုရားသခင်၏အမျက်ဒေါသ သက်ဆင်းလာသည့် အချိန်တိုင်းတွင် ၎င်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ စာတန်၏ ဆိုးယုတ်သည့် အလိုရမ္မက်ကိုလည်း အလင်းထဲသို့ ဖော်ထုတ်လေသည်။ ထိုသို့လုပ်ဆောင်စဉ်တွင် လူသားမျိုးနွယ်အပေါ် စာတန်ဒေါသူပုန်ထခြင်း၏ အကြောင်းရင်းများသည် လုံးဝပေါ်လွင်လာသည်။ စာတန်၏ ဒေါသပေါက်ကွဲခြင်းက သူ၏ဆိုးယုတ်သည့် သဘာဝကို ထုတ်ဖော်ခြင်းအမှန် ဖြစ်ပြီး သူ၏လျှို့ဝှက်အကြံအစည်များ ဖော်ထုတ်ခံရခြင်းဖြစ်သည်။ မှန်ပေ၏၊ စာတန်ဒေါသထွက်သည့် အကြိမ်တိုင်းသည် ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းအပြင် အပြုသဘောဆောင်သည့်အရာများ ကာကွယ်ခံရခြင်းနှင့် ဆက်လက်တည်နေခြင်းကို ကြေညာသည်၊ ဘုရားသခင်၏ အမျက်ဒေါသသည် ထိပါးစော်ကား၍ မရသည့်အမှန်တရားကို ကြေညာလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အောက်ခြေမှတ်စု(များ)-

၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။

၆။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

ဂ။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- ၁၀၃) ဂျုံစပါးများကို တောပင်များမှ ခွဲခြားခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၅) သမ္မာတရားကို လိုက်စားခြင်းနှင့် မရေရာသော ယုံကြည်မှုတို့အကြား ခွဲခြားသိမြင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်