၁၁၀) စစ်မှန်သော အသင်းတော်များနှင့် အယောင်ဆောင်သော အသင်းတော်များကြား ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အသင်းတော် အသက်တာထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်း ရှိမရှိ၊ ယင်း၏ လူထုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားအပေါ် စစ်မှန်စွာ မိတ်သဟာယပြုခြင်း ရှိမရှိဆိုသည်နှင့်၊ ဤအရာက လက်တွေ့ကျသော အကျိုးတရားတစ်ခု ဖြစ်ထွန်းခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၂) အသင်းတော်၏ ခေါင်းဆောင်များသည် သမ္မာတရားကို ချစ်ကာ လိုက်စားခြင်း ရှိမရှိ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို စစ်မှန်စွာ နားလည်ကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၃) အသင်းတော်ထဲတွင် အုပ်စိုးသည်မှာ အမှန်တွင် သမ္မာတရား သို့မဟုတ် ဆိုးယုတ်သော လူများ ဟုတ်မဟုတ်ဆိုသည်နှင့် ထိုနေရာတွင် အုပ်စိုးသည်မှာ သမ္မာတရား လိုက်စားသူများ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် ပြဿနာဖန်တီးလေ့ရှိသူများ ဟုတ်မဟုတ် ဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၄) သမ္မာတရားကို လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သော လူအစုအဝေးတစ်ခုသည်သာ အသင်းတော်တစ်ခုအဖြစ် အရည်အချင်း ပြည့်မီပေသည်။ ဆိုးယုတ်ပြီး မရေရာသော လူများ စုဝေးသည့်နေရာသည် ဘာသာရေး ကျင်းပရာနေရာတစ်ခု ဖြစ်သည်၊ အသင်းတော်တစ်ခု မဟုတ်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။ ဤလူများ၏ မကောင်းမှုပြုခြင်းကို ထုတ်ဖော်ရာဝယ်၊ လူအချို့သည် ၎င်းတို့ကို ကျိန်ဆဲရန် စိတ်ထက်သန်ကြစေကာမူ၊ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုလေသည်။ လူသားအဖို့ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ နာမနှင့် သက်ဆိုင်သည့် ပုံပေါ်သော်လည်း၊ အမှန်တွင် ဘုရားသခင်အဖို့ ယင်းတို့သည် သူ၏ နာမနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ သို့မဟုတ် သူ့ကို သက်သေခံခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမရှိပေ။ ဤလူများ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ယင်းသည် ဘုရားသခင်နာမနှင့် သူ၏ လတ်တလော အမှုနှစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုယ် အရှက်ရစေပြီး၊ စာတန်ကို ပေါ်လွင်ထင်ရှားစေသည်။ ၎င်းတို့သည် ဒေါသအမျက်ခံရာ နေ့ရက်အတွက် သိုမှီးနေကြသည့် မကောင်းမှုပြုသူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ယေဟောဝါကို ယုံကြည်သောသူများ၏ ဘာသာတရားကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများ၏ ဘာသာတရားကို မည်ကဲ့သို့ သတ်မှတ်သနည်း။ (ခရစ်ယာန်ဘာသာဖြစ်သည်။) ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များကို ကိုယ်စားပြုသည်။ ဘုရားသခင်သည် ယင်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းခရီးနောက် လိုက်သောသူ တစ်စုံတစ်ဦး ရှိသလော။ (မရှိပါ။) ဤအရာက ရှင်းလင်းသွားစေသည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် သူက ယုံကြည်သူများအဖြစ် အသိအမှတ်ပြုသူများ ဖြစ်နိုင်သလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ၎င်းတို့အားလုံးသည် သူ၏ ကယ်တင်ခြင်းအတွက် ပစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် သင်တို့သည် ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ် မြင်သောအရာသို့ ဖြစ်လာသော နေ့ရက်တစ်ရက် ရောက်လာမည်လော။ (ဖြစ်နိုင်ချေရှိသည်။) ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ်သို့ ဆိုက်ရောက်စေခြင်း ခံရသည့်အားလျော်စွာ ယင်းမှာ စိတ်ကူး၍မရနိုင်ပုံရ၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သူတို့သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်လော။ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ကြပါ။) ထို့ကြောင့် အကျဉ်းချုပ်ကြည့်ပါစို့- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း သူက ဘာသာရေးအဖွဲ့တစ်ဖွဲ့နှင့် သက်ဆိုင်သည်ဟု ယူဆခံရသည့် ထိုသို့သောလူများသည်- မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ထိုသို့သောလူများသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း လုံးဝ မရှိသော်လည်း၊ ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကိုလည်းကောင်း၊ သူ့ကို ယုံကြည်ခြင်း မရှိသော်လည်း၊ သူ့ကို လုံးဝကိုးကွယ်ခြင်း မရှိဘဲ၊ ထိုအစား သူ့ကို စွန့်ပစ်ကြသည့် လမ်းကြောင်းကိုလည်းကောင်း လျှောက်ကြသည်ဟု ဆိုနိုင်သလော။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း သူ့ကို စွန့်ပစ်ပြီး သူ့၏ လမ်းခရီးနောက် လိုက်လျှောက်ခြင်း မရှိခြင်း ဖြစ်သည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရ ဖြစ်သည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု သူ၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်နှင့်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း အခြေခံအားဖြင့် မည်သူ့နောက်ကို သူတို့ လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ သူ၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့် မကယ်တင်သနည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုနေကြကာ ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းတို့ထဲမှ တစ်ခု ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို တကယ့်ကို မကယ်တင်နိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်း လမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏အဆုံးသတ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ လိုက်နေဆဲဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိဆဲဖြစ်ပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ထိုသို့သောလူများသည် ကျမ်းဟောင်းတရားများနှင့် သြဝါဒတို့နှင့်ပတ်သက်၍ များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကောင်း နားလည်နိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်စွမ်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတရား တစ်ခု၏ အစိတ်အပိုင်းအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့်- စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် သူက သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ဤလူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ သမ္မာတရား စိုးမိုးရာနေရာ၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများက ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည့်သူများ၏ အစုအဝေးဖြစ်သည်။...ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်ပြီး စကားပြောကြားရာနေရာ၊ လူများကို ဘုရားသခင်ကယ်တင်သည့်နေရာ၊ လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသီးအပွင့် ဖြစ်ထွန်းစေသည့်နေရာ၊ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် အလိုတော်တို့ကို ဟန့်တားနှောင့်ယှက်မှုမရှိဘဲ ဆောင်ရွက်နိုင်သည့် နေရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ပြီး အထမြောက်စေသည့်နေရာ ဖြစ်သည်။ အနှစ်ချုပ်လိုက်ပါက ဘုရားသခင်၏အိမ်တော်သည် ဘုရားသခင်က တန်ခိုးအာဏာ ကိုင်စွဲသည့်နေရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ စိုးမိုးရာနေရာ ဖြစ်သည်။ ယင်းမှာ လူပုဂ္ဂိုလ်တစ်ဦးဦးက ဩဇာအာဏာကို ကျင့်သုံးသည့်နေရာ၊ မိမိ၏လုပ်ငန်းကို ဦးစီးဦးရွက်ပြုရာနေရာ မဟုတ်သကဲ့သို့ မိမိ၏လိုအင်ဆန္ဒများ၊ အစီအစဉ်များ၊ သို့မဟုတ် မဟာအကြံအစည်များကို စွမ်းဆောင်ရရှိရာနေရာလည်း မဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” မှ

အသင်းတော်တွင် လူမည်မျှသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါစေ၊ ၎င်းတို့သည် နှစ်ယောက်ဖြစ်စေ၊ ဒါဇင်နှင့်ချီသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းမရှိဘဲ၊ ဘုရားအမှုတော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ဘုရားအမှုတော်တွင် ပါဝင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာသည်။ ဤလူများသည် အန္တရာယ်ကြီးစွာ ကြုံနေရသည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားသူများက မည်သည့်နေရာကို ညွှန်ပြသည်ဖြစ်စေ ၎င်းတို့က ထိုနေရာသို့ သွားကြသည်။ ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားရှာဖွေခြင်းသည် မရေမရာနှင့် ဒုက္ခများတတ်ကြောင်း၊ အခြားသူများအပေါ်မှီခိုပြီး အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းကမူ လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်ကြောင်း ခံစားရသောကြောင့်၊ အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အရိုးစင်းဆုံးနှင့် ဒုက္ခမရောက်ဆုံး အရာကို ၎င်းတို့လုပ်ဆောင်ကြသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်— တစ်စုံတစ်ဦးသည် အုပ်စုတစ်စုအဝင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ်မှ လူကို ယုံကြည်သူတစ်ဦးအဖြစ်၊ ပြီးလျှင် ဘုရားသခင်နောက် လိုက်သူတစ်ဦးအဖြစ်မှ လူနောက်သို့ လိုက်သူ တစ်ဦးအဖြစ် ပုံသဏ္ဌာန်အရ ချက်ချင်းပြောင်းလဲသွားရန် အဘယ့်ကြောင့် လွယ်ကူရသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် အလွန်လျင်မြန်စွာ ပြောင်းလဲကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင်၊ ထိုနည်းလမ်းဖြင့် အဘယ့်ကြောင့် ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ဤနှစ်များတစ်လျှောက်လုံး ယုံကြည်ပြီးဖြစ်သော်လည်း၊ ထူးခြားစွာပင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ နေရာမရခဲ့ပေ။ ၎င်းတို့၌ ဘုရားသခင်နှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝမရှိဖူးပေ။ ၎င်းတို့၏ လုပ်ရပ်များ၊ စကားများ၊ ၎င်းတို့၏အသက်တာ၊ အရေးကိစ္စများကို ၎င်းတို့၏စီမံခြင်းနှင့် ကိုင်တွယ်ခြင်း၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် ၎င်းတို့၏အစေခံခြင်း၌ပင်လျှင်— ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၊ ၎င်းတို့ထုတ်ဖော်သမျှ အပြုအမူအားလုံး၊ ၎င်းတို့ဖော်ပြသည့် အရာအားလုံးနှင့် ၎င်းတို့၏ အတွေးအခေါ်တိုင်း၊ သို့မဟုတ် စိတ်ကူးတိုင်း၌ပင်လျှင်— ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာရှိသည့်အရာ ဘာတစ်ခုမျှမရှိပေ။ ထို့ကြောင့် ဤလူသည် စစ်မှန်သော ယုံကြည်သူများထဲမှ တစ်ဦးဖြစ်သလော။ တစ်စုံတစ်ဦး၏ယုံကြည်မှု နှစ်ကာလစုစုပေါင်းသည် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းအရာ၌ ၎င်းတို့၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားသည်ကို ထုတ်ဖော်ပြသလော။ ယင်းက ၎င်းတို့၌ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး ရှိမရှိ၏ သက်သေဖြစ်သလော။ လုံးဝ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အယောင်ဆောင်ခေါင်းဆောင်တို့သည် လူတို့ကို စိတ်ရှုပ်ထွေးစေပြီး လှည့်စားရန်အတွက် အပေါ်ယံတွင် မှန်ကန်သည်ဟု ထင်ရသော အရာများကို မကြာခဏပြောဆိုကြပြီး ယင်းကတစ်ဖန် ထိုလူတို့၏ အသက်ဝင်ရောက်မှုအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုကို ဖြစ်စေသည်။ မည်သည့်အခါမျှ မဖြစ်ပေါ်သင့်သည့် အကျိုးဆက်အချို့ကိုလည်း ဖြစ်ပေါ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ အဆိုအမိန့်များဟူသည့် အရာများနှင့် ပြောပုံဆိုပုံတို့ကို ဒိဋ္ဌိအယူများ၊ လွဲမှားသောအယူများဟု ခေါ်ဆိုနိုင်သည်။ အပေါ်ယံအားဖြင့် တစ်ခုခုမှားယွင်းနေသည့်ပုံစံ မရှိသော်လည်း ယင်းတို့သည် လူတို့၏အသက်ဝင်ရောက်မှုနှင့် လူတို့လျှောက်လှမ်းသော လမ်းကြောင်းတွင် အတားအဆီးများ၊ အနှောင့်အယှက်များနှင့် စိတ်ရှုပ်ထွေးမှုတို့အဖြစ် အမှန်တကယ် အလုပ်လုပ်သည်။ ယင်းတို့သည် အချို့လူတို့အား ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သံသယများ၊ အတိုက်အခံများဖြစ်ပေါ်ခြင်းတို့ကိုပင် ဖြစ်စေသည်။ ဤအရာတို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ စကားလုံးများက လူတို့အပေါ် အကျိုးသက်ရောက်မှုများဖြစ်သည်။ ဘုရားသခင်နောက်ကို ဤလူတို့လိုက်သည့်အချိန်တွင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ ခုခံမှုများနှင့် သံသယများ အစဉ်ပေါ်ပေါက်ကြရန်အတွက် အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို လမ်းညွှန်ရန် ဤကဲ့သို့သော ဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများကို အသုံးပြုကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များ၏ ရှုပ်ထွေးမှုနှင့် လွှမ်းမိုးမှုအောက်တွင် ဘာသာတရားအသစ်တစ်ခုက အခြေခိုင်လာသည်။ ဤသို့သော ဘာသာတရားအသစ်မျိုးသည် ဘုရားသခင်၏ ကိုယ်ပိုင်နည်းလမ်းကို မလိုက်နာဘဲ ပေါလု၊ သို့မဟုတ် အခြားတပည့်တော်တစ်ဦးဦး၏ သွန်သင်ချက်များကဲ့သို့သော လူ၏စကားများနှင့် လူ၏သွန်သင်ချက်များကိုသာ ထိန်းသိမ်းသည့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ က ခရစ်ယာန်ဘာသာကဲ့သို့ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာသည် အထင်အမြင်မှားစေခြင်းဖြစ်ပြီး သမ္မာတရားကို အားထုတ်ရာတွင် ပုံမှန်ဖြစ်၍ သင့်လျော်သည့်လမ်းကို လျှောက်လှမ်းနေသော လူတို့ကို ၎င်းတို့ပိတ်ပင်တားဆီး၏။ လူတို့အား သမ္မာတရားကို အားထုတ်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ်မှ အတုအယောင်ဝိညာဉ်ရေး လမ်းကြောင်းပေါ်သို့ ၎င်းတို့ဆွဲချ၏၊ ဘာသာတရားပုံစံအတွင်းရှိ ယုံကြည်ခြင်းဆီသို့ လူတို့ကို ၎င်းတို့ခေါ်ဆောင်၏။ လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များကြောင့် စိတ်ရှုပ်ထွေးပြီး ထိုသူတို့၏ဦးဆောင်၍ လမ်းပြခြင်းကို ခံရသောအခါ လုံးဝမှန်ကန်ပုံရသော်လည်း သမ္မာတရားနှင့် လုံးဝမသက်ဆိုင်သည့် သီအိုရီများ၊ အဆိုအမိန့်များ၊ လုပ်ရပ်များ၊ သို့မဟုတ် အမြင်ရှုထောင့်များကို အစဉ်သဖြင့် စိတ်ကူးရကြသည်။ ဤအရာတို့သည် သမ္မာတရားနှင့် လုံးဝကွဲလွဲနေပြီး လုံးဝသက်ဆိုင်မှု မရှိပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် လူတိုင်းက ဤအရာတို့ကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဤအရာတို့သည် အမှန်တကယ်ပင် သမ္မာတရားဖြစ်သည်ဟု အားလုံးက မှားယွင်းစွာ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက ကောင်းမွန်စွာ ပြောဆိုပြီး သူ၏စိတ်နှလုံးထဲတွင် ယုံကြည်မှုရှိကာ ယုံကြည်ခြင်းကို နှုတ်ဖြင့် ဝန်ခံသရွေ့ ထိုသူသည် သမ္မာတရားကို ရရှိထားပြီးဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဤအတွေးအမြင်များ၏ လှည့်စားခြင်းကို ခံရပြီး လူတို့သည် သမ္မာတရား လက်တွေ့အရှိတရားသို့ မဝင်ရောက်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အတွင်းသို့ မဝင်ရောက်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် သူ့နှုတ်ကပတ်တော်များအတွင်း၌ အသက်မရှင်နိုင်တော့ရုံသာမကဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးသည်ထက် ဝေးကွာခြင်းအဖြစ်သို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် အရာရာတိုင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နေသည့်ပုံပေါ်သော်လည်း ဘုရားနှုတ်ကပတ်တော်များဆိုသည့် ဤအရာတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များ၊ သူ၏အလိုတော်တို့နှင့် သက်ဆိုင်မှု လုံးဝမရှိပေ။ ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားများနှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များ၏ သွန်သင်ချက်များ၊ အယောင်ဆောင်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များအပြင် ထိုအယောင်ဆောင်ခေါင်းဆောင်များ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် နားလည်မှုများတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့၏ ဦးဆောင်မှုနည်းလမ်းသည် ပိုမိုများပြားသောလူတို့အား ဘာသာရေးရိုးရာဓလေ့များနှင့် တင်းကျပ်သော စည်းမျဉ်းများထဲသို့၊ အယူဝါဒစာသက်သက်ထဲသို့၊ အသိပညာနှင့် အတွေးအခေါ်ဆီသို့ ခေါ်ဆောင်သွားသည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များက အခြားလူတို့ကို ၎င်းတို့ရှေ့သို့၊ သို့မဟုတ် စာတန်ရှေ့သို့ မခေါ်ဆောင်သော်လည်း လူတို့၏စိတ်နှလုံးတို့သည် ဤဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများ၏ လွှမ်းမိုးခြင်းခံရသည်မှာမူ အတူတူပင်ဖြစ်သည်။ ဤဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများ၏ ဝါးမျိုခြင်းကို ခံရသဖြင့် လူတို့သည် အသက်ကိုရရှိပြီးဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသောအခါ ၎င်းတို့သည် အစွဲကြီးလာကြပြီး သမ္မာတရားနှင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်၊ ဘုရားသခင်၏တောင်းဆိုမှုများနှင့် ရန်သူများသက်သက် ဖြစ်လာကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)” မှ

အန္တိခရစ်များ၏ အုပ်စိုးခြင်းခံရသည့် မည်သည့်အသင်းတော်မဆိုကို အသင်းတော်ဟုခေါ်၍ မရနိုင်ပေ၊ ဤသည်ကို တွေ့ကြုံခံစားခဲ့ရသည့် မည်သူမဆိုသည် ယင်းကို နားလည်လိမ့်မည်။ ယင်းတွင် ငြိမ်းချမ်းသော၊ ပျော်ရွှင်သော၊ အင်တိုက်အားတိုက် တက်တက်ကြွကြွရှိသော သွင်ပြင် အခြေအနေ မရှိပေ။ ထိုအစား လူတိုင်း၏စိတ်နှလုံးသည် ဂနာမငြိမ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း ခံစားမှုဖြင့် အလွန်အမင်း သောကရောက်နေရသည့် ဝရုန်းသုန်းကား သွင်ပြင်အခြေအနေ တစ်ခုက လွှမ်းမိုးထားသည်၊ ထို့ပြင် ဘေးဒုက္ခအကြီးစားတစ်ခု ဖြစ်ပေါ်တော့မည့်အလား ၎င်းတို့၌ စနောင့်စနင်းဖြစ်သော ခံစားချက်လည်း ရှိနေပေသည်။ အန္တိခရစ်များ၏ စကားနှင့် လုပ်ဆောင်ချက်များက လူတို့၏စိတ်နှလုံးများကို မကြည်မလင် ဖြစ်စေရင်း၊ ၎င်းတို့ကို အပြုသဘောဆောင်သော အရာများနှင့် အဖျက်သဘောဆောင်သည့် အရာများအကြား ခွဲခြားနိုင်ခြင်း မရှိဘဲဖြစ်စေလျက် သွင်ပြင်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့အပြင် အန္တိခရစ်များသည် အချိန်အတော်ကြာ လူများကို လှည့်စားထားသည့်အခါ ထိုလူတို့သည် ဘာသာတရားအတွင်းတွင် ရှင်သန်နေသည့်အလား ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ယခင်ကထက် တိုး၍ဝေးကွာသွားပြီး ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးသည် သာမန် ဆက်ဆံရေးတစ်ခု မဟုတ်တော့ချေ။ ၎င်းတို့သည် အမည်ခံအားဖြင့် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌မူ ဘုရားသခင်မရှိပေ။ လက်တွေ့ကျသည့် ပြဿနာတစ်ခုလည်း ရှိသည်၊ ယင်းမှာ အသင်းတော်တွင် အသင်းအဖွဲ့များ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သမ္မာတရားကို ချစ်သူများအားလုံးသည် ထိုနေရာတွင် တွေ့ဆုံရခြင်းကို မပျော်မွေ့သကဲ့သို့ လွတ်ငြိမ်းခြင်းကိုလည်း မရရှိကြပေ၊ ၎င်းတို့သည် အသင်းတော်ကို စွန့်ခွာလိုကြပြီး ၎င်းတို့၏ကိုယ်ပိုင် အစည်းအဝေးများ ပြုလုပ်လိုကြသည်။ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တစ်ပါးတွင် အလုပ် လုပ်နေသည့်အခါ လူများသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူတိုင်းက ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီသို့ရောက်အောင် အတူတကွ ကြိုးပမ်းကြပြီး သွင်ပြင်အခြေအနေသည် ငြိမ်းချမ်းကာ တည်ငြိမ်၍ အနှောင့်အယှက်ကင်းလေသည်။ သို့သော် အန္တိခရစ်များက လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သွင်ပြင်အခြေအနေသည် ဂနာမငြိမ်ဖြစ်လာကာ ကိုးရိုးကားရား နိုင်လာသည်။ ၎င်းတို့ဂြိုဟ်မွှေသည့် နေရာတိုင်းတွင် အုပ်စုကွဲများ ပေါ်ပေါက်လာသည်။ လူများက အချင်းချင်း သတိထားကြသည်၊ အချင်းချင်း ဝေဖန်တိကပြုကြသည်၊ အချင်းချင်း တိုက်ခိုက်ကြပြီး နောက်ကွယ်တွင် အချင်းချင်း အားလျော့စေကြသည်။ အန္တိခရစ်များသည် ဤနေရာတွင် မည်သည့်အခန်းကဏ္ဍကို သိသာထင်ရှားစွာ လုပ်ဆောင်နေသနည်း။ ၎င်းတို့၏အခန်းကဏ္ဍသည် စာတန် လက်ပါးစေများ၏ အခန်းကဏ္ဍဖြစ်သည်။ အန္တိခရစ်တို့ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များ— အကျိုးဆက် တစ်ခုမှာ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ဝေဖန်အကဲဖြတ်ကြသည်၊ အချင်းချင်း သံသယရှိကြပြီး အချင်းချင်း သတိထားကြသည်။ ထို့အပြင် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် မည်သည့်စည်းဘောင်မျှ မရှိတော့ဘဲ ၎င်းတို့သည် ဖြည်းဖြည်းချင်း နီးစပ်လာကြသည်။ နောက်တစ်ခုမှာ လူများ၏စိတ်နှလုံးများထဲမှ ရူပါရုံများသည် မှုန်ဝါးလာကာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်တော့သကဲ့သို့ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သို့ အလုပ်လုပ်ရမည်ကိုလည်း မသိကြတော့ပေ။ တစ်ချိန်က ၎င်းတို့နားလည်သဘောပေါက်ခဲ့ကြသည့်အရာ အနည်းငယ်သည် ယခု ပျောက်ဆုံးသွားလေပြီ၊ ၎င်းတို့၏ အတွေးအခေါ်များသည် မရေရာတော့ဘဲ ၎င်းတို့သည် အပြင်ပန်း ပြသခြင်းများအပေါ် အာရုံစိုက်ပြီး ပျားပန်းခပ် လှုပ်ရှားလျက် အန္တိခရစ်များနောက်သို့ မျက်စိစုံမှိတ် လိုက်ကြလေသည်။ လူအချို့က အန္တိခရစ်များ နောက်သို့ လိုက်ခြင်းသည် တစ်ဖက်ပိတ်လမ်းပေါ်တွင် လျှောက်နေခြင်း အမှန်တကယ် ဖြစ်သည်ကို ခံစားနိုင်ကြပြီး သမ္မာတရားကို လိုက်စားသည့် လူတိုင်းသည် အတူတကွ တွေ့ဆုံလျက် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပါက မည်မျှ ပျော်စရာကောင်းမည်ကို ၎င်းတို့ခံစားနိုင်ကြသည်။ အန္တိခရစ်များက အာဏာသိမ်းယူသည့်အခါတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်မလုပ်တော့ချေ၊ ညီအစ်ကိုမောင်နှမများ အားလုံးသည်လည်း အတွင်း၌ မှောင်မိုက်ထဲသို့ ကျရောက်သွားပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ဖို့၊ သို့မဟုတ် ၎င်းတို့၏တာဝန်ကို ဆောင်ရွက်ဖို့ လှုံ့ဆော်ခံရခြင်း မရှိကြတော့ပေ။ ဤသည်က ကာလကြာရှည် ဆက်ဖြစ်နေလျှင် ဘုရားသခင်သည် ၎င်းတို့ကို နှင်ထုတ်မည် မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏” မှ

အန္တိခရစ်တစ်ဦးသည် သူ၏ပိုင်နက်ကို လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ်၊ အန္တိခရစ်အုပ်စုတစ်ခုအဖြစ် အသွင်ပြောင်းသည်။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသော၊ ဖျက်ဆီးတတ်သော လုပ်ရပ်များ၌ ပါဝင်ပြီး စကားပြောခြင်းနှင့် လုပ်ဆောင်ခြင်း၌ မယုံကြည်သူများကဲ့သို့ ပြုမူနေထိုင်ကြသည်။ သူတို့အားလုံးသည် အပြောကောင်းပြီး စကားတတ်ကာ ကိုယ်ကျင့်တရားပျက်စီးသူများ လုံးလုံးလျားလျား ဖြစ်ကြသည့်အပြင် တိတ်တဆိတ် အန္တရာယ်ပြုတတ်ပြီး ဆိုးညစ်ကြ၏။ သူတို့မည်သူကမျှ သမ္မာတရားကို လက်မခံကြပေ။ သူတို့သည် အပြင်ပန်းအားဖြင့် ရည်မွန်ယောင်ဆောင်ကြသည်၊ ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်ကြသည်၊ လောကဝတ်နှင့် ပြုမူကျင့်ကြံမှုဆိုင်ရာ စည်းကမ်းများကို လိုက်နာကြပြီး ပညာတတ်ပင် ဖြစ်ကောင်းဖြစ်နိုင်ကြကာ ကောင်းမွန်သော အစွမ်းအစနှင့် စရိုက်တို့ ရှိကြလေသည်။ သို့သော်လည်း အမှန်အားဖြင့် သူတို့အယောက်တိုင်းက တိတ်တဆိတ် အန္တရာယ်ပြုတတ်သည်၊ ယုတ်မာသည်၊ လိမ်လည်လှည့်ဖြားပြီး ဆိုးညစ်သည်။ သူတို့သည် လိုရာကြိုးဆွဲလျက် အချင်းချင်း ပူးပေါင်းကြံစည်ကြသည်။ သူတို့သည် သြဇာအာဏာနှင့် ဂုဏ်ဒြပ်အပြင် လူ့အဖွဲ့အစည်းထဲရှိ လူမျိုးစုများကြားက ဆက်နွှယ်မှုများနှင့် မည်သူ၏ လူမှုရေးအာဏာက ပို၍ကြီးမားသည်၊ မည်သူ၏ အဆင့်အတန်းနှင့် ကျော်ကြားမှုက အမြင့်ဆုံးဖြစ်သည်နှင့် လူမှုရေးမာယာ၌ မည်သူက အကျွမ်းကျင်ဆုံးဖြစ်သည်တို့ကို အရေးစိုက်တတ်ကြသည်။ ဤအရာထဲ၌ နည်းနည်းမျှမပေါ်လွင်သော အရာများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် သူတို့၏ယုံကြည်မှုတို့ ဖြစ်ကြသည်။ သူတို့၏ယုံကြည်မှုက ကစားပွဲနှင့် လှည့်ကွက်သာလျှင် ဖြစ်သည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏အိမ်တော်ကို လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ်၊ အချင်းချင်း ပူးပေါင်းကြံစည်သည့် ဆိုးညစ်သောလူများ၏ ပိုင်နက်အဖြစ် အသွင်ပြောင်းကြသည်၊ သို့တစေ သူတို့က “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ အိမ်တော်၌ တာဝန်ထမ်းဆောင်ကြပါသည်။ ဘုရားသခင်၏ အိမ်တော်၌ ဤမည်သောအရာကို ပြုလုပ်ပြီး ဘုရားသခင်၏နောက်ကို ထိုသို့ဤသို့ လိုက်လျှောက်ကြပါပြီ။ ဤအရာကို ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ကောင်းကျိုးအတွက်၊ ထိုအရာကို သူတို့အား ကူညီထောက်ပံ့ရန်အတွက်နှင့် အခြားအရာကို အုပ်စုတစ်စုအနေဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်လာဖို့အတွက် ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်” ဟူသည့်အပြင် ဤကဲ့သို့ ဟိတ်ဟန်များသော အခြားဖော်ပြချက်များကို အကြိမ်ကြိမ်အခါခါ ပြောတတ်ကြလေသည်။ သူတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောနည်းလမ်းများ၊ လူ့နည်းနာများ၊ စာတန်ဆန်သော ဘဝနေထိုင်မှုဆိုင်ရာ အတွေးအခေါ်များနှင့်တကွ ဆိုးယုတ်သောလူတို့ကို စာတန်ဆက်ဆံပြုမူသည့် နည်းလမ်းများဖြင့် ဆက်ဆံပြုမူပြီး ဘုရားသခင်၏အိမ်တော်ထဲ၌ ဤပုံသေနည်းကို ပုံတူပွားကြသည်။ ထိုစဉ်အတွင်း သူတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် လုပ်ဆောင်လျက် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ကူညီကာ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေပြီး သက်သေခံနေသည်ဟု တကယ်ပင် ယုံကြည်ကြသည်။ သို့သော်လည်း အနှစ်ချုပ်အားဖြင့် ဤအပြုအမူများနှင့် နည်းလမ်းများက အန္တိခရစ်များ၏ တိတ်တိတ်ပုန်း ကြိုးကိုင်ခြယ်လှယ်မှုများပင် မဟုတ်လော။ အန္တိခရစ်များသည် ဘုရားသခင်၏ နောက်လိုက်များကို သူတို့၏ စိုးမိုးခြယ်လှယ်မှုအောက်သို့ ကျရောက်စေလျက် အသင်းတော်ကို သူတို့၏ပိုင်နက်အဖြစ်၊ လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ်၊ စာတန်၏ အုပ်စိုးမှုအောက်၌ရှိသော လူအုပ်စုတစ်ခုအဖြစ် အသွင်ပြောင်းကြသည်။ ထိုကဲ့သို့သောအုပ်စုသည် ဘုရားသခင်၏ မိသားစုဝင် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) အန္တိခရစ်များက ဤသို့ပြုသည်မှာ ရွံရှာဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့ ဝရုန်းသုန်းကားနိုင်သည့် အန္တိခရစ်တစ်အုပ်ကို သင်တို့တွေ့ဖူးသလော။ သင်သည် ၎င်းတို့အကြားတွင် ရှိနေသည့်အခါ အဘယ်အရာကို ခံစားရသနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် လုံးလုံးနူးညံ့သိမ်မွေ့ခြင်း ရှိပုံရသည်— သို့သော်လည်း သမ္မာတရားနှင့် ဘုရားသခင်၏အလိုတော်တို့ကို ၎င်းတို့နှင့် သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့ပြသသည့် သဘောထားသည် ၎င်းတို့၏အပြင်ပန်း နူးညံ့သိမ်မွေ့ခြင်းနှင့် လုံးလုံးဆန့်ကျင်နေသည်၊ တစ်နည်းဆိုရလျှင် ၎င်းတို့သည် အလွန်အမင်း ပစ်ပစ်ခါခါငြင်းပယ်ပြီး လုံးလုံးစိတ်မဝင်စားကြ။ ၎င်းတို့နှင့် သမ္မာတရားကို သင်မိတ်သဟာယ ပြုသည့်အခါ ၎င်းတို့က သင့်ကို အပြင်လူတစ်ဦးအဖြစ် ခံစားကြရသည်၊ ပြီးလျှင် အသင်းတော်၏အလုပ်ကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က သာ၍ပင် ထိုသို့ခံစားရလေသည်။ အသင်းတော်၏ အလုပ်နှင့်သက်ဆိုင်သည့် အထူးအသေးစိတ်အချက်အလက်များ လုပ်ဆောင်ပြီးခြင်း ရှိမရှိနှင့် ယင်းတို့ကို မည်မျှကောင်းစွာ လုပ်ဆောင်ထားကြောင်းကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က စတင်ငိုက်မျဉ်းလာနိုင်ပြီး မကောင်းဆိုးဝါး ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြလာနိုင်သည်၊ ၎င်းတို့က မိမိတို့၏ဦးခေါင်းများကို ကုတ်ပြီး နားကလော်ကြသည်၊ သန်းဝေကြသည်၊ မျက်ရည်ဝဲကြသည်၊ နှာပင်ချေကောင်း ချေနိုင်ပေသည်။ ဤသည်မှာ နတ်ဆိုးစွဲခြင်း မဟုတ်လော။ သမ္မာတရားကို သင်မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါး ပုံသဏ္ဌာန်သည် အဘယ့်ကြောင့် ပေါ်ထွက်လာသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၌ ၎င်းတို့၏စိတ်နှလုံးများတွင် မေတ္တာများများစားစား မရှိသလော။ သမ္မာတရားအကြောင်းကို သင်စတင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က အဘယ်သို့များ စိတ်ပါဝင်စားခြင်း မရှိတော့သနည်း။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ အပြင်ပန်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၌ ကြီးစွာသော စိတ်ထက်သန်မှုနှင့် သန္နိဋ္ဌာန်တို့ မရှိသလော။ ၎င်းတို့၌ သန္နိဋ္ဌာန်ရှိပါက ၎င်းတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်သလော။ ၎င်းတို့၌ စစ်မှန်မှုရှိပါက သမ္မာတရားကို လူတို့မိတ်သဟာယပြုသည်ကို ကြားသည့်အခါ ၎င်းတို့ပျော်သင့်သည်၊ ယင်းကို ၎င်းတို့ တမ်းတသင့်သည်။ သို့ဆိုလျှင် နတ်ဆိုးစွဲသည့် ဖြစ်ရပ်က အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။ ဤအရာက ၎င်းတို့၏ ပုံမှန်နူးညံ့သိမ်မွေ့ခြင်းသည် လုံးလုံး အတုအယောင်ဖြစ်သည်ကို သက်သေပြသည်— သမ္မာတရားက ၎င်းတို့ကို ဖော်ထုတ်လိုက်လေပြီ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အရှေ့သို့- ၁၀၉) ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားများနောက်လိုက်ခြင်းတို့ကြား ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၁) မိစ္ဆာဒိဌိဝါဒနှင့် အတွေးမှားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၉ နှုတ်ကပတ်တော်၏ အရေးပါမှု

၁ဘုရားကိုယုံရင် အနည်းဆုံးတော့ လိမ္မာရမယ်နှုတ်ကပတ်တော်ကို ရဖို့ အဓိကပါဘာပဲဖြစ်ဖြစ် နှုတ်ကပတ်တော်ကို လျစ်လျူမရှုနဲ့နှုတ်ကပတ်တော်မှ ဘုရားကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်