၆၃) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခေါင်းဆောင်များနှင့် အလုပ်သမားများဖြစ်ဖို့ ရွေးချယ်ခံရသည့် သူများသည် စင်ကြယ်သော သမ္မာတရား သိနားလည်ခြင်းတစ်ခု ရှိရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံနိုင်မှသာ သင့်တော်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားကာ ကောင်းမွန်သော အရည်အချင်း ရှိရမည်ဖြစ်သည်။

(၂) မာနထောင်လွှားသော စိတ်သဘောထားရှိသူအားလုံးကို ဝါးလုံးရှည်ဖြင့် မရမ်းသင့်ပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့ကို ရွေးကောက်၍ရနိုင်သည်။

(၃) အတိတ်တွင် အပြစ်ပြုမိပြီး ထုတ်ပယ်ခံရပြီးဖြစ်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ အမှန်တကယ် နောင်တရပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသရွေ့၊ ရွေးကောက်၍ရနိုင်သည်။

(၄) သမ္မတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို အတော်အတန် ဖြေရှင်းနိုင်သူများနှင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သူများထဲတွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအဖြစ် ရွေးကောက်ခံရသူများသည် အကောင်းဆုံး ရွေးချယ်မှုများ ဖြစ်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အလိုကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ အလိုကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်- သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

ရွေးကောက်တင်မြှောက်ပွဲများပြုလုပ်စဉ်တွင် ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ခြင်း၏ စစ်မှန်သည့် အခြေခံသဘောတရားများသည် မည်သည့်အရာဖြစ်သည်၊ ခေါင်းဆောင်တစ်ယောက်အဖြစ် မည်သည့်လူအမျိုးအစားကို ရွေးချယ်သင့်သည်၊ မည်သည့်လူအမျိုးအစားက ခေါင်းဆောင်တစ်ယောက်အနေဖြင့် ညီအစ်ကိုမောင်နှမများကို ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ လမ်းပြနိုင်သည်၊ မည်သည့်လူအမျိုးအစားက ခေါင်းဆောင်ဖြစ်ရန် သင့်တော်သည်ဆိုသည်တို့ကို လူများစွာက နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ဤသို့သောအရာများနှင့်ပတ်သက်ပြီး သတိပြုမိလှခြင်း၊ သို့မဟုတ် ရှင်းလင်းလှခြင်းမရှိပေ။ ရွေးကောက်တင်မြှောက်ပွဲများတွင် အယောင်ဆောင်ခေါင်းဆောင်များကို အတိအလင်း ရွေးချယ်တင်မြှောက်သည့် လူများပင်ရှိသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်အရည်အချင်းနှင့်ညီသည့် မည်သူ့ကိုမဆို ရွေးချယ်သည်။ ရည်ရွယ်ချက်နှင့် အမှန်တကယ်သင့်တော်ပြီး ခေါင်းဆောင်ပြုလုပ်နိုင်သောသူ၊ ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့ကို မျက်ကွယ်ပြုကြသည်။ ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစနှင့် လူ့သဘာဝကင်းမဲ့သောသူတို့ ရွေးကောက်တင်မြှောက်ခံရခြင်းမှာ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် စိတ်ထက်သန်မှု၊ သို့မဟုတ် ကောင်းမွန်သောအပြုအမူ၏ အပေါ်ယံအသွင်အပြင်ကဲ့သို့သောအရာ စသည်ဖြင့်တို့ကို ကောင်းမွန်သည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်ရန် မရေမတွက်နိုင်အောင်များပြားသော အရည်အချင်းသတ်မှတ်ချက်များနှင့် အမှန်တကယ် ကိုက်ညီသောသူတို့ကမူ မည်သည့်အခါမျှ ရွေးချယ်ခြင်းမခံရပေ။ မိမိတို့ကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံသော အများအာရုံစိုက်ခံရစေရန် ပြုလုပ်သူများသည် အလုပ်လုပ်ရန် အရည်အချင်းကင်းမဲ့ကြပြီး အခြေအနေတိုင်းတွင် တွေ့ရှိနိုင်သည်။ ၎င်းတို့သည် အလွန်အမင်း အပြုသဘောဆောင်သည့် ပုံစံရှိပြီး လူအများစုက ၎င်းတို့ကို ခေါင်းဆောင်ဖြစ်ရန် အရည်အချင်းမီသည်ဟု ယုံကြည်ကြကာ ထိုကဲ့သို့သောသူများကို ရွေးချယ်တင်မြှောက်သင့်သည်ဟု ထင်မြင်ကြသည်။ သို့သော် အကျိုးရလဒ်မှာ ဤလူများသည် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးသောအခါ အလုပ်သည် ၎င်းတို့အတွက် များလွန်းနေပြီး အထက်မှ အလုပ်အစီအစဉ်များ၏ တစ်ခုတလေကိုမျှ ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ပေ။ ယင်းတို့ကို မည်သို့ဖြစ်မြောက်အောင် ပြုလုပ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် တစ်နေကုန် အလုပ်ရှုပ်လျက်ရှိကြသော်လည်း အသင်းတော်အလုပ်၏ တစ်ခုတလေကမျှ တိုးတက်မှု၊ သို့မဟုတ် ရှေ့ဆက်မှုမရှိကြပေ။ ကောက်ကျစ်သောသူများ ကြီးစိုးသည့်၊ သို့မဟုတ် အာဏာရသည့် အခြေအနေများက အသင်းတော်တွင် မကြာခဏဖြစ်ပေါ်သည်။ အသင်းတော်၏ အလုပ်သည် သပွတ်အူလိုက်နေ၏၊ သို့မဟုတ် လူတို့သည် စိတ်နှလုံးတွင် စည်းလုံးမှုမရှိသည့်နေရာဖြစ်နေ၏။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သောအခါ ဖြစ်ပေါ်သော အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များကို ရွေးချယ်ခြင်းသည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှုရှိပြီး ထိခိုက်စေရုံသာမကဘဲ ဘုရားအိမ်တော်၏ အလုပ်အားလုံးအပေါ် မကောင်းသည့် သက်ရောက်မှုလည်းရှိသည်။ ယင်းသည် ဤအလုပ်ကို အောင်မြင်စွာတိုးတက်နေခြင်းမှ ရပ်တန့်စေပြီး ထိရောက်မှုရှိစွာ ဆောင်ရွက်ခြင်းကို တားဆီးသည်။ တစ်ဖက်တွင် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များကိုယ်တိုင်၏ အရေးကိစ္စတစ်ခုဖြစ်ပြီး တစ်ဖက်တွင် ၎င်းတို့ကို ရွေးကောက်တင်မြှောက်သည့် တစ်ယောက်ချင်းစီတိုင်းနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် မည်သို့သောသူများဖြစ်သည်ကို သင်မပြောနိုင်ပေ။ သင်သည် ကန်းလျက်ရှိပြီး ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ပေ။ ထို့ပြင် သမ္မာတရား အခြေခံသဘောတရားများကိုလည်း သင်နားမလည်ပေ။ သင်သည် ၎င်းတို့ကို ရွေးကောက်တင်မြှောက်လိုက်သောအခါ သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကို ထိခိုက်နာကျင်စေရုံသာမက ဘုရားအိမ်တော်၏ အလုပ်သည်လည်း အထိခိုက်ခံရသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့အပေါ်နှင့် ဘုရားသခင်၏ အလုပ်အပေါ် ဖြစ်ပေါ်စေသည့် သက်ရောက်မှုနှင့် နစ်နာမှုတို့ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)” မှ

အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လုပ်ငန်းအမျိုးမျိုးကို ကြီးကြပ်ကွပ်ကဲ၍ရသောလူတို့ကို သတ်မှတ်ပေးသော စံနှုန်းများက အဘယ်နည်း။ အရေးအကြီးဆုံးမှာ သူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ရမည်။ သမ္မာတရားကို နားလည်နိုင်သော အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ဤအရာတို့မှာ အရေးကြီးဆုံးသော အရာများဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် သူတို့သည် ဝိညာဉ်ရေးရာများကို နားလည်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကူအညီမပါဘဲ စားသောက်နိုင်ရမည်၊ သူ၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် အခြေခံသဘောတရားများကို ရှာဖွေနိုင်ရမည်၊ ထို့ပြင် လူတို့အနေဖြင့် ကြုံနေရတတ်သည့် အမျိုးမျိုးသော အခြေအနေများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် မြင်နိုင်ရမည်။ သူတို့သည် ကိုယ့်ဘာသာကိုယ် တွေ့ကြုံနိုင်ရမည်။ သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့သောအခါ မိမိကိုယ်ကို ဆင်ခြင်တတ်ခြင်းနှင့် ဘုရားသခင်ချမှတ်သော ဝန်းကျင်များကို တွေ့ကြုံရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထုတ်သုံးပြီး မိမိသင်ယူသင့်သော သင်ခန်းစာများကို သင်ယူတတ်ခြင်း ရှိရမည်။ သမ္မာတရားကို နားလည်နိုင်သည့် အရည်အချင်းနှင့် အစွမ်းအစကို ပိုင်ဆိုင်ခြင်းမှာ ထိုသူတို့အား သတ်မှတ်ထားသော ပထမအချက်ဖြစ်သည်။ ထိုသို့သောလူတို့တွင် ကိုယ့်ကိုယ်ကိုယ်သိသောစိတ်နှင့် အသိတရားလည်း ရှိရမည်ဖြစ်ပြီး သူတို့၏ လူ့သဘာဝက ခါတိုင်းကဲ့သို့ စံချိန်မီရမည်မှာ အမှန်ပင်ဖြစ်သည်။ ဒုတိယအနေဖြင့် သူတို့သည် ဝန်တာစိတ်ထားရမည်။ အကယ်၍ သူတို့သည် အစွမ်းအစကောင်းသာ ရှိပြီး သမ္မာတရားကို နားလည်နိုင်စွမ်း ရှိသော်လည်း ပျင်းရိပြီး ဇာတိပကတိ ဇိမ်ခံဖွယ်ရာများကို တပ်မက်ပါက၊ အကယ်၍ သူတို့သည် အထက်က တောင်းဆိုထားသော၊ သို့မဟုတ် ညွှန်ပြထားသောအခါမှသာ အလုပ်လုပ်ကာ လုပ်ဆောင်သောအခါ၌လည်း ဟန်ဆောင်၍သာ လုပ်ပြပြီး အောက်ခြေအဆင့်၌ ပါဝင်ခဲသည်ဆိုပါက၊ ထို့ပြင် အကယ်၍ သူတို့သည် ဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် ဆန္ဒမရှိသည့်အပြင် ဝန်တာစိတ်မထားပါက ထိုသူတို့ကို ပြုစုပျိုးထောင်ပေးရန် လုံလောက်သော ပါရမီရှင်များဖြစ်သည်ဟု ယူဆနိုင်သလော။ (မယူဆနိုင်ပါ။) ဤသို့ဆိုလျှင် ဤအရာမှာ ဒုတိယသတ်မှတ်ချက် ဖြစ်သည်— ထိုသို့သောလူတို့က ဝန်တာစိတ်ထားရမည် ဖြစ်သည်။ တတိယအချက်မှာ သူတို့သည် လုပ်ငန်း၌ ကျွမ်းကျင်ရမည်။ တစ်နည်းဆိုရလျှင် ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းအစီအမံများနှင့်အညီ အလုပ်ကို လိုက်နာဆောင်ရွက်ခြင်းအပြင် သူတို့သည် သီးခြားအလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် ပြဿနာများကို ဖော်ထုတ်ပြီး ချက်ချင်း ဖြေရှင်းနိုင်ရမည်။ သူတို့သည် အလုပ်ကို ထိထိရောက်ရောက် နက်နက်နဲနဲ ထမ်းဆောင်ရမည်ဖြစ်ပြီး လျော့ရိလျော့ရဲ မထမ်းဆောင်ရ။ ထို့ပြင် သူတို့သည် ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းအစီအမံများထဲ၌ မည်သည့်အလုပ်အား လုပ်ဆောင်သင့်သည်ကိုလည်း သတ်မှတ်ပိုင်းခြားနိုင်ရမည်သာမက ထိုလုပ်ငန်းအစီအမံများကိုလည်း အသုံးချကာ မှန်ကန်တိကျစွာ ပြီးမြောက်နိုင်ရမည်။ အကယ်၍ သူတို့သည် သီးခြားအလုပ်တာဝန်တစ်ခုကို ထမ်းဆောင်နေစဉ် ပြဿနာတစ်ခုကို တွေ့ရှိပါက ဘုရားသခင့်အိမ်တော်၏ လုပ်ငန်အစီအမံများဆိုင်ရာ စည်းမျဉ်းများကို ကိုးကား၍ ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။ သူတို့သည် တစ်စုံတစ်ရာသော အမှုအရာများနှင့် အခြေအနေများကို ၎င်းတို့ တကယ်ဖြစ်သည့်အတိုင်း ထိုးထွင်းသိမြင်နိုင်ရမည်ဖြစ်ပြီး ယင်းကိုအခြေခံ၍ မှန်ကန်တိကျသော ဆုံးဖြတ်ချက်ကိုချကာ မှန်ကန်သော ဖြေရှင်းချက်ကို ပေးစွမ်းနိုင်ရမည် ဖြစ်သည်။ မိမိအလုပ်၌ ကျွမ်းကျင်မှုရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ မိမိအလုပ်၌ ကျွမ်းကျင်မှုရှိခြင်းဟူသည်မှာ လုပ်ငန်း၏ အဓိကအချက်များကို သဘောပေါက်နိုင်ခြင်း၊ ပြဿနာများကို ချက်ချင်းဖော်ထုတ်နိုင်ခြင်းနှင့် အခြေခံသဘောတရားများနှင့်အညီ ဤပြဿနာများကို ဖြေရှင်းခြင်းကို အဓိကရည်ညွှန်းသည်— တစ်နည်းအားဖြင့် ကိုယ့်ခြေနှစ်ချောင်းအပေါ် ကိုယ်ရပ်တည်နိုင်ခြင်း ဖြစ်သည်။ အထက်က အလုပ်တာဝန်တစ်ခုကို လက်ဆင့်ကမ်းလာပြီး အခြေခံသဘောတရားအချို့ကိုလည်း ဆက်သွယ်အသိပေးထားပြီးသည့်အခါ ဤလူတို့သည် အခြေခံသဘောတရားများကို သဘောပေါက်ပြီး ၎င်းတို့နှင့်အညီ ထိုအလုပ်ကို ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ သူတို့သည် လွဲချော်မှုများစွာ၊ သို့မဟုတ် လစ်ဟာမှုများစွာ မရှိဘဲ ဆောင်ရွက်နည်းအမှန်ကို အခြေခံအားဖြင့် လိုက်နိုင်ရမည်။ ကျွမ်းကျင်မှုရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလို၏။ သာဓကတစ်ခုမှာ ဤသို့ဖြစ်သည်— ဘုရားသခင်၏အိမ်တော်က အခြေခံသဘောတရားနှင့်အညီ လူတို့ကို သန့်စင်ပြီး နှင်ထုတ်ရန်နှင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောသူတို့ကို ဖော်ထုတ်ရန် တောင်းဆိုသောအခါ ကျွမ်းကျင်မှုရှိသော လူအမျိုးအစားက ဤအလုပ်တာဝန်ကို လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် လွဲချော်မှုမရှိကြပေ။ အန္တိခရစ်တစ်ဦး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထုတ်ဖော်ခံရရန်နှင့် နှင်ထုတ်ခံရရန် မကြာတတ်ပေ။ ကျွမ်းကျင်မှုရှိသော သူတို့သည် အန္တိခရစ်တစ်ဦးကို လျင်မြန်စွာ ဖော်ထုတ်နိုင်သည့်အပြင် ထိုသူကို ဖော်ထုတ်ရန်နှင့် ထိုသူ၏ အလှည့်ဖြားမခံရရန်လည်း ညီအစ်ကိုမောင်နှမများကို ကူညီနိုင်လေသည်။ အတူတကွဆိုလျှင် လူတိုင်းသည် အန္တိခရစ်ကို ဖော်ထုတ်ပြီး ကျောခိုင်းနိုင်ကာ နောက်ဆုံးတွင် ထိုအန္တိခရစ်ကို နှင်ထုတ်ရာ၌ အောင်မြင်နိုင်သည်။ ကျွမ်းကျင်သောလူတို့သည် သူတို့၏ လုပ်ငန်းနယ်ပယ်ထဲ၌ အန္တိခရစ်များ၊ သို့မဟုတ် ဆိုးယုတ်သောသူများကို ကြုံတွေ့သောအခါ အနည်းဆုံး ကိုးဆယ့်ငါးရာခိုင်နှုန်းသော သူတို့၏ညီအစ်ကိုမောင်နှမများက အလှည့်ဖြားခံရခြင်း၊ သို့မဟုတ် အလွှမ်းမိုးခံရခြင်းသို့ မရောက်ပေ။ တစ်ခါတစ်ရံ တစ်ဦးတစ်ယောက်မျှပင် အလှည့်ဖြားမခံရ၊ သို့မဟုတ် လမ်းလွှဲမခံရပေ။ ဤသည်မှာ အစွမ်းအစကောင်းရှိပြီး မိမိတို့အလုပ်တွင် ကျွမ်းကျင်သောလူတို့ ဖြစ်သည့်ပုံစံပင် ဖြစ်သည်။ ထိုသို့သောလူတို့မှာ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်လာရန် စံချိန်မီကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအဖြစ် သင်တို့ရွေးချယ်မည့်သူများသည် ၎င်းတို့၏အလုပ်၌ အစွမ်းအစကောင်းနှင့် ကျွမ်းကျင်လိမ္မာမှုတို့ လိုအပ်သည်။ ယခုအခါ ၎င်းတို့၏လူ့သဘာဝနှင့်သက်ဆိုင်သည့် အရည်အသွေးအတွက် သတ်မှတ်ချက်များလည်း ရှိပေသည်။ မည်သို့သဘောရသနည်း၊ လူအများစုသည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်ခြင်းအတွက် စံနှုန်းကို မဖြည့်ဆည်းနိုင်သည်မှာ အမှန်ပင်ဖြစ်သလော။ ဤအရာသုံးခုအနက် အဘယ်အရာသည် အရေးအကြီးဆုံးဖြစ်သနည်း။ (လူ့သဘာဝ ဖြစ်ပါသည်။) ပြီးလျှင် ဒုတိယမှာ အဘယ်နည်း။ (အလုပ် ကျွမ်းကျင်လိမ္မာမှု ဖြစ်ပါသည်။) ထို့နောက်တွင်ရော။ (၎င်းတို့၌ ဝန်တာရှိမရှိ ဖြစ်ပါသည်။) ထိုရှေ့နောက်စဉ်သည် အတော်အတန် မှန်ကန်တိကျပေသည်။ နောင်တွင် ခေါင်းဆောင်များကို သင်တို့ ရွေးကောက်သည့်အခါ ၎င်းတို့ကို ဤရှေ့နောက်စဉ်အတိုင်း အကဲဖြတ်လော့။ လူအချို့က “ဤရှေ့နောက်စဉ်တွင် ပြဿနာရှိသည်။ လူ့သဘာဝက အလျင်ကျသည်ဆိုလျှင် ၎င်းတို့၌ လူ့သဘာဝကောင်း ရှိသော်လည်း အတော်အသင့် ဆိုးရွားသော အစွမ်းအစရှိသည့်အခါ ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ပါက ၎င်းတို့သည် အရေးပါသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်ဖို့ ရုန်းကန်ရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ လူ့သဘာဝကို ဆင်ခြင်သုံးသပ်ခြင်းမျှသည် အဆင်ပြေသေးသလော” ဟု ပြောကြသည်။ လူတို့၏လူ့သဘာဝသည် အရေးအကြီးဆုံးဖြစ်သော်လည်း ယင်းမှာ တစ်ခုတည်းသော ဆင်ခြင်သုံးသပ်ရမည့်အရာ မဟုတ်ပေ။ ယင်းက ဦးစွာ ကြည့်သင့်သည့်အရာ ဖြစ်သည်။ စံနှုန်းပြည့်မီပါက နောက်တစ်ဆင့်တွင် ၎င်းတို့၏ အလုပ် ကျွမ်းကျင်လိမ္မာမှုကို ကြည့်လော့။ ၎င်းတို့၌ သာမန် ကျွမ်းကျင်လိမ္မာမှုသာ ရှိပါက ဘုရားသခင်၏အိမ်တော်၌ ဤပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းများ ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ စွမ်းရည်များကို အလွန်အကျွံခက်ခဲပင်ပန်းစွာ မသုံးရသည့် အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်သည်။ ၎င်းတို့၌ လူ့သဘာဝကောင်းရှိပြီး အလုပ်ကို တာဝန်ယူနိုင်ကာ ကောင်းစွာ ဆောင်ရွက်နိုင်ပြီး အစွမ်းကုန် ကြိုးစားပါက၊ ၎င်းတို့သည် အားထားလောက်သောသူတစ်ဦး ဖြစ်ပါက၊ ၎င်းတို့ကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်၏အိမ်တော်က စိတ်ထင့်စရာလည်း မလိုသည့်အပြင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမ အများစုကို တည်ဆောက်ပေးပြီး အထောက်အကူပြုကာ အကျိုးပြုပါက ၎င်းတို့သည် စံမီကြလေသည်။ ၎င်းတို့၏ အလုပ် ကျွမ်းကျင်လိမ္မာမှုက ညံ့ဖျင်းသည်၊ သို့မဟုတ် သာမန်မျှသာ ဖြစ်သည်ဆိုပါက ၎င်းတို့ လုပ်ဆောင်ဖို့ အလုပ်တစ်ခုတည်းသာ ပေးလော့။ ၎င်းတို့သည် အလွန်ကျွမ်းကျင်ပါက ၎င်းတို့အား သာ၍ ရှုပ်ထွေးသော အရာတစ်ခု၊ သို့မဟုတ် အလုပ်အမျိုးမျိုးကို ပေးလော့။ ဤသည်မှာ အလွယ်တကူ ပြေလည်ပြီ မဟုတ်လော။ ယင်းက ၎င်းတို့ပေးအပ်ခြင်းခံရမည့် တာဝန်များ၏ နယ်ပယ်အတိုင်းအတာနှင့် ၎င်းတို့ကို တာဝန်ယူခိုင်းမည့် အလုပ်တို့နှင့် သက်ဆိုင်ပေသည်။ သို့ရာတွင် ၎င်းတို့သည် ညံ့ဖျင်းသော လူ့သဘာဝရှိပြီး ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားပါက ၎င်းတို့ မည်မျှကျွမ်းကျင်လိမ္မာပါစေ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်ပါ့မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် ကုမ္ပဏီတစ်ခု၊ သို့မဟုတ် ဝန်ထမ်းအနည်းငယ်ကို စီမံခန့်ခွဲပါက ယင်းမှာ ပြဿနာဖြစ်နိုင်မည် မဟုတ်ပေ— သို့သော်လည်း ဘုရားအိမ်တော်၏ ကိစ္စမျိုးစုံကို ၎င်းတို့စီမံခန့်ခွဲရသည့်အခါတွင် မည်သည့်ပြဿနာများ ပေါ်ထွက်လာမည်နည်း။ ဦးဆုံးအနေနှင့် ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်ထားသည့် အခြေခံသဘောတရားများအတိုင်း အမှုကိစ္စများကို လုံးလုံး စီမံခန့်ခွဲမည် မဟုတ်ပေ၊ သို့မဟုတ် ကိုင်တွယ်မည် မဟုတ်ပေ။ ၎င်းတို့သည် ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထား၏၊ သမ္မာတရားကို မချစ်ကြ၊ ပြီးလျှင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လျှို့ဝှက်ကြံစည်ခြင်းမှတစ်ပါး အခြားမရှိ၊ ထိခိုက်နစ်နာစေသော အတွေးများ၊ လုပ်ရပ်များနှင့် စိတ်ကူးများမှလွဲ၍ အခြားမရှိသောကြောင့် ၎င်းတို့လုပ်သမျှသည် ၎င်းတို့နှစ်သက်ရာများအတိုင်းဖြစ်ပြီး ၎င်းတို့၏ကိုယ်တိုင် အကျိုးစီးပွားအရသာ ဖြစ်သည်၊ အခြေခံသဘောတရားအရ မဟုတ်သကဲ့သို့ တရားမျှတမှုအရလည်း မဟုတ်ချေ။ ၎င်းတို့က ၎င်းတို့ဆုံးရှုံးရမည့်အရာ၊ သို့မဟုတ် အကျိုးအမြတ်ရရှိရမည့် အရာတို့ကိုသာ ထည့်တွက်ပြီး ဘုရားအိမ်တော်က သတ်မှတ်ထားသည့် အခြေခံသဘောတရားများကို လုံးဝ မစဉ်းစားပေ— ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် သက်ဆိုင်သော အလုပ်၌ ၎င်းတို့ကျရှုံးရန် သေချာပေ၏။ ဤအရာကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးဖြစ်၏၊ ယင်းကို ၎င်းတို့၏ အလုပ် ကျွမ်းကျင်လိမ္မာမှုက အဆုံးအဖြတ်ပေးခြင်း မဟုတ်ချေ။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် မြင့်မြတ်၏၊ နိမ့်ကျ၏နှင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းများနှင့် ကိုက်ညီခြင်းရှိ၏၊ မရှိ၏တို့ကို ချိန်ဆအကဲဖြတ်သည့်အခါ ၎င်းတို့၏လူ့သဘာဝကို ဦးစွာ ကြည့်လော။ ၎င်းတို့၌ အားထားလောက်ပြီး လုံလောက်သော လူ့သဘာဝရှိပါက နောက်တစ်ဆင့်တွင် ၎င်းတို့သည် ၎င်းတို့၏အလုပ်၌ ကျွမ်းကျင်လိမ္မာပြီး ဝန်တာရှိမရှိကို ထည့်တွက်စဉ်းစားလော့၊ ထို့နောက် အခြားရှုထောင့်များကို ထည့်တွက်စဉ်းစားလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၁)” မှ

လူအချို့သည် အယောင်ဆောင် ဝိညာဉ်ရေးဆိုင်ရာ လူတစ်ဦးကို ခေါင်းဆောင်အဖြစ်ရွေးချယ်ပြီးနောက်တွင် အလွန်ပျော်ရွှင်ပြီး၊ “ယခုတွင် ငါတို့၌ ခေါင်းဆောင်ကောင်းတစ်ယောက် ရှိပြီ။ ငါတို့ခေါင်းဆောင်သည် အလွန်တော်သည့် တရားဟောဆရာတစ်ယောက်ဖြစ်သည်။ သူတရားဟောသည့်အရာသည် များစွာ အဓိပ္ပာယ်ရှိပြီး တရားဒေသနာတစ်ပုဒ်လျှင် နာရီအနည်းငယ်ကြာပြီး၊ ရက်ပေါင်းများစွာ ဤသို့ ဆက်လက်ဟောပြောနိုင်သည်။ သူဟောပြောသည့်အခါတွင် လူတိုင်းက မျက်ရည်ကျကြသည်။ ငါတို့သည် ငါတို့၏ခေါင်းဆောင်အား အလွန်တွယ်တာပြီး ခွဲခွာရန် တွန့်ဆုတ်ကာ ငါတို့တာဝန်များကို ထမ်းဆောင်ရန် မထွက်သွားလိုပါ”ဟု တွေးကြသည်။ သို့သော် ၎င်းတို့၏တာဝန်များကို လက်ခံဆောင်ရွက်သောအခါတွင် ၎င်းတို့က၊ “ငါသည် မည်သည့်အရာကိုမျှ နားလည်ပုံမရတော့သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ လက်တွေ့အလုပ်ကို ငါစတင်လုပ်သည်နှင့်တစ်ပြိုင်နက် ယင်းကို ငါနားမလည်တော့သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ဤအလုပ်တွင် ပြဿနာများစွာရှိနေဆဲဖြစ်သည်။ ငါတို့ခေါင်းဆောင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် ငါတို့အားလုံး အလွန်ပင်ခွန်အားရကြသည်။ သို့ဆိုလျှင် ငါတို့အလုပ်၌ ကြုံရသောပြဿနာများကို ငါတို့အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ ငါတို့အားလုံး ခွန်အားရလျှင် ယင်းတို့ကို မဖြေရှင်းနိုင်သလော။ ဤပြဿနာများသည် အစကတည်းက ဖြစ်ပေါ်မလာသင့်ပေ” ဟူ၍ နားလည်သဘောပေါက်ကြသည်။ ဤတွင် မည်သည့်အရာက ပြဿနာဖြစ်သနည်း။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုး၏ တရားဒေသနာများသည် စကားများ၊ အယူဝါဒများ၊ အနှစ်မဲ့သော ပြောဆိုမှု၊ ဆောင်ပုဒ်များ၊ အဓိပ္ပာယ်မရှိသောအရာများသက်သက် ဖြစ်သည်။ သင်၏ လက်တွေ့ပြဿနာများကို ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် သင့်အား လှည့်ဖြားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် သင့်အား ထင်ယောင်ထင်မှားဖြစ်စေသည့်အရာများကို ဖြည့်သွင်းပေးလျက်ရှိပြီးဖြစ်သည်။ ဆောင်ပုဒ်အနည်းငယ်ဖြင့် သင်၏ ပြဿနာများ ပြေလည်သွားပြီဟု ထင်စေရန် သင့်အား လှည့်စားသည်။ ၎င်းတို့သည် မိတ်သဟာယတွင် ပြဿနာကို တိတိကျကျမကိုင်တွယ်လျှင် သမ္မာတရား၌ သင်၏ပြဿနာသည် မည်သို့ ပြေလည်နိုင်မည်နည်း။ ၎င်းတို့၏ တရားဒေသနာများသည် အနှစ်မဲ့သောစကားများ၊ အနှစ်မဲ့သော စကားအသုံးအနှုန်းများနှင့် ပြဿာနာများအားလုံးကို ရှောင်ကွင်းပြီး ပြဿနာများအားလုံးထက် ကျော်လွန်နေသည်။ ၎င်းတို့သည် သီအိုရီများကို ကြာရှည်စွာပြောသော ပညာတတ်တစ်ယောက်ကဲ့သို့ ၎င်းတို့၏ မိတ်သဟာယတွင် ပြဿနာများကို မကိုင်တွယ်ဘဲ ဆောင်ပုဒ်များ၊ အယူဝါဒများကိုသာ ဟောပြောကြသည်။ လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့မသိကြသကဲ့သို့၊ ၎င်းတို့၏ တရားဒေသနာများသည် လက်တွေ့လုပ်ဆောင်ရမည့်အချိန်ကျရောက်လာသောအခါတွင် ပေါ်ပေါက်သည့် ပြဿနာများနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ ယင်းမှာ သင်ကြားမှုပုံစံတစ်မျိုး၊ အသိပညာ၊ သို့မဟုတ် အယူဝါဒတစ်မျိုးသာဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုးသည် တကယ့်ပြဿနာများကို ရှောင်ရှားလျက် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို စာများ၊ စကားလုံးများသက်သက်၏ အယူဝါဒတစ်မျိုးအဖြစ်၊ သို့မဟုတ် ဟောပြောရန် ဆောင်ပုဒ်တစ်မျိုးအဖြစ်သာ မှတ်ယူသည်။ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့ မည်မျှကြာကြာ ဟောပြောပါစေ လူတို့ရရှိသည့်အရာမှာ ရုတ်တရက်ဖြစ်ပေါ်သော အားအင်တစ်ခုသာဖြစ်ပြီး ထို့ထက်မပိုပေ။ သမ္မာတရားသည် လက်တွေ့အရှိတရားဖြင့် အဆက်အသွယ်ပြတ်တောက်ခြင်းမရှိဘဲ လက်တွေ့အရှိတရားဖြင့် ဆက်နေပြီး လက်တွေ့လုပ်ဆောင်မှုတွင် တည်ရှိသည့် ပြဿနာများ၏ ကဏ္ဍတိုင်းဖြင့် ဆက်သွယ်နေသည်။ သို့ဆိုလျှင်၊ သင်တို့သည် ဤကဲ့သို့သော ဝိညာဉ်ရေးရာအတုအယောင်ဖြစ်သည့် အယောင်ဆောင်ခေါင်းဆောင်ကို နောက်တစ်ဖန် ကြုံတွေ့ရလျှင် ခွဲခြားနိုင်လိမ့်မည်လော။ သင်တို့ မခွဲခြားနိုင်လျှင် ခေါင်းဆောင်အဖြစ် သင်တို့ရွေးချယ်မည့် မည်သူ့ကိုမဆို ပြဿနာအနည်းငယ်အား ဦးစွာ ဖြေရှင်းစေလော့။ ၎င်းတို့သည် အခြေခံသဘောတရားများနှင့်အညီ ဖြေရှင်းပြီး ရလဒ်များက အတော်အတန်ကောင်းမွန်ကာ၊ ထိုပြဿနာများအား သမ္မာတရား စစ်မှန်မှုနှင့် ဖြေရှင်းလျှင် ၎င်းတို့အား ရွေးချယ်လော့။ ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို ပြောဆိုခြင်း၊ ပြဿနာများကို အရှိအတိုင်းပြောဆိုခြင်းအား ရှောင်ကြဉ်ပြီး၊ အယူဝါဒနှင့်ဆောင်ပုဒ်များကိုသာ ဟောပြောလျှင် ၎င်းတို့ကို ရွေးချယ်၍မရပေ။ အဘယ်ကြောင့် ရွေးချယ်၍မရသနည်း။ (လက်တွေ့ပြဿနာများကို ၎င်းတို့ မဖြေရှင်းနိုင်သောကြောင့်ဖြစ်သည်။) လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်သော ဤသူမှာ အဘယ်သူဖြစ်သနည်း။ ၎င်းတို့သည် အယူဝါဒနှင့်ဆိုင်သည့် စာများနှင့် စကားလုံးများကိုသာ ဟောပြောနိုင်သောကြောင့် ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်သော၊ ဝိညာဉ်ရေးရာအယောင်ဆောင်ဖြစ်သော ဖာရိရှဲများဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် အစွမ်းအစ၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မပိုင်ဆိုင်ကြသကဲ့သို့၊ ပြဿနာများကို ဖြေရှင်းရန် မတတ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ကို သင်၏ ခေါင်းဆောင်အဖြစ်ရွေးချယ်လျှင် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်ရန် သေချာသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို မလုပ်ဆောင်နိုင်၊ သို့မဟုတ် ခေါင်းဆောင်တစ်ယောက်၏ တာဝန်ကို မထမ်းဆောင်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ကို သင်ရွေးချယ်သောအခါ သင်သည် ၎င်းတို့ကို ထိခိုက်နစ်နာစေခြင်း ဖြစ်သည်မဟုတ်လော။ လူအချို့က၊ “ယင်းက အဘယ်သို့ ၎င်းတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သနည်း။ ၎င်းတို့အား အကောင်းဆုံးသော ရည်ရွယ်ချက်များဖြင့် ရွေးချယ်ခဲ့သည်။ ၎င်းတို့တွင် အစွမ်းအစအနည်းငယ်ရှိပြီး၊ ၎င်းတို့ကို ငါတို့ရွေးချယ်လျှင် ငါတို့၌ အလုပ်အတွက် တာဝန်ခံသည့် သူတစ်ယောက်ရှိမည်မဟုတ်လော”ဟု ပြောကြမည်။ တစ်စုံတစ်ယောက်အား တာဝန်ခံယူစေခြင်းသည် အဓိကကျသော်လည်း၊ ထိုသူသည် မစွမ်းဆောင်နိုင်ဘဲ အမှုအရာများကို အရှိအတိုင်း ဖြည့်စွက်ခြင်းမရှိသည့် အနှစ်မဲ့သောစကားများကိုသာ ပြောဆိုပြီး၊ ပြဿနာများကို ဖြေရှင်းရာ၌ အကူအညီမဖြစ်လျှင် ၎င်းတို့ကို ရွေးချယ်ရာ၌ သင်သည် ၎င်းတို့အား မကောင်းမှုလုပ်ဆောင်ရန် အခွင့်အလမ်းပေးနေခြင်း မဟုတ်သလော။ ၎င်းတို့အား အယောင်ဆောင် ခေါင်းဆောင်မှုလမ်းကြောင်းပေါ်သို့ အတင်းအကျပ် တွန်းပို့နေသည်မဟုတ်လော။ ဤသည်မှာ ထိုသို့သောသူတစ်ယောက်ကို သင်၏ခေါင်းဆောင်အဖြစ် ရွေးချယ်၍မရသည့် အကြောင်းရင်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

အရှေ့သို့- ၆၂) အသင်းတော် ရွေးကောက်ပွဲများနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၄) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်