၈၀) အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်များကို ချင့်တွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ပထမဦးစွာ၊ အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်တစ်ခုသည် ကောင်းမွန်သည့် သို့မဟုတ် ညံ့ဖျင်းသည့် လူ့သဘာဝ ရှိသည် မရှိသည်၊ သမ္မာတရားအား ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် နတ်ဆိုးတစ်ကောင်သည် ၎င်းတို့တွင် အလုပ်လုပ်နေခြင်း ရှိမရှိဆိုသည်တို့ကို သေချာအောင် လေ့လာစိစစ်ရန် လိုအပ်သည်။ ဤအရာနောက်တွင်၊ ဧဝံဂေလိတရားကို ၎င်းတို့ထံ ဖြန့်ဝေနိုင်ခြင်း ရှိမရှိဆိုသည်ကို အခိုင်အမာသက်သေထူလော့။

(၂) အလားအလာရှိသည့် ဧဝံဂေလိ ပစ်မှတ်က ကောင်းမွန်သည်ကို အတည်ပြုပြီးနောက်တွင်၊ သင်သည် စစ်မှန်ရိုးသားမှုဖြင့် အပြန်အလှန်ဆက်ဆံပြီး၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုဖို့ အခွင့်အရေးများ ရှာရမည်ဖြစ်ကာ ထိုသို့ဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအတွက် လမ်းခင်းပေးရမည်ဖြစ်သည်။

(၃) သင်သည် ၎င်းတို့ထံ အနာဂတ် သက်သေခံချက်အတွက် နောက်ခံအကြောင်းအရာတစ်ခု ပေးဖို့အလို့ငှာ၊ အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်တစ်ခု၏ အရည်အချင်း၊ နှစ်သက်မှုများ၊ ပဓာနကျသော အားနည်းချက်များနှင့် အယူအဆများကို နားလည်ကာ သိမြင်ရမည်။

(၄) အလားအလာရှိသည့် ဧဝံဂေလိ ပစ်မှတ်သည် သမ္မာတရား လက်ခံဖို့ အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသော်လည်း၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် ပင်ကို စွမ်းရည်ရှိပြီး အစေခံမှု ပေးနိုင်သည်ကို တွေ့ရှိရပါက၊ ၎င်းတို့ကို စည်းရုံးသိမ်းသွင်းဖို့ သင် ကြိုးပမ်းသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီး‌ဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ ရောက်လာနိုင်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန် လိုလားလျက်ရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် အသက်ရှင်ခြင်းတို့ ရောက်လာနိုင်ပြီး၊ လူအချို့သည် အသက်ရှင်ခြင်းသို့ ရောက်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်ဆိုသည့်အပေါ် မူတည်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော” မှ

လူအမျိုးအစား အမျိုးမျိုးရှိကြပြီး ၎င်းတို့၌ရှိသည့် စိတ်ဝိညာဉ်အမျိုးအစားအားဖြင့် ၎င်းတို့ကို ခွဲခြားလေသည်။ လူအချို့သည် လူ့စိတ်ဝိညာဉ်များရှိကြပြီး ၎င်းတို့သည် ရွေးချယ်မှုအတွက် ဘုရားသခင် ကြိုတင်ပြဌာန်းခြင်း ခံထားရသူများ ဖြစ်သည်။ အချို့တွင် လူ့စိတ်ဝိညာဉ်များ မရှိကြပေ။ ၎င်းတို့သည် လှည့်စားပြီးဝင်ရောက်လာသည့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ဘုရားသခင်က ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်ထားခြင်း မခံခဲ့ရသည့်ထိုသူများသည် ၎င်းတို့အောင်မြင်စွာ ဝင်ရောက်လာလျှင်ပင် ကယ်တင်ခြင်း မခံရနိုင်ပေ၊ ပြီးလျှင် အဆုံး၌ ၎င်းတို့သည် မကောင်းဆိုးဝါးများ၏ ရုတ်တရက် ဖယ်ရှားခြင်းကို ခံရလိမ့်မည်။ လူများသည် ဘုရားသခင်၏ အမှုကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ လက်ခံပြီးသည့်နောက် ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်သည်နှင့် ၎င်းတို့သည် ပြောင်းလဲနိုင်ခြင်း ရှိမရှိတို့အားလုံးသည် ၎င်းတို့အတွင်းရှိ စိတ်ဝိညာဉ်နှင့် သဘာဝတို့ပေါ်တွင် မူတည်သည်။ လူအချို့သည် လမ်းမှားလျက် မသွေဖည်ဘဲ မနေနိုင်ကြပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များက ၎င်းတို့ကို ထိုသို့သောလူများဖြစ်ဖို့ အဆုံးအဖြတ်ပေးပြီး ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် လမ်းကြောင်းမှန်ကို မလျှောက်သောကြောင့်၊ ၎င်းတို့ထဲမှ အချို့တွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ပေ။ သို့သော် ၎င်းတို့သည် ရုတ်ခြည်း ပြောင်းလဲမှုတစ်ခု ပြုလုပ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်နိုင်သေးသည်။ ၎င်းတို့ မပြောင်းလဲပါက၊ ယင်းမှာ ၎င်းတို့အတွက် ပွဲသိမ်းသွားလိမ့်မည် ဖြစ်သည်။ အခြေအနေအမျိုးအစား အားလုံး တည်ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် လူတိုင်းကို သူ၏ဆက်ဆံမှုတွင် ဖြောင့်မတ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း” မှ

လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

ဧဝံဂေလိတရား ဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏တာဝန်ကို သင်ဖြည့်ဆည်းရမည်။ “တာဝန်” ဆိုသည့် ဝေါဟာရကို သင်မည်သို့နားလည်သနည်း။ သင်သည် ထိုတာဝန်ကို မည်သို့ယူပြီး တကယ့် အခြေအနေများတွင် တိကျမှန်ကန်စွာ မည်သို့ လက်တွေ့ကျင့်သုံးသနည်း။ ယင်းမှာ သင်၏ ဝတ္တရားဖြစ်သည်— ဧဝံဂေလိတရားအပေါ် သင်၏ နားလည်သဘောပေါက်မှုနှင့် ဘုရားသခင်ထံမှ ယင်းနှင့်ပတ်သက်၍ သင် လက်ခံရရှိထားသည့်အရာတို့ကို သင့်အား ဘုရားသခင် ဖြန့်ဝေစေလိုသည့် သူများထံသို့ လက်ဆင့်ကမ်းပေးဖို့ ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်းကို မည်သို့ဖြန့်ဝေသနည်း။ ယင်းမှာ အားလပ်ချိန်တွင် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခု မဟုတ်သည့်အပြင် မိမိ၏ကိုယ်ပိုင်ခံစားချက်များ၊ သို့မဟုတ် နှစ်သက်မှုများအတိုင်း ယင်းကို ဖြန့်ဝေခြင်း မဟုတ်သကဲ့သို့ ဧည့်သည်တစ်ဦးချင်းစီနှင့် ထိုက်တန်သည်ဟု သင်ခံစားရသည့်အတိုင်း စားသောက်ဖွယ်စာရင်းကို ပြောင်းနေခြင်းအားဖြင့်လည်း လုပ်ဆောင်ရသည် မဟုတ်ပေ။ ထို့ထက် ယင်းကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင့်အိမ်တော်၏ အခြေခံသဘောတရားများအတိုင်း ဖြန့်ဝေရခြင်း ဖြစ်သည်— ဤသည်မှာ ယေဘုယျအားဖြင့် ပြောခြင်း ဖြစ်ပေသည်။ အတိအကျဆိုရလျှင်မူ ယင်းမှာ သင်လက်ခံရရှိထားပြီး နားလည်သဘောပေါက်ထားသည့် အရာကို သင်ဝေမျှဖို့ ရည်ရွယ်ထားသူများအား ဝေမျှပေးဖို့ အခွင့်အလမ်းမှန်သမျှကို အတတ်နိုင်ဆုံး ရှာဖွေခြင်း ဖြစ်ပေသည်။ ဤသည်ကို တာဝန်ယူဆောင်ရွက်နေစဉ်တွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ တာဝန်ကို ဖြည့်ဆည်းလော့၊ အစွမ်းကုန် လုပ်ဆောင်လော့၊ အဖိုးအခ တစ်စုံတစ်ရာပေးဖို့ မတုံ့ဆိုင်းလေနှင့်။ အစွမ်းကုန် လုပ်ဆောင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဧဝံဂေလိတရားကို သင်ဖြန့်ဝေနေသည်မှာ ခေတ္တခဏမျှသာ ရှိသေးပြီး သင်၌ အတွေ့အကြုံ သိပ်မရှိလျှင်ပင်၊ သို့မဟုတ် သင်သည် စကားပြောကောင်းသူတစ်ယောက် မဟုတ်လျှင်ပင်၊ သို့မဟုတ် ပညာသိပ်မတတ်သူတစ်ယောက် ဖြစ်နေလျှင်ပင် လူများကို မရရှိခြင်းအတွက် သင်၌ အကြောင်းပြချက်ပေးဖို့၊ သို့မဟုတ် ဆင်ခြေပေးဖို့ မရှိခြင်းကို ဆိုလိုသည်။ ဤကြိုးပမ်းအားထုတ်မှုတွင် သင်၏ လုံ့လစိုက်ထုတ်မှုကို နှစ်ဆတိုးရမည်၊ သင်ဧဝံဂေလိတရား ဝေမျှသည့်သူများ၏ အခြေအနေများကို နားလည်ရမည်၊ ပြီးလျှင် ၎င်းတို့ကို ဧဝံဂေလိတရား ဝေမျှဖို့ သင့်တော်သည့် နည်းလမ်းများကို ရှာဖွေရမည်။ ဥပမာအားဖြင့် ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသည့်သူများက မည်သည့်အရာကို နားလည်သည်၊ ၎င်းတို့၏ ပင်ကိုစရိုက်က မည်သို့ရှိသည်၊ ၎င်းတို့က စကားပြောရခြင်းကို နှစ်သက်ခြင်း ရှိသည်မရှိသည်နှင့် တက်တက်ကြွကြွ စကားလက်ဆုံပြောခြင်းကို နှစ်သက်ခြင်း ရှိသည်မရှိသည်တို့ကို ကြည့်လော့။ တက်တက်ကြွကြွ စကားလက်ဆုံပြောခြင်းကို ၎င်းတို့မနှစ်သက်လျှင် သင်သည် အနည်းငယ် ပိုညင်သာစွာနှင့် ပိုဖြေးညှင်းစွာ ၎င်းတို့ကို ပြောဆိုရမည်။ ၎င်းတို့၏ ပညာရေးအဆင့်သည် မမြင့်ဘဲ ၎င်းတို့၏ နားလည်နိုင်စွမ်းက ချို့တဲ့လျှင် သင်သည် အလွန် စနစ်တကျ၊ ဖြေးညှင်းစွာနှင့် တည်ငြိမ်စွာ တစ်ကြောင်းချင်း နည်းနည်းစီ ပြောဆိုဖို့ လိုအပ်သည်။ ၎င်းတို့၌ ယဉ်ကျေးမှုဆိုင်ရာ အသိပညာအချို့ရှိပြီး ၎င်းတို့သည် ပညာသားပါသော ဘာသာစကားကို သာ၍ နားထောင်လိုသော်လည်း သင်၏ ပညာရေးအဆင့်က မလုံလောက်ပါက သင်သည် ပညာသားပါသော အကြောင်းအရာများကို ပြင်ဆင်ထားသင့်သည်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ဆွေးနွေးခြင်းများတွင် အဖော်ပြုပေးဖို့ ပညာတတ်သည့်သူတစ်ဦးကို ရှာဖွေထားသင့်သည်။ ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသည့် လူတစ်ဦးက သမ္မာကျမ်းစာနှင့်ပတ်သက်၍ အသိပညာကြွယ်ဝသော်လည်း သင်ကမူ သမ္မာကျမ်းစာကို တစ်သက်လုံးနေ၍ တစ်ရက်မျှပင် မဖတ်ရှုထားပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင့်ကိုယ်သင် ပြင်ဆင်ထားရမည်ဖြစ်ပြီး ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသည့်သူ လိုအပ်သည့်အရာ၊ ဓမ္မဟောင်းကျမ်းရှိ သက်ဆိုင်ရာ ပရောဖက်ပြုခြင်းများနှင့် ဓမ္မသစ်ကျမ်းရှိ သက်ဆိုင်ရာ ကျမ်းပိုဒ်များ အတိအကျကို သမ္မာကျမ်းစာတွင် ရှာဖွေရမည်။ သင်၌ မည်သည့်အရာမျှ လုပ်စရာမရှိသည့်အခါ သင်သည် ကျမ်းစာပိုဒ်များကို ဖတ်ရှုသင့်သည်၊ မှတ်စုများ ယူသင့်သည်၊ သို့မဟုတ် ကျမ်းပိုဒ်များကို အလွတ်ကျက်သင့်သည်။ ထို့အပြင် ဘာသာရေးလူများက သမ္မာကျမ်းစာရှိ ဤကျမ်းပိုဒ်များကို မည်သို့နားလည်ပုံနှင့် ယင်းတို့ကို တိကျမှန်ကန်စွာနှင့် ရှင်းရှင်းလင်းလင်း ဤလူများနားလည်စေဖို့ ကူညီနိုင်သည့် အခြေအနေတစ်ခုအထိ သင်မည်သို့ရောက်ရှိနိုင်ပုံတို့ကို တွေးတောဆင်ခြင်သင့်သည်၊ ထိုသို့အားဖြင့် နောက်ပိုင်းတွင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ၎င်းတို့နားလည်ဖို့ သင်သည် ဤကျမ်းပိုဒ်များဖြင့် ဆက်စပ်ပြီး ၎င်းတို့ကို လမ်းညွှန်နိုင်စေရန် ဖြစ်သည်။ အိမ်စာလုပ်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်၏။ လူအမျိုးမျိုးက မည်သည့်အရာ လိုအပ်သည်ကို သင်နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် ထိုအခြေအနေများပေါ် အခြေပြုကာ အိမ်စာအနည်းငယ်ကို လုပ်ဆောင်ရမည်။ ဤသည်မှာ အစွမ်းကုန် လုပ်ဆောင်ခြင်းနှင့် မိမိတာဝန်ကို ဖြည့်ဆည်းခြင်းတို့ ဖြစ်ပေသည်။ “ကျွန်ုပ်သည် ထိုအရာတစ်ခုကိုမျှ မလိုအပ်ပါ၊ ကျွန်ုပ်သည် သမ္မာကျမ်းစာကို အကြိမ်အနည်းငယ် ဖတ်ဖို့သာ လိုအပ်၏။ ကျွန်ုပ်မည်သို့ဆောင်ရွက်သည်ကိုသာ လူတိုင်းနှင့် ဆွေးနွေးလိုက်မည်ဖြစ်ပြီး ၎င်းတို့ယုံကြည်သည်၊ မယုံကြည်သည်မှာမူ ၎င်းတို့ပေါ်တွင် မူတည်သည်။ ၎င်းတို့မယုံကြည်ပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည်မဟုတ်၊ ယင်းမှာ ကျွန်ုပ်၏အမှား ဖြစ်လိမ့်မည်လည်း မဟုတ်ပေ၊ အကြောင်းမှာ နောက်ဆုံးတွင် ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ဖြည့်ဆည်းပြီး ဖြစ်သောကြောင့်ပင်တည်း” ဟု လူအချို့က ဆိုကောင်းဆိုနိုင်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သလော။ သင်သည် ဧဝံဂေလိတရား ဝေမျှဖို့ ရည်မှန်းထားသည့်သူများ၏ ပညာရေးအဆင့်၊ အသက်အရွယ်၊ ပင်ကိုစရိုက်၊ စိတ်ပါဝင်စားမှု စသည်တို့ကို မသိဘဲ ဧဝံဂေလိဖြန့်ဝေပါက၊ သို့မဟုတ် အိမ်စာလုပ်ဖို့ မည်သည့်အားထုတ်ကြိုးပမ်းမှုမျှ မပြုသကဲ့သို့ တကယ့်ကြိုးစားမှုတစ်ခုတလေမျှ မပြုပါက သင်သည် သင်၏တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနေခြင်း ဟုတ်၏လော။ ဤသည်မှာ အိုးနင်းခွက်နင်းသာ လုပ်သည့် သဘောထားတစ်ခုဖြစ်ပြီး မိမိ၏တာဝန်များအပေါ် တာဝန်မယူခြင်း ဖြစ်သည်။ ယင်းသည် ဝတ်ကျေတမ်းကျေ သဘောထားတစ်ခုဖြစ်သည်။ သင်သည် ထိုကဲ့သို့သော သဘောထားတစ်ခုဖြင့် ဧဝံဂေလိတရား ဖြန့်ဝေကာ လူများကို မရယူနိုင်ဘဲ ထို့နောက်တွင် ယင်းမှာ ၎င်းတို့က ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သောကြောင့် ဖြစ်သည်ဟု ပြောပါက— သင်သည် ၎င်းတို့အပေါ် တာဝန်ပုံချပြီး သင့်အနေဖြင့် မည်သည့်အမှားမျှ ပြုလုပ်ထားခြင်းမရှိကြောင်း အခိုင်အမာ ဆိုပါက— သင်၏သဘောထားသည် တာဝန်မဲ့သည့် သဘောထား တစ်ခုဖြစ်သည်။ ယင်းမှာ သင်၏အိမ်စာကို မလုပ်ဆောင်ထားသည့်၊ သင်၏တာဝန်ကို မဖြည့်ဆည်းထားသည့်၊ ပြီးလျှင် မိမိတာဝန်များကို ဆက်ကပ်မှုဖြင့် မထမ်းဆောင်သည့် ကိစ္စတစ်ခုဖြစ်သည်မှာ သိသာထင်ရှားပေမည်။ သို့ရာတွင် မလိမ့်တပတ်လုပ်ဖို့နှင့် သင်၏တာဝန်များကို ခေါင်းရှောင်ရန် တစ်စုံတစ်ခုပြောဖို့ ဆင်ခြေမျိုးစုံကို အကြံထုတ်ဆဲဖြစ်သောကြောင့် သင်သည် မည်သည့်အပြုအမူမျိုးကို ဖော်ပြနေသနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အဓိပ္ပာယ်မရှိသည့်အရာများကို လက်လွတ်စပယ် ပြောခြင်းနှင့် အမှုကိစ္စများကို အရမ်းမဲ့ သတ်မှတ်ခြင်းတို့သည် လှည့်စားခြင်းဖြစ်၏။ ဤသည်တို့မှာ ဘုရားသခင်ကို လှည့်စားသည့် လုပ်ရပ်များ ဖြစ်သည်။ ဘုရားသခင်က သင့်အား ဤတာဝန်ကို ပေးထား၏၊ သင်သည် ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူတိုင်းကို အစွမ်းကုန် ချစ်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ဆက်ဆံသင့်သည်၊ လိုအပ်သည့် မည်သည့်အခက်အခဲကိုမဆို သည်းခံသင့်သည်၊ သင်၏အလုပ်ကို တာဝန်ယူစိတ်တစ်ခုဖြင့် အဆုံးတိုင် လုပ်ဆောင်သင့်ပြီး ဘုရားသခင်ကို သင်၏လုပ်ရပ်များ အားလုံးအတွက် စစ်ကြောခြင်းကို ခံနိုင်ရမည်။ ဤသည်မှာ မိမိတာဝန်ကို ဖြည့်ဆည်းရာ၌ ရှိသင့်သည့် သဘောထားဖြစ်သည်။ သင်သည် ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူတစ်ဦးကို တွေ့ကြုံရပြီး “ငါစိတ်မပါ။ ၎င်းတို့သည် အသက်အရွယ်မည်မျှရှိသည်ဖြစ်စေ၊ မည်သူမည်ဝါဖြစ်သည်ဖြစ်စေ ငါဂရုမစိုက်၊ ယင်းမှာ ငါ့ကိစ္စမဟုတ်။ ၎င်းတို့ ယုံကြည်ခြင်းရှိမရှိ ဆိုသည်မှာ ငါ့အတာမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်မလုပ်လျှင် ငါ့အနေဖြင့် အိမ်စာမည်မျှလုပ်ပါစေ မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်မည် မဟုတ်၊ ထို့ကြောင့် ငါဒုက္ခခံ၍ ကြိုးစားအားထုတ်နေမည်မဟုတ်။ ငါသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ပတ်သက်သည့် ထိုမျှသော သမ္မာတရားကိုသာ နားလည်သည်။ ဘုရားသခင်က ၎င်းတို့၌ အလုပ်လုပ်လျှင် ၎င်းတို့သည် ယုံကြည်လိမ့်မည်။ သူအလုပ်မလုပ်လျှင် ၎င်းတို့ယုံကြည်မည်မဟုတ်၊ သို့ဆိုလျှင် ယင်းသည် ၎င်းတို့အတွက် ကံမကောင်းအကြောင်းမလှခြင်း ဖြစ်ပေမည်၊ သို့ရာတွင် ယင်းက ငါနှင့် မည်သို့မျှသက်ဆိုင်မည် မဟုတ်” ဟု သင့်ကိုယ်သင် ပြောသည်ဆိုပါစို့။ ဤသည်မှာ အဘယ်သဘောထားမျိုးနည်း။ ယင်းက တာဝန်မဲ့သော၊ ထောက်ထားညှာတာမှုမရှိသော သဘောထားဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေသည့် အဖွဲ့များထဲတွင် ထိုသို့သောလူများစွာ ရှိသည်။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို ကျေကျေကုံကုံ ထမ်းဆောင်ပြီးဖြစ်သည်ဟု မည်သည့်အချိန်တွင် ပြောနိုင်သနည်း။ သင်တွေ့ကြုံရသည့် ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူများ၏ ကိုးဆယ့်ငါးရာနှုန်းထက် ပိုသော သူများအတွက် သင်၏အိမ်စာကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်သည့်အခါ၊ ပြီးလျှင် သင်၏တာဝန်ကို ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် တာဝန်ယူစိတ်တို့ဖြင့် ထမ်းဆောင်သည့်အခါ သင်၏အလုပ်ကို အခြေခံအားဖြင့် လုံလောက်စွာ ဆောင်ရွက်ပြီးဖြစ်သည်။ အထူးခြွင်းချက်များ ရှိသည့် ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူများ၏ ကျန်သည့် ငါးရာခိုင်နှုန်းသည် သင်၏တာဝန် မဟုတ်ပေ။ မည်သည့်ခြွင်းချက်မျိုးများ ရှိသနည်း။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် လူများကို ဧဝံဂေလိဖြန့်ဝေနိုင်ခြင်း မရှိသေးမီတွင် ၎င်းတို့သည် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးကြသည်။ ဤသည်မှာ ခြွင်းချက်အမျိုးအစား တစ်ခုဖြစ်သည်။ နောက်တစ်ခုမှာ လတ်တလောတွင် မိမိတို့၏ မိသားစုအခြေအနေ၌ အပြောင်းအလဲတစ်ခု ကြုံတွေ့ထားရသည့် လူများအတွက်ဖြစ်သည်၊ သို့မဟုတ် လက်ထပ်ခါစ၊ သို့မဟုတ် ရာထူးတိုးခါစလူများအတွက် ဖြစ်သည်။ အခြေခံသဘောတရားအားဖြင့် ၎င်းတို့သည် သင့်လျော်သော ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူများ ဖြစ်နိုင်သော်လည်း ယင်းမှာ ၎င်းတို့ထံ ဧဝံဂေလိတရား ရောက်ရှိဖို့ သင့်တော်သည့်အချိန် မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့အား ဧဝံဂေလိတရား ဖြန့်ဝေရန် အားထုတ်ကြိုးပမ်းမှုများကို အချိန်ကောင်း ရောက်လာသည်အထိ ဆိုင်းငံ့ထားကောင်း ဆိုင်းငံ့ထားရမည်။ အခြားခြွင်းချက်အချို့မှာ အဘယ်နည်း။ ဥပမာတစ်ခုမှာ အချို့သော လူများသည် အခြားသော ဘာသာစကားများ ပြော၏၊ ထိုသို့ပြောခြင်းမှာလည်း ရက်အနည်းငယ်၊ သို့မဟုတ် နှစ်အနည်းငယ်မျှသာမကဘဲ ရှည်ကြာသော အချိန်ကာလတစ်လျှောက် ၎င်းတို့သွားလေရာရာ၌ အစဉ် ပြောခြင်းဖြစ်သည်။ ထိုသို့သော လူများသည် ဝိညာဉ်ဆိုးများဖြစ်ပြီး ၎င်းတို့ကို ဧဝံဂေလိတရား ဖြန့်ဝေ၍ မရချေ။ နောက်ထပ်အမျိုးအစားမှာ အပေါ်ယံတွင် နှစ်လိုဖွယ်ရှိသည့် ရည်မှန်းထားသူများ အသွင်ပေါက်သော်လည်း ၎င်းတို့အကြောင်းကို ပို၍အသေးစိတ် မေးမြန်းသည့်အခါ ၎င်းတို့သည် လူနှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ဖြင့် မေထုန်မှီဝဲခဲ့သည်ကို သင်သိရှိရသည့် လူများဖြစ်သည်။ ထိုသို့သောလူများကို သာ၍များသော လူများစွာတို့အား ဧဝံဂေလိတရား ဖြန့်ဝေဖို့ အစေခံသူများအဖြစ် အသုံးပြုနိုင်ခြင်း မရှိလျှင် ၎င်းတို့ကို တရားဟော၍မရ။ ထိုသို့အသုံးပြုနိုင်လျှင်ကား တရားဟောနိုင်သည်။ နောက်တစ်မျိုးမှာ လူ့သဘာဝ အလွန် ဆိုးယုတ်သည့်သူ၊ စော်ကားခြင်းခံရပါက အခြားသူများကို လက်စားချေဖို့ ကြိုးစားပြီး ထိခိုက်စေသည့်သူဖြစ်သည်။ ဤကဲ့သို့ လူများသည် နှင်ထုတ်ခံရဖို့ သေချာနေသောကြောင့် ၎င်းတို့ကို တရားဟော၍မရ။ ဘုရားသခင်ကို ယုံကြည်လိုသော်လည်း အုပ်ထိန်းသူများက ခွင့်မပြုထားသည့် အရွယ်မရောက်သေးသူများကဲ့သို့ ကိစ္စများလည်း ရှိပေသည်။ ၎င်းတို့ကို ဧဝံဂေလိတရား ဖြန့်ဝေ၍မရ။ ၎င်းတို့အရွယ်ရောက်ပြီး အမှီအခိုကင်းသည့် နိုင်ငံသားများ ဖြစ်လာသည်နှင့် ၎င်းတို့ကို တစ်ဖန်ဖြန့်ဝေဖို့ ကြိုးစားနိုင်သည်။ သင်သည် ဤခြွင်းချက်များ အားလုံးကို ကြုံတွေ့ရနိုင်သည်။ အကယ်ဖြစ်သော အခြေအနေများက အခွင့်မပေးပါက ၎င်းတို့ကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် သင်၏တာဝန် မဟုတ်ချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး သန့်စင်ပေးရန် သမ္မာတရားများကို ဖော်ပြခြင်းအားဖြင့် နောက်ဆုံးသော ကာလ၏ အမှုကို ဆောင်ရွက်သည်။ ထိုသို့ဖြင့် ကောင်းမွန်သော လူ့သဘာဝရှိသူ၊ သမ္မာတရားကို ချစ်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သူတို့သာ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘာသာရေး ကိုင်းရှိုင်းသည့် အမျိုးအစားများ ဖြစ်သည်ဖြစ်စေ မယုံကြည်သူများ ဖြစ်သည်ဖြစ်စေ၊ ဘုရားသခင် ရှိသည်ဟု စိတ်ထဲတွင် ဝန်ခံသောသူ၊ မှန်သော လမ်းခရီးသော ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သည့် အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝရှိသော လူကောင်းများကို တရားဟောရမည်။ ဤသတ်မှတ်ချက်များ မပြည့်မီသည့်လူများကို တရားမဟောရ။ ဧဝံဂေလိတရား ဟောပြောသည့်အခါ၊ လူတို့သည် “ဟောပြောရမည့်သူ ငါးမျိုး” နှင့် “လုံးဝ မဟောပြောရမည့်သူ ရှစ်မျိုး” တို့နှင့်ဆိုင်သော အခြေခံသဘောတရားများအတိုင်း ဟောကြားရမည်ဟု ဘုရားအိမ်တော်က ယခု ပြဌာန်းလေသည်။ ဤအခြေခံသဘောတရားများကို မည်သူမျှ ချိုးဖောက်၍မရနိုင်ပေ။

“ဟောပြောရမည့်သူ ငါးမျိုး” အခြေခံသဘောတရားများ၏ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ မိမိတို့၏ စိတ်နှလုံးများအတွင်းတွင် ဘုရားတစ်ပါးရှိသည်ကို အမှန်တကယ် ယုံကြည်ပြီး မှန်သော လမ်းခရီးကို ရှာဖွေရန်နှင့် စုံစမ်းလေ့လာရန် ဆန္ဒရှိနေကြသည့် လူများကိုသာ ဟောပြောလော့။

၂။ လူတစ်ဦး၏ အလုပ်အကိုင်အမျိုးအစား သို့မဟုတ် ပညာရေး အဆင့်တို့ မည်သို့ဖြစ်ပါစေ၊ အတော်အတန် ကောင်းမွန်သော လူ့သဘာဝ ၎င်းတို့ ပိုင်ဆိုင်ကာ သမ္မာတရားကို လက်ခံနိုင်သရွေ့ ၎င်းတို့ကို ဟောပြော၍ရသည်။

၃။ လူတစ်ဦးသည် ယခင်က မည်သည့် ဘာသာရေး အုပ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ- ဤသည်မှာ အယူသီးမှုမျိုးစုံ ယုံကြည်သော လူများ သို့မဟုတ် နတ်ဆိုးများ သို့မဟုတ် အယောင်ဆောင်သော နတ်ဘုရားများကိုပင် ကိုးကွယ်ခဲ့သည့် လူများပါဝင်သည်- ဘာသာရေး အုပ်စုကို ၎င်းတို့ ပညာသားပါပါ မစီမံမခန့်ခွဲခဲ့သကဲ့သို့ နတ်ဆိုးစွဲခြင်းကို မခံရသရွေ့၊ ပြီးလျှင် မှန်သော လမ်းခရီးကို ရှာဖွေရန်နှင့် စုံစမ်းလေ့လာရန် ၎င်းတို့ ဆန္ဒရှိနေသရွေ့၊ ၎င်းတို့ကို တရားဟော၍ ရသည်။

၄။ လူ့အလွှာအမျိုးမျိုးမှ လူမှုအဖွဲ့အစည်းတွင် ကျော်ကြားသော လူများနှင့် စပ်လျဉ်း၍၊ ဘုရားတစ်ပါးရှိသည်ဟု ၎င်းတို့ အသိအမှတ်ပြုသရွေ့၊ သမ္မာတရားကို ၎င်းတို့ လက်ခံပြီး ၎င်းတို့၏ သဘောပေါက် နားလည်နိုင်စွမ်းက အဓိပ္ပာယ်မမဲ့သကဲ့သို့ ဆိုးယုတ်မှုမျိုးစုံ ၎င်းတို့ မဆောင်ရွက်ကြသည်ကို ယုံကြည်စိတ်ချရသရွေ့၊ ၎င်းတို့ကို တရားဟော၍ ရသည်။

၅။ ဘာသာရေး ခေါင်းဆောင်များနှင့် စပ်လျဉ်း၍၊ ၎င်းတို့သည် မှန်ကန်သော လမ်းခရီးကို အသိအမှတ်ပြုပြီး သမ္မာတရားကို လက်ခံသရွေ့၊ ၎င်းတို့၏ နာမည်ဂုဏ်သတင်းက သိပ်မဆိုးလွန်းသရွေ့၊ ၎င်းတို့အနေဖြင့် မဆိုးယုတ်ဘဲ၊ အဓိပ္ပာယ်မမဲ့သကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်နိုင်မဖြစ်သရွေ့ ၎င်းတို့ကို တရားဟော၍ ရနိုင်ပေသည်။

“လုံးဝ မဟောပြောရမည့်သူ ရှစ်မျိုး” အခြေခံသဘောတရားနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ဘုရားတစ်ပါးရှိသည်ဟု မယုံကြည်သည့်သူနှင့် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အတွေးအခေါ်ကို ငြင်းပယ်သည့်လူများကို မည်သည့်အခါမျှ မဟောကြားနှင့်။

၂။ ဆိုးရွားသော နာမည်ဂုဏ်သတင်းများရှိသူ၊ ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံ ကျူးလွန်နိုင်စွမ်းရှိပြီး၊ ဆိုးယုတ်သော လူများဖြစ်သည့် အလွန့်အလွန် ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူများကို မည်သည့်အခါတွင်မျှ မဟောကြားနှင့်။

၃။ နတ်ဆိုးစွဲခြင်း ခံနေခဲ့ရပြီးဖြစ်သည့် လူများ သို့မဟုတ် နတ်ဆိုးများ၏ ကြီးလေးသည့် အလုပ်ရှိသည့် လူများကို မည်သည့်အခါတွင်မျှ မဟောကြားနှင့်။

၄။ ကြမ်းကြုတ်ရက်စက်ပုံရကာ၊ အကျည်းတန်ပြီး ထူးခြား၍ သင့်အား စိတ်ဘဝင်မကျဖြစ်စေသည့် သို့မဟုတ် ထိတ်ပင်ထိတ်လန့်စေသည့် လူများကို မည်သည့်အခါတွင်မျှ မဟောကြားနှင့်။

၅။ ဆိုးယုတ်ပြီး လူတကာနှင့်သောင်းပြောင်း လိင်ဆက်ဆံသည့် လူများကို မည်သည့်အခါမျှ မဟောကြားနှင့်။

၆။ အကြီးအကျယ် မသန်မစွမ်းဖြစ်သည့်လူများ သို့မဟုတ် စိုးရိမ်ဖွယ် နာမကျန်းဖြစ်သူများကို မည်သည့်အခါမျှ မဟောကြားနှင့်။

၇။ ဉာဏ်ရည်ညံ့ဖျင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသည့် အလွန့်အလွန် နိမ့်ကျသော အရည်အချင်း ရှိသည့် လူများကို မည်သည့်အခါတွင်မျှ မဟောကြားနှင့်။

၈။ သူလျှိုတစ်ဦး သို့မဟုတ် ကင်းထောက်တစ်ဦးနှင့်အလားတူသည့် မသင်္ကာဖွယ်အပြုအမူနှင့် လူများကို မည်သည့်အခါမျှ မဟောကြားနှင့်။

ဘုရားသခင် ရွေးချယ်ထားသော သူများသည် အထက်ပါ “ဟောပြောရမည့်သူ ငါးမျိုး” နှင့် “လုံးဝ မဟောပြောရမည့်သူ ရှစ်မျိုး” အခြေခံသဘောတရားကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းရမည်။ မဟောပြောရမည့် လူစားမျိုး ရှစ်မျိုးထဲမှ တစ်မျိုးကို ဟောပြောသောသူ မည်သူမဆိုသည် ဧဝံဂေလိ အလုပ်ကို ဖျက်လိုဖျက်စီးလုပ်ကာ နှောင့်ယှက်သော လူတစ်ဦး ဖြစ်သည်။ ၎င်းတို့ကိ တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြဿနာရှာသည့်သူတစ်ဦး၊ တမင် မလျော်မကန်ပြုမူသည့် လူတစ်ဦးအဖြစ် ယူဆရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို သတိပေးချက်တစ်ခု ပေးရမည်။ ၎င်းတို့ နောင်တမရပါက၊ ထိုသို့သော လူများကို မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းမှ ရပ်ဆိုင်းရမည်။ အချို့သော အထူးသီးသန့် အခြေအနေများတွင် ပြောင်းလွယ်ပြင်လွယ် ရှိနိုင်ပြီး၊ “စည်းမျဉ်းတစ်ခုက အားလုံးနှင့် သင့်တော်သည်” ဟူသည့် ချဉ်းကပ်မှု တစ်ခုကို မခံယူရ။ သာဓကအနေဖြင့်၊ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သော်လည်း၊ “လုံးဝ မဟောပြောရမည့်သူ ရှစ်မျိုး” အမျိုးအစားများထဲမှ တစ်ချက်နှင့် ၎င်းတို့ အကျုံးဝင်သည်ဟု သံသယ ရှိပါက၊ အောက်ပါတို့ကို အာမခံနိုင်သရွေ့၊ ၎င်းတို့ကို ဟောပြော၍ရပါသည်- တစ်၊ ၎င်းတို့သည် နတ်ဆိုးစွဲခြင်းမရှိ။ နှစ်၊ ၎င်းတို့သည် ဆိုးယုတ်သော လူတစ်ဦး မဟုတ်၊ သုံး၊ ၎င်းတို့သည် သူလျှိုတစ်ဦး မဟုတ်။ ဟောပြော၍ရနိုင်သည့် သူတစ်ဦးသည် ပြဿနာအချို့ ရှိပါက- ၎င်းတို့သည် တစ်ခါက အခြားသော ဘာသာစကားဖြင့် စကားပြောကောင်းပြောမည်၊ သို့မဟုတ် နတ်ဆိုးအုပ်စုတစ်စုတွင် ပါဝင်ကောင်း ပါဝင်မည်၊ အစရှိသည်ဖြင့်- ၎င်းတို့အနေဖြင့် ယုတ်စွအဆုံး ဧဝံဂေလိ ဖြန့်ဝေခြင်းကို ဖြည့်ဆည်းပေးနိုင်သည်ဟူ၍ အာမခံနိုင်ပါက၊ ၎င်းတို့ကို ဟောပြော၍ ရနိုင်ဆဲ ဖြစ်သည်။ ထိုလူသည် ဧဝံဂေလိဖြန့်ဝေခြင်းအား မပံ့ပိုးပေးနိုင်သကဲ့သို့ ထိခိုက်နစ်နာမှု သို့မဟုတ် အနှောင့်အယှက်ကိုပင် ဖြစ်စေပါက၊ ၎င်းတို့ကို သေချာပေါက် ဟောပြော၍ မဖြစ်ပေ။ ဤသည်မှာ အထူး အခြေခံသဘောတရားတစ်ခု ဖြစ်သည်။ ထို့အပြင် အကယ်၍ မသန်မစွမ်းတစ်ဦးသည် ကောင်းမွန်သော နာမည်ဂုဏ်သတင်းတစ်ခု ရှိပါက၊ ပြီးလျှင် ဤလူသည် ကောင်းမွန်သော လူ့သဘာဝရှိသည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်းကို ဖြည့်ဆည်းပေးနိုင်သည်ဟု အာမခံနိုင်ပါက၊ ၎င်းတို့ကိုလည်း ဟောပြော၍ရနိုင်ပေသည်။ မသေချာသော အခြေအနေတစ်ခု ဖြစ်ပေါ်ပါက၊ အများစု၏ ထောက်ခံချက်များကို မိတ်သဟာယမှတစ်ဆင့် ခံယူသင့်သည်။ အတိတ်တွင် နေရာတိုင်းရှိ အသင်းတော်များသည် ဧဝံဂေလိတရား ဟောကြားရာတွင် မိမိတို့၏ မျက်နှာပေါ်တွင် မွေးရာပါအမှတ်များ ရှိသည့် လူများ၊ တစ်ချိန်က ထူးဆန်းသော ရောဂါ ကူးဆက်ခဲ့ရသည့် လူများ၊ အခြားသူများကို လှည့်စားကာ ရင်းနှီးမြှုပ်နှံစေသော လုပ်ငန်းများတွင် ပါဝင်သည့် လူများ၊ ခရုသင်းရောဂါရှိသည့် လူများ၊ မသန်မစွမ်းမှု အမျိုးမျိုးရှိသည့် လူများ၊ အမှုကိစ္စများကို ပေါ့ပြက်ပြက် လုပ်တတ်သူများ၊ သဘာဝလွန် အစွမ်းတန်ခိုးများ ရှိသည့်လူများ၊ ထူးဆန်းသော ဖြစ်စဉ်များကို မြင်နိုင်သော လူများ၊ ထူးဆန်းသော အိပ်မက်များ အမြဲ မက်ကြသည့် လူများ၊ အစရှိသည့် လူများထံ ဧဝံဂေလိ မဖြန့်ဝေခြင်းကဲ့သို့သော စည်းမျဉ်းအချို့ဖြင့် ဘောင်ခတ်ခံခဲ့ကြရသည်။ ဤအရာအားလုံး မှားယွင်းပြီး အဓိပ္ပာယ် မရှိသကဲ့သို့၊ တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားတစ်ပါးရှိသည်ဟု ယုံကြည်သရွေ့၊ ကောင်းမွန်သော လူ့သဘာဝ ရှိသရွေ့၊ သမ္မာတရားကို ချစ်နိုင်သရွေ့၊ သမ္မာတရားကို လက်ခံနိုင်သရွေ့၊ ကောက်ကျစ်သော လူတစ်ဦး မဟုတ်သရွေ့၊ နတ်ဆိုးစွဲခြင်း မခံရသကဲ့သို့ မိမိတို့အထဲတွင် အလုပ်လုပ်နေသည့် ဆိုးယုတ်သော ဝိညာဉ်များ သိသိသာသာ ရှိသည့်သူ တစ်ဦး မဖြစ်သရွေ့ ဟောပြော၍ ရနိုင်ပေသည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးသော အခြေခံသဘောတရား ဖြစ်သည်။ ဤအရာကို နားမလည်နိုင် သို့မဟုတ် သဘောမပေါက်နိုင်သေးသည့်သူများသည် နားဝေတိမ်တောင်ဖြစ်ကြသည့် လူများ ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၇၉) ဘုရားသခင်ထံ ဆက်ကပ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၁) ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၂၇ ဘုရားသခင်သည် သူ၏စိတ်သဘောထားအလုံးစုံကို နောက်ဆုံးသော ကာလတွင် ဖွင့်ပြခဲ့ပြီ

၁ကမ္ဘာကိုဖန်ဆင်း ကတည်းက ဘုရားသခင်၏ဝိညာဉ်သည် ကြီးမားသောအမှု အမြဲ သူ ပြုလုပ်ခဲ့သည်။သူသည် ကွဲပြား သော တိုင်းနိုင်ငံများ နှင့်အို...ခေတ်အဆက်ဆက်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်